Tuesday, November 18, 2014

လိုင်စင်နှင့်စည်းကမ်း လိုက်နာမှု ရှိ၊ မရှိ KTV များကို စစ်ဆေးအရေးယူမည်

မကွေးမြို့ တွင် KTV နှင့် အရက်ဆိုင်များမှ အစ ပြုသည့် ရာဇဝတ်မှုခင်း ဖြစ်ပွားမှုများ ပြားလာသဖြင့် လိုင်စင်မဲ့အရက်ဆိုင်များ အား အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက်ရှိ ပြီး လိုင်စင်မဲ့နှင့် စည်းကမ်းချက်များ မကိုက်ညီသည့် KTV များကိုလည်း ဆက်လက်အရေးယူသွားမည်ဖြစ် ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားလိုက်သည်။

''လိုင်စင်မဲ့၊ သက်တမ်းလွန် KTV တွေ၊ လိုင်စင်စည်းကမ်းနဲ့မညီညွတ် တဲ့ KTV တွေကို တစ်ပြေးညီအရေး ယူနိုင်ဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ စည်ပင် သာယာရေးဌာနတွေက ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေကို နိုဝင် ဘာ ၆ရက်က တောင်းခံထားပါတယ်။

စာရေးဆရာ ထင်လင်းဦး နဲ့ ပတ်သက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်

Photo: စာရေးဆရာ ထင်လင်းဦး နဲ့ ပတ်သက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်

Photo- National League for Democracy

ကေ အိုင် အေ (က ချင်) အ ဖွဲ့ မှ ထောင် ထား သည့် မိုင်း အား နင်း မိ ပေါက် ကွဲ

Photo: ကေ အိုင် အေ (က ချင်) အ ဖွဲ့ မှ ထောင် ထား သည့် မိုင်း အား နင်း မိ ပေါက် ကွဲ
Tuesday, November 18, 2014

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဝါရာဇွပ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ နန့်ဆိုင်း ချောင်းဘေး၌ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဝါရာဇွပ်ကျေးရွာနေ ဦးအင်ဂိန်နော်ဂျာ ၃၁ နှစ်နှင့် နမ္မတီး ကျေးရွာနေ ဦးလဂျာတူးဝျာ တို့သည် ကေအိုင်အေ (ကချင်)အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ဦးအင်ဂိန်နော်ဂျာတွင် ယာ လက်မောင်းရိုးကျိုး၊ ယာပေါင်ရင်း ပေါက်ပြဲ ဒဏ်ရာနှင့် ဦးလဂျာတူးဝျာတွင် ဝဲဘက် ခြေဖနောင့် ပေါက်ပြဲဒဏ်ရာ အသီးသီး ရရှိခဲ့သည်။ အဆိုပါ မိုင်းထိလူနာ များအား မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဝါရာဇွပ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ နန့်ဆိုင်း ချောင်းဘေး၌ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဝါရာဇွပ်ကျေးရွာနေ ဦးအင်ဂိန်နော်ဂျာ ၃၁ နှစ်နှင့် နမ္မတီး

တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ နီးပါး တင်ဆောင်လာသည့်လှေ ဖမ်းမိ

ဓာတ်ပုံ - ရိုက်တာ
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်နိမိတ်အနီး ဘင်္ဂလား ပင်လယ်အော်ထဲမှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ လောက်ကို တင်ဆောင်လာတဲ့ လှေတစီး ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းမိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက စိန့်မာတင်ကျွန်းရဲ့ အရှေ့တောင်ပိုင်းက ရေမိုင် ၅၀ အကွာလောက်မှာ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ၀င်ရောက်လာတဲ့လှေကို ရေတပ်သင်္ဘောက တားဆီးလိုက်ပြီး ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုသူ ရေတပ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ကာကွယ်ရေး ဘတ်ဂျက်လျှော့၍ ကလေးသူငယ် အခွင့်အရေးအတွက် အသုံးပြုရန် သမ္မတထံစာပို့


President-Thein-Sein-2
ရန်ကုန် (မဇ္ဈိမ)။ ။ ကာကွယ်ရေး ကဏ္ဍအတွက် ဘတ်ဂျက်များ အလွန်အကျွံ သုံးစွဲခြင်းများကို လျှော့ချကာ ကလေးသူငယ် အခွင့်အရေးအတွက် ပိုမိုအသုံးပြုရန် အပါအ၀င် ကလေးသူငယ်အခွင့် အရေးများအတွက် လိုအပ်ချက်များ ကို လူ့အခွင့်အရေး အဖွဲ့ အစည်းများက နိုဝင်ဘာ ၁၇ ရက်တွင် သမ္မတ ဦးသိန်းစိန်ထံ စာပို့၍ တောင်းဆို လိုက်သည်။မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်တွင် လက်မှတ်ရေးထိုးထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက် တွင် အဆိုပါစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်မှာ နှစ်ဆယ့်သုံးနှစ်ပြည့် ခဲ့ပြီဖြစ်သည်။

