Wednesday, October 1, 2014

မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအသွင် အဓိကရုဏ်းကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေးတရုတ်တစ်ဦးက စီစဉ်ခဲ့

မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအသွင် အဓိကရုဏ်းကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေးတရုတ်ဦးက စီစဉ်ခဲ့၊ ထိုစဉ်က ဆူပူ သောင်းကျန်းသူများမှာ ထိုတရုတ်၏ ရွှေလီစက်ရုံမှ ၀န်ထမ်းများဖြစ် မန္တလေးတွင် ဟာဂျီ ထွန်းထွန်းနှင့် တူတော်တူ ဆန်းဝင်းတို့ မြေကွက်ကိစ္စ ပြသနာ ဖြစ်ပွားရာမှ မြန်မာမိန်းကလေး တစ်ဦးကို

တရားမဝင် ဝင်ရောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ဦးလွှဲပြောင်းပေး

တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင် ရောက်လာမှုကြောင့် လဝကဥပဒေ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၂ဦးကို စက်တင်ဘာ၃ဝရက်နေ့ နံနက် ၉နာရီခွဲက မောင်တောနယ်စပ်
အမှတ်(၁) ဝင်/ ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်သို့ လွှဲပြောင်းပေးလိုက် ကြောင်း သတင်းရရှိသည်။

ညီမဖြစ်သူကိုထပ်မံယူလိုက်တဲ့မိန်းမနှစ်ယောက်နဲ့ ရင်နာ စရာဇာတ်လမ်း (အသိခေါက်ခက် အဝင်မနက်ကြပါနဲ့)

ဒီဆောင်းပါးကို ဖော်ပြရခြင်းအဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ အိမ်ထောင်ပြုကြတဲ့အခါ အိမ်ထောင်ဘက် အရွေးမမှားရလေအောင် ဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ မနက်က ဦးဇင်း ဒကာမကြီးတစ်ယောက်အိမ်ကို ဆွမ်းစားကြွပါတယ်။
 အဲဒီမှာ အနီးအနားရဲ့ လူနေထိုင်မှုအခြေအနေတွေ မေးကြည့်တယ်။ ဘာသာခြားတွေရဲ့ အခြေအနေတွေကိုပေါ့။ သူတို့အိမ်နား မနီးမဝေးမှာ

မလေးရှားရှိ ATM စက်များမှဒေါ်လာ ၁ဒသမ၂သန်း ခိုးယူခံရ


လက်တင်အမေရိက ဂိုဏ်းတစ် ခုသည် မလေးရှားနိုင်ငံ ဆီးလန်ဂေါ် ဂျိုဟော်နှင့် မာလက်ကာတို့မှ ATM စက် ၁၄ခုမှ မလေးရှားငွေ သုံးသန်း (စင်ကာပူဒေါ်လာ၁ဒသမ၁၆) သန်းနီးပါး ခိုးယူခဲ့သည်။
ထို ATM စက်များသည် Affin ဘဏ်၊ Ai Rojihi ဘဏ်နှင့် Isiam ဘဏ်တို့မှ ဖြစ်ပြီး ထိုဘဏ်များ၏ သီးခြားအကောင့်များမှာ ခိုးယူမခံခဲ့

လေကြောင်းမှ တိုက်ခိုက်ရုံဖြင့် IS အဖွဲ့ကို အပြီးသတ် မချေမှုန်းနိုင်ဟု ပင်တဂွန် ထိပ်တန်းအရာရှိ ပြောကြား


လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရုံမျှဖြင့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်မည် မဟုတ်ဟု အမေရိကန် စစ်ဘက် ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သည့် နောက်တန်း စစ်သေနာပတိ ဂျွန်ကာဘီက IS

ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရဟု စင်ဟွာသတင်းတွင်ဖော်ပြ

ခါကာဘိုရာဇီ တွင် မြန်မာတောင်တက်သမားနှစ်ဦးတို့ကို ရှာဖွေနေသည့် အဖွဲ့မှ ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်း မြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရကြောင်း စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။


နောင်မွန်းနယ်ထဲရှိ ကျေးရွာသားများ က ပေးပို့သည့်သတင်းကို ဒေသအာဏာ ပိုင်များက စက်တင်ဘာ ၃ဝရက်၊ ဒေသစံတော် ချိန် နံနက်၃နာရီ၌ လက်ခံရရှိခဲ့ကြောင်း၊ ယင်းအာဏာပိုင်များက တစ်ဖန်ရှာဖွေရေး အဖွဲ့များအခြေစိုက်ရာ ပူတာအိုမြို့သို့ ဆက် လက်သတင်းပို့ထားကြောင်း စင်ဟွာသတင်း အေဂျင်စီက ရေးသားဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်စီစဉ်

Photo: တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်စီစဉ်
==================================================

ရန်ကုန်၊ စက်တင်ဘာ ၃ဝ။

မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော ဌာန ပိုင်မြေများတွင် တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ကာ အရစ်ကျစနစ် ဖြင့်ရောင်းချပေးရန် စီစဉ်နေကြောင်း  မွေးမြူရေး၊ ရေလုပ်ငန်းကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ယင်းစီမံကိန်းကို တစ်နိုင်ငံလုံး တွင်တည်ရှိသော ဌာနပိုင်မြေများ တွင် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဝန်ကြီးဌာနရုံးတွင် တာဝန် ထမ်းဆောင်နေသူများနှင့် အရပ်ဘက် အိမ်ရာမရှိသော ပြည်သူများအ တွက် အရစ်ကျငွေပေးချေစနစ်ဖြင့် ပေးချေနိုင်သည့် တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံဆောက်လုပ်ရန် ဝန် ကြီးဌာန၊ မြန်မာနိုင်ငံတကာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ နှင့် အကျိုးတူပူးပေါင်းဖော်ထုတ် နိုင်ရန် စိတ်ပါဝင်စားသူ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို စတင် ဖိတ်ခေါ်နေကြောင်း သိရသည်။

'' တစ်နိုင်ငံလုံးမှာရှိတဲ့ ဌာ နပိုင်မြေတွေမှာ ဆောက်လုပ်သွား မယ်။ အခုစပြီး စိတ်ဝင်စားတဲ့သူတွေ ကို ဖိတ်ခေါ်တာပါ။ အဓိကရည်ရွယ် တာကတော့ အိမ်ရာမရှိတဲ့သူတွေ ကို ဈေးသက်သက်သာသာနဲ့နေထိုင် နိုင်အောင်ပါ''ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြား ရေးမှူးချုပ် ဦးစိုးကိုကိုက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် Town  Plan/Village plan (မြို့ပြ၊ကျေး  လက်စီမံကိန်း)များနှင့်အညီ တန်ဖိုး နည်းအိမ်ရာများ ဆောက်လုပ်မည့် မြေနေရာများကို ဝန်ကြီးဌာနမှ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်းကို အမြန်ဆုံးဖော် ဆောင်နိုင်ဖို့ လုပ်ကိုင်ဆောင်ရွက် နေပါတယ်။ စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်တယ်။ ပြီးမှ လုပ်ငန်းခွင် ဆောင်ရွက်ခွင့်ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် တင်ဒါစနစ်နဲ့ ရွေး ချယ်သွားမှာပါ။ အိမ်ရာမရှိတဲ့သူ တွေကို ဦးစားပေးမယ်။ ကျေးလက် တင်မဟုတ်ဘူး။ မြို့ပြမှာဆိုရင်လဲ ဆင် ခြေဖုံးတွေမှာ နေရတဲ့သူတွေအများ ကြီးပဲ''ဟု ဦးစိုးကိုကိုကပင် ပြောသည်။

ယင်းစီမံကိန်းကို ဖော်ဆောင် ရန် စတင်စီစဉ်နေခြင်းအဆင့်သာရှိ နေသေးခြင်းကြောင့် ဆောက်လုပ် မည့် အရေအတွက်နှင့်ကုန်ကျမည့် ငွေကြေးကို အသေးစိတ်တွက်ချက် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အကျိုးတူ ပူးပေါင်းလုပ်ဆောင် ရန်စိတ်ဝင်စားသောကုမ္ပဏီများအ နေဖြင့် ကုမ္ပဏီ၏ အချက်အလက်များ နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနဝန်ထမ်းအိမ်ရာ နှင့် ကျေးလက်အိမ်ရာတည်ဆောက် ရေးအဖွဲ့သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။ 

AA

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော ဌာန ပိုင်မြေများတွင် တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ကာ အရစ်ကျစနစ် ဖြင့်ရောင်း ချပေးရန် စီစဉ်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းကျေး လက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သက်တောင့်သက်သာ အလုပ်လုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်လာပြီး လုပ်ခိုင်းတာက အနှိပ်ခန်း၊ ထွက်ပြေးနိုင်လို့တော်သေးတာပေါ့

ရှမ်းပြည်(မြောက်ပိုင်း)၊လား ရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၅)၊ ကွတ်ခိုင်လမ်းနှင့် ဘုရားလမ်းထောင့်တွင် ဖွင့်လှစ်ထားသော “ခန့်ရှိုး အလှပြုပြင်ရေးဆိုင်”မှ ထွက်ပြေး လာသူ အမျိုးသမီးငယ် တစ်ဦး
ကို အမှတ်(၁၆)လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်အောင် လိန်ကီး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မျိုးသွင် ဦးစီးအဖွဲ့ ၀င်များနှင့်အတူ ရပ်ကွက်(၁)အုပ် ချုပ်ရေးမှူးရုံး၌  

ခရီးသွားမီးရထားတစီးပေါ်တွင်(၁၃) နှစ်အရွယ်ကလေးမလေး ကိုအဓမ္မပြုကျင့်ပြီးအလောင်းဖျောက်ခဲ့တဲ့ သူကိုသဒဏ်အမိန့် ချမှတ်

