Tuesday, September 2, 2014

MPT ငွေဖြည့်ကတ် သုံးစွဲသူများအတွက် အပိုထပ်တိုးငွေများ ထပ်မံဖြည့်သွင်းပေးမည်

စက်တင်ဘာလ ၄ ရက်မှ ၁၂ ရက်အတွင်း မိမိတို့ဖုန်းကို ကြိုတင်ငွေဖြည့်သွင်းပါက ထပ်တိုးအပိုငွေများ ထပ်မံဖြည့်သွင်းပေး မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM၊ WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် ယင်းကာလအတွင်း ငွေကျပ် ၅,ဝဝဝ ဖြည့်သွင်းသုံးစွဲပါက ၂ဝ ရာခိုင်နှုန်း၊ ငွေကျပ် တစ်သောင်းနှင့်အထက် ဖြည့်သွင်းသုံးစွဲပါက ၃ဝ ရာခိုင်နှုန်းထပ်တိုး အပိုဖြည့်ငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆင်းမ်ကတ်များ ပိုမိုလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တန်ဖိုးနည်း ဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ ၁ ရက်မှစတင်၍ ၁,၅၀၀ ကျပ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေး လျက်ရှိသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆင်းမ်ကတ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Internet Journal

၁၃ နှစ်ကြာအမှုဟောင်းဖြင့် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်အား ရုံးထုတ်

Photo: ၁၃ နှစ်ကြာအမှုဟောင်းဖြင့် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်အား ရုံးထုတ်
Tuesday, Setember 2, 2014

လွန်ခဲ့သော ၁၃ နှစ်က ဖြစ်ပွားခဲ့သော စက်ဆီနှင့် စားသုံးဆီလွဲမှားတင်သွင်းသည့် စွပ်စွဲချက်ဖြင့် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင် အား စက်တင်ဘာလ ၂ ရက်တွင်ရန်ကုန်မြို့၊ ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် လုံခြုံရေးအစောင့်အကြပ်များဖြင့် ရုံးထုတ်ခဲ့သည်။
သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ၅ (၁)/ ၅ (၃) ပုဒ်မ ဖြင့်  ၂၀၀၁ ခုနှစ်က တရားစွဲခံထားရသည့် ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်သည်၊ ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်က တရားရုံး၌ကိုယ်တိုင်အဖမ်းခံခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းအား အင်းစိန်ထောင်တွင်းလည်းကောင်း၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံတွင်လည်းကောင်း ထားရှိကာ အခက်အခဲများရှိကြောင်းကိုစက်တင်ဘာလ ၂ ရက် တရားရုံးထုတ်စဉ်တွင်တရားသူကြီးအား လျောက်လွဲခဲ့သည်ဟုသိရသည်။

"သူ အနေနဲ့ ၂၀၁၄၊ မေလ ၁၄ရက်နေ့က အဖမ်းခံရတယ်။ သူကို့ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကြံစည်တယ်လို့ပြောတယ်။ သူ့ကို အင်းစိန်ထောင် ထဲမှာ ၂လ ချုပ်ထားတယ်။ အချုပ်ခံနေစဉ်အတွင်းမှာ ရိုက်နှက် စစ်ဆေးတယ်။ ၂လပြည့်တဲ့နောက်ပိုင်း ဘာမပြောညာ မပြောပဲရွာသာကြီးက စိတ်ကျန်း မာရေး ဆေးရုံကို ပို့လိုက်တယ်ဆိုပြီးပြောတယ်" ဟု တရားရုံးထုတ်စဉ်ဦးဌေးအောင်၏ ကိုယ်တိုင် လျောက်ထားမှုအား၊ တရားရုံးတွင် နားထောင်ခဲ့သူ အမည် မဖေါ်လိုသူ တစ်ဦး က မဇ္ဈိမကို ပြောသည်။

အင်းစိန်ထောင်အာဏာပိုင်များအား ထိုပြောဆိုချက်များနှင့်ပတ်သက်ပြီး မဇ္ဈိမက မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရပေ။ရွာသားကြီး စိတ်ေ ရာဂါကုဆေးရုံတွင်လည်း အစပိုင်းတွင်၊ ၎င်းအားအိမ်သာနှင့်အနီးဆုံး အခန်းတွင်ထားရှိပြီး၊ ဌားရမ်းထားသည့် ၎င်း၏ရှေ့နေမှလည်း လိုက်ပါဆောင်ရွက်ပေြး ခင်း မရှိ၍စက်တင်ဘာ ၂ ရက် ရုံးထုတ်ချိန်မှာပင် ဦးဌေးအောင်က ၎င်း၏ရှေ့နေကို ရှေ့နေအာဏာပြန်ရုပ်သိမ်းလိုက်ပြီး ဦးဌေးအောင်ကိုယ်တိုင် တရားရုံးအား ဦးတိုက်လျောက်လဲချက်ပေးကာအမှုရင်ဆိုင်သွားရန် စီစဉ်ထားသည်ဟု ၎င်း၏ တရားရုံးလျာက်လွဲချက်ထဲတွင် ထည့်သွင်းပြောခဲ့သည်။

ဆိပ်ကမ်းမြို့နယ်တရားရုံး တရားသူကြီး ဒေါ်ညိုညိုစန်းက ဦးဌေးအောင်အား စက်တင်ဘာ ၉ ရက်တွင် ထပ်မံရုံးထုတ်ရန် ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်မြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုအပါအဝင် စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သော ဦးဌေးအောင်နှင့် သူ၏ တပည့် ဦးတင်လှ(ခ) ချာတိတ်အား တရားလို ဦးခင်မောင်ညွှန့်က ပြစ်မှုကြီး ၆၆/၁၄သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၅(၁) /၅(၃)ဖြင့် တရားစွဲဆိုထားသည်ဟု ရှေ့နေချုပ်ရုံး တာဝန်မှူးကမဇ္ဈိမကိုပြောသည်။

"စမှုဖွင့်တုန်းက ၅(၁)/၅(၃)ဖွင့်ထားတာ အခုတော့ ပြောင်းထားတဲ့လို့ပြောတယ်။ ဘာပုဒ်မလဲတော့ မသိဘူး။ စသုံးလုံးကဖမ်းတာ"ဟု ဦးတင်လှ (ခ) ချာတိတ် ကအချုပ်ခန်းအတွင်းမှ မဇ္ဈိမကိုပြောသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်သည်၊ မြန်မာစစ်အစိုးရ လက်ထက်ကာလကတည်းက၊ ယခုအချိန်အထိ အာဏာပိုင်များနှင့် အသိကျွမ်းတဝင်ရှိသည်ဟု စီးပွားရေးလောကတွင် လူသိများသည်။
မဇ္ဈိမ
ပုံစာ - ၂၀၀၁ ခုနှစ်က ဖြစ်ခဲ့သည့် စက်ဆီ နှင့် စားသုံးဆီ လွဲမှားတင်သွင်းခဲ့သည့်အတွက်၊ သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ၅-၁/၅-၃ ဖြင့် တရားဆွဲခံ ထားရသော စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်အား၊ စက်တင်ဘာလ ၂ ရက်က၊ ရန်ကုန်မြို့ ဆိပ်ကမ်းတရားရုံးတွင် ရုံးထုတ်စဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
ပုံစာ - ၂၀၀၁ ခုနှစ်က ဖြစ်ခဲ့သည့် စက်ဆီ နှင့် စားသုံးဆီ လွဲမှားတင်သွင်းခဲ့သည့်အတွက်၊ သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ၅-၁/၅-၃ ဖြင့် တရားဆွဲခံ ထားရသော စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်အား၊ စက်တင်ဘာလ ၂ ရက်က၊ ရန်ကုန်မြို့ ဆိပ်ကမ်းတရားရုံးတွင် ရုံးထုတ်စဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
လွန်ခဲ့သော ၁၃ နှစ်က ဖြစ်ပွားခဲ့သော စက်ဆီနှင့် စားသုံးဆီလွဲမှားတင်သွင်းသည့် စွပ်စွဲချက်ဖြင့် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင် အား စက်တင်ဘာလ ၂ ရက်တွင်ရန်ကုန်မြို့၊ ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် လုံခြုံရေးအစောင့်အကြပ်များဖြင့် ရုံးထုတ်ခဲ့သည်။
သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ၅ (၁)/ ၅ (၃) ပုဒ်မ ဖြင့် ၂၀၀၁ ခုနှစ်က တရားစွဲခံထားရသည့် ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်သည်၊ ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်က တရားရုံး၌ကိုယ်တိုင်အဖမ်းခံခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းအား အင်းစိန်ထောင်တွင်းလည်းကောင်း၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံတွင်လည်းကောင်း ထားရှိကာ အခက်အခဲများရှိကြောင်းကိုစက်တင်ဘာလ ၂ ရက် တရားရုံးထုတ်စဉ်တွင်တရားသူကြီးအား လျောက်လွဲခဲ့သည်ဟုသိရသည်။

ကင်ဆာဝေဒနာရှင်များအတွက် အခမဲ့မဟုတ်သော အခြေခံဆေးများ ရန်ကုန်ဆေးရုံကြီး ရန်ပုံငွေမှ အချို့အတွက် ဝန်ဆောင်မှုပေးနေဟုဆို

ကင်ဆာရောဂါ ဝေဒနာရှင်များအတွက်စရိတ်မျှပေးကျန်းမာရေး စောင့်ရှောက်မှုရှိနေသဖြင့် ဆေးဝယ်ယူရန် ငွေကြေးမလုံလောက်သူများကို ဆေးရုံ ရန်ပုံငွေမှ စိုက်ထုတ်ပေးနေကြောင်း ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ကုသဆောင်နှင့် ပြင်ပလူနာဌာနဆေးရုံအုပ် ဒေါက်တာပပက မဇ္ဈိမကို ပြောသည်။ ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး အခြေခံဆေးဝါး ၁၄မျိုးထဲမှ ၉ မျိုးကိုသာ အခမဲ့ပေးနိုင်ပြီး ကျန်အခြေခံဆေးဝါး ၅မျိုးကို လူနာမှ ကျခံပေးရသည်။ သို့ရာတွင် ကင်ဆာဝေဒနာရှင်မှ အဆိုပါ
ဆေးဝါး၅မျိုးကို သောက်သုံးရန် လိုအပ်ပြီး ငွေကြေး အခက်အခဲရှိပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ဆေးရုံအုပ်ချုပ်သူများ၏ ထောက်ခံချက်ဖြင့် ဆေးရုံရန်ပုံ ငွေထဲမှ စိုက်ထုတ်သုံးစွဲပေးလျှက်ရှိသည်ဟု ၎င်းက
ဆိုသည်။

“ကျနော်တို့ လိုချင်တာက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြု တိုင်းတခု ဖြစ်ရေးပဲ”


Photo: “ကျနော်တို့ လိုချင်တာက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြု တိုင်းတခု ဖြစ်ရေးပဲ”
Tuesday, Setember 2, 2014

မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး နောက် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံး အကြိမ်အဖြစ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖြစ်ခဲ့သည်။ ယင်းသတင်းစာ ရှင်း လင်းပွဲတွင် ၎င်းတို့၏ လက်ရှိရပ်တည်ချက်၊ ခံယူချက်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြခဲ့သည်။

လက်ရှိ အကောင်အထည် ဖော်ဆောင်နေသည့် နိုင်ငံရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ်(NDAA) အဖွဲ့၏ သဘောထား၊ ရည်တည်ချက်များနှင့် ပတ်သက်၍ ယင်း အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးခမ်းမောင်အား ဧရာဝတီ သတင်းဌာန သတင်းထောက် မေခက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။   ။ လက်ရှိ မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ရဲ့ နိုင်ငံရေး ရပ်တည်မှုကို တိတိကျကျလေး သိပါရစေ။

ဖြေ။   ။ ရပ်တည်ချက်ကတော့ နိုင်ငံရေး ရပ်တည်ချက် `ဒို့တာဝန်အရေးသုံးပါး´ကို လက်ခံတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့အချက်တွေကို လက်ခံတယ်။ လက်ခံပြီး သား ဖြစ်တယ်။

မေး။   ။ `ဒို့တာဝန် အရေးသုံးပါး´ဆိုတာ တကယ်ကောင်းတဲ့ အချက်တွေလို့ ယေဘုယျ ပြောနိုင်ပါတယ်။ တကယ်လည်း ကောင်း ပါတယ်။ ဒါပေမယ့် နောက်ဆုံး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာကျတော့ တိုင်းရင်းသား တွေကော ပြည်သူတွေကပါ ပြောကြတာက ၂၀၀၈ အခြေခံ ဥပဒေ ဆိုတာကို လက်မခံနိုင်တဲ့အတွက် အဲဒီ အခြေခံဥပဒေ ကနေ ရရှိလာတဲ့ အချုပ်အခြာ အာဏာ နဲ့ ပတ်သက်တာတွေကို လက်မခံချင် ကြဘူးလို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောနိုင်မလဲ။

ဖြေ။   ။ အချုပ်အခြာ အာဏာဆိုတာကို ပြောရင် အရှည်ကြီးပါ။ ကျနော်တို့က ပြည်ထောင်စု မပြိုကွဲဘူး။ တိုင်းရင်းသား စည်းလုံးမှု မပြိုကွဲနိုင်တာ ကိုပဲ လိုချင်တယ်။ ဒီဟာ မပြိုကွဲဖို့ ဆိုတာ လက်ခံတယ်။

မေး။   ။ ဒါဆိုလက်ရှိ ၂၀၀၈ ဥပဒေက အခုနက ပြောတဲ့အချက်တွေကို ကာကွယ်နိုင်တယ်လို့ သုံးသပ်တာများလား။

ဖြေ။   ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းဖို့ ပြင်ဖို့တော့ ကျနော်တို့ သမ္မတကြီးနဲ့ ကာချုပ်ကိုတော့ ပြောထားတယ်။ ဒီ ၂၀၀၈ မှာ ကျနော် တို့ လိုချင်တာ မရနိုင်ဘူး။ အကုန်တော့ မပြောဘူး။ ဒါပေမယ့် ပြင်ရမှာတွေ ရှိပါတယ်။

မေး။   ။ ဟုတ်ကဲ့ ဒါဆို အခု လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။   ။ ကျနော်တို့ ကတော့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတာကိုတော့ လုံးဝထောက်ခံတယ်။ လက်ခံတယ်။ ဒါပေမယ့် တိုင်းရင်းသား အဖွဲ့တွေ ဖြစ်တဲ့ NCCT ၊ UNFC လို အဖွဲ့တွေမှာ ကျနော်တို့ မပါဝင်ထားဘူး။ မပါရတဲ့ အကြောင်းအရင်းက အနေ အထားချင်း၊ နေရာဒေသချင်း မတူဘူး။ သမိုင်းနောက်ခံလည်း မတူဘူး။ ကိုယ့် ပြည်ထောင်စုထဲမှာ ကိုယ့်ထဲမှာ လွတ်လွတ် လပ် လပ် စီမံခွင့် ပေးထားတာလည်း ၂၅ နှစ် ရှိပြီ။ ဖွံ့ဖြိုးတိုးတက်မှုက တရှိန်ထိုး တက်နေတာ။ ငြိမ်းချမ်းရေး လမ်းကြောင်း လိုက်တာ ကောင်းတာမို့ ဆက်လက် ကိုင်သွားမှာပါ။ ဒီတော့ ကျန်တဲ့ တိုင်းရင်းသား တွေကိုလည်း ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေး လုပ် တာ ကောင်းတာပဲ၊ သူတို့လုပ်နေတာ ကောင်းတဲ့ အလုပ်လို့ပဲ မြင်တယ်။

မေး။   ။ တိုင်းရင်းသားတွေ တော်တော်များများက ဖက်ဒရယ်ကို လက်ခံထားကြတယ်။ အန်ကယ်တို့ကော ဘယ်လို လက်ခံထားပါ သလဲ။

ဖြေ။   ။ မြန်မာ တနိုင်ငံလုံးကို ဖက်ဒရယ်စနစ် တည်ဆောက်မယ် ဆိုတာကို ပြောကြတယ်။ ကျနော်တို့က ဖက်ဒရယ် ဆိုတာကို သိပ် နားမလည်ဘူး။ ကျနော်တို့ လိုချင်တာက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြု တိုင်းတခု ဖြစ်ရေးပဲ။ ကျနော်တို့ တောင်းတာ ဒါပဲ၊ ကျန် တာ မရှိဘူး။ ဖက်ဒရယ်တွေ၊ ဘာတွေဆိုတာ ကျနော်တို့ လိုက်မမီဘူး။ ကျနော်တို့က လိုချင်တာ ကိုယ့်ဘာသာ အုပ်ချုပ်ရပ်တည်ခွင့်ပါ။

မေး။   ။ အခုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနေနဲ့ ရပ်တည်ခွင့် ရနေတာ ဆိုတော့ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။

ဖြေ။  ။ ဒါက မတူဘူး။ ဟိုက `ဒေသ´လေ၊ ကျနော်တို့ ပြောတာ `တိုင်း´။ ဒီတော့ ဒါတွေ လိုတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် လိုတယ်။ ဒါကို ခေါ်တာပါ။

မေး။   ။ ဒါဆို တိုင်းရင်းသားတွေ တောင်းတဲ့ ဖက်ဒရယ်ဆိုတာက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ပါတဲ့ ဖက်ဒရယ် စနစ် တောင်း နေတာ ဆိုတော့ အန်ကယ်တို့နဲ့ ကိုက်ညီတယ် မထင်ဘူးလား။

ဖြေ။   ။ ဒါပေါ့ ကိုက်ညီတယ် လေ။ ကျနော်တို့လည်း ဒါပဲ တောင်းတာပဲ။ ကျနော်တို့ တိုင်းပြည်က ခွဲထွက်ဖို့ တခါမှ မပြောဘူး။ ထွက်လည်း မထွက်ဘူး။

မေး။   ။ အစိုးရပိုင်းနဲ့ တွေ့ဆုံတဲ့ အခါ ဒီလို `ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း´ တောင်းတဲ့ အပေါ် သူတို့က ဘယ်လို မှတ်ချက် ပေး ထား လဲ။

ဖြေ။   ။ ပေးမယ် မပေးဘူးတော့ ဘာမှ မပြောသေးဘူး။ ဒီတော့ အခုလက်ရှိမှာက ၂၀၀၈ ကို ကျင့်သုံးနေတာလေ။ ဒီထဲမှာ မပါဘူး ပေါ့။ မပါတော့ ဥပဒေပြင်ဖို့ ပြောထားတယ်။ ဒါကို ပြင်ပေးမှ ရမှာ။ ဒါကို ပြင်ဖို့ ပြောထားတယ်။

မေး။   ။ လက်ရှိ ပြည်ထောင်စု တပ်မတော်ဖွဲ့ရေး တိုင်းရင်းသားတွေ တောင်းတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။ အဲဒီအပေါ် ထားတဲ့ သဘောထားက ဘာဖြစ်မလဲ။

ဖြေ။   ။ လက်ရှိက တိုင်းရင်းသားအဖွဲ့ NCCT မှာ မပါဘူးလေ။ ဒီတော့ ကျနော်တို့သိတာက ပြည်ထောင်စု တပ်မတော် ဆိုတာရှိပြီး သားလေ။ တပ်ဖွဲ့မယ် ဆိုတာကို နားမလည်ဘူး။ တိုင်းရင်းသား အဖွဲ့တွေ ဘယ်မှာမှ မပါတာ။ အဲဒါကြောင့်ပဲ ကျနော်တို့ စိတ်ထဲမှာ နားမလည်ဘူး။ ပြည်ထောင်စု တပ်မတော်ဖွဲ့မယ် ဆိုတာက ကျနော်တို့ စဉ်းစားတာ ပြည်ထောင်စု တခုမှာ နှစ်ခု မရှိဘူးလေ။ ဒီတော့ ကျနော်တို့က လက်ရှိ စည်းလုံးညီညွှတ်မှုကို ပျက်ပြားစေမယ့် အတိုက်အခံအနေနဲ့ လုပ်ဆောင်ဖို့ သဘောမကျဘူး။ ကျနော် တို့ နိုင်ငံကို ကာကွယ်ဖို့ပဲ သဘောကျတယ်။ ဒါကို လက်မခံနိုင်ဘူး။

မေး။   ။ တပ်မတော် ဆိုတာ တခုတည်း လို့ ပြောတယ်။ ဒါဆို လက်ရှိ အန်ကယ်တို့ ကိုယ်ပိုင်တပ်တွေ ရှိတယ်၊ ဒီလို လူတွေကို ဘယ်လိုတပ်နဲ့ပတ်သက်ပြီး လက်ခံစေဖို့ ရှိမလဲ။ ဆိုလိုတာက တိုင်းရင်းသားတွေက ကိုယ်ပိုင်တပ်တွေ ရှိနေတာကို ဘယ်လို ပေါင်း မလဲ။ အကုန် လက်နက်စွန့်ဖို့များ စဉ်းစားထားပါ သလား။

