Tuesday, January 14, 2014

၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD မသိ

Photo: ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD မသိ 
Tuesday, January 14, 2014

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မိုးကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (NLD) ပါတီ ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံရန် အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းထားသည်ဟု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ (၅) ရက်ထုတ် The Irrawaddy Weekly Journal အတွဲ(၁)၊ အမှတ် (၁)တွင် ဖော်ပြ ထားသော်လည်း အဆိုပါ ကမ်းလှမ်းခြင်း ကိစ္စရပ်အား မသိရှိပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဇန်န၀ါရီလ (၇) ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြော သည်။
““အဲဒီလို ကမ်းလှမ်း ထားတယ်ဆိုတာကို လုံးဝမသိပါဘူး။ ၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်း စာရင်းတောင် မပြုစုရသေးပါဘူး။ အဲဒီသတင်းတောင် မသိပါဘူး။ မပြောတတ်ဘူး””ဟူ၍ မြန်မာ သံတော်ဆင့်၏ မေးမြန်းချက်ကို ဦးဉာဏ်ဝင်းက ပြန်လည် ဖြေကြားခဲ့သည်။

The Irrawaddy Weekly Journal တွင် ““မိတ်ကပ်လိမ်းပြီး အုပ်ထားရုံနဲ့ ပုပ်ပွေ နတာတွေက ရှင်းလင်းသွားမှာ မဟုတ်ဘူး”” သတင်းခေါင်း စဉ်ဖြင့် ရေးသား ထားခြင်း ဖြစ်သည်။ …ထိုရေးသားချက်များမှာ ““ကျွန်မကို မိုးကုတ်မြို့နယ်က ကမ်းလှမ်းတာ ရှိပါတယ်။ ကျွန်မစဉ်းစားတာက ပါတီထဲမှာဝင်ပြီး လုပ်တာထက် အပြင်မှာ နိုင်သလောက် ကူတာက ပိုပြီး ကူညီနိုင်မယ် ထင်တယ်။ ကျွန်မ ပါတီထဲ ရောက်သွားရင် ပါတီအတွက် လိုအပ်တဲ့ အရည်အချင်းတွေ ပြန်ဖြည့်ဆည်းရမယ့် အချိန်တွေရှိမယ်။ အချိန်တွေ အများကြီး ပေးရမှာရှိမယ်။ ကျွန်မ မိသားစုကိုလည်း ပစ်မထားနိုင်သေးဘူး။ ဒါကြောင့် အပြင်ကနေ ကူနိုင်သလောက် ကူနေတာက ကျွန်မ အတွက် ပိုပြီးလွတ်လပ်တယ်””ဟု ထွန်းအိန္ဒြာဗိုလ်က ပြောသည်ဟု ရေးသား ပါရှိသည်။
အဆိုပါ ကိစ္စရပ်အတွက် ထွန်းအိန္ဒြာဗိုလ်၏ ဟန်းဖုန်းနံပါတ်အား ဆက်သွယ်သော်လည်း ဟောင်ကောင်သို့ သွားနေကြောင်း၊ ဇန်န၀ါရီ (၉)ရက်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ဖုန်းကိုင်သူ ထွန်းအိန္ဒြာဗိုလ်၏ တူမ ဖြစ်သူက ဇန်န၀ါရီ (၇)ရက်က ပြောခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပုသိမ်မြို့နယ်) ဦးဝင်းမြင့် ကလည်း ““ကျွန်တော်တို့ မသိပါဘူး။ အဲဒီသတင်းကို ဘယ်သူက ပြောတာလဲ။ ဘယ်က ပြောတာလဲ။ ၂၀၁၅ ရောက်ဖို့က ၁ နှစ်တောင် လိုသေးတယ်။ ကိုယ်စားလှယ်လောင်းတွေ ဘယ်နေရာမှ မလျာထားသေးပါဘူး။ ဌာနချုပ်အနေနဲ့လည်း ရွေးကောက်ပွဲရက်လည်း မသိသေးဘူး။ နှစ်လည်း မသိသေးဘူး။ လလည်း မသိသေး ဘူးလေ။ အဲဒီအတွက် ဘယ်ပါတီက ဘယ်ကိုယ်စားလှယ်လောင်း ဆိုတာ ဘယ်သူမှ မထုတ်ပြန်သေးဘူး။ လျာထားတယ်ဆို တစ်ယောက်တည်း လျာထားလို့ မရဘူး။ တစ်နိုင်ငံလုံးမှာ ကျန်တဲ့ မြို့တွေကိုပါ လျာထား ရမှာလေ။ ကျွန်တော်တို့မှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုပဲ ကြိုးပမ်းနေတဲ့ ကာလ၊ ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်းတူညီမျှရရှိဖို့၊ ပြည်ထောင်စုမူတွေနဲ့ ကိုက်ညီဖို့၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေတဲ့ ကာလပဲ ရှိပါသေးတယ်။ ကျန်တာတွေ ဘာမှ မရှိသေးပါဘူး”” ဟူ၍ ပြောသည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ) မှ ရည်ရွယ်ချက် ၃ ရပ်ဖြင့် မဲဆန္ဒနယ် ၄၄ နေရာတွင် ၀င်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။ အဆိုပါ ရည်ရွယ်ချက် ၃ ရပ်မှာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ ဖြစ်သည်။