ထိုင်းနိုင်ငံ တောင်ပိုင်း ခရီးသွားမီးရထားတစီးပေါ်တွင် လိုက်ပါစီးနှင်း လာသည့်13 နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ပြီး ရထားပေါ်က ပစ်ချကာ အလောင်းဖျောက်ခဲ့တဲ့ ရထား ၀န်ထမ်းကို ဟွာဟင် ခရိုင်တရားရုံးက သေဒဏ်အမိန့် ချမှတ် လိုက်ပါ တယ်။

Waso Moe Oo

swimming pool fashion waso moe oo

အမေရိကန် မှာ အီဘိုလာ ရောဂါ ရှင် တွေ့ရှိ

အမေရိကန် နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါ ကူးစက် ခံရတဲ့ ဝေဒနာ ရှင် တဦးကို တွေ့ရှိ ခဲ့ပါတယ်။
လိုင်ဘေးရီးယား နိုင်ငံမှာ ရောဂါ ကူးစက် ခဲ့တဲ့ အမျိုးသားဟာ တက်ဆက် ပြည်နယ်က ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဗကသကျောင်းသူ မဖြူနှင်းထွေး၏ အာမခံ ထပ်မံပယ်ချခံရ

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင်ပါဝင်သည်ဟု စွပ်စွဲခံ ရသော ဗ.က.သ ကျောင်းသူ မဖြူနှင်းထွေးအမှု ဒုတိယမြောက် ရုံးချိန်း၌ အာမခံလျှောက်ထားခဲ့မှုအား ပယ်ချခံခဲ့ရပြီး ယခု တတိယမြောက် ရုံးချိန်း၌လည်း ဒုတိယအကြိမ်အဖြစ် အာမခံလျှောက် ထားရာ ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။

တောင်ဥက္ကလာပတွင် ဖြစ်ပွားနေသည့် ၀မ်းရောဂါမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့်ဖြစ်

တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် စီမံကိန်း(၁)တွင် ဖြစ်ပွားနေသည့် ၀မ်းရောဂါမှာ သောက်သုံးရေ မသန့် ရှင်းမှုကြောင့်ဖြစ်ပြီး လူနာများ၏ဓာတ်ခွဲနမူနာများကို အမျိုးသား ကျန်းမာရေး ဓာတ်
ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပေးပို့စစ်ဆေးထားကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သွေးရောင်လွှမ်းမယ့် သီတင်းကျွတ်လပြည့် လမင်းကြီး

လာမယ့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပြီး အဲ့ဒီ့နေမှာ လကြတ်ခြင်း ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ ဒါဟာ လမင်းကြီးက ကမ္ဘာရဲ့ အရိပ် ကျရောက်နေတဲ့နေရာကို ဖြတ်သန်းသွားခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။

ဗိုက်ပူလို့ စိတ်ညစ်နေသလား

စိန်ခေါ်မှုများစွာ ကြုံတွ့နေရတဲ့ ခုခေတ်အချိန်အခါမှာ ဘယ်သူက ကိုယ့်ဗိုက်ကို ဆယ့်နှစ်ရာသီ ပြားချပ်နေတာ မလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် နည်းနည်းကျပ် အဝတ်အစားတွေနဲ့ အဝတ်အစားအတိုအပြတ်တွေ အရှိန်အဟုန်နဲ့ ခေတ်စားလို့လာတဲ့ ဒီအချိန်မှာလေ။ ရိုးရိုးရှင်းရှင်းနည်းနဲ့ပဲ သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ဆုံးနည်းလမ်းတွေရှိပါတယ်။(၁) ညမအိပ်မီ လေးနာရီအတွင်း အစာမစားပါနဲ့

ကျပ်ငါးထောင်တန် ငွေစက္ကူအတုများပြည်သူများလက်ဝယ် မရောက်ရှိရေး မည်သို့ကာကွယ်ပေးမှာလဲ

Photo: ကျပ်ငါးထောင်တန် ငွေစက္ကူအတုများပြည်သူများလက်ဝယ် မရောက်ရှိရေး
မည်သို့ကာကွယ်ပေးမှာလဲ
===================================================

ကုန်မြို့၏ နာမည်ကျော်ဈေးကြီး တစ်ခုအတွင်း ရာသီပေါ်သီးနှံများအား 
ရောင်းချနေသည်မှာ ဆယ်နှစ်ကာလ သို့ရောက်ရှိလာပြီဖြစ်သော်လည်း ¤င်း၏ဆက်ဆံရေးကောင်းမွန်မှု၊ ဖော်ရွေမှုတို့ကြောင့် ဈေးရောင်းချသူအချင်းချင်းနှင့်သာမက ဈေး ဝယ်သူများ၊ ဈေးတာဝန်ခံများနှင့် တစ်ကြိမ် တစ်ခါမျှ စကားများရန်ဖြစ်ခြင်းမရှိခဲ့ချေ။ 

သို့သော်လည်း ယခုတွင်မူ သူမလုပ်ခဲ့သော အကြောင်းအရာတစ်ခုကြောင့် ပြစ်မှုတစ်ခုခု အားကျူးလွန်သော တရားခံတစ်ယောက်ပမာ သူရဲစခန်းသို့ရောက်ရှိခဲ့ပြီး စစ်ဆေးခံနေရသည်။

သူဈေးရောင်းနေရာသို့ရဲတပ်ဖွဲ့ဝင်များ ရုတ်တရက်ရောက်ရှိလာပြီး စစ်ဆေးမေးမြန်း ရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ယူသွားသည့် အတွက် အလွန်အမင်းအံ့အားသင့်ထိတ်လန့် တုန်လှုပ်သွားခဲ့ရသကဲ့သို့ အနေအထိုင်အေး ဆေးပြီး ရိုးရိုးသားသား ဈေးရောင်းချခြင်းဖြင့် မိသားစု ဝမ်းစာရေးအား ဖြေရှင်းနေသောသူ့ အား ယခုကဲ့သို့လာရောက် ဖမ်းဆီးခေါ်ဆောင် ခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိဈေးရောင်း ချသူများပါ အံ့အားသင့်ခဲ့ရသည်ဟု ရန်ကုန်မြို့ ၏ နာမည်ကျော်ဈေးကြီးတစ်ခုအနီး ရာသီပေါ် သစ်သီးဝလံများရောင်းချသည့် ကိုဝင်းလှိုင် (အမည်လွှဲ)ကဆိုသည်။

''အဲဒီနေ့ညနေပိုင်းကခါတိုင်းလိုပဲဒီနေရာ မှာ ဈေးရောင်းနေတုန်း ရဲတွေရောက်လာ တယ်။ အစတုန်းကတော့ သူတို့လဲကိုယ့် ဆီမှာ ဈေးလာဝယ်တာထင်ပြီး ဘာဝယ်မလဲ လို့မေးတော့ သူတို့က ခင်ဗျားဆီမှာငါးထောင် တန်အတုတွေရှိတယ်လို့သတင်းရတဲ့အတွက် စစ်ဆေးစရာရှိလို့ရဲစခန်းကိုလိုက်ခဲ့ပါဆိုပြီးလာပြောတယ်။ အဲဒီလိုပြောတော့ကျွန်တော် လည်း တော်တော်အံ့သြသွားတယ်။ ကျွန်တော် ဘာသာ ကောင်းရောင်းကောင်းဝယ်လုပ်စား နေတာ။ ကျွန်တော့်ဆီမှာ ငါးထောင်တန်အတု ဆိုတာလည်း ကြားသာကြားဘူးတာ။မြင်ဖူးတာ လည်းမဟုတ်ဘူး။ အခုကျွန်တော်ဆီကနေငါး ထောင်တန်အတုရတယ်ဆိုတော့ တော်တော် လန့်သွားတယ်။ နောက်တော့ကျွန်တော်ဆိုင် ကို ဘေးနားမှာရှိတဲ့ ဆိုင်နီးချင်းတွေကို ခဏ အပ်ပြီး ရဲစခန်းကိုလိုက်သွားတယ်။ ဟိုရောက် တော့အမှုစစ်က ငါးထောင်တန်တစ်ရွက်ကို ထုတ်ပြပြီး ဒီပိုက်ဆံက ခင်ဗျားဆီကနေရတယ် လို့ခင်ဗျားအကြွေသွားလဲတဲ့ဆိုင်ရှင်ကပြောတယ်။ ခင်ဗျားဒီငွေကိုဘယ်ကနေဘယ်လိုရတာလဲဆိုပြီး မေးတယ်။ ကျွန်တော်ကလဲ ဈေးသည်ဆိုတော့ လူပေါင်းစုံနဲ့ဆက်ဆံနေရတဲ့ အတွက် အဲဒီပိုက်ဆံဘယ်ကနေ ဘယ်လိုရလဲ ဆိုတာ တော်တော်လေးစဉ်းစားရတယ်။ နောက် တော့မှ အဲဒီနေ့ညနေ ၃ နာရီလောက်မှာ ကျွန် တော်ဆိုင်ကို တရုတ်လိုလိုနိုင်ငံခြားသားနှစ် ယောက်ရောက်လာပြီး ဈေးမဆစ်ဘဲ ငွေကျပ် နှစ်သောင်းဖိုးသစ်သီးတွေ ဝယ်သွားတာကို ပြန် သတိရသလို အဲဒီငွေနှစ်သောင်းကိုလည်း အဲဒီ လူတွေကပဲ ငါးထောင်တန် အသစ်လေးရွက် ကို ပေးခဲ့တယ်ဆိုတာသတိရပြီးအမှုစစ်ကိုပြော ပြခဲ့တယ်'' ဟု ၄င်းကြုံတွေ့ခဲ့ရသော ဖြစ်စဉ် အား ကိုဝင်းလှိုင်ကရှင်းပြသည်။

