Wednesday, July 17, 2013

အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် မွန်အဖွဲ့မှာ ငြိမ်းချမ်းရေးယူထားသော MNLA မှ မဟုတ်

Photo: အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် မွန်အဖွဲ့မှာ ငြိမ်းချမ်းရေးယူထားသော MNLA မှ မဟုတ်
Wednesday, July 17, 2013

ယမန်နေ့ကအစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မွန်အဖွဲ့မှာ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(MNLA)မှ မဟုတ်ကြောင်း သိရှိရပါသည်။

အစိုးရတပ်နှင့် ဟံသာဝတီပြန်လည်ထူထောင်ရေးအဖွဲ့(HRP)တို့ ယမန်နေ့ ညနေပိုင်းလောက်တွင် တိုက်ပွဲ ဖြစ်ပွားကြပြီး ၂ ဖက်စလုံးမှ အနည်းငယ် ထိခိုက်ကြကြောင်း၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်(MNLA)နှင့် သာ အစိုးရမှ ငြိမ်းချမ်းရေးယူထားပြီး ဟံသာဝတီပြန်လည်ထူထောင်ရေး အဖွဲ့(HRP)နှင့် ငြိမ်းချမ်းရေးယူဆောင် ထားခြင်းမရှိကြောင်း သိရှိရပါသည်။

“ကျွန်တော်တို့ မွန်ငြိမ်းအဖွဲ့တွေက ကရိန်အောင်သက်မှာ နေတာပါ၊ အစိုးရ စစ်တပ်နှင့် တိုက်ပွဲဖြစ်တာ ကျွန်တော်တို့အဖွဲ့ မဟုတ်ဘူး၊ ဗိုလ်နိုင်ရတို့ HRP အဖွဲ့နဲ့ ဖြစ်တာ၊ ဖြစ်တာက ဘုရားထံရွာနားမှာဖြစ်တာ၊ အဲဒီ ရွာမှာလည်း ကျွန်တော်တို့ မွန်ပြည်သစ်ပါတီလုံးဝမရှိပါဘူး၊ သူတို့ HRP နဲ့ ကျွန်တော် တို့ငြိမ်းချမ်းရေးယူထားတဲ့ MNLA လုံးဝပတ်သက်မှုမရှိပါဘူး၊ သူတို့က သက်သက်အဖွဲ့တစ်ခုပါ” ဟု နိုင်ပန်းငြိမ်းမှ ပြောပြခဲ့ပါသည်။

ငြိမ်းချမ်းရေးယူထေားသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်(MNLA)နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မွန်ငြိမ်းအဖွဲ့များက ကရိန်အောင်နှင့် ရေး ဘက်များတွင်သာ နေထိုင်လျက်ရှိကြပြီး ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ကော့သောင်းဘက်ရှိ ပြည်ကြီးမံဒန်မြို့နယ်မှ ဘုရားထံရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရ ပါသည်။

နိုင်မြက်သာ
Daw Na Myay
ယမန်နေ့ကအစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မွန်အဖွဲ့မှာ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(MNLA)မှ မဟုတ်ကြောင်း သိရှိရပါသည်။

ရန်ကုန်မြို့လယ် ကောင်တွင် ငွေကျပ် ၁ဝ သိန်း လုယက်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်၌ ယမန်နေ့ညနေပိုင်းက လိုင်စင်ရအပေါင်ဆိုင် တစ်ဆိုင် တွင် ငွေကျပ် ၁ဝ သိန်း လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရ သည်။

ခါးပိုက်နှိုက်အားဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၂)မှု ဆက်လက်ဖော်ထုတ်နိုင်

Photo: ခါးပိုက်နှိုက်အားဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၂)မှု ဆက်လက်ဖော်ထုတ်နိုင်
Wednesday, July 17, 2013

၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် မဇင်မာသည် Junction Square ကုန်တိုက်ရှိ Promotion Show ပွဲကြည့်နေစဉ် ၎င်း၏ဘေးလွယ်အိတ်မှာ ဇစ်ပွင့်နေပြီး ငွေကျပ် ၇၈၅၀၀၀ မှာ ပျောက်ဆုံးနေ သဖြင့် အရေးယူပေး ပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၃၊ ပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အရေးယူဆောင်ရွက်ကာ တရားခံ မဥမ္မာ (၁၀)ရပ်ကွက်၊ လမ်းမတော်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ ပါသည်။