ဖြေ။   ။ တပ်ဖွဲ့စည်းရေး ဆိုတာက ကိုယ့်တပ်နဲ့ ကိုယ့်ဒေသမှာ ရှိတယ်။ နိုင်ငံတော် အစိုးရနဲ့လည်း ဘာမှ တင်းမာမှု မရှိဘူး။ ကျနော် ဆိုလိုတာ ဒါပဲ။ ကျနော်တို့ တပ်ကို လုံခြုံရေး အနေနဲ့ ထားတာ။ ပြည်ထောင်စု တပ်အနေနဲ့ ဖွဲ့ဖို့ မဟုတ်ဘူး။ အပြိုင်လုပ် မထား ဘူး။ ဒီသဘော။ ၂၅ နှစ် အတွင်း သေနတ်တချက်မှ မဖောက်ဘူး။ ကျနော်တို့ ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မဖြစ်မချင်း အဲဒီ အနေအထားအတိုင်း ဆက်နေမှာပဲ။

မေး။  ။ တကယ်လို့ အစိုးရဘက်က လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တခုပေးရင် လက်နက်အပ်မယ်၊ အန်ကယ် တို့ တပ်တွေကို ဖျက်သိမ်းမယ့် သဘောများလား။

ဖြေ။   ။ အဲဒီလိုချည်း ပြောနေတာ မဟုတ်ဘူး။ ဒါကအစိုးရနဲ့ နိုင်ငံရေး အရ ဆွေးနွေးရဦးမှာပါ။ အဲဒီအဖြေပေါ် ကြည့်မှာ ပေါ့။ ကျနော် တို့က စစ်ဖြစ်တာ မလိုလားဘူး။

မေး။   ။ လက်ရှိ တပ်မတော်နဲ့ သမ္မတဘက်က ငြိမ်းချမ်းရေးမှာ ပါဝင်မှုကို ဘယ်လိုမြင်လဲ။ သူတို့ လုပ်ဆောင်နေတဲ့ အပိုင်းက ဘယ်လိုမျိုးပုံစံ ပါဝင်နေတယ်လို့ မြင်ပါသလဲ။

ဖြေ။   ။ ဒါကတော့ သူတို့ လိုလားလို့ လုပ်တာပေါ့လေ။ နောက် ကျနော်တို့နဲ့က ငြိမ်းချမ်းရေးစကား ပြောစရာ မလိုပါဘူး။ ဘာလို့ဆို ကျနော်တို့က ငြိမ်းချမ်းပြီးသား လေ။ သူတို့ဘက်က ဖိတ်ရင်သွားတယ်။ ဒီလိုပဲပေါ့။

မေး။   ။ အခု အချိန်မှာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲမယ် ဆိုရင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ယူထားသူတွေပါ ထိုးမယ် ဆိုတော့ …၊ ဒီအပေါ်မှာ ဘယ်လို ပါဝင်မလဲ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တခုလည်း ရှိနေတော့ အစိုးရဘက်မှာပဲ ရပ်ပြီး လက်မှတ်ထိုးမလား။ တိုင်းရင်းသား တခုအနေနဲ့ ထိုးမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း သိပါရစေ။

ဖြေ။   ။ ဒါကတော့ ကျနော်တို့က အချိန်တော့ မရောက်သေးဘူးပေါ့။ ကိုယ့်အဖွဲ့အစည်း အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လိုအင် အတိုင်း လက်မှတ်ထိုးရမှာ ဖြစ်တယ်။ ကိုယ့်အဖွဲ့ အနေနဲ့ လက်မှတ်ထိုးမှာပါ။ အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လက်ခံလာနိုင်တဲ့ အခြေအနေတခု ရှိပြီဆိုရင် ကျနော်တို့က အထူးဒေသ ၄ အနေနဲ့ ထိုးမှာပါ။

မေး။   ။ အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လိုအင်အတိုင်း လက်မှတ်ထိုးရမှာ ဖြစ်တယ် ဆိုတော့…၊ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ဘယ်လို အချက်တွေ ပါမယ်ဆိုရင် လက်မှတ်ထိုးမလဲ။

ဖြေ။   ။ ကျနော်တို့ ပြောချင်တာ တခုက..၊ အပစ်အခတ် ရပ်စဲရေးက ကျနော်တို့က လိုမှ မလိုတာ။ အဲဒါ တခုပေါ့။ ငြိမ်းချမ်းရေးကို ကျနော်တို့က လိုချင်တယ်။ ဒီတော့ မြန်မြန်ငြိမ်းချမ်းရေးရ ကောင်းတာပေါ့။ ရလဲရချင်နေပြီလေ။ ဒီတော့ ကျနော်တို့က ငြိမ်းချမ်းပြီ နိုင်ငံရေး ဆွေးနွေးဖို့ လုပ်မယ် ဆိုတာနဲ့ ကျနော်တို့ လက်မှတ် လာထိုးဆို ထိုးမှာပေါ့။ ဒါပဲလေ။

မေး။   ။ အခု ညှိနှိုင်းနေတဲ့ တပြည်လုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ ဘယ်လိုအချက်တွေ ပါမယ်ဆို လက်မှတ်ထိုးမှာ လဲ။

ဖြေ။  ။ ဒါက ကျနော်တို့ ကြည့်စရာ မလိုဘူးလေ။ ကျနော် ပြောပြီးပြီ၊ ကျနော်တို့က အပစ်အခတ်ရပ်စဲပြီးသား၊ စဉ်းစားစရာ မလို ဘူး။ သူတို့တွေပဲ ဆက်ညှိရမှာ။ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲမှာမှ ပါမှာ။

မေး။   ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို ဘယ်လိုများ စိတ်ကူးရှိတယ်လို့ သူ့ဘက် က ဖွင့်ဟတာ ရှိပါသလဲ။

ဖြေ။  ။ ကျနော်တို့ကော သူကော လက်ခံထားတာ ဘယ်နိုင်ငံ ဘယ်ဒေသ၊ ကုလသမဂ္ဂမှာ ဖြစ်ဖြစ် တပ်ဆိုတာ တခုတည်း ရှိတယ်။ ဒါကိုပဲ လက်ခံထားတယ်။

မေး။   ။ မိုင်းလားမှာ ရှိတဲ့ တပ်တွေနဲ့ပတ်သက်ပြီးတော့ရော ဘယ်လို စိတ်ကူးထားပါသလဲ။

ဖြေ။   ။ ကျနော်တို့ ဆီမှာ တပ်မဟာ ၃ ခု ရှိတယ်။ တပ်ခွဲတွေ ရှိတယ်။ ဒါတွေက ခုလုံခြုံရေးယူတယ်။ ဒီသဘောပါပဲ။ ဒါတွေကို ဘယ်လို စိတ်ကူးထားလဲ ဆိုရင် ဒါကနိုင်ငံရေး ဆွေးနွေးပွဲကျမှ ပြောရမှာပါ။ သေချာတာကတော့ ကျနော်တို့ တပ်တွေက ကျနော် တို့ဒေသ လုံခြုံရေး အတွက်ပဲ ထားထားတာပါ။ စစ်လည်း မဖြစ်ဘူး။ စစ်မတိုက်ချင်လို့၊ အကျိုး မရှိတာသိလို့ ကျနော်တို့ ငြိမ်းချမ်း ရေး ယူတာဖြစ်တယ်။

မေး။   ။ တော်တော်များများက ဝေဖန်သုံးသပ်ကြတာ က “ဝ” ရယ် မိုင်းလားရယ်က သီးခြားနေလိုတယ်၊ တချိန်မှာ ပြည်ထောင်စု က ခွဲထွက်မယ် ပေါ့။ နောက်တခုက လက်ရှိ အင်အား အရ အစိုးရကိုပဲ ဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားကိုပဲ ဖြစ်ဖြစ် ၀င်တိုက်နိုင် တယ်။ တရုတ်ပြည်နဲ့ နီးတယ်။ တရုတ်လူမျိုးတွေ ကြီးစိုးလို့ တချိန်ချိန် တရုတ်သြဇာခံ ဖြစ်သွားမယ်ပေါ့…၊ ဒီလို ပြောနေတာအပေါ် ဘာများ ပြောနိုင်လဲ။

ဖြေ။   ။ အရင်ကတည်းက စစ်မတိုက်ချင်လို့ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ထဲက ခွဲထွက် ငြိမ်းချမ်းရေး ယူခဲ့တာပါ။ ဘာမှ စစ် တိုက်စရာ မရှိဘူး။ ခွဲထွက်မှာ မဟုတ်ဘူး။ ကျုပ်တို့က တရုတ်လူမျိုး မဟုတ်ဘူး။ မြန်မာပြည်မှာနေတဲ့ တိုင်းရင်းသား လူမျိုး ဖြစ် တယ်။ ဘယ် တိုင်းရင်းသားကိုမှလည်း မတိုက်သလို အစိုးရကိုလည်း တော်လှန်မှာ မဟုတ်ဘူး။ နိုင်ငံတော်ကို ပုန်ကန်ဖို့အားလည်း မရှိဘူး။ ပုန်ကန်ဖို့လည်း မလိုဘူး။ စစ် မလိုလို့ မတိုက်တော့တာ။

ကျနော်တို့ နေတဲ့နေရာမှာ မနေနဲ့လို့ လာပြီးအတင်းအဓမ္မ ထိုင်ခုံလာလုတာ ဆိုရင်တော့ တိုက်ရမယ်၊ ခုခံ ကာကွယ်ရမယ်။ သူများတိုင်းပြည် သြဇာခံ ဆိုတာလည်း မဟုတ်တော့ တိုက်စရာ မလိုဘူး။ နိုင်ငံခြား မီဒီယာတွေက သူတို့ အမြင်တွေ လျှောက်ပြောတာ။ နောက် သူတို့လာခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က အဖြစ်ပျက်တွေ ပြောတာ။ သူတို့ကမှ သွေးခွဲတာ ကျနော်တို့ နိုင်ငံတော်နဲ့ ငြိမ်းချမ်းတာကို မနာလိုလို့ ပြောတာပါ။ နောက် ဘယ်တိုင်းရင်းသားကိုမှလည်း ကျူးကျော် မတိုက်ဘူး။

မေး။   ။ တိုင်းရင်းသားတွေ တောင်းနေတဲ့ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး အပေါ်မှာ ဘယ်လိုကြောင့် သဘော မတူတာလဲ သိပါရစေ။

ဖြေ။   ။ ဒါက နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲမှာ ကိုယ့်ဒေသ လိုအပ်ချက်ကို ကိုယ်တိုင် ဆွေးနွေးပြီးမှ လုပ်ရမှာပါ။ ကိုယ့်ဒေသ လိုအပ်ချက်ကြည့်ပြီး ဆွေးနွေးပြီးမှ တိုင်းပြည်ကို တည်ဆောက်မှ ရမယ်။ ခုနက ပြောသလို အပြိုင်လုပ်တဲ့ သဘောဆောင်တဲ့ အတွက် လက်မခံဘူး။ တပ်မတော်ဟာ တိုင်းပြည်တခုမှာ တခုပဲ ရှိတယ်။ ဒါကိုပဲ လက်ခံတယ်။

မေး။   ။ တိုင်းရင်းသားတွေ ဘက်က ပြောနေတဲ့ ဖက်ဒရယ်တပ်မတော်က အချိုးကျပါဝင်တဲ့ စနစ်ကို ကျင့်သုံးမယ်လို့ ပြောတာ တွေ ရှိတယ်။ ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဖြေ။   ။ ဒါက နိုင်ငံဖွဲ့စည်းရေး နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးပြီး ရလာတဲ့ စနစ်ပေါ်အခြေခံရမှာ ဖြစ်တယ်။ စင်ပြိုင်တပ် ဖွဲ့လို့တော့ မရပါဘူး။

မေး။   ။ ဒါဆို အခု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ပါဝင်တာက ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးကို သဘောတူ လက်ခံရေး ဆိုတဲ့ ကတိတခုအနေနဲ့ ပါဝင်လက်မှတ်ထိုးရမယ်လို့ ပါတဲ့အချက်ကို လက်မခံတာလား။ ဒီအချက် ပါလို့ လက်မှတ် ထိုးဖို့ ညှိရမယ်ပြောတဲ့ သဘောလား။ ဒီလို တင်ပြတာကို တိုင်းရင်းသားတွေ ဘက်က လာညှိနှိုင်းမယ် ဆိုရင်ကော လက်ခံမလား။

ဖြေ။   ။ ဟုတ်ပါတယ်။ တိုင်းရင်းသားတွေ လာညှိမယ်၊ ရှင်းပြမယ်ဆို လက်ခံမှာပါ။ အခုက သူတို့က တခါညှိ တခါပြောင်း၊ နောက် ညှိတဲ့ ကိစ္စလည်း မသိရဘူး။ လာဖို့ပြောတာ မှန်တယ်။ ကျနော်တို့က ဘာသာစကား အားနည်းတယ်။ ဒီတော့ ကျနော်တို့က သေချာ အချိန်ယူပြီးလေ့လာမှ ရမယ်။ စင်ပြိုင်ထောင်တာ မဟုတ်ဘူး ဆိုတာ လက်ခံတယ်။ ဒါပေမယ့် သူတို့ပြောနေတာက စင်ပြိုင် လုပ် ဖို့ ဖြစ်နေတယ်လို့ သိထားရတယ်။ ဆွေးနွေးတာတွေလည်း မသိရတော့ ခက်တယ်။ နောက်ဆုံး ထွက်လာတဲ့ အပေါ်မှာ ကျနော်တို့တွေ လက်ခံနိုင်ရင် ပါဝင်မယ်။ ဒါပါပဲ။ ပါဝင်ဖို့ညှိမယ်။

မေး။   ။ အခုလက်ရှိမှာ အန်ကယ်တို့ အဖွဲ့ အနေနဲ့ `ဒို့တာဝန်အရေး ၃ ပါး´ကို လက်ခံတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုတာကိုကျ တိုင်းရင်းသားတရပ် အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ သွားမှာမို့ လက်မှတ်ထိုးမယ်။ ဒါပေမယ့် လက်ရှိ ဆွေးနွေးနေမှုမှာ တပ်မတော်ဖွဲ့ စည်းရေးဆိုတဲ့အချက်ကို သဘောမတူဘူး။ နိုင်ငံရေး ရပ်တည်မှုအရ နိုင်ငံရေး ဆွေးနွေးပွဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း တခုကို ဆွေးနွေးမယ်။ ရပြီးမှ တပ်ပိုင်းကိစ္စ ဆွေးနွေးမယ် ဒီလိုသဘောမျိုးကို လက်ခံထားတယ် လို့ ပြောလို့ ရပါသလား။

ဖြေ။   ။ မှန်ပါတယ်။ ဟုတ်တယ်။ ဒီသဘောပဲ။

မေး။   ။ နောက်ဆုံး အနေနဲ့ ဘာများပြောချင်ပါ သလဲ။

ဖြေ။   ။ ကျနော်တို့ ပြောချင်တာ ဘယ်တိုင်းရင်းသားမဆို မိမိနိုင်ငံ၊ မိမိပြည်သူတွေ အတွက် တက်ညီ လက်ညီပါဝင် ညှိနှိုင်းကြဖို့၊ လုပ်ဆောင်ကြဖို့ လိုတယ်။ ကိုယ့်ဆန္ဒတွေကို ရှေ့တန်းမတင်ဘဲ ပြည်သူ့မျက်နှာ ကြည့်ပြီး ညှိနှိုင်းမှုတွေ လုပ်စေချင်တယ်။ ဒါပါပဲ။   ။
ဧရာဝတီ
မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး နောက် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံး အကြိမ်အဖြစ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖြစ်ခဲ့သည်။ ယင်းသတင်းစာ ရှင်း လင်းပွဲတွင် ၎င်းတို့၏ လက်ရှိရပ်တည်ချက်၊ ခံယူချက်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြခဲ့သည်။

MPT ၁၅၀၀ တန် ဆင်းမ်ကတ် တရားဝင် အရောင်းဆိုင်များ အမြတ်ထုတ် ရောင်းချ

Photo: MPT ၁၅၀၀ တန် ဆင်းမ်ကတ် တရားဝင် အရောင်းဆိုင်များ အမြတ်ထုတ် ရောင်းချ
Tuesday, Setember 2, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၁၅၀၀ ကျပ်ဖြင့် လွတ်လပ်စွာ ရောင်းချပေးမည်ဟု ကြေညာထားသော WCDMA ဆင်းမ်ကတ်များကို MPT က တရားဝင် ရောင်းချခွင့် ပြုထားသော အရောင်းကိုယ်စားလှယ်များက ဆင်းမ်ကတ် သီးခြားရောင်းချခြင်း မပြုဘဲ ပုံစံမျိုးစုံဖြင့် အမြတ်ထုတ် ရောင်းချကြကြောင်း ကိုယ်တိုင် ကြုံတွေ့သူများက ပြောဆိုသည်။

MPT ဆင်းမ်ကတ်များကို ဟန်းဆက်နှင့် တွဲရောင်းခြင်း၊ ငွေဖြည့်ကတ် အနည်းဆုံး ကျပ်တစ်သောင်းခွဲဖိုး ဝယ်ယူမှသာ ရောင်းချခြင်း စသဖြင့် အမြတ်ထုတ် ရောင်းစားမှုများ ပြုလုပ်ကြကြောင်း ဈေးကွက်အတွင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ လသာလမ်းရှိ တရားဝင် ရောင်းချခွင့်ရ ဖုန်းဆိုင်တစ်ဆိုင်သို့ ဆက်သွယ်မေးမြန်းရာတွင် ရောင်းချခွင့် အရေအတွက် ခွဲဝေရာတွင် အခြားတရားဝင် ကိုယ်စားလှယ်များထက် ဆင်းမ်ကတ်ခွဲတမ်း ရရှိမှု နည်းပါးခြင်းကြောင့် ယင်းသို့ ရောင်းချရခြင်း ဖြစ်ကြောင်း ယင်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

“MPT အနေနဲ့ ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ဝယ်လို့ရမယ် တရားဝင် ကြေညာထားလို့ သူတို့ပြောထားတဲ့ ဆိုင်တွေမှာ သွားဝယ်တော့ ဟန်းဆက်တစ်လုံး ဝယ်မှ ဆင်းမ်ကတ် ရောင်းမယ်ဆိုတော့ ဘာမှမထူးဘူး။ သူတို့အနေနဲ့ ဒီလိုမျိုးတွေ လုပ်တာ မကောင်းဘူး။ ပွင်းလင်းမြင်သာမှု မရှိဘူး” ဟု နေပြည်တော် မြို့မဈေးအနီးတွင် နေထိုင်သော ဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။

MPT ၁၅၀၀ တန် ဆင်းမ်ကတ်များကို ရောင်းချခွင့် ရရှိထားသော ကိုယ်စားလှယ်ဆိုင် အချို့မှာ ဟန်းဆက်တစ်လုံး ဝယ်ယူမှသာ ဆင်းမ်ကတ် ရောင်းချမည် ဆိုသောကြောင့် ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချသော Elite မိုဘိုင်းလ်ဆိုင်နှင့် KMD ဖုန်းဆိုင်များတွင် လူအများအပြား အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူကြရကြောင်း ဆင်းမ်ကတ်များ ဝယ်ယူရန် စောင့်ဆိုင်းနေသူများက ပြောဆိုသည်။

ဆင်းမ်ကတ်များ လာရောက်ဝယ်ယူသူ များပြားသောကြောင့် ဆင်းမ်ကတ် ရောင်းချသည့် အချိန်ကို နှစ်ပိုင်းခွဲပြီး ရောင်းချရကြောင်း KMD ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဆင်းမ်ကတ်ဝယ်ဖို့ မနက် ၁၀ နာရီလောက်တည်းက စောင့်နေတာ။ ၂ နာရီလောက် စောင့်လိုက်ရတယ်။ ဈေးနှုန်းကတော့ ၁၅၀၀ ပဲ ပေးရတယ်” ဟု ဗိုလ်အောင်ကျော် Elite ဖုန်းအရောင်းဆိုင်ခွဲတွင် ဆင်းမ်ကတ် ဝယ်ယူလာသော ဦးသက်အောင်က ဆိုသည်။