မြေလတ်ဒေသတွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားမှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ပေါ်ခဲ့

မကွေးတိုင်း ဒေသကြီး၏ မြေလတ်ဒေသတစ်ခု ဖြစ်သော ချောက်မြို့၏အနောက် တောင်ဘက်မိုင် ၃ဝအကွာနှင့်မန္တလေး မြေငလျင်စခန်း၏အနောက်တောင် ဘက်မိုင် ၁၄ဝကိုဗဟိုပြုပြီး နိုဝင်ဘာ ၁၇ရက်နံနက် ၁၁နာရီတွင် ရစ်ခ်ျတာ စကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင် တစ်ခုလှုပ် ခတ်သွားကြောင်း နေပြည် တော်မြေ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။

မြေငလျင်လှုပ်ခတ်သွားမှုကို တိုင်းတာရာတွင် အနီးဆုံးချောက်မြို့ ကိုယူထားပြီး ယင်းလှုပ်ခတ်မှုကြောင့် ချောက်မြို့နှင့်နီးစပ်သော စလင်းမြို့ နယ်ရှိ မြေစိုက်အိမ်များလှုပ်ယမ်းခဲ့ သည်။ ထို့ပြင်ဈေးအတွင်းရှိ ပစ္စည်း ထည့်သည့် ဗီရိုကြီးများလည်း ခဏ တာ လှုပ်ယမ်းသွားခဲ့ပြီး ဒေသခံများ ပင် အထိတ်တလန့်ဖြစ်ပေါ်ခဲ့ကြ ကြောင်း စလင်းမြို့ခံများက ပြော ဆိုကြသည်။

တရားမဝင် ဆေးဝါး ၁၂၀,၀၀၀ သယ်ဆောင်လာသော ထိုင်းသံဃာတစ်ပါးကို ဖမ်းဆီးခဲ့

Photo: တရားမဝင် ဆေးဝါး ၁၂၀,၀၀၀ သယ်ဆောင်လာသော ထိုင်းသံဃာတစ်ပါးကို ဖမ်းဆီးခဲ့ 
Tuesday, November 18, 2014

စိတ်ကြွဆေးထက် ပိုမိုအချိန်ကြာမြင့်သည့် အာနိသင်ရှိသော တရားမ၀င် ဆေးဝါး ၁၂၀,၀၀၀ ကို သယ်ဆောင်လာသည့် သံဃာတစ်ပါးကို နိုဝင်ဘာ ၁၆ ရက် ညက ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချွန်သုန် ဒေသမှ ဘန်ကောက်သို့ သွားရောက်သည့် ခရီးသည်တင် ဘတ်စကားတစ်စီးပေါ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲများက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ လမ်ဖွန်မြို့၏ လီအရပ်ဒေသတွင်ရှိသော ဘန်ဝန်ဒင် စစ်ဆေးရေးဂိတ်တွင် ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ခရီးသည်တင် ဘတ်စကားများကို ပုံမှန် ရှာဖွေမှုများ ပြုလုပ်နေစဉ်အတွင်း အဆိုပါ မသင်္ကာဖွယ် သံဃာတစ်ပါးကို ည ၉ နာရီ ၄၅ မိနစ်ခန့်က သတိထားမိခဲ့ခြင်းဖြစ်သည်။

၎င်း သံဃာတော်၏ အိတ်နှစ်လုံးကို ရှာဖွေရာတွင် တရားမ၀င် ဆေးဝါးအတု ၁၂၀,၀၀၀ ပါဝင်သော အထုပ် ၆၀ နှင့်အတူ မိုဘိုင်းဖုန်းတစ်လုံး နှင့် ဘတ်ငွေ ၂,၂၀၀ ကို တွေ့ရှိခဲ့သည်။

သက်တော် ၄၇ ရှိ ဖရာ သာနာယုသ် ပိုဆင် ဆိုသည့် အဆိုပါ သံဃာတော်က ယင်းဆေးများကို ချင်မိုင်ရှိ ချွန်သုန် ဒေသမှ ၀က်ဖရို ဘူရီရှိ  ဆေးဝါးလက်ခံသူ တစ်ဦးထံသို့ ပို့ဆောင်ရန်အတွက် ဒယ်အုန်းဆိုသည့် အခြားသော သံဃာတစ်ပါးထံမှ ဘတ်ငွေ ၅၀,၀၀၀ ဖြင့် ယူဆောင်လာခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။ ထို့ပြင် လက်ရှိတွင် ဘတ်ငွေ ၁၀,၀၀၀ကို ကြိုတင်ရယူထားပြီး ဆေးဝါးများ ပို့ဆောင်မှုလုပ်ငန်းပြီးဆုံးချိန်တွင် ကျန်ရှိသည့် ငွေပမာဏကို ရရှိမည်ဖြစ်သည်ဟု အဆိုပါသံဃာက ထွက်ဆိုခဲ့သည်။