တရားခံ မဥမ္မာအားအခြားကျူးလွန်ခဲ့မှုများဖော်ထုတ်စစ်ဆေးခဲ့ရာ ၉.၆.၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် ခန့်တွင် ကမာရွတ်မြို့နယ် Junction Square ကုန်တိုက်အတွင်း GIORDANO ဆိုင်တွင်ဈေး ၀ယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်းမှ ငွေကျပ် ၅ သိန်းအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပုဇွန်တောင်မြို့နယ်နေ မသိင်္ဂီနိုင်၏အစ်ကိုဖြစ်သူ ဦးသက်နိုင်မှ တရား လိုပြုလုပ် တိုင်ကြား ထားသည့် ကမာရွတ်မြို့မရဲစခန်း (ပ)၂၅၂/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအား လည်းကောင်း၊ အဆိုပါ နေ့ ၁၂၀၀ အချိန်ခန့်တွင် မင်္ဂလာတောင် ညွှန့်မြို့နယ်၊ ယုဇနပလာဇာပထမထပ်ရှိ အထည်ဆိုင်တွင် ဈေးဝယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ ငွေ ၁၀ သိန်းအား မကျင်စန်း၊ မကျင်ခိုင်၊ မခင်သက်မာတို့နှင့်အတူ ပူးပေါင်း၍နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကျောက်တံတားမြို့နယ်နေ မချိုနွယ်သန်းမှ တိုင်ကြားထားရှိသည့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၁၉/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအားလည်းကောင်း ဖော်ထုတ်နိုင်ခဲ့ကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
 ၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် မဇင်မာသည် Junction Square ကုန်တိုက်ရှိ Promotion Show ပွဲကြည့်နေစဉ် ၎င်း၏ဘေးလွယ်အိတ်မှာ ဇစ်ပွင့်နေပြီး ငွေကျပ် ၇၈၅၀၀၀ မှာ ပျောက်ဆုံးနေ သဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၃၊ ပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အရေးယူဆောင်ရွက်ကာ တရားခံ မဥမ္မာ (၁၀)ရပ်ကွက်၊ လမ်းမတော်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ ပါသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း သူပုန်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွင် ဆာဒါအိုခရိုင် ပါဝင်ခြင်း မရှိဟု ထိုင်းစစ်ဘက် ပြောကြား

Photo: ထိုင်းနိုင်ငံ တောင်ပိုင်း သူပုန်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွင် ဆာဒါအိုခရိုင် ပါဝင်ခြင်း မရှိဟု ထိုင်းစစ်ဘက် ပြောကြား
Wednesday, July 17, 2013

ရာမန်ဒန် ဥပုသ်ကာလ အတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပုန်အဖွဲ့တို့ အကြား ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ရပ်တွင် ဆာဒါအိုခရိုင်ပါဝင်သည်ဟု မလေးရှား
နိုင်ငံက ထုတ်ပြန်သော သတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန် အိုချာက ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထိုင်းနိုင်ငံ ဆောင်ခလာ ပြည်နယ်ရှိ ခရိုင်ငါးခုဖြစ်သော သာနာသာဝီ၊ ဆာဒါအို၊ ချာနာ၊ သီဖာနှင့် ဆာဘာယိုင် ခရိုင်များ၊ နာရာသီဝပ် ပြည်နယ်၊ ပတ္တနီပြည်နယ် တို့တွင် ရာမန်ဒန် ဥပုသ်ကာလ အပါအဝင် ရက်ပေါင်း ၄ဝ အကြာ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ပြုလုပ်ထားကြောင်း မလေးရှား နိုင်ငံက ဇူလိုင်၁၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်း အပေါ် တုံ့ပြန် ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းပြည်တွင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အနေဖြင့် အဆိုပါ အပစ်အခတ် ရက်ဆဲရေးတွင် ဆာဒါအိုခရိုင် မပါဝင်ကြောင်း မလေးရှား အစိုးရကို အသိပေး အကြောင်းကြား သွားမည်ဟု ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထပ်လောင်း ပြောကြားခဲ့သည်။ ထိုင်းအာဏာပိုင် အဖွဲ့နှင့် BRN သူပုန်အဖွဲ့တို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး မလေးရှား နိုင်ငံက အကျိုးဆောင် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ
ရာမန်ဒန် ဥပုသ်ကာလအတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပုန်အဖွဲ့တို့ အကြား ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ရပ်တွင် ဆာဒါအိုခရိုင် ပါဝင် သည်ဟု မလေးရှားနိုင်ငံက ထုတ်ပြန်သောသတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက် အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။

ကျုံဒိုးမြို့ရှိ အာဇာနည် ကျောက်တိုင် ပြန်လည်ပြုပြင် ဆောင်ရွက်

Photo: ကျုံဒိုးမြို့ရှိ အာဇာနည် ကျောက်တိုင် ပြန်လည်ပြုပြင် ဆောင်ရွက်
Wednesday, July 17, 2013

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဇူလိုင် ၁၉ ရက်တွင်
ကျ ရောက်မည့် အာဇာနည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ချုံနွယ်
များဖြင့်ပိတ်ဖုံး ပျောက်ကွယ်နေသော အာဇာနည် ကျောက်တိုင် ပြန်လည်
ပြုပြင်ခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊
ဌာနဆိုင်ရာများ၊ ပါတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ချုံနွယ်များ ရှင်းလင်းခြင်း၊ ပြိုကျ ပျက်စီးသွားသော နေရာများ ကို ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်းများကို ဇူလိုင် ၁၅ ရက် က အတူတကွ စုပေါင်း လုပ်ဆောင်ကြပြီး စေတနာရှင် မိဘပြည်သူများက အလှူငွေ များနှင့် လုပ်အားဒါနများ ပါဝင်လုပ်ဆောင် ကူညီလျက်ရှိကြောင်းသိရသည်။

မြ၀တီ
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်မည့် အာဇာနည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ချုံနွယ်များဖြင့်ပိတ်ဖုံး ပျောက်ကွယ်နေသော အာဇာနည် ကျောက်တိုင် ပြန်

