ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် KIA တပ်ရင်း(၆)၊ လက်အောက်ခံ၊ တိုက်နယ်မှူး ဦးဘရန်တောင်-၏ လက်အောက်ငယ်သားဖြစ်သူ KIA- မဟဟ ခေါ် အဖွဲ့(၃)ဦးသည် လုံခင်းကျေးရွာတွင်းရှိ တယ်လီဖုန်းဆိုင်များတွင် အဓမ္မဆက်ကြေးအဖြစ် ဟင်းဆက်များ ယူသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယင်း KIA မဟဟ ခေါ် အဖွဲ့ (၃)ဦးသည် လုံခင်းကျေးရွာ အတွင်းသို့ ၀င်ရောက်ပြီး၊ ကျေးရွာပြည်သူလူထုထံမှ အဓမ္မဆက်ကြေးအဖြစ် လက်နက်အားကိုး အနိုင်ကျင့် ခြိမ်းခြောက်ပြီး တယ်လီဖုန်းဆိုင်များတွင် တစ်သိန်းခွဲတန် HUAWEI တစ်လုံး၊ သုံးသိန်းကျော်တန် SAMSUNG တစ်လုံး၊ ခြောက်သိန်းတန် IPHONE တစ်လုံး စသည်တို့ကို ဆိုင်းတွင်းသို့ဝင်ရောက် ယူဆောင်သွားကြောင်းနှင့် ဆင်းကဒ် တစ်ခုကိုလည်း ဖားကန့် KIA တိုက်နယ်မှူး၏ ယောက်ဖဆိုသူ ဦးယော်ထုန်-မှ အဓမ္မယူဆောင်သွားကြောင်း သိရှိရသည်။
Monday, August 11, 2014
လျှိုမြောင်ကြားမှာသိုဝှက်ထားတဲ့ ကျပ်သိန်းပေါင်း ၆ သောင်းခွဲခန့်ရှိ မူးယစ်ဆေးဝါးတွေ ဖော်ထုတ်ဖမ်းဆီး
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်ဆတ်ခရိုင် မယ်ကြုတ် (၂) ကျေးရွာအနီးက လျှိုမြောင်တောင်ကြောတွေကြားမှာ မြေမြှုပ် သိုဝှက် ထားတဲ့ ကျပ်သိန်းပေါင်း (၆၄၁၇၇) ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အခုလ ၁၀ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းဖော်ထုတ်ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒိုးနက်စ်ခ်ရှိ သူပုန်အခြေစိုက်စခန်းကို ယူကရိန်းစစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်
ယူကရိန်း စစ်တပ်သည် ဒိုးနက်စ်ခ်မြို့ရှိ သူပုန်တပ်ဖွဲ့များ၏ အဓိက အခြေစိုက် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ယူကရိန်း အရှေ့ပိုင်း ဒေသတွင် စစ်ရေးအရ အတန်ငယ် အသာစီး ရရှိလာသည့် ယူကရိန်းတပ်များသည် ရုရှားက ကျောထောက်နောက်ခံ ပြုထားသည့် သူပုန်များအပေါ် ထိုးစစ်အရှိန်အဟုန် မြှင့်တင်လာနိုင်ခဲ့သည်။ ယူကရိန်း စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒိုးနက်စ်ခ်တွင် အဆောက်အအုံအချို့ ပြိုကျ ပျက်စီးခဲ့သော်လည်း အသေအပျောက် အရေအတွက် သတင်းပေးပို့မှု နည်းပါးကြောင်း သိရသည်။စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သူပုန်များသည် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် တုန်လှုပ်ခြောက်ခြားနေပြီဟု ပြောကြားခဲ့သည်။ စစ်ဖြစ်နေသည့် ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့မည့် အစီအစဉ်ကို ခွင့်ပြုရန်မူ ယူကရိန်း အစိုးရက အင်တင်တင် ရှိနေဆဲ ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် စူပါမွန်း ဖြစ်စဉ် အန္တရာယ်ကင်းရေး ပရိတ်များရွတ်
စူပါမွန်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ရေကြီး၊ မြေပြို ခြင်းများ
ဖြစ်ပေါ်နိုင်သည်ဟု ဆိုကာ နေပြည်တော်ကောင်စီ နယ်မြေအပါအ၀င် ပြည်နယ်
နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ များ သြဂုတ် ၁၀ ရက် မတိုင်မီ သံဃာတော်များ
ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရား နာယူ ရန် ပြည်ထောင်စုအစိုးရအဖွဲ့က
ညွှန်ကြားစာ ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ က သြဂုတ် ၅ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၀ ရက် မရောက်မီ သင့်လျော် သည့် ရက်ရာဇာနေ့ကို ရွေးချယ် ကာ သံဃာတော် ၉ ပါး(သို့) ၁၀၅ ပါး ပင့်ဖိတ်၍ တစ်ရက်(သို့) နှစ်ရက် ပရိတ်ရွတ်ခြင်း၊ ဆွမ်းဆပ် ကပ်ခြင်းများ ပြုလုပ်ရမည်ဟု ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းညွှန်ကြားချက်ကြောင့် ရေဘေးရင်ဆိုင်နေရသည့် ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကရင်ပြည်နယ်အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ၀န်ကြီးဌာနအားလုံး ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် သံဃာတော်များပင့်ဖိတ်၍ ပရိတ်ရွတ်ဖတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအကျဉ်းသားကို အစိုးရ ဘယ်ပေတံနဲ့တိုင်းလဲ
အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုသူတွေကို
လွှတ်ပေးလိုက်ရင် ဥပဒေပြု မဏ္ဍိုင်ကို ကျော်လွန်ရာ ရောက်မယ်လို့
နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဋ္ဌာန (၄) ဒုတိယဝန်ကြီး ဦးအောင်သိန်းက ပြောပါတယ်။
နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအမှုတွေကို ဖြေလျော့ပေးထားပေမယ့် ရာဇဝတ်မှုနဲ့ အကျဉ်းထောင်အတွင်းမှာ ကျန်ရှိနေတဲ့ သူတွေကိုတော့ နိုင်ငံရေး အကျဉ်းသားလို့ အစိုးရက သတ်မှတ်မှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဦးအောင်သိန်းဟာ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
အကျဉ်းကျနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုသူတွေဟာ နိုင်ငံရေး ပြစ်မှုတွေကို ဖြေလျော့ပေးထားပေမယ့် အခြားရာဇဝတ်မှုတွေ ရှိနေတဲ့အတွက် မလွှတ်ပေးတာလို့ ဦးအောင်သိန်းက ဆိုပါတယ်။
“သူတို့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပေးလိုက်ရင် ကျူးလွန်ခံရတဲ့ သူတွေအတွက် မမျှတဘူးပေါ့။ နိုင်ငံရေးသမားတွေ ရာဇဝတ်မှု ကျူးလွန်းရင် အပြစ်လျော့ပေါ့ရမှာလား။ ဥပဒေပြုမဏ္ဍိုင်ကို ကျော်လွန်ရာ ရောက်နိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိ
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်း
ဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်
(၁၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှု
ဖြစ်ပွားကြောင်း သတင်းအရ ဖြူးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊
အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ
သွားရောက်စစ်ဆေး ခဲ့သည်။စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ
ရန်ကုန်ဘက်သို့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်နေ
ကျော်စိုး(၄၁)နှစ်မောင်းနှင်လာသည့် 4E/xxxx High Class ကင်လုံ
အ၀ါရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား
ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းကို ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့
ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။
ကျားပေါက်နှင့် Y-Talk ပူးပေါင်း၍ မူပိုင်ခွင့် ကုမ္ပဏီ တည်ထောင်ပြီ
တေးသံရှင် ကျားပေါက်နှင့် Y-Talk တို့ ပူးပေါင်းပြီး အနုပညာရှင် တို့ ရဲ့ ရပိုင်ခွင့်များ အတွက် မူပိုင်ခွင့် ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုကို တည် ထောင် လိုက် ပြီ ဖြစ်ကြောင်း သိရ သည်။ Digi right လို့ အမည်ပေး ထားတဲ့ ကျားပေါက် တို့ရဲ့ ဝန်ဆောင် မှု ကုမ္ပဏီ ကတော့ ဂီတ အနုပညာရှင် များရဲ့ မူပိုင်ခွင့် များကို ထိန်းသိမ်း ကာကွယ်ပေးခြင်း၊ ဂီတပညာရှင် များ ရဲ့ မူပိုင်ခွင့်များကို ထိန်းသိမ်း ကာ ကွယ်ပေးခြင်း၊ ဂီတပညာရှင် များဝင် ငွေ တိုးပွားရေးနှင့် အပိုဝင်ငွေများ ရရှိရန် ကြိုး စားပေးခြင်း၊ ဥပဒေနှင့် ပတ်သက်သည့် ကိစ္စရပ် များအား ဂီတပညာရှင် များဘက်မှနေ၍ ရပ် တည်ဆောင်ရွက်ပေးခြင်း၊ ဂီတပညာ ရှင်များ၏ အနုပညာ ဖန်တီးမှု များ အား မြန်မာပြည်တွင် မက တစ်ကမ္ဘာ လုံးသို့ ဖြန့်ဖြူး ရောင်းချ ကြော်ငြာ ပေးခြင်း၊ အနုပညာရှင် များ၏ ရသင့် ရထိုက်သော အနုပညာ ဖန်တီးမှု အခကြေးငွေ များအား အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ဆောင် ရွက်ပေးခြင်း များကို အဓိက ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကွန်ပျူတာနှင့်မျက်စိ
အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ရန်ကုန်၊ မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာ အသုံးများတာကြောင့် မျက်စိယားတာ၊ မျက်စိညောင်းညာတာတို့ ဖြစ်တတ်ပါသလား ဆရာ။
ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် စူပါမွန်း ဖြစ်စဉ် အန္တရာယ်ကင်းရေး ပရိတ်များရွတ်
စူပါမွန်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ရေကြီး၊ မြေပြို ခြင်းများ
ဖြစ်ပေါ်နိုင်သည်ဟု ဆိုကာ နေပြည်တော်ကောင်စီ နယ်မြေအပါအ၀င် ပြည်နယ်
နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ များ သြဂုတ် ၁၀ ရက် မတိုင်မီ သံဃာတော်များ
ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရား နာယူ ရန် ပြည်ထောင်စုအစိုးရအဖွဲ့က
ညွှန်ကြားစာ ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ က သြဂုတ် ၅ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၀ ရက် မရောက်မီ သင့်လျော် သည့် ရက်ရာဇာနေ့ကို ရွေးချယ် ကာ သံဃာတော် ၉ ပါး(သို့) ၁၀၅ ပါး ပင့်ဖိတ်၍ တစ်ရက်(သို့) နှစ်ရက် ပရိတ်ရွတ်ခြင်း၊ ဆွမ်းဆပ် ကပ်ခြင်းများ ပြုလုပ်ရမည်ဟု ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းညွှန်ကြားချက်ကြောင့် ရေဘေးရင်ဆိုင်နေရသည့် ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကရင်ပြည်နယ်အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ၀န်ကြီးဌာနအားလုံး ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် သံဃာတော်များပင့်ဖိတ်၍ ပရိတ်ရွတ်ဖတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ က သြဂုတ် ၅ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၀ ရက် မရောက်မီ သင့်လျော် သည့် ရက်ရာဇာနေ့ကို