Friday, March 21, 2014

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ တပ်မတော်(ရေ)အပါအ၀င် လုံခြုံရေးအင်အားတိုးမြင့်ချထားမည်

Photo: ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ တပ်မတော်(ရေ)အပါအ၀င် လုံခြုံရေးအင်အားတိုးမြင့်ချထားမည်
Friday, March 21, 2014

မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် မတ်လ ၁၉ ရက်နေ့မှစ၍ တရားမ၀င် ခိုးဝင်လာမှုများအား တားဆီးကာကွယ်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပါအ၀င် လုံခြုံရေးအင်အား တိုးမြှင့် ချထားမည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အရာရှိတစ်ဦးထံမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်္ဂလီအရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ``ပင်လယ်ရေကြောင်း ကနေ စက်လှေတွေနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ စက်လှေမှောက်ပြီးသေတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပဲ၊ သန်းခေါင် စာရင်းကောက်တဲ့အချိန်မှာ ဘင်္ဂလီတွေ နည်းအမျိုးမျိုးနဲ့ဝင်ဖို့ ကြိုးစားမှာပဲ၊ ကျန်တဲ့အချိန်တွေမှာ ခိုးဝင်ဘင်္ဂလီ တွေကို ထိထိရောက်ရောက်မတားဆီးနိုင်ပေမယ့် သန်းခေါင် စာရင်း ကောက်ယူချိန်မှာတော့ မဖြစ်မနေ တားဆီးရမှာ ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အ၀င်/အထွက်များတော့ အဓိကထားပြီး လုံခြုံရေးတွေကို တိုးမြှင့် လုပ်ဆောင်သင့်ပါတယ်´´ ဟု ပြောကြားသွားသည်။

မြန်မာ့တပ်မတော်(ရေ)က မတ်လ ၁၉ ရက်မှ ၂၇ ရက်နေ့အထိ ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းကို ပြုလုပ်နေပြီး အဆိုလေ့ကျင့်ခန်းပြုလုပ်စဉ်ကာလအတွင်း သတ်မှတ်ဧရိယာမှ ၅ မိုင်ပတ်လည်တွင် ယာဉ်အမျိုးမျိုးဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများလုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ်ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော်(ရေ)က သတိပေး ချက်ထုတ်ပြန်ထားကြောင်း တပ်မတော်(ရေ)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပင်လယ်ပြင်စိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များကို မြန်မာ့ကမ်ရိုးတန်းတစ်လျှောက်တွင် တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်မတိုင်မီကာလများနှင့် ကောက်ယူနေချိန်များတွင် ပင်လယ်ရေကြောင်းမှ တရားမ၀င် ၀င်ရောက်မှုများအပါအ၀င် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် လုံခြုံရေးအဆင့် ပိုမိုတိုးမြှင့်၍ ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်ကို အဓိကထား အင်အားတိုး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ခိုးဝင်ဘင်္ဂလီများ မ၀င်ရောက် နိုင်ရန် တပ်မတော်(ရေ)နည်းတူ တပ်မတော်(ကြည်း)မှလည်း နယ်စပ်တွင် လုံခြုံရေးစခန်း(၁၅)ခု တိုးချဲ့ ဆောက် လုပ်ကာ လုံခြုံရေးအင်အား တိုးမြှင့်ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ချေ
Online Update News
မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက် ယူမည်ဖြစ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် တွင် မတ်လ ၁၉ ရက်နေ့မှစ၍ တရားမ၀င် ခိုးဝင်လာမှုများအား တားဆီး ကာကွယ်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပါအ၀င် လုံခြုံရေးအင်အား တိုးမြှင့် ချထား မည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အရာရှိတစ်ဦးထံမှ သိရသည်။

ပါကစ္စတန်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ကွာလာ လမ်ပူလေဆိပ် သို့ အရေးပေါ်ပြန်လည်ဆင်းသက်

Photo: ပါကစ္စတန်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ကွာလာ လမ်ပူလေဆိပ် သို့ အရေးပေါ်ပြန်လည်ဆင်းသက်
Friday, March 21, 2014

ပါကစ္စတန်နိုင်ငံ ပန်ချပ်ပြည်နယ် လာဟိုးမြို့သို့ဦးတည်ပျံသန်းနေသည့် ပါကစ္စတန်လေကြောင်းလိုင်းပိုင် Airbus A310-300 အမျိုးအစားခရီးသည် တင်လေ.ာဉ်တစ်စီးသည် ကွာလာလမ်ပူလေဆိပ်သို့ အင်ဂျင်တစ်လုံး မီးလောင်၍ ပြန်လည်ဆင်းသက်ခဲ့ရပုံကို ပါကစ္စတန် တီဗီက ထုတ်လွှင့်ပြသ ခဲ့သည်။

 ၆၅ မိနစ်ကြာလေထဲတွင် ပျံသန်းပြီး ကောင်းမွန်ချောမွေ့စွာ ပြန်လည်ဆင်းသက်နိုင်ကာ အင်ဂျင်မှာမီးလောင်ခြင်းမရှိပဲ သာမန် နည်းပညာပြဿနာ အချို့ကြောင့်သာဖြစ်ကြောင်း ပါကစ္စတန်လေကြောင်းမှ ယနေ့ 
နေ့လည် ၃ နာရီတွင် ပြည်လည်ကြေငြာခဲ့သည်။ 

LYT (Photo - Reuters)
Popular Myanmar News Journal
ပါကစ္စတန်နိုင်ငံ ပန်ချပ်ပြည်နယ် လာဟိုးမြို့သို့ဦးတည်ပျံသန်းနေသည့် ပါကစ္စတန်လေကြောင်း လိုင်းပိုင် Airbus A310-300 အမျိုးအစားခရီးသည် တင်လေ.ာဉ်တစ်စီးသည် ကွာလာ လမ်ပူလေဆိပ် သို့ အင်ဂျင်တစ်လုံး မီးလောင်၍ ပြန်လည်ဆင်းသက်ခဲ့ရပုံကို ပါကစ္စတန် တီဗီက ထုတ်လွှင့်ပြသ ခဲ့သည်။

ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့

Photo: ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့
Friday, March 21, 2014

စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုးတစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

၂၁.၃.၂၀၁၄ ရက်ေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်က တောင်ငူမြို့ ၁၈ ရပ်ကွက် ရန်ကုန် မန္တလေးကားလမ်းမ အနောက်ဘက်ခြမ်းရှိ ရွက်သစ်ဝေေ၀ စားသောက်ဆိုင်ရှေ့မှာ စားပွဲထိုးဖြစ်သူကိုမျိုး ခေါ် မျိုးမင်းလှိုင် (၂၁ နှစ်)ဟာ စုဆောင်းအပ်နှံထားတဲ့ငွေကို ဆိုင်ရှင်ထံက ပြန်လည် ထုတ်ယူရန် ပြောဆိုတဲ့ကိစ္စ အဆင်မပြေမှုနှင့် ပတ်သက်ကာ ဆိုင်ရှေ့ရှိမြေကွက်လပ်မှာ အိပ်ရာအခင်းကိုခင်းထိုင်ပြီး ဓာတ်ဆီ ၁ လီတာ သူ့ကိုယ်ပေါ်ကိုလောင်းချ မီးရှို့ခဲ့လို့ အနီးပတ်ဝန်းကျင်ရှိ လူတွေက ၀ိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရပါတယ်။ 

မီးလောင်မှုကြောင့် ကိုမျိုးမှာ တကိုယ်လုံး အရေပြားမီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၉ နာရီခွဲအချိန်မှာ တောင်ငူဆေးရုံကို တင်ပို့ကုသထားပါတယ်။ အခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့မရဲစခန်းက (ပ)၈၅/၂၀၁၄ ပုဒ်မ ၃၀၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)

DVB
သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုး တစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့ က ဖြစ်ပွားခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် အရက်၊ ဘီယာရောင်းချသည့်ဆိုင် ၄၁ ဆိုင်ကို အရေးယူ

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် အရက်၊ ဘီယာရောင်းချသည့်ဆိုင် ၄၁ ဆိုင်ကို အရေးယူ
Friday, March 21, 2014

မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ်များအလိုက် ဖြေဆိုပြီးသည့် နောက်ဆုံး ရက်များဖြစ်သော မတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွင်း အရက်၊ ဘီယာ ရောင်းချရန် တားမြစ်ထားရာ မတ်လ ၁၉ ရက် ညပိုင်းအချိန်တွင် အဆိုပါ အရက်၊ ဘီယာရောင်းချသည့် ဆိုင် ၄၁ ဆိုင်ကို ယစ်မျိုးဥပဒေအရ အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

တားမြစ်ထားသည့်နေ့တွင် ရောင်းချသည့် အရောင်းဆိုင် ၄၁ ဆိုင်ကို ယစ်မျိုး ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အရေးယူထားရာ အဆိုပါ ပုဒ်မအရ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ငွေဒဏ် တစ်ထောင်ကျပ် ချမှတ်ခံရမည် ဖြစ်ပြီး ငွေဒဏ် မဆောင်ပါက ထောင်ဒဏ်တစ်လ ကျခံရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နောက်ဆုံးနေ့ ညပိုင်းတွင် စားသောက်ဆိုင်များ အရက်၊ ဘီယာရောင်းချခွင့် မပြုခဲ့သည့်အတွက် နယ်မြေရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဖြင့် ဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်ကြီးများနှင့် စတိုးဆိုင် အချို့တွင် အရက်၊ ဘီယာများ ရောင်းချနေသဖြင့် ယင်းဆိုင်များကို ဖမ်းဆီး အရေးယူခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုဖမ်းဆီးရမိတဲ့အထဲမှာ ဘီယာရောင်းတဲ့ ဆိုင်သေးတွေလည်း ပါတယ်၊ စတိုးဆိုင်တွေလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်ရှိ စင်ကာပူ စားဆောက်ဆိုင်သို့ နယ်မြေရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် စစ်ဆေးရာ မြန်မာနိုင်ငံတွင် ချက်လုပ်သော ဘီယာများကို ဆိုင်ဖွင့်လှစ်၍ လက်လီ လက်ကားရောင်းချခွင့် လိုင်စင်မရှိဘဲ အနီရောင် တံဆိပ်ကပ်လျက် SPY WINE ပုလင်းနှင့် ဝိုင် ၁၄ ပုလင်းတို့ကို ရောင်းချနေကြောင်း တွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းပြီး ချမ်းအေးသာစံ မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၂၁၉/၂၀၁၄၊ ယစ်မျိုး ၃၀(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“အဲဒီနေ့ညက ကျွန်တော်တို့ လုံးဝ တပ်ပျက်တဲ့နေ့ပဲ။ ဘယ်ပြေးလို့ ပြေးရမှန်းကို မသိဘူး။ တစ်မြို့လုံး လိုက်ရှာတာ ဆိုင်တွေ အကုန်ပိတ်တယ်၊ အဲ့ဒါနဲ့ စတိုးဆိုင်ကိုပဲ သွားဝယ်ရတယ်။ ဘီယာဆိုင်တွေမှာကျတော့ အရက်၊ ဘီယာ မရောင်းဘဲ အကင်ရောင်းတယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် နေ့စဉ် အရက်၊ ဘီယာ သောက်သုံးသူ ဦးစည်သူက ဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန် ကာလအတွင်း ကျောင်းသားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် မှုခင်းမဖြစ်စေရန် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကေတီဗီများ၊ စင်တင် တေးဂီတများနှင့်အတူ အရက်၊ ဘီယာဆိုင်များပါ ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရက် ဘီယာဆိုင်တွေကို ၁၉၊ ၂၀၊ ၂၁ ရက်တွေ ပိတ်ရမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ကလည်း မဖွင့်ဘူး။ တချို့ဆိုင်တွေက အထဲမှာတော့ ရောင်းပေးတာတွေ ရှိတယ်” ဟု အောင်မြေသာစံမြို့နယ်ရှိ BEER GARDEN အရက်ဘီယာ အရောင်းဆိုင် တာဝန်ခံက ဆိုသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုသည့် မတ်လ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကေတီဗီများ၊ စင်တင်တေးဂီတများ ပိတ်သိမ်းထားရမည် ဖြစ်ပြီး အရက်၊ ဘီယာဆိုင်များသည် စာမေးပွဲနောက်ဆုံး ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ပိတ်သိမ်းထားရန် အရောင်းဆိုင်များသို့ သတိပေးစာ ပေးခဲ့ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါနေ့တွင် မှုခင်းကြိုတင် ကာကွယ်ရန်အတွက် ပြည့်တန်ဆာ ဖမ်းဆီးမှုလေးမှု၊ ပြစ်မှုကျူးလွန်ခဲ့သည်ဟု သင်္ကာမကင်းဖြစ်မှု ကျင့် ၅၄ (၄)မှု တစ်မှု၊ ရဲအက် ၅၆ မှု၊ အသက် အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်ကိုင်ဆောင်မှု တစ်မှုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ်များအလိုက် ဖြေဆိုပြီး သည့် နောက်ဆုံး ရက်များဖြစ်သော မတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွင်း အရက်၊ ဘီယာ ရောင်းချရန် တားမြစ်ထားရာ မတ်လ ၁၉ ရက် ညပိုင်းအချိန်တွင် အဆိုပါ အရက်၊ ဘီယာရောင်း ချသည့် ဆိုင် ၄၁ ဆိုင်ကို ယစ်မျိုးဥပဒေအရ အရေးယူခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်း ၉၀၀ ကျော် အလွဲသုံးစားလုပ်ဟု အမှုဖွင့်

ကုန်ပစ်္စည်းတန်ဖိုးငွေကျပ် သိန်း ၉၀၀ ကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲပစ်ကြ သည်ဟု ကုမ္ပဏီ တစ်ခု၏ မန်နေဂျာတစ်ဦးက အမှုဖွင့်တိုင်တန်း လိုက်သဖြင့် မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းက မတ်လ ၁၉ တွင် အမှုဖွင့်စစ်ဆေးနေသည်။

ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ရှီကျင့်ပင်နှင့်အိုဘားမား နယ်သာလန် တွင် တွေ့ဆုံဆွေးနွေးမည်

နယ်သာလန်နိုင်ငံ၌ ပြုလုပ်မည့် နျူက လီးယားလုံခြုံရေး ထိပ်သီးညီလာခံ အစည်း အဝေးတွင် တရုတ်သမ္မတ ရှီကျင့်ပင်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီူးင သြေိသညါာ က တနင်္လာနေ့တွင် ထုတ်ေ ဖ်ာပြော ဆို ခဲ့သည်။

ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ် ၁၀ ဘီလီယံကျော်သုံးစွဲ

Photo: ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ် ၁၀ ဘီလီယံကျော်သုံးစွဲ
Friday, March 21, 2014

ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

ယင်းတို့အနက် အမေရိကန်ဒေါ်လာ ၁၇ သန်း (ယွမ်ငွေ ၁၀၂ သန်း) ကို တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အဆိုပါ အားကစားပြိုင်ပွဲကြီး၏ ကုန်ကျစရိတ်များကို ထုတ်ပြန်ပေးရန်ရှိ မရှိကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေဆိုခြင်း ဖြစ်သည်။

ယင်းအပြင် အားကစားနည်း ၁၁ မျိုးအတွက် လေ့ကျင့်ရေး ပစ္စည်းများနှင့် နည်းပြဆရာ ၂၆ ဦးတို့ကို မြန်မာနိုင်ငံသို့ တစ်နှစ်ကြာ စေလွှတ်ပေးခြင်း၊ မြန်မာ့ အားကစားသမား ၁၇၆ ဦးကို တရုတ်နိုင်ငံသို့ သုံးလကြာ စေလွှတ်လေ့ကျင့်မှုများ၊ ပြိုင်ပွဲ စီမံခန့်ခွဲမှုစနစ် Game Management System နည်းပညာ များနှင့် ပြိုင်ပွဲသုံး အားကစားနည်း ၁၄ မျိုး၏ အထောက်အကူပြု ပစ္စည်းများအတွက် စုစုပေါင်း ယွမ်ငွေ ၁၀၉ ဒသမ ၄၃ သန်းကို တရုတ်နိုင်ငံက ကူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် အခြားကဏ္ဍများအတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ ကူညီငွေသည် ယွမ်ငွေ ၂၁၁ ဒသမ ၄၃ သန်း (အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၂၃၈ သန်း) ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါ ငွေများမှာ ချေးငွေသဘော မဟုတ်ဘဲ နှစ်နိုင်ငံ အကြီးအကဲများ၏ ညှိနှိုင်းဆွေးမှုများအရ ကူညီ ထောက်ပံ့မှု သက်သက်သာ ဖြစ်ကြောင်း ဦးသောင်းထိုက်က ဆိုသည်။

ယင်းအပြင် ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် ပြိုင်ပွဲ တစ်ခုလုံးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျပ် ၃၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၁၂ သန်းခန့်၊ ကနေဒါဒေါ်လာ ၄၆၀၀ နှင့် စင်ကာပူဒေါ်လာ ခုနစ်သောင်း သုံးစွဲခဲ့ကြောင်း၊ ယင်းကုန်ကျစရိတ်သည် အားကစား ပွဲတော်အတွက် အခြားဝန်ကြီးဌာန အသီးသီး၏ ကုန်ကျစရိတ် များကိုပါ ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း ဦးသောင်းထိုက်က ရှင်းလင်း တင်ပြသည်။

အဆိုပါ သုံးစွဲငွေများကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်နှင့် ၂၁၀၃-၁၄ ဘဏ္ဍာနှစ်များတွင် သုံးစွဲခဲ့ပြီး နိုင်ငံတော်၏ GDP အချိုး၏ ၀ ဒသမ ၀၇၈၂ ရာခိုင်နှုန်း ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ၄၄ နှစ်အကြာမှ ပြန်လည် ကျင်းပနိုင်ခဲ့သည့် အဆိုပါ အားကစားပြိုင်ပွဲကို အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေတို့တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၈၅ ခုရရှိခဲ့ကာ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုတွင် ဒုတိယနေရာ ရရှိခဲ့သည်။

The Voice Weekly
ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားအတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

လာမည့် ASCC အစည်းအဝေးတွင် နေပြည်တော်ကြေညာ စာတမ်းတစ်စောင် တင်ပြသွားမည်

လာမည့် ဧပြီ ၄ ရက်တွင် ပြုလုပ်မည့် (၁၂)ကြိမ်မြောက် အာဆီယံလူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်း (ASCC)အစည်း အဝေးပွဲတွင် 'နေပြည်တော် ကြေညာစာတမ်း' တစ်စောင်ရေး သား ပြုစုကာ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ASCC မှ အတွင်းရေး မှူး တာဝန် ယူဆောင်ရွက်နေသော ဒေါ်နန္ဒာမွှန်းကပြောကြားသည်။

ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဆာရင်းနိုက်ကို တရားဝင် သုံးစွဲခွင့်ပြုသင့်ဟုဆို

Photo: ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဆာရင်းနိုက်ကို တရားဝင် သုံးစွဲခွင့်ပြုသင့်ဟုဆို
Friday, March 21, 2014

ရွှေတူးဖော်ရေးလုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော ပြဒါးမှာ အန္တရာယ်များစွာရရှိနိုင် သောကြောင့် ဆာရင်းနိုက်အား တရားဝင်သုံးစွဲခွင့်ပြုသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှအငြိမ်းစား ပညာရှင်တစ်ဦးကပြောသည်။ 

လက်ရှိရွှေတူးဖော်ရေးလုပ်ငန်း များတွင် ပြဒါးမှာ အလွယ်တကူ အသုံးပြုနိုင်ပြီး ဆာရင်းနိုက်မှာ အစိုးရရွှေတူးဖော်ရေးလုပ်ငန်းများ တွင်သာ သုံးစွဲခွင့်ရကြောင်း ပြဒါး မှာအဆိပ်အန္တရာယ်ဖြစ်ပေါ်စေပြီး ချေဖျက်ရန် ခက်ခဲသည့်အတွက် ချေဖျက်ရန်လွယ်ကူသောဆာရင်းနိုက် သာ သုံးစွဲခွင့်ပြုသင့်ကြောင်း ၄င်း ကပြောသည်။ 

ပြဒါးကို ချေဖျက်ရန် ဆောင် ရွက်နိုင်မှုမရှိသည့်အတွက် ပြဒါး အရည်၊အငွေ့၊ အစိုင်အခဲများနှင့် ထိတွေ့မိသူများမှာရောဂါလက္ခဏာ မျိုးစုံဖြစ်ပွားနိုင်ပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)မှ ပြဒါးကင်းစင် သောနိုင်ငံများပေါ်ပေါက်ရန်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 
''နိုင်ငံတော်ရဲ့ သယံဇာတ တွေမပြုန်းတီးချင်ဘူး။ အခွန်အခ တွေရချင်တယ်ဆိုရင် ဆာရင်းနိုက် ကိုတရားဝင်သုံးခွင့်ပြုဖို့သင့်တယ်။ သုံးရင်လဲ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျသုံးသင့်တယ်။ မြန်မာ နိုင်ငံမှာအဆိပ်နဲ့ပတ်သက်တဲ့ဥပဒေ၊ ဓာတုဗေဒပစ္စည်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးရှိတဲ့ ဥပဒေတွေကို စနစ်တကျ လိုက်နာ ကျင့်သုံးမယ်ဆိုရင်ရွှေထုတ်လုပ်မှု ကဒီထက်တိုးတက်လာမယ်''ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူး(ငြိမ်း) ဦးစိန်မြင့်က ပြောသည်။

လက်ရှိတွင်ဆာရင်းနိုက်ကို အစိုးရက တရားဝင်သုံးစွဲခွင့်မပြု သော်လည်းတရားမဝင်သုံးစွဲမှုများ ရှိနေကြောင်း၊ တရားဝင်သုံးစွဲပါက ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ ကို စနစ်တကျတားဆီးနိုင်သော် လည်း တရားမဝင်သုံးစွဲမှုများမှာ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ကို တားဆီးရန်ခက်ခဲသောကြောင့် တရားဝင်စနစ်တကျ သုံးစွဲခွင့်ပြု သင့်ကြောင်း ၄င်းကပြောသည်။ ဆာရင်နိုက်မှာ ပြဒါးကဲ့သို့ အချိန်ကြာမြင့်မှု မရှိဘဲ စားသုံးမိပါ က အသက်အန္တရာယ်ဖြစ်ပေါ်စေ နိုင်သော်လည်း စနစ်တကျသုံးစွဲ ပါက ရွှေအထွက်တိုးနိုင်ပြီး ရောဂါ များဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင် မည်ဖြစ်သည်။

ပြဒါးမှာ ပြုပြင်ပြောင်းလဲ၍ မရဘဲ လူ့ခန္ဓာကိုယ်၏ အရေပြား အတွင်းသို့ရောက်ရှိပါက အရေပြား ရောဂါများဖြစ်ပေါ်နိုင်ခြင်း၊အဆုတ် အတွင်းသို့ရောက်ရှိပါက အသက် ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများဖြစ်ပွားခြင်း၊ အကြော ဆိုင်းခြင်း၊လေဖြတ်၊လေဖြန်းခြင်း၊ အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်းသို့ရောက်ရှိပါကသားပျက် လျှောခြင်း၊ ကိုယ်အင်္ဂါမစုံသော ကလေးများ မွေးဖွားခြင်းစသည့် ရောဂါမျိုးစုံ ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ သိရသည်။

The Union Daily
ရွှေတူးဖော်ရေးလုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော ပြဒါးမှာ အန္တရာယ်များစွာရရှိနိုင် သောကြောင့် ဆာရင်းနိုက်အား တရားဝင်သုံးစွဲခွင့်ပြုသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အငြိမ်းစား ပညာရှင်တစ်ဦးကပြောသည်။ 

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် အိုင်တီ အခြေခံသင်တန်းသစ် ဖွင့်မည်

Myanmar WWW Institute (M3WI) သင်တန်းကျောင်းမှ အိုင်တီ အခြေခံသင်တန်း ဖြစ်သည့်ွှု IT Essentials သင်တန်းကို အခြေခံပညာ အထက်တန်း စာမေးပွဲ ဖြေဆိုပြီးသူများ အတွက် ဧပြီလ အတွင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ သင်တန်းထံမှ သိရသည်။

ကော့မှူးမြို့နယ် လယ်ယာမြေ ပြန်လည်ရရှိရေး တောင်သူလယ်သမား သမဂ္ဂ ဦးဆောင် ဆန္ဒထုတ်ဖော်မည်

ကော့မှူးမြို့နယ် အတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများ ဖြေ ရှင်းပေးရန် ဌာနဆိုင်ရာ များကို အကြောင်းကြားသော်လည်း ၂ နှစ်နီးပါး ကြာမြင့်သည်အထိ ဖြေရှင်းပေးခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂက ဦးဆောင်ကာ ဆန္ဒထုတ်ဖော် မည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေး က ပြောကြား သည်။

ရန်ကုန်မြို့က ဘုရားဖူးခရီးသည် ပြီးခဲ့တဲ့နှစ် ပမာဏထက်လျှော့ကျမှု မရှိ

ရွှေစက်တော်၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးခရီးစဉ်ကို သွားတဲ့ ခရီးသည်အရေအတွက်က လက်ရှိမှာ ဆိုရင် တစ်ပတ်ကို လူဦးရေ ၄ ထောင်ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် ခရီးသွားဦးရေနဲ့ယှဉ်ရင် လျှော့ကျမှု မရှိတဲ့အကြောင်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှာရှိတဲ့ မြန်မာပြည်အနှံ့ဘုရားဖူး ခရီးသွား ၀န်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။

ဂျပန်က လှူဒါန်းသည့် သင်္ဘောသုံးစင်း ယခုနှစ်ကုန်ပိုင်းတွင် ပြေးဆွဲမည်

ဂျပန်နိုင်ငံက လှူဒါန်းသော ပန်းဆိုးတန်း-ဒလတွင် ပြေးဆွဲမည့် သင်္ဘောသုံးစင်းကို ယခုနှစ်ပိုင်း တွင် ပြေးဆွဲမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနက မတ်လ ပထမပတ်တွင် တရားဝင် ထုတ်ပြန်ထားသည်။

ဒီအပတ်ကစားမယ့် ရီးယဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ရဲ့ El Clasico ပွဲစဉ်အကြို El Clasico အကြောင်း တစေ့တစောင်း

Photo
အခုလာမယ့် တနလာင်္နေ့ မနက် မြန်မာစံတော်ချိန် မနက် ၂:၃၀ မှာ ဘောလုံးလောကမှာ အကောင်းဆုံး အကြိတ်အနယ်အရှိဆုံး ဒါဘီပွဲစဉ်တွေထဲက တစ်ခုဖြစ်တဲ့ စပိန်ဘီလူးနှစ် သင်းဖြစ် တဲ့ ရီးယဲလ်မက်ဒရစ် နဲ့  ဘာစီလိုနာ အသင်းတို့ တွေ့ ဆုံကြမှာပါ။

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

Photo: ဘွမ်ဆစ်ပါ စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

မြစ်ကြီးနား၊ မတ် ၂၀

ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေး (ဗန်းမော်) ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်း စစ်ရှောင်စခန်းတွင် မတ်လ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်က လေပြင်း ကျရောက်စဉ် စစ်ရှောင်စခန်း အတွင်းရှိ ယာယီရွက်ဖျင်တဲတစ်လုံး မီးလောင်ကျွမ်းခဲ့ရာ တဲအတွင်း အိပ်ပျော်လျက် ရှိသည့် စစ်ရှောင်မိသားစုသုံးဦးအနက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် မီးလောင် သေဆုံးခဲ့ကာ မိဘနှစ်ဦးမှာ မီးလောင်ဒဏ်ရာ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရှိ မိုင်ဂျာယန် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းကဆိုသည်။

“ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲပါ။ ဒုက္ခသည်တွေ နေထိုင်နေတဲ့တဲက မီးလောင်လွယ်လို့ မီးသတိထားဖို့အတွက် သတိပေးထားတယ်။ ရှိနေတဲ့တွေက မီးဘေး အန္တရာယ်အတွက် လုံးဝစိတ်မချရဘူး။ အခြား လုံခြုံစိတ်ချရတဲ့ နေအိမ်တွေနဲ့ အစားထိုးပေးဖို့ အရေးပေါ် လိုအပ်နေတယ်” ဟု ၎င်းကရှင်းပြသည်။

မီးလောင်မှုကြောင့် မိုင်ဂျာယန် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသော စစ်ရှောင် မိသားစု နှစ်ဦးအတွက် ကရုဏာ (ဗန်းမော်) ရုံးက ဆေးဝါး ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက တပ်မတော်နှင့် ကေအိုင်အေတပ်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နမ်လင်းပါ စစ်ရှောင်စခန်းမှ ပြောင်းရွှေ့ခဲ့ရသည့် စစ်ရှောင် မိသားစုဝင်ဦးရေ ၁၂၀၀ ကျော် နေထိုင်လျက်ရှိသည့် နယ်စပ် စစ်ရှောင်စခန်းတစ်ခု ဖြစ်သည်။
ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာလူမှုဖွံ့ဖြိုးရေး(ဗန်းမော်)ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြော ကြားသည်။

ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ်ကြောင့် ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်းပါဝင်

Photo: ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ်ကြောင့် ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်းပါဝင်
Friday, March 21, 2014

ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ် မတော်တဆ ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်း ပါဝင်ကြောင်း မထသ (ဗဟို) က ထုတ်ပြန်ထားသော တရားဝင် စာရင်းများအရ သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ခရီးသည်တင်ယာဉ် မတော်တဆမှု ၆၃ မှု၊ သေဆုံးသူ ၂၀ ဦး၊ ဒဏ်ရာရရှိသူ ၂၁၄ ဦးဖြစ်ရာ ဟိုင်းလပ်ကြောင့် ဖြစ်ပွားမှုသည် မတော်တဆမှု ရှစ်မှု၊ သေဆုံးသူ လေးဦး၊ ဒဏ်ရာရရှိသူ ၈၅ ဦး ဖြစ်သောကြောင့် ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက မတော်တဆ ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်း၊ သေဆုံးမှု ၂၀ ရာခိုင်နှုန်း၊ ဒဏ်ရာရသူ ၄၀ ရာခိုင်နှုန်းတို့မှာ ဟိုင်းလပ်ယာဉ် များကြောင့် ဖြစ်ကြောင်း မထသ (ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးမောင်မြို့က ပြောကြားသည်။

အဆိုပါ ဟိုင်းလပ် ယာဉ်များတွင် မောင်းနှင်သော ယာဉ်မောင်း အများစုမှာ အသက်ငယ်ရွယ်သည့် လူငယ်များ ဖြစ်ပြီး ယာဉ်ကို အရှိန်ပြင်းစွာ မောင်းနှင်ကြောင်း၊ ကားအမိုးနှင့် ဘေးအတွယ် စီးနင်းကြသဖြင့် ယာဉ်အရှိန်ပြင်းစွာ မောင်းနှင်ပါက အန္တရာယ် အလွန်များကြောင်း တာမွေမှ သန်လျင်သို့ ပြေးဆွဲနေသည့် ဟိုင်းလပ် ယာဉ်ငယ်များ စီးနင်းလျက်ရှိသည့် ခရီးသည်များက ပြောဆိုသည်။
ကားအမိုး၊ ဘေးတွယ်နှင့် နောက်တွယ် စီးနင်းသည့် ယာဉ်များကို စိစစ်၍ ဖမ်းဆီးလျက်ရှိရာ အစီးရေ တစ်ထောင်ကျော်ခန့် ဖမ်းဆီးရမိကြောင်း၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုများတွင် ယာဉ်မကြံ့ခိုင်မှုကြောင့် ဖြစ်ပွားသော မတော်တဆမှုများလည်း ပါဝင်ရာ အဆိုပါ ယာဉ်မကြံ့ခိုင်သည့် ယာဉ်များမှာ ဟိုင်းလပ်ယာဉ်များ ဖြစ်ကြောင်း မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် ရန်ကုန်တော်မြို့ အတွင်းတွင် ဟိုင်းလပ်ယာဉ် ၈၅၀ စီး ပြေးဆွဲလျက်ရှိပြီး ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း ခြောက်မြို့နယ်သို့ ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝင်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ပြီး ယခုလည်း ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ စည်ပင်သာယာ နယ်နိမိတ်အတွင်း မတ်လကုန်အထိသာ ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း မထသ(မြို့တွင်း) ၏ တရားဝင် စာရင်းများအရ သိရသည်။

The Voice Weekly
ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ် မတော်တဆ ဖြစ်ပွားမှု ၁၃ ရာ ခိုင်နှုန်းပါဝင်ကြောင်း မထသ(ဗဟို)က ထုတ်ပြန်ထားသော တရားဝင် စာရင်းများအရ သိရ သည်။

ရှမ်းပြည်နယ်တွင် ဒေသတွင်း ဧည့်လမ်းညွှန်ဝင်ခွင့်လျှောက်လွှာခေါ်

ရှမ်းပြည်နယ်တွင် ဒေသတွင်း ဧည့်လမ်းညွှန် အခြေခံသင်တန်းဝင်ခွင့်အတွက် လျှောက်လွာများ စတင်ခေါ် ယူလျက်ရှိသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်သူက မတ်၂၀ ရက်တွင် မဇ်္ဈိမကို ပြောသည်။

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှု ပြီးစီးပါက ကုန်တင် လေယာဉ်ကြီးများ ဆင်းသက်မည်

Photo: မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှု ပြီးစီးပါက ကုန်တင် လေယာဉ်ကြီးများ ဆင်းသက်မည်
Friday, March 21, 2014

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင်တင်ခြင်းများ လုပ်ဆောင်မှု ပြီးစီးပါက နိုင်ငံတကာမှ ကုန်တင်လေယာဉ်ကြီးများကို ဦးစားပေး ဆင်းသက်စေမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် အဆိုပါ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်အပြင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုပါ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Service ကုမ္ပဏီ ကို ရွေးချယ်ခဲ့ကြောင်း၊ ကုမ္ပဏီနှင့် လေဆိပ် တည်ဆောက်ရေး အတွက် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန် ညှိ့နှိုင်းဆွေးနွေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာနိုင်ငံ၏ လေကြောင်း ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေး လေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် အမှတ်ပေး တင်ဒါစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး ဂျပန်နိုင်ငံက Mitsubishi-Jalux Accociation With SPA (Japan)ကုမ္ပဏီမှ တည်ဆောက်ခွင့် ရရှိခဲ့သည်။

လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ရန် ညှိ့နှိုင်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းအဆင့် မြှင့်တင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ နှစ်ခုနှင့် မြန်မာနိုင်ငံ အကြား သဘောတု စာချုပ် ချုပ်ဆိုရန် စာချုပ်မူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း သိရသည်။

ယင်း သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီးပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အရ လက်ရှိခရီးသည် ၂ ဒဿမ ၇ သန်း လက်ခံနိုင်စွမ်း ရှိသည်ထက် ခရီးသွား ၆ သန်းအထိ တိုး၍ လက်ခံနိုင်စွမ်း ရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။အလားတူ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာမှ ကုန်တင်လေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သော လေဆိပ် အဖြစ် အဆင့်မြှင့်တင် ပြီးပါက ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းအတွက် အဓိက အချက်အခြာ ကျသော မြို့ကြီး ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။

မြ၀တီ
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင်တင်ခြင်းများ လုပ်ဆောင်မှု ပြီးစီးပါက နိုင်ငံ တကာမှ ကုန်တင်လေယာဉ်ကြီးများကို ဦးစားပေး ဆင်းသက်စေမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဓားဖြင့် ရက်စက်စွာ ခုတ်ပိုင်းသတ်ဖြတ်ခံခဲ့ရသည့် ရန်ကင်းလူသတ်မှု တစ်ဘက်သတ် ခံရခြင်းဖြစ်ဟုသိရ

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် မတ်လ ၁၅ ရက်နေ့ညကဓားဖြင့် ရက်စက်စွာမသေမချင်းခုတ်သတ်ခံခဲ့ရသည့် ကိုမင်းမင်းဦးမှာ ပြစ်မှုကျုးလွန်ခဲ့သူတရားခံ နှင့်ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိဘဲ မတရား ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရှိရသည်။

ပြင်သစ် Pierre et Marie Curie တက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ် ပူးပေါင်းမည်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Pierre et Marie Curie တက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ်တို့ အကြား ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ၂၀၁၄ ခုနှစ်တွင် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

"နားလည် မှုတွေနဲ့ အိမ်ထောင်သည် ဘဝကို တည်ဆောက် သွားကြ မယ့် ဖြိုးငွေစိုး နဲ့ ဇင်ဇင် တို့ရဲ့ ကြည်နူး ရင်ခုန် စကားသံများ"

Photo: "နားလည်မှုတွေနဲ့ အိမ်ထောင်သည် ဘဝကို တည်ဆောက် သွားကြ မယ့် ဖြိုးငွေစိုး နဲ့ ဇင်ဇင် တို့ရဲ့ ကြည်နူး ရင်ခုန် စကားသံများ"
Friday, March 21, 2014 

ပရိသတ် အားပေးမှု အတော် အသင့် ကိုယ်စီရရှိထား သူတွေဖြစ် ကြတဲ့ ဖြိုးငွေစိုး နဲ့ ဇင်ဇင်တို့ အနုပညာရှင် နှစ်ဦးဟာ နှစ်ယောက် တစ်ဘဝ ပေါင်းစပ်လို့ မိသားစု ကမ္ဘာ လေးတည်ဆောက် ပုံဖော် ကြတော့ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချစ်သူ နှစ်ဦးဖြစ်ကြတဲ့ ဖြိုးငွေစိုး နဲ့ ဇင်ဇင်တို့ရဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည် ဘဝ မည်သို့ မည်ပုံ တည်ဆောက်ခဲ့ ပုံနဲ့ ဟန်းနီးမွန်း ခရီးစဉ်တွေအပြင် တစ် ဦးအပေါ် တစ်ဦး နားလည်မှုတွေ ထားပြီး ချစ်မေတ္တာပုံ အပ်ထားပုံ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

ဖြိုးငွေစိုး
ချစ်သူသက်တမ်း ၆နှစ်ကြာ
ကျွန်တော် သူနဲ့ စတွေ့တာက တော့ ပွဲတွေ ဘာတွေ သွားရင်းလာ ရင်းနဲ့စ ပြီးတွေ့ဖြစ်ကြတယ်။ သူနဲ့ ကျွန်တော် နဲ့က သူငယ် ချင်းတွေလိုပဲ စနောက်နေတာက များ တယ်။ ချစ် သူတွေ အဖြစ် ခြောက်နှစ် သက်တမ်း မှာလည်းနေ့တိုင်း ရန်ဖြစ် တယ်။ နေ့တိုင်း ပြန်တည့်တယ်။ နေ့တိုင်း စိတ်ကောက်၊ နေ့တိုင်း စကားများတယ်။ နေ့တိုင်း လည်း ပြန်ပြီး အဆင်ပြေ တယ်။ နောက် တစ်ခုက ချစ်သူ သက်တမ်း ကလည်း ခြောက်နှစ် ကြာပြီဆိုတော့ ဒီထက်လည်း ပိုပြီးကြာလို့ မဖြစ် တော့ ဘူး။ နှစ်ယောက်စလုံး အကျင့် တူတာက စိတ်ကူးပေါက်ရင် ထပြီး လုပ်ဖြစ်တယ်။ အခုလည်း ဒီလိုပဲ ထပြီးတော့ ယူဖို့ကို ပြောပြီးတော့ ချက်ချင်း စီစဉ်ဖြစ်သွားတယ်။ စိတ် ချမ်းသာရတယ်။

နှစ်ဦးကြားနားလည်မှုရှိပြီးသား
ကျွန်တော်တို့ နှစ်ယောက် နားလည်မှု သိပ်ပြီး မယူရဘူး။ တစ် ခုကောင်းတာက ပါးစပ်က ပြောစ ရာမလိုဘူး။ သူ့ဘာသာသူ အလိုလို သိတယ်။ သဘောပေါက်တယ်။ ကျွန် တော် လုပ်ချင်တာရှိလို့ တစ်ခုလုပ် ပြီ ဆိုရင်လည်း သူမတားဘူး။ ကြည့် နေတယ်။ ဒါပေမဲ့ ဘေး ကနေပြီး ထိန်းပေးတယ်။ ဟိုမသွားနဲ့ ဒီမသွား နဲ့ဆိုပြီးလည်း သူပြောလို့ မရဘူး။ သူမပြောဘူး။ ဒါပေမဲ့ ဘယ်အချိန် ပြန်ရောက်အောင် ပြန်လို့တော့ မှာ တယ်။ ကျွန်တော် လုပ်မယ့် အလုပ် တွေကိုလည်း သူနားလည် တယ်။ ဘေး ကနေ သူဘာလုပ်ပေး ရမလဲဆို တာ သူသိ တယ်။

တာဝန်ယူနိုင်မှုနှင့် အိမ်ထောင်ပြု
ကျွန်တော်တို့ ယူဖို့ စဉ်စား ထားတာတော့ ကြာပါပြီ။ ကျွန်တော် အရင်တုန်း ကလည်း ပြောဖူးပါ တယ်။ ကျွန်တော် တာဝန်ယူနိုင်ပြီလို့ ထင်တဲ့ အချိန်မှာပဲ ဒီဝန်ကို ထမ်း ချင် တယ်။ အဲဒါကြောင့် အခုလည်း ဒီ ဝန်ကို ထမ်းနိုင်ပြီ ထင်လို့ ယူဖို့ ဆုံး ဖြတ်လိုက်တာပါ။ ကျွန်တော် အိမ် ထောင်သည်ဘဝ ရောက်သွားပြီ ဆို ရင်လည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ အရင် ထက်တော့ ပိုပြီး သပ်သပ်ရပ် ရပ်လေးနေမယ်။ အရင် လိုတော့ မဟုတ်တော့ဘူး။