Mizzima
စိတ်ကြွဆေးထက် ပိုမိုအချိန်ကြာမြင့်သည့် အာနိသင်ရှိသော တရားမ၀င် ဆေးဝါး ၁၂၀,၀၀၀ ကို သယ်ဆောင်လာသည့် သံဃာတစ်ပါးကို နိုဝင်ဘာ ၁၆ ရက် ညက ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချွန်သုန် ဒေသမှ ဘန်ကောက်သို့ သွားရောက်သည့် ခရီးသည်တင် ဘတ်စကားတစ်စီးပေါ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲများက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ လမ်ဖွန်မြို့၏ လီအရပ်ဒေသတွင်ရှိသော ဘန်ဝန်ဒင် စစ်ဆေးရေးဂိတ်တွင် ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ခရီးသည်တင် ဘတ်စကားများကို ပုံမှန် ရှာဖွေမှုများ ပြုလုပ်နေစဉ်အတွင်း အဆိုပါ မသင်္ကာဖွယ် သံဃာတစ်ပါးကို ည ၉ နာရီ ၄၅ မိနစ်ခန့်က သတိထားမိခဲ့ခြင်းဖြစ်သည်။

မြေလတ်ဒေသတွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားမှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ပေါ်ခဲ့

မကွေးတိုင်း ဒေသကြီး၏ မြေလတ်ဒေသတစ်ခု ဖြစ်သော ချောက်မြို့၏အနောက် တောင်ဘက်မိုင် ၃ဝအကွာနှင့်မန္တလေး မြေငလျင်စခန်း၏အနောက်တောင် ဘက်မိုင် ၁၄ဝကိုဗဟိုပြုပြီး နိုဝင်ဘာ ၁၇ရက်နံနက် ၁၁နာရီတွင် ရစ်ခ်ျတာ စကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင် တစ်ခုလှုပ် ခတ်သွားကြောင်း နေပြည် တော်မြေ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။

ကိုယ်စားလှယ်များ ပါတီပြောင်းပါက ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး လွှတ်တော်သို့ တင်သွင်း

နိုင်ငံရေးပါတီ တစ်ခုမှ အခြားပါတီတစ်ခုသို့ ကူး ပြောင်းသွားသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည်ရုပ်သိမ်းခွင့်ကို ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် အသစ်ဖြည့် စွက်ပြဋ္ဌာန်းပေးရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြည်ထောင်စု လွှတ် တော်သို့ တင်ပြဆွေးနွေးလိုက် သည်။

အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ဆရာများအဖွဲ့ချုပ် ထောက်ခံ

Photo: အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ဆရာများအဖွဲ့ချုပ် ထောက်ခံ
Tuesday, November 18, 2014

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုသပိတ် ဆင်နွှဲနေတဲ့ ကျောင်းသားတွေအနေနဲ့ ပြေလည်နိုင်မယ့် နည်းလမ်းတွေကို ပညာရေးတာဝန်ရှိသူတွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံညှိနှိုင်းဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ ဒီပညာရေးဥပဒေပါ အချက်တွေကိုပြင်ဆင်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ အများပြည်သူ၊ ကျောင်းသားထုနဲ့ဆရာဆရာမတွေရဲ့ သဘောဆန္ဒမပါဘဲ ရေးဆွဲခဲ့တဲ့ပညာရေးဥပဒေအပေါ် ကျောင်းသားထုရဲ့ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ မဆုမွန်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားတွေရဲ့သပိတ် ရက်ဆက် လာချိန်မှာပဲ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အဆင့်မြင့်ပညာဦးစီးဌာနတာဝန်ရှိသူတွေက သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေတိဂုံစေတီ ကြေးသွန်းဘုရားကြီးမှာ လာရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကြားဝင်ညှိနှိုင်းပေးမယ်လို့ အလွတ်သဘော လာရောက် ဆွေးနွေးမှုကို ကျောင်းသားတွေက ပယ်ချခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ကျောင်းသားထုအနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ ပြေလည်အောင် အဖြေရှာ ဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာ ဦးစီးဌာန အောက်မြန်မာပြည်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျောင်းသားတွေ ဆန္ဒပြတဲ့ကိစ္စက သူတို့တွေ ကြေညာချက်ထုတ်ပြန်တယ်။ အဲဒီကြေညာချက်ထုတ်ပြန်ထားတဲ့အချက်အားလုံးသည် သူတို့ရဲ့ လိုလားချက် အမှန်သာဖြစ်လျှင် ဒါသည် မလုပ်နိုင်တဲ့ကိစ္စ တစ်ခုမှမရှိဘူး။ ..ဖြစ်တဲ့အတွက် ကျနော်တို့က တယောက်နဲ့တယောက် မျက်နှာချင်းဆိုင် တိုင်ပင်ပြီးတော့မှ …လုပ်နိုင်ဖို့၊ ဆောင်ရွက်ဖို့ လိုတော့တဲ့အနေအထားပဲဖြစ်တယ်။ ဒါသည် လိုလားချက်အမှန်ဖြစ်ဖို့ပဲ လိုတယ်။ လိုလားချက်အမှန်သာ ဖြစ်ခဲ့လို့ရှိရင် မျက်နှာချင်းဆိုင် ဆွေးနွေးပြီးတော့မှ ဒါကို ဘယ်လို ရအောင်လုပ်မလဲဆိုတဲ့ နည်းလမ်းရှာလို့ရတဲ့ ကိစ္စတွေချည့်ပဲဖြစ်တယ်။ ဆန့်ကျင်ဘက်တစ်ခုမှမရှိဘူးဆိုတာ ပြောပြချင်တယ်။”

ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ကျောင်းသားအခွင့်အရေးတွေကို ကန့်သတ်ထိန်းချုပ်မှုထားတဲ့ ပညာရေးစနစ်အပေါ် သဘောမတူဘူးလို့ အများပြည်သူ မိဘ ဆရာ ကျောင်းသားတွေရဲ့ သဘောထားဆန္ဒတွေကို အကြိမ်ကြိမ်တင်ပြ တောင်းဆိုပြီးဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသုတက ဗွီအိုအေကိုပြောပါတယ်။

“ဆရာတွေဘက်ကပေါ့နော်၊ ကျောင်းသားတွေ ဆန္ဒမပြခင် ကျနော်တို့ ညှိနှိုင်းယူတယ်။ ကျနော်တို့ ဒါတွေကတော့ လက်မခံနိုင်ဘူး၊ ဒီအချက်၊ ဒီ အချက်တွေကို ပြင်ပေးပါဆိုတာ လုံးဝ မပြင်ဘူး။ ကျနော်တို့ ဆရာဆရာမများအဖွဲ့ချုပ်က တောင်းဆိုတဲ့ (၉) ချက်ကို လုံးဝ မလိုက်လျောဘဲနဲ့ သူတို့ အတည်ပြုလိုက်တယ်ဗျာ။ အခုရောက်မှ ညှိနှိုင်းလို့ရတယ်ဆိုတာ ဒါ လက်ခံနိုင်ခြေမရှိဘူး။ ထမင်းရည်ပူလျှာလွှဲ ပြောတဲ့စကားမျိုး၊ ပြဿနာ တခုဖြစ်တော့မှ ကျောင်းသားတွေပဲ အဆိုးဖြစ်အောင် ကျောင်းသားတွေဗျာ၊ ဒဂုံတက္ကသိုလ်ပြတယ်။ နောက်ပြီး ရန်ကုန်တက္ကသိုလ်ဆန္ဒပြတယ်၊ အဲဒီတော့ မုံရွာတက္ကသိုလ်မှာလည်း ဆန္ဒပြတယ်။ တက္ကသိုလ်အသီးသီးမှာ ဆန္ဒပြသွားတဲ့အချိန်မှာ သူတို့က ဘာမှမလုပ်ဘဲနဲ့ ကျောင်းသားတွေကို အမျိုးမျိုး ဖိအားပေးပြီးတော့ ကျောင်းသားသမဂ္ဂဖျက်ဆီးရေး၊ ဖြိုခွင်းရေးကိုပဲ သူတို့ အာရုံစူးစိုက်ခဲ့တယ်။ ဒါ သူတို့ရဲ့မှားယွင်းမှုတရပ်ပဲဗျ။ အခုရောက်ကာမှ သူတို့က ညှိနှိုင်းလို့ရတယ်ဆိုပြီး ပြောတယ်။ ညှိနှိုင်းလို့ရခဲ့တယ်ဆိုရင် သမ္မတက ဘာကြောင့် ကျနော်တို့ ညှိနှိုင်းခဲ့တာကို လက်မခံဘဲနဲ့ ဒီအတိုင်းကြီး အတည်ပြုခဲ့သလဲ။ ပြီးတော့ လွှတ်တော်ကရော ဘာကြောင့် ဒီအတိုင်း အတည်ပြုခဲ့သလဲ။ အဲဒီတော့ လွှတ်တော်ရော၊ အစိုးရအဖွဲ့မှာရော လုံးဝ တာဝန်ရှိတယ်။”

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုရဲ့သပိတ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံတယ်လို့လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပေးဖို့ကို နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်လက် တောင်းဆိုသွားကြမှာဖြစ်တယ် လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