မျက်စိ အားကောင်းစေသော အာဟာရ များ

Photo: မျက်စိအားကောင်းစေသော အာဟာရများ
Wednesday, July 17, 2013

လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာ ပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။

လေ့လာမှု များစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်း ဓာတ်တွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးခြင်းနဲ့ အတွင်းတိမ် ရောဂါတွေလို နာတာရှည် မျက်စိ ရောဂါတွေရဲ့ အန္တရာယ်ကို လျော့ကျ စေနိုင်ကြောင်း လေ့လာမှု များစွာက ဆိုထားပါတယ်။

 ဗီတာမင် စီ
ဗီတာမင်စီဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ထဲမှာ တွေ့ရတဲ့ အင်တီ အောက်ဆီးဒင့် တစ်မျိုး ဖြစ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုအရ ဗီတာမင်စီဟာ အတွင်း တိမ်ရောဂါ ဖြစ်နှုန်း ကို လျော့ကျစေပြီး တခြား အာဟာရဓာတ်တွေနဲ့ ရောစားပါက အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးခြင်းနဲ့ အမြင်အာရုံ ဆုံးရှုံးမှုတို့ ဖြစ်နှုန်းကို နှေးကွေး စေပါတယ်။

ဗီတာမင် အီး
ဗီတာမင်အီးရဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့်ကို အခွံမာသီး၊ အားဖြည့် ကွေကာနဲ့ ကန်စွန်းဥ တွေထဲမှာ တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ကျန်းမာတဲ့ တစ်သျှူးတွေကို ချေဖျက်ပေးတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် မျက်စိဆဲလ်တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

မရှိမဖြစ် ဖက်တီးအက်စစ်
ကောင်းတဲ့အဆီဟာ လူတွေ စားသုံးသင့်တဲ့ အာဟာရထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။ အဆီဓာတ်ဟာ နာ့ဗ်ကြောစနစ်ရဲ့ စွမ်းဆောင်အားကို ကောင်း စေပြီး ခုခံအားစနစ်ကို အားကောင်း စေပါတယ်။ အိုမီဂါ သရီးဖက်တီး အက်စစ်ဟာ အမြင်အာရုံ အားကောင်းစေပြီး မြင်လွှာရဲ့လုပ်ငန်း ဆောင်တာကို ကောင်းစေပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ရရှိအောင် ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ အခွံမာသီး စတာ တွေကို စားပေးရပါမယ်။

သွပ်ဓာတ်
သွပ်ဓာတ်ဟာ မျက်စိအတွက် မရှိမဖြစ် သတ္တုဓာတ် တစ်မျိုးဖြစ်ပါတယ်။ သွပ်ဓာတ်ဟာ မျက်လုံးရဲ့ ရောင်ခြယ်ဆဲလ် ဖြစ်တဲ့မယ်လ နင်ထုတ်လုပ်ဖို့ အလို့ငှာ ဗီတာမင်အေကို အသည်း ကနေ မြင်လွှာဆီကို ပို့ဆောင် ပေးတဲ့ ကဏ္ဍမှာ ပါဝင် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သွပ်ဓာတ်ပါဝင်တဲ့ အာဟာရတွေဖြစ်တဲ့ ကမာကောင်၊ အသား၊ ပုဇွန်လို အခွံမာ ငါး၊ နွားနို့၊ မြေပဲ၊ ရွှေဖရုံစေ့၊ ချောကလက်နဲ့ ဂျုံ စတာတွေကို စားပေး သင့်ပါတယ်။

ကောင်းမွန်တဲ့ အာဟာရ ဓာတ်တွေဟာ အသက်ကြီးခြင်းနဲ့ ဆက်စပ်နေတဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ မျက်စိကျန်းမာရေး သုတေသနတွေအရ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သိရှိခဲ့ပြီးပါပြီ။ ဒါကြောင့် မျက်စိကျန်းမာရေးကို အလေးထား ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Myawady  News
လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာ ပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။

ဆိုတေးအားထိုင်းတွင်ဆေးကုသမှုခံယူရန်၎င်း၏ဇနီးမှတာဝန်ယူပေးမည်ဟုဆို

ဆိုတေးအားထိုင်းတွင်ဆေးကုသမှုခံယူရန်၎င်း၏ဇနီးမှတာဝန်ယူပေးမည်ဟုဆို

Wednesday, July 17, 2013

ကားအက်ဆီဒင့်ဖြစ်မှုကြောင့်မန္တလေးဆေးရုံတွင်တေးကုသမှုခံယူနေရသောတေးသံရှင်ဆိုတေး၏အခြေအနေမှာမသက်သာပါက ထိုင်းနိုင်ငံရှိဆေးရုံ၌ဆေးကုသမှုခံယူနိုင်ရေး အတွက် ၄င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန်ယူကုသပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