သင်္ကြန်တွင်းရက်များ ဟန်းနီးမွန်းခရီး စီစဉ်ထား
ကျွန်တော်တို့ ပထမ ကတော့ ဟန်းနီးမွန်း ကို အင်္ဂလန်သွားဖို့ စီစဉ် ထားတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ အင်္ဂလန် မသွားဖြစ်တော့ဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ အချိန်က တစ် လခွဲတောင် ဆိုတော့ ဒီမင်္ဂလာဆောင် မတိုင်ခင် တချို့ အလုပ်လေးတွေ ရပ် လိုက်ရတာလည်း ရှိတယ်။ အဲဒါ တွေ ပြန်လုပ်ရ မှာရော တချို့ဟာလေး တွေလည်း ကျွန်တော် လက်မလွတ်ချင် တဲ့ ဇာတ်ကားလေးတွေ လည်း ရှိ တယ်။ အဲဒါကြောင့် အင်္ဂလန်က နောက်မှ သွားလည်းရတယ်။ ဒီတော့ သင်္ကြန်နီး မှပဲ တစ်နေရာရာ သွား မယ်။ နီးနီးနားနား သွားမယ်။ သူက တော့ ဘာလီကျွန်း ကိုသွားချင်တယ်။ ကျွန်တော်တို့ နှစ်ယောက် အဆင်ပြေ မယ့်နေရာ တစ်နေရာရာတော့ သွား ဖြစ်မှာပါ။ သင်္ကြန် တွင်းသွားမှာပါ။

အနုပညာအလုပ်ပဲ ရှေ့ဆက်လုပ်မှာ
အနုပညာ အလုပ်တွေကိုလည်း ကျွန်တော် ရှေ့ဆက်ပြီး လုပ်ဆောင် သွားမယ်။ ကျွန်တော့် အသိတွေ ပြောတာကတော့ အိမ်ထောင်သည် ဖြစ်ပြီးရင် အလုပ်လုပ် ရတာ ပိုပြီး သပ်ရပ် သွားတယ်လို့ ပြော ကြတယ်။ ပိုပြီးတော့ လည်း ငြိမ်တယ်။ အရင် က လိုတော့ နေလို့မရဘူး။ ကိုယ်တိုင် လည်း စဉ်းစားမိတယ်။ ပရိသတ်က လည်း ယူဖို့ ကျွန်တော့် ကို မြှောက်ပေး တယ်။ ယူမယ် ဆိုတော့လည်း သူတို့ ပျော်ကြတယ်။ အဲဒီတော့ ပရိသတ် ကို ပြောချင်တာက သူတို့မြှောက်ပေး တဲ့ဇာတ် ဆိုတော့ ကျွန်တော် လည်း ဆက်ပြီးသာ အားပေးကြ ပါလို့ ပြော ချင်ပါတယ်။

ဇင်ဇင်
နားလည်မှုတွေနဲ့တည်ဆောက်ခဲ့တဲ့ ချစ်သူဘဝ
သူနဲ့ စတွေ့တာ ကတော့ သူ ငယ်ချင်းတွေနဲ့ လွန်ခဲ့တဲ့ ငါးနှစ် ကျော်၊ ခြောက်နှစ်လောက် ကစပြီး တွေ့ဖြစ်တယ်။ အဓိက ကတော့ ချစ် သူသက်တမ်း ၆ နှစ် အတွင်းမှာ နား လည် မှုတွေ နဲ့ နေဖြစ်တယ်။ ကိုယ် ကလည်း သူ့ အပေါ်မှာ ခွင့်လွှတ်ပေး နိုင်တဲ့ အရာမျိုးတွေ၊ သူကလည်း ကြီးကြီးမားမား ပြဿနာတွေ မလုပ် တတ်ဘူး။ တစ်ယောက် နဲ့တစ် ယောက် ညှိနှိုင်းပြီးတော့ နေဖြစ်တယ်။

တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်းတူကြတယ်
အလုပ်နဲ့ ပတ်သက်ပြီးတော့ အစ်မကတော့ သူ့ကို အကြံပေးဖြစ် တယ်။ နှစ်ယောက် စလုံးက အကျင့် စရိုက် တူတယ်။ နှစ်ယောက် စလုံးက စိတ်မြန်တယ်။ သူက အမြဲ တမ်း စိတ်တို လွယ်တယ်။ ဒေါသထွက်လွယ် တယ်။ စိတ်တော့ တအားတို တတ် တယ်။ ပြီးတော့လည်း ပြီးသွားတာပဲ။ ဘာမှ မဟုတ်ဘူး။ သူ့ရဲ့အားသာ ချက် ကတော်တော်ကို သဘော ကောင်း တယ်။ အပေါင်း အသင်းပေါ် မှာ ရော၊ တခြားအရာတွေ မှာပါ တအား ကူညီချင်တဲ့စိတ်ရှိတယ်။

အိမ်ထောင်သည်ဘဝကိုလည်း နားလည်မှု နဲ့တည်ဆောက်မယ်

အဓိကကတော့ အိမ်ထောင် သည်ဘဝရောက် သွားရင် လည်း တစ် ယောက်ကိုတစ် ယောက် ပိုပြီးတော့ နား လည်ရမယ်။ တစ်ယောက် စိတ်ကို တစ်ယောက် သိနေ ကြတာ ဆိုတော့ နားလည်မှု တအားကြီးတော့ ယူစရာ မလိုပါဘူး။ တိုင်တိုင် ပင်ပင်လေးနဲ့ နေသွားမယ်။ သူ့အလုပ် ကိစ္စတွေကို လည်း တတ်နိုင်တဲ့ ဘက်ကနေပြီး အကြံပေးမယ်။ ကူညီပံ့ပိုးပေးသွား မှာပါ။ လက်တွဲဖော် အနေနဲ့ အစစ အရာရာ ဒီထက်မက ကူညီပံ့ပိုးပေး သွားမယ်။ အစ်မတို့က စိတ်ဆိုး ရန်ဖြစ်လည်း ခဏပဲ။ ကြီးကြီး မား မား ပြဿနာမျိုး မရှိဘူး။ အမှတ် တရနေ့တွေ မှာလည်း အမှတ်တရ ပစ္စည်းတွေ ကတော့ အများကြီးပဲ။ တန်ဖိုး ရှိတာတွေရော၊ မရှိတာတွေ ရော အများကြီး ပါပဲ။ နောက်ပိုင်းမှာ လည်း ကိုဖြိုးကို အားပေးကြပါလို့။ တစ်ယောက် နဲ့ တစ်ယောက်က လည်း နားလည်မှုတွေ နဲ့နေသွားမယ်။ သူ့ကို ကူညီ ပံ့ပိုးပေး သွားမယ်။ အတတ်နိုင် ဆုံးတော့ ကူညီပေး သွားမှာပါ။

Popular Journal
ပရိသတ် အားပေးမှု အတော် အသင့် ကိုယ်စီရရှိထား သူတွေဖြစ် ကြတဲ့ ဖြိုးငွေစိုး နဲ့ ဇင်ဇင်တို့ အနုပညာရှင် နှစ်ဦးဟာ နှစ်ယောက် တစ်ဘဝ ပေါင်းစပ်လို့ မိသားစု ကမ္ဘာ လေးတည်ဆောက် ပုံဖော် ကြတော့ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချစ်သူ နှစ်ဦးဖြစ်ကြတဲ့ ဖြိုးငွေစိုး နဲ့ ဇင်ဇင်တို့ရဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည် ဘဝ မည်သို့ မည်ပုံ တည်ဆောက်ခဲ့ ပုံနဲ့ ဟန်းနီးမွန်း ခရီးစဉ်တွေအပြင် တစ် ဦးအပေါ် တစ်ဦး နားလည်မှုတွေ ထားပြီး ချစ်မေတ္တာပုံ အပ်ထားပုံ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

Photo: သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

ရန်ကုန်၊ မတ် ၂၀

သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည့် ရခိုင်၊ ကမန်၊ မြို၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်နှင့် သက်လူမျိုး တိုင်းရင်းသားများ မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ M3 စားသောက်ဆိုင်တွင် လက်မှတ်ရေးထိုး၍ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုပါက အထောက်အထား မှတ်တမ်းမှတ်ရာ ရရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၉ ကို ဆန့်ကျင် ချိုးဖောက်ရာ ရောက်နေကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) မှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။

ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် ဥပဒေ၏ ပြတ်သားမှု မရှိသောကြောင့် ဖြစ်ကြောင်း ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခြင်းကို ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုးသည့် ကမန်အမျိုးသား သာရေး၊ နာရေးအဖွဲ့ (ရန်ကုန်) က ဦးတင်ငွေက ဆိုသည်။

“အစိုးရရဲ့ ပြတ်သားမှု မရှိတဲ့အတွက် သန်းခေါင်စာရင်း ဥပဒေက ရှေ့နောက် မညီညွတ်ဘူး။ မညီညွတ်မှု အပေါ်မှာ ဖြစ်လာတဲ့ အကျိုးဆက်” ဟု ၎င်းက သုံးသပ်သည်။

ရခိုင်ပြည်နယ် သမိုင်းကြောင်းအရ လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ ပြောဆိုချက်အရ လည်းကောင်း တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ (ဗဟို) က မတ်လ ၁၈ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ကျော်တွင် မတ်လ ၁၆ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ကို ရုပ်သိမ်းကြောင်းကို မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ကြေညာထားသည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။
သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်း ရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘော ထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသား ညီလာခံ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်မည်

Photo: ရခိုင်အမျိုးသား ညီလာခံ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်မည်

ရန်ကုန်၊ မတ် ၂၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် ရခိုင်နိုင်ငံရေး ပါတီများ၊ ရခိုင် လူမှုအဖွဲ့အစည်း စသည့် ရခိုင်တစ်မျိုးသားလုံး ပါဝင်မည့် ရခိုင်အမျိုးသား ညီလာခံကို ကျောက်ဖြူ မြို့နယ်တွင် ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ ငါးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း ညီလာခံ ကျင်းပရေးရုံး (ရန်ကုန်) ထံမှ သိရှိရသည်။

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နာမည်ပျက်စာရင်း အသွင်းခံထားရသူများပါ တက်ရောက်ခွင့် ရရှိရန် အစိုးရနှင့် ညှိနှိုင်းထားကြောင်း ဦးဇော်အေးမောင်က ဆိုသည်။

အဆိုပါ ညီလာခံကို ရခိုင်အမျိုးသား ညီညွတ်ရေး၊ ရခိုင်ပြည်နယ်အတွင်း တန်းတူရေးနှင့် တရားမျှတရေး၊ လုံခြုံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ရခိုင် လူ့ဘောင်သစ်တစ်ရပ် ပေါ်ပေါက်ရေး တို့ကို ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်အမျိုးသား ညီလာခံ ကျင်းပရန်အတွက် စာတမ်းပြုစုရေးနှင့် စိစစ်ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ဧည့်ခံဆက်ဆံရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စည်းရုံးရေး၊ မှတ်တမ်းပြုစုရေး ကော်မတီတို့ကို ဖွဲ့စည်းထားကြောင်း ညီလာခံ ကျင်းပရေးရုံး (ရန်ကုန်) ထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အိမ်အကူကို မီးပူနှင့်ထိုး ရေနွေးပူဖြင့် လောင်းကာ သော့ခတ် ပိတ်လှောင် ထားသည့် အိမ်ရှင်ကို အမှုဖွင့်

ကမာရွတ်မြို့နယ် ဘုရင့်နောင်တာဝါ(၂)ရှိ လေးလွှာတိုက်ခန်းတွင် အသက် ၂၅ နှစ်အရွယ် အိမ် အကူအမျိုးသမီးကို မီးပူဖြင့်ထိုး၊ ရေနွေးပူဖြင့် လောင်းပြီး သံတုတ်ဖြင့် ရိုက်နှက်ကာ တစ် ပတ်ကြာ နေအိမ်အတွင်း သော့ခတ် ပိတ်လှောင်ထားသည် ဆိုသည့် အိမ်ရှင် အမျိုးသမီးကို ကမာရွတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရ သည်။ 

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခများ ဧပြီလ ၁ ရက် ပြန်လည် ကောက်ခံမည်

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နား ကန့်သတ် နေရာများတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို တစ်နှစ် ရပ်နားထားရာမှ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီး တန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံထုတ် အသားဖြူ ခရင်မ်ကိုးမျိုး မသုံးစွဲသင့်ကြောင်း FDA သတိပေး

ပြည်တွင်းအလှကုန် ဈေးကွက်အတွင်းရှိ တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေသော ထိုင်းနိုင်ငံ ထုတ် အသားဖြူခရင်မ် တံဆိပ် ကိုးမျိုးကို သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဒေသအချို့တွင် ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မတ်လ ၂၀ ရက်နေ့မှစ၍ နောက်ငါးရက်အတွင်း အချိန် အခါမဟုတ် မိုးများ ရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ပြည်သူ့လွှတ်တော် မြေယာကော်မရှင်မှ ပေးပို့သည့် တောင်ကြီးမြို့နယ်မြေယာမှုများ စတင်ဖြေရှင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း မြေယာနှင့် နစ်နာမှုလျှောက်ထား သည့် အမှုတွဲပေါင်း ၆၀ ကျော် ကို စတင်ဖြေရှင်းနေသည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦး ဇော်မြင့်သိန်းက မတ်၂၀ ရက်တွင် မဇ်္ဈိမကိုပြောသည်။