ထိုနောက် ၄င်းအားအမှုစစ်ရဲအရာရှိမှ ထိုငွေများကို ပေးခဲ့သူများ၏ ပုံပန်းသဏ္ဌာန် များအား စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ၄င်း အား ယင်းငွေစက္ကူများမှာ အတုဖြစ်ကြောင်း၊ လက်ဝယ်တွေ့ရှိပါက ဥပဒေကြောင်းအရ ထောင်ဒဏ်ချမှတ်သည်အထိအရေးယူခံရနိုင် ကြောင်း၊ သို့သော် ၄င်းမှာ ရိုးသား၍မသိနား မလည်သူတစ်ဦးဖြစ်ကြောင်းပတ်ဝန်းကျင်မှ ထွက်ဆိုခဲ့သည့်အပြင် ရောင်းမှားဝယ်မှားဖြစ် ခြင်းကြောင့် ယခုကဲ့သို့ကြုံတွေ့ခဲ့ရသည်ကို နား လည်သဘောပေါက်မိကြောင်း၊ နောင်တွင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအတုများတွေ့ ရှိပါက နီးစပ်ရာရဲစခန်းသို့ အမြန်ဆုံးအကြောင်း ကြားရန် ပြောဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်တစ်ရက်တွင်ပြန်လွှတ်ပေးခဲ့သည်ဟု ယင်းကဆိုသည်။

''အမှန်အတိုင်းပြောရရင်တော့ ကိုယ်လုပ် တာမဟုတ်ဘဲနဲ့ဖြစ်သွားတာ။ ဒါပေမဲ့ ကိုယ်တိုင် မကျူးလွန်ရဘဲ အချုပ်ခန်းထဲမှာ တစ်ညအိပ်ခဲ့ရတယ်။ ဈေးရောင်းလဲပျက် ခဲ့ရသလို အိမ်ကလူတွေလဲ စိတ်သောက ရောက်ခဲ့ရတယ်။ ကျွန်တော်လိုအဖြစ်မျိုးတခြား သူတွေကိုလဲ မဖြစ်စေချင်ဘူးဗျာ။သာမန် လူတွေအနေနဲ့ကတော့ ဒီလောက်နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ငွေအတုအစစ် ဆိုတာကို ဘယ်လိုမှ  အလွယ်တကူခွဲနိုင်တာ မျိုးမဟုတ်တော့ ငါးထောင်တန်ဆိုရင်သတိနဲ့ လက်ခံသင့်တယ်။ ကျွန်တော်ဆိုရင်ဒီလိုပြဿနာ ဖြစ်ပြီးကတည်းက ငါးထောင်တန်နဲ့ဈေးလာ ဝယ်ရင် သိပ်မရောင်းရဲတော့ဘူး'' ဟု ကိုဝင်းလှိုင် ကထပ်မံပြောသည်။

ငါးထောင်ကျပ်တန် အတုပြဿ     နာ  မှာ ဗဟိုဘဏ်မှ ငါးထောင်ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေပြီးနောက် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ကဲ့သို့ မြို့ကြီး များတွင်သာမက ကျေးလက်ဒေသများသို့ပါ ပျံ့နှံ့လျက်ရှိသည်။

 ယင်းငွေစက္ကူအတုကြောင့် မသိနားမလည်ဘဲလက်ခံသုံးစွဲခဲ့သူများအနေ ဖြင့် လူမှုစီးပွားရေးဘဝများ ဆုံးရှုံးနစ်နာခဲ့ရ သည်မှာ မရေမတွက်နိုင်အောင် အများပင် ဖြစ်သည်။

သို့သော်ထိုငွေစက္ကူအတုများနှင့်ပတ်သက်၍သက်ဆိုင်ရာမှ ငွေစက္ကူအတုပြုလုပ် သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူလျက် ရှိသော်လည်း ဖမ်းဆီးရရှိမှုနှင့် ပြည်သူများ အတွင်း ပျံနှံ့လျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူအတု ပမာဏနှင့်နှိုင်းယှဉ်ပါက မည်သို့ မျှ ပြောပလောက်သည့် အနေအထားက မရှိ သေးဟု စီးပွားရေးနှင့် ဥပဒေရေးအကြံပေး ပညာရှင် ဦးတင်မောင်သန်းက ဆိုသည်။

''ဒီမှာကငွေတုလုပ်တဲ့သူတွေကိုဖမ်းဆီး တယ် ဆိုပေမယ့် ထိထိရောက်ရောက်စုံစမ်း ဖော်ထုတ်တာမျိုး မတွေ့ရသေးဘူး။ လက်ရှိမှာ ကငွေတုတွေ့ရင်တွေ့တဲ့ငွေတုဘယ်နေရာကနေ ဘယ်လိုလာတယ်ဆိုတာကို ခြေရာခံပြီး လိုက်ဖမ်းတဲ့ အဆင့်ပုံစံမျိုးပဲရှိနေသေးတယ်။တကယ့်ကြီးကြီးမားမား လုပ်နေတဲ့သူတွေကို ဖမ်းမိတာမျိုးတော့မတွေ့ရသေးဘူး။ တခြား နိုင်ငံတွေမှာကတော့ငွေတုလုပ်တဲ့ဂိုဏ်းတွေ ကို အချိန်ယူ စုံစမ်းပြီးတစ်ခါတည်းအမြစ်ပြတ် ဖော်ထုတ်ဖမ်းဆီးတာမျိုးတွေရှိတယ်။ အခုက ဘယ်ကနေဝင်လာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ဝင်လာ တယ်ဆိုတာကို သက်ဆိုင်ရာကိုယ်တိုင်ကသိ ပေမယ့် ထိထိရောက်ရောက်မလုပ်သေးလို့ ငွေတု တွေကပြည်သူတွေကြားထဲနဲ့စီးပွားရေးလုပ် ငန်းတွေကြားထဲပျံ့နှံ့ပြီး လက်ဝယ်မှာရှိတဲ့သူ တွေပဲ နစ်နာဆုံးရှုံးနေရတာ'' ဟု ယင်းကဆို သည်။

ထို့အပြင် လက်ရှိပြဋ္ဌာန်းထားသော တည် ဆဲဥပဒေအရ စီးပွားရေးလုပ်ကိုင်ရာမှ တစ်ဆင့် ဖြစ်စေ၊ အရောင်းအဝယ်ပြုလုပ်ရာမှတစ်ဆင့် ဖြစ်စေ၊ လစာပေးချေမှုမှ တစ်ဆင့်ဖြစ်စေ မည် သည့်အကြောင်းကြောင့်နှင့်ဖြစ်စေပေးချေသော ငွေများတွင် ငါးထောင်ကျပ်တန်အတုများပါ လာခဲ့ပြီး ထိုငွေစက္ကူအတုများအား အတုအစစ် မသိရှိဘဲ လက်ဝယ်တွင် ရှိနေသည်ဖြစ်စေ၊အသုံးပြုသည်ဖြစ်စေ၊ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များသို့ သွားရောက် အပ်နှံသည်ဖြစ်စေ  ငွေစက္ကူအတုအရေအတွက် များပြားစွာမသိ နားမလည်ဘဲငွေတုလက်ခံရရှိထားသူအားသက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိပါက ဦးစွာဖမ်း ဆီးအရေးယူခံရမည်ဖြစ်သည်။

 ထို့အပြင် ယင်း ငွေစက္ကူအတုများအား အတုမှန်းသိရှိသည့် အတွက် သက်ဆိုင်ရာသို့ သွားရောက်အပ်နှံ ပါကလည်း ထိုသို့သွားရောက်အပ်နှံသည့် အတွက် ယင်းငွေစက္ကူများနှင့်တန်ဖိုးညီမျှသော ငွေစက္ကူများအားရရှိနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော်အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၌ ငွေလာရောက် အပ်နှံရာတွင် ငွေတုများပါဝင်ပါက ယင်းငွေ စက္ကူ၏တစ်ဝက်အားဖြဲ၍ ကျန်တစ်ဝက်အား ပြန်ပေးခြင်း၊ ငွေစက္ကူအတုအားသုံးစွဲ၍မရ စေရန် အပေါက်များဖောက်ကာ ပိုင်ရှင်အား ပြန်ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် လာရောက်အပ်နှံသောငွေအတုအရေ အတွက် များပါက သက်ဆိုင်ရာသို့အကြောင်း ကြားကာ လာရောက်အပ်နှံသူအား ဥပဒေ ကြောင်းအရ ထိုသက်ဆိုင်ရာ တာဝန်ရှိသူများ မှ ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရပိုင်ဘဏ်များနှင့်ပုဂ္ဂလိကပိုင်ဘဏ်များ မှသိရသည်။

ထို့အတွက် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ထားသော ငွေစက္ကူများအနက် ဒုတိယတန်ဖိုးအကြီးဆုံးဖြစ်သည့်ငါးထောင် ကျပ်တန်၏ငွေစက္ကူအတုသည် မသိနားမလည် သူ တစ်ဦးဦး၏ လက်ဝယ်တွင်ရှိနေပါက မည် သို့မျှ အသုံးမဝင်ဘဲ အချိန်မရွေးအန္တရာယ် ပေးနိုင်သော စက္ကူတစ်ရွက်သာ ဖြစ်နေသည့် အပြင် ထိုငွေတုအား လက်ခံရရှိထားသူမှာ မြွေပါလည်းဆုံး သားလည်းဆုံးဆိုသည်စကား ပုံပမာဆုံးရှုံးနစ်နာမှုအတိဖြင့်သာ ကြုံတွေ့ရ မည်သာဖြစ်သည်။ 

ယင်းအပြင် ထိုငွေစက္ကူ အတုကြောင့် နိုင်ငံတွင်းလက်ရှိထုတ်ဝေနေ သော ငွေကြေးများအပေါ် ပြည်သူလူထုအနေ ဖြင့် ယုံကြည်မှုကင်းမဲ့လာခြင်း၊ ငွေကြေးဖောင်း ပွမှုနှင့်ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းစီးပွားရေးပညာရှင်များကသုံးသပ်ပြောကြားသည်။