“အမျိုးသားပညာရေးဥပဒေနဲ့ပြဌာန်းပြီးတော့ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရောကို နှိပ်ကွပ်တဲ့ဥပဒေဖြစ်နေတာတော့ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတရပ်ပေါ့နော်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့က ကျောင်းသားတွေရဲ့လုပ်ရပ်ကို ခြွင်းချက်မရှိ အပြည့်အဝထောက်ခံပါတယ်ခင်ဗျ။ ကျနော်တို့က ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ဥပဒေကိုတော့ ဥပဒေနဲ့အညီ တောင်းဆိုသွားမှာပါ။ အဲဒီတော့ ဒါက တော်တော် ဝမ်းနည်းစရာ ကောင်းတာပေါ့။ တဘက်ကပြောရင်လည်း ကျနော်တို့က ပြောင်းလဲပါတယ်၊ ပြောင်းလဲပါတယ်ပြောတယ်။ အခု လေးနှစ်အတွင်းမှာဗျာ၊ ဒီတက္ကသိုလ်တွေမှာ အုပ်ချုပ်မှုတွေမှာ လုံးဝမပြောင်းလဲဘူး။ အာဏာရှင်ဆန်ဆန်ပဲသွားတဲ့အတွက် အာဏာရှင်ပညာရေးဆိုတော့ အရင်ကိုလိုနီပညာရေးထက်ဆိုးတဲ့ အခြေအနေရောက်နေတာပေါ့။ ပါမောက္ခချုပ်တွေက သူတို့လုပ်ချင်ရာလုပ်တယ်။ အဲဒီတော့ ပါမောက္ခချုပ်နဲ့ ဝန်ကြီး level တွေက၊ ညွှန်ကြားရေးမှူးချုပ် level တွေက အကုန်လုံးက လာဘ်ပေးလာဘ်ယူတွေမှာ ပါဝင်ပတ်သက်နေတော့ သူတို့က ဒါကို မပြောင်းချင်တာ အဓိကပဲဗျ။ အဲဒီတော့ လူကြီးတွေရဲ့ mindset ပေါ့နော်၊ စိတ်ဓာတ်မပြောင်းသရွေ့ ကျနော်တို့ရဲ့ပညာရေးက ပြောင်းလဲမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဥပဒေနဲ့အညီ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာက ပေးထားတဲ့အကူအညီတွေကလည်း ပညာရေးမှာ အဟောသိကံဖြစ်နေတာတွေက အများကြီးပဲ။ အဲဒါကြောင့်မို့လို့ လက်ရှိအစိုးရက သူလုပ်ချင်ရာကို လုပ်လို့ရအောင် အာဏာရှင်သက်ဆိုးရှည်အောင်လို့ လုပ်နေတဲ့သဘောလို့ပဲ ကျနော်ထင်တယ်ဗျ။”

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားသပိတ် လေးရက်မြောက်နေ့ဖြစ်လာပြီဖြစ်ပြီး တောင်းဆိုတဲ့အချက်တွေကို မလိုက်လျော ပေးဘူးဆိုရင် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ကျောင်းသားတွေ စုဖွဲ့ထားတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီက ပြောဆိုထားပါတယ်။

သမ္မတလက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေကြတဲ့ ကျောင်းသားများ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)
VOA
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုသပိတ် ဆင်နွှဲနေတဲ့ ကျောင်းသားတွေအနေနဲ့ ပြေလည်နိုင်မယ့် နည်းလမ်းတွေကို ပညာရေးတာဝန်ရှိသူတွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံညှိနှိုင်းဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ ဒီပညာရေးဥပဒေပါ အချက်တွေကိုပြင်ဆင်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ အများပြည်သူ၊ ကျောင်းသားထုနဲ့ဆရာဆရာမတွေရဲ့ သဘောဆန္ဒမပါဘဲ ရေးဆွဲခဲ့တဲ့ပညာရေးဥပဒေအပေါ် ကျောင်းသားထုရဲ့ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ မဆုမွန်က တင်ပြပေးထားပါတယ်။

ကက်ဆင်အား IS အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်ဆိုးယုတ်လှသော လုပ်ရပ်ဟု အိုဘားမားပြော

Photo: ကက်ဆင်အား IS အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်ဆိုးယုတ်လှသော လုပ်ရပ်ဟု အိုဘားမားပြော
Tuesday, November 18, 2014

ဘေရွတ်၊ နိုဝင်ဘာ ၁၇။ အမေရိကန် လူမှုကူညီရေး ဝန်ထမ်း အက်ဘ်ဒူလ်ရာမန်ကက်ဆင်း အား IS အဖွဲ့က သတ်ဖြတ်လိုက်ခြင်းမှာ လုံးဝဆိုးယုတ်လှသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဝေဖန်ရှုတ်ချလိုက်သည်။