ပါးစပ်ကပြောနေရုံနဲ့ ငြိမ်းချမ်းရေးရနိုင်မည် မဟုတ်ပါ

ဒီကနေ့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့အတူ ငြိမ်းချမ်းရေးရောင်ခြည်တွေ သန်းလာ နေပါပြီ။ ဒီကနေ့ပြည်သူတွေလိုလားနေတာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့ပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် တွေရှိနေတဲ့ဒေသမှာ နေထိုင်ကြတဲ့လူတွေရဲ့ အဓိကမျှော်လင့်ချက်ဟာ တိုက် ပွဲတွေမဖြစ်ဖို့ပါပဲ။ တိုက်ပွဲတွေ ဖြစ်ပြီးပြေးကြလွှားကြနဲ့ နေရတဲ့ဘ၀ဟာ လူဖြစ်ရှုံးတဲ့ဘ၀ပါပဲ။ ကိုယ့်တိုင်းရင်းသားအချင်းချင်း စစ်တိုက်နေရ တဲ့ ကိစ္စမျိုးကို တပ်မတော်သားတွေကလည်း မလိုလားပါဘူး။

ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး နည်းဗျူဟာ စနစ်တကျ ပံ့ပိုးရန်လိုဟု ဆို

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများအား ငွေကြေးထောက်ပံ့မှု၊ နည်း ပညာထောက်ပံ့မှုနှင့် စနစ်ကျနမှုရှိစေရန် အစိုးရမှ နည်းဗျူဟာ စနစ်တကျဖြင့် ဆောင်ရွက်ပေး သင့်ကြောင်း ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်အသင်း (REAM) က အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

မူးယစ်ရမ်းကား၍ အချုပ်ခန်းတွင်း ထိန်းသိမ်းခံထားရသူ ရိုက်နှက်ခံဒဏ်ရာ များနှင့် အသည်းကွဲသေဆုံး တာဝန်ကျဝန်ထမ်းများနှင့် မသက်ဆိုင်ဟု ရဲစခန်းမှူး ငြင်းဆို

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်း အချုပ်ခန်းအတွင်း မတ် ၉ ရက်က အချုပ်သား တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းသို့ သေဆုံးမှုမှာ ရဲစခန်း တာဝန်ကျ ၀န်ထမ်းများနှင့် မသက်ဆိုင်ကြောင်း မြို့မ ရဲစခန်းမှ ဒုရဲမှူး ဦးသက်စိုးက မတ် ၁၃ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ကိုယ်ကျိုးရှာနေမှုများကို တိုင်ကြားခဲ့သော လျှပ်စစ်အင်ဂျင်နီယာရုံး ၀န်ထမ်းများအား အရေးယူ

Photo: ကိုယ်ကျိုးရှာနေမှုများကို တိုင်ကြားခဲ့သော လျှပ်စစ်အင်ဂျင်နီယာရုံး ၀န်ထမ်းများအား အရေးယူ
Friday, March 21, 2014 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတွင် အများပြည်သူများ အန္တရာယ် ကင်းရှင်းရေး၊ ၀န်ထမ်းများ လုပ်အားခရရှိရေးနှင့် အထက်အရာရှိက ဌာနအပေါ်တွင် ကိုယ်ကျိုး စီးပွားရှာနေခြင်း တို့အား သက်ဆိုင်ရာဌာနများသို့ တင်ပြမိ သည့်အတွက် တင်ပြသော ၀န်ထမ်းများအား တရားမ၀င်ဓာတ် အား သုံးစွဲမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမ၀င် ဘီလ်မထွက် သော မီတာများ ဖြစ်ပေါ်ခဲ့ခြင်း၊ တရားမ၀င်ငွေကြေး တောင်းခံမှု များ ဖြစ်ပေါ်ခဲ့ခြင်း၊ ဌာနမှ သတ် မှတ်ထားသော စံချိန်စံညွှန်းနှင့် မညီဆိုသည့်စွဲချက်များဖြင့် အပြစ် ပေး အရေးယူခြင်းခံခဲ့ရကြောင်း သိရသည်။

ဖျာပုံမြို့နယ် လျှပ်စစ်အင်ဂျင် နီယာက အများသုံးထရမ်စဖော်မာ များ လောင်ကျွမ်းသောအခါ ပြည် သူထံမှ ငွေကြေးကောက်ခံပြီး မြို့နယ်ရုံး၌ပင် ထရန်စဖော်မာများ ပြန်ပတ်ခြင်း၊ …ဓာတ်အားပေးထား သည့် လိုင်းကြိုးများ သစ်ပင် သစ် ကိုင်းကြားတွင် ငြိနေသည့်တိုင် လုပ်ဆောင်ခြင်းမရှိခြင်း၊ လက်ရှိ သုံးစွဲနေသော ထရန်စဖော် မာများ၏ ခြံစည်းရိုးများ ပျက်စီးယိုယွင်း နေခြင်းအား လုပ်ဆောင်ပေးခြင်း မရှိ မသိကျိုးကျွန်ပြုလုပ်နေခြင်း၊ တချို့မှာ စာသင်ကျောင်းနှင့် အလွန်နီးကပ်နေပြီး ကျောင်းသား၊ ကျောင်းသူများ အချိန်မရွေး အသက် အန္တရာယ် ကျရောက်နိုင် ခြင်းဆိုသော အများပြည်သူနှင့် ၀န်ထမ်းများ ကျရောက်နိုင်သော အန္တရာယ်များအား ပြုပြင်လုပ် ဆောင်ခြင်းမရှိ၊ နိုင်ငံတော်မှ ချမှတ်ပေးသော တာဝန်နှင့် လုပ် ပိုင်ခွင့်ကို အရယူစီးပွားရှာ စားနေ သူအား အရေးယူဆောင်ရွက်ပေး ရန် လျှပ်စစ်ကျွမ်းကျင် ၂ ဦးဖိုးထူး အပါအ၀င် ၀န်ထမ်းများက တာဝန် ရှိသူများအား တင်ပြခဲ့ရာ ၂၀၁၄ ခုနှစ် ၁ လပိုင်းတွင် စစ်ဆေးရေး အဖွဲ့များက လာရောက်စစ်ဆေးခဲ့ သည်။ သို့ရာတွင် တကယ်တမ်း ၃ လပိုင်းတွင် စာထွက်လာသော အခါ အမှန်တရားကို တင်ပြမိသူ များအား စစ်ဆေး ရေးအဖွဲ့ လာရောက်စစ်ဆေးစဉ်က မေးမြန်းခြင်း မခံရသော စွဲချက်များဖြင့် အပြစ် ပေးခြင်းခံခဲ့ရကြောင်း သိရ သည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး အရေးယူခြင်းခံခဲ့ရ သော လျှပ်စစ်ကျွမ်းကျင် ၂ ဦးဖိုး ထူးနှင့် လျှပ်စစ် ကျွမ်းကျင် ၄ ဦး ခင်မောင်လွင်တို့က““ဦးဆောင်ညွှန် ကြားရေးမှူးနဲ့ မြို့နယ်လျှပ်စစ်အင် ဂျင်နီယာ ဦးအောင်ခိုင် စိုးက ဆရာ တပည့်လို့ ပြောကြတယ်။ သူ့ ဆရာနဲ့သူ တိုင်ပင်ပြီး ကျွန်တော် တို့ကို စစ်ဆေးရေးအဖွဲ့ကလည်း မစစ်၊ တိုင်တဲ့အချက်ထဲမှာလည်း မပါတဲ့အကြောင်းရှာပြီး အပြစ်ပေး တာပဲ၊ ဒီကိစ်္စနဲ့ ပတ်သက်ပြီး ပြန် လာစစ်ရင်လည်း အစစ်ဆေးခံနိုင် ပါတယ်””ဟု ပြောခဲ့သည်။

တရားမ၀င်ထရမ်စဖော်မာ ပတ်ခြင်းသည် အပြစ်ရှိသည်ဟု စစ်ဆေးရေးအဖွဲ့မှ ပြောခဲ့သော် လည်း စစ်ဆေးပြီး လောင်ကျွမ်း သော ထရမ်စဖော်မာကိုလည်း ယခုလက်ရှိ ထပ်မံပတ်နေကြောင်း တွေ့ရှိရသည်ကိုလည်း ၎င်း တို့ကပင် ပြောကြားခဲ့သည်။

ယခုအခါ အမှန်တရားကို တင်ပြမိသူ ၀န်ထမ်းများမှာ မတရားစွဲချက်များနှင့်အတူ လက်ရှိ ရာထူးလစာ အဆင့်ဖြင့် နှစ်တိုးတစ်ကြိမ် ရပ်ဆိုင်းကာ အခြားမြို့နယ်များသို့ သွားရောက်တာဝန် ထမ်းဆောင်ရန် အပြစ်ပေး ခြင်းခံခဲ့ရသည်။

ATK
Myanmartandawsint Newspaper
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတွင် အများပြည်သူများ အန္တရာယ် ကင်းရှင်းရေး၊ ၀န်ထမ်းများ လုပ်အားခရရှိရေးနှင့် အထက်အရာရှိက ဌာနအပေါ်တွင် ကိုယ်ကျိုး စီးပွားရှာနေခြင်း တို့အား သက်ဆိုင်ရာဌာနများသို့ တင်ပြမိ သည့်အတွက် တင်ပြသော ၀န်ထမ်းများအား တရားမ၀င်ဓာတ် အား သုံးစွဲမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမ၀င် ဘီလ်မထွက် သော မီတာများ ဖြစ်ပေါ်ခဲ့ခြင်း၊ တရားမ၀င်ငွေကြေး တောင်းခံမှု များ ဖြစ်ပေါ်ခဲ့ခြင်း၊ ဌာနမှ သတ် မှတ်ထားသော စံချိန်စံညွှန်းနှင့် မညီဆိုသည့်စွဲချက်များဖြင့် အပြစ် ပေး အရေးယူခြင်းခံခဲ့ရကြောင်း သိရသည်။

ဂြိုဟ်တုဓာတ်ပုံရဲ့ အပိုင်းအစတွေ အတည်မပြုနိုင်သေး

Photo: ဂြိုဟ်တုဓာတ်ပုံရဲ့ အပိုင်းအစတွေ အတည်မပြုနိုင်သေး
Friday, March 21, 2014

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က အပိုင်း အစလို့ ယူဆရတဲ့ ပုံရိပ်တွေကို အိန္ဒိယ သမုဒ္ဒရာ တောင်းပိုင်းမှာ ဂြိုဟ်တု ဓာတ်ပုံတွေ အရ တွေ့ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောကြားပြီးနောက် သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေ၊ သင်္ဘ࿿ောတွေဟာ အဲဒီ နေရာကို သွားရောက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ အပိုင်းအစ တစ်ခုဟာ ဆိုရင် ၂၄ မီတာ ရှည်တယ်လို့ ဆိုပါတယ်။

မစ္စတာ အက်ဘော့ ကတော့ အခု ဂြိုဟ်တု ဓာတ်ပုံတွေဟာ အသစ်တွေ့ရှိရတဲ့ ယုံကြည်ရတဲ့သတင်း အချက်အလက် ဖြစ်တယ်လို့ သြစတြေးလျ ပါလီမန်မှာ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် မလေးရှား ဘက်ကတော့ ဒီလို တွေ့ရတယ် ဆိုတဲ့ ပုံရိပ်ဟာ ပျောက်ဆုံးနေတဲ့ သူတို့ လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဖြစ်ချင်မှလည်း ဖြစ်မယ်လို့ ပြောပါတယ်။

အဲဒီ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဂြိုဟ်တု ဓာတ်ပုံအရ ၂၄ မီတာရှည်တဲ့ အပိုင်းအစ တစ်ခု
ဂြိုဟ်တု ဓာတ်ပုံအရ ၂၄ မီတာရှည်တဲ့ အပိုင်းအစ တစ်ခု
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က အပိုင်း အစလို့ ယူဆရတဲ့ ပုံရိပ်တွေကို အိန္ဒိယ သမုဒ္ဒရာ တောင်းပိုင်းမှာ ဂြိုဟ်တု ဓာတ်ပုံတွေ အရ တွေ့ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောကြားပြီးနောက် သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေ၊ သင်္ဘ࿿ောတွေဟာ အဲဒီ နေရာကို သွားရောက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ အပိုင်းအစ တစ်ခုဟာ ဆိုရင် ၂၄ မီတာ ရှည်တယ်လို့ ဆိုပါတယ်။

မစ္စတာ အက်ဘော့ ကတော့ အခု ဂြိုဟ်တု ဓာတ်ပုံတွေဟာ အသစ်တွေ့ရှိရတဲ့ ယုံကြည်ရတဲ့ သတင်း အချက်အလက် ဖြစ်တယ်လို့ သြစတြေးလျ ပါလီမန်မှာ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် မလေးရှား ဘက်ကတော့ ဒီလို တွေ့ရတယ် ဆိုတဲ့ ပုံရိပ်ဟာ ပျောက်ဆုံးနေတဲ့ သူတို့ လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဖြစ်ချင်မှလည်း ဖြစ်မယ်လို့ ပြောပါတယ်။

အဲဒီ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာ့ပြည်ပချေးငွေ ထက်ဝက်နီးပါး တရုတ်ထံမှချေး၊ ကန်ဒေါ်လာ သန်း လေးထောင်ကျော် အထိရှိ

 ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာလင်းအောင် နှင့် ဦးကျော်ခိုင်ဝင်း (မယ်စဲ့)
မြန်မာနိုင်ငံက နိုင်ငံတကာထံ ချေးယူငွေများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးယူထားငွေ မှာ ပြည်ပချေးငွေ စုစုပေါင်း၏ ထက်ဝက်ခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၄၀၂၈ ဒဿမ ၁၉၃ သန်း ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြား သည်။

အခွန်နှုန်းထား အပြောင်းအလဲကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်နိုင်ဟုဆို


ပြည်ထောင်စုလွှတ်တော်က အခွန်ဥပဒေများကို အတည်ပြုလိုက်ပြီး ဝင်ငွေရလမ်း မဖော်ပြနို င်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ပမာဏများကို လျှော့ချလိုက်သဖြင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့က ပြောကြား သည်။

ဟားခါးမြို့နယ် အတွင်း လေယာဉ် ပျက်ကျ

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး နှင့် ဖလမ်း ခရိုင်နယ်နိမိတ် အနီးတွင် မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ကြောင်း မျက်မြင်တွေရှိသူ ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဟားခါးဒေသခံများက ပြောကြားသည်။