ယင်းကြောင့် MPT ဆင်းမ်ကတ်များ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သောင်း ငါးထောင်ခန့် ဖြစ်နေကြောင်း ဈေကွက်အတွင်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၅၀၀ တန် ဆင်းမ်ကတ်များကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးကို ပထမအသုတ် အနေနှင့် ဆင်းမ်ကတ်ပေါင်း ခုနစ်သိန်းကို ရောင်းချသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၁၅၀၀ ကျပ်ဖြင့် လွတ်လပ်စွာ ရောင်းချပေးမည်ဟု ကြေညာထားသော WCDMA ဆင်းမ်ကတ်များကို MPT က တရားဝင် ရောင်းချခွင့် ပြုထားသော အရောင်းကိုယ်စားလှယ်များက ဆင်းမ်ကတ် သီးခြားရောင်းချခြင်း မပြုဘဲ ပုံစံမျိုးစုံဖြင့် အမြတ်ထုတ် ရောင်းချကြကြောင်း ကိုယ်တိုင် ကြုံတွေ့သူများက ပြောဆိုသည်။

တောင်ကိုရီးယား အလှမယ်ပြိုင်ပွဲမှ ထွက်ပြေးခဲ့တဲ့ အင်္ဂလန်အလှမယ်

Photo: ဇာဝါရီ – တောင်ကိုရီးယား အလှမယ်ပြိုင်ပွဲမှ ထွက်ပြေးခဲ့တဲ့ အင်္ဂလန်အလှမယ်
Tuesday, Setember 2, 2014

ရှုပ်ထွေးပွေလီနေတဲ့ အရှုပ်တွေများနဲ့ မြန်မာပြည်မှာ ဒီရက်ပိုင်းအတွင်း ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ အလှမယ် မေမြတ်နိုးရဲ့  ပြဿနာကလည်း နိုင်ငံသိမဟုတ်၊ ကမ္ဘာကျော် ဖြစ်နေတယ်ဆိုတော့ ဒီ ရုပ်ဆိုးညစ်စုတ်လှတဲ့ အလှမယ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ဖတ်မိတဲ့ သတင်းတပုဒ်ကို မိုးမခစာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ ဘရစ်စတိုလ် (Bristol) မြို့  အလှမယ် Amy Willerton က သူ့အနေနဲ့ Miss Asia Pacific World အလှမယ်ပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ တောင်ကိုရီးယားအလှမယ်အဖွဲ့နဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသွားမယ်လို့ ပြောဆိုလိုက်တယ်။

အင်္ဂလန်နိုင်ငံ ၂၀၁၃ Miss Universe Great Britain သရဖူပိုင်ရှင်၊ ၂၀၁၀ အသက် (၁၇) နှစ်မှာ ဘရစ်စတိုလ်မြို့  အလှမယ်သရဖူ ရရှိခဲ့သူ၊ ၂၀၁၁ မှာ Miss Bath နဲ့ ၂၀၁၂ မှာ Miss Wales ဆုတွေ ဆွတ်ခူးထားသူ အလှမယ် အေမီ က ဒီနှစ်အစောပိုင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Miss Asia Pacific World ပြိုင်ပွဲကာလအတွင်း သူ့ရဲ့  လုံခြုံရေးအတွက် ပြိုင်ပွဲမှာ ထွက်ခဲ့ကြောင်း ပြောဆိုတယ်။

အသက် (၁၉) နှစ်သူ အေမီ က အင်္ဂလန်နိုင်ငံ Wales ပြည်နယ်ကိုယ်စားပြုပြီး ဒီနှစ်အစောပိုင်း မေလမှာ တောင်ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Asia Pacific World (မေမြတ်နိုး အနိုင်ရရှိခဲ့ပြီး သရဖူးပြန်သိမ်းမယ် ဘာညာအရှုပ်အရှက် ပြဿနာများဖြစ်နေတဲ့ ပြိုင်ပွဲ) အလှမယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်တယ်။

အေမီရဲ့  စွပ်စွဲပြောဆိုချက်တွေထဲမှာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူတွေကို လိင်ပိုင်ဆိုင်ရာ နှောက်ယှက်မှုတွေ၊ လာဘ်စားမှုတွေ ရှိသလို၊ အစားအသောက်လည်း မကျွေးခဲ့ဘူးလို့ ဆိုတယ်။

အလှမယ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Lawrence Choi က ဒီလို ပြိုင်ပွဲဝင်သူတွေရဲ့  ပြောဆိုမှုတွေကို သူ့အနေနဲ့ တောင်းပန်ကြောင်း။ သူ့ရဲ့  အီးမေးလ်မှာ ဒီလိုလုပ်ရပ်တွေက အလှမယ်ပြိုင်ပွဲကို ထိခိုက်ပျက်စီးစေခဲ့ပြီး ဆိုးဝါးတဲ့လုပ်ရပ်တွေလို့ ပြောဆိုထားတယ်။

အလှမယ်သရဖူ အနိုင်ရရှိသူအနေနဲ့ ဆုငွေ ဒေါ်လာနှစ်သောင်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အခမဲ့ ခွဲစိတ်ပြုပြင်ပေးမယ့် ဒီအလှမယ်ပြိုင်ပွဲကို နိုင်ငံ (၅၀) မှ အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။

ကျမတို့ကိုထားတဲ့ ဟိုတယ်အခန်းတွေဆိုရင် အိပ်ရာအခင်းအကျင်း ဘာမှမရှိဘူး။ အစားအသောက်လည်း မပေးဘူး။ ဒါကို ကျမအနေနဲ့ ချက်ချင်း ကန့်ကွက်ပြောဆိုတော့ သူတို့က ဒီလို ပူညံပူညံ လုပ်နေရင် ပြိုင်ပွဲမှာ အနိုင်ရစရာ အခွင့်မရှိဘူးလို့ ခြိမ်းခြောက်ပြောဆိုတယ်။

နောက်တဆင့် တက်လာတာက ပြိုင်ပွဲမှာ ဆုရဖို့အတွက် လာဘ်ထိုးဖို့၊ ပြီးတော့ လိင်ကာမပိုင်းဆိုင်ရာ အနှောက်အယှက်တွေ တောင်းဆိုမှုတွေ ပြုလုပ်လာတယ်။ တော်တော်လေးကို ဆိုးဝါးတဲ့ အခြေအနေဖြစ်လာခဲ့တယ်။ ဒီလို လွန်ကျူးတဲ့ ကာမပိုင်ဆိုင်ရာ အနှောက်အယှက်တွေ ရှိလာတော့ သူနဲ့ ပြိုင်ပွဲဝင် အလှမယ်တချို့ က သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားတိုင်ကြားခဲ့တယ်။

ရဲတွေရောက်ရှိလာပြီး ပြိုင်ပွဲကျင်းပရေး ဥက္ကဋ္ဌကို ခေါ်ယူမေးမြန်းစစ်ဆေးတဲ့အခါ ကျမတို့ကို ပြိုင်ပွဲစီစဉ်သူတွေက တားမြစ်ထားပြီး စကားပြောဆိုခွင့် လုံးဝမပေးခဲ့ဘူး။ ပြီးတော့ ရဲကို ပြိုင်ပွဲဥက္ကဋ္ဌ က ပိုက်ဆံအိတ်ဖွင့်ပြီး ငွေပေးလာဘ်ထိုးလိုက်တယ်။ ကျမတို့ ဘာသာပြန်က ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေနဲ့ ရဲတွေ ပြောဆိုချက်တွေကို ဘာဆိုဘာမှ ဘာသာမပြန်ပေးဘူးလို့ အေမီ က သတင်းထောက်များကို ပြောဆိုတယ်။

ဒါနဲ့ မစ္စအေမီ က သူ့အစီအစဉ်နဲ့သူ ပြိုင်ပွဲကနတ်ထွက်ပြီး အိမ်ပြန်သွားခဲ့တယ် (အေမီနဲ့အတူ Guyana နဲ့ Costa Rica နိုင်ငံတို့မှ အလှမယ်များလည်း ပြိုင်ပွဲမှ နုတ်ထွက်ပြီး၊ အတူထွက်ပြေးခဲ့တယ်။ ပြိုင်ပွဲကျင်းပသူတွေက လေယာဉ်ကွင်းအထိ လိုက်လံပြီး နှောက်ယှက်တားဆီးခဲ့ကြတယ်လို့ သူတို့က ထွက်ဆိုတယ်)။ ပြိုင်ပွဲဝင်ဖို့အတွက် လာရောက်ခဲ့တဲ့ လေယာဉ်ခရီးစရိတ်ကို ပြန်ပေးမယ်လို့ ပြောဆိုထားတဲ့ကတိကို ပြိုင်ပွဲကော်မတီက ငြင်းဆိုပြီး ပြန်မပေးခဲ့ဘူး။ ဒါကြောင့် နိုင်ငံတကာတရားဥပဒေနဲ့ ဒီပြိုင်ပွဲကျင်းပသူတွေကို တရားစွဲဆိုဖို့ လုပ်ဆောင်နေကြောင်း မစ္စအေမီ က ပြောဆိုတယ်။

ဘီဘီစီ က ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူ မစ္စတာ Choi ကို မစ္စအေမီ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးကြားပေမယ့် အကြောင်းပြန်ဆိုခြင်း မရှိခဲ့ဘူး။ သူ့ရဲ့  အီးမေးလ် တုန့်ပြန်ချက်ကတော့ ပြိုင်ပွဲအခမ်းအနား ဝင်ရောက်တဲ့ အလှမယ်များ နေထိုင်ဖို့ နဲ့ သွားလာဖို့အတွက် စီစဉ်ထားတဲ့ ဟိုတယ် နဲ့ ခရီးသွားလာရေးကုမ္ပဏီက သူတို့နဲ့ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် အခုလို လိုအပ်ချက်တွေ ရှိခဲ့ကြောင်း ရှင်းလင်းပြောဆိုထားတယ်။

အချုပ်ပြောရရင် ဒါဟာ ကျနော့်ရဲ့  အမှား၊ အပြစ်ပါ။ ကျနော်မှာ အမြင်စိတ်ကူးရှိပေမယ့် တကယ့်လက်တွေ့မှာ ရင်ဆိုင်ရမှာတွေကို အလေးပေး မပြင်ဆင်မဖြေရှင်းခဲ့ဘူး။ ဒီလိုမျိုး ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျနော်အနေနဲ့ အထူးဝမ်းနည်းမိပါတယ်လို့ ပြောဆိုထားတယ်။

ဘီဘီစီသတင်းဌာနက တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့  ရဲစခန်းကို ဆက်သွယ်စုံစမ်းတဲ့အခါ အာဏာပိုင်များက သူတို့ စုံစမ်းစစ်ဆေးချက်တွေအရ ရဲအရာရှိများအနေနဲ့ ဒီပြိုင်ပွဲတာဝန်ရှိသူများထံမှ လာဘ်ငွေခြစားမှု မရှိကြောင်း၊ တခြားပါဝင်ပတ်သက်မှုများ မတွေ့ရကြောင်း ပြောဆိုတယ်။ တာဝန်ရှိသူများကို ပိုက်ဆံအိတ်ဖွင့်ပြီးပေးတာ ငွေကြေးမဟုတ်ဘဲ၊ မစ္စတာ Choi ရဲ့  စီးပွားရေးလုပ်ငန်း ကတ်ပြားဖြစ်ကြောင်း ရဲဌာနက ပြောဆိုတယ်။

ကိုးကားသတင်း – http://www.bbc.co.uk/news/uk-england-bristol-15369197

MoeMaKa
ရှုပ်ထွေးပွေလီနေတဲ့ အရှုပ်တွေများနဲ့ မြန်မာပြည်မှာ ဒီရက်ပိုင်းအတွင်း ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ အလှမယ် မေမြတ်နိုးရဲ့  ပြဿနာကလည်း နိုင်ငံသိမဟုတ်၊ ကမ္ဘာကျော် ဖြစ်နေတယ်ဆိုတော့ ဒီ ရုပ်ဆိုးညစ်စုတ်လှတဲ့ အလှမယ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ဖတ်မိတဲ့ သတင်းတပုဒ်ကို မိုးမခစာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်။

စစ်မှန်သော ဖက်ဒရယ် အယူအဆ

တိုင်းရင်းသား လူမျိုးစု ပေါင်းများစွာ အတူတကွ မှီတင်းနေထိုင်တဲ့ပြည်ထောင်စုဖြစ်တာနဲ့အညီမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းစွာ တည်တံ့ ခိုင်မြဲဖို့ဆိုရင်စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို မဖြစ်မနေထူထောင်ကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်လို့သာ ပြောနေ ဆိုနေကြသော် လည်းဖက်ဒရယ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့အနှစ်သာရကို သိရှိနားလည်သူ သိပ်များများစားစားမရှိလှသေးဘူးလို့ယူဆရပါတယ်။ တစ်ကယ်တော့ လူထု တစ်ရပ်လုံးကဖက်ဒရယ်ရဲ့ သဘောကို ကျကျနန သိရှိနားလည်းကြပြီး အတူတကွ နည်းမှန်လမ်းမှန်ဝိုင်းဝန်း ထူထောင် ကြမှသာဖက်ဒရယ်ပြည်ထောင်စုဆိုတာ အမှန်တစ်ကယ် ပေါ်ထွန်းလာဖို့ရှိပါတယ်။ဖက်ဒရယ်နဲ့ပတ်သက်လို့ ယူဆချက်များကွဲလွဲနေ လျင်ဖြစ်စေ၊ လွဲမှားတဲ့ အဓိပ္ပါယ်ကောက်ယူမှုများရှိနေလျင်ဖြစ်စေစစ်မှန်တဲ့ ပြည်ထောင်စု တစ်ခု ပေါ်ပေါက်ရေးအခက်အခဲများစွာရှိနေနိုင် တာကြောင့် ဖက်ဒရယ်သဘောကို သက်ဆိုင်သူအားလုံးကအလေးအနက်ထားပြီး ထဲထဲဝင်ဝင်လေ့လာသုံးသပ် သိရှိနားလည်ကြဖို့ လိုအပ်မယ်လို့ယူဆပါတယ်။ဖက်ဒရယ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ များစွာရှိနေတဲ့ အထဲကအခြေခံအကျဆုံးနဲ့ အဓိပ္ပါယ် ခြုံငုံမိတဲ့ ဖွင့်ဆိုချက်တစ်ခုကို ဖော်ပြပါရစေ။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့ မှုတွေ အကျဉ်းအကျပ်ထဲရောက်လာပြီလား

 Photo: မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့ မှုတွေ အကျဉ်းအကျပ်ထဲရောက်လာပြီလား
Tuesday, Setember 2, 2014

ဆယ်စုနှစ်အတော်ကြာ အထီးကျန် နိုင်ငံဘဝရောက်နေတဲ့အခြေအနေကနေ တံခါးဖွင့်လိုက်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံ အတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှု အများအပြား ဆောင်ကြဉ်းနိုင်ခဲ့ပါတယ်။ မြန်မာ့အသွင်ပြောင်းအစိုးရဟာ ကမ္ဘာ့ စီးပွားရေးနဲ့ ချိတ်ဆက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အဲဒီလိုကြိုးစားတဲ့ နေရာမှာ အရှေ့တောင်အာရှဒေသမှာတင် မကဘဲ အာရှဒေသမှာပါအသုံးမချရသေး တဲ့ အရင်းအမြစ်တွေြ<ွကယ်ဝတဲ့ အားသာ ချက်ကြောင့် အနောက်အုပ်စုဝင် နိုင်ငံတွေ ရဲ့ ကြီးမားတဲ့စိတ်ဝင်စားမှုတွေ ရရှိခဲ့တာ သေချာပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အာရှ ကို ရှေးရှုတဲ့ မဟာဗျူဟာပိုင်း မအောင် မြင်တဲ့အရိပ်အရောင်တွေ ပေါ်ထွက်လာ ချိန်မှာ ဝါရှင်တန်ဟာ နေပြည်တော်နဲ့ ပြန်လည်ပွေ့ဖက်ရေးမူဝါဒကို ၂ဝ၁၁ခုနှစ် ကစပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ထွက်ခဲ့တဲ့ နိုင်ငံရေး အသွင်ပြောင်းမှုတွေကြောင့် ဝါရှင်တန် ဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ် ပိတ်ဆို့မှု အများစုကိုဖယ်ရှားပေးခဲ့ပြီး ၁၉၉ဝ ခုနှစ် ကတည်းကရုပ်သိမ်းခဲ့တဲ့သံအမတ်အဆင့် သံတမန်ဆက်ဆံရေးကိုလည်း ပြန်လည် စတင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ဖန်တီးခဲ့တဲ့ တိုးတက်မှုတွေဟာ အမေရိ ကန်ပြည်ထောင်စုအတွက် မျှော်လင့်ထား သလောက်ကျေနပ်မှုပေးနိုင်တဲ့အနေအထား မျိုးဖြစ်မလာခဲ့ပါဘူး။ အဲဒီအခြေအနေ ဟာ အမေရိကန်ပြည်ထောင်စုအတွက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အသွင်ပြောင်း လုပ်ငန်းစဉ် အများအပြားဆက်လက်ဖော် ဆောင်ဖို့က အရေးကြီးတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ လူမျိုးရေးပြဿနာ တွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ဆိုင်တဲ့ ပြဿနာတွေ၊ အခြေခံဥပဒေပြင်ဆင်ရေး နဲ့ပတ်သက်တဲ့ပြဿနာတွေ ပေါ်ထွက်လာ ချိန်မှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာအစိုးရအပေါ် အမေရိကန်ပြည် ထောင်စုရဲ့ စိုးရိမ်မှုက ပိုမိုကြီးမားလာခဲ့ပါ တယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် ပြည့်ပြည့်ဝဝ ကျင့်သုံးတဲ့နိုင်ငံအဖြစ်ကို ရောက်ရှိဖို့ဆိုပြီး အမေရိကန်ပြည်ထောင်စု ဟာ ပြီးခဲ့တဲ့မေလက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ် ဆို့မှုတွေကို သက်တမ်းတိုးခဲ့ပါတယ်။ သက်တမ်းတိုးလိုက်တဲ့စာရင်းမှာ အမည် ပျက်စာရင်း သွင်းခံရသူ ၁ဝဝ ကျော်ရှိခဲ့ ပြီး မြန်မာနိုင်ငံမှာ ရေရှည်စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့အာမခံချက်ရှိတဲ့ အခြေ အနေမျိုးမရှိဘူးလို့ သတ်မှတ်သလိုဖြစ် ခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီအများစု က အလားအလာကောင်းတွေအများကြီး ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်ဖို့ ကြီးမားတဲ့စိတ်ဝင်စားမှုတွေ နဲ့အတူ တက်တက်ကြွကြွ ပြင်ဆင်နေချိန် မှာ အမေရိကန်အစိုးရက စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက် တာကြောင့် အမေရိကန်ကုမ္ပဏီတွေ အတွက် အားနဲ့လှမ်းနေတဲ့ ခြေလှမ်းကို လှမ်းဆွဲခံလိုက်ရသလိုဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်မှာကျင်းပ ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ သွားရောက် ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဂျွန်ကယ်ရီဟာ အမေရိ ကန်အစိုးရကအမည်ပျက်စာရင်းသွင်းထား တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာတည်းခိုခဲ့ပါတယ်။အဲဒီအဖြစ်အပျက်အပေါ် နိုင်ငံတကာ မီဒီယာတွေက မေးခွန်းထုတ်ခဲ့ပေမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံရဲ့ ဥပဒေတွေဟာ ဒဏ် ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခံထား ရသူ ပိုင်ဆိုင်တဲ့ဟိုတယ်မှာ တည်းခိုမှု အပေါ် အကျိုးသက်ရောက်မှုမရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျွန်ကယ်ရီ ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ သုံးစွဲသွားတဲ့ ဒေါ်လာငွေတွေဟာ သူတို့ အမည်ပျက်စာရင်းသွင်းထားသူ အိတ်ထဲကို စီးဝင်သွားတယ်ဆိုတဲ့အချက် ကိုတော့ ငြင်းလို့မရပါဘူး။
မြန်မာနိုင်ငံအပေါ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေး ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ ရာမှာ အဓိကကျခဲ့သူတစ်ဦးဖြစ်တဲ့ မူဝါဒ ဆိုင်ရာအကြံပေး ပီတာကူဆစ်နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းကောင်းတွေ ကိုရယူဖို့အတွက် ကြိုးစားနေတဲ့နေရာမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ စိန်ခေါ်မှုနဲ့ အလားအလာကောင်းတွေကို တစ်ပြိုင် နက်တည်းရင်ဆိုင်နေရတယ်လို့ ပြောပါ တယ်။ ပီတာကူဆစ်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ အစိုးရနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာအပြောင်းအလဲတွေ ဖြစ် ပေါ်အောင် ဘယ်လိုအထောက်အကူမျိုး ဖြစ်စေမလဲဆိုတဲ့အချက်ကို လေးလေး နက်နက်သုံးသပ်ဖို့လိုတယ်လို့ ပြောပါ တယ်။ အမေရိကန်ပြည်ထောင်စုဘက်က မြန်မာနိုင်ငံနဲ့ နွေးထွေးတဲ့ဆက်ဆံရေး ကောင်းမျိုး ပြန်လည်တည်ဆောက်ဖို့ မူဝါဒချမှတ်ခဲ့ပြီးနောက်မှာဒဏ်ခတ်အရေး ယူမှုတွေကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်စစ်စစ် ပေါ်ပေါက်လာဖို့အတွက် တွန်းအားတစ်ရပ်အနေနဲ့ ဆုပ်ကိုင်ထား ခဲ့တယ်လို့ဆိုရမှာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီဟာ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာတွေ့ဆုံတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ဒဏ်ခတ်အရေးယူမှုတွေကို ဆုပ်ကိုင်မထားဘဲ ဖယ်ရှားပေးဖို့ ရည် ရွယ်ချက်ရှိတယ်ဆိုတဲ့ သဘောမျိုးပြောခဲ့ ပါတယ်။ ဒါပေမယ့် အမေရိကန် ကွန် ဂရက်က မြန်မာနိုင်ငံဖော်ဆောင်နေတဲ့ အသွင်ပြောင်းလုပ်ငန်းစဉ်တွေအပေါ်ဝေဖန် မှုနဲ့ အားမရမှုတွေဖြစ်ပေါ်နေတယ်လို့ သိသိသာသာပြသလာတာကြောင့် အမေ ရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ နဲ့ဆက်စပ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အနာဂတ်မှာ ဆက်ထားဖို့ဆိုတဲ့အချက် တွေက ဖြစ်နိုင်ခြေပိုများနေပါတယ်။
မေးခွန်းထုတ်စရာရှိလာတဲ့အချက် က အမေရိကန်ပြည်ထောင်စုရဲ့ကြီးမားတဲ့ ဒဏ်ခတ်အရေးယူမှုတွေသာ ဆက်ရှိနေ မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ဘယ်လို ထိခိုက်နစ်နာမှုမျိုးတွေဖြစ်စေမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အကြီးမား ဆုံးလုပ်ထားတဲ့နိုင်ငံအဖြစ် ဆက်ရှိနေ သလို မြန်မာနိုင်ငံအတွက် အလေးထားရ မယ့် အခြေအနေမျိုးတွေကိုလည်း ဆက် လက်ပိုင်ဆိုင်ထားပါတယ်။ ဂျပန်၊ တောင် ကိုရီးယား၊ ထိုင်း၊ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ နက်ရှိုင်းတဲ့ ပူးပေါင်းမှုတွေကို နိုင်ငံရေးကဏ္ဍကို အလေးမထားဘဲ ထွန်းတောက်လာမယ့် ဈေးကွက်ကိုပဲ အသားပေးလုပ်ဆောင်ဖို့ ပြင်ဆင်လာတာကလည်း အမေရိကန် ပြည်ထောင်စုအတွက် ပိုစိုးရိမ်ရမလိုမျိုး ဖြစ်နေမှာပါ။ အမေရိကန်ပြည်ထောင်စု ဟာ သူတို့ရဲ့စံနှုန်းတွေကို ဒီမိုကရေစီနဲ့ပဲ တိုင်းတာတယ်ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်ဆွဲထားတာကြာပါပြီ။ ဒီမိုကရေစီ ဆိုတာအသွင်ကွဲအများအပြားရှိသလို တစ်ညတည်းနဲ့ တည်ဆောက်လို့ရတဲ့ အရာမျိုးလည်းမဟုတ်ပါဘူး။ နိုင်ငံရေး အခြေအနေကိုပဲ အလေးထားစဉ်းစားနေ မယ်ဆိုရင် မြန်မာနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုရဲ့ မျှော်လင့်ချက်တွေအောင် မြင်ဖို့မလွယ်လို့ဝါရှင်တန်အနေနဲ့ ဘယ်လို အကြောင်းအရာတွေကိုပဲဦးစားပေးဆောင် ရွက်မယ်ဆိုတာကို စောင့်ကြည့်ရပါလိမ့် မယ်။
Global Times သတင်းဌာန၏ ပင်တိုင်ဆောင်းပါးရှင် Yu Jincui ရေးသားသော US Sanctions on Myanmar in dilemma ကို ပြန်ဆိုခြင်းဖြစ်ပါသည်။ စာရေးသူသည်စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများကို ဦးစားပေးလေ့လာနေသူဖြစ်သည်။
The Union Daily
ဆယ်စုနှစ်အတော်ကြာ အထီးကျန် နိုင်ငံဘဝရောက်နေတဲ့အခြေအနေကနေ တံခါးဖွင့်လိုက်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံ အတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှု အများအပြား ဆောင်ကြဉ်းနိုင်ခဲ့ပါတယ်။ မြန်မာ့အသွင်ပြောင်းအစိုးရဟာ ကမ္ဘာ့ စီးပွားရေးနဲ့ ချိတ်ဆက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အဲဒီလိုကြိုးစားတဲ့ နေရာမှာ အရှေ့တောင်အာရှဒေသမှာတင် မကဘဲ အာရှဒေသမှာပါအသုံးမချရသေး တဲ့ အရင်းအမြစ်တွေြ<ွကယ်ဝတဲ့ အားသာ ချက်ကြောင့် အနောက်အုပ်စုဝင် နိုင်ငံတွေ ရဲ့ ကြီးမားတဲ့စိတ်ဝင်စားမှုတွေ ရရှိခဲ့တာ သေချာပါတယ်။

