Sunday, September 30, 2012

ဘင်္ဂလာဒေခ်ျ့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များ လုယက် မီးရှို့ ဖျက်ဆီးခံရ

Buddhist temples, homes burned, looted in Ramuဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။
Photo: Bdnews24.com
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။
ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။

ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊ တစ်လအတွင်း တရားမဝင်သောနည်းလမ်းများဖြင့် ဝင်ရောက်လာသူ ဘင်္ဂါလီ ၁၉ ဦးအား စစ်ဆေးနေ

ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေမှုကြောင့် စစ်ဆေးအရေး ယူမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေမှုကြောင့် စစ်ဆေးအရေးယူမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။

ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော

မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂ လိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ အဲဒီ တွေ့ ဆုံ မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ ပြည်သူလူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင်  ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။

၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်

၁၂ တန်း အခြေခံပညာရေးစနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင်အကောင် အထည်ဖော် ကျင့်သုံးသွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာနနှင့်ပညာ ရေးနှင့်ဆက်စပ်သော ဝန်ကြီး ဌာနတို့မှ ပညာရှင်များ အရပ်ဘက် ဆိုင်ရာပညာရှင် ၁၅ဝ တို့၏ သဘောတူညီမှုနှင့် ထောက်ပြမှု တို့အရ ယခု အခြေခံပညာ ပညာ ရေးစနစ်ကို ပြုပြင်ပြောင်းလဲသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။

KIA မှ ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီး ၊ ရထားခရီးသွား ပြည်သူ ၂၀၀၀ ကျော် ဒုက္ခရောက်

စက်တင်ဘာလ(၂၉)ရက်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် KIA တပ်ဖွဲ့ ၀င်များမှ ရထားလမ်းတံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရ ပါတယ်။ ထိုတံတားသည် မိုင်းညှင်းမြို့နယ်ရှိ မိုးညှင်းဘူတာနှင့် နမ္မားဘူတာကြားရှိ ရေပေါက်တံတားတစ်ခုဖြစ်ပါတယ်။ တံတားသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိပြီး မန္တလေး -မြစ်ကြီးနား ရထားလမ်းသည် ကချင်ပြည်နယ်အတွက်အဓိကကျသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ KIA တို့မှ ရထားလမ်းမိုင်းခွဲခဲ့မှုကြောင့် ရထားခရီးစဉ်များ အားလုံးရပ်ဆိုင်းထားရကြောင်း သိရှိရပါ တယ်။

မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ

စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့ နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။ထိုအချိန်တွင် ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောရွာတွင် နေသူ ယာဉ်မောင်း ဝင်းမင်းဦး (၃၅)နှစ် (ဘ) ဦးတင်နွဲ့နှင့် ယာဉ်နောက်လိုက် ချစ်ကိုဦး (၂၄) နှစ် (ဘ) ဦးမောင်ကို၊ ယာဉ်အမှတ် ၊ ၁က/၄၄၀၈ ကွန်ဒါ (အဖြူရောင်)ယာဉ်နှင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ မြွေရေခွံအိတ် (၈)လုံးအား ချပြီး စောင့်ဆိုင်းနေခဲ့ပါသည်။ 

ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကေအန်ယူ ဗဟိုနှင့် KNLA ပြသနာဖြစ်

စက်တင်ဘာ ဆွေးနွေးပွဲ အပြီး အမှတ်တရကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ ယနေ့ ဖွင့်လှစ် လိုက်သော က ရင်ပြည်နယ် ဖားအံမြို့ပေါ်က ဆက်ဆံရေးရုံး ကိစ္စကို KNU ဗဟို အဆင့် ဆက်ဆံရေးရုံး မဟုတ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါသည်။KNU တို့၏ ယနေ့ ဖွင့်လှစ်လိုက်သော ဖားအံမြို့  ဆက်ဆံရေးရုံးကို ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် အတူ၊ ကေအဲန်ယူဘက် မှ ပဒို ဒေးဗစ်ထော၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ တပ်မဟာ (၆) ခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် တပ်မဟာ (၄) မှ တပ်မှူးများ ပါဝင်ပြီး အင်အား (၃၀) ခန့် ရှိပါသည်။

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော

အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ၀ိုင်းဝန်း ကူညီကြဖို့  ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက် တာဖြစ်ပါတယ်။မနေ့ကကျင်းပတဲ့ ဆန်ဖရန်ဆစ္စကို Freedom Forum အစည်းအဝေးမှာ မြန်မာ့ ဒီမိုကရေစီေ ခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

မြန်မာနိုင်ငံရခိုင်ပြည်နယ်ကပဋိပက္ခဟာ  ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ် ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။

ဒေါ်လာ ၆၅ သန်းတန် သတို့သားလောင်း အလိုရှိသည်

 ဘီလျံနာ သူဌေးကြီး ချောင်နဲ့ သမီးဖြစ်သူ မစ္စချောင်၊ ဓာတ်ပုံ- gossiponthis.com
ဟောင်ကောင်က သူဌေးကြီး ချောင်ရဲ့ သမီးကို ဆွဲဆောင်ပြီး အိမ်ထောင်ပြုနိုင်တဲ့ အမျိုးသားကောင်း ကို အမေရိကန် ဒေါ်လာ ၆၅ သန်း ချီးမြှင့်မယ်ဆိုပြီး ကြေညာခဲ့တဲ့ သတင်းဟာ အခုတလော အင်တာနက် စာမျက်နှာတွေမှာ ထူးထူးခြားခြား လူကြိုက်များနေပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြော

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဘီဘီစီ၏ Hardtalk အစီအစဉ်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က ပြောသွားပါတယ်။ 

 မေးခွန်းမေးသူက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တာကို သမ္မတ ဖြစ်လာနိုင်ရေး ဦးသိန်းစိန် အနေနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ ရနိုင်ပါ့မလားလို့ မေးမြန်းခဲ့ရာမှာ ဖွဲ့စည်းပုံကို ပြည်သူတရပ်လုံးနဲ့ လွှတ်တော်က ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။