အိပ်ရေးမဝ ဦးနှောက်ပျက်

Photo: အိပ်ရေးမဝ ဦးနှောက်ပျက်
Friday, March 21, 2014 

အလုပ်လုပ်ရတဲ့ ရက်တွေမှာ အိပ်ရေးပျက်ထားတာတွေ ကာမိစေဖို့ သီတင်းပတ်ကုန် အားလပ်ရက်မှာ ပိုအိပ်ကြတဲ့ သူတွေအနေနဲ့ လက်တွေ့မှာတော့ ဦးနှောက်ထဲက ဆဲလ်တချို့ ထိခိုက်ပျက်စီးမှုနဲ့သာ ကြုံနိုင်တဲ့အကြောင်း လေ့လာချက်သစ်တခုက တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက်တာကို ပြန်အစားထိုးဖို့ စိတ်ကူးဟာ တကယ်တမ်းမှာ အလုပ်မဖြစ်တဲ့အကြောင်းလည်း အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်က အာရုံကြောပညာရှင် Sigrid Veasey ကပြောဆိုခဲ့တာပါ။

သူနဲ့သူ့အဖွဲ့က လူတယောက် အလုပ်ချိန်အတိုင်း ကြွက်တွေနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်ရာမှာ နိုးကြားတဲ့စိတ်၊ စဉ်းစားတွေးတောမှုနဲ့ ဆက်နွယ်တဲ့ ဦးနှောက်ထဲက အာရုံခံဆဲလ် ၂၅% ပျက်စီးတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ စမ်းသပ်မှုအတွင်း အနည်းအကျဉ်း အိပ်ရေးပျက်တဲ့အခါ ကြွက်တွေဟာ အာရုံခံဆဲလ်တွေကို အားဖြည့်ပြီး အကာအကွယ်ပေးနိုင်တဲ့ Sirtuin type - 3 လို့ ခေါ်တဲ့ ပရိုတိန်းဓာတ်တွေ ထုတ်ပြီး တုံ့ပြန်လေ့ရှိတာကို တွေ့ရတဲ့ အကြောင်းလည်း အာရုံကြောသိပ္ပံဂျာနယ်မှာ ပညာရှင် Veasey ကရေးသားခဲ့တာပါ။

ဒါပေမဲ့လည်း အိပ်ရေးပျက်တာ ပုံမှန်လို ဖြစ်လာတဲ့ အခါမျိုးမှာတော့ ပရိုတိန်းဓာတ်တွေ ဆက်မထုတ်တော့ပဲ ဆဲလ်တွေ ပျက်စီးမှုလည်း ပိုများလာတယ်လို့ ပြောပါတယ်။ သူနဲ့သူ့အဖွဲ့ကတော့ လူတွေမှာလည်း အလားတူ ဆုံးရှုံးပျက်စီးမှုတွေ ရှိမရှိ အတိအကျ သိနိုင်အောင် အိပ်ရေးပျက်တတ်တဲ့ အလုပ်ချိန်အတိုင်း အလုပ်လုပ်လေ့ ရှိတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ဆန်းသပ်စစ်ဆေးဖို့လည်း စီစဉ်နေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အလုပ်လုပ်ရတဲ့ ရက်တွေမှာ အိပ်ရေးပျက်ထားတာတွေ ကာမိစေဖို့ သီတင်းပတ်ကုန် အားလပ် ရက်မှာ ပိုအိပ်ကြတဲ့ သူတွေအနေနဲ့ လက်တွေ့မှာတော့ ဦးနှောက်ထဲက ဆဲလ်တချို့ ထိခိုက် ပျက် စီး မှုနဲ့သာ ကြုံနိုင်တဲ့အကြောင်း လေ့လာချက်သစ်တခုက တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက် တာကို ပြန်အစားထိုးဖို့ စိတ်ကူးဟာ တကယ်တမ်းမှာ အလုပ်မဖြစ်တဲ့အကြောင်းလည်း အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်က အာရုံကြောပညာရှင် Sigrid Veasey ကပြောဆိုခဲ့တာပါ။

၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်

Photo: ၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်
Friday, March 21, 2014 

ဒီနှစ်၂၀၁၄ ခုနှစ် အတွင်းမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလအတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ကျင်းပမယ့်ရက်ကို ၃လ ကြိုတင်ကြေညာမယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေ ၃၁ နေရာရှိတယ်လို့ သိရပါတယ်။

RFA Burmese
ဒီနှစ်၂၀၁၄ ခုနှစ် အတွင်းမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေအား လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောလိုက်ပါတယ်။

ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီးပါက ရပ်နားခ တစ်နာရီ ၂၀၀ ကျပ် ကောက်မည်

Photo: ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီးပါက ရပ်နားခ တစ်နာရီ ၂၀၀ ကျပ် ကောက်မည်
Friday, March 21, 2014 

 ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ပြီး ရန်ကုန်မြို့တွင်းတွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီး ကားပါကင်ခ တစ်နာရီ ၂၀၀ ကျပ် ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဦးမျိုးလွင်က မတ် ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်း၌ ယာဉ်ရပ်နားဇုန်များသတ်မှတ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်စည်ပင်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အငှားချ လေလံပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး လေလံအောင်သူများက တစ်နာရီ ကျပ်၂၀၀နှုန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာ ကောက်ခံရမည်ဖြစ်သည်။

“ရန်ကုန်မြို့ထဲကို ကားတွေဝင်လာပြီးရင် အကြာကြီးရပ်တယ်။ နောက်လူတွေလာရင် ရပ်လို့မရဘူး။ အဲဒါတွေကို မြန်မြန်ထွက်အောင် ပါကင်ခကောက်တာဖြစ်တယ်” ဟုပြောသည်။

၁၉၉၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကားပါကင်ခများကို ကောက်ခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး စင်္ကြန်များနှင့် ကားပါကင်များပြင်ဆင်နေသည့် အတွက် ပါကင်ခကောက်ယူခြင်းကို တစ်နှစ်ရပ်နားခဲ့သည်။

“ပါကင်ခကောက်မှာက အမည်တပ်လမ်းမကြီးနဲ့ အမည်တပ်လမ်းမတွေကို ကောက်မယ်။ တစ်နာရီ ၂၀၀ နှုန်းကောက်မယ်”ဟု ယင်းက ဆက်လက်ပြောသည်။

တက္ကစီယာဉ်မောင်း အမျိုးသားတစ်ဦးက “အရင်ကတော့ လမ်းသွယ်တွေပါကောက်တယ်။ အခုတော့ မကောက်ဘူးလို့ကြားတယ်။ လက်ရှိ ယာဉ်ရပ်နားခမပေးရဘူးဆိုပေမယ့် တစ်ချို့နေရာတွေမှာ နေရာဦးပေးခဆိုပြီး ပေးနေရတယ်”ဟုပြောသည်။

ကားပါကင်ခ ကောက်ယူသွားမည်လမ်းများမှာ ရွှေတိဂုံဘုရားလမ်း၊ အနော်ရထာလမ်း၊ ဝါးတန်းလမ်း၊ ဘုန်းကြီးလမ်း၊ လမ်းမတော်လမ်း၊ လသာလမ်း၊ ရွှေဘုံသာလမ်း၊ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ဗိုလ်တစ်ထောင်ဈေးလမ်းများတွင် ကောက်ခံသွားမည်ဖြစ်သည်။

ယခင်က ကားပါကင်ခကောက်ခံရာတွင် အမည်တပ်လမ်းများနှင့် နံပါတ်တပ်လမ်းများအားလုံးတွင် ကောက်ခံခဲ့သည်။

နန်းမြင့်
Mizzima - News in Burmese
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ပြီး ရန်ကုန်မြို့တွင်းတွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီး ကား ပါကင်ခ တစ်နာရီ ၂၀၀ ကျပ် ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မ တီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဦးမျိုးလွင်က မတ် ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာအမျိုးသမီးတွေ ဘဝလုံခြုံမှု နဲ့ ဥပဒေ

အိန္ဒိယ နိုင်ငံ မှာ ဆေးကျောင်းသူလေး တယောက် ကို လူတစု က အုပ်စုဖွဲ့ မုဒိန်းကျင့် လို့ ဆေးကျောင်းသူလေး သေဆုံးတဲ့ အမှု ပေါ်ပေါက် ပြီး မကြာခင်မှာ အမျိုးသမီး ဓါတ်ပုံ သတင်းထောက် တယောက် ကို လည်း အုပ်စု ဖွဲ့ မုဒိန်းကျင့်မှု ဖြစ်ခဲ့ပါတယ်။

မတ် ၃၀ ရက် (တပေါင်းလကွယ်နေ့) တွင် ဆလုံတိုင်းရင်းသားများ ပင်လယ်မထွက်ဖြစ်သဖြင့် မြေပြင်၌သာ သန်းခေါင်စာရင်း ကောက်ယူမည်

Photo: မတ် ၃၀ ရက် (တပေါင်းလကွယ်နေ့) တွင် ဆလုံတိုင်းရင်းသားများ ပင်လယ်မထွက်ဖြစ်သဖြင့် မြေပြင်၌သာ သန်းခေါင်စာရင်း ကောက်ယူမည်
Friday, March 21, 2014 

သန်းခေါင်စာရင်းကောက်ယူမည့် မတ်  ၃၀ ရက်မှာ တပေါင်းလကွယ်နေ့ ဖြစ်သောကြောင့် ဆလုံတိုင်းရင်းသားများအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာဦးမည် မဟုတ်ဘဲ မြေပြင်၌သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ပြင်အတွင်း ရက်ကြာရှည်စွာ သွားလာနေသည့် ဆလုံတိုင်းရင်းသားများအား သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သော်လည်း  ပင်လယ်ပြင်အတွင်းသို့ ထွက်ခွာမည့်ရက်များကို တွက်ချက်ထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ သတင်းရရှိသည်။ “ဆလုံတိုင်းရင်းသားတွေကို သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကုန်းပေါ်မှာပဲ ကောက်ခံမှာပါ။ ကျွန်တော်တို့ တွက်ချက်ထားပြီးပါပြီ။ တပေါင်းလကွယ်နေ့အထိ ဆလုံတိုင်းရင်းသားတွေက ကုန်းပေါ်မှာ ရှိနေဦးမှာပါ တခူးလဆန်းတစ်ရက်နေ့မှ ပင်လယ်ပြင်အတွင်းကို စတင် ထွက်ခွာကြမှာပါ။ ကျွန်းတွေပေါ်ကိုလည်း အကြောင်းကြားထားပါတယ်။ သန်းခေါင်စာရင်း ကောက်ယူတာနှင့် ပတ်သက်ပြီး အဆင်ပြေမှာပါ” ဟု မြိတ်ခရိုင် လ၀က လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိုးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ပင်လယ်ပြင်အတွင်း သွားလာနေသည့် ဆလုံတိုင်းရင်းသားများအား စာရင်းကောက်ရာတွင် အခက်အခဲရှိနိုင်သလို ထိုင်းနိုင်ငံပိုင် ကျွန်းများသို့ ရောက်ရှိနေသည့် ဆလုံတိုင်းရင်းသားအား လက်လှမ်းမီရန် ခက်ခဲနေကြောင်း သိရသည်။

ဆလုံတိုင်းရင်းသားများမှာ ကျွန်းစုမြို့နယ်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများတွင် နေထိုင်လျက်ရှိပြီး ကော့သောင်းခရိုင်အတွင်း နေထိုင်သည့် ဆလုံတိုင်းရင်းသားများမှာ အရေအတွက်ပိုမို များပြားနိုင်ကြောင်း သိရသည်။ စာရင်းအတိအကျ ကောက်ယူထားမှု မရရှိသေးသော်လည်း ကျွန်းစုမြို့နယ်အတွင်း ဆလုံတိုင်းရင်းသား ၃၀၀၀ ကျော်ရှိနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လာမည့် မတ် ၃၀ ရက်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဆလုံတိုင်းရင်းသားများအား ကုန်းပေါ်တွင်သာ ကောက်ယူသွားမည် ဖြစ်သလို ပင်လယ်ပြင်အတွင်း ရောက်ရှိနေသည့် ဆလုံတိုင်းရင်းသားများ ရှိပါကလည်း ကုန်းပေါ်တွင်ကျန်ခဲ့မည့် မိသားစုဝင်များကို မေးမြန်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မြိတ်ကျွန်းစုအတွင်း လှည့်လည်သွားလာနေသော ဆလုံမိသားစုအားတွေ့ရစဉ်
မြိတ်ကျွန်းစုအတွင်း လှည့်လည်သွားလာနေသော ဆလုံမိသားစုအားတွေ့ရစဉ်
သန်းခေါင်စာရင်းကောက်ယူမည့် မတ်  ၃၀ ရက်မှာ တပေါင်းလကွယ်နေ့ ဖြစ်သောကြောင့် ဆလုံတိုင်းရင်းသားများအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာဦးမည် မဟုတ်ဘဲ မြေပြင်၌သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပုဂံတွင် ဥရောပစုံတွဲ မြန်မာ့ရိုးရာဓလေ့ထုံးစံနည်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပ

Photo: ပုဂံတွင် ဥရောပစုံတွဲ မြန်မာ့ရိုးရာဓလေ့ထုံးစံနည်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပ
Friday, March 21, 2014 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဥရောပလူမျိုး လူငယ်စုံတွဲတစ်တွဲ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာအခမ်းအနားတစ်ရပ်ကို မတ် ၂၀ ရက် နံနက် ၉ နာရီက ပုဂံ မြို့ဟောင်း၊ မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံသား အသက် (၂၉)နှစ်အရွယ် Mr.Alexandre Marcel MONNEY  နှင့် ပြင်သစ်နိုင်ငံသူ အသက် (၂၃)နှစ်ရှိ Ms. Florence Marie Eugenia THELLIER  တို့သည် မင်္ဂလာဧည့်ခံပွဲအား ပုဂံမြို့ဟောင်း၊ ၀က်ကြီးအင်းရပ်ရှိ မြစည်းခုံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲ တက်ရောက်လာသူများအား ရိုးရာဓလေ့ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း၊ ထို့နောက် မြစည်းခုံကျောင်းမှ ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    “သူတို့ သူများနိုင်ငံမှာ သူများရဲ့ရိုးရာဓလေ့နဲ့ မင်္ဂလာဆောင်ရတာ အမှတ်တရဖြစ်တဲ့အကြောင်း၊ ခုလိုပြုလုပ်တာကို မိဘတွေ မသိသေးတဲ့အတွက် အိမ်ရောက်မှ ဓာတ်ပုံမှတ်တမ်းတွေပြပြီး အံ့သြအောင်လုပ်မယ်လို့ ပြောပါတယ်”ဟု ဧည့်လမ်းညွှန် ကိုစိုင်းဝဏ္ဏက ဆိုသည်။

နိုင်ငံခြားသားခရီးသွားများ ပုဂံတွင် မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဆောင်သည်မျိုး လေးကြိမ်မျှ ဆောင်ရွက်ပေးခဲ့ဖူးကြောင်း ခရီးသွားလုပ်ငန်းစီစဉ်သူ တစ်ဦးက ပြောကြားသည်။

Eleven Media Group

ပုဂံမြို့ဟောင်း မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းတွင် ဥရောပစုံတွဲ မြနမာ့ ရိုးရာဓလေ့ထုံးစမ်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ်
ပုဂံမြို့ဟောင်း မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းတွင် ဥရောပစုံတွဲ မြန်မာ့ ရိုးရာဓလေ့ထုံးစမ်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ် 
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဥရောပလူမျိုး လူငယ်စုံတွဲတစ်တွဲ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာအခမ်းအနားတစ်ရပ်ကို မတ် ၂၀ ရက် နံနက် ၉ နာရီက ပုဂံ မြို့ဟောင်း၊ မြစည်းခုံ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ အပျက်အစီးဟု ဖြစ်နိုင်ခြေ အလွန် များသော အပိုင်းအစနှစ်ခုကို သြစတြေးလျဂြိုဟ်တုမှ တွေ့ရှိခဲ့သည့်နေရာသို့ နော်ဝေသင်္ဘောရောက်ရှိကာ ရှာဖွေမှုများပြုလုပ်နေ

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရှိသည်ဆိုသည့်နေရာသို့ ပထမဆုံးရောက်ရှိသည့် နော်ဝေသင်္ဘော Hoegh ST.Petersburg
မလေးရှားလေကြောင်းလိုင်း၏ ပျောက်ဆုံးနေသော လေယာဉ်မှ ဖြစ်နိုင်ခြေအလွန်များသော အပျက် အစီး အပိုင်းအစနှစ်ခုကို သြစတြေးလျက မတ် ၂၀ ရက်တွင် ပင်လယ်ပြင်၌ ဂြိုဟ်တုမှ တစ်ဆင့် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး ခိုင်မာသော သတင်းအချက်အလက်သစ် ရရှိခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပါလီမန် တွင် ပြောကြားခဲ့သည်။ အရာဝတ္ထုများကို ရှာဖွေစစ်ဆေးရန် တာဝေးသွား ထောက် လှမ်းရေးလေ ယာဉ် လေးစင်းသည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ဦးတည်မောင်းနှင် ခဲ့ကြကြောင်း သိရသည်။ ဂြိုဟ်တုဓာတ်ပုံများကို အထူးပညာရှင်များက လေ့လာသုံးသပ် ခဲ့ပြီးနောက် ပျောက်ဆုံးမလေး ရှားလေယာဉ်နှင့် ဆက်စပ်မှုရှိသော အရာဝတ္ထု နှစ်ခုဟု သတ်မှတ်နိုင်ခဲ့ကြောင်း အဘော့က ပြောကြားခဲ့သည်။

၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေး ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအ၀င် အမှုဆောင်ကော်မတီဝင်များ စစ်ဆေးမေးမြန်းခံရမည်

Photo: ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေး ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအ၀င် အမှုဆောင်ကော်မတီဝင်များ စစ်ဆေးမေးမြန်းခံရမည်..
Friday, March 21, 2014 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နာမည်ကြီး အမေရိကန်ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် FBI ၏ စုံစမ်းစစ်ဆေးမှုအရ ဖီဖာဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာသည် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကာတာနိုင်ငံဆိုင်ရာ ဖီဖာအမှုဆောင် ကော်မတီဝင် ဘင်ဟမ်းမန်း ပိုင်ဆိုင်သည့် ကုမ္ပဏီမှ ယူရို ၁ ဒသမ ၂ သန်း လက်ခံရယူခဲ့ကြောင်း၊ ထို့ပြင် ဂျက်ဝါနာသည် ကာတာအစိုးရ တာဝန်ရှိသူများ ပိုင်ဆိုင်သည့် ကုမ္ပဏီထံမှလည်း ဒေါ်လာနှစ်သန်းခန့် လက်ခံရယူခဲ့ကြောင်း ဗြိတိန်ထုတ် Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။ ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက် မိုက်ကယ်ဂါစီယာက မဲပေးရာတွင် ပါဝင်ခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂါစီယာ၏ မေးမြန်းမှုခံရမည့်သူများမှာ ဖီဖာဥက္ကဋ္ဌ ဘလတ္တာနှင့် လက်ရှိ အမှုဆောင်ကော်မတီ၌ တာဝန်ထမ်းဆောင်နေသူ ၁၁ ဦးဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ စစ်ဆေးမေးမြန်းရာတွင် အိမ်ရှင်လျှောက်ထားမှု လုပ်ငန်းစဉ်နှင့် စည်းမျဉ်းများအား ချိုးဖောက်ခြင်းရှိ၊ မရှိတို့ကို ဦးစားပေး မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသား ဥပဒေအကျိုးဆောင်ဖြစ်သူ ဂါစီယာသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း အိမ်ရှင်ကျင်းပခွင့် လျှောက်ထားသည့် နိုင်ငံများမှ ကိုယ်စားလှယ်များကို စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့သည်။

Eleven Media Group

ကာတာဝန်ကြီးချုပ် အယ်လ်သာနီနှင့် ဇနီး၊ ဖီဖာဥက္ကဋ္ဌ ဘလတ္တာတို့အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိကြောင်း ကြေညာပြီးနောက် တွေ့ရစဉ် (Photo - AFP)
ကာတာဝန်ကြီးချုပ် အယ်လ်သာနီနှင့် ဇနီး၊ ဖီဖာဥက္ကဋ္ဌ ဘလတ္တာတို့အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိကြောင်း ကြေညာပြီးနောက် တွေ့ရစဉ် (Photo - AFP)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာဝင်း သွားရောက်ကစားနေသော ပီရတ်အသင်း ကျော်ကိုကို ကို ခေါ်ယူရန် စိတ်ဝင်စား

မလေးရှား စူပါလိဂ်ကလပ် ပီရတ်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူးဖြစ်သူ ကျော်ကိုကို ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ပီရတ်အသင်းသည် မြန်မာယူ- ၂၃ အသင်း ခေါင်းဆောင် ကျော်ဇေယျာဝင်း သွားရောက် ကစားနေသည့် အသင်းဖြစ်ပြီး ကျော်ဇေယျာဝင်း၏ အဆက်အသွယ်ဖြင့် ခေါ်ယူရန်စီစဉ်နေခြင်း ဖြစ်သည်။

တရုတ်သို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင်လာသည့် ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁၄၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ မူဆယ်၌ ဖမ်းဆီးရမိ

တရုတ်ဘက်သို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင်လာသည့် ခန့်မှန်းတန်ဖိုးကျပ် သန်း ၁၄၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ မူဆယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မဟာရန်ကုန်စီမံကိန်း ဖော်ဆောင်ရန် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ရှိမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ထား

Photo: မဟာရန်ကုန်စီမံကိန်း ဖော်ဆောင်ရန် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ရှိမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ထား
Friday, March 21, 2014 

မဟာရန်ကုန်စီမံကိန်း (Greater Yangon) အား အကောင်အထည်ဖော်ရန် ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar infrastructure summit မှရရှိသော သတင်းများအရ သိရသည်။

“Greater Yangon စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံတကာလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။

စီမံကိန်းကို ၂၀၄၀ target ထားပြီး ဖော်ဆောင်နေတာပါ။ အဓိကအားဖြင့် project ၇၇ ခုရှိပြီး ၂၆ ခုက မြို့ပြဖွံ့ဖြိုးမှုနဲ့ ဆိုင်ပါတယ်။ ကျန်တဲ့ ၅၁ ခုက အခြေခံအဆောက်အအုံပိုင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က ဆိုသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများဖြင့် အကောင်အထည်ဖော်နေသည့်အပိုင်း ဖြစ်သော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ မြေအသုံးချမှုမူ ၀ါဒမှာ ရေးဆွဲနေဆဲဖြစ်ခြင်းကြောင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများလည်း ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့  project တွေကို အကောင်အထည်ဖော်တဲ့ကိစ္စ ဘာကြောင့် နောက်ကျရလဲဆိုတော့ အဓိကမြေပြဿနာတွေကြောင့်ပါ။  မြေသိမ်းဆည်းတဲ့ကိစ္စမှာ အရင်တုန်းကရှိခဲ့တဲ့ ၁၈၉၂ မြေသိမ်းဥပဒေ တစ်ခုတည်းပဲ ရှိသေးတဲ့အတွက် အဲဒါကို ပြန်ပြီးသုံးသပ်ပြီးတော့ ပြုပြင်သင့်တာတွေရော မြေသိမ်းဆည်းတဲ့ကိစ္စ၊ လျော်ကြေးပေးတဲ့ ကိစ္စ၊ ဒီမှာနေထိုင်သူတွေကိစ္စ ထည့်သွင်း စဉ်းစားသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် contract farming လုပ်ငန်းများ၊ သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုအပိုင်း၊ အလားတူ ကျောက်ဖြူနှင့် ထားဝယ်စီမံကိန်းများ အကောင်အထည်ဖော်မှုတို့တွင် မြေယာကိစ္စများနှင့် ပတ်သက်၍ ကိုင်တွယ်ရခက်ခဲသည့် အနေအထားများ ရှိခဲ့ကြောင်း သိရသည်။

“စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အကောင်းဆုံးလုပ်ပေမယ့်လည်း တစ်ဖက်မှာ အများပြည်သူကို ထိခိုက်တာတွေလည်း ရှိပြန်တယ်။ ခြုံပြီးတော့ကြည့်ရင်တော့ ဒီစီမံကိန်းတွေက နိုင်ငံတော်အတွက် အကျိုးအမြတ်အများကြီး ရတယ်။ တစ်ဖက်မှာ ကြည့်ပြန်တော့ နေထိုင်တဲ့သူတွေကို ထိခိုက်တာရှိတယ်။ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြေအသုံးချမူဝါဒကို ခိုင်ခိုင်မာမာ ရေးဆွဲနိုင်ဖို့ လိုပါတယ်။ ပြီးတော့မှ စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ ဒါပေမဲ့ မြေအသုံးချမူဝါဒက မူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ ဘယ်တော့ထွက်လာမလဲ မပြောနိုင်သေးဘူး” ဟု ဒေါက်တာတိုးအောင်က ပြောကြားသည်။

အလားတူ မဟာရန်ကုန်စီမံကိန်းနှင့် ပတ်သက်၍“ကျွန်တော်တို့ Greater Yangon  ဧရိယာကို ဖော်ဆောင်ဖို့အတွက် အများသိအောင် ကြေညာထားပြီးသားပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေက proposal တင်မယ်ဆိုရင်လည်း သူတို့တင်တဲ့အပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့က ဆုံးဖြတ်ရမှာပါ။ တချို့နေရာတွေမှာ ယှဉ်ပြိုင်သင့်တဲ့ဟာမျိုး ဆိုရင်တော့ တင်ဒါစနစ်နဲ့ သွားမှာပါ။ အခု ချက်ချင်းမှာတော့ ကျွန်တော်တို့ စမလုပ်နိုင်သေးပါဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းသွားရမယ့် သဘောမျိုးကြောင့်ပါ။  ဒီ ၇၇ ခုထဲမှာ ကဏ္ဍ တော်တော်စုံပါတယ်။ ရေပေးဝေရေးကဏ္ဍလည်း ပါမယ်။ ပို့ဆောင်ရေး ကဏ္ဍလည်း ပါမယ်။ အမှိုက်စွန့်ပစ်ရေးပါမယ်။ ကျွန်တော်တို့နဲ့ဆိုင်တာက ရေစီး ရေလာကိစ္စရှိမယ်။ လမ်းရှိမယ်။ ပို့ဆောင်ရေးမှာ အများပြည်သူပို့ဆောင်ရေးကို ရှေးရှုမယ့် စနစ်တွေပါတယ်။ ဥပမာ-အမြန်ရထားစနစ်တို့၊ ဘတ်စ်ကားစနစ်တို့လည်း ပါလာမယ်။ တစ်ခုချင်းမှာ ဘယ်ဟာကို အကောင်အထည်ဖော်လို့ ရမလဲဆိုတာကို သုံးသပ်ပြီးမှ ဘယ်နှစ်မှာ ဘယ်ဟာကို အကောင်အထည်ဖော်မယ်ဆိုတာမျိုး ဆွဲထားတာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ Greater Yangon အစီအစဉ်အား JICA နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းအနက် အချို့မှာ ဂျပန်အစိုးရ၏ ချေးငွေဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဂျပန်အစိုးရ၏ အထောက်အပံ့နှင့် သွားသည့်ကဏ္ဍများတွင် JICA မှ တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း၊ အမှိုက်စွန့်ပစ်ရေးနှင့် ရေပေးဝေရေးကဏ္ဍများတွင် ဂျပန်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပါဝင်နေကြောင်း သိရသည်။