၎င်းနှင့်ဆိုတေး(ခ)အောင်သက်ပိုင်တို.မှာ မြ၀တီမြို.တွင်တွေ.ဆုံချစ်ကြိုက်ကာထိုင်းနိုင်ငံ၊ ဘန်ကောက်မြို.တွင်အတူပေါင်းသင်းနေထိုင်ခဲ.ခြင်းဖြစ်ပြီးဇွန်လအတွင်းကဆိုတေးမှ၎င်း၏ ဇနီးဆိုသူအား၎င်း၏မိသားစုဝင်များနှင့်တွေ.ဆုံပေးခဲ.ကြောင်း၊ထိုနောက်
ဇူလိုင်လ(၄) ရက်နေ.တွင် ၄င်းတို.နှစ်ဦးသည်ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ ၄င်းဇနီးဟုဆိုသောအမျိုးသမီးနှင့်အတူသွားရောက်နေထိုင်ခဲ.ကြကြောင်း ၊ ထို.နောက်ဆိုတေးသည် မြန်မာနိုင်ငံ၌၄င်းလက်ခံထားသောရှိုးပွဲရှိသည်ဟုဆိုကာ၎င်းမှ ဘန်ကောက်မှရန်ကုန်သို.လေယာဉ်ဖြင့်လည်းကောင်း၊၄င်း၏အမျိုးသမီးဖြစ်သူကမဲဆောက်မှ ရန်ကုန်သို.လည်းကောင်းဇူလိုင်(၁၀)ရက်နေ.တွင်ရောက်ရှိ
ခဲ.ကြကြောင်း၊၄င်းနောက်ဆိုတေးမှ၎င်း၏အမျိုးသမီးဖြစ်သူအားရန်ကုန်ရှိဟိုတယ်တစ်ခုတွင်ခေတ္တထားခဲ.ကာပုဂံမြို.တွင်ရှိုးပွဲရှိ သည်ဟုဆိုကာဇူလိုင်လ(၁၄)ရက်နေ.တွင် တောင်သာမြို.သိုရန်ကုန်-မန္တလေးအမြန်လမ်းမှသွားရောက်စဉ်ယာဉ်တိမ်းမှောက်မှုဖြစ်
ပွားခဲ.ခြင်းဖြစ်ကြောင်း ၄င်း၏အမျိုးသမီးဖြစ်သူဟုဆိုသူမချိုချို(ခ) Cream ကပြောသည်။

ကျွန်မ သူကားမှောက်တယ်လို.သတင်းကြားကြားချင်းမန္တလေးဆေးရုံကိုလိုက်သွားပေမဲ. သူမိသားစုတွေကကျွန်မကိုသူနဲ.တွေ.ခွင့် မပေးခဲ.တဲ.အပြင်ကျွန်မတို.နှစ်ယောက်ရဲ. ကိစ္စကိုဘယ်သူမျမသိအောင်နေပေးဖို.သူ.အစ်ကိုကပြောခဲ.တယ်။နောက်ထပ်သိရတာက
သူနဲ.အတူပါသွားပြီးဆုံးသွားတဲ.မိန်းကလေးက အရင်ကျွန်မနဲ.စတွေ.စဉ်တုန်းကပါလာခဲ .ပေမဲ. သူကို.မေးကြည့်တော့သူကသူနဲ.ဘာမှမပတ်သတ်ဘူးလို.ပြောခဲ.ပြီးကျွန်မကို ချစ်ရေးဆိုခဲ.လို.သူ.အချစ်ကိုလက်ခံခဲ.ပြီးအတူပေါင်းသင်းနေထိုင်ခဲ.တာ။နောက်ပြီးဒီ
ကိစ္စကိုသူမိသားစုတွေလည်းသိတယ်။အခုသတင်းတွေထွက်တော့သေဆုံးသွားတဲ.မိန်းကလေးကသူ.ဇနီးဆိုပြီးသတင်းတွေ ထွက်နေတာနဲ.ကျွန်မအပေါ်သူမိသားစုက ဆက်ဆံတာမကြိုက်လို. အခုလိုပြောရတာပါ။ဟု ၄င်းကဆိုသည်။

ထို.အပြင် မန္တလေးဆေးရုံသို.ဆိုတေး၏အခြေအနေအားကြည့်ရန်သွားရောက်စဉ် ၄င်း၏အကို ဖြစ်သူ ကိုဇာနည်ဆိုသူမှဆိုတေးနှင့်ပတ်သတ်သောကိစ္စများအားအခြားမည်သူကိုမှ မပြောရန်ပြောဆိုခဲ.သည်ဟုသူမကထပ်မံပြောသည်။

ကျွန်မအနေနဲ.ဆိုတေးကိုတကယ်ချစ်ခဲ.တာပါ။သူဘာသာကျွန်မအပေါ်ဘယ်လိုပဲလိမ်လိမ် ကျွန်မအနေနဲ.သူ.အပေါ်မှာစိတ်ဆိုးမိသလိုအရမ်းလည်းသနားမိတယ်။သူ.အပေါ်ထားတဲ. အချစ်တွေလည်းပျောက်သွားမှာမဟုတ်ပါဘူး။အခုမန္တလေးဆေး၇ုံမှာသူ.
အခြေအနေမကောင်းရင်ဘန်ကောက်ကဆေးရုံမှာသူရောဂါလုံးဝပျောက်ကင်းသွားတဲ. အထိဆေးကုပေးသွားဖို.အထိစီစဉ်ထားတယ်ဟု၎င်းကထပ်လောင်းပြောသည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍တေးသံရှင်ဆိုတေး၏ဇနီးဖြစ်သူဟုဆိုသောမချိုချို(ခ)Cream၏ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပြီးအသေးစိတ်သိရှိလိုပါက၄င်းအား ဆက်သွယ်မေးမြန်းနိုင်ကြပါသည်။အထက်ပါသတင်းတွင်ဖောပြထားသောဓာတ်ပုံများမှာလည်း
ကာယကံရှင်၏သဘောတူခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ကြောင်းထပ်လောင်းအသိပေး အပ်ပါသည်။