ဘင်္ဂလား ရိုးသားဖို့ လိုပါသည်

မြန်မာနိုင်ငံ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးသန့်ကျော် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၃၁-၈-၂၀၁၄ ရက်နေ့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ဒုတိယ၀န်ကြီး/အတွင်းဝန်အဆင့် မူဝါဒညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုး အစည်းအဝေးတွေ ပြုလုပ်လာခဲ့တာ ၈ ကြိမ်ရှိပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အိမ်ရှင်အဖြစ် အလှည့်ကျတဲ့အတွက် ဦးသန့်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လ၀က၊ ရခိုင်ပြည်နယ်အစိုးရတွေက အဆင့်မြင့် အရာရှိတွေ ပါဝင်ပါတယ်။

ဘင်္ဂလီ ၄၀၀ ကျော်ကို နိုင်ငံသားပြုခွင့်ရသူအဖြစ် မြို့နယ်အဆင့် မှတ်ချက်ပြု

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဒုက္ခသည် စခန်းတွင် နိုင်ငံသား စိစစ်မှု တစ်လကြာပြီးနောက် နိုင်ငံသားပြု ခွင့်ရသူအဖြစ် သဘောထားမှတ်ချက်ပြုသူ ၄၀၀ ကျော်ရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
မြေပုံ ဒုက္ခသည် စခန်းတွင် ၈၂ နိုင်ငံသားဖြစ်ခွင်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများကို တစ်ဦးချင်းလူတွေ့ စိစစ်ခြင်းကို သြဂုတ် ၅ ရက်က စတင်ခဲ့ခြင်းဖြစ်သည်။ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက “နိုင်ငံသား ပြုခွင့်ရတဲ့သူလို့ သဘောထားပြုခွင့်ရသူတွေကို ပြည်ထောင်စု အဆင့်ထိ ထပ်တင်ပြီး နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြု ကဒ်တစ်ခုခု ထုတ်ပေးမှာပေါ့”ဟု ဆိုသည်။
ထိုသို့ စိစစ်ရာတွင် ပြည်နယ်အဆင့် နိုင်ငံသားအဖြစ် သဘောထားမှတ်ချက်ပြုသူ ၆၄ ဦး၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် သဘောထားမှတ်ချက်ပြုသူ ၄၆၂ ဦး နှင့် နိုင်ငံသား ပြုခွင့်ရသူအဖြစ် ဆောင်ရွက် ပေးရန် မသင့်ဟု သဘောထားမှတ် ချက်ပြုသူ ၁၂ ဦး ကို သြဂုတ်အတွင်း စိစစ်ပြီးဖြစ်သည်ဟုဆိုသည်။

မလေးရှားတွင် ထိန်းသိမ်းခံရသည့် မြန်မာ ၂၀ နေရပ်ပြန်ရောက်၊ ကလေးငယ်နှင့် အသက်ကြီးသူများ ပါဝင်

Photo: မလေးရှားတွင် ထိန်းသိမ်းခံရသည့် မြန်မာ ၂၀ နေရပ်ပြန်ရောက်၊ ကလေးငယ်နှင့် အသက်ကြီးသူများ ပါဝင်
Tuesday, Setember 2, 2014

ဗီဇာအတုနှင့် လာရောက်မှုဖြင့် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသူ ရှစ်ဦး အပါအဝင် သက်သေအဖြစ် ထိန်းသိမ်းခံရသူ စုစုပေါင်း မြန်မာနိုင်ငံသား ၂၀ ဦးသည် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း အဆိုပါ မြန်မာများထံမှ သိရှိရသည်။

ပြန်လည် ရောက်ရှိလာသူများတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး ပါဝင်လာပြီး ၎င်းတို့သုံးဦးသည် ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရှိရသည်။

မြန်မာနိုင်ငံသား ၇၂ ဦးကို ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်မြို့တော် ၃၈ လမ်းရှိ စုမြတ်အမည်ရ တရားမဝင်ကုမ္ပဏီမှ ပွဲစားသုံးဦးက ဦးဆောင် ခေါ်ဆောင်လာခြင်း ဖြစ်ပြီး ယင်းအနက် ၆၀ ဦးမှာ ဗီဇာအတုဖြင့် လာရောက်ခြင်း ဖြစ်ကာ ၁၂ ဦး မှာ ဗီဇာအမှန်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ဗီဇာအတုဖြင့် လာရောက်သူများအနက် ၅၂ ဦးကို မလေးရှားအစိုးရက ထောင်တစ်နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ငွေကျပ်ရှစ်သိန်းဖြင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည် ဆို၍ စုမြတ်ကုမ္ပဏီနှင့် ချိတ်ဆက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးနေဝင်းအောင်က ပြောကြားသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် မိမိအစီအစဉ်ဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း အဆင်မပြေ ဖြစ်နေချိန် စုမြတ်ကုမ္ပဏီက ပွဲစားနှင့် မလေးရှားလေဆိပ်တွင် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ ပွဲစားက သူနှင့်လုပ်ကိုင်ပါက လွယ်ကူကြောင်း ပြောဆိုသဖြင့် ပွဲစားနှင့် ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြောင်း ၎င်းကဆိုသည်။
“စုမြတ်နဲ့ မလေးရှားလေဆိပ်မှာ တွေ့တယ်။ သူနဲ့လိုက်ရင် လမ်းကြောင်းရှင်းတယ် ဆိုလို့ လုပ်တာ လိုက်လာတယ်” ဟု ၎င်းကဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက်ခွင့် ရရှိပြီး ကွာလာလမ်ပူ လေဆိပ်တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း၊ ရန်ကုန်လေဆိပ်တွင် ပြသရန် ပေးထားသည့် Show Money များကို ပွဲစားက သိမ်းဆည်းနေစဉ် မလေးရှား ရဲတပ်ဖွဲ့က မသင်္ကာ၍ စစ်ဆေးရာတွင် ဗီဇာအတုဖြင့် လာရောက်သူများကို စစ်ဆေးတွေ့ရှိသွားခြင်း ဖြစ်ကြောင်း ဦးနေဝင်းအောင်က ပြောဆိုသည်။

ယခုရောက်ရှိလာသူ ၂၀ ဦးတွင် ၁၂ ဦးမှာ ဗီဇာအမှန်ဖြင့် သွားရောက်ခဲ့သူများ ဖြစ်ပြီး ရှစ်ဦးမှာ ဗီဇာအတုဖြင့် သွားရောက်ခဲ့သူများ ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါရှစ်ဦးသည် ကလေးနှင့် သက်ကြီးရွယ်များ ဖြစ်သဖြင့် ပြစ်ဒဏ်ချ မခံရခဲ့ခြင်း ဖြစ်ကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။

ပွဲစားသုံးဦးကို စက်တင်ဘာလ ၈ ရက်နေ့တွင် ဆီဘန်းတရုံးတွင် စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
Mandalay Media Group
ဗီဇာအတုနှင့် လာရောက်မှုဖြင့် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသူ ရှစ်ဦး အပါအဝင် သက်သေအဖြစ် ထိန်းသိမ်းခံရသူ စုစုပေါင်း မြန်မာနိုင်ငံသား ၂၀ ဦးသည် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း အဆိုပါ မြန်မာများထံမှ သိရှိရသည်။

(e-Visa) စနစ်ဖြင့် ဝင်ရောက်လာမည့် ခရီးသည်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှသာ စတင်ဝင်ရောက်ခွင့်ပြုမည်

မြန်မာ နိုင်ငံတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည့် e-Visa စနစ်နှင့် ဝင်ရောက် လာသော ခရီးသည်များကိုကနဦး အဆင့်အနေဖြင့် ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ် မှသာ စတင် ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏လက်ရှိ ဗီဇာစနစ် အရ မြန်မာနိုင်ငံသို့လာရောက်လို သူများသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်လာသည့်နည်း၊ အပြည် ပြည်ဆိုင်ရာရေဆိပ်မှ ဝင်လာသည့် နည်းနှင့် နယ်စပ်ဒေသ ဝင်/ထွက် ပေါက်များမှ ဝင်လာသည့်နည်းစသည့် နည်းလမ်းသုံးမျိုးဖြင့် ဝင်ရောက်လျက် ရှိနေပြီး ယခုအပြည်ပြည်ဆိုင်ရာ လေဆိပ်မှဝင်ရောက်မည့် ပြည်ပနိုင်ငံသားများအတွင် အွန်လိုင်းမှဗီဇာလျှောက် ထားနိုင်မည့်နည်းစနစ်ကိုအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ် သည်။

IS အဖွဲ့ကို တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များ၏ စစ်ဆင်ရေးများ ဆက်လက်အောင်မြင်နေ

Photo: IS အဖွဲ့ကို တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များ၏ စစ်ဆင်ရေးများ ဆက်လက်အောင်မြင်နေ
Tuesday, Setember 2, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များကို တိုက်စစ်ဆင်နေသည့် အီရတ်စစ်တပ်နှင့် ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများသည် စစ်ဆင်ရေး အောင်မြင်ပြီး ရှေ့တိုး ချီတက်နေကြောင်း သိရှိရသည်။

စက်တင်ဘာ (၁)ရက် ညပိုင်းတွင် အီရတ်တပ်ဖွဲ့များသည် IS တို့ (၂)လကျော်ကြာ ဝန်းရံပိတ်ဆို့ထားသည့် အေမာလီမြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ အစောပိုင်းက အီရတ်တပ်များသည် IS တို့ ချန်ထားသည့် မိုင်းထောင်ချောက်များကို ရှင်းလင်းနေရသဖြင့် မြို့ထဲထိ ချီတက်နိုင်ရန် ခက်ခဲနေခဲ့သည်။

အီရတ်နှင့် ကာဒစ်ရှ် ပူးပေါင်းတပ်ဖွဲ့များသည် နိုင်ငံမြောက်ပိုင်းရှိ အေမာလီထိ ချီတက်နိုင်ခဲ့သလို ဆူလီမန်ဘက်ဂ်ရှိ IS တို့၏ အခြေစိုက်စခန်းနေရာ တစ်ခုကိုပါ သိမ်းဆည်းလိုက်နိုင်ကြောင်း သိရသည်။ IS တို့သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းပိုက်ကာ နိုင်ငံတကာက အသိအမှတ် မပြုသည့် အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ထူထောင်ထားခြင်း ဖြစ်သည်။

ထိုအတောအတွင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က IS တို့သည် ၎င်းတို့နှင့် အယူဝါဒ မတူညီသူများကို ရှင်းလင်းသုတ်သင်မှုများ ဆက်လက် လုပ်ဆောင်နေသည့် အထောက်အထားများ ရရှိထားသည်ဟု ကြေညာခဲ့သည်။ အီရတ်မြောက်ပိုင်းတွင် IS အဖွဲ့များသည် ဆိုးရွားသော သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

“IS အဖွဲ့ဟာ ရက်ရက်စက်စက် ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်။ မြောက်ပိုင်းက ဝေးလံသီခေါင်တဲ့ ဒေသတွေဟာ အခုဆိုရင် သွေးလွှမ်းတဲ့ လူသတ်နယ်မြေတွေ ဖြစ်နေပါပြီ။ IS တွေက အာရပ်မဟုတ်သူတွေ၊ ဆွန်နီမွတ်ဆလင် မဟုတ်သူတွေကို လိုက်ပြီး ဖမ်းဆီး သတ်ဖြတ်နေပါတယ်”ဟု ယင်းအဖွဲ့မှ ဒိုနာတယ်လာ ရိုဗာရာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း IS စစ်သွေးကြွတို့ အားကောင်းလာပြီးနောက် အီရတ်တွင် အကြမ်းဖက် သတ်ဖြတ်မှုများ သိသိသာသာ မြင့်တက်လာသည်။ ISIS မှ အမည်ပြောင်းလာသည့် အဆိုပါ အစွန်းရောက် တပ်ဖွဲ့များသည် လက်ရှိအချိန်တွင် အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသ နယ်မြေ အများအပြားကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပြီး အမေရိကန်၏ လေကြောင်းပစ်ကူ ပေးမှုနှင့်အတူ အီရတ်စစ်တပ်က ၎င်းတို့ကို တွန်းလှန် တိုက်ခိုက်နေရသည်။

_Ref: BBC

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များကို တိုက်စစ်ဆင်နေသည့် အီရတ်စစ်တပ်နှင့် ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများသည် စစ်ဆင်ရေး အောင်မြင်ပြီး ရှေ့တိုး ချီတက်နေကြောင်း သိရှိရသည်။

စက်တင်ဘာ (၁)ရက် ညပိုင်းတွင် အီရတ်တပ်ဖွဲ့များသည် IS တို့ (၂)လကျော်ကြာ ဝန်းရံပိတ်ဆို့ထားသည့် အေမာလီမြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ အစောပိုင်းက အီရတ်တပ်များသည် IS တို့ ချန်ထားသည့် မိုင်းထောင်ချောက်များကို ရှင်းလင်းနေရသဖြင့် မြို့ထဲထိ ချီတက်နိုင်ရန် ခက်ခဲနေခဲ့သည်။

စက္ကူ ကျား တကယ်ဖြစ်သွားပြီလား UNFC

Photo: စက္ကူ ကျား တကယ်ဖြစ်သွားပြီလား UNFC
Tuesday, Setember 2, 2014

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။

သို့ဆိုလျှင် UNFC ရဲ့ မူဝါဒတွေက ဘာတွေလဲ…။ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေတူသော လက်နက်ကိုင် အဖွဲ့အစည်းအချို့ ပါဝင်ဖွဲ့စည်းခဲ့သော UNFC စည်းလုံးမှုပြိုကွဲသွားပြီလားဟူသော မေးခွန်းကလည်း နိုင်ငံရေး အသိုင်းအ၀ိုင်းမှာရော လက်နက်ကိုင်အဖွဲ့များကြားမှာပါ ရေပန်းစားနေပါသည်။ UNFC ရဲ့ မူဝါဒတွေကို မပြောခင် ပထမဦးစွာ UNFC စတင်ဖြစ်ပေါ်လာပုံနဲ့ ရပ်တည်နေသော ရည်ရွယ်ချက်များကို လေ့လာကြည့်ရ ပါမည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာက ဖွဲ့စည်းခဲ့သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကော်မတီ(CEFU) ကို UNFC အဖြစ် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ San Sai မြို့နယ်၊ Kaung Tunt စားသောက်ဆိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) မွန်ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည်တပ်မ တော်(SSPP/SSA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ လားဟူ ဒီမိုကရက် တစ်ယူနီယံ(LDU)၊ ရခိုင်အမျိုး သားကောင်စီ(ANC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး(PSLF)၊ ရခိုင် လွတ်မြောက်ရေး ပါတီ(ALP) နှင့် ‘၀’ အမျိုးသားအစည်းအရုံး (WNO)စသည့် အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။ KIO ဒုဥက္ကဋ္ဌ အင်ဘန်လက UNFC ဥက္ကဋ္ဌ ရာထူးယူခဲ့ပြီး ဒုဥက္ကဋ္ဌများအဖြစ် KNPP မှ ခူးအေဘယ်တွိဒ်နဲ့ KNU မှ စောဒေးဗစ်တာကပေါတို့က အသီးသီးနေရာရယူခဲ့ကြပါသည်။ လက်နက်ကိုင်အဖွဲ့အစည်း(၁၂)ဖွဲ့ထဲတွင် အင်အားကြီးသော KIO နှင့် KNU အဖွဲ့တို့က UNFC ထိပ်ပိုင်းခေါင်းဆောင်နေရာများ ယူခဲ့ပြီး ကျန်အဖွဲ့(၁၀) ဖွဲ့ခေါင်းဆောင်ပိုင်းများကလည်း စောဒကမတက်ခဲ့ကြပေ။ သို့သော် ထိုနှစ်ဖွဲ့ကလွဲရင် SSPP မပါ ကျန်အဖွဲ့ များမှာ အမည်ခံသက်သက် ဖွဲ့ထား သော အဖွဲ့များဖြစ်ပါသည်။ လူအင်အားရာဂဏန်းပင်မပြည့်သော လက်နက်ကိုင် ခေါင်းစဉ်တပ် လက်နက်ကိုင် အဖွဲ့များပါလာလေတော့ အရေအတွက်များသွားတဲ့ သဘောသာ ဖြစ်ပါ သည်။

