Sunday, October 13, 2013

ဖိလစ်ပိုင်မြောက်ပိုင်း Nari မုန်တိုင်းဝင်

Photo: ဖိလစ်ပိုင်မြောက်ပိုင်း Nari မုန်တိုင်းဝင် 
Sunday, October 13, 2013

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို စနေနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ၅ ယောက်ထက် မနည်း သေဆုံးတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

သောကြာနေ့ ည သန်းခေါင်လောင်မှာ အရှေ့ဖက်ကမ်းရိုးတမ်းကို တိုင်ဖွန်း Nari ဝင်ရောက်တိုက်ခတ်ခဲ့တာမှာ သစ်ပင်တွေပြို၊ ဓာတ်တိုင် တွေကျိုးကျ ခဲ့သလို စပါး စိုက်ပျိုးခင်းတွေရှိတဲ့ Luzon ကျွန်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၂ သန်းကျော်မှာလည်း လျှပ်စစ် ဓာတ်အား ပြတ်တောက်နေတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်းဖွန်းမုန်တိုင်း မဝင်ခင်ထဲက ကမ်းရိုးတန်းဒေသမှာနေတဲ့ ထောင်နဲ့ချီတဲ့ သူတွေ ဟာ ဘေးကင်းရာမှာ ပြောင်းရွှေ့နေနေခဲ့ကြပါတယ်၊ Nari
မုန်တိုင်းကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဖိလစ်ပိုင်ကို သောကြာနဲ့ စနေ လာရောက်မဲ့ခရီးစဉ်ကို ဖျက်ခဲ့ရပါတယ်။

နောင်လာမဲ့ သီတင်းပတ်တွေကျမှ ဖိလစ်ပိုင်ကို သွားနိုင်အောင် ထပ်ကြိုးစား မယ်လို့ ဝန်ကြီး Kerry က ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို စနေနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်း မုန်တိုင်းကြောင့် ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

ကားမှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ် လိုက်နာမှု အားနည်းနေမှုကြောင့် ယာဉ်ကြောရှုပ်ထွေး နေသဖြင့် CCTV ကင်မရာဖြင့် စောင့်ကြည့်မည်

Photo: ကားမှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ် လိုက်နာမှု အားနည်းနေမှုကြောင့် ယာဉ်ကြောရှုပ်ထွေး နေသဖြင့် CCTV ကင်မရာဖြင့် စောင့်ကြည့်မည်
Sunday, October 13, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ခရီးသည်တင် ယာဉ်မောင်း များ အနေဖြင့် ကားမှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ် ကျင့်သုံးမှု အား နည်းနေသောကြောင့် ယာဉ်ကြောပိုမို ရှုပ်ထွေးနေသဖြင့် မှတ်တိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ပြီး စောင့်ကြည့်သွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်ခင်က အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားမှတ်တိုင်များ၌ ယာဉ်မောင်းများ အနေဖြင့် ရပ်၊ တင်၊ ချ စနစ်ကို လိုက်နာမှု အားနည်းချက်ကြောင့် ယာဉ်ကြောပိုမို ရှုပ်ထွေးနေ သဖြင့် ယခုကဲ့သို့ စောင့်ကြည့်ရန် စီစဉ်နေရခြင်းဖြစ်ကြောင်း သိရသည်။