တေးသံရှင်ဆိုတေးနှင့်၎င်း၏ဇနီးဆိုသော မချိုချို တို.ကားအက်ဆီဒင့်မဖြစ်မှီယခုနှစ်ဇူလိုင် လ
အတွင်းထိုင်းနိုင်ငံဘန်ကောက်တွင်အမှတ်တရရိုက်ကူးထားသောဓာတ်ပုံအချို.


http://www.searchmyanmar.com/link/frame/cid/25148/domain/yeyintnge.com 
ကားအက်ဆီဒင့်ဖြစ်မှုကြောင့် မန္တလေးဆေးရုံတွင်ဆေး ကုသမှုခံယူနေရသောတေးသံရှင်ဆိုတေး၏ အခြေအနေမှာမသက်သာပါက ထိုင်းနိုင်ငံရှိဆေးရုံ၌ဆေးကုသမှုခံယူနိုင်ရေး အတွက် ၄င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန်ယူကုသပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

တွံတေးတွင် အမျိုးသမီး တစ်ဦး ခေါင်းဖြတ် အသတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကလိတော ကျေးရွာအုပ်စု ကြည်တန်း ကျေးရွာရှိ ကွမ်းခြံ တစ်ခုတွင် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက အသက် ၅၇ နှစ်အရွယ် ဒေါ်စိန်သန်းဆိုသူ အမျိုးသမီး တစ်ဦး ခေါင်းဖြတ် အသတ်ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ရာတွင် ဆူပူအောင် လှုံ့ဆော်ဟု ဆိုသူကို ထပ်မံ ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ဘင်္ဂါလီ လူဦးရေ စာရင်း ကောက်ခံရာတွင် ဆူပူမှု ဖြစ်ပွားအောင် လှုံ့ဆော်ခဲ့ သည်ဟုဆိုကာ AZG ဝန်ထမ်းဟောင်း ဦးကျော်လှအောင်ကို ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေကြောင်း စစ်တွေမြို့ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်း သေမင်းတမန် လမ်းမကြီးလား

Photo: ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်း သေမင်းတမန် လမ်းမကြီးလား
Wednesday, July 17, 2013

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန် လမ်းမကြီးပေါ်မှာ လူထိခိုက် သေဆုံးတာတွေ များလာတာကြောင့် လူမှုကွန်ရက် တွေ၊ ဆိုရှယ်မီဒီယာတွေမှာ အမြန်လမ်းမကြီးကို သေမင်းတမန် လမ်းမကြီးလို့ ပြောင်းခေါ်သင့်နေပြီဆိုတဲ့ သုံးသပ်ချက်တွေ၊ အသံတွေ ထွက်ပေါ်လာပါတယ်။

အခုလို အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆ ထိခိုက်မှုတွေ၊ လူသေဆုံးမှုတွေ အများအပြား ဖြစ်လာတာဟာ လမ်း တည်ဆောက်မှု အားနည်းတာ၊ လမ်း အရည်အသွေး မမီတာကြောင့်ဆိုပြီး လူထုဆီက ဝေဖန်သံတွေ ဆက်တိုက် ထွက်လာတဲ့ အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ အမြန်လမ်း အင်ဂျင်နီယာတွေလည်း လမ်းကြီး ပိုပြီးကောင်းမွန်ဖို့ကို ကြိုးစား အဖြေရှာ နေကြတယ်လို့ အမြန်လမ်း အင်ဂျင်နီယာမှူး ဦးမျိုးမြင့်က ဧရာဝတီကို ပြောပါတယ်။ ဒါပေမယ့် အမြန်လမ်းမကြီးကို သေမင်းတမန် လမ်းမကြီးလို့ ခေါ်နေသလို လမ်းအင်ဂျင်နီယာတွေ ကိုလည်း လူသတ်သမားတွေလို့ ဝေဖန်သုံးသပ်နေတဲ့ အပေါ်ကိုတော့ သူက မှတ်ချက် မပေးပါဘူး။