အလားတူ ငွေစက္ကူအတုများပြည်တွင်း ၌ပျံ့နှံ့မှုများလာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှုလျော့နည်းသွားပြီးစီးပွားရေးလုပ် ငန်းများတွင် အခက်အခဲ ကြုံတွေ့လာနိုင် ကြောင်း  နိုင်ငံတော်သမ္မတ၏လူမှုစီးပွားအကြံ ပေးအဖွဲ့ဝင် တစ်ဦးဖြစ်သော စီမံခန့်ခွဲရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

''ငွေစက္ကူဆိုတာက နိုင်ငံတော်ရဲ့အရေး ကြီးပစ္စည်းတစ်ခုနဲ့ အတူတူပဲ။ ငွေစက္ကူတစ်မျိုး ကို စထုတ်မယ်ဆိုတဲ့ အချိန်ကတည်းက အတု အပပြုလုပ်လို့မရအောင် လုံခြုံရေးစနစ်ကို စနစ်တကျလုပ်ခဲ့ရမှာ။ အခုကျတော့အဲဒီလို လုံခြုံရေးစနစ်ကိုသေချာမလုပ်ဘဲပေါ့ပေါ့တန် တန် လုပ်ခဲ့တဲ့အတွက် ငွေစက္ကူအတုတွေ ထွက်ပေါ်လာသလို အဲဒီငွေစက္ကူအတုတွေ ကြောင့် မသိနားမလည်တဲ့ ပြည်သူတွေပဲ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ကြုံတွေ့ရသလို နိုင်ငံရဲ့စီးပွားရေးမှာလည်း ငွေကြေးဖောင်း ပွမှုတွေဖြစ်ပြီး ကမောက်ကမတွေဖြစ်ကုန် တယ်။ နောက်ပြီး ဒီငွေအတုတွေကို မသိနား မလည်ဘဲ လက်ခံထားတဲ့ သူတွေအနေနဲ့ အတု မှန်းမသိလို့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ ပေမယ့် အတုမှန်းသိလို့ ဘဏ်ကိုသွားအပ်တဲ့ အချိန်ကျတော့လည်း ဆုံးရှုံးနစ်နာမှုရဲ့တစ်စိတ် တစ်ဒေသတောင်ပြန်မရဘူး။အမှန်တော့ဒီလို ဖြစ်ရတာက ဗဟိုဘဏ်က ငွေစက္ကူထုတ်တဲ့ အခါမှာ လုံခြုံရေးစနစ် တင်းကျပ်မှုမရှိခဲ့လို့၊ သက်ဆိုင်ရာအပိုင်းကလည်း ငွေတုလုပ်တဲ့သူတွေ ကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ မှုအပိုင်းတွေမှာအားနည်းခဲ့လို့ဖြစ်ရတာ''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကံညွန့် ကဆိုသည်။

ယင်းအပြင် မကြာသေးမီနှစ် အတော အတွင်းက ထုတ်ဝေခဲ့သောငွေကျပ်တစ်သောင်း တန်များတွင်လည်း အတုများကိုလည်း ယခုအခါ တွေ့မြင်လာရကြောင်း၊ လတ်တလောအား ဖြင့် ငါးထောင်တန်အတုနှင့်တစ်သောင်းကျပ် တန်အတုများကို ယခုနှစ်ပိုင်းအတွင်း ပိုမို အတွေ့များလာကြောင်း၊ ယင်းငွေတုများအား ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့ရှိရပြီး ကာလာ ပရင်တာကဲ့သို့ ရောင်စုံမိတ္တူကူးစက်များဖြင့် ပြုလုပ်ထားသော ငွေစက္ကူအတုများအား အလွယ် တကူ ခွဲခြားနိုင်သော်လည်း အဆင့်မြင့် နည်းပညာများဖြင့် ပြုလုပ်ထားသော ငွေစက္ကူ အတုများကိုမူ မခွဲခြားနိုင်ချေ။ ငွေအတုအစစ် ခွဲခြားနိုင်သည့် ကျွမ်းကျင် သူပညာရှင်များသာ သိရှိနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၏ ငွေတုစစ်ဆေးရေးဌာနမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရ သည်။

ထို့သို့ငါးထောင်ကျပ်တန်ငွေ စက္ကူအတု များနှင့် ပတ်သက်၍မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငါးထောင်ကျပ်တန် ငွေစက္ကူများ အား စတင်ထုတ်ဝေခဲ့သည့် ၂ဝဝ၉ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂ဝ၁၃ခုနှစ် ဇန်နဝါရီ လအထိ ငါးထောင်ကျပ်တန် ပမာဏတန်ဖိုး ငွေ ၂၈ဝဝ ဘီလီယံကျော် ထုတ်ဝေထားပြီး ဘဏ်များတွင် ငွေကြေးလည်ပတ်မှုအရ ငွေ စက္ကူအတုလက်ခံရရှိနိုင်မှုရှိသော်လည်း လှည့် လည်သုံးစွဲနိုင်သည့် ပမာဏ မရှိကြောင်း၊ ယင်းငါးထောင်တန်ငွေစက္ကူများအား စတင်  ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလအထိ ငါးထောင်ကျပ်တန်ငွေစက္ကူ အတု ၃၇၅၈ရွက်၊ တန်ဖိုးအားဖြင့် ငွေကျပ် တန်ဖိုး ၁၈၇၉ဝဝဝဝအား လက်ခံရရှိပြီး မှုခင်းတပ်ဖွဲ့မှူးရုံးအား ပေးပို့ခဲ့ကြောင်း၊ ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများသည် မြန် မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ တွင် မလည်ပတ်နိုင်သော်လည်း စီးပွားရေး လောကတွင် လည်ပတ်နိုင်သည့်အတွက် ဗဟို ဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာန၏ငွေကြေး ဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များ အပိုဒ်-၄၁ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြားအရေးယူခြင်း၊ အတုအစစ် ခွဲခြားသည့် စက်များအသုံးပြု ခြင်းတို့ဖြင့် ထိန်းချုပ်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ကပြည် သူ့ လွှတ်တော်အစည်းအဝေး တွင်ပြောကြား ခဲ့ကြောင်းသိရသည်။

သို့သော်ငွေတုများနှင့်ပတ်သက်၍ငွေတုစစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီငွေတုပြဿ     နာမှာတကယ်တမ်းတာဝန်ရှိတာ ကတော့ ဗဟိုဘဏ်ပဲဗျ။ ငွေစက္ကူတွေကိုဗဟို ဘဏ်ကထုတ်တာဆိုတော့ ငွေအတုတွေထိန်း ချုပ်ဖို့ကိုလဲ ဗဟိုဘဏ်ကဦးဆောင်ပြီးဆောင် ရွက်ပေးရမယ်။ ကျွန်တော်တို့ဌာနအနေနဲ့က တော့ ငွေအတုတွေ့တယ်ဆိုရင် ဟုတ်၊မဟုတ် စနစ်တကျစစ်ဆေးပြီးခွဲခြားဆုံးဖြတ်ပေးရတာ ပဲရှိတယ်''ဟု ပြောသည်။

လက်ရှိတွင် ငါးထောင်ကျပ်တန်ငွေစက္ကူ အတုများအား ပြည်တွင်း၌ထုတ်လုပ်နေခြင်း များရှိသကဲ့သို့ ပြည်ပနိုင်ငံများမှတစ်ဆင့်ဝင် ရောက်လာသည်များကိုလည်းတွေ့ရှိရကြောင်း ယင်းကဆက်လက်ပြောသည်။

ထိုသို့သော အခြေအနေများကြောင့်မြန် မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်၏ဈေးကွက်စီးပွားရေးစနစ်ပီပြင် စွာဖြစ်ပေါ်လာ ရေးနှင့် ငွေရေးကြေးရေးစနစ် ခေတ်မီခိုင်မာ တိုးတက်လာစေရေးအတွက်  ဦးတည်ဆောင် ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ အဆင့် မြင့်လုံခြုံမှု  အဆင့်အတန်းရှိသော ငွေစက္ကူများ ကို ထုတ်ဝေခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ၂ဝဝ၉ခုနှစ်၊ အောက်တိုဘာ ၁ရက်တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန်ငွေစက္ကူ ၏ တရားဝင် လှည့်လည်သုံးစွဲငွေအဖြစ် တည် ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည် အသွေးပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်းပိုမိုရှည်ကြာစေရန် နှင့် အတုအပပြု လုပ်ခြင်းမှ ကာကွယ်ရန်အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏မျက်နှာ ပြင်နှစ်ဖက်အား ဗားနစ် ( Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ငါးထောင်ကျပ် တန် ငွေစက္ကူကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ  ၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည် ဖြစ်ပါ ကြောင်း၊ ယင်းငွေစက္ကူအသစ်တွင်မူလ ငါး ထောင်ကျပ်တန် ငွေစက္ကူ၏မျက်နှာစာတွင် ဒေါင်လိုက် ထည့်သွင်းထားသောအကန့်လိုက် ဆစ်ပိုင်းပြီးမြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအ သစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်း လဲထည့်သွင်းထားကြောင်း၊ယင်းလုံခြုံရေး ကြိုး အသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ် အစား ပိုမိုကြီးမား၍အရောင်လည်းပြောင်းလဲ နိုင်ပြီး ငွေစက္ကူအားကြည့်သည့် အနေအထား အပေါ် မူတည်၍ လုံခြုံရေးကြိုး၏အရောင် သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်း လဲနိုင်ကြောင်း၊ ငါးထောင်ကျပ်တန်ငွေစက္ကူ ၏မျက်နှာစာဖက်၊ လက်ယာဖက်အပိုင်းတွင် ပုံစံအသစ်ဖြင့်ပြုလုပ်ထားသည့် ဆင်ဖြူတော် ပုံ ရေစာပါရှိပြီး ငွေစက္ကူအားအလင်းရောင် တွင်ကြည့်ပါက ရေစာကို တွေ့နိုင်ကြောင်း၊ ငွေစက္ကူအား ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် ( ဠမေညငျ့) အလွှာသည်ပြင်ပ မှ ရေခိုး ရေငွေ့များ၊ အရည်များနှင့် အရောင်စွန်း ထင်းနိုင်သော အရာများကြောင့် ငွေစက္ကူ၏အရည်အသွေးနိမ့်ကျ၍ ငွေစက္ကူပျက်စီး ခြင်းကို ကာကွယ်စေသဖြင့်  ငွေစက္ကူ၏အသုံး ပြုမှု သက်တမ်းကို ပိုမို ရှည်ကြာစေကြောင်း၊ ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန်ငွေ စက္ကူမှာ လုံခြုံရေးပုံစံသစ်၊ ရေစာသစ်၊ ငွေ စက္ကူမျက်နှာပြင်နှစ်ဖက်ကို ဗားနစ် ( ဠမေညငျ့) အလွှာဖြင့်ဖုံးအုပ်ကာကွယ်ထားခြင်းတို့မှ အပ ကျန်ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အရောင်သတ်မှတ်ချက်များသည် မူလငါး ထောင်ကျပ်တန်ငွေစက္ကူအတိုင်းဖြစ်ကြောင်း၊  လက်ရှိတရားဝင်လှည့်လည်သုံးစွဲလျက်ရှိ သော ငါးထောင်ကျပ်တန် ငွေစက္ကူများသည် လည်း တရားဝင်ငွေအဖြစ်ဆက်လက်တည်ရှိ မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထား သည်။