Myanmar Thandawsint
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မိုးကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (NLD) ပါတီ ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံရန် အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းထားသည်ဟု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ (၅) ရက်ထုတ် The Irrawaddy Weekly Journal အတွဲ(၁)၊ အမှတ် (၁)တွင် ဖော်ပြ ထားသော်လည်း အဆိုပါ ကမ်းလှမ်းခြင်း ကိစ္စရပ်အား မသိရှိပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဇန်န၀ါရီလ (၇) ရက်တွင် မြန်မာသံတော် ဆင့် သို့ ပြော သည်။

ဂျပန်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများကို ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာ နိုင်တော့မည်

Photo: ဂျပန်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများကို ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာ နိုင်တော့မည်
Tuesday, January 14, 2014

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ။ ။ သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဂျပန်နိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများ ကို ဗီဇာကင်းလွတ်ခွင့်ဖြင့် သွား လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအ နေဖြင့် ဒေသတွင်းနိုင်ငံများဖြစ် သည့် ကမ္ဘောဒီး ယား၊ လာအို၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် သာမန်နိုင်ငံ ကူးလက် မှတ်(အနီ) ကိုင်ဆောင်သူတိုင်း ဗီဇာလျှောက် ထားရန်မလိုအပ်ဘဲ သွားလာ နိုင် ပြီဖြစ်သော်လည်း ကျန်ရှိသည့် နိုင်ငံများကိုပါ ယင်းကဲ့သို့သွား လာနိုင်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာနကစီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် အပြည် ပြည်ဆိုင်ရာ ဥပဒေ စာချုပ် များ ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ““အာဆီယံနိုင်ငံတွေ နဲ့ကတော့ နှစ်နိုင်ငံဗီဇာမလိုဘဲသွားနိုင် အောင် စီစဉ်ဆောင်ရွက်နေပါ တယ်။ တချို့နိုင်ငံတွေနဲ့ဆိုရင် လက်မှတ်ထိုးဖို့အဆင့်ပဲလိုတော့ တယ်။ ဒီနှစ်အတွင်း မှာတော့ ဒေသတွင်းနိုင်ငံတွေအားလုံးကို ဗီဇာမလိုဘဲ သွားနိုင်အောင်စီ စဉ်ဆောင်ရွက်နေပါတယ်””ဟု ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြော သည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် နှစ်နိုင်ငံဗီဇာကင်းလွတ် ခွင့်ရရှိနိုင်ရန်အတွက် လက်မှတ် ရေးထိုးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့အာဆီယံဒေ သတွင်းနိုင်ငံများနှင့် ဗီဇာကင်း လွတ်ခွင့် များရရှိပါက ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပိုမိုကောင်း မွန်လာနိုင်ကြောင်း ခရီးသွားလုပ် ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ် ပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်း အတွင်းရေး မှူး ဦးနောင်းနောင်းဟန်က ““မ ဖြစ်မနေလုပ်ရမယ့်ကိစ0x081စပဲ။ အဲဒါ တွေလုပ်ပြီးသွားရင်တော့ ခရီးသွားလုပ်ငန်းက တိုးလာမယ်။ အရေးကြီးတာကတော့ ထိုင်း နိုင်ငံနဲ့ဗီဇာကင်း လွတ်ခွင့်လုပ် ဖို့ပဲ။ ထိုင်းက မြန်မာကိုတအား စိတ်ဝင်စားတယ်။ ထိုင်းနဲ့နှစ်နိုင် ငံသဘောတူညီမှုရရင်တော့ ခရီး သွားလုပ်ငန်းက အခုထက်ပိုပြီး တိုးတက်လာမယ်””ဟု ပြောသည်။