ခေါင်းပြတ်တစ်ခု အနီးတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး ရပ်နေသော ဗွီဒီယိုတစ်ခုကို အစ္စလာမ္မမစ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ခဲ့ရာ ကွပ်မျက်သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ ကက်ဆင် ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဆီးရီးယား ပြည်သူများ အပေါ် ထားရှိသော ချစ်ခင်မှု၏ ရလဒ်တစ်ခု အဖြစ် သူ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သူ၏ မိဘများက ဆိုခဲ့ကြသည်။

အသက် ၂၆ နှစ်အရွယ် ကက်ဆင်း မှာ ဒုက္ခသည် အဖွဲ့တစ်ဖွဲ့ အတွက် အလုပ်လုပ်နေစဉ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရ သူဖြစ် သည်။ သူသည် IS အဖွဲ့၏ ကွပ်မျက် သတ်ဖြတ်မှုကို ခံခဲ့ရသော ပဉ္စမမြောက် အနောက်နိုင်ငံသား ဓားစာခံတစ်ဦး ဖြစ်သည်။ IS အဖွဲ့သည် ဆီးရီးယား နှင့် အီရတ် တို့တွင် နယ်မြေအချို့ကို သိမ်းပိုက်ထားနိုင်လျက် ရှိသည်။

ကက်ဆင်သည် လူသားချင်း စာနာစိတ်ရှိသူ တစ်ဦးဖြစ်ကြောင်း သမ္မတအိုဘားမားက ချီးကျူး လိုက်ကာ “လူမဆန်တဲ့ အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့က လုံးဝဆိုးယုတ်လှတဲ့ လုပ်ရပ်တစ်ခု အနေနဲ့ ကျွန်တော်တို့ဆီကနေ သူကို ယူဆောင်သွား လိုက်တာပါ” ဟုလည်း ပြောခဲ့သည်။

“ဒီနေ့ ကျွန်တော်တို့ အတူတကွ ဝမ်းနည်းကြေကွဲ ကြရပါတယ်။ ဒါပေမဲ့ အက်ဘ်ဒူလ်ရာမန် ကက်ဆင် ဆီမှာရှိတဲ့ ထူးခြားပေါ်လွင်နေတဲ့ ကောင်းမြတ်မှု၊ ဇွဲလုံ့လရှိမှုတွေနဲ့ ပြည့်ဝနေတဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကိုလည်း ကျွန်တော်တို့ အမှတ်ရ မိပါတယ်” ဟု သမ္မတ အိုဘားမားက ဆိုခဲ့သည်။ အိုဘားမားသည် သြစတြေးလျ နိုင်ငံတွင် ကျင်းပလျက်ရှိသော ဂျီ၂၀ ထိပ်သီးဆွေးနွေးပွဲ မှ အမေရိကန်နိုင်ငံသို့ ပြန်နေစဉ်တွင် ယခုကဲ့သို့ မှတ်ချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကက်ဆင်၏ မိဘများ ဖြစ်ကြသည့် အင်ဒီယားနားမှ အက်ဒ် နှင့် ပေါ်လာ တို့ကလည်း သားဖြစ်သူ သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေး ရကြောင်း ပြောဆိုခဲ့သည်။ “သူ့ရဲ့ လူသားချင်း စာနာတတ်တဲ့ အသိစိတ်ဓာတ်နဲ့ အညီ နေထိုင်သွားခဲ့တဲ့ သားဖြစ်သူအတွက် ကျွန်တော်၊ ကျွန်မတို့ အထူး ဂုဏ်ယူမိပါတယ်” ဟု ၄င်းတို့က ဆိုထားသည်။ “သူ့ရဲ့ အမွေအနှစ်တွေ ဆက်ပြီးရှင်သန်နေစေဖို့အတွက် နေ့တိုင်းနေ့တိုင်း ကျွန်တော်ကျွန်မတို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ” ဟုလည်း ဆိုကြသည်။

IS အဖွဲ့၏ ကွပ်မျက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အခြား အနောက်နိုင်ငံသား ဓားစာခံများမှာ ဘရစ်တန်စ်အလန်ဟန်းနင်း၊ ဒေးဗစ် ဟိန်းစ် နှင့် အမေရိကန် သတင်းထောက်များ ဖြစ်ကြသည့် ဂျိမ်းစ်ဖိုလေးနှင့် စတီဗင်ဆော့လော့ဖ် တို့ ဖြစ်ကြသည်။

ဆီးရီးယား စစ်သားများကို ကွပ်မျက်ရန် ပြင်ဆင်နေသည့် ဂျီဟတ်ဒီဂျွန်နှင့် IS တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Daily Mail
Ref: BBC
Mizzima
ဘေရွတ်၊ နိုဝင်ဘာ ၁၇။ အမေရိကန် လူမှုကူညီရေး ဝန်ထမ်း အက်ဘ်ဒူလ်ရာမန်ကက်ဆင်း အား IS အဖွဲ့က သတ်ဖြတ်လိုက်ခြင်းမှာ လုံးဝဆိုးယုတ်လှသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဝေဖန်ရှုတ်ချလိုက်သည်။