"ကားမှတ်တိုင်မှာ CCTV ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ အခု ရက်ပိုင်း မှာတော့ အရင်ဆုံး အနေနဲ့ မြို့တော်ခန်းမရှေ့က ကားမှတ်တိုင်မှာ စပြီးတပ်သွားမယ်။ တစ်တိုင်းလုံး အနေနဲ့ကတော့ အလုံးရေ ဘယ်လောက် တပ်သွားမလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ CCTV ကင်မရာရဲ့ ဈေးနှုန်းပေါ် တွင် မူတည်ပါတယ်။ အဓိကတော့ ယာဉ်ကြောပိတ်ဆို့တာ လျော့နည်းသွားဖို့ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက် သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မ.ထ.သ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က "ကားတွေက မှတ်တိုင်မှာ အကြာကြီး ရပ်နေတဲ့အတွက် ခရီးသည်တွေက အချိန်ကြန့် ကြာတယ်။ လမ်းကြောင်းပေါ်မှာ ကားတွေထပ်တယ်။ မှတ်တိုင် အရှေ့ မှာ ရပ်နေတဲ့ ယာဉ်တွေက မထွက်တဲ့အခါမှာ ကားတန်းက ရှည်ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တယ်။ ဥပမာအားဖြင့် ခရီးသည်တင် ယာဉ်တွေ က အကြာကြီး ရပ်ပြီးတော့ ခရီးသည်ကို စောင့်တဲ့အခါမှာ ကားမှတ် တိုင်နဲ့ လမ်းဆုံလမ်းခွနဲ့ နီးနေတဲ့ ၈ မိုင်တို့ ချော်တွင်းကုန်းတို့ဆိုရင် ကားတွေ အတော်လေး ပိတ်ဆို့နေတာ တွေ့ရတယ်။ ဒါကြောင့် ယာဉ်မောင်းတွေ အနေ နဲ့ ရပ်၊ တင်၊ ချ စနစ်ကို အလေးထားပြီး လိုက်နာသင့်ပါတယ်" ဟု ပြောကြားသည်။ 

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ခရီးသည်တင်ယာဉ်မောင်းများအနေဖြင့် ကား မှတ်တိုင် များတွင် ရပ်၊ တင်၊ ချစနစ် ကျင့်သုံးမှုအား နည်းနေသောကြောင့် ယာဉ်ကြောပိုမို ရှုပ်ထွေးနေသဖြင့် မှတ်တိုင်များတွင် CCTV ကင်မရာများတပ်ဆင်ပြီး စောင့်ကြည့်သွားရန် စီစဉ်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင် က အောက်တို ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

တရားမျှတမှု မရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာ ကွယ်ပေး ရမည့်အချက် ပါဝင်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ပြဋ္ဌာန်း

တရားမျှတမှုမရှိသည့် မြေယာသိမ်းဆည်းခြင်းများမဖြစ်ပေါ်စေရန် ကာကွယ်ပေးရမည့်အချက် ပါဝင် သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို အောက် တိုဘာ ၁၂ ရက်က သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်။

ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၁၆၀၀၀၀ ကျော် တင်ပို့ထားပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ဒေါ်လာသန်း ၂၈၀ နီးပါးရရှိ

Photo: ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၁၆၀၀၀၀ ကျော် တင်ပို့ထားပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ဒေါ်လာသန်း ၂၈၀ နီးပါးရရှိ
Sunday, October 13, 2013

ပြည်ပသို့ မြန်မာ့ရေထွက်ကုန်များကို တင်ပို့ရာတွင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ခြောက်လကျော် ကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တန်စုစုပေါင်း ၁၆၀၀၀၀ ကျော် တင်ပို့ ထားနိုင်ပြီး နိုင် ငံခြားဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါး ရရှိ ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန FIQC ဌာနမှ သတင်းရရှိသည်။

ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ် တင်ပို့မှုအနေဖြင့် တင်ပို့ရာတွင် ယခုဘဏ္ဍာနှစ်၌ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ် ခြောက်လကျော် ကာလအတွင်း ရေထွက်ကုန် မက်ထရစ် တန်ချိန် ၇၅၀၀၀ ကျော် တင်ပို့နိုင်ကာ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော် ရရှိထားကြောင်း သိရသည်။