လက်ရှိ တွင် မြန်မာနိုင်ငံ ၌ ဗီဇာအမျိုးအစားလေးမျိုး ရှိပြီး နိုင်ငံပေါင်း ၅၁နိုင်ငံကို သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိသည်။

သန်းနိုင်ဦး
Yangon Media Group
သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဂျပန်နိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများ ကို ဗီဇာကင်းလွတ်ခွင့်ဖြင့် သွား လာနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan

Photo: အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan 
Tuesday, January 14, 2014

ရွှေ့ လျားနေသော စစ်တပ်ကြီးပါပဲ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။ 

ဆောက်လုပ်ခြင်း 
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စဆောက်တာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရေချနိုင်ခဲ့ပါတယ်။ ဆောက်ဖို့အတွက် ဒီဇိုင်းဆွဲတာတို့၊ ဖန်တီးတာတို့ အားလုံးကို တစ်ဦးတစ်ယောက်တည်းက မဟုတ်ပဲ အားလုံး အိုင်ဒီယာပေါင်းစပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ဘောနာမည်ကို အမေရိကန် သမ္မတဟောင်း Ronald Reagan ကိုဂုဏ်ပြုတဲ့အနေနဲ့ USS Ronald Reagan (CVN-76) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သမ္မတဟောင်း Ronald ရှိနေသေးပြီး သက်ရှိထင်ရှားရှိတဲ့ သမ္မတကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး သင်္ဘော ဖြစ်ခဲ့ပါတယ်။ 

ကုန်ကျစရိတ် 
အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျပါတယ်။ အားလုံးကို အမေရိကန် အိမ်ဖြူတော်နဲ့ အစိုးရတို့က ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ခရီးတစ်ခုသွားဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျပါတယ်။ 

အော်ပရေးရှင်း
အော်ပရေးရှင်း ကောင်းကောင်းမသွားရသေးပါဘူး။ ကောင်းကောင်းဆိုတာ တိုက်ပွဲမဝင်ရသေးတာကို ဆိုလိုတာပါ။ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး ခရီးသွားရတာတွေချည်း များနေပါတယ်။ ၂၀၀၈ ခုနှစ်က ဖိလစ်ပိုင်မှာ မုန်တိုင်းဒဏ်ခံဒုက္ခသည်ကို သွားရောက်ကယ်ဆယ်ထောက်ပံ့ပြီး၊ ၂၀၁၀ ခုနှစ်နောင်းပိုင်းကျတော့ တောင်ကိုရီးယားကျွန်းဆွယ်မှာ စခန်းချပြီး ၂၀၁၁ ခုနှစ်တော့ ဂျပန် ဆူနာမီနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံ ဒေသတွေကို သွားရောက်ကူညီပါတယ်။ နီးစပ်ရာနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ခရီးစဉ်သွားရောက်လည်ပတ် တာမျိုးတို့ ပြုလုပ်ပါတယ်။ အခြားနိုင်ငံများသို့ ထောက်ပံ့ရေးအတွက် လည်း သွားရောက်ပြီး စစ်ဘက်အသုံးပြုမှုကတော့ မရှိသလောက်ပါပဲ။ စစ်ရေးလေ့ကျင့်မှု အနည်းစုမှာတော့ ထည့်သွင်း အသုံးပြုပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်များတဲ့အတွက် အကြီးစား စစ်ရေးလေ့ကျင့်မှုတွေမှာသာ ပါဝင်တာ ဖြစ်ပါတယ်။ 