“လမ်းမှာ ကာကွယ်မှုတွေ လုပ်နေတဲ့ကြားထဲက ယာဉ်တိုက်မှုတွေ ဖြစ်နေရတာကို ကျနော်တို့လည်း စိတ်မကောင်းပါဘူး၊ ကျနော်တို့ ဘက်ကလည်း လမ်းရဲ့ လိုအပ်ချက်တွေကို ပြင်နေပါတယ်။ ဒီလမ်းကြီးက မပြည့်စုံသေးတဲ့ လမ်းကြီးတခုဖြစ်ပြီး အများပြည်သူ သွားလို့ရအောင်ဆိုပြီး ဖွင့်လှစ်ခဲ့ရတာကြောင့် လိုအပ်ချက်တွေလည်း ရှိပါတယ်” လို့ အမြန်လမ်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အမြန်လမ်းကို ပြန်လည်ပြုပြင်ဖို့အတွက် USAID နဲ့ JICA ကလည်း လမ်းတွေကို ဆာဗေးတိုင်းတာမှု၊ စစ်ဆေးမှုတွေ လုပ်နေဆဲ အဆင့်မှာသာ ရှိသေးပြီး ပြုပြင်ဖို့နည်းလမ်း၊ ကုန်ကျစရိတ် စတဲ့ ဘယ်ကိစ္စကိုမှ လက်ရှိအချိန်ထိ မစတင် ရသေးဘူးလို့ သိရပါတယ်။

လတ်တလောမှာတင် ဖြစ်ပွားခဲ့တဲ့ အဆိုတော် ဆိုတေးရဲ့ ယာဉ်မတော်တဆမှုမှာဆိုရင် ယာဉ်မောင်းနှင်သူဟာ သတ်မှတ် ကီလိုမီတာ နှုန်းထက် များစွာ ပိုမိုမောင်းနှင်တာ တွေ့ရသလို၊ လမ်းကြောကျွမ်းကျင်မှုလည်း လိုအပ်နေတာတွေကြောင့် ဖြောင့်တန်းနေတဲ့ လမ်းကြောပေါ်မှာ မဖြစ်သင့်ဘဲ ဖြစ်သွားရတဲ့ အခြေအနေတခုလို့ အင်ဂျင်နီယာမှူးကြီးက ရှင်းပြပါတယ်။

အမြန်လမ်း အင်ဂျင်နီယာတွေက လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်မောင်းတွေကို မေးမြန်းကြည့်ရာမှာတော့ ရံဖန်ရံခါ သွားလာတဲ့သူတွေ အဖြစ်များပြီး လမ်းတလျှောက် တံတားတွေက အနိမ့်အမြင့်တွေ များသလို၊ လမ်းပေါ် ရေဝပ်တာတွေ ကိုလည်း ပြင်ဖို့လိုကြောင်း အကြံပြုကြတယ်လို့ သိရပါတယ်။

ပုံမှန် အမြန်လမ်းပေါ် သွားလာနေကျ ကုမ္ပဏီ ယာဉ်မောင်းတဦးဖြစ်သူ ကိုသန့်ဇင် ကတော့ “အမြန်လမ်းကို သွားရင် အန္တရာယ် ရှိတာ ကျနော်တို့တွေ တွေးနေကျပဲ၊ ဒါကြောင့် အဲဒီလမ်းကို သွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားရတယ်။ ပုံမှန် ကီလို ၁၀၀ နဲ့ မောင်းရင် ကြာတော့ အိပ်ငိုက်လာတာ တွေကြောင့် ကီလိုကို နည်းနည်း ကစားပြီး မောင်းပေးရတယ်” လို့ ဆိုပါတယ်။

ယာဉ်မောင်းသူတွေက လမ်းညွှန်ဆိုင်းဘုတ်တွေ အများအပြား စိုက်ထူထားတာ တွေ့ကြပေမယ့် တချို့ဆိုင်းဘုတ်တွေက  ဆေးပျက်နေတာတွေ၊ ယိုင်လဲ နေတာတွေကြောင့် လမ်းညွှန်ဆိုင်းဘုတ်ကိုချည်း အားမကိုးဘဲ လမ်း အနေအထားကို ကြည့် ပြီး မောင်းနှင်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“အမြန်လမ်းက ကွန်ကရစ်လမ်း ဖြစ်နေတော့ နေပူနေတဲ့ အချိန်ဆိုရင် ကားဘီးလေပေါင်ချိန်က ကွန်ကရစ်လမ်းနဲ့ တွေ့ပြီး တက်လာတယ်။ ဒါကြောင့် တာယာတွေ ကွဲကုန်တာ။ အမြန်လမ်းမှာဖြစ်တဲ့ ယာဉ်တိုက်မှု တချို့ကို တွေ့တာတော့ ရိုးရိုးလေပဲ ထိုးတာဆိုတော့ အပူများပြီး လေပေါင်ချိန်တက်ရာက တာယာကွဲ၊ ယာဉ်မှောက်တာပဲ” လို့ အမြန်လမ်းမကြီးကို သွားလာလေ့ ရှိတဲ့ ယာဉ်မောင်း ကိုအောင်မြင့်ကျော်က ပြောပြပါတယ်။

