၁၃.၅.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် သုံးခွမြို့နယ်နေဒေါ်စန်းဝင်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားကြီးဖြစ်သူနေလင်းအောင်၊ (၃၈)နှစ်နှင့် သားငယ်ဖြစ်သူ စိုးမင်းအောင်၊ (၃၀)နှစ်တို့(၂) ဦးသည် နေအိမ်ရှေ့ခန်း၌ နေလင်းအောင်မှညီဖြစ်သူ စိုးမင်းအောင်အား ကွမ်းယာဝယ်ခိုင်းသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းစကားများနေသဖြင့် ၎င်းမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် သမီးဖြစ်သူ မအိအိထွန်းမှာ အရှည်(၂)ပေခန့်ရှိ(၃ x ၁၁/၂) လက်မသစ်သားပိုင်းတစ်ခုအား ကိုင်ဆောင်ကာနေအိမ်ရှေ့မှ တက်လာပြီး နေလင်းအောင်၏ ဦးခေါင်းအား (၂)ချက်ရိုက်ခဲ့သဖြင့် နေလင်းအောင်တွင်
Wednesday, May 14, 2014
ခုနစ်နှစ်အရွယ်မိန်းကလေးကို ၀င်တိုက်ပြီး အငှားယာဉ်တစ်စီး မောင်းပြေး
လမ်းဖြတ်ကူးသော အသက် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို အငှားယာဉ်တစ်စီးက
ဝင်တိုက် မိပြီး မောင်းနှင်ထွက်ပြေးသွား သည့်ဖြစ်စဉ်တစ်ခု မေ ၁၂ ရက်၊ နံနက် ၉
နာရီက ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
သန်လျင်မြို့နယ်၊ ဘုရားငါးဆူကျေးရွာတွင်နေထိုင်သည့် ဒေါ်တင်တင်အောင် (၄၀)နှစ်သည် သမီးဖြစ်သူ မနွေးနွေးလှိုင် ခုနစ်နှစ်နှင့်အတူ ပန်းဆိုးတန်းခုံးကျော်တံတားပေါ်တွင်
လမ်းဖြတ်ကူးစဉ် ပန်းဆိုးတန်း လမ်းအတိုင်း တောင်မှမြောက်သို့
ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသည့် အငှားယာဉ်တစ်စီးက ၀င်
သန်လျင်မြို့နယ်၊ ဘုရားငါးဆူကျေးရွာတွင်နေထိုင်သည
မိုးရွာမှုကြောင့် ရာဇာမင်းဘတ်စ်ကား တိမ်းမှောက်ရတာလို့ ရဲမှူးကြီးပြောကြား
မနေ့ည ၇ နာရီလောက်က နေပြည်တော်- ရန်ကုန် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၉၇ မှာ တိမ်းမှောက်ခဲ့တဲ့ "ရာဇာမင်း" ခရီးသည်တင် ဘတ်စ်ကားဟာ မိုးရွာနေတာကြောင့် မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရတာလို့ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေ၀င်းက သတင်းထောက်တွေကို ဒီနေ့ ပြောပါတယ်။
ရာဇာမင်း ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ တွေ့ရှိချက်ကို ရဲမှူးကြီး ဦးနေ၀င်းက အခုလို ပြောပါတယ်။
"အခင်းဖြစ်တဲ့အချိန်မှာ မိုးကတော်တော် သဲသဲမဲမဲရွာတယ်၊ ပြောရရင်တော့ ၈ဝ လောက်မောင်းတဲ့ကားက ၄ဝ လောက်ပဲ မောင်းလို့ရတဲ့ အနေအထားဖြစ်တယ်၊ သူမောင်းတဲ့နှုန်းက သတ်မှတ်ကီလိုမီတာထက် မကျော်သော်လည်းပဲ နည်းနည်းလေးတော့ ၇ဝ၊ ၈ဝ လောက်တော့ မောင်းလာပုံရတယ်၊ အဲဒါနဲ့ ဝိုက်ဘာက ကောင်းကောင်းရေမခွဲနိုင်တဲ့ ပုံစံမျိုးလေးဖြစ်မယ်လို့ ယူဆတယ်၊ ယာဉ်မောင်းက အရက်သောက်ထားတာ လုံးဝမတွေ့ဘူး၊ တစ်ဖာလုံလောက်ကတည်းက လမ်းရဲ့ညာဘက်ခြမ်း
ပုဒ်မ ၄၃၆ ကို ဦးစွာပြင်ရေး အမတ်များနှင့် တပ်ကိုယ်စားလှယ်တို့ထံ ချဉ်းကပ်စည်းရုံးမည်
ဖွဲ့စည်းပုံပြင်ဆင်ရာတွင် အဟန့်အတားဖြစ်နေသည့် အခြေခံဥပဒေ ၊အခန်း ၁၂၊
ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်ကို ဦးစွာပြင်ရန် လွှတ်တော်ဆန္ဒမရှိပါက
အမတ်များနှင့် တပ်မတော်သား ကိုယ်စားလှယ် တို့ကို တိုက်ရိုက်
ချဉ်းကပ်ဆွေးနွေးရန် စီစဉ်ထားသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက မေ ၁၃ ရက်တွင် မဇိ္ဈမကို ပြောသည်။