သင်္ဘောအချက်အလက်
နျူကလိယ စွမ်းအင်သုံး သင်္ဘောဖြစ်တဲ့အတွက် ဘယ်တော့မှ မသေနိုင်သော သင်္ဘောလို့တောင် ပြောစမတ်ပြုပါတယ်။ သို့ပေမယ့် အနည်းဆုံး Life Span ၂၅ နှစ်သက်မှတ်ထားပါတယ်။ နျူကလိယ ဓာတ်ပေါင်းဖို ၂လုံး၊ ဓာတ်ငွေ့တာဘိုင် ၄ လုံး၊ ပန်ကာ ၄ လုံး တပ်ဆင်ပြီး ထုတ်လုပ်နိုင်တဲ့ အား စုစုပေါင်းက ၁၉၄ မက်ဂါဝပ် ရှိပါတယ်။ လုံးခြုံရေး အဆင့်မြင့်စက်ပစ္စည်းတွေဖြစ်တဲ့ ရေပေါ်၊ ရေအောက်၊ လေပေါ် ထောက်လှမ်းနိုင်သော ရေဒါအများကြီးတပ်ဆင်ထားပါတယ်။ ယင်းရေဒါများ ကလည်း အင်မတန် ကုန်ကျစရိတ် များပါတယ်။ လေယာဉ် တင် သင်္ဘောတစ်စီး (Super Carrier) တစ်ခုအနေနဲ့ တစ်နေရာရာမှာ အတိုက်ခိုက်ခံရ ရင် အားလုံးပျက်ဆီးမှာမို့ လုံခြုံရေးကိုတော့ အဆင့်အမြင့်ဆုံး ပစ္စည်းများနဲ့ အသုံးပြု တပ်ဆင်ပါတယ်။ သူတစ်ခါ ခရီးထွက်ရင် တစ်စီးတည်း မထွက်ပါဘူး။ ပတ်ပတ်လည်မှာ စစ်သင်္ဘောများ လိုက်ပါပြီး လေပေါ်မှာ လည်း တိုက်လေယာဉ်နဲ့ ကင်းလေယာဉ်များ လှည့်ပေးရပါတယ်။ အောက် မှာလည်း ရေငုပ်သင်္ဘော အနည်းဆုံး တစ်စီး လိုက်ရပါတယ်။ ဒါကြောင့်မို့ ကုန်ကျစရိတ်များခြင်း ဖြစ်ပါတယ်။ အမြန်ဆုံးသွားနှုန်းက တစ်နာရီ မိုင် ၄၀ ထက်မပိုလို့ ဖြစ်ပါတယ်။ အရှည်ပေ ၁ ထောင်ကျော်ရှိတဲ့ သင်္ဘောတစ်စီး ရွေ့ ဖို့ဆိုတာ တော်တော်လည်း ခရီးနှင်ရပါတယ်။ 


Super Carrier Ronald နှင့် အနာဂတ် ကမ္ဘာ
အမေရိကန် မှာ ရှိနေတာ Ronald တစ်စီးတည်းမဟုတ်ပါဘူး။ သူ့လိုပဲ အင်အားကြီး လေယာဉ်တင် စစ်သင်္ဘောကြီးတွေ အမြောက်အများ ရှိပါတယ်။ ယင်း မြောက်များလှတဲ့ စစ် ရေငုပ် သင်္ဘော၊ လေယာဉ် တင်သင်္ဘော၊ နျူကလိယစွမ်းအင်သုံး စစ်သင်္ဘောများကြောင့် အမေရိကန်ဟာ ယနေ့မှာ စူပါပါဝါ ပိုင်ရှင်လို့ ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတောင် စစ်သင်္ဘော၊ လေယာဉ်တင်သင်္ဘော၊ ရေငုပ်သင်္ဘောများ ကြိုးစားတည်ဆောက်နေပေမယ့် အမေရိကန်မှာ ရှိတဲ့အရေအတွက်ကို မှီနိုင်ဖို့ အချိန်ကာလတစ်ခု လိုအပ်နေပါသေးတယ်။ အနာဂတ်မှာလည်း ယင်ကဲ့သို့ အလားတူ အဆင့်မြင့် နျူကလိယ စစ်သင်္ဘောများတည်ဆောက် ဖို့ ပင်တဂွန်ကို စစ်အသုံးစရိတ်များ ဆက်လက်ချပေးထားတဲ့ အတွက် နောက်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အကြီးဆုံး စူပါပါဝါကို အမေရိကန်က ပိုင်ဆိုင်နေအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။ 

Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
ရွှေ့ လျားနေသော စစ်တပ်ကြီးပါပဲ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက်စုံစုံလင်လင်ပါရှိတော့ သူ့ကိုမှ ရွှေ့  လျားနေ တဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။ 