UNFC ထဲတွင် ပါဝင်သော အဖွဲ့များသည် ရည်မှန်းချက်ချင်းတူ၍ ပူးပေါင်းခဲ့ကြသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၌ အင်အားအတောင့်တင်းဆုံးဟု သတ်မှတ်ခံထားရသော UWSA `၀´၊ NDAA (မိုင်းလား)၊ RCSS/SSA အဖွဲ့တို့ ပါဝင်ခြင်းမရှိခဲ့ပါ။ UNFC ဥက္ကဋ္ဌ အင်ဘန်လအနေဖြင့် UWSA`၀´အဖွဲ့အား နှစ်ကြိမ်တိုင် စည်းရုံးခဲ့သော်လည်း နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားခြင်းကြောင့် UNFC ထဲကို မ၀င်ခဲ့သလို UWSA`၀´နှင့် မိတ်ဖက် NDAA(မိုင်းလား) ကလည်း မ၀င်ခဲ့ပါဘူး။ အလားတူ RCSS/SSA ဥက္ကဋ္ဌ ရွတ်ဆစ်ကလည်း UNFC ကို လွယ်တိုင်းလျှံမှာ အစည်းအဝေးလာလုပ်ရန် ဖိတ်ကြားခဲ့စဉ်က လက်မခံခဲ့သည့် အတွက် သူ့အား UNFC ထဲဝင်ရန် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် UNFC သည် တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ထင်ရှားသွားပြီ ဖြစ်ပါသည်။

စတင်ဖွဲ့စည်းချိန်ကတည်းက အင်အားကြီးလက်နက်ကိုင်အဖွဲ့များ မပါဝင်သော UNFC အဖွဲ့ထဲကနေ ယခုအခါ KNU အဖွဲ့သည်လည်း ယာယီနှုတ်ထွက်သွားပြီဖြစ်သည်။ KNU အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပြည်ထောင်စု အဆင့် အပစ်ရပ်သဘောတူလက်မှတ်ထိုးထားပြီးဖြစ်၍ UNFC ၏ ဖွဲ့စည်းပုံဥပဒေများကို လက်မခံခြင်းဖြစ်ပါ လိမ့်မည်။ UNFC အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသများအလိုက် စစ်တိုင်းများဖွဲ့စည်းပြီး စစ်ဦးစီးချုပ်တာဝန်ကို အလှည့်ကျ ထမ်းဆောင်ရမည်ဟူသော မူဝါဒအပေါ် KNU က လက်မခံခြင်းဖြစ်ကြောင်း သိရပါသည်။

သို့ဖြစ်၍ UNFC တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်၍ အများပြည်သူက လက်ခံနိုင်သော အရည်အချင်းရှိ၊ မရှိ ဆန်းစစ်ရန် လိုအပ်ပါသည်။ အမှန်တကယ်တွင် UNFC ဆိုတာ EU နှင့် ဂျပန်နိုင်ငံမှ အဖွဲ့အစည်းအချို့၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေသော အဖွဲ့ဖြစ်ပါသည်။ UNFC ခေါင်းဆောင်များ နိုင်ငံခြားသွားပြီဆိုလျှင် ထိုအဖွဲ့အစည်းများက ထောက်ပံ့ငွေဖြင့် သွားနေခြင်းဖြစ် သည်။ တကယ်တမ်းကတော့ UNFC ခေါင်းဆောင်ပိုင်းသည် နိုင်ငံရေးလုပ်စားနေကြသူများသာ ဖြစ်ပါသည်။ ထိုသို့ တိုင်းတစ်ပါးထောက်ပံ့မှုဖြင့် ရပ်တည်နေသော UNFC အနေနဲ့ KNU အဖွဲ့ကပင် လက်မခံနိုင်သော အလှည့်ကျ စစ်ဦးစီးချုပ် ခန့်အပ်ခြင်းဆိုတဲ့ မဖြစ်နိုင်တာများကို တောင်းဆိုရန် အကွက်ကျကျ စီစဉ်နေမှုမှာ အံ့အားသင့်ဖွယ် ကောင်းနေပါသည်။

UNFC အဖွဲ့ထဲတွင် အင်အားကြီးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော KNU အဖွဲ့သာ အကယ်၍ နှုတ်ထွက် သွားပြီဆိုပါက အင်အားချည့်နဲ့သော အဖွဲ့အစည်းဖြစ်လာပါတော့မည်။ တိုင်းပြည်အတွက်၊ တိုင်းရင်းသား လူမျိုးများအတွက် ယနေ့အချိန်အထိ ကောင်းကျိုးတစ်ခုမှ လုပ်မပြနိုင်သေးသော UNFC အဖွဲ့သည် ၀ါးအစည်းပြေသလို အကွဲကွဲ အပြဲပြဲဖြစ်တော့မလား စောင့်ကြည့်ချင်စရာ ကောင်းနေပါသည်။ အချုပ်ပြောရရင် အမည်ခံ လက်နက်ကိုင်အဖွဲ့ အစည်းတွေ တစ်နည်းအားဖြင့် လူမရှိတဲ့ လက်နက်ကိုင်အဖွဲ့ငယ်လေးတွေကို အားပြုဖွဲ့စည်းထားသော UNFC ဆိုတာ အနာဂတ်ကာလမှာ ဘာတွေ စွမ်းဆောင်ပြမလဲဆိုတာ စိတ်ဝင်စား စရာလည်း ဖြစ်ပါသည်။ သို့သော် လောလောလတ်လတ် လုပ်ကိုင်မှုများကို ကြည့်ခြင်းအားဖြင့် အများ အမြင်မှာသာ UNFC ဆိုတာ အင်အားကြီး ချင်ယောင်ဆောင်ထားပေမယ့် တကယ့်လက်တွေ့မှာ ဘာတစ်ခုမှ လုပ်မပြနိုင်တဲ့ စက္ကူကျားတစ်ကောင်အဖြစ်သာ သတ်မှတ်ခံနေရပြီဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

နေ၀န်းသစ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။

၎ မည်ရ ဦးလှဆွေ ရှင်းတမ်း

Photo: ၄ မည်ရ ဦးလှဆွေ ရှင်းတမ်း
Tuesday, Setember 2, 2014

မီဒီယာစာမျက်နှာတွေပေါ်မှာ တောက်တဲ့၊ ဘူးလက်၊ ဂျနီဖာ၊ ငန်ပြာရည် စတဲ့ စကားလုံးတွေနဲ့ တွဲဖက်ပြီး နာမည်အမျိုး မျိုးနဲ့ လူသိရှင်ကြားဖြစ်နေတဲ့ ကြံ့ခိုင်ရေး အမတ် ဦးလှဆွေက အခုလို နာမည်တွေနဲ့ သူ့ကို ကင်ပွန်းတပ်နေတဲ့ အပေါ် ရှင်းတမ်းတခု လုပ်ပါတယ်။ 
U Hla Swe 

on line media နဲ့ printed media မှာ တချို့ ကတဖက်သပ် တမျိုးတည်းသာသုံးစွဲပြီး တချို့ ကမျှ သုံးပါ တယ် ။ တမျိုးတည်း သုံးသူတွေက သိပ် အဆက်အစပ်မရှိ ကြဘူး။ လူငယ် လေးတယောက်ဆိုရင် ကျနော့် ကို printed media က လိုရာဆွဲပြီး တလွှဲ နာမည် ပြောင်တွေ ပေးထားတာကို သေခြာမသိဘဲ fb မှာ ရမ်းတုပ်ပြီး အပုတ်ချနေလေရဲ့။ 

ပထမဆုံး ကျနော့် နံမည် က တောက်တဲ့ လှဆွေတဲ့။  ၇ ပိသာလေးတဲ့ တောက်တဲ့ကြီးတကောင် ကျပ် သိန်း ၇၀၀၀ နဲ့ ရောင်းရတယ်ဆိုပြီး လိမ်တော့ ဒီလိုကိစ္စ ကြောင့် ရွာတွေမှာ အခေါင်းပါတဲ့ သစ်တောင် မကျန်တော့ဘူးလို့ဓါတ်ပုံ အထောက်အထားတွေနဲ့တင်ပြ ခဲ့ပါတယ်။ တောက်တဲ့ ဆိုတာ ၅၀ သားခန့် ထက် ပိုမကြီးနိုင်ဘူး၊ ငါးသလဲထိုး ဟာ ဝေလငါးမဖြစ်နိုင်ဘူး။ ဒါကြောင့် မီဒီယာတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို မေးခွန်းထုတ်ခဲ့ ပါတယ် ။  ဒီမေးခွန်းကြောင့် ရွာတွေမှာ တောက်တဲ့ ရှာတာတွေ ရပ်တန့် သွားပြီး လူလိမ်တွေ လဲပြန်ပြေးကြ ရပါတော့တယ်။ ဒီကိစ္စ ပြည်သူ့အကျိုးပြုမေးခွန်းဖြစ်ပေမယ့် ကြံ့ခိုင်ရေး အမတ် ဆိုပြီး ဝိုင်းပြီးအ မဲ ဖျက်တော့တာပါဘဲ ။ 

နောက်တခုက ဘူ့လက် ပါ ။ kia ကိုသမ္မတ ကြီးက ရွှေလက်နဲ့ ခေါ်တုံး လာပါ ဘူ့လက် လွှတ်ရတာ မကောင်းပါဘူး ငြိမ်းချမ်း ရေးကို အလိုခြင်ဆုံးက စစ်သားတွေပါ လို့ ပြောခဲ့သော်လည်း မက်စင်ဂျာ ဂျာနယ်တခုသာ အမှန်အတိုင်းဖေါ်ပြခဲ့ပြီး ကျန် မီဒီယာများကတော့ ဝိုင်းဝန်း ရှုံ့ချ ကြပြီး စစ်သွေးကြွ တဦးလို မျက်မှန်စိမ်းတပ် ပုံဖေါ်ကြတော့တာပါဘဲ ။ 

နောက်တခုက ဂျေလို ဖင်တခြမ်း ကိစ္စ ပါ ။ ဖုန်းမြင့်အောင်က ရာဇာမင်း ကားမှောက်တာနဲ့ ပါတ်သက်ပြီး ကားမှောက်သေသူတွေ ဟာ သိန်း ၆၀ ရပြီး စစ်တိုက်သေသူတွေကျတော့ ၈ သိန်းဘဲရတယ် မတရားဘူး လို့ဆိုတယ် ဒီကိစ္စ မီဒီယာကမေးတော့ ဒီလိုမေးတာ ဘုန်းမြင့်အောင် အနေနဲ့ စစ်တပ် သဘောသဘာဝ ရယ် အာမခံ မထားဘူးတာရယ်ကြေင့် ဖြစ်မှာပါလို့။ 

အာမခံထားတယ်ဆိုတာ လစဉ် အရစ်ကျဖြတ်နေတာပါ ။ များများထားရင် များများဖြတ်ပါတယ်။ သိန်း ၆၀ အာမခံ ထားတယ်ဆိုရင် ရဲဘော်က လစာကို သုံးရတော့မှာမဟုတ်ဘူးလို့ သေမှတန် တဲ့ ဒီအာမခံ ကို အနည်းဆုံး နှုန်း ကိုဘဲ ထားကြတယ်လို့၊ ကျနော်ဆိုရင် ၁၅ နှစ် ၃၀၀၀ ကျပ် ထားတယ်လို့ သူဌေး သူကြွယ်တွေ တော့ အများကြီးထားနိုင်တာပေါ့လို့ ဂျေလို ဆိုရင် သူ့တင်ပါးကိုတောင်ဒေါ်လာ သန်းချီ အာမခံ ထားတယ်လို့ကြား ဘူးတယ်လို့၊ ရဲဘော် ရတာက တခြမ်းစာတောင် မရှိဘူး လို့ အဲလောက်ကြီး ထားရင်လဲ ရဲဘော်မိန်းမတွေ အာမခံဖြတ်ငွေနဲ့ ဘာမှကျန်မှာ မဟုတ်ဘူးလို့ ဦးပိုင် တို့ ဘာတို့ က စိုက်သွင်း ပေးရင်မဆိုးဘူးလို့ ပြောတာကို နာဘူးထပြီး ဂျေလိုဖင်နဲ့ နှိုင်းတယ် ဆိုပြီးဝိုင်း အမဲဖျက် 
ကြတော့တာပါဘဲ ။ 

နောက်တခုက ငန်ပြာရည် ပါ။  ယူနတီသတင်းထောက်တွေ ထောင် ၁၀ နှစ်ချတာ များတယ်လို့ သူတို့ ရည်ရွယ်ချက်က ဂျာနယ်ရောင်းကောင်းအောင် လုပ်တာ လောက်ဘဲဖြစ်ပြီး စနိုဒန်း လို ပြည်ပကို ဖွင့်ချ တာနဲ့ မတူဘူးလို့။ ဒါပေမယ့် မျိုးချစ်စိတ် ရှိတဲ့ သသတင်းထောက် ဆိုရင် တကယ်ဟုတ်နေရင်တောင် ငံပြာရည်စက်ရုံကြီးပါဗျာ လို့  ပြောသင့်တာပေါ့လို့။  

ယောမင်းကြီးဦးဘိုးလိုင် ပြောသလို ဒင်းတို့  မူ့လောက်သည့် လက်နက်ရှိ က ကြံဝင့်လိမ့်မည်မဟုတ် ။ မရှိလျှင် နှာခေါင်းရှည်လူမျိုးခြားတို့က ကျုပ်တို့ နှမ များကို နမ်းရှုံ့ ကြပေလိမ်မည်လို့ ပြောခဲ့တာကို ဒီကောင်ကြံ့ ခိုင်ရေး စစ်သွေးကြွ ဆိုပြီး ထုံးစံအတိုင်း ဝိုင်းဘေ တော့တာပါဘဲ။ 

အခုလို ပေါလစ်တိုက်ပေးလို့ ပြောင်လက် လာတာကို ကျေးဇူးတင်ပါ့ ဗျာ ။ တမင်ကြိုတင်ကြံရွယ်ချက်တော့ မရှိပါဘူး။ ကြုံသလို တိုင်းကျိုးပြည်ပြု ဘဲ ဖြေကြားဆောင်ရွက်သွားမှာပါ ခင်ဗျား..... 

ဧရာဝတီ

မီဒီယာစာမျက်နှာတွေပေါ်မှာ တောက်တဲ့၊ ဘူးလက်၊ ဂျနီဖာ၊ ငန်ပြာရည် စတဲ့ စကားလုံးတွေနဲ့ တွဲဖက်ပြီး နာမည်အမျိုး မျိုးနဲ့ လူသိရှင်ကြားဖြစ်နေတဲ့ ကြံ့ခိုင်ရေး အမတ် ဦးလှဆွေက အခုလို နာမည်တွေနဲ့ သူ့ကို ကင်ပွန်းတပ်နေတဲ့ အပေါ် ရှင်းတမ်းတခု လုပ်ပါတယ်။

တောင်းပန်စာရမှ သရဖူကိုပြန်အပ်မယ်လို့ မေမြတ်နိုး ပြော

 Photo: တောင်းပန်စာရမှ သရဖူကိုပြန်အပ်မယ်လို့ မေမြတ်နိုး ပြော
Tuesday, Setember 2, 2014

မေမြတ်နိုး အနေနဲ့ ကိုရီးယားအဖွဲ့အစည်းက စပွန်ဆာရှာခိုင်းသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုအပ်ချိန်မှာ အဖော်အဖြစ်နေရမယ်လို့ တောင်းဆိုခဲ့တာကြောင့် ငြင်းဆိုပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တာလို့ ဆိုပါတယ်။ 
ယခင်ပြောဆိုထားတဲ့မိန်းကလေး kpop အဖွဲ့ လည်း မလုပ်တော့သလို အစီအစဉ်ပြောင်းလဲ လိုက်ကြောင်း| ခေါင်းအစခြေအဆုံး လှပအောင် ပလတ်စတစ် ဆာဂျရီလုပ်ပြီး ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များထံ စပွန်ဆာ ရှာခိုင်းကြောင်း| ကိုရီးယားတင်မက kpop လွှမ်းမိုးမှု ရှိတဲ့ ဂျပန်နိုင်ငံ မှာပါ စပွန်ဆာ ရှာခိုင်းတာကြောင့် လက်မခံဘဲပြန်လာတာ လို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောပါတယ်။ 
မေမြတ်နိုးက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ပြိုင်ပွဲမှာတော့ အသက်ဆယ့်ရှစ်နှစ်အနေနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ 
အာရှပစိဖိတ်ဝေါ အဖွဲ့အစည်း က ကြေညာချက်ကို မြန်မာနိုင်ငံရောက်မှ သိရှိခဲ့တာကြောင့် crown ပြန်မပေးဖြစ်ခဲ့ကြောင်း ခိုးလာတာမဟုတ်ကြောင်းရှင်းပြပါတယ်။ 
ကိုရီးယားအဖွဲ့အစည်းအနေနဲ့ သူတို့ အမှားကို သမီးအမှားပါလို့ ပုံချပြီး မြန်မာနိုင်ငံ ကိုရှုံ့ချတဲ့အတွက် တောင်းပန်စာလိုချင်ပါတယ်။ တောင်းပန်စာရမှ crown ကို အဖွဲ့အစည်းကို ပြန်အပ်မယ်။ သမီးဘက်က မမှားလို့ တောင်းပန်စရာမရှိဘူး။ သူတို့မတောင်းပန်ရင် သက်ဆိုင်ရာကနေ ဆက်လုပ်သွားမယ်´ လို့လည်း မေမြတ်နိုးက ဆိုပါတယ်။
Author ရဲလင်းလင်းသန်း
photo ကိုမျိုးခိုင်
Kumudra
 မေမြတ်နိုး အနေနဲ့ ကိုရီးယားအဖွဲ့အစည်းက စပွန်ဆာရှာခိုင်းသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုအပ်ချိန်မှာ အဖော်အဖြစ်နေရမယ်လို့ တောင်းဆိုခဲ့တာကြောင့် ငြင်းဆိုပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တာလို့ ဆိုပါတယ်။
ယခင်ပြောဆိုထားတဲ့မိန်းကလေး kpop အဖွဲ့ လည်း မလုပ်တော့သလို အစီအစဉ်ပြောင်းလဲ လိုက်ကြောင်း| ခေါင်းအစခြေအဆုံး လှပအောင် ပလတ်စတစ် ဆာဂျရီလုပ်ပြီး ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များထံ စပွန်ဆာ ရှာခိုင်းကြောင်း| ကိုရီးယားတင်မက kpop လွှမ်းမိုးမှု ရှိတဲ့ ဂျပန်နိုင်ငံ မှာပါ စပွန်ဆာ ရှာခိုင်းတာကြောင့် လက်မခံဘဲပြန်လာတာ လို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောပါတယ်။

MPT ကျပ် ၁၅၀၀ တန် ဆင်းကတ် ၅ သန်းကျော် ရောင်းချမည်


Photo: MPT ကျပ် ၁၅၀၀ တန် ဆင်းကတ် ၅ သန်းကျော် ရောင်းချမည်
Tuesday, Setember 2, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် ဂျပန်ကုမ္ပဏီ နှစ်ခုတို့ ပူးပေါင်း ထုတ်လုပ်သည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဂျီအက်စ်အမ် ဆင်းကတ်များကို ကတ်ရေ ၅ သန်းကျော် အထိ ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျပန်ကုမ္ပဏီများ ဖြစ်သည့် KDDI နှင့် Sumitomo ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