သံဃာ့ အဖွဲ့အစည်းများတွင် အဓမ္မဝါဒီများ၏ အန္တရာယ်ရှိနေဟု ဦးဆန်းဆင့်ဆို
မြန်မာနိုင်ငံအတွင်းရှိ သံဃာ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ
ဝင်ရောက်ကာ ပူးသတ်မည့် အန္တရာယ်ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။
မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုင်ဂူတော်ကြီးအတွင်း ပြု လုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲတွင် သာသနာရေး ဆိုင်ရာများ လျှောက်ထား ရာ၌ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“သံဃာ့ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက် ပူးသတ်လာမယ့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်လာခြင်းဟာ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီး ကျင်းပရတဲ့ အခြေခံ အကြောင်း အရင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ
ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍
စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့်
ကုသနိုင်ကြပါတယ်။
ဆေးနည်း(၁)
ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ တစ်ဦးလျှင် အာမခံကြေး ငွေကျပ် ၄၅ သိန်း ပေးလျော်မည်
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင်
တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကို အသက်အာမခံကြေး တစ်ဦးလျှင်
ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက်
ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။
“သေဆုံးသူ ၁၄ ဦးထဲမှာ တစ်ဦးရဲ့မိသားစုဝင်က ခုထိလာရောက် ဆက်သွယ်မှု မရှိသေးတာကြောင့် အသက် အာမခံကြေးကို မပေးသေးတာပါ။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒဏ်ရာ အခြေအနေပေါ် မူတည်ပြီး နစ်နာကြေးပေးဖို့ စီစဉ်နေတယ်။ ရက်ပိုင်းအတွင်းပေးဖို့ စီစဉ်ထားတယ် ဆိုပေမယ့်

ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမည်ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ကတိပြု
ကေအိုင်အေက ဖမ်းဆီးခြင်း ခံထားရသူများကို ပြန်လွှတ်ပေးရေးအတွက်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရာ မနောကွင်းရှေ့တွင် လာရောက်
ဆန္ဒပြသူများကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က
ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြန်လွှတ်ပေးရန် ကတိပြုခဲ့ကြောင်း ကေအိုင်အို
နည်းပညာရုံးမှ သိရှိရသည်။
အကြောင်းအမျိုးမျိုးဖြင့် ကေအိုင်အို အဖွဲ့အစည်းသို့ ရောက်ရှိနေသူ များကို ပြန်လွှတ်ပေးရန်အတွက် ရှမ်းလူမျိုးနှင့် ဗမာလူမျိုး ၂၀ ကျော်ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ ဆန္ဒပြသူများကို ဆွေးနွေးပွဲခန်းထဲမှ ထွက်လာသော ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်က ကေအိုင်အို နည်းပညာရုံးတွင်းသို့ ဖိတ်ခေါ်ကာ တစ်ဦးချင်းစီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကေအိုင်အို နည်းပညာရုံး

မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းဖြစ်နိုင်ဟု ယူဆကြောင်း ဆို