အိမ်ကွင်းအပိတ်ခံထားရသည့် ပြစ်ဒဏ်အတွက် နေပြည်တော်အသင်း အယူခံဝင်ထား

ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ရန်ကုန်ယူနိုက်တက်နှင့် ကစားခဲ့သောပွဲစဉ်တွင် ပရိသတ် အချို့၏ သောင်း ကျန်းမှုကြောင့်၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ပ-ကျော့ပွဲစဉ်များအတွက် အိမ်ကွင်း အပိတ်ခံရ သည့်ပြစ်ဒဏ် ချမှတ်ခံထားရသော နေပြည်တော်အသင်းအနေဖြင့် ယင်းပြစ်ဒဏ် အတွက် အယူခံဝင် ထားသည်။

နယ်စပ်ပြဿနာရှိနေသော်လည်း အိနိ္ဒယ-မြန်မာကုန်သွယ်မှု တိုးမြှင့်ရေး ဆောင်ရွက်နေ

အိနိ္ဒယ-မြန်မာနှစ်နိုင်ငံနယ်စပ်စည်း အငြင်းပွားမှုပြဿနာရှိနေသော်လည်း ကုန်သွယ်ရေး ကဏ္ဍကို တိုးမြှင့်ရန်အတွက် အရေးပါသောလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိနေသည်ဟု Hueiyen News ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သောက်ရေကန်အတွင်း ခွေးကိုဆင်းကယ်သူ ရေနစ်သေဆုံး

ကျောက်တန်းမြို့ရှိ ကျေးရွာတစ်ခုတွင် သောက်သုံးရေကန်အတွင်းကျနေသော ခွေးပေါက်ကလေး တစ်ကောင်ကို ဆင်းဆယ်ရာမှ အမျိုးသားတစ်ဦးရေနစ်သေဆုံးမှုတစ်ခု ဇန်န၀ါရီ ၁၂ ရက်ညနေက ဖြစ် ပွားခဲ့သည်။

ခြောက်နှစ်အရွယ် ကလေးငယ်ကို အသက် ၆၀ အရွယ် အမျိုးသားက အဓမ္မပြုရန်ကြံစည်ဟု ကလေးဖခင်တိုင်ကြား

လှိုင်သာယာမြို့နယ်တွင် အသက်ခြောက်နှစ်အရွယ် ကလေးငယ်ကို အသက် ၆၀ အရွယ် အမျိုးသားက အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်ခဲ့သည့်အတွက် ဇန်န၀ါရီ ၁၂ ရက်က တိုင်တန်းထားသည်ဟု ရန် ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ရန်ကုန်စက်မှုဇုန်များ လျှပ်စစ်မရ၍ လုပ်ငန်းလည်ပတ်ရေး အခက်ကြုံခြင်း ယခုနှစ်တွင်လည်း ဖြေရှင်းနိုင်ဖွယ်မရှိ

၂၀၁၃ ခုနှစ်တွင် ရန်ကုန်စက်မှုဇုန်များကြုံတွေ့ခဲ့ရသည့် လျှပ်စစ်မီးမလုံလောက်မှုပြဿနာအား ယခု ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းနိုင်ဖွယ်မရှိသေးဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် စီးပွားရေးလုပ် ငန်းရှင်များ က ဇန်န၀ါရီ ၁၃ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။

တရုတ်ဝယ်အားကောင်းနေ၍ နှမ်းတင်ပို့မှုဝင်ငွေ ယခင်နှစ်ထက် အများအပြားသာနိုင်

တရုတ်နိုင်ငံ၏ စံချိန်တင်ဝယ်လိုအားမြင့်နေမှုကြောင့် လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပ သို့ နှမ်းမျိုးစုံတင်ပို့မှုသည် ယခင်နှစ်များထက် အများအပြား ပိုမိုဖွယ်ရှိနေသည်ဟု မြန်မာနိုင်ငံ ပဲမျိုး စုံနှင့် နှမ်းကုန်သည်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉဏ်က မဇ္ဈိမသို့ ပြောသည်။

သပိတ်ကျင်းမြို့၌ ၂၀၁၃ ခုနှစ်အတွင်း ၄ ဒသမ ၃ ရစ်ခ်ျတာစကေးရှိသည့် ငလျင်ခြောက်ကြိမ် လှုပ်ခတ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့ဝန်းကျင်တွင် ၂၀၁၃ ခုနှစ်အတွင်း ငလျင်လှုပ်မှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ရာ ၄ ဒသမ ၃ ရစ်တာစကေးရှိသည့် ငလျင်ခြောက်ကြိမ်ရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန (မန္တလေး တိုင်း)မှ သိရသည်။