ယင်းသို့ ဗဟိုဘဏ်မှ လုံခြုံရေးအဆင့်မြှင့် ထားသော ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေမည့် ကြေညာချက် နှင့်ပတ်သက်၍ ''အခု ဗဟိုဘဏ်ကလုံခြုံရေး စနစ်အဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အ သစ်တွေထပ်ထုတ်မယ်ဆိုတဲ့နေရာမှာ ရည်ရွယ် ချက်နဲ့ လုပ်ကိုင်တဲ့စနစ်ကတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီငွေစက္ကူအသစ်တွေကို ဘယ်လောက်ပမာဏရိုက်ထုတ်သွားမယ် ဆိုတာနဲ့ လက်ရှိသုံးစွဲနေတဲ့ ငါးထောင်တန် တွေကို ဘယ်လိုသိမ်းဆည်းသွားမလဲဆိုတာ တော့ ဗဟိုဘဏ်ရဲ့ကြေညာချက်ထဲမှာ ပါဝင် တာမတွေ့ရတော လက်ရှိရှိနေတဲ့အတုတွေ ကလည်း မပျောက်အသစ်ကလည်း ထပ်ထွက် လာရင် ငွေကြေးဖောင်းပွမှုနှုန်းတွေပိုမိုမြင့် မားလာပြီး ကုန်ဈေးနှုန်းတွေတက်လာမှာကို တော့ စိုးရိမ်စရာရှိတယ်''ဟု စီးပွားရေးလုပ် ငန်းရှင်ဦးကံညွန့်က သုံးသပ်ပြောကြားသည်။

ယင်းအပြင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေခြင်း ကြောင့် လက်ရှိအချိန်တွင်ငွေကြေးဖောင်းပွမှု ပြဿနာအားကြုံတွေ့လာနိုင်သကဲ့သို့ တိုင်း ပြည်၏စီးပွားရေးခိုင်မာတောင့်တင်းလာသည့် အချိန်၌ငွေကျုံ့မှုပြဿနာနှင့် ရင်ဆိုင်ရနိုင်သည့် အတွက် နှစ်ခါဆုံးရှုံးနိုင်သော အခြေအနေရှိ ကြောင်း၊ ငွေကြေးဖောင်းပွမှုနှင့် ငွေကျုံ့ခြင်း ဖြစ်ပေါ်မှုများလာပါက စစ်ပွဲတစ်ပွဲအားရှုံးသည် ထက်ကုန်ကျစရိတ်ပိုမိုများပြားကြောင်း၊ ဥပမာ အားဖြင့် ဂျပန်နိုင်ငံသည် ယခင်ကငွေစက္ကူ အများအပြားရိုက်နှိပ်ထုတ်ဝေခဲ့သည့် အတွက် ကြေးဖောင်းပွမှုများခဲ့ကြောင်း၊ ယခုအခါ ဂျပန် နိုင်ငံ၏စီးပွားရေးအခြေအနေမှာ များစွာတိုး တက်လာသော်လည်း ယခင်ကဖြစ်ပေါ်ခဲ့သော ငွေကြေးဖောင်းပွမှုများ၏ ဆန့်ကျင်ဖက်ဖြစ် သော ငွေကျုံမှုပြဿနာအားရင်ဆိုင်နေရ ကြောင်း စီးပွားရေးပညာရှင်ဦးတင်သန်းဦးက သုံးသပ်သည်။

''ငါးထောင်တန်အတုတွေပပျောက် အောင်ဆိုပြီး လုံခြုံရေးအဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အသစ်တွေထပ်ထုတ်တာက ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာစေဖို့ ပိုမိုအား ပေးသလိုဖြစ်နေတဲ့အတွက် တိုင်းပြည်အတွက် ရော၊ ပြည်သူတွေအတွက်ပါမကောင်းဘူးလို့ တော့မြင်တယ်။ အမှန်ကတော့ ဒီလိုငွေကြေး တွေထပ်ထုတ်တာဟာ အစိုးရဘတ်ဂျက်လို
ငွေပြမှုကိုကာမိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာပါဘဲ။ ဒါပေမဲ့လည်းတစ်ဖက်က လည်း အတုတွေပေါ်နေတဲ့အချိန်မှာလုံခြုံ ရေးအဆင့်မြှင့်ထားတဲ့ ငွေစက္ကူအသစ်တွေထပ်ထုတ်ခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ ငွေတုကြောင့် ဆုံးရှုံးနစ်နာမှုနည်းသွားနိုင် တယ်လို့ ဗဟိုဘဏ်ကယူဆထားပုံရတယ်။ ဒါပေမဲ့ ဒီလိုလုံခြုံရေးအဆင့်မြှင့်ထားတဲ့ငွေ စက္ကူအသစ်တွေထုတ်တဲ့နေရာမှာ ယခင် ထုတ်ထားတဲ့ငွေတွေကို ပြန်လဲမပေးဘဲ ဆက်ပြီး သုံးစွဲခွင့်ပြုထားတဲ့အပေါ်မှာ ပြည် သူတွေအနေနဲ့ကတော့ စိုးရိမ်ပူပန်မှုတွေအပြည့်ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဗဟို ဘဏ်ကငွေစက္ကူအသစ်ထုတ်ရင် ယခင်ထုတ် ထားတဲ့ ငွေစက္ကူအဟောင်းတွေကို ဖြေးဖြေး ချင်းအသစ်နဲ့ အဟောင်းလဲပေးသွားရင်တော့ ပြဿနာမရှိနိုင်ဘူး။ ဒီလိုမဟုတ်ပဲ အသစ်နဲ့ အဟောင်းလည်းလဲ မပေးဘူးဆိုရင် ငွေတု ပြဿနာကို တစ်ဖက်ကစိုးရိမ်ပူပန်ရသလို တစ်ဖက်ကလည်း ယခင်ထုတ်ထားတဲ့ ငွေစက္ကူ တွေကို ပြန်သိမ်းခံရမှာကိုစိုးရိမ်နေတယ်။

 ဒါကလည်း မြန်မာနိုင်ငံမှာဗဟိုဘဏ်က ထုတ်ထားတဲ့ ငွေစက္ကူတွေကိုပဲ တရားမဝင် တော့ပါဘူးဆိုပြီး သုံးကြိမ်တိုင်တိုင်ဘာမှပြန် လဲလှယ်မပေးဘဲ ပြန်သိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့လိုပဲ''ဟု ယင်းကဆိုသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံ တွင် ငွေစက္ကူအများအပြားအား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေခဲ့သော်လည်း ယင်းသို့ထုတ်ဝေလိုက်သည့် တန်ဖိုးကြီးငွေကြေး များသည့် ဗဟိုဘဏ်မှထုတ်ဝေလိုက်သောငွေ စက္ကူများ၏ လုံခြုံရေးဆိုင်ရာအားနည်းချက် များရှိနေခြင်းကြောင့်သော်လည်းကောင်း၊ ငွေကြေးအတုပြုလုပ်သူများအားထိရောက်စွာစုံစမ်းဖော်ထုတ်အရေးယူမှု အပိုင်းတွင် အားနည်းနေခြင်းကြောင့် သော်လည်းကောင်း၊ ငွေစက္ကူအတုများနှင့် ပတ်သတ်၍ ပြည်သူသို့ အသိပညာပေးမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း ငွေကြေးအတု ပြုလုပ်သူများနှင့် ယင်းငွေအတုများကား ယနေ့တိုင် တည်ရှိ နေဆဲပင်ဖြစ်သည်။ 

ထို့အပြင် ငွေစက္ကူအတု များအားအကြောင်း အမျိုးမျိုးကြောင့် လက် ခံရရှိထားသူများမှာလည်း ရှိနိုင်မည်ဖြစ်သည်။ ထိုသူများမှတစ်ဆင့် ငွေစက္ကူ အတုများထပ် မံပြန့်ပွားမှုမရှိစေရေးအတွက် ယင်းတို့ လက်ဝယ် တွင် ရှိနေသော ငွေစက္ကူ များအားအတုဟု သိရှိပါက ယင်းတို့၏အသိစိတ်ဖြင့် ထိုငွေကြေး များအားမည်သည့်နေရာမှမည်သို့ရရှိခဲ့သည် ဟုဆိုကာ သက်ဆိုင်ရာသို့ လာရောက်အပ်နှံမည်ဆိုပါက ငွေစက္ကူအတုပြဿနာမှာ အ နည်းငယ်လျော့ကျသွား နိုင်မည်ဖြစ်သကဲ့သို့ ဗဟိုဘဏ်မှ အသစ်ထုတ်ဝေမည့် လုံခြုံရေးအဆင့်မြှင့်တင်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူကဲ့သို့သော အခြား ငွေစက္ကူများအား ထပ်မံထုတ်ဝေရာတွင်လည်း အသုံးပြုမည် ဆိုပါက ငွေတုပြဿနာမှာ အတန့်အသင့်ပြေ လည်သွားဖွယ်ရာရှိသည်။