ရာဇာမင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူသည် အရက်သေစာ သောက်စားထားခြင်း မရှိပဲ ယင်းဖြစ်စဉ်မှာ မိုးရွာသွန်း၍ လမ်းချော်ခြင်းကြောင့် ဖြစ်ပွားသည်ဟု ယူဆနိုင်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။
နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ကားသည် မေလ ၁၂ရက် ည၇နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇/၆အနီးရှိ တံတားအောက်သို့ ကျရာက် တိမ်းမှောက်ခဲ့ရာ ၁၄ဦး သေဆုံးပြီး ၂၉ဦး ဒဏ်ရာ ရရှိခဲ့သည်။
ယင်း မတော်တဆမှု ဖြစ်ပွားချိန်တွင် မိုး သည်းထန်စွာ ရွာသွန်းနေသဖြင့် လမ်းချော်ကာ ယာဉ် တိမ်းမှောက်ခြင်း ဖြစ်နိုင်ကြောင်း ရဲမှူးကြီးနေဝင်းက မေလ ၁၃ရက်နေ့က သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောသည်။
ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း
ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက် ကင်းအောင် ကုသနိုင်ကြပါတယ်။
၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)
၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။
၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)
၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။
ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ
ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ်အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။
Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက် အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။ ကျန်တစ်ဦးသည် ထောင် ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

မြန်မာလူမျိုးများ ဒါတွေကို သိကြလား
စာပေဖတ်ရင်းတွေ့ လို့ မျှဝေလိုက်ပါတယ် သိသင့်တယ်ထင်လို့ မြန်မာတွေရဲ့ လ(၁၂)လ ဖြစ်ပေါ် လာပုံလေး။
တန်ခူး...
********
ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ ဆိုတယ်။ပညာရှိ တစ်ဦြး ဖစ်တဲ့ လှေသင်းအတွင်း ဝန်မင်းကတော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့ အတာကူးတဲ့ လမို့ တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။

ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင်ရေသွန်း
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ
၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည်
မော်တော် ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ
သိရသည်။
စေတီရင်ပြင်တွင် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေ့က ကျင်းပသည့် ညောင်ရေသွန်း ပွဲတော်သို့ ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အပါအဝင် ပင့်ဆောင်ထားသည့် သံဃာတော်များက ရင်ပြင်တော်ပေါ်သို့ မော်တော်ယာဉ်များဖြင့် တက်ရောက် ခဲ့ကြောင်း ရွှေမော်ဓောစေတီ ဂေါပကရုံးခန်းမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မိခင်နှင့် သူစိမ်းတစ်ဦး အိပ်ရာထဲ ချစ်ရည်လူးနေသည့်ပုံကို သားဖြစ်သူက ဖခင်အား ပြ
ဇင်ဘာဘွေနိုင်ငံမှ လူငယ်တစ်ဦးသည် မိခင်ဖြစ်သူအား အိပ်ယာထဲ၌ အခြားယောင်္ကျားတစ်ဦးနှင့် အတူရိုတ်ကူး ထားသည့် ၀လစ်စလစ်ဓါတ်ပုံများကို သူမ၏ လက်ကိုင်ဖုန်းထဲမှ တွေ့မြင် ခဲ့ရာ ဒေါသပေါက် ကွဲပြီး ယင်းဓါတ်ပုံများကို ဖခင်ဖြစ်သူ ဒူမိဆာနီ နာဘယ်လား အား ပြသခဲ့လေသည်။
