ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တာဟိုနားကျေးရွာနေ လယ်သမားတစ်ဦးအား ဇူလိုင် ၁၅ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၂၄ ရက်နေ့တွင် ငွေပေး ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အခြေခံဥပဒေပြင်ဆင် ရေး ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၁၃ မြို့ နယ်မှ ရာနှင့်ချီသောပြည်သူများ သည် စမ်းချောင်းမြို့နယ်မြေနီ ကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းထိ ဇူလိုင် ၂၇ ရက်က လမ်း လျှောက် ဆန္ဒပြ တောင်းဆိုကြ သည်။နေ့လယ် ၁ နာရီခွဲ အချိန် က မြေနီကုန်းမှဗိုလ်စိန်မှန်ကွင်း သို့လမ်းလျှောက်ဆန္ဒပြခြင်းဖြစ် သည်။ လမ်းလျှောက်ဆန္ဒပြခဲ့ကြ သူများကို ဗိုလ်စိန်မှန်ကွင်း၌ ပန်း ရဲ့လမ်းဂီတအဖွဲ့က သီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့ နောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ အပါအဝင် ဦး ဆောင် ဆန္ဒပြသူများက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။