 သို့သော် ငွေတု ပြဿနာများအား ပြေလည်စေရန်အတွက် လုံခြုံရေးအဆင့်မြှင့်ထားသော် ငါးထောင် ကျပ်တန်ငွေစက္ကူများအား ထပ်မံထုတ် ဝေသည်ဟု ဆိုသော်ငြား ယင်းထပ်မံထုတ် ဝေသော ငွေစက္ကူများကြောင့် ငွေကြေး ဖောင်း ပွမှုများမဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့ ပြင်ဆင်ထားသည်ကို ဗဟိုဘဏ်မှတစ်ပါး သိနိုင်မည်မဟုတ်။

မည်သို့ပင်ဆိုစေ လုံခြုံရေးအဆင့်မြှင့် ထားသည့် ကျပ်ငါးထောင်တန်ငွေစက္ကူများ ကို ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ထုတ်ဝေလိုက်ခြင်းအတွက် ကြိုဆိုရမည်ဖြစ် သည်။ 

ထိုရည်ရွယ်ချက်များထဲတွင် အတုအ ပပြုလုပ်မှုမှ ကာကွယ်ရန် ဟူသောအချက်တစ် ချက်လည်း ပါဝင်ရာ နောင်ထုတ်မည့်ကျပ်ငါး ထောင်အသစ်များအတွက် အတုအပမရှိနိုင် တော့ဟု ယုံကြည်ရပေမည်။ 

သို့သော်ယခင် ထုတ်ဝေပြီးသော ကျပ်ငါးထောင်များနှင့်အ တူပါဝင်လာမည့် အတုအပများကိုမူ မည်သို့ ပပျောက်အောင်၊ မသိနားမလည်သူများ မ သုံးစွဲမိအောင် စီမံဆောင်ရွက်ပေးမည်ကိုကား ပြည်သူများ အထူးစိတ်ဝင်တစားရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သူရိန်မိုး

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
ကုန်မြို့၏ နာမည်ကျော်ဈေးကြီး တစ်ခုအတွင်း ရာသီပေါ်သီးနှံများအား
ရောင်းချနေသည်မှာ ဆယ်နှစ်ကာလ သို့ရောက်ရှိလာပြီဖြစ်သော်လည်း ¤င်း၏ဆက်ဆံရေးကောင်း မွန်မှု၊ ဖော်ရွေမှုတို့ကြောင့် ဈေးရောင်းချသူအချင်းချင်းနှင့်သာမက ဈေး ဝယ်သူများ၊ ဈေးတာဝန်ခံ များနှင့် တစ်ကြိမ် တစ်ခါမျှ စကားများရန်ဖြစ်ခြင်းမရှိခဲ့ချေ။

အလုပ်ရမည်ဆိုကာ ရွာသားမျာကိုလိမ်ညာငွေယူ



မော်လမြိုင်မြို့၊  ကျောက်တန်းကျေးရွာ၌ စက်တင်ဘာလ(၂၁) ရက်နေ့ နံနက်(၈)နာရီခန့်တွင်အသက်(၄၀)ကျော်ခန့် လူတစ်ဦး သည် ရွာထဲရှိ
လူ(၈)ဦးအား အလုပ်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် (၆၀၀၀)ဖြင့် ကျပ် ၄၈၀၀၀ လိမ်လည်ယူဆောင်သွားသည်ဟု သိရှိ ရသည်။
အဆိုပါ လိမ်ညာသူသည် ကျောက်တန်းကျေးရွာဆိုင်ကယ် အငှားဂိတ်၌ မိမိသည် စစ်မှုထမ်းဟောင်း ပြန်တမ်းဝင်အရာရှိတစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် ရွှေသံလွင်ကုမ်္ပဏီ၏အလုပ်သမားခေါ်ဆောင် ရေးအဖွဲ့မှ တာဝန်ရှိသူဖြစ်ကြောင်း၊ ကျောက်တန်းကျေးရွာမှ ရွာသား များ

လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ



ကရင်ပြည်နယ် ဘားအံမြို့နယ်  ၀ဲကရင်ကျေးရွာအနီး  စက်တင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပတ်ခတ်မှုကြောင့်  အရပ်သား ၂  ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ မီးဇိုင်းတောင်အနီးမှာ  စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နဲ့ အစိုးရတပ်တို့အကြား ပစ်ခတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို မောင်တောနယ်စပ်မှ တရားဝင်လွှဲပြောင်းပေး

Photo: ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို မောင်တောနယ်စပ်မှ တရားဝင်လွှဲပြောင်းပေး
Wednesday, October 1, 2014

ပြန်လွှဲပြောင်းပေးလိုက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ (ဓာတ်ပုံ − မောင်ကံ)
မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပြစ်ဒဏ်စေ့ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် မောင်တောနယ်စပ် အမှတ် (၁)၀င်/ထွက်စခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ ပြစ်ဒဏ်စေ့အကျဉ်း သား လွှဲပြောင်းခြင်း အခမ်းအနားသို့ မောင်တောခရိုင် ဒုတိယ လ၀ကဦးစီးဌာနမှူး ဦးထွန်းထွန်း (လ/ထ ညွှန်ကြားရေးမှူး) ဦး ဆောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ Additional Director, Staff Officer Md. Nazmus Sadat Soimmo ဦး ဆောင်ကာ အဖွဲ့ဝင် ကိုးဦးတို့ ကစပီဘုတ်များဖြင့် ခေါ်ဆောင် သွားခဲ့သည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေအကျဉ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခြင်း  ခံခဲ့ရသူများဖြစ်ကြောင်း ခရိုင်လ၀က ဦးစီးဌာနမှူးဦးစောနိုင်က ပြောသည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများလွှဲပြောင်း လက်ခံ ခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် တပ်ဖွဲ့ဝင်များမှာ မောင်တောမြို့ မြို့မဈေးကြီးနှင့် မြို့မဘုန်းတော်ကြီးကျောင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် အမှတ်(၁) ၀င်/ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားများ လွှဲပြောင်းပေးနိုင်ရန်အတွက် မောင်တောခရိုင်လ၀ကဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနယ်ဖ်ခရိုင်ခွဲအခြေစိုက် အမှတ်(၄၂) နယ်ခြားစောင့်တပ် (BGB) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာအယ်ဇာဟိတို့၏ နှစ်နိုင်ငံ ချစ် ကြည်ရေး ဦးတည်၍ အပြန်အလှန်ဆက်သွယ်ညှိနှိုင်း လွှဲ ပြောင်းပေးခြင်း ဖြစ်သည်။

မောင်တောနယ်စပ်မှ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်မှ ယနေ့အထိ ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၀ ဦး လွှဲပြောင်းပေးထားပြီး ဖြစ်သည်။

7Day Daily
ပြန်လွှဲပြောင်းပေးလိုက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ (ဓာတ်ပုံ − မောင်ကံ)
မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပြစ်ဒဏ်စေ့ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၂ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် မောင်တောနယ်စပ် အမှတ် (၁)၀င်/ထွက်စခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသော ရဟတ်ယာဉ်ကို သုံးရက်ကြာသည့်တိုင် ရှာမတွေ့သေး

Photo: ပျောက်ဆုံးနေသော ရဟတ်ယာဉ်ကို သုံးရက်ကြာသည့်တိုင် ရှာမတွေ့သေး
Wednesday, October 1, 2014

ရန်ကုန် - တောင်တက်သမားနှစ် ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ပျောက်ဆုံးသွားသော B4 ရဟတ်ယာဉ်သည် သုံးရက်ကျော် ကြာသည့်တိုင် ရှာဖွေမတွေ့သေး ကြောင်း ထူးဖောင်ဒေးရှင်းက သ တင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၉ ရက်တွင် ဒေသခံတစ်ဦးက နောင်မွန်းမြို့ နယ်အကျော်၊ ဂါထုရွာအနီးတွင် လေယာဉ်တစ်စီးထိုးကျသွားသည် ဟု သတင်းပေးပို့ခဲ့သည့်အတွက် သွားရောက်ရှာဖွေသော်လည်း မ တွေ့ရှိခဲ့ကြောင်း ထူးဖောင်ဒေး ရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုက ပြောသည်။

‘‘အခုထက်ထိတော့ အခြေ အနေက မထူးခြားသေးဘူး။ မနေ့ က ဒေသခံတွေက သတင်းပို့လို့ သွားရှာဖွေခဲ့ပေမယ့် မတွေ့ရှိ သေးပါဘူး။ ရဟတ်ယာဉ်ရော တောင်တက်သမား နှစ်ဦးကိုပါ အင်အားသုံးပြီးတော့ ဆက်ရှာနေ ပါတယ်’’ဟု ကိုဖြိုးကိုကိုက ပြော သည်။

ခါကာဘိုရာဇီရေခဲတောင် တွင် ပျောက်ဆုံးနေသည့် တောင် တက်သမားနှစ်ဦးကို ရှာဖွေကယ် ဆယ်ရေးပြုလုပ်နေသည့် ထိုင်း နိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာ သို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာတွင် အဆက်အသွယ်ပြတ် တောက်သွားခဲ့ရာ စက်တင်ဘာ ၃၀ ရက်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ကယ်ဆယ်ရေးရဟတ်ယာဉ် တစ်စီးမှာ အီတလီရဟတ်ယာဉ် မှူးတစ်ဦး၊ အီတလီကယ်ဆယ် ရေးအဖွဲ့ဝင် နှစ်ဦးလိုက်ပါပြီး နောင်မွန်းဧရိယာနှင့် ကယ်ဆယ် ရေးအစီအစဉ်ရေးဆွဲထားသည့် လမ်းကြောင်းအတိုင်း ရှာဖွေကယ် ဆယ်ရေးများဆောင်ရွက်လျက်ရှိ ကြောင်း စက်တင်ဘာ ၃၀ ရက်တွင်ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။