ထို့အပြင် နယ်စပ်ကုန် တင်ပို့မှုအနေဖြင့် နိုင်ငံခြားဝင်ငွေ အမေရိ ကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားပြီး ယခုဏ္ဍာနှစ် ခြောက်လကျော် ကာလအတွင်း ရေထွက်ကုန် တန်ချိန် ၉၂၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၄၄ သန်းကျော် ရရှိထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန် ပြည်ပတင်ပို့ မှုမှာ နိုင်ငံခြား ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါးသာ ရရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၏  လက်ရှိအချိန်အထိ ပြည်ပသို့ ရေထွက်ကုန် တင် ပို့ မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၃ သန်းကျော် ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါးသာ ရရှိနေသည့် အပြင် ရေထွက်ကုန် တင်ပို့မှုမှာလည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် လျော့ နည်းနေကြောင်း သိရသည်။

Eleven Media Group

ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်နေသည့် စက်ရုံတစ်ရုံ အား တွေ့ရစဉ်

ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်နေသည့် စက်ရုံတစ်ရုံ အား တွေ့ရစဉ်
ပြည်ပသို့ မြန်မာ့ရေထွက်ကုန်များကို တင်ပို့ရာတွင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ခြောက်လကျော် ကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တန်စုစုပေါင်း ၁၆၀၀၀၀ ကျော် တင်ပို့ ထားနိုင်ပြီး နိုင် ငံခြားဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါး ရရှိ ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန FIQC ဌာနမှ သတင်းရရှိသည်။

စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Photo: စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား 
Sunday, October 13, 2013

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့် ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှု ကြောင့်  လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ခရီးသည် နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးမှာ အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားပါတယ်။  ခရီးသည် နား နေဆောင် အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာ ဆိုင်းဘုတ် လည်း (၁၀)ပေခန့် ပျက်စီးသွားပြီး ခရီးသည်နားနေဆောင် ထိုင်ခုံ ယာဘက် အစွန်း (၆)လက်မခန့်ပဲ့သွား ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အား မိုင်းရှင်းလင်းမှုပြုလုပ်စဉ် ၀၁၅၅ အချိန် စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ် အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင် အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ် အိတ် အနက်ရောင်ဖြင့် ထည့်ထားသည့် အလျား (၄)လက်မ၊ အနံ (၂) လက်မ ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုး များ တပ်ဆင်လျက် လက်လုပ်မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်း အဖွဲ့မှ ရှင်းလင်းခဲ့ ပါတယ်။

အဆိုပါလက်လုပ်မိုင်းဖေါက်ခွဲသူအား အင်းစိန်မြို့မရဲစခန်း (ပ)၁၀၉၀/ ၂၀၁၃ ၊ ပေါက် ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃အရ အမှုဖွင့်ပြီး စုံစမ်းဖေါ်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲ တပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရပါတယ်။

Myanmar News Now 

ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု ဖြစ် ပွားပုံ မြင်ကွင်း၊
ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပုံ မြင်ကွင်း
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန် ဘက်မှ မင်္ဂလာဒုံဘက်သို့သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ ရက်နေ့ ၀၀၁၅ အချိန်ခန့်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

တွင်းတောင်မှ ထွက်ရှိသည့် ကမ္ဘာ့သယံဇာတ စိမ်းပြာရေညှိ ထွက်နှုန်း လျော့ ကျ သွား ၍ မြန်မာ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာ ရှင် များ တွေ့ဆုံဆွေးနွေး

ကမ္ဘာ့သယံဇာတတစ်ခုဖြစ်သော ရှားပါးစပီရူလိုင်းနား(၀ါ) စိမ်းပြာရေညှိထွက်နှုန်းများ လျော့ကျ သွားသောကြောင့် မြန်မာ့သဘာဝပတ်ဝန်းကျင်ပညာရှင်များ တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာ ၁၂ ရက် က အနောက်ရွှေဂုံတိုင်လမ်းမပေါ်ရှိ ယုဇနဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်

ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန်အားကောင်းသည့် ဆိုင် ကလုန်းမုန်တိုင်း ဖိုင်လင်း (PHAILIN)၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၁၂ ရက်၊ ညနေ ၆ နာရီ သတင်း ထုတ်ပြန်ချက် အရ သိရသည်။