တန်ဖိုးနည်း ဂျီအက်စ်အမ် ဆင်းကတ် ၇ သိန်းကျော်ကို စက်တင်ဘာလ အတွင်း ဖြန့်ချိမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ ဆင်းကတ် အရေအတွက် ၅ သန်းကျော် အထိ ဖြန့်ဖြူးရောင်းချသွားမည်ဟု သိရသည်။

ထိုသို့ ရောင်းချမှုနှင့် ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက “ရပ်ကွက်တွေမှာ ဆင်း ကတ် တွေ မဲစနစ်နဲ့ ပေးနေတဲ့ အစီအစဉ်ကို ဒီလကစပြီး ဖျက်သိမ်းလိုက်ပြီ၊ ဂျပန် ကုမ္ပဏီတွေနဲ့ ပူးပေါင်းတဲ့ အခု အစီအစဉ် က ဖြန့်ဖြူးရေး ပုံစံအသစ်ပဲ၊ သုံးစွဲသူတွေအတွက် ဖုန်းပြောခ အစီအစဉ်ကိုလည်း Bonus အနေနဲ့ လုပ်ပေးဖို့ ရှိတယ်”ဟု ဧရာဝတီ ကို ပြောသည်။

တန်ဖိုးနည်း ဆင်းကတ်များ ဖြန့်ဖြူး ရောင်းချရာတွင် ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီ ၁၅ ခုနှင့် တဆင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဖြန့်ချိ ရောင်းချသူများထံသို့ ပြန်လည် ဖြန့်ချိရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ထိုတန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်သည့် Elite Tech, Asia Mega link, Fortune, ABC, တာမိုးနဲ၊ မြန်မာပိတောက်၊ အမရာ နှင့် ချမ်းသာ စသည့် ကုမ္ပဏီ ၁၅ ခုက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြန့်ချိ ရောင်းချပေးမည်ဟု ဆိုသည်။

ဆင်းကတ်ရောင်းချမှု ပုံစံနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ Elite Tech ဖုန်းအရောင်းဆိုင် ဝန်ထမ်းတဦးက “မှတ်ပုံတင် မူရင်းနဲ့ မိတ္ထူတစောင် ယူလာရင် ဖုန်းကတ်တွေ ဝယ်လို့ ရပါတယ်၊ တကတ်ကို ၁၅၀၀ ကျပ်နဲ့ ရောင်းပေးမှာပါ၊ လူတဦးကို တကတ်နှုန်း ပဲ ရောင်းပါတယ်”ဟု ပြောသည်။

အဆိုပါ တန်ဖိုးနည်း ဂျီအက်စ်အမ် ဆင်းကတ်များကို ဝယ်ယူလိုသူ များပြားသည့် အတွက် လတ်တလော ဖြန့်ချိပေးနေသည့် Elite Tech ကုမ္ပဏီနှင့် Asia Mega Link ကုမ္ပဏီတို့၏ အရောင်းဆိုင်များ၌ ဝယ်ယူသူများကို တန်းစီစနစ်ဖြင့် ရောင်းချပေး နေ သည်ကို တွေ့မြင်ရသည်။

“တကတ်ကို ၁၅၀၀ ကျပ်ပဲ ဆိုတော့ လူများလည်း လာတိုးနေရတာပေါ့။ အပြင်မှာဝယ်ရင် MPT ဆင်းကတ်တွေက ၁၅၀၀၀၊ ၂၀၀၀၀ လောက် အနည်းဆုံး ပေးနေရတယ်”ဟု ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Elite Tech အရောင်းဆိုင်တွင် ဖုန်းကတ် တန်းစီ စောင့်ဆိုင်း ဝယ်ယူနေသူ တဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စတင်ပြီး Ooredoo ဆင်းကတ်များ ထွက်လာပြီး နောက်ပိုင်း ဖုန်းများ ခေါ်ဆိုရာတွင် လိုင်းကျပ်ခြင်း၊ ဖုန်းခေါ် မရခြင်း၊ မက်ဆေ့ခ်ျပို့၍ မရခြင်း စသည့် နည်းပညာဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နေသည်ဟု ဖုန်းသုံးစွဲသူ အများအပြားက ဝေဖန် ပြောဆိုလျက် ရှိသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက“အရင်ထက် ပိုပြီးတော့ နည်းပညာပိုင်းတွေမှာ ကောင်းလာ တယ်၊ စောင့်ကြည့်နေတဲ့ အခြေအနေတွေ အရ ဖုန်းခေါ်ဆိုမှု ၁၀၀ ကြိမ်နှုန်းမှာ ၁ ကြိမ်နှုန်းပဲ ဖုန်းခေါ် မရတဲ့ လိုင်းကျပ် ပြဿနာ ရှိတော့တယ်၊ ရာနှုန်းပြည့် ကောင်းတယ်လို့တော့ ပြောလို့ မရသေးဘူး”ဟု ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဂျပန်နိုင်ငံမှ KDDI နှင့် Sumitomo ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် ရင်းနှီးမြှုပ်နှံ၍ ဆက်သွယ်ရေး ကွန်ရက်ကို တိုးချဲ့ခြင်း၊ နည်းပညာသစ်များဖြင့် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးခြင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် ပေးထားသည့် နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာ များနှင့် ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်ခြင်း၊ အဆင့်မြှင့်တင်ရေး၊ ဈေးကွက် မြှင့်တင်ရေး၊ အရောင်း မြှင့်တင်ရေးများကို ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်း လုပ်ဆောင်မည်ဟု ပြောဆို ထားသည်။
irrawaddy

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် ဂျပန်ကုမ္ပဏီ နှစ်ခုတို့ ပူးပေါင်း ထုတ်လုပ်သည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဂျီအက်စ်အမ် ဆင်းကတ်များကို ကတ်ရေ ၅ သန်းကျော် အထိ ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျပန်ကုမ္ပဏီများ ဖြစ်သည့် KDDI နှင့် Sumitomo ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ် မြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

Photo: ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ် မြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး
Wednesday, Setember 3, 2014

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မယ်နင်ကျေးရွာနှင့် မိုင်းတုံမြို့နယ် (၁၆) မိုင်ကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား
တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က သြဂုတ် ၃ဝ ရက်နှင့် ၃၁ ရက်များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံ ပြည်သူများ အတွက် စားသောက်ဖွယ်ရာများ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ စာအုပ်စာစောင်များ၊ ယင်လုံအိမ်သာသုံး ပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မယ်နင်ကျေးရွာနှင့် မိုင်းတုံမြို့နယ် (၁၆) မိုင်ကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား
တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က သြဂုတ် ၃ဝ ရက်နှင့် ၃၁ ရက်များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံ ပြည်သူများ အတွက် စားသောက်ဖွယ်ရာများ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ စာအုပ်စာစောင်များ၊ ယင်လုံအိမ်သာသုံး ပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

 မြ၀တီ

အမေရိကန် မြှုပ်နှံမည့် ဓာတ်အားပေးစက်ရုံ တစ်ယူနစ် ၃၅ ကျပ်ထက် လျှော့ကောက်မည်ဟု ဆို

အမေရိကန်ကုမ္ပဏီနှစ်ခုက ရင်းနှီးမြှုပ်နှံမည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြန့်ဖြူးခကို တစ်ယူနစ် ကျပ် ၃၅ ထက် လျော့ကျသည့် နှုန်းဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်ဟု မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။အဆိုပါ ဓာတ်အားပေးစက်ရုံများမှာ မန္တလေးတိုင်းအတွင်း နဘူးအိုင်မြို့နယ်နှင့် ၀မ်းတွင်းမြို့နယ်တို့သို့ ဓာတ်အားဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး တစ်မြို့နယ်လျှင် မဂ္ဂါဝပ် ၁၅၀ စီ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
“မန္တလေးတိုင်းထဲက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့ လိုနေတဲ့နေရာတွေ အများကြီးရှိသေးတယ်။ နွေရာသီမှာဆို ရေအားလျှပ်စစ်တစ်ခုတည်းနဲ့ ဘယ်လိုမှ မလုံလောက်ဘူးလေ။ ဒါ့ကြောင့်လာမယ့် နွေရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် အခုလို နေစွမ်းအင်နဲ့ ဓာတ်အားပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။ဝမ်းတွင်းမြို့မှ ဆင်နှစ်ကောင်အထည်စက်ရုံပိုင်ရှင် မမေသူက “၀မ်းတွင်းမှာတော့ အိမ်သုံးတစ်ယူနစ်ကို ၅၀၊ လုပ်ငန်းကြီးရင် ၇၅ ကျပ်ပေးရတယ်။ မီးကတော့ သိပ်မမှန်ဘူး။ လာလိုက် ပျက်လိုက်ပဲ။ ၀မ်းတွင်း စက်မှုဇုန်တွေမှာဆို မီးမရတာတွေတောင် ရှိတယ်။ မီးမရသေးတဲ့ ရွာတွေလည်း အများကြီးရှိသေးတယ်။ ဒါနဲ့ပတ်သက်ပြီး လျှပ်စစ်ရုံးကို ပြောထားတာတောင် ရှိသေးတယ်။ ဒါပေမဲ့ ခုထိတော့ ဘာမှမထူးလာဘူး”ဟု ပြောသည်။

ကုမ္ပဏီထောင်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးရောင်းနေသည့် လုပ်ငန်းရှင်ကို ဖမ်းမိ

ကုမ္ပဏီထောင်ထားပြီး မူးယစ်ဆေးအရောင်းအ၀ယ်ပြု လုပ်နေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အလိုရှိနေသည့် စီးပွား ရေးလုပ်ငန်းရှင်ကို မြောက်ဦးမြို့ နယ်တွင် ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်မှ ညွှန်ကြား ချက်ဖြင့် စစ်တွေခရိုင်နှင့် မြောက် ဦးခရိုင်ရဲအရာရှိများက စက်တင် ဘာ ၁ ရက်ညနေတွင် ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာ ရှိကြီးတစ်ဦးကပြောသည်။
‘‘ဒီလူဖမ်းမိဖို့က အရေးကြီး တယ်။ လွယ်လွယ်နဲ့ ရတာတော့ မဟုတ်ဘူး။နည်းစနစ်တွေ အ များကြီးသုံးရတာ။ သူ့ပိုင်ဆိုင်မှု တွေကို အသေးစိတ်လိုက်စစ်နေ ပါပြီ’’ဟု ၎င်းကပြောသည်။
ဖမ်းဆီးမိသည့် စီးပွားရေး လုပ်ငန်းရှင်မှာ Natural Force ကုမ္ပဏီအမည်ဖြင့် ပြည်တွင်း ပြည်ပကုန်စည်ပို့ဆောင်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ် ငန်း၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် အုတ်သဲကျောက်လုပ်ငန်းတို့လုပ်ကိုင်နေသူဖြစ်သည်။ ၎င်း ပိုင်ဆိုင်သည့် စိတ်ကြွဆေးပြားသုံးသိန်းကျော်နှင့် သေနတ်နှစ်လက်၊ ဇနီးဖြစ်သူနှင့် ၀န်ထမ်းနှစ်ဦးကိုရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီးနောက် တိမ်းရှောင်နေသူဖြစ်သည်။

ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ဆောင်ရွက်ခြင်းသည် နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ကြောင်း လ.၀.က ၀န်ကြီးပြော

                   ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍  စစ်ဆေး ဆောင်ရွက်နေခြင်းသည် နိုင်ငံတကာမှ ဖိအားများကြောင့် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က The Messenger Media သို့ ပြောသည်။ ကျွန်တော်တို့ ဘယ်နိုင်ငံ ဖိအားမှ မပါဘူး။ နိုင်ငံခြားက ဖိအားပေးလည်း ကျွန်တော်တို့လုပ်မှာ မဟုတ်ဘူး၊ ဒါကျွန်တော်တို့ လုပ်ရမယ့် တာဝန်၊ ရခိုင်ဒေသ မှာ ဘင်္ဂါလီတွေကို ၁၉၈၂ ဥပဒေနဲ့ တိုင်းတာတဲ့ လုပ်ငန်း ကျွန်တော်တို့ လုပ်ရမယ်။  ဘင်္ဂါလီမှ မဟုတ်ဘူး၊ ကျန်တဲ့ နိုင်ငံခြားသားတွေ ရှိတာပေါ့။  သွေးနှောတွေ ကိုလည်း (၈၂) ဥပဒေနဲ့ အမြဲတမ်း တိုင်းတာရတယ်။ဘင်္ဂါလီတွေက အတိုင်းအတာ မခံလို့ ကြာနေရတာဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောသည်။ ယခုလုပ်ဆောင်နေသော ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့်သည် ဥပဒေနှင့် လုပ်သင့်သော  လုပ်ငန်းကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ပြည်တွင်း၏ တောင်းဆိုချက် ကိုသာ အလေးထား ဆောင်ရွက်ခြင်းဖြစ်ကာ မည်သည့် နိုင်ငံကမှ ဖိအားပေး၍ မဟုတ်ကြောင်း ဦးခင်ရီက ဆိုသည်။

ချင်းတောင်နှင့် ချင်းတောင်ခြေဒေသများ နှစ်စဉ်မိုးရာသီရောက်တိုင်း သွားလာရေးခက်ခဲနေဆဲဖြစ်

Photo: ချင်းတောင်နှင့် ချင်းတောင်ခြေဒေသများ နှစ်စဉ်မိုးရာသီရောက်တိုင်း သွားလာရေးခက်ခဲနေဆဲဖြစ် 
Tuesday, Setember 2, 2014

ချင်းတောင်၊ ချင်းတောင်ခြေဒေသနှင့် ကဘော်ချိုင့်ဝှမ်းဒေသတို့မှာ နှစ်စဉ်မိုးရာသီကာလအတွင်း၌ လမ်းပန်းဆက်သွယ်ရေးခက်ခဲလျှက် ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

"မိုးရာသီဆိုရင် ဒီဘက်နယ်ကလမ်းတွေမကောင်းတော့ဘူး။ နှစ်စဉ်နှစ်တိုင်း မိုးရာသီဆိုရင် သွားလာရေးကခက်ခဲနေဆဲပဲ။ လမ်းတွေပြင်တယ်ဆိုပေမယ့် ကောင်းမလာသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သော သြဂုတ် ၂၉ ရက်ညပိုင်းက ဂန့်ဂေါ- ပုလဲ-မုံရွာလမ်း ပုံတောင်ပေါ်ရှိ သရက်ပင်ကွေ့တွင် မိုးရွာသွန်းမှုကြောင့် ကားများပိတ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ ယခုနှစ်မိုးရာသီတွင်လည်း ပုံတောင်၊ ပုံညာတောင်ပေါ်များတွင် ကားလမ်းများ မကြာခဏပိတ်ဆို့မှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"ပုံတောင်ပုံညာတောင်ပေါ်မှာက မိုးရွာလိုက်တော့ လမ်းသားချဲ့တဲ့မြေတွေလမ်းပေါ်ရောက်ပြီး ရွှံ့တွေလိုဖြစ်နေတယ်။ အတက်ကားမောင်းရတာ အန္တရာယ်များလွန်းပါတယ်။ မိုးရာသီတစ်ရာသီလုံး မကြာခဏလမ်းပိတ်ဆို့ပါတယ်" ဟု သြဂုတ် ၂၉ ရက်က အဆိုပါလမ်းကိုဖြတ်သန်းသူ ကိုထွန်းကဆိုသည်။

သြဂုတ် ၃၀ ရက်တွင် ချင်းတောင်ခြေဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇင်းကလင်းကျေးရွာနှင့် ဂျီတီစီကျောင်းကြားရှိ တံတားကွင်းလမ်းတွင် ရေမြုပ်ခဲ့ပြီး သွားလာမှုများ ခေတ္တပြတ်တောက်ခဲ့ရသည်။

"အဲဒီချောင်းလေးမှာ တံတားဆောက်နေတော့ ကွင်းလမ်းကတံတားလေးနဲ့သွားရတာ။ ဒါပေမဲ့ အဲဒီတံတားကလည်း တစ်ဖက်ကရေတိုက်စားနေပြီး တံတားပေါ်လည်း ရေတွေကျော်နေတော့ ကားတွေသွားမရဘူး။ ဆိုင်ကယ်တစ်စီး ကျပ် ၁၅၀၀ ပေးပြီး အထမ်းနဲ့ဖြတ်ရတယ်" ဟု ခရီးသွားတစ်ဦးကဆိုသည်။

ကလေးမြို့တွင် သြဂုတ် ၃၀ ရက်က ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၃ ဒသမ ၆၆ လက်မရှိသည်ဟု မိုးဇလဌာနမှ သိရသည်။

ချင်းတောင်နှင့် ချင်းပြည်နယ်တို့၏ မြေပြန့်ဒေသနှင့်ဆက်သွယ်ရေးမှာ မိုးရာသီကာလတွင် ကလေး-ဂန့်ဂေါ-ပုလဲ- မုံရွာလမ်းနှင့် ကလေးဝမှတစ်ဆင့် ရေလမ်းခရီးတို့ကိုသာ ဒေသခံများအသုံးပြုမှုများပြားသည်ဟု သိရသည်။
eleven
 မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးမြို့နယ် ဇင်းကလင်းကျေးရွာအနီးတွင် ချောင်းရေကြီးမှုဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

ချင်းတောင်၊ ချင်းတောင်ခြေဒေသနှင့် ကဘော်ချိုင့်ဝှမ်းဒေသတို့မှာ နှစ်စဉ်မိုးရာသီကာလအတွင်း၌ လမ်းပန်းဆက်သွယ်ရေးခက်ခဲလျှက် ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
"မိုးရာသီဆိုရင် ဒီဘက်နယ်ကလမ်းတွေမကောင်းတော့ဘူး။ နှစ်စဉ်နှစ်တိုင်း မိုးရာသီဆိုရင် သွားလာရေးကခက်ခဲနေဆဲပဲ။ လမ်းတွေပြင်တယ်ဆိုပေမယ့် ကောင်းမလာသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သော သြဂုတ် ၂၉ ရက်ညပိုင်းက ဂန့်ဂေါ- ပုလဲ-မုံရွာလမ်း ပုံတောင်ပေါ်ရှိ သရက်ပင်ကွေ့တွင် မိုးရွာသွန်းမှုကြောင့် ကားများပိတ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ ယခုနှစ်မိုးရာသီတွင်လည်း ပုံတောင်၊ ပုံညာတောင်ပေါ်များတွင် ကားလမ်းများ မကြာခဏပိတ်ဆို့မှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မေမြတ်နိုး၏အလှမယ်သရဖူကို ရုပ်သိမ်းခဲ့သော အာရှပစိဖိတ်အလှမယ် ပြိုင်ပွဲအဖွဲ့သည် အငြင်းပွားမှုအမြောက်အမြား ဆောင်ရွက်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း wikipedia တွင်ဖော်ပြထားသဖြင့် ပြိုင်ပွဲစီစဉ်သူများ၏ရိုးသားမှုအတွက် မေးခွန်းထုတ်စရာဖြစ်လာ

သရဖူရုပ်သိမ်းခံရသော မြန်မာအလှမယ်မေမြတ်နိုးသည် အသက်ကိုလိမ်လည်ထားခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ငယ်ရွယ်လွန်းနေကြောင်း Miss Asia Pacific World ကိုတည်ထောင်သူ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်ကပြောကြားခဲ့သည်။ မေမြတ်နိုးသည် အဖွဲ့ကအကုန်အကျခံသော ဒေါ်လာ ၁၀,၀၀၀ ကုန်ကျသော ရင်သားခွဲစိတ်ပြုပြင်မှုကိုခံယူခဲ့ပြီး ဒေါ်လာ ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အလှမယ်သရဖူကို ခိုးယူထွက်ပြေးတိမ်းရှောင်နေကြောင်း ပြိုင်ပွဲကိုကြီးမှူးကျင်းပသူများက ပြောကြားထားပြီးဖြစ်သည်။
မေမြတ်နိုးကို သရဖူရုပ်သိမ်းခံရမှုတွင် ပြိုင်ပွဲကျင်းပသည့်အဖွဲ့မှ ထုတ်ပြန်ချက်များသည် တစ်ဖက်သတ်ဖြစ်နေပြီး ကာယကံဖြစ်သူက ယခုအချိန်အထိ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဆရာကို ကျောင်းသားက ဝေဖန်သည့်စနစ် စတင်ကျင့်သုံးနေပြီဟုဆို