ခေါင်းပြတ်တစ်ခု အနီးတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး ရပ်နေသော ဗွီဒီယိုတစ်ခုကို အစ္စလာမ္မမစ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ခဲ့ရာ ကွပ်မျက်သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ ကက်ဆင် ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဆီးရီးယား ပြည်သူများ အပေါ် ထားရှိသော ချစ်ခင်မှု၏ ရလဒ်တစ်ခု အဖြစ် သူ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သူ၏ မိဘများက ဆိုခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရှေ့နှစ်တွင် နိုင်ငံတစ်ဝန်း 3G ကွန်ရက်နှစ်ဆရရှိရန် တိုးချဲ့မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူး ပေါင်း၍ ၂၀၁၅ မတ်လ ကုန်တွင်နိုင်ငံ တစ်ဝန်း၌လက်ရှိ 3G ကွန်ရက် အရေအတွက်ထက်နှစ်ဆ ခန့်အထိရှိလာစေရန် တိုးချဲ့သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘MPT အနေနဲ့ ကွန်ရက်ချဲ့ ထွင်မှုနဲ့ လိုင်းကျပ်တဲ့ပြဿနာ နှစ်ခုလုံးကို ဟန်ချက်ညီအောင် ဖြေရှင်းသွားဖို့ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့် သိန်းထွန်းက ပြောသည်။

ရမန်လေးပတ်ပြည့်ပြီး အမှုမတင်နိုင်ပါက ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး တရားရှင်လွတ်နိုင်

Photo: ရမန်လေးပတ်ပြည့်ပြီး အမှုမတင်နိုင်ပါက ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး တရားရှင်လွတ်နိုင်
Tuesday, November 18, 2014

ဖမ်းဆီးခံမြန်မာလုပ် သားနှစ်ဦးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရမန်လေးကြိမ် ပြည့်မည်ဖြစ် ပြီး ထိုရက်အတွင်း ထိုင်းရဲတပ်ဖွဲ့ မှ အမှုတည်ဆောက်နိုင်ခြင်း မရှိ ပါက ထိုင်းဥပဒေအရ တရားရှင် လွှတ်ပေးနိုင်သည့် ဥပဒေရှိသော ကြောင့် မြန်မာသံရုံးအထူးအဖွဲ့ က မြန်မာလုပ်သားနှစ်ဦးအား တ ရားရှင်လွှတ်ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံဥပဒေသည် ရမန် တစ်ကြိမ်ကို ၁၂ ရက်ယူပြီး အမှု တစ်ခုတည်ဆောက်ရန် ရမန် ခုနစ်ကြိမ် ယူလေ့ရှိသည်။ ထို ရမန် ခုနစ်ကြိမ်၊ ရက်ပေါင်း ၈၄ ရက်အတွင်း အမှုတည်ဆောက် နိုင်ခြင်း မရှိပါက တရားခံအား တ ရားသေလွှတ်ရမည်ဟု ထိုင်းနိုင်ငံ ဥပဒေတွင် ဖော်ပြထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

အမှုတစ်ခုအား ရမန်လေး ကြိမ်မြောက်အတွင်း အမှုတည် ဆောက်နိုင်ခြင်း မရှိပါက ရဲတပ် ဖွဲ့အနေဖြင့် တရားခံအား တရား ရှင် လွှတ်ပေးလိုပါက လွှတ်ပေး ခွင့်ရှိကြောင်းလည်း ရှေ့နေ ဦး အောင်မျိုးသန့်က ပြောသည်။

‘‘ရမန်လေးကြိမ်မြောက်လို့ အမှုတွဲ မတင်နိုင်ဘူးဆိုရင် ဖမ်း ထားတဲ့သူကို သူတို့လွှတ်ပေးချင် ရင် လွှတ်ပေးလို့ရတယ်။ မလွှတ် ချင်ရင်လည်း ရမန်ထပ်ယူပြီး လုပ်လို့ရတယ်။ တကယ်တော့ ရမန်က ခုနစ်ကြိမ် ယူလို့ရတယ်။ လေးကြိမ်မြောက်လို့ မတင်နိုင် ရင်လည်း လွှတ်ပေးလို့ရတာပေါ့။ အဲဒါကြောင့် အစိုးရရှေ့နေတွေ က ၂၀ ရက်မှာ အပြီးတင်နိုင် အောင် ရဲတပ်ဖွဲ့ကို ပြောထား တယ်။ အဲဒီနေ့မှာ ရဲတပ်ဖွဲ့က မ တင်နိုင်ဘူးဆိုရင် အန်ကယ်တို့ က တရားရှင်လွှတ်ပေးအောင် အ ယူခံဝင်သွားမယ်’’ ဟု ရှေ့နေဦး အောင်မျိုးသန့်က ပြောသည်။

