Sunday, November 2, 2014

ဘူးသီးတောင်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဘင်္ဂါလီသုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

ဘူးသီးတောင်မြို့နယ် ကုန်သွယ်လယ်ယာရုံးအနီး ဗုံး နှစ်လုံးပေါက်ကွဲမှုနှင့် ပတ်သက် ၍ ဘင်္ဂါလီအမျိုးသား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၁ ရက် ည ၉ နာရီက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ် ခဲ့ပြီး ကုန်သွယ်ရေးရုံးအနီးရှိ ကွန် ပျူတာ ဆိုင်မှ ဘင်္ဂါလီအမျိုးသား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့မ ရဲစခန်းမှ အတည်ပြုပေးသော် လည်း အသေးစိတ်ကို ပြောနိုင် ခြင်းမရှိသေးကြောင်း ပြောသည်။

ရန်ကုန်တွင်သတ်မှတ်ချိန် ကျော်လွန်၍ အရက်နှင့် ဘီယာဆိုင်များ စတင်အရေးယူ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၂၄ နာရီဖွင့်လှစ်ရောင်း ချသည့် ဆိုင်များတွင် အရက်၊ ဘီ ယာများကို သတ်မှတ်ချိန်ထက် ကျော်လွန်ရောင်းချပါက စတင် ဖမ်းဆီးအရေးယူနေပြီဖြစ်ကြောင်း ကမာရွတ်မြို့မ ရဲစခန်းက မြို့နယ်မှူး ဦးဇော်ဝင်းကပြောသည်။

‘‘တိုင်းဒေသကြီးအစိုးရက လည်း ခရိုင် လေးခုလုံးမှာရှိတဲ့ မြို့နယ်မှူးတွေ အကုန်လုံးကို ညွှန်ကြား ထားပါတယ်။ စီမံချက် ပုံစံမျိုးနဲ့ ဖမ်းဆီးအရေးယူသွား မှာပါ။ အခုလပဲ သုံးဆိုင်ဖမ်းပြီး ပြီ။ ထပ်ပြီး တော့လည်း ဖမ်းသွား ဖို့ရှိပါတယ်’’ဟု ၎င်းကဆိုသည်။

အရှေ့ဥရောပနိုင်ငံများသို့ သွားရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ထွက်ခွာ


Photo: အရှေ့ဥရောပနိုင်ငံများသို့ သွားရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ထွက်ခွာ
Sunday, November 2, 2014

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် နိုဝင်ဘာ ၁ရက် တွင် ဘီလာရုစ်နိုင်ငံအပါအ၀င် အရှေ့ဥရောပနိုင်ငံအချို့သို့ အလည် အပတ်သွားရောက်ရန် ထွက်ခွာ သွားပြီဖြစ်ကြောင်း သတင်းရရှိ သည်။ ကာကွယ်ရေးဦးစီးချုပ်၏အ ရှေ့ဥရောပနိုင်ငံများသို့ ခရီးစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲ ၀င်းက အတည်ပြုပြောသည်။

ဘီလာရုစ်နိုင်ငံသည် လက်နက်ကြီးများ ရောင်းဝယ်ရာတွင် နာမည်ကြီးသော နိုင်ငံဖြစ်ကြောင်းစစ်ရေးလေ့လာသူများက ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်သည် ပြည်ပခရီးစဉ်များအ ဖြစ် တောင်ကိုရီးယား၊ ဂျပန်၊ တ ရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊မလေး ရှား၊ ထိုင်း၊ စင်ကာပူနှင့် ရုရှားနိုင် ငံများသို့ သွားရောက်လည်ပတ်ပြီးဖြစ်သည်

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ )
7Day Daily

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် သည် နိုဝင်ဘာ ၁ရက် တွင် ဘီလာရုစ်နိုင်ငံအပါအ၀င် အရှေ့ဥရောပနိုင်ငံအချို့သို့ အလည် အပတ်သွားရောက်ရန် ထွက်ခွာ သွားပြီဖြစ်ကြောင်း သတင်းရရှိ သည်။ ကာကွယ်ရေးဦးစီးချုပ်၏အ ရှေ့ဥရောပနိုင်ငံများသို့ ခရီးစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲ ၀င်းက အတည်ပြုပြောသည်။

ယူ-၁၉ အသင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ

Photo: ယူ-၁၉ အသင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ
Sunday, November 2, 2014

၂၀၁၅ ကမ္ဘာ့ဖလားယူ- ၂၀ ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်ယူ-၁၉ဘောလုံးအ သင်းအားဂုဏ်ပြုပွဲအခမ်းအနား တွင် အလှူရှင်များက ကျပ်သိန်း လေးထောင်ကျော် ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက်ညက ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်း အနားတွင် အလှူရှင်များက မြန်မာ ယူ - ၁၉ အသင်းအား ဆုကြေး ငွေများချီးမြှင့်ခဲ့ရာ စုစုပေါင်း ကျပ် ၄,၀၈၈ သိန်းရရှိခဲ့သည်။

မြန်မာယူ - ၁၉ အသင်းသည် အိမ်ရှင်ပြုလုပ်ခဲ့သည့် အာရှယူ- ၁၉ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအ ဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၅ကမ္ဘာ့ ယူ-၂၀ပြိုင်ပွဲသို့လည်း ၀င်ရောက် ခွင့်ရရှိခဲ့သည်။ မြန်မာ့ဘောလုံးသ မိုင်းတစ်လျှောက် ပထမဆုံးအ ကြိမ် ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ၀င် ရောက်ခွင့်ရရှိသည့် မှတ်တမ်းရေး ထိုးနိုင်ခဲ့သည်။

မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ သည့် မြန်မာယူ-၁၉အသင်းသည် နိုဝင်ဘာ ၁ရက်က ရန်ကုန်မြို့ တွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် အောင်ပွဲခံခဲ့ကြရာ ထောင်ချီသည့် ပရိသတ်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နိုဝင်ဘာ ၂ရက် ညပိုင်းတွင် အဆိုတော်များနှင့်အနုပညာရှင် များတင်ဆက်မည့် မြန်မာယူ-၁၉ အသင်းအားဂုဏ်ပြုဖျော်ဖြေပွဲအ ခမ်းအနားကိုလည်း အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး အလှူရှင်များ အနေဖြင့် လှူဒါန်းမှုများပြုလုပ် နိုင်ကြောင်း သတင်းရရှိသည်။

မြန်မာယူ-၁၉အသင်းသည် ပြီးခဲ့သည့် ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့စဉ်ကလည်းအ လှူရှင်များက ငွေကျပ်သိန်းနှစ် ထောင့်ခြောက်ရာကျော် ချီးမြှင့်ခဲ့ သည်

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယူ−၁၉ ဘောလုံးအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily
၂၀၁၅ ကမ္ဘာ့ဖလားယူ- ၂၀ ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်ယူ-၁၉ဘောလုံးအ သင်းအား ဂုဏ်ပြုပွဲအခမ်းအနား တွင် အလှူရှင်များက ကျပ်သိန်း လေးထောင်ကျော် ချီးမြှင့်ခဲ့ ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၁ ရက်ညက ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်း အနားတွင် အလှူရှင်များက မြန်မာ ယူ - ၁၉ အသင်းအား ဆုကြေး ငွေများချီးမြှင့်ခဲ့ရာ စုစုပေါင်း ကျပ် ၄,၀၈၈ သိန်းရရှိခဲ့သည်။

လူငယ်တစ်ဦးကို ကိုယ်လုံးတီးချွတ်၍ အမှုစစ်သည့်ကိစ္စ ခုံရုံးဖွဲ့စစ်ဆေးမည်


Photo: လူငယ်တစ်ဦးကို ကိုယ်လုံးတီးချွတ်၍ အမှုစစ်သည့်ကိစ္စ ခုံရုံးဖွဲ့စစ်ဆေးမည်
Sunday, November 2, 2014

ရွှေပြည်သာမြို့နယ်နေလူငယ်တစ်ဦးကိုအ၀တ်အစား များချွတ်ကာ ကိုယ်လုံးတီးဖြင့် ရဲ တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့ကစစ်ဆေးခြင်းနှင့် ပတ် သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စည်းကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၂၉ ရက် တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာ မျက်နှာများတွင် ရွှေပြည်သာမြို့ နယ်၊ ဇီးကုန်းတွင် လူငယ်ချင်းရန် ဖြစ်သော အမှုကို နယ်ထိန်း အောင်မြင့်စိုး၊ ရာအိမ်မှူး သန်း ထိုက်အောင်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဌေးမြင့်တို့က လူငယ် တစ်ဦးကို အ၀တ်အစားများ အတင်းချွတ်ခိုင်းပြီး စစ်ဆေးနေ သည်ဟူသည့်ဓာတ်ပုံများ ပျံ့နှံ့ခဲ့ သည်။

‘‘စစ်တော့ စစ်နေပါပြီ။ ကောင်လေးက အသက် (၁၇) နှစ် ပဲရှိပါသေးတယ်။ အသေးစိတ် တော့ ပြောပိုင်ခွင့်မရှိပါဘူး’’ဟု ရွှေပြည်သာမြို့မရဲစခန်းမှ တာ ၀န်ကျရဲတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်မှ ရဲတပ်ကြပ် ကြီး အောင်မြင့်စိုး၏ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စည်းကာ စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေအရ ဆက်လက် အရေး ယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရဲဇာနည်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ဖော်ပြထားသည်။

‘‘လူပျိုပေါက်အရွယ်ဆို တော့ ရှက်မှာပေါ့။ သူ့ရဲ့ ဂုဏ်သိ က္ခာ၊ မွေးရာပါအခွင့်အရေးကို ချိုးဖောက်တာမို့ မလုပ်သင့်ဘူး။ အကယ်၍ တကယ်ချွတ်ဖို့ စစ် ဆေးမှုလိုရင် သီးသန့်ခန်းမှာ စစ် ရမယ်။ အများရှေ့မှာ ကိုယ်လုံး တီးမစစ်သင့်ဘူး’’ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အ တွင်းရေးမှူး ဦးစစ်မြိုင်ကမှတ် ချက်ပေးသည်။

စစ်ဆေးခံရသော လူငယ် မှာ ရန်ပွဲထဲတွင်လည်း မပါဝင် ကြောင်း၊ ယင်းကဲ့သို့ လုပ်ရပ်မျိုး လုပ်ဆောင်နေသူတွေကို ထိထိ ရောက်ရောက် အရေးယူရန် တောင်းဆိုကြောင်း လူမှုကွန်ရက် တွင် ရေးသားခဲ့ကြသည်။

ကိုယ်လုံးတီးချွတ် စစ်ဆေးနေစဉ်
7Day Daily

ရွှေပြည်သာမြို့နယ်နေလူငယ်တစ်ဦးကိုအ၀တ်အစား များချွတ်ကာ ကိုယ်လုံးတီးဖြင့် ရဲ တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့က စစ်ဆေးခြင်းနှင့် ပတ် သက်၍စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စည်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၂၉ ရက် တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာ မျက်နှာ များတွင် ရွှေပြည်သာမြို့ နယ်၊ ဇီးကုန်းတွင် လူငယ်ချင်းရန် ဖြစ်သော အမှုကို နယ်ထိန်း အောင်မြင့်စိုး၊ ရာအိမ်မှူး သန်း ထိုက်အောင်၊