မိတ်္ထီလာပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူများကို ဧပြီလတွင် နောက်ဆုံးထား၍ ပြန်လည်နေရာချမည်

၂၀၁၃ ခုနှစ် မတ်လအတွင်းက မန္တလေးတိုင်း မိတ်္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်သွားသည့် ဒုက္ခသည်များအတွက် ဧပြီလနောက်ဆုံးထား၍ ပြန်လည်နေရာချပေးသွားမည်ဟု မိတ်္ထီလာ ခရိုင် အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုးက ဇန်န၀ါရီ ၁၃ တွင် မဇ္ဈိမကို ပြောသည်။

မလေးရှားရောက် တရားမဝင် မြန်မာ လုပ်သားများ တရားဝင် ဖြစ်စေရေး ကူညီ ဆောင်ရွက်ပေးမည်

Photo: မလေးရှားရောက် တရားမဝင် မြန်မာ လုပ်သားများ တရားဝင် ဖြစ်စေရေး ကူညီ ဆောင်ရွက်ပေးမည်

ရန်ကုန် ဇန်နဝါရီ ၁၄

မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာချက်အပေါ် မလေးရှား နိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ အန္တရာယ် ကင်းစွာ နေထိုင် အလုပ်လုပ် ကိုင်နိုင်ရေးအတွက် ယခင်ထက် ပိုမိုကူညီ သွားမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မလေးရှား နိုင်ငံတွင် တရားမဝင် နေထိုင်သူများကို ဇန်နဝါရီ ၂ဝရက်မှ စတင်ပြီး စုံစမ်း စစ်ဆေးကာ ဖမ်းဆီး သွားမည်ဟု မလေးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည့်အပေါ် အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ဌာနက အဖွဲ့တွေ ရောက်နေပါပြီ။ သူတို့က တရားဝင်ကြေညာ ထားတော့ ဟိုမှာရှိတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ အတွက် စိတ်ပူရတယ်။ တရားမဝင် တဲ့လူတွေကို တရားဝင်ဖြစ်အောင် အရင်ကထက်ပိုပြီး အာရုံစိုက်ကူညီ သွားမှာပါ''ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ လက်ရှိ မလေးရှားနိုင်ငံ၌ ဖမ်းဆီးမှုတွင်  ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့ (၃)ဖွဲ့မှ ပူးပေါင်း ဖမ်းဆီးမည်ဖြစ်ပြီး တရားမဝင် အလုပ်သမား လက်ခံထားသော အလုပ်ရှင်များကိုပါ တိတိကျကျ အရေးယူသွား မည်ဖြစ် ကြောင်းနှင့်  ဖမ်းဆီးရမိသော တရားမဝင် အလုပ်သမားများအား သက်ဆိုင်ရာ နိုင်ငံ အသီးသီးသို့ ပြန်လည် ပို့ဆောင် မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းမှာ သုံးလတစ်ကြိမ်ခန့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး တရားမဝင် လာရောက်နေထိုင်သူ အရေအတွက် လျှော့ချခြင်းဖြစ်ကြောင်း မြန်မာပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ဆိုသည်။

လက်ရှိ မလေးရှား နိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား လုပ်သားများ အနေဖြင့် နိုင်ငံကူး လက်မှတ်များကို မိမိနှင့် တကွ အမြဲ ဆောင်ထားရန်၊ မိမိတို့ နိုင်ငံကူး လက်မှတ် များကို မိတ္တူကူး ထားကြရန် UNHCR ကတ်ကိုင်ဆောင် ထားသူများအနေဖြင့် UNHCR ကတ်များကို မိတ္တူ ကူးထားပြီး ရင်းနှီးသော မိတ်ဆွေ များထံ ပေးအပ်ထားကြရန် ကြေညာထားကြောင်း ကိုလည်း သိရသည်။