အဆိုပါ ရမန်လေးကြိမ်ပြည့် ရန်မှာ သုံးရက်သာ လိုတော့ သည်။ မြန်မာ့သံရုံးအထူးအဖွဲ့ သည် မြန်မာလုပ်သားနှစ်ဦးအား တရားရှင်လွှတ်ပေးရန် ရမန်လေး ကြိမ်ပြည့်မည့် နိုဝင်ဘာ ၂၀ ရက် တွင် မြန်မာလုပ်သားနှစ်ဦးအား ရမန်ယူရုံးထုတ်မည့် ကော့စမွီ ထောင်သို့ သွားရောက်မည်ဖြစ် သည်။

ထိုင်းရဲတပ်ဖွဲ့အနေဖြင့် မြန် မာလုပ်သားနှစ်ဦးအား အမှုတွဲ တင်ပါက မြန်မာလုပ်သားနှစ်ဦး ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း သက်သေပြနိုင်ရန် တရားခံပြ သက်သေသုံးဦးကို ထိုင်းရှေ့နေ များကောင်စီက ရှာဖွေတွေ့ရှိ ထားကြောင်း မြန်မာသံရုံးအထူး အဖွဲ့က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးအား လူသတ်တ ရားခံဟု စွပ်စွဲထားသော်လည်း မျက်မြင်သက်သေနှင့် တရားလို ပြ သက်သေ မရှိသေးပေ။

၎င်းတို့ ယခင်က ထားရှိသော တရားလိုပြသက်သေ မောင် မောင်သည် ဖမ်းဆီးခံ မြန်မာလုပ် သားနှစ်ဦးက လူသတ်တရားခံ များ မဖြစ်နိုင်ကြောင်း၊ အခင်းဖြစ် ပွားရာတွင် မြင်တွေ့ခြင်းမရှိ ကြောင်း ပြောဆိုထားသောကြောင့် ထိုင်းရဲတပ်ဖွဲ့က တရားလိုပြသက် သေအဖြစ် မထားရှိတော့ပေ။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးအား တရားခံဟု စွပ်စွဲထားရာတွင် DNA အဖြေ တစ်ခုသာ တူညီသည့် အချက် တစ်ချက်သာ ရရှိထားသည်။

အမျိုးသားလွှတ်တော် ဥက္က ဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင် သော စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ယခုလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်

တရားခံများအဖြစ် စွပ်စွဲခံထားရသူ နှစ်ဦး (ဓာတ်ပုံ−Supapong Chaolan)
7Day Daily
ဖမ်းဆီးခံမြန်မာလုပ် သားနှစ်ဦးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရမန်လေးကြိမ် ပြည့်မည်ဖြစ် ပြီး ထိုရက်အတွင်း ထိုင်းရဲတပ်ဖွဲ့ မှ အမှုတည်ဆောက်နိုင်ခြင်း မရှိ ပါက ထိုင်းဥပဒေအရ တရားရှင် လွှတ်ပေးနိုင်သည့် ဥပဒေရှိသော ကြောင့် မြန်မာသံရုံးအထူးအဖွဲ့ က မြန်မာလုပ်သားနှစ်ဦးအား တ ရားရှင်လွှတ်ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဘန်ကီမွန်း၏ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ ရိုဟင်ဂျာ အသုံး အနှုန်းကို ရခိုင်ပြည်နယ်လွှတ် တော်က ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၇ရက်က ပြုလုပ် ခဲ့သော ပထမအကြိမ် ရခိုင်ပြည် နယ် လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မစ္စတာဘန်ကို ကန့်ကွက်ကြောင်း အရေးကြီးအဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ခေါက်မြေခွင်သို့ KIA တပ်သားများ ရောက်ရှိလာ၍ ဒေသခံရွာသားများ ထွက်ပြေးလာ

မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲ၊ မံကင်းရွာ ခေါက်မြေခွင်သို့ မနေ့ နိုဝင်ဘာလ(၁၆)ရက်နေ့က ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပိန်းခွန်ရန် အခြေစိုက်၊ တပ်ရင်း(၅)မှ KIA တပ်သားများ ရောက်ရှိလာသောကြောင့် ခေါက်မြေခွင်အတွင်း တောင်ယာ/သစ် လုပ်ကိုင်နေကြသည့် မံကင်းရွာသားများနှင့် ရေနားပင်လုံ၊ တောပင်လုံ၊ ဆင်ဘိုစသည့် ဒေသခံများ ရွာအတွင်းသို့ ထွက်ပြေးလာခဲ့ကြကြောင်း ဒေသခံများထံမှတဆင့် သိရှိရသည်။