Photo: ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဆရာကို ကျောင်းသားက
ဝေဖန်သည့်စနစ် စတင်ကျင့်သုံးနေပြီဟုဆို
Tuesday, Setember 2, 2014

ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ယခုပညာ သင်နှစ်ကစပြီး ဆရာကို ကျောင်း သားက ဝေဖန်သည့်စနစ်ကို စတင် ကျင့်သုံးနေပြီဖြစ်သည်။
အဆိုပါစနစ်သည် ဘွဲ့လွန်၊ ဘွဲ့ ကြိုကျောင်းသားတွေက ဆရာ၊ ဆရာ မတွေကို သင်ကြားမှုနှင့်ပတ်သက်ပြီး ဝေဖန်အကြံပြုသည့်စနစ်၊ တစ်နည်း အားဖြင့် သင်ကြားသူဆရာနှင့်သင် ယူသူကျောင်းသားတို့အကြား နား လည်မှုလွဲ၊ သဘောထားကွဲလွဲသည့် သင်ကြားရေးပုံစံ တို့ကိုပြုပြင်ရန် ကျောင်းသားလိုချင်သည့် သင်ကြားမှု ပုံစံ၊ ကျောင်းသားနှင့် အံဝင်ခွင်ကျ သည့် သင်ကြားရေးပုံစံရအောင် ကျောင်းသားများက ဝေဖန်အကြံပြု ရသည့်စနစ်ဖြစ်သည်။
ယင်းစနစ်သည် ကျောင်းသား ၏ ပညာသင်ကြားရေးကို ပိုမိုအ ထောက်အကူပြုစေမည်ဟုလည်း သိရသည်။ ရန်ကုန်နည်းပညာ တက္ကသိုလ်အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏အသိအမှတ်ပြုခံ ရရေးနှင့် နောက်ဆုံးအဆင့်အမေရိ ကန်နိုင်ငံ၊ ဝါရှင်တန်သဘောတူညီ ချက် (ဝါရှင်တန် ဗခခသမိ) တွင် ပါ ဝင်လက်မှတ်ရေးထိုးနိုင်ရန် ယခု ကဲ့သို့စနစ်မျိုး ကျင့်သုံးရခြင်းဖြစ် ကြောင်း သိရသည်။
''နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရဖို့ လုပ်ဆောင်ရတဲ့အထဲ မှာ Quality Management System - QM မှာပါတဲ့အချက်တစ်ချက် အနေနဲ့ ကျောင်းသားရဲ့အရည်အချင်း တိုးတက်အောင်၊ လုပ်ရတဲ့စနစ်ပေါ့။ ဆရာကတော့ ကျောင်းသားနားလည် အောင် နည်းမျိုးစုံနဲ့သင်မှာပဲ။ ဒါပေမဲ့ ကျောင်းသားအနေနဲ့ကျတော့ ဘယ် လိုသင်တာကတော့ အဆင်မပြေဘူး။ ဘယ်လိုဆိုရင်တော့ အဆင်ပြေတယ် ဆိုတာမျိုးသိရအောင် ဒီစနစ်ကို လုပ်ရတာပါ''ဟု ရန်ကုန်နည်းပညာ တက္ကသိုလ်မှပါမောက္ခဌာနမှူးဒေါက် တာဥာဏ်မြင့်ကျော်က ပြောသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် အနေဖြင့် ထိုဝါရှင်တန် သဘောတူ ညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးနိုင် ပြီဆိုပါက မြန်မာနိုင်ငံ၏ အင်ဂျင် နီယာပညာရေးသည် နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရမည်ဖြစ်ပြီး ဒီတက္ကသိုလ်က မွေးထုတ်ပေးလိုက် သည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း နိုင်ငံတကာအင်ဂျင် နီယာလောကတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ပိုမိုလွယ်ကူ လာမည်ဟု သိရသည်။
ယင်း QM လက်မှတ်ရဖို့ အချိန် သိပ်မစောင့်ရဘဲ ယခုနှစ်မကုန်ခင် ရရှိနိုင်မည်ဖြစ်ပြီး QM လက်မှတ် သက်တမ်းသည်သုံးနှစ် (သို့မဟုတ်) ငါးနှစ်သက်တမ်းရှိသည့်အတွက် အ ဆိုပါသက်တမ်းအတောအတွင်းတွင် အဖွဲ့အစည်း၏ လာရောက်စစ်ဆေး ခြင်းခံရမည်ဖြစ်ကြောင်းနှင့် နောက် ဆုံးအဆင့်နိုင်ငံတကာအသိအမှတ် ပြုခံရဖို့ဆိုလျှင်တော့ အနည်းဆုံး နှစ်နှစ်ကျော်ခန့် ကြာမြင့်ကြောင်း သိရသည်။
"QM လက်မှတ်ရပြီးသွားရင် ဒီအတိုင်းနေလို့ မရဘူး။ တောက် လျှောက် လေ့ကျင့်မှုတွေ လုပ်နေရ မှာ။ လက်မှတ်ရပြီဆိုပြီး ရပ်နေလို့ မရဘူး။ သူတို့လာစစ်လို့ သတ်မှတ် ချက်တွေနဲ့ ကိုက်ညီမှ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ အချိန်မကြာ မှာ''ဟု ဒေါက်တာဥာဏ်မြင့်ကျော် က ဆက်လက်ပြောသည်။
လက်ရှိဝါရှင်တန် Accord မှာ မလေးရှား၊ စင်ကာပူနှင့် သီရိလင်္ကာ နိုင်ငံတို့ ပါဝင်လက်မှတ်ထိုးထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင် ပါဝင် လက်မှတ်ထိုးနိုင်ရေးအတွက် ကြိုး ပမ်းပြင်ဆင်နေကြသည်မှာခရီးတစ် ဝက်ပင်ရောက်နေပြီဟုသိရသည်။မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများ အားလုံးနီးပါး ထိုဝါရှင်တန် Accord တွင် ပါဝင် လက်မှတ် ထိုးနေကြပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေ ဖြင့်လည်း နောက်ကျကျန်ခဲ့ခြင်းမရှိ အောင် အမီလိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သိရသည်။
တစ်ဖက်တွင်လည်း ယခုကဲ့သို့ စာသင်ကြားပေးသည့်ဆရာကို ကျောင်း သားမှ ပြန်လည်ဝေဖန်သည့်စနစ် သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေး မှုဓလေ့ထုံးစံအရ ဂါရဝတရားနှင့် ကိုက်ညီခြင်းမရှိဟု ဝေဖန်မှုများလည်း ရှိနေသည်။
စင်စစ်အားဖြင့် ယခုကဲ့သို့ သင် ဆရာကိုဝေဖန်သည့် စနစ်ဆိုသည် ထက် ကျောင်းသား၏သင်ယူမှုဖြင့် အံဝင်ခွင်ကျရှိစေရန် လိုအပ်ချက်ရှိ သည့်ဆရာ၊ ဆရာမများကိုအကြံပြု ပြောကြားသည်ဟုဆိုလျှင်ပို၍ မှန်မည် ဟုသိရသည်။ ယင်းစနစ်မျိုးသည် ကျွန်ုပ်တို့ဘိုးဘွားများလက်ထက်မှ ဆရာသမားများကိုယ်တိုင် ကျင့်သုံး လာခဲ့ပြီး တွင်ကျယ်စွာကျင့်သုံးခဲ့ခြင်း မရှိသောကြောင့် မျိုးဆက်ပြတ်ခဲ့ပြီး ယခုမှ စနစ်အသစ် တစ်ခုသဖွယ် ဖြစ် နေသည်ဟုလည်း ဒေါက်တာဥာဏ် မြင့်ကျော်က သုံးသပ်ပြောကြားသည်။
တချို့ကလည်း ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများဖြစ်ပွားလာမည်ကို စိုးရိမ် နေကြပြီး သည်စနစ်အမှန်တကယ် အောင်မြင်မည်လားဆိုသည်ကို စောင့် ကြည့်လေ့လာနေကြသူများလည်းရှိ နေသည်။ တဖန်ကျောင်းသားများ ဘက်မှလည်း တောင်းဆိုမှုများ၊ ဝေ ဖန်အကြံပြုချက်များ အတိုင်းလိုက် လျောပေးမည်လား၊ ကျောင်းသား၏ ပညာသင်ကြားရေးကို အမှန်ထင်သာ မြင်သာရှိအောင် အထောက်အကူ ပြုပံ့ပိုးပေးနိုင်မည်လား စသည်ဖြင့် မေးခွန်းများထုတ်လျက်ရှိကြသည်။
''အဲဒီလိုဆရာကို ဝေဖန်အကြံ ပြုနိုင်တယ်ပဲထားပါတော့။ ကျွန်တော် တို့အကြံပြုတဲ့အတိုင်း သူတို့ကထင် သာမြင်သာရှိအောင် ပြုပြင်ပေးမှာ လား။ နောက်ပြီးသူတို့သာ ကျွန်တော် တို့ကျောင်းသားတွေရဲ့ ပညာရေးကို အမှန်တကယ်တိုးတက်စေချင်တယ် ဆိုရင် ကျောင်းသားတွေရဲ့ပညာရေး၊ ဘဝအာမခံချက်ရှိဖို့သူတို့လုပ်ပေးစေ ချင်တယ်။ အဲဒီလိုမဟုတ်မှမဟုတ် ရင်တော့ ကျွန်တော့်ပုဂ္ဂိုလ်ရေးအမြင် ကတော့အပေါ်ယံပြောင်းလဲမှုမျိုးလို့ ပဲမြင်တယ်''ဟု ကျောက်ဆည်နည်း ပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားခေါင်းဆောင် ကိုအောင်မင်းခန့်က ပြောသည်။
ပြီးခဲ့သည့်လပိုင်းက ကျောက် ဆည် နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သည့် Private Test အပြီး တွင် ကျောင်းသားများထံမှ သင်ကြား ရေးနှင့်ပတ်သက်ပြီး Feeback များ ပြန်လည်တောင်းခံခဲ့ပြီး ကျောင်းသား များဘက်မှ တောင်းဆိုသည်များကို အမှန်တကယ်ပြုပြင်ပေးမည်လား ဟု မေးမြန်းရာတွင် ကျောင်း၏တာဝန် ရှိသူများက အထက်ကို တင်ပြပေး မည်ဟုသာဖြေကြောင်း ကိုအောင် မင်းခန့်က ဆက်လက်ပြောသည်။
လက်ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ကျင့်သုံးနေသည့် အဆိုပါစနစ်သည် ဆရာ၊ ဆရာမ များ၏ သင်ကြားရေးနှင့်ပတ်သက် သည့် မေးခွန်းခုနစ်ခန့်စီကို ကျောင်း သားတစ်ဦးချင်းစီဝေငှပြီး ကောင်း၊ သင့်၊ ညံ့စသည့် ဝေဖန်အကြံပြုမှုမျိုး ကို ကျောင်းသားများမှအမည်၊ ခုံနံ ပါတ်ရေးစရာမလိုဘဲ သက်ဆိုင်ရာ ဌာနမှူးများထံ ပေးပို့ဝေဖန်အကြံပြုရ မည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်သဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးနိုင်ပြီဆိုလျှင် ရန် ကုန်နည်းပညာတက္ကသိုလ်မှ မွေး ထုတ်ပေးလိုက်သည့်ကျောင်းသားများ သည် အင်ဂျင်နီယာဘာသာရပ်နှင့် ပတ်သက်ပြီး နိုင်ငံတကာအင်ဂျင် နီယာတက္ကသိုလ်များတွင် ဆက်လက် တက်ရောက်လိုပါက စာမေးပွဲစစ် ဆေးခံရခြင်းမျိုး မရှိနိုင်တော့ဘဲ တိုက်ရိုက် ဆက်သွယ်တက်ရောက်နိုင် သည့်အခွင့်အရေးများ ရရှိလာမည် ဖြစ်သဖြင့် ယင်းသို့သော ကျောင်း သားများမွေးထုတ်ပေးနိုင်ရေးအတွက် ဤစနစ်ကို ကျင့်သုံးရခြင်းဖြစ်သည် ဟု သိရသည်။

Democracytoday
ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အား တွေ့ရစဉ်။
ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အား တွေ့ရစဉ်။
 ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ယခုပညာ သင်နှစ်ကစပြီး ဆရာကို ကျောင်း သားက ဝေဖန်သည့်စနစ်ကို စတင် ကျင့်သုံးနေပြီဖြစ်သည်။
အဆိုပါစနစ်သည် ဘွဲ့လွန်၊ ဘွဲ့ ကြိုကျောင်းသားတွေက ဆရာ၊ ဆရာ မတွေကို သင်ကြားမှုနှင့်ပတ်သက်ပြီး ဝေဖန်အကြံပြုသည့်စနစ်၊ တစ်နည်း အားဖြင့် သင်ကြားသူဆရာနှင့်သင် ယူသူကျောင်းသားတို့အကြား နား လည်မှုလွဲ၊ သဘောထားကွဲလွဲသည့် သင်ကြားရေးပုံစံ တို့ကိုပြုပြင်ရန် ကျောင်းသားလိုချင်သည့် သင်ကြားမှု ပုံစံ၊ ကျောင်းသားနှင့် အံဝင်ခွင်ကျ သည့် သင်ကြားရေးပုံစံရအောင် ကျောင်းသားများက ဝေဖန်အကြံပြု ရသည့်စနစ်ဖြစ်သည်။

ရန်ကုန် တက္ကသိုလ်၊ ကောလိပ်များ အနီးရှိ တည်းခိုခန်းများ စိစစ်ရန် လွှတ်တော်တွင် ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး အတွင်း တက္ကသိုလ်၊ ကောလိပ်များ အနီးတွင် ဖွင့်လှစ်ထားသော တည်းခိုခန်းများနှင့် ပတ်သက်ပြီး စိစစ်ရန် ရန်ကုန်တိုင်း လွှတ်တော်၌ မေးမြန်း ဆွေးနွေးရာတွင် တရားဝင် ခွင့်ပြုထားသော တည်းခိုခန်း ၁ ခုသာ ရှိသည်ဟု ရန်ကုန် မြို့တော် ဝန် ဦးလှမြင့် က ပြောသည်။
“ရန်ကုန်တိုင်း ဒေသကြီးထဲမှာ ကောလိပ် စုစုပေါင်း ၁၀၀ ကျော် ရှိတဲ့အထဲ ဒဂုံတက္ကသိုလ် အနီးမှာသာ တည်းခိုခန်း တခုရှိပါတယ်။ အဲဒါက ပေ ၈၀၀၀ ခန့် အကွာမှာသာ ဖွင့်လှစ်ခွင့် ပေးထားတာပါ။ ပေးထားတဲ့ တည်းခိုခန်း နာမည်က သပြေ တည်းခို ခန်း တခုသာ ရှိပါတယ်”ဟု မြို့တော်ဝန် ဦးလှမြင့်က သြဂုတ် ၂၉ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တွင် ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်များ၊ ကောလိပ်များ အနီးတွင် တည်းခိုခန်းများကို တွေ့နေရကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များ အနီးရှိ တည်းခိုခန်းများကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စာရိတ္တမဏ္ဍိုင် ပျက်စီးသွားမည်ကို စိုးရိမ်သည့်အတွက် ခွင့်ပြုထားသော လိုင်စင်များကို ပြန်လည် စိစစ်ရန် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်က လွှတ်တော်သို့ တင်ပြခဲ့ရာ၌ မြို့တော်ဝန် ဦးလှမြင့်က အထက်ပါကတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

UNFC နဲ့ KNU အကွဲအပြဲ တိုင်းရင်းသားတွေကို အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲစေမလား

Photo: UNFC နဲ့ KNU အကွဲအပြဲ တိုင်းရင်းသားတွေကို အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲစေမလား
Tuesday, Setember 2, 2014

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ညီလာခံမှာ ကရင် အမျိုးသားအစည်းအရုံး(KNU) က ရုတ်တရက် ထွက်ခွာသွားပြီး စက်တင်ဘာလ ၁ ရက်နေ့မှာတော့ UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှု ရပ်ဆိုင်းကြောင်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်တာမို့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လုပ်ဆောင်နေတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေကြားမှာ အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲ စေမယ့် အခြေအနေတွေ ဦးတည်လာနေပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့ ပထမအကြိမ်ညီလာခံမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ KNU က စာတမ်းတစောင် တင်သွင်းခဲ့ပြီး အဲဒီစာတမ်းကို UNFC အဖွဲ့ဝင် အများစု က သိပ်သဘောမတွေ့တာမို့ KNU က သြဂုတ်လ ၃၁ ရက်နေ့ ညီလာခံကနေ ရုတ်တရက် ထွက်ခွာသွား ခဲ့ပါ တယ်။ အဲဒီနောက် စက်တင်ဘာလ ၁ ရက်နေ့မှာတော့  KNU အနေနဲ့ UNFC အဖွဲ့ရဲ့ အဖွဲ့ဝင် အဖြစ် ပါဝင်နေမှုကနေ အကန့်အသတ်မရှိ ရပ်ဆိုင်းဖို့ KNU ဥက္ကဋ္ဌ စောမူတူးစေဖိုး လက်မှတ်ရေးထိုးထားတဲ့ အသိပေး ကြေညာချက် တစောင်ကို ထုတ်ပြန် လိုက်ပါတယ်။

KNU အနေနဲ့ UNFC ကနေ ထွက်ခွာရတဲ့ အကြောင်းအရင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ အနေအထားနဲ့ ကိုက်ညီတဲ့  UNFC အဖြစ်  မပြုပြင် မပြောင်းလဲနိုင်ခြင်း၊  UNFC ရဲ့ လက်ရှိ ဖွဲ့စည်းပုံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက်နေတဲ့အတွက် လက်မခံနိုင်ကြောင်း၊ KNU ရဲ့ တင်ပြချက်တွေကို UNFC ညီလာခံမှာ အကျေအလည်ဆွေးနွေးခြင်း မရှိတဲ့အတွက် အဖွဲ့ဝင်အဖြစ် ပါဝင်မှုက ရပ်ဆိုင်း ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော UNFC မှာ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ ဖွဲ့စည်းထားပြီး KNU အနေနဲ့ UNFC မှာ အမြဲတမ်းဥက္ကဋ္ဌ၊ အမြဲတမ်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဆိုတာတွေ မထားတော့ဘဲ ဗဟိုချုပ်ကိုင်မှု လျော့ချပြီး လွတ်လပ်စွာ ပြန်လည်ဖွဲ့စည်းဖို့ တင်ပြ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် UNFC အဖွဲ့ဝင်အများစုက KNU ရဲ့ တင်ပြချက်ကို  သဘောမတူညီတဲ့ အတွက် နောက်ဆုံး UNFC အဖွဲ့မှာ KNU ပါဝင်နေမှု ရပ်ဆိုင်းတဲ့အထိ ဖြစ်လာတာပါ။

UNFC လက်ရှိကျင့်သုံးနေတဲ့စနစ်က Top Down ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်နေပြီး UNFC ရဲ့ မူဝါဒတွေက KNUအဖွဲ့ရဲ့ အချုပ်အခြာအာဏာနဲ့ မူဝါဒ တွေကို ထိခိုက်မှုရှိနေတဲ့ အတွက် လက်မခံနိုင်ဘူးလို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ဆိုပါ တယ်။

“UNFC ထဲကိုဝင်လို့ရှိရင် အဖွဲ့ရဲ့ ဆုံးဖြတ်မှုကို အဖွဲ့ဝင်တွေအားလုံးက အကုန်လုံးခံယူရမယ် ဆိုတဲ့ သဘော သက်ရောက် နေတယ်။ ဒါက အဲလိုမဖြစ်သင့်ဘူး။ အခုဖွဲ့စည်းပုံမှာ ကြတော့ Top Down (ဗဟိုချုပ်ကိုင်မှု) ပုံစံဆိုတော့ အဖွဲ့ဝင် ဖြစ်လို့ ရှိရင် သူ့ရဲ့ စီမံခန့်ခွဲမှု၊ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ ဆုံးဖြတ်မှုအကုန်လုံးကို လိုက်နာရမယ့် သဘောဆိုတော့ ကျနော်တို့က ဆုံးဖြတ်မှုကို သူ့လက်ထဲကို ၀ကွက် အပ်လိုက်တဲ့သဘော သက်ရောက်တာပေါ့။  ကျနော်တို့ရဲ့ အာဏာပိုင်မှုကို UNFC ကို လွှဲအပ်လိုက်တဲ့ သဘောမဖြစ်စေချင်ဘူး။ ကျနော်တို့က စုပေါင်းမယ်။ စုပေါင်းတဲ့ နေရာမှာ ဘုံသဘောတူညီချက်အပေါ်မှာ ကျနော်တို့က အကောင်အထည်ဖော်သွားမယ်ဆိုတဲ့ သဘောပါပဲ” လို့ ပဒိုစောကွယ်ထူးဝင်း က ဧရာဝတီကို ပြောပါတယ်။