ဒါကြောင့် ကားမောင်းတဲ့သူ အများစုကတော့ ကွန်ကရစ်လမ်းဖြစ်တဲ့ အမြန်လမ်းကို ဖြတ်သန်းတော့မယ်ဆိုရင် ကားကို နိုက်ထရိုဂျင်လေ ထိုးပြီးမှ သွားကြတယ်လို့ သိရပါတယ်။ ပုံမှန်လေ ပေါင်ချိန်က ကွန်ကရစ်လမ်းနဲ့ တွေ့ရင် ခုန်ပြီး လေပေါင်ချိန် ၁၀ ပေါင်၊ ၁၅ပေါင် လောက်အထိ မြင့်တက်လာစေတာကြောင့် တာယာကွဲနိုင်တယ်လို့လည်း သိရပါတယ်။ ကတ္တရာ လမ်းတွေမှာတော့ ရိုးရိုး လေပေါင်ချိန်က ကတ္တရာဆွဲအားကြောင့် လေပေါင်ချိန် မတက်တော့ ပြဿနာ မရှိတာကြောင့် ကွန်ကရစ် ခင်းထားတဲ့ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးကို သွားမယ်ဆိုရင်သာ ကားလေကို နိုက်ထရိုဂျင်ထိုးပြီး ယာဉ် မတော်တဆမှု မဖြစ်အောင် ကြိုတင်ကာကွယ် နေကြရတယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးကို ပြုပြင်နိုင်ဖို့ အကူအညီပေးမယ့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ တာနာကာက Myanmar Times ဂျာနယ်မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီးတော့ “ဘတ်ဂျက်ငွေ မလုံမလောက်နဲ့ လမ်းဖောင်ဒေးရှင်း ကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အခုတော့ မြန်မာတွေဟာ ထိန်းသိမ်း ပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ” လို့ သုံးသပ် ရေးသားထားတာ တွေ့ရပါတယ်။

ဇူလိုင် ၁၅ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာတော့ ဆောင်းပါးရှင် ဖေဒီ ဆိုသူက အမြန်လမ်းမကြီးကို သွားဖို့အတွက် ခရီးသည်တွေ အနေနဲ့ ကားပေါ်မှာ အိပ်မနေဘဲ စကားများများ ပြောသင့်တဲ့အကြောင်း၊ မီးတွေမပိတ်ဘဲ မောင်းသင့်တဲ့ အကြောင်း၊ ကားဆရာ အနေနဲ့လည်း စပယ်ယာနဲ့ စကားပြောနေတာက အိပ်ငိုက်တာကို ပြေပျောက် စေတဲ့အကြောင်း အကြံပြု ထားပါတယ်။

ဒါ့အပြင် အမြန်လမ်းကို ဖြတ်သန်းရမယ့် ကိုယ်ပိုင်ကား၊ ခရီးသည်တင် ကားတွေအနေနဲ့ သွားလာတဲ့ လမ်းတလျှောက်မှာ မေတ္တာပို့သ အမျှပေးဝေခြင်းတွေကို သတိတရ လုပ်သွားဖို့ ဆောင်းပါးရှင်က အကြံပြုထားတာ တွေ့ရပါတယ်။

ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ရန်ကုန် – နေပြည်တော် – မန္တလေး အမြန် လမ်းမကြီးပေါ်မှာ လူထိခိုက် သေဆုံးတာတွေ များလာ တာကြောင့် လူမှုကွန်ရက် တွေ၊ ဆိုရှယ်မီဒီယာတွေမှာ အမြန်လမ်းမကြီးကို သေမင်းတမန် လမ်းမကြီး လို့ ပြောင်းခေါ်သင့်နေပြီဆိုတဲ့ သုံးသပ်ချက်တွေ၊ အသံတွေ ထွက်ပေါ်လာပါတယ်။

ခွင့်ပြုမိန့် မရပါခဲ့လျှင်လည်း တောင်ကြီး NLD အာဇာနည်နေ့ အခမ်းအနား လုပ်မည်

လာမည့် ဇူလိုင် ၁၉ တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ရန်အတွက် ခွင့်ပြုမိန့် မရပါကလည်း လုပ်ဆောင်သွားရန်ရှိသည်ဟု တောင်ကြီးခရိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းကို အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်

boomber-july17    boomber2-july17
အိန္ဒိယရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံ (Photo:AFP)
ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ တစ်နေရာဖြစ်သော ဗုဒ္ဓဂယာ ၀င်းအတွင်း ဗုံးဖောက်ခွဲ

အစိုးရနှင့် ‘ဝ’ တပ်တို့ နှစ်ဘက်တပ်များ ဆုတ်ခွာ၊ စစ်ရေးအခြေအနေ တည်ငြိမ်

စစ်ရေးတင်းမာနေခဲ့သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် အစိုးရ တို့ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဘက် တပ်များ ဆုတ်ခွာပေးလိုက်ပြီး စစ်ရေးအခြေ အနေ တည်ငြိမ်လျက် ရှိသည်ဟု UWSA ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးဆမ်ခွန်းက ပြောကြားခဲ့သည်။

စားသုံးသင့်တဲ့ မုန်လာဥနီ

မြန်မာ လူမျိုးတွေဟာ မုန်လာဥနီကို ကြော်စားတာပဲ ဖြစ်ဖြစ်၊ အစိမ်းလိုက် သုပ်စားတာ ပဲ ဖြစ်ဖြစ် ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေထဲမှာ  ထည့်ကြော်စားတာပဲ ဖြစ်ဖြစ် ပုံစံမျိုးစုံနဲ့ စားသောက်တတ် ကြပါတယ်။ 

ကျပ်သိန်း ၁၄၀ဝ ကျော်ရှိ မူးယစ်ဆေးနှင့် အတူ စိန်ပြောင်း၊ လက်ပစ်ဗုံးတို့ ပါဝင်သည့် လက်နက်အမြောက်အမြား သိမ်းဆည်းရမိ