B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ၊ မြန်မာလူမျိုးရ ဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး နှင့် ထူးဖောင်ဒေးရှင်းနာယက ဦး တေဇ၏ ကိုယ်ရေးလက်ထောက် ဖြစ်ပြီး ကျွမ်းကျင်တောင်တက် သမား ဦးနမားဂျွန်ဆင်၏ တူဖြစ် သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင် လိုက်ပါသွားခဲ့သည်။

ထို့အတူ ခါကာဘိုရာဇီ တောင်တက်ခဲ့သော တောင်တက် သမားနှစ်ဦးပျောက်ဆုံးနေသည် မှာ ရက် ၃၀ ကြာမြင့်လာပြီဖြစ် သော်လည်း လက်ရှိအချိန်ထိမ တွေ့ရှိသေးဘဲ အမြင့်ပေ ၁၆၂၀၀ တွင် ပျောက်ဆုံးတောင်တက်သ မားတို့ ချန်ရစ်ခဲ့သည့် အိတ်အနီ တစ်လုံးနှင့် အမြင့်ပေ ၁၇၃၀၀ ၌ ကျောပိုးအိတ်အပြာတစ်လုံး တို့ကို တွေ့ရှိခဲ့သည်။ ထိုအိတ်နှစ် လုံးကို ထူးဖောင်ဒေးရှင်းက ပူတာ အိုမြို့တွင် ဒေသအာဏာပိုင်များ ရှေ့၌ ဖွင့်လှစ်ကြည့်ရှုစစ်ဆေး ပြီး ဒေသအာဏာပိုင်များ လက် ၀ယ်သို့ အပ်နှံခဲ့သည်ဟု ဆိုသည်။

တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘောဝ ခေါ်သံဖောင်ဒေးရှင်း)မှ တောင် တက်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကို အောင်မြင့်မြတ်နှင့် ကိုဝေယံမင်း သူတို့သည် သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီက ခါကာဘိုရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် အ ဆက်အသွယ်ပြတ်တောက်သွား ခဲ့ခြင်းဖြစ်သည်။

တောင်တက်သမားနှစ်ဦးကို နမားဂျွန်ဆင်ဦးဆောင်သော မြေ ပြင်ရှာဖွေရေးအဖွဲ့၊ ထူးဖောင်ဒေး ရှင်းမှ ဧ၀ရတ်တောင်တက်ရောက် ရန် လေ့ကျင့်ထားသည့် တောင် တက်သမားများအပြင် တရုတ် နိုင်ငံ၊ ထိုင်း၊ နီပေါ၊ အမေရိကန် နှင့် အီတလီနိုင်ငံတို့မှလည်း ရှာဖွေရေးလုပ်ဆောင်နေပြီး တပ်မ တော်သားများ၊ နယ်မြေခံရဲတပ် ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများကလည်း ရှာဖွေရေး လုပ်ဆောင်လျက်ရှိကြောင်း ထူး ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးတောင်တက်သ မားနှစ်ဦးကို ရှာဖွေရန် ခါကာဘို ရာဇီရေခဲတောင်တက်ရောက် မည့် ဂျပန်နိုင်ငံတောင်တက်အဖွဲ့ ကို ပျောက်ဆုံးတောင်တက်သ မားများ တက်ရောက်သည့် လမ်း အတိုင်း တက်ရောက်၍ ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နှင့် ထပ်မံတက်ရောက်မည့် အမေ ရိကန်တောင်တက်အဖွဲ့များကို လည်း ရှာဖွေရေးလုပ်ငန်းတွင် ပူး ပေါင်းလုပ်ဆောင်နိုင်ရန် စီစဉ် လျက်ရှိသည်ဟု ဆိုသည်။ 

- ခါကာဘိုရာဇီတောင်ထိပ်သို့  တက္ကသိုလ်များ ခြေလျင်နှင့် တောက်တက်အသင်း (သဘာဝခေါ်သံဖောင်းဒေးရှင်း) တောင်တက်အဖွဲ့မှ ဝေယံမင်းသူ၊ အောင်မြင့်မြတ်၊ ဟန်လင်းထွန်း၊ ကျော်ထွန်းနိုင်၊ မျိုးညွန့်သန်း၊ မောင်မောင်ပြည့်စုံ၊ ဇော်ဇင်ခိုင်၊ ဇေယျာထွန်းတို့ (၈)ဦးသည် မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးတက်ရောက်ရန် ၂၀၁၁ ခုနှစ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့။
- ၂၀၁၄ ဇူလိုင်လ ၂၆ ရက်တွင် တောင်တက်အဖွဲ့မှာ ကချင်ပြည်နယ်၊ ပူတာအိုသို့ ထွက်ခွာ။

- သြဂုတ် ၁၁ ရက်တွင် တောင်တက်အဖွဲ့ဝင်များ တဟွန်ဒမ်ရွာသို့ ရောက်ရှိ။

- သြဂုတ်လ ၂၁ ရက်တွင် အဖွဲ့ဝင် အောင်မြင့်မြတ်နှင့်ဝေယံမင်းသူတို့က တောင်ထိပ်သို့ တက်ရောက်။ ကျန်ခြောက်ဦးက တောင်ခြေစခန်းမှ ရိက္ခာထောက်ပံ့။

- ဆယ်ရက်အကြာ သြဂုတ်လ  ၃၁ ရက် ညနေ ၅ နာရီ ၁ မိနစ်တွင် တောင်ထိပ်သို့ရောက်ရှိခဲ့ကြပြီး နိုင်ငံတော်အလံနှင့် တောင်တက်အဖွဲ့အလံကို လွှင့်ထူနိုင်ခဲ့သည်ဟု သတင်းပို့ခဲ့ကြောင်း  အသင်းက ထုတ်ပြန်ခဲ့။ ထို့နောက်အဆက်အသွယ်လိုင်းများ ပြတ်တောက်။

- ၎င်းတို့နှစ်ဦးနှင့် နာရီ ၁၀၀ ကျော် အဆက်အသွယ်ပြတ်တောက်နေပြီဟု စက်တင်ဘာ ၅ ရက်တွင် သတင်းများထွက်ပေါ်ခဲ့။ သို့သော် အသင်းက အတည်မပြုခဲ့။

- စက်တင်ဘာ ၉ ရက် နံနက်တွင် ယင်းတောင်တက်သမားနှစ်ဦး တောင်ခြေစခန်းသို့ ပြန်ရောက်လာပြီး နောက်ချန်အဖွဲ့နှင့် ပြန်ပေါင်းကာ တဟွန်ဒမ်းရွာသို့ ပြန်လာကြပြီဟု သတင်းများထွက်ပေါ်ခဲ့။

- စက်တင်ဘာ ၁၀ ရက်နေ့ နံနက်တွင်မူ တောင်တက်သမားနှစ်ဦးနှင့် အဆက်အသွယ်ပြတ်တောက် နေဆဲဖြစ်ကြောင်း အသင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့။

- စက်တင်ဘာ ၁၀ ရက် မွန်းလွဲတွင် ယင်းတောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အဖွဲ့သည် ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် နာယက စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်ဖြင့် ပူတာအိုသို့ ထွက်ခွာ။

- စက်တင်ဘာ ၁၁ ရက်တွင် တောင်တက်သမားနှစ်ဦး၏ မိသားစုဝင်များနှင့် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့များ ပူတာအိုသို့ ထွက်ခွာခဲ့။

- စက်တင်ဘာ ၁၂ ရက်တွင် ဦးတေဇပိုင်ရဟတ်ယာဉ်များနှင့် အတူ တပ်မတော် (လေ)မှ ရဟတ်ယာဉ်ဖြင့်လည်း ရှာဖွေမှုပြုလုပ်။

- စက်တင်ဘာ ၁၃ ရက်တွင် ဘလူးစကိုင်းအမည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံးအရပ်သားကယ် ဆယ်ရေးအဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပူတာအိုသို့ ရောက်ရှိ။

- မြူများထူထပ်မှုကြောင့် ရဟတ်ယာဉ်ဖြင့် ရှာဖွေမှုများ မပြုလုပ်နိုင်ခဲ့။

- စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းတွင် ဘလူးစကိုင်းအဖွဲ့မှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့ပြီး တိဗက်မှနေ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်ခဲ့။

- စက်တင်ဘာ ၁၇ ရက် နံနက်တွင်ထိုင်းနိုင်ငံ၊ Advance Aviation မှ B4 ရဟတ်ယာဉ်တစ်စီးနှင့် ယခင်မဒွယ်ရေခဲတောင် မတော်တဆမှု ဖြစ်စဉ်တွင် ကယ်ဆယ်ရေး ရဟတ်ယာဉ်မောင်းနှင်ခဲ့ဖူးသည့် အတွေ့အကြုံရှိ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မောင်းနှစ်ဦးဖြစ်သော Captain SOMKIAT KRATIP နှင့် Captain CHAT-CHAWAL THANTHONG ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန် ပူ တာအိုသို့ ရောက်ရှိ။

- စက်တင်ဘာ ၁၉ ရက်တွင် ဂန်လမ်ရာဇီတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်ဖူးသည့် အမေရိကန်နိုင်ငံမှ ကယ်ဆယ်ရေး တောင်တက်အဖွဲ့ခေါင်းဆောင် အန်ဒီတိုင်ဆန်နှင့် အဖွဲ့ဝင်တစ်ဦးရောက်ရှိ။

- စက်တင်ဘာ ၁၉ ရက် နီပေါ နိုင်ငံမှ တောင်တက်ကယ်ဆယ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်သည့် ရဟတ်ယာဉ်မောင်းနှစ်ဦးနှင့် ဧ၀ရက်တောင်ထိပ် တက်ရောက်သူများကို လမ်းပြပေးခဲ့သည့် ကျွမ်းကျင်တောင်တက်သမား နှစ်ဦးရောက်ရှိ။