“တကယ်တမ်း အကောင်အထည်ဖော်တဲ့အပိုင်းကျတော့ public concern  ဖြစ်နေတဲ့ မြေပြဿနာကို ဖြေရှင်းဖို့လိုလာတယ်။ ဥပမာ- ပို့ဆောင်ရေးတစ်ခုလုပ်မယ်ဆိုကတည်းက  ဒီနေရာမှာ ဘယ်သူတွေ ထိခိုက်နိုင်သလဲဆိုတဲ့ social impact ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြီးတော့မှ impact အနည်းဆုံးဟာကို အရင်ဦးစားပေးပြီး လုပ်ကြရမှာပါ။ ကျွန်တော်တို့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မနှစ်ကတည်းက seminor တွေလုပ်ပြီးတော့ ကြေညာပြီးသားပါ။ တချို့ နိုင်ငံခြားကုမ္ပဏီတွေ သိတာတွေလည်း ရှိတယ်။ မသိတာတွေလည်း ရှိတယ်။ တချို့ဟာတွေက သူတို့အဆိုပြုလွှာတွေပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ရမှာဖြစ်သလို တချို့ဟာတွေကျတော့ သူတို့အဆိုမပြုခင် ကျွန်တော်တို့ဘက်ကစပြီး တင်ဒါခေါ်ထားတာလည်း ရှိပါတယ်”ဟု ၎င်းကပြောကြားသည်။

“မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေ ကြီးမြင့်နေတာကို အစိုးရက ဘယ်လိုထိန်းချုပ်ပေးမလဲ ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ အဲဒါတွေက ဈေးကစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့ သိထားပါတယ်။
အစိုးရဌာနတစ်ခုက ပြောတာတော့ မြေဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက zoning committee တွေဖွဲ့ပြီး လုပ်သွားဖို့ရှိတယ်လို့ တော့ ပြောပါတယ်။ အခုချိန်ထိတော့ ဘာမှတိတိကျကျ မသိသေးပါဘူး” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Eleven Media Group

ရန်ကုန်မြို့မြင်ကွင်းတစ်နေရာအားတွေ့ရစဉ်
ရန်ကုန်မြို့မြင်ကွင်းတစ်နေရာအားတွေ့ရစဉ်
မဟာရန်ကုန်စီမံကိန်း (Greater Yangon) အား အကောင်အထည်ဖော်ရန် ခန့်မှန်းကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar infrastructure summit မှ ရရှိသော သတင်းများအရ သိရသည်။

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှိလင့်ကစား ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်မည်ဟု ဆို

Photo: ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှိလင့်ကစား ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်မည်ဟု ဆို
Friday, March 21, 2014 

လစ်လပ်နေသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြုလုပ်မည့် ရက်ကို အနည်းဆုံး သုံးလကြိုတင်၍ အကြောင်းကြားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

လက်ရှိ ပြည်သူ့လွှတ်တော်တွင် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၁၁ နေရာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန်အတွက် အချိန်ကာလအားဖြင့် သုံးလခန့် လိုအပ်ပါတယ်။ နောက်သုံးလဟာလည်း မိုးတွင်းကာလ ကျရောက်နေပါသဖြင့် ရာသီဥတုသာယာချိန်မှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

လစ်လပ်မဲဆန္ဒနယ်များ လစ်လပ်နေသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်သေးခြင်းမှာ လက်ရှိ သန်းခေါင်စာရင်းကောက်ခံရမည့်ကာလ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေရသည့် အချိန်ဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှာ ဆွေးနွေးပွဲများ၊ လက်ခံတွေ့ဆုံခြင်းများ ပြုလုပ်နေရသဖြင့် ၀န်ပိနေသည့် ကာလလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ၀န်မပိစေရန် ဆိုင်းငံ့ထားခြင်းသာဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်ရန် လျာထားသောကြောင့် ယခုကြားဖြတ်ရွေးကောက်ပွဲကိုလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာ နှင့် ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးတင်အေးက သတင်းထောက်များ ကိုပြောကြားသည်။

ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက နိုင်ငံရေးပါတီအများစုမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အင်အားကြီးပါတီ နှစ်ခုဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့မှာ လစ်လပ်မဲဆန္ဒနယ် အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

“လစ်လပ်တဲ့နေရာ အကုန်ပြိုင်မှာပဲ။ လုပ်မယ့်ရက်က မသေချာသေးဘူး။ ကိုယ်စားလှယ်လောင်းကတော့ လုပ်မယ့်ရက် ကြေညာမှရွေးမှာပါ။ သုံးလဆိုတာ ရွေးလို့ရပါတယ်။ အဲဒီတော့မှ မဲဆန္ဒနယ်ကို ဆင်းပြီးရွေးလိုက်မှာပါ။ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာကတော့ လစ်လပ်မဲဆန္ဒနယ်ရှိရင် လုပ်ရမှာပဲ။ ရွေးကောက်ပွဲနည်းဥပဒေမှာကိုက ပြဋ္ဌာန်းပြီးသားပဲလေ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက“ကျွန်တော်တို့ ပါတီကတော့ နေရာတိုင်း ၀င်ပြိုင်မှာပဲ။ နေရာတိုင်း ၀င်ပြိုင်နိုင်အောင် ကြိုးစားမယ်။ ပြိုင်ဖြစ် မပြိုင်ဖြစ်ကတော့ မသိဘူး။ ပြိုင်ဖို့တော့ များတယ်”ဟု ပြောကြားသည်။

ယခုပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းမှုတစ်ခု ဖြစ်နိုင်သည်ဟုလည်း  နိုင်ငံရေးပါတီခေါင်းဆောင်အချို့က သုံးသပ်ပြောကြားသည်။

“၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက တို့ပါတီကတည်ထောင်ခါစ။ သုံးနေရာမ၀င်ရင် ပါတီဖျက်သိမ်းမယ်ဆိုတဲ့အတွက် အဲဒီတုန်းက ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ခဲ့ တာ။ အခုကြားဖြတ်ရွေးကောက်ပွဲကျရင်တော့ ပါတီတည်တံ့ရေးအတွက် မဟုတ်ဘူး။ နိုင်ငံရေးအခြေအနေတစ်ခုကို စမ်းသပ်ဖို့အတွက် ၀င်ချင်ဝင်မယ်။ သေချာပေါက် ပြောနိုင်တာကတော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နိုင်မယ့်သူ တစ်ယောက်ကို လွှတ်တော်ထဲ ပို့နိုင်ဖို့အတွက် အဓိကထားပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ ဆက်လုပ်သွားမယ်။ ပါတီကြီးတွေအတွက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် စမ်းသပ်မှုလို့ ပြောလို့ရတယ်။ သူတို့ အင်အားတွေ ဘယ်လောက်ရှိတယ်ဆိုတာ စမ်းသပ်ခိုင်းတဲ့ ပွဲပဲလေ။ သို့သော် အခြားပါတီတွေအတွက်ကတော့ ပြည်သူလူထုကြားမှာ မူဝါဒတွေပေး။ မစားရ၀ခမန်းတွေ ပြောတဲ့သူတွေကိုပဲ ရွေးမလား၊ ပြည်သူအတွက် တကယ်အလုပ် လုပ်တဲ့သူတွေကိုပဲ ရွေးမလားဆိုတာ လူထုရဲ့ နိုင်ငံရေး ရင့်ကျက်မှုကို စမ်းသပ်ရတဲ့ပွဲလို့လည်း ပြောလို့ရတယ်”ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောကြားသည်။

အလားတူ ဒေါ်ဒွဲဘူက “ကျွန်မတို့ ကချင်ပြည်နယ်မှာ ပြည်သူ့လွှတ်တော် သုံးနေရာနဲ့ ပြည်နယ်လွှတ်တော် သုံးနေရာ ရှိနေပါတယ်။ အဲဒီဒေသတွေအားလုံးကို ရွေးကောက်ပွဲကျင်းပမလားဆိုတာ မသိရသေးပါဘူး။ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ကတော့ ပါတီမှာ ဆွေးနွေးဆုံးဖြတ်သွားရမှာပါ”ဟု ပြောကြားသည်။

ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ စသည့် ပါတီများမှလည်း ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်များက ပြောကြားသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် တွင် ပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိသည့် အနက် ၄၅ နေရာအား ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၃ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တစ်နေရာတို့ အနိုင်ရရှိခဲ့သည်။

ယခုပြုလုပ်မည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ငြိမ်းချမ်းမှုမ ရသေးသည့်ဒေသများတွင် ငြိမ်းချမ်းရေးရပြီးမှသာ ရွေးကောက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ကော်မရှင်ဥက္ကဋ္ဌက ဖြေကြားထားသည်။

Eleven Media Group

၂၀၁၂ ခုနှစ် ဧပြီ ၁ရက်ကပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို ရေတွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဧပြီ ၁ရက်ကပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို ရေတွက် ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
လစ်လပ်နေသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြုလုပ်မည့် ရက်ကို အနည်းဆုံး သုံးလကြိုတင်၍ အကြောင်း ကြားပေး မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် အဖွဲ့အစည်း ၁၉ ခုသို့ ဒေါ်လာ သန်းပေါင်း ၉၅၀၀ ကျော်ပေးရန် ကြွေးကျန်ရှိ

Photo: မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် အဖွဲ့အစည်း ၁၉ ခုသို့ ဒေါ်လာ သန်းပေါင်း ၉၅၀၀ ကျော်ပေးရန် ကြွေးကျန်ရှိ
Friday, March 21, 2014 

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ နိုင်ငံ ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံသို့ ပေးရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၅၉၃ ဒသမ ၈၉၄ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် မယ်စဲ့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်း၏ မေးမြန်းချက်ကို ဒုဝန်ကြီး ဒေါက်တာလင်းအောင်က ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေးဆပ်ရန် ကျန်ရှိနေသည့် ငွေပမာဏမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ (IMF) ၏ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က ငွေလဲလှယ်နှုန်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာလင်းအောင်၏ ပြောကြားချက်အရ သိရသည်။ ချေးငွေ လက်ကျန်ပမာဏသည်  အချိန်နှင့်အမျှ ဖြစ်ပေါ်နေသည့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လည်းကောင်း၊ စာရင်းပိတ်သည့်နေ့ရှိ ပြည်ပချေးငွေ ထုတ်ယူသုံးစွဲခြင်း၊ အရင်း၊ အတိုးပြန်လည်ပေးဆပ်ခြင်းတို့ကြောင့် လည်းကောင်း ကိန်းဂဏန်းများသည်  ပြောင်းလဲမှုရှိနိုင်ကြောင်းလည်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

အဆိုပါ ပြည်ပသို့ ပြန်လည်ဆပ်ရန် ငွေများတွင် တရုတ်နိုင်ငံသို့  အမေရိကန်ဒေါ်လာ သန်း လေးထောင်ကျော်ဖြင့် အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံသို့ ပေးရန်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၁၉၀၀ ကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

“ယခုတင်ပြသည့် နိုင်ငံ ၁၆ နိုင်ငံနဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံမှ ချေးငွေများ ချေးယူပြီးတော့မှ ပေးဆပ်ရန် ကျန်တဲ့  ချေးငွေများဟာ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ ဆိုင်းငံ့ကာလ၊ ပြန်ဆပ်ကာလများမှာ အတိုးအရင်းတွေ ပြန်ဆပ်နေဆဲ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ ပဲရစ်ကလပ်နဲ့ ဆောင်ရွက်ခဲ့တဲ့ ချေးငွေများမှာ ကနေဒါ ချေးငွေတစ်ခုတည်း ကြွေးမြီပယ်ဖျက်ရေးကာလ ပြန်လည်သတ်မှတ်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းမှာ စတင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

“ဘယ်နှစ် ခုနှစ်ကတည်းက အကြွေးတွေဆိုတာ ဒုဝန်ကြီးက ပြောမသွားဘူး။  အရင် အစိုးရလက်ထက် ကတည်းက။ အစိုးရအဆက်ဆက်ကတည်းက။ န၀တ လက်ထက် ကတည်းကလား။ ဘယ်နှစ်ခုနှစ်လောက် ကတည်းက စသလဲဆိုတာတော့ မသိဘူးပေါ့နော်။ ၈၈ နောက်ပိုင်း ဖြစ်ဖို့များမယ်။ အတိကျတော့ မပြောနိုင်ဘူး”ဟု ဦးကျော်ခိုင်ဝင်းက ဆိုသည်။  

Eleven Media Group
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ နိုင်ငံ ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံသို့ ပေးရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၅၉၃ ဒသမ ၈၉၄ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရန် လွှတ်တော်က အတည်ပြုပြီးနောက် အရပ်ဘက် လူ့အဖွဲ့အစည်းအချို့က ယခင်နှုန်းထားအတိုင်း တစ်နိုင်ငံလုံးတွင် သတ်မှတ်ထားရှိပေးရေး ဆန္ဒပြတောင်းဆိုရန် စီစဉ်

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မီတာခများတိုးမြှင့်ကောက်ခံမည့်အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသူများအား တွေ့ရစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်)
လျှပ်စစ်ဓာတ်အားခများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စု လွှတ်တော်မှ မတ် ၁၉ ရက်တွင် အတည်ပြုခဲ့ပြီးနောက် အရပ်ဘက် လူ့အဖွဲ့အစည်းအချို့မှ တစ်နိုင်ငံလုံးတွင် ယခင်ဓာတ်အားခ နှုန်းထားအတိုင်း သတ်မှတ်ထားရှိပေးရန် အစိုးရအား ဆန္ဒပြတောင်းဆိုသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရန်အတွက် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ ဒီမိုကရေစီအင်အားစု၊ Generation Wave  အဖွဲ့နှင့် အခြားအရပ်ဘက် လူ့အဖွဲ့အစည်းများမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ခုနစ်လခန့်က ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြန်လည်ပြင်ဆင်မည်

၂၀၁၃ ခုနှစ် သြဂုတ်လ ပြဋ္ဌာန်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြန် လည်ပြင်ဆင်ရန် မတ် ၂၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ သည်။