ကျပ်သိန်း ၁,၄၀ဝ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက် အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖမ်းဆီးရရှိမှုနှင့်ဆက်စပ်၍ အခြားအိမ်တစ်လုံးသို့ ဇူလိုင် ၁၄ ရက်က ဝင်ရောက်ရှာဖွေရာတွင် သေနတ်၊ လက်ပစ်ဗုံး၊ စိန်ပြောင်း အပါအဝင် လက်နက်သုံးလက်တို့ကို ရှာဖွေတွေ့ရှိရသည်ဟု တောင်ကြီးရဲစခန်းက သတင်း ထုတ်ပြန်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ခြောက်သိန်းကျော်ရှိပြီး ကရင်ပြည်နယ် တစ်ဝိုက်တွင် ရွှေ့ပြောင်းဒုက္ခသည် အများဆုံးဖြစ်နေ

kayin-july17
ထိုင်း-မြန်မာ နယ်စပ်အနီးရှိ မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ကရင်တိုင်းရင်းသားများကို ၂၀၁၂ ခုနှစ် ဇွန်လက တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
မြန်မာတစ်နိုင်ငံလုံးတွင် ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၆၃၂၀၀၀ ကျော်ရှိနေပြီး နှစ်ကာလ ကြာရှည်

မိမိ ကိုယ်တိုင်ရော လက်အောက်ရှိ တပ်ဖွဲ့ဝင် များကိုပါ ကျန်းမာရေးနှင့် လျော်ညီအောင် စားသောက် နေထိုင်ရေး ကြပ်မတ် ထိန်းသိမ်းပေး

နေပြည်တော် ဇူလိုင် ၁၆
တပ်မတော်သည် စည်းကမ်းကို အခြေခံ ထား၍ စည်းကမ်းရှိသော တပ်မတော်ဖြစ်ရန် အတွက် အရာရှိ၊

သမိုင်းခုံးတံတားအနီးရှိ ဗဟိုလမ်းနှင့် သမိုင်းဘူတာရုံလမ်းတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွား

naturalgas-july17
သမိုင်းဘူတာရုံလမ်းတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်နေသည့် နေရာကို ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီခန့်က တွေ့ရစဉ် (ဓါတ်ပုံ-မျိုးမင်းထက်)
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းခုံးတံတား အနီးရှိ ဗဟိုလမ်းနှင့် သမိုင်းဘူတာရုံ လမ်းတို့တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဟု နိုင်ငံတော်သမ္မတ ပြောကြား

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေရာ တရားဥပဒေနှင့်အညီ ပွင့်လင်းမြင်

သမ္မတ အနေဖြင့် နှစ်မကုန်မီ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု ပြောကြားမှုကို တည်ကြည်စွာနှင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားများ နှစ်မကုန်မီ လွှတ်ပေးမည်ဟု ပြောကြားမှုကို ကြိုဆိုကြောင်းနှင့် သမ္မတအနေဖြင့် ၎င်း၏ပြောကြားမှုကို တည်ကြည် စွာနှင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များက ပြော ကြားသည်။        

ဗဟိုအုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေချိန်တွင် စနစ်ဟောင်းမှ အမူအကျင့်များ ရပ်တန့်နိုင်ရေး ကြိုးစားနေဟု နိုင်ငံတော်သမ္မတ ပြောကြား

ဗဟိုအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေချိန်တွင် စနစ်ဟောင်းမှ အမူ အကျင့်များ ရပ်တန့်နိုင်ရေး ကြိုးစားနေဟု ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ

တပ်ကသိမ်းထားသည့် လယ်မြေများထဲမှ ဧက ၁၈၃၆၀ ကျော် မူလပိုင်ရှင်ထံ ပြန်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

military-july17
မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိ နယ်မြေအတွင်းရှိ တပ်သိမ်းလယ်မြေများအား အရှေ့တောင်တိုင်း စစ်ဌာန ချုပ် စခန်းရုံးမှ တာဝန်ရှိသူအချို့ စစ်ဆေးရန် ဇူလိုင် ၃ ရက်က ရောက်ရှိစဉ် (ဓာတ်ပုံ-မောင်မောင်ရွှေမြိုင်)
တပ်မတော်က သိမ်းယူထားခဲ့သည့် လယ်ယာမြေများထဲမှ ပြန်လည်ပေးအပ်၍ရသည့် လယ်ယာမြေ

ရာဇာမင်း ခရီးသည်တင်ယာဉ်အား မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါသုံးဦးကို ဖမ်းမိ

ရာဇာမင်း ခရီးသည်တင်ယာဉ်အား မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင် သူနှင့် အပေါင်းပါသုံးဦးကို အခင်းဖြစ်ပွားပြီး တစ်လကျော် အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခြေထောက်လေးချောင်းပါ ကလေးငယ်ကို ရန်ကင်းကလေး ဆေးရုံကြီး၌ စတင်ခွဲစိတ်

4legsbaby-july17
ဇူလိုင် ၁၆ ရက်က ရန်ကင်းကလေး ဆေးရုံကြီးတွင် ကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက်လေးချောင်းပါ သုံးလခွဲအရွယ် ကလေး