ဓါတ်ပုံကို မြင်တွေ့ပြီးနောက် ဖခင်သည်လည်း ဒေါသူပုန်ထ၍ မိန်းမဖြစ်သူ၏ပါးပြင်အား ကိုက်ဆွဲ ကိုက်ဖြတ် ရန်လိုမှုပြုခဲ့သည်ဟု သိရသည်။ ထို့အပြင် မိန်းမဖြစ်သူသည်၎င်းနှင့် လိင်ဆက်ဆံမှုမပြုသည်မှာ ၁ နှစ်နီးပါး ရှိပြီဟု ဒူမိဆာနီ က ပြောသည်။
လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့
(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။
(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။
(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။
(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

ခိုးပြေးတော့မယ့် စိုင်းစိုင်းခမ်းလှိုင်
အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ဘယ်သူ့ကိုမှန်း မသိ လွမ်းဆွတ်နေမိတဲ့အကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
လွမ်းရတဲ့အရသာကို မနှစ်သက်လို့ ခိုးပြေးမယ် လို့လည်း ဆိုထားပါသေးတယ်။
ဘယ်သူ့ကို လွမ်းနေမှန်းကိုတော့ သူက အရိပ်အယောင်လေးတောင်မှ ဖွင့်မပြောပါ။
လွမ်းရတဲ့အရသာကို မနှစ်သက်လို့ ခိုးပြေးမယ် လို့လည်း ဆိုထားပါသေးတယ်။
ဘယ်သူ့ကို လွမ်းနေမှန်းကိုတော့ သူက အရိပ်အယောင်လေးတောင်မှ ဖွင့်မပြောပါ။
အမြန်လမ်းတွင် သေဆုံးမှုစံချိန်တင်ခဲ့သည့် ရာဇာမင်း ယာဉ် တိမ်းမှောက်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရာဇာမင်းယာဉ်လိုင်း တာဝန်ရှိသူတို့ တွေ့ဆုံ
ရာဇာမင်းယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနရုံး၌
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊
နေပြည်တော် မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ အမြန်လမ်းလုံခြုံရေး
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ
တာဝန်ရှိသူများသည် မေ ၁၃ ရက် မွန်းလွဲ ပိုင်းက တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ၁၄ ဦးအား တစ်ဦးလျှင် ရာဇာမင်းယာဉ်လိုင်းမှ နစ်နာကြေးအဖြစ် ကျပ် ၁၅ သိန်းပေးအပ်ရန် သဘောတူညီခဲ့ကြောင်း နေပြည်တော်မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောကြားသည်။ အလားတူအာမခံကြေးအဖြစ် သေဆုံးသွားသူတစ်ဦးလျှင် ခရီးသွားအာမခံကြေး ကျပ်သိန်း ၃၀၊ သူတစ်ပါးထိခိုက်နာကျင်မှု အာမခံကြေး ကျပ်ငါးသိန်း၊ အလုံးစုံ

မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား
မြန်မာနိုင်ငံ ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင် အဖွဲ့နှင့်
မြန်မာ နယ်ခြားစောင့်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတစ်ခု မေ ၁၂ ရက် ည ၇ နာရီက
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင်အမှတ် ၃၈ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း
အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
“မြန်မာနိုင်ငံထဲကို ၀င်ဖို့ကြိုးစားတဲ့ RSO သောင်းကျန်းသူတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ နယ်စပ်မှတ်တိုင် အမှတ် ၃၈ အနီးမှာ ဖြစ်တာ” ဟု အမှတ် (၁) နယ်ခြားစောင့်
“မြန်မာနိုင်ငံထဲကို ၀င်ဖို့ကြိုးစားတဲ့ RSO သောင်းကျန်းသူတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ နယ်စပ်မှတ်တိုင် အမှတ် ၃၈ အနီးမှာ ဖြစ်တာ” ဟု အမှတ် (၁) နယ်ခြားစောင့်
Subscribe to:
Posts (Atom)