UNFC မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO  နဲ့ KNU တို့ဟာ အင်အား ကြီးတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး လက်ရှိ UNFC အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကတော့ KIO အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်ပါတယ်။ ဒီအကွဲအပြဲက KIO နဲ့ KNU ကြားမှာ အစိုးရ နဲ့ ဆွေးနွေးနေတဲ့ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးတွေနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှု ရှိနေပြီဆိုတာ ကိုလည်း ပေါ်လွင်စေပါတယ်။

လက်ရှိ အခြေအနေမှာတော့ KNU က UNFC ကိုယ်စားလှယ်တွေ အဖြစ် စေလွှတ်ထားတဲ့သူတွေကို ရုပ်သိမ်းမှာ ဖြစ်ပြီး ညီလာခံ တက်ရောက်နေတဲ့ KNU ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေနဲ့ ရုံး တာဝန်ခံ အားလုံးကိုလည်း ညီလာခံ ပါဝင်မှု ကနေ လုံးဝ ရပ်စဲလိုက်မှာဖြစ်ပါတယ်။  UNFC ကောင်စီဝင်အဖြစ် KNU ကိုယ်စားလှယ်တွေကို စေလွှတ်တော့မှာ မဟုတ် သလို UNFC မှာ ပါဝင်ခြင်း၊ မပါဝင်ခြင်း စတာတွေကိုလည်း KNU အဖွဲ့ရဲ့ အချုပ် အခြာ အာဏာပိုင်ဖြစ်တဲ့ ဗဟိုကော်မတီ မှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

UNFC ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက”အများစု ကတော့ KNU တင်ပြတဲ့ ဖွဲ့စည်းပုံ ပုံစံပေါ်မှာ အတွေ့ အကြုံ လည်း မရှိသေးဘူး။ အဲလို လုပ်လိုက်ရင် လျှော့ရဲရဲဖြစ်သွားမယ်။ နောက် ဒီနေ့  နိုင်ငံရေးအခြေအနေက မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲနေတဲ့ အပေါ်မှာ သူတို့တင် တဲ့ပုံစံက လုပ်ငန်းတွေကို နှေးကွေးနိုင်တာပေါ့လေ။ အဲလိုမြင်ကြတယ်” လို့ ပြောဆို ပါတယ်။

အလားတူ KNU ထဲမှာလည်း UNFC ကိစ္စနဲ့ပတ်သက်လို့ ကွဲလွဲမှုတွေ ရှိနေပြီး KNU ကိုယ်တိုင်ကလည်း ၂ ဖွဲ့ကွဲမယ့် အလား အလာတွေ တွေ့မြင်နေရပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့မှာ KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အတူ ညီလာခံကနေ ထပြန်သွားချိန်မှာ အတူလိုက်ပါသွားခဲ့ရတဲ့ KNU ဒုတိယဥက္ကဋ္ဌ နော်စီ ဖိုးရာစိန် ကလည်း UNFC ညီလာခံကို အကြောင်း ကြားစာ တစောင်ကို လက်မှတ်ထိုးပြီး ပေးပို့ခဲ့ပါတယ်။

“UNFC ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး KNU ကိုယ်စားလှယ်များ အမြင်မတူသည့်ကိစ္စ” ဆိုတဲ့ နော်စီဖိုးရာစိန်ရဲ့ အကြောင်း ကြားစာ ဟာ ဥက္ကဋ္ဌ စောမူတူးဆေးဖိုးရဲ့ အသိပေး စာပို့တဲ့ အချိန်နဲ့ တချိန်တည်းဖြစ်ပေမယ့် မတူကွဲပြားတဲ့ အခြေအနေ တွေပါ ရှိနေပါတယ်။

ပထမအကြိမ် UNFC ညီလာခံကို တင်သွင်းခဲ့တဲ့  KNU ကိုယ်စားလှယ်တွေရဲ့ သဘောထား မတူညီခြင်းနဲ့ ဖက်ဒရယ် ကောင်စီဝင် ကိုယ်စား လှယ် ရွေးချယ်ပေးပို့နိုင်ခြင်း မရှိခဲ့တဲ့အပေါ် KNU အတွင်း ပြန်လည် ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ ညီလာခံ နှောင့်နှေးကြန့်ကြာမှု ဖြစ်သွားရတဲ့ အပေါ် KNU ကိုယ်စား တောင်းပန် တယ်လို့ နော်စီ ဖိုးရာစိန် ရဲ့စာမှာ ရေးသား ထားပါတယ်။ ဒါ့အပြင် ၁၅ ကြိမ်မြောက် KNU ညီလာခံက ချမှတ်ထားတဲ့ မူဝါဒ တွေနဲ့ အညီ တိုင်းရင်း သား စည်းလုံးညီညွှတ်ရေးနဲ့ ခိုင်မာတဲ့ တပ်ပေါင်းစု တည်ဆောက်နိုင်ရေးအတွက် တတတ်တအား ကြိုးပမ်း ပါဝင် ဆောင်ရွက် သွားမယ်ဆိုပြီး နော်စီဖိုးရာစိန်ရဲ့ UNFC ကို ပေးပို့စာထဲမှာ ဖော်ပြထားပါတယ်။

KNU အတွင်းမှာ ဒီလို သဘောကွဲလွဲမှုတွေဖြစ်လာတဲ့အပေါ် အရင်ကတည်းက အတွင်းကျိတ် သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ KNU အတွင်း ၂ ခြမ်း ကွဲနေပြီလား ဆိုပြီး စိုးရိမ်မှုတွေနဲ့ ပြောဆိုဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်။

KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က “ကွဲနိုင်တဲ့ အနေအထားတော့ မရှိပါဘူး။ ညှိနှိုင်းရမှာပေါ့။ KNU မှာလည်း အလုပ်အမှုဆောင်ရှိတယ်။ ဗဟိုကော်မတီရှိတယ်။ ညှိရမှာပေါ့နော်။ ကျနော်တို့ ဖြစ်စေချင်တာက UNFC ကြောင့် KNU မကွဲစေရဘူး။ KNU ဆိုတာက အခြေခံ အဖွဲ့အစည်းဖြစ်တယ်။ တပ်ပေါင်းစု ဆိုတာ လိုအပ်မှပေါင်းတယ်။ မလိုအပ်ရင် မပေါင်းပါဘူး။ တော်လှန်ရေးသမိုင်းမှာ တပ်ပေါင်းစုဆိုတာ အမျိုးမျိုးဖွဲ့လာခဲ့တယ်။ အဓိက က ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်း ဖြစ်တယ်” လို့ဆိုပါတယ်။

KNU အနေနဲ့ အရင်က အတူလက်တွဲလာခဲ့တဲ့ UNFC အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကနေ ရပ်ဆိုင်းလိုက်တဲ့ အပေါ်မှာ လေ့လာ စောင့်ကြည့် သူတွေအကြား ထင်ကြေး အမျိုးမျိုးပေးပြောဆိုမှုတွေရှိနေသလို တိုင်းရင်းသားအရေးအတွက် အာမခံချက် တစုံတရာ ခိုင်ခိုင်မာမာမရှိသေးဘဲ အစိုးရအပေါ် ယုံကြည်မှုလွန်ကဲတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

KNU အဖွဲ့ဟာ သမ္မတဦးသိန်းစိန် နဲ့ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ အကြိမ်ရေ အများဆုံးတွေ့ဆုံခွင့်ရထားတဲ့ အဖွဲ့ဖြစ်ပြီး သီးခြားခွဲထွက်တဲ့ပုံစံနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို စုစည်းဦးဆောင်လို့ အပစ် အခတ် ရပ်ရေး လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေသလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

KNUအနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှာလည်း ပါဝင်နေပြီး အခုလို UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှုက ရပ်ဆိုင်းလိုက်တဲ့အတွက် NCCT နဲ့လက်တွဲလုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့တော့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

UNFC အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ်(PNLO) ၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်ပါတီ (LDP) ၊ “ဝ” အမျိုးသားအဖွဲ့ချူပ် (WNO) ၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)  စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားအဖွဲ့တချို့ကတော့ အစိုးရရဲ့ KNU ကို အလေးပေးပြီး အခြားတိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံ မှုတွေ ကြောင့် အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေဘက်က အကွဲအပြဲတွေ ထပ်ပြီး ပေါ်ပေါက် နိုင်ခြေ ရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။
ကျော်ခ
irrawaddy
KNU ဥက္ကဋ္ဌနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးပွဲမြင်ကွင်း


ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ညီလာခံမှာ ကရင် အမျိုးသားအစည်းအရုံး(KNU) က ရုတ်တရက် ထွက်ခွာသွားပြီး စက်တင်ဘာလ ၁ ရက်နေ့မှာတော့ UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှု ရပ်ဆိုင်းကြောင်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်တာမို့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လုပ်ဆောင်နေတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေကြားမှာ အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲ စေမယ့် အခြေအနေတွေ ဦးတည်လာနေပါတယ်။

ဟောလိဝုဒ် မင်းသမီးများ၏ ဓာတ်ပုံများ ပေါက်ကြားခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း Apple ပြောကြား

Photo: ဟောလိဝုဒ် မင်းသမီးများ၏ ဓာတ်ပုံများ ပေါက်ကြားခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း Apple ပြောကြား 
Tuesday, Setember 2, 2014

ဟောလီးဝုဒ် မင်းသမီးများ၏ ဗီဒီယိုများနှင့် ဓာတ်ပုံများ ပေါက်ကြားမှု ဖြစ်ပွားခဲ့သည့် iCloud account ချိုးဖောက်ခံမှု အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Apple က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

“ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အလေးထားပါတယ်။ အခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်" ဟု Apple မှ ပြောရေးဆိုခွင့်ရှိသူ နာတာလီကာရစ်က ပြောကြားခဲ့သည်။

ပေါက်ကြားထွက်ပေါ်ခဲ့သည့် ဓာတ်ပုံများတွင် အချို့က အစစ်ဖြစ်သော်လည်း အချို့မှာ အတုဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဂျနီဖာလောရင့်စ် ကဲ့သို့သော နာမည်ကျော် သရုပ်ဆောင်၊ မော်ဒယ်များ၏ iCloud account များမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဆိုကြသည်။ အဆိုပါ ဓာတ်ပုံများသည် ဓာတ်ပုံဝေမျှသည့် ဝက်ဘ်ဆိုက် ဖြစ်သော 4Chan တွင် ထွက်ပေါ်လာပြီးနောက် အင်တာနက်နှင့် Twitter, Reddit စသည့် လူမှုရေးမီဒီယာများ၌ ပျံ့နှံ့ခဲ့သည်။

လုံခြုံရေး ကျွမ်းကျင် ပညာရှင်များကမူ ဓာတ်ပုံများ ခိုးယူခံရသည့် နာမည်ကျော် သရုပ်ဆောင်၊ မော်ဒယ် တို့၏ Apple iCloud account များသည် two-factor authentication ဖြင့် ကာကွယ်ထားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

Two-factor aunthentication သည် သုံးစွဲသူများအား ၎င်းတို့၏ ဖုန်းနှင့် အခြားထုတ်ကုန်များထံ ပေးပို့သည့် ကိန်းဂဏန်း code တစ်ခု ရရှိမှသာ ပုံမှန် password ကို အသုံးပြုနိုင်မည့် နည်းလမ်းဖြစ်သည်။ ကိန်းဂဏန်းများသည် အမြဲတမ်း ပြောင်းလဲနေသောကြောင့် တိုက်ခိုက်သူများ အနေဖြင့် account ကို ရရှိရန် မလွယ်ကူသလို password ကို သိရှိနိုင်ရန်လည်း အလွန်ခက်ခဲမည် ဖြစ်သည်။

သို့သော် Apple သည် two-factor aunthentication ကာကွယ်မှု နည်းလမ်းနှင့် ပတ်သက်၍ သုံးစွဲသူများ သိရှိနိုင်အောင် လူသိရှင်ကြား မပြောကြားခဲ့သလို ၎င်းနှင့် ပတ်သက်သည့် သတင်းဆောင်းပါးများကိုလည်း မနည်း ရှာဖွေရန် လိုအပ်ကြောင်း FireEye မှ ခြိမ်းခြောက်မှုဆိုင်ရာ သုတေသီ ဒါရိုက်တာဖြစ်သူ ဒါရီယန်ကင်းဒ်လန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ နာမည်ကျော် သရုပ်ဆောင်များ၏ ဓာတ်ပုံများ ပေါက်ကြားမှုသည် ပထမဦးဆုံး ဖြစ်ပွားခဲ့ခြင်း မဟုတ်ပေ။ ၂၀၀၅ ခုနှစ်ကလည်း ပဲရစ်ဟီလ်တန်၏ ဓာတ်ပုံများနှင့် text message များသည် cloud storage account တစ်ခုမှ ခိုးယူခံခဲ့ရသည်။ အဆိုပါဖြစ်ရပ်နှင့် database ကုမ္ပဏီကြီး LexisNexis ကို တိုက်ခိုက်မှုကြောင့် လူငယ်အဖွဲ့တစ်ခုက တရားစွဲဆိုခံခဲ့ရပြီး အများစုမှာ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

Ref: Recode
internetjournal
ဟောလီးဝုဒ် မင်းသမီးများ၏ ဗီဒီယိုများနှင့် ဓာတ်ပုံများ ပေါက်ကြားမှု ဖြစ်ပွားခဲ့သည့် iCloud account ချိုးဖောက်ခံမှု အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Apple က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
“ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အလေးထားပါတယ်။ အခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်" ဟု Apple မှ ပြောရေးဆိုခွင့်ရှိသူ နာတာလီကာရစ်က ပြောကြားခဲ့သည်။

လွတ်လပ်စွာ သွားလာနေတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ်

 
ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်ရဲ့ အသစ်စက်စက် ဓာတ်ပုံတွေပါ။ မစ္စ ယင်လတ်ဟာ ကိုယ်ပိုင်
ဖေ့စ်ဘုတ် အကောင့် ကနေ စက်တင်ဘာလ ၁ ရက်နေ့က  ထိုင်းရိုးရာရဲ့ သင်္ကေတ တခုဖြစ်တဲ့ အယုဒ္ဓယ မှာ ရှိတဲ့ ရေပေါ် ဈေးကို အလည်သွားတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။
အယုဒ္ဓယ ရေပေါ် ဈေးဆိုတာ ထိုင်း လက်မှု ပစ္စည်းတွေ၊ ရိုးရာ လက်ဆောင်ပစ္စည်းတွေ၊ ကစားစရာတွေ၊ အဝတ်အစား၊ ကျောက်မျက်ရတနာတွေနဲ့ အစားအသောက်တွေလည်း စုံစုံလင်လင် ရတဲ့ နေရာတခုပါ။

UNFC မှ ကေအင်န်ယူ နုတ်ထွက်ခြင်း တိုင်းရင်းသားညီညွတ်မှုပြိုကွဲနိုင်ဟု ခေါင်းဆောင်များ သတိပေး

UNFC ကို ဝေဖန်လိုက်သည့် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ မူတူးစေဖိုး
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ ကရင်အမျိုးသားအစည်းအရုံး ယာယီနုတ်ထွက်သွားသည့်အပေါ် တိုင်းရင်းသားအစုအဖွဲ့များ စိတ်ဝမ်းကွဲနိုင်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲနိုင်ခြင်းတို့ ဖြစ်လာနိုင်ပြီး ကောင်းမွန်သည့် လက္ခဏာတစ်ရပ်မဟုတ်ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်တို့က သုံးသပ်လိုက်သည်။

အကန့်အသတ်မရှိ ရောင်းမည်ဆိုသည့် MPT ဆင်းမ်ကတ် မှောင်ခိုဈေးကွက်ထပ်ဖြစ်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို စက်တင်ဘာ ၁ ရက်မှစ၍ အကန့်အသတ်မရှိ ရောင်းချပေးသွားမည်ဟု ဆိုသော်လည်း အရောင်းဆိုင်အနည်းစုတွင်သာ ၀ယ်ယူနိုင်ပြီး ကျပ်တစ် သောင်းခွဲအထိ ဈေးတင်ကာ ပြန် လည်ရောင်းချသူများ ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ သတင်းရရှိသည်။
‘‘ဆိုင်တွေကတော့ ၁၅၀၀ နဲ့ပဲ ရောင်းပေးနေတာပဲ။ ဒါပေမဲ့ ဆိုင်အားလုံးမှာ ၀ယ်လို့မရတဲ့အ တွက် ပြန်ကောက်ပြီးတော့ ဈေး တင်ပြီး ရောင်းနေကြတာပါ။ ရောင်းတဲ့ဆိုင်တွေမှာ သွားပြီး တန်းစီတဲ့လူတွေကတော့ ၁၅၀၀ နဲ့ တစ်ယောက်ကို နှစ်ကတ်စီရ တယ်လို့ သိရပါတယ်’’ဟု မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင် အသင်းနာယက ဦးရဲမြတ်သူက ပြောသည်။
လက်ရှိတွင် မိုဘိုင်းဖုန်းအ ရောင်းဆိုင်အချို့နှင့် အရောင်းကိုယ်စားလှယ်ဆိုင်များတွင်သာ MPT  ဆင်းမ်ကတ်များရောင်းချနေပြီး လိုသလောက် မရရှိသေး၍ အူရီးဒူးဆင်းမ်ကတ်များကဲ့သို့ ၀ယ်လိုအားနှင့် ရောင်းလိုအားမမျှသည့်အတွက် ဈေးတင်ရောင်းချမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အရောင်းဆိုင်အချို့ထံမှ သိရသည်။

ကျောက်ဖြူရှိ ရွှံ့မီးတောင်တစ်လုံး ပေါက်ကွဲ

ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာတွင် ရွှံ့မီး တောင်တစ်လုံး ပေါက်ကွဲခဲ့ပြီး လူ နှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိ သော်လည်း လယ်မြေနှင့် စား ကျက်မြေအချို့ ချော်ရည်များ ဖုံး လွှမ်းပျက်စီးခဲ့ကြောင်း သတင်း ရရှိသည်။
သြဂုတ် ၃၁ ရက် ညနေက ရှောက်ချောင်းကျေးရွာအနီးရှိ ဒေသအခေါ် နဂါးရွှံ့မီးတောင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဘေးပတ် ဝန်းကျင် ကျေးရွာများရှိ လယ်ဧက၃၀ ခန့်နှင့် စားကျက်မြေများအ ပြင် နွားတင်းကုပ်အချို့ မီးတောင် မှ ထွက်လာသည့် ချော်ရည်များ ကြောင့် ပျက်စီးသွားကြောင်း ရခိုင်လူမှုကွန်ရက် ပြန်ကြားရေး တာဝန်ခံ ဦးထွန်းထွန်းနိုင်က ပြော သည်။
‘‘မီးတောင်မပေါက်ခင်မှာ အသံတွေမြည်တယ်။ ချော်ရည်တွေ က ပေ ၅၀၊ ၆၀ လောက်အထိ မြင့်တက်သွားတာ။ လယ်သိမ်းချိန်ဆို တော့ လူတွေနဲ့ နွားတွေ ဘာမှမ ဖြစ်ခဲ့ပါဘူး’’ဟု ၎င်းက ပြောသည်။

UNFC ကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေရအုံးမှာလား

သြဂုတ်လ (၂၆) ရက်နေ့မှ ယနေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်၊ ၀မ်ထမ်ဟိုတယ်တွင် ကျင်းပပြုလုပ်နေသော ညီညွတ်သော တိုင်း ရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ နှင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးပါတီ အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲ အား ငြိမ်းချမ်းရေးကို စိတ်ဝင် စား သည့် သူတိုင်းသိကြလိမ့် မည် ထင်ပါသည်။ ငြိမ်းချမ်းရေး ဟူသော ခေါင်းစဉ် အောက်တွင် နိုင်ငံရေး အဖွဲ့စည်းပေါင်း များစွာ၊ ကော် မတီပေါင်း များစွာ၊ အသင်းအဖွဲ့ပေါင်း များစွာ ပေါ်ပေါက် လာခဲ့ရာမှ ၄င်းအဖွဲ့စည်း ပေါင်းများစွာ ထဲတွင်တိုင်းရင်းသား လူမျိုးများကို ကိုယ် စား ပြု သည် ဟု ကြွေးကြော် ထားသော UNFC-( United Nationalities Federal Council) ၏အကြောင်းကို ကျွန်ပ် အနေဖြင့် အနည်း ငယ် ရေးသား လိုပါသည်။