မျိုးသူ

http://www.myawady.net.mm/allnews/headline/item/34551-2014-01-14-09-51-04
မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာချက်အပေါ် မလေးရှား နိုင် ငံရော က် မြန် မာရွှေ့ပြောင်း လုပ်သားများ အန္တရာယ် ကင်းစွာ နေထိုင် အလုပ်လုပ် ကိုင်နိုင်ရေးအတွက် ယခင် ထက် ပိုမိုကူညီ သွားမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မင်းတပ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအတွက် မြို့နယ်ကော်မတီ၊ ဒေသခံနှင့် NGO များ ပူးပေါင်း

ချင်းပြည်နယ် မင်းတပ်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့် ဒေသခံများ အသိ ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကော်မတီ၊ ဒေသခံတိုင်းရင်းသားများနှင့် NGO's Child Right Working Group (NCRWG)တို့ တွေ့ဆုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ပြုလုပ်သည်။

နိုင်ငံရေးဆွေးနွေးမှုသို့ ဦးတည်မှသာ တစ်နိုင်ငံလုံး အပစ်ရပ်သဘော တူ စာချုပ်တွင် လက်မှတ်ထိုးမည်ဟု TNLA ဆို

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အ ခတ်ရပ်စဲရေးတွင် နိုင်ငံရေးဆွေးနွေးပွဲသို့သွားရန် သေချာသည့် အနေအထားရှိမှသာ သဘောတူ လက် မှတ်ထိုးနိုင်မည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဒု-ဥက္ကဋ္ဌ တားဂျုတ်ဂျာက ဇန်န၀ါရီလ ၁၃ ရက်တွင် မဇ္ဈိမကို ပြောဆိုလိုက်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရာတွင် လူမှုဝန်ထမ်းအောက်ရှိ ဂေဟာများကို အဖွဲ့အစည်းပုံစံဖြင့် ကောက်ယူမည်

မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ဂေဟာများ ကို အဖွဲ့အစည်းပုံစံဖြင့် ကောက်ယူမည်ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦး စီးဌာန၊ သာကေတမြို့နယ် ဦးစီးဌာနမှူးဦးမင်းနောင်က မဇ္ဈိမကို ပြောသည်။

သမ္မတနှင့် KNU တွေ့စဉ် တင်ပြခဲ့သည့် လက်နက်ကိုင် နိုင်ကျဉ်းတစ်ဦး လွတ်မြောက်

သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ဇန်န၀ါရီ ၅ ရက်တွင်တွေ့ဆုံစဉ် KNU မှတင်ပြခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် နိုင်ကျဉ်းငါးဦးမှတစ် ဦးသည် ဇန်န၀ါရီ ၇ ရက်တွင် ပြန်လည်လွတ်မြောက် ခဲ့သည်ဟု KNU ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က မဇ္ဈိမကို အတည်ပြု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ လုံးဝဖျက်သိမ်းမည်မဟုတ်

မွန်နှစ်ပါတီ ပေါင်းစည်းရေးတွင် မပါဝင်ဘဲ ကျန်ရှိခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်များ အနေဖြင့် ပါတီကို လုံးဝ မဖျက်သိမ်းပဲ ဆက်လက်ရပ်တည် သွားမည်ဟု ပါတီဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးဗညားအောင်မိုးက မဇ္ဈိမကို ပြောသည်။

မြန်မာသံရုံး ဗုံးဖောက်ဖို့ကြံသူ အင်ဒိုနီးရှားအကြမ်းဖက်သမားကို ပြစ်ဒဏ်ချ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ စစ်သွေးကြွ တစ်ဦးကို ဂျကာ တာမြို့တောင်ပိုင်းတရားရုံးက တနင်္လာနေ့က ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ် စီရင် လိုက်ပါတယ်။

KIA ဌာနချုပ် ဒုက္ခသည်စခန်းများသို့ ကုလအကူအညီများ ထပ်မံရောက်ရှိ

(ဇန်န၀ါရီ ၁၃ တွင် လိုင်ဇာအနီး ဂျေယန့်ဒုက္ခသည်စခန်းသို့ ရောက်လာတဲ့ ကုလသမဂ္ဂ အကူညီပေး ယာဉ်တစ်စီး။)
ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ ကူညီထောက်ပံ့မှုများ လိုင်ဇာ အနီးရှိ ကချင် ဒုက္ခသည် စခန်းများသို့ ရောက်ရှိလာသည်။

တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေမည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း

တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေမည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် သို့ ဇန်န၀ါရီ ၁၃ ရက်တွင် တင်သွင်းခဲ့သည်။