- စက်တင်ဘာ ၂၁ ရက်တွင် ပျောက်ဆုံးတောင်တက်သမား နှစ်ဦးနှင့် ပတ်သက်၍ တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)မှ သတင်းစာရှင်းလင်းပွဲပြုလုပ်။

- စက်တင်ဘာ ၂၁ ရက် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇက စက်တင်ဘာလ ၂၇ ရက်အထိ Target Date ထား၍ ရှာဖွေခြင်းလုပ်ငန်းကို အပြည့်အ၀အင်အားဖြည့် ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့။

- စက်တင်ဘာ ၂၃ တွင် ကယ်ဆယ်ရေးအဖွဲ့သည် ပေပေါင်း ၁၃၂၀၀ အမြင့်ရှိသည့် Base Camp သို့ ရောက်ရှိ။

- စက်တင်ဘာ ၂၅ ရက်တွင် မြေပြင်ကယ်ဆယ်ရေးအဖွဲ့သည် ရာသီဥတုဆိုးရွားသော်လည်း ပေ ပေါင်း ၁၇,၀၀၀ အထိ တက်ရောက်ရှာဖွေခဲ့။ ပျောက်ဆုံး တောင်တက်သမားများ တက်ရောက်ခဲ့သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသော စခန်းအမှတ် ၃ တွင် ကျောပိုးအိတ် တစ်လုံး၊ တွေ့ရှိ။

- စက်တင်ဘာ ၂၇ ရက် နံနက်တွင် ပေပေါင်း ၁၇,၀၀၀ အထက်၌ ပျောက်ဆုံးတောင်တက်သမား နှစ်ဦးအသုံးပြုသည့် အိတ်အပြာရောင်တစ်လုံးကို တွေ့ရှိခဲ့။

- စက်တင်ဘာ ၂၇ ရက်နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာသို့ ရိက္ခာပို့ရန် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာတွင် အဆက်အသွယ်ပြတ်တောက်။

- စက်တင်ဘာ ၂၈ ရက်တွင် ပျောက်ဆုံးတောင်တက်သမား နှစ်ဦးကို ရှာဖွေရာတွင် ပူးပေါင်းလုပ်ဆောင်ရန် အီတလီနိုင်ငံသားသုံးဦးနှင့် နီပေါလူမျိုးတစ်ဦးတို့ ရောက်ရှိ။ တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ကျွမ်းကျင်ကယ်ဆယ်ရေးသမားနှစ်ဦး ထပ်မံရောက်ရှိခဲ့။

- စက်တင်ဘာ ၂၉ ရက်တွင် ဒေ သခံတစ်ဦးက နောင်မွန်းမြို့နယ် အကျော်ဂါထုကျေးရွာတွင် လေယာဉ်တစ်စီးထိုးဆင်းသွားသည်ကို မြင်တွေ့သည်ဟု သတင်းပေးပို့ခဲ့။ ယင်းနေရာသို့ သွားရောက်ရှာဖွေခဲ့ သော်လည်း မတွေ့ရှိသေး။ 

ပျောက်ဆုံးနေသော ရဟတ်ယာဉ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ပြင်ဆင်နေစဉ် (ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း)
7Day Daily
ရန်ကုန် - တောင်တက်သမားနှစ် ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ပျောက်ဆုံးသွားသော B4 ရဟတ်ယာဉ်သည် သုံးရက်ကျော် ကြာသည့်တိုင် ရှာဖွေမတွေ့သေး ကြောင်း ထူးဖောင်ဒေးရှင်းက သ တင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၉ ရက်တွင် ဒေသခံတစ်ဦးက နောင်မွန်းမြို့ နယ်အကျော်၊ ဂါထုရွာအနီးတွင် လေယာဉ်တစ်စီးထိုးကျသွားသည် ဟု

တယ်လီနောဖြင့် ငါးနိုင်ငံသို့သာ ဖုန်းခေါ်ဆိုနိုင်သေး

Photo: တယ်လီနောဖြင့် ငါးနိုင်ငံသို့သာ ဖုန်းခေါ်ဆိုနိုင်သေး
Wednesday, October 1, 2014

တယ်လီနောဆင်းမ် ကတ်အသုံးပြုသူများ ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု(Roaming Service) ကို အသုံးပြုလိုပါက ကနဦးအနေဖြင့် ငါးနိုင်ငံကိုသာ အပြန်အလှန်ခေါ်ဆိုမှုပြုလုပ်နိုင်ဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တယ်လီနောဆင်းမ်ကတ် တွေမှာ Roaming ၀န်ဆောင်မှု က တစ်ခါတည်း ပါပြီးသားပါ။ လက်ရှိမှာတော့ ငါးနိုင်ငံကို အ ပြန်အလှန်ခေါ်ဆိုမှုတွေ ပြုလုပ် နိုင်မှာဖြစ်ပြီး နောက်ထပ်နိုင်ငံ တွေကိုလည်း ထပ်ပြီးတိုးချဲ့သွားဖို့လုပ်နေပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြော သည်။

 တယ်လီနော အနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာ၂၇ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ပြည်တွင်းဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်၊ SMSပေးပို့ခ အနေဖြင့် တစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ယူလျက် ရှိ သော်လည်း ပြည်ပသို့ ဖုန်းခေါ် ဆိုသည့် Roaming ၀န်ဆောင်မှု နှင့် ပတ်သက်သည့်ဖုန်းခေါ်ဆိုခ နှင့် SMS ပို့ခနှုန်းထားများကို အတိအကျထုတ်ပြန်ခြင်းမရှိသေး ဘဲ ၎င်းတို့၏၀က်ဘ်ဆိုက်တွင် တင် ပေးသွားမည်ဟုသာ ပြောကြား ထားသည်။

တယ်လီနောမှ ပြည်ပသို့ အပြန်အလှန်ခေါ်ဆိုနိုင်မည့် နိုင်ငံ များမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံ တို့ဖြစ်ကြောင်းသတင်းရရှိသည်။

လက်ရှိတွင် အစိုးရအော်ပ ရေတာဖြစ်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် GSM နှင့် WCDMA ဖုန်းများကို နိုင်ငံ ပေါင်း ၃၁ နိုင်ငံသို့ သယ်ယူအသုံး ပြုနိုင် သည့် Outbound Roaming ၀န် ဆောင်မှုနှင့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ မိုဘိုင်းဖုန်းများကို ပြည် တွင်းသို့ သယ်ယူအသုံးပြုနိုင် သည့် Inbound Roaming ၀န် ဆောင်မှုများပေးလျက်ရှိသည်။

တယ်လီနောဆင်းမ်ကတ်များ စတင်ရောင်းချနေစဉ် (ဓာတ်ပုံ - အေးမွန်ရာပြည့်)
7Day Daily
တယ်လီနောဆင်းမ် ကတ်အသုံးပြုသူများ ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု(Roaming Service) ကို အသုံးပြုလိုပါက ကနဦးအနေဖြင့် ငါးနိုင်ငံကိုသာ အပြန်အလှန်ခေါ်ဆိုမှုပြုလုပ်နိုင်ဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘တယ်လီနောဆင်းမ်ကတ် တွေမှာ Roaming ၀န်ဆောင်မှု က တစ်ခါတည်း ပါပြီးသားပါ။ လက်ရှိမှာတော့ ငါးနိုင်ငံကို အ ပြန်အလှန်ခေါ်ဆိုမှုတွေ ပြုလုပ် နိုင်မှာဖြစ်ပြီး နောက်ထပ်နိုင်ငံ

ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီးသွားနေစဉ် အဓ္ဓမပြုကျင့်ခံရ



ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသော Oktoberfestဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။အသက် ၂၄နှစ်ရှိ ခရီးသွားဧည့်သည်သည်စနေနေ့ညက ပွဲတော်ကျင်းပရာနေရာနှင့် ဆက်စပ်လျက်ရှိသော ချုံများအကြား ဆီးသွားနေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသမီး ကွက်မျက်ခံရဖွယ်ရှိ

အီရန်နိုင်ငံတွင် မိမိအား မုဒိန်းပြုကျင့်ရန်ကြိုးပမ်းခဲ့သူအား သတ်ခဲ့သည့် အမျိုးသမီးတဦး

 ယနေ့တွင် ကွက်မျက်ခံရဖွယ်ရှိနေသည်။အသက် ၂၆နှစ်ရှိ ရေဟာနားဂျက်ဘရီဆိုသူအမျိုးသမီးသည် အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန၏ ၀န်ထမ်းဟောင်းဖြစ်သူမော်တီဇာအဗ္ဗဒိုလာလီဆာဘန်ဒီ ဆိုသူကို ၎င်းအား အဓ္ဓမပြုကျင့်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ သတ်ခဲ့သောကြောင့် ၂၀၀၇ခုနှစ်က ဖမ်းဆီးခံခဲ့ရသည်။

ဆန္ဒပြမှုတွေ အဆုံးသတ်ဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး သတိပေး



ဟောင်ကောင်မှာ ဆန္ဒပြသူတွေဘက်က ပိုဆန္ဒပြသွားမယ်လို့ ခြိမ်းခြောက်လိုက်ပေမဲ့ အုပ်ချုပ်ရေးမှူးကတော့ ဒီဆန္ဒပြပွဲတွေ အမြန်ရပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့မှာပဲ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying မိန့်ခွန်းပြောရာမှာ သူနှုတ်ထွက်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး

အာရှ ယူ-၁၉ ဘောလုံးလက်မှတ်တွေ ဘယ်မှာ ဘယ်လို ဝယ်နိုင်မလဲ

နယူးဇီလန်နိုင်ငံမှာ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့အတွက် မြန်မာအပါအဝင် အာရှက အင်အားကြီးနိုင်ငံတွေ လာရောက်ယှဉ်ပြိုင်မယ့် အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲ လက်မှတ် ဈေးနှုန်းတွေနဲ့ ဝယ်ယူရမယ့် နေရာတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီကနေမှာ ထုတ်ပြန်လိုက်ပါတယ်။