ရွေးချယ် ကာ သံဃာတော် ၉ ပါး(သို့) ၁၀၅ ပါး ပင့်ဖိတ်၍ တစ်ရက်(သို့) နှစ်ရက် ပရိတ်ရွတ်ခြင်း၊ ဆွမ်းဆပ် ကပ်ခြင်းများ ပြုလုပ်ရမည်ဟု ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းညွှန်ကြားချက်ကြောင့် ရေဘေးရင်ဆိုင်နေရသည့် ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကရင်ပြည်နယ်အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ၀န်ကြီးဌာနအားလုံး ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် သံဃာတော်များပင့်ဖိတ်၍ ပရိတ်ရွတ်ဖတ်ခဲ့ကြောင်း သတင်းရရှိသည်။
သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့် ကျန်းမာရေး အခြေအနေ ဆိုးဝါးနေ
ငွေကြေး အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ရမည်းသင်း
အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် သာသနာရေး ၀န်ကြီးဟောင်း
ဦးဆန်းဆင့်၏ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်း သိရသည်။ ၀န်ကြီးဟောင်း ဦးဆန်းဆင့်မှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက နှလုံးရောဂါခံစားနေရသူဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်ပိုင်း
ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာကြောင်း၊ ဆေးဝါးကုသမှု ခံယူနိုင်ရန်အတွက်
အာမခံရရှိရေး ကြိုးစားနေကြောင်း ၀န်ကြီး ဟောင်း ဦးဆန်းဆင့်၏
အစ်ကိုရင်းဖြစ်သူ ဦးဆန်းမြင့်က ဧရာဝတီကို ပြောသည်။
“လူသာမာန်တွေမှာ တမိနစ်ကို နှလုံးခုန်နှုန်း ၇၀ ကနေ ၈၀ အထိ ရှိတယ်။
သူ့ရဲ့ဆေးစာတွေအရ သူ့မှာက (ဦးဆန်းဆင့်) ၅၆ ပဲ ရှိတယ်။ နှလုံးခုန်နှုန်း
မမှန်ဘူး၊ ကျ နေတယ်။ အချိန်မရွေး နှလုံးတိုက်ခိုက်မှု ဖြစ်သွားနိုင်တယ်။
ထောင်ထဲမှာ ထောင်ဆရာဝန် ရှိပေ မယ့် နှလုံးအထူးကုနဲ့မှ ဖြစ်မှာ။ အဲဒါကြောင့်
ဒက္ခိဏသီရိခရိုင် တရားရုံးမှာ အာမခံ လျှောက်ခဲ့ပေမယ့် မရဘူး။ မန္တလေးတိုင်း
တရား လွှတ်တော်မှာ ရမလားဆိုပြီး အာမခံ လျှောက်သွားမှာပါ”ဟု ဦးဆန်းမြင့်က
ဆိုသည်။
ပြည်တွင်း၌ မိုဘိုင်းနည်း ပညာထုတ်ကုန်များပေါ်မှ သတင်း ဖတ်ရှုမှုနှုန်း ပိုမိုမြင့်တက်နေ
ပြည်တွင်း၌ ဒေသတွင်း သတင်းများနှင့် နိုင်ငံတကာ သတင်းများကို နေ့စဉ်ထုတ် သတင်းစာများထက် မိုဘိုင်းအင်တာနက် ပေါ်မှ ဖတ်ရှုနှုန်းက ပိုမိုမြင့်တက် နေကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း အသုံးပြုသူများ ထံမှ စုံစမ်း သိရသည်။
ယခု နောက်ပိုင်းတွင် ပြည်တွင်း၊ပြည်ပတွင်ဖြစ်ပေါ်နေသေ
စည်းကမ်းမလိုက်နာသည့်အတွက် နှင်ထုတ်ခြင်းအပေါ် အိမ်ရှင်ကိုအပြစ်မတင် သင့်ဟု ဦးရဲထွဋ်ဆို
မြန်မာနိုင်ငံ၌ ပညာဒါန လာရောက်ပြုလုပ်သည့် ဦးမောင် မောင်ဝမ်းကို ပြည်နှင်ဒဏ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဧည့်သည်များအနေနှင့် စည်း ကမ်းမလိုက်နာသည့်အတွက် နိုင်ငံမှ နှင် ထုတ်ခြင်းအတွက် အိမ်ရှင်ကို အပြစ်မတင် သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးရဲထွဋ်က ''ဦးမောင်မောင်ဝမ်းကို ပြန် မလာနဲ့လို့ မပြောပါဘူး။ အမြဲ တံခါးဖွင့် ထားပါတယ်။ ဒါပေမဲ့ ဧည့်သည်တွေက စည်းကမ်းလိုက်နာဖို့တော့ လိုတာပေါ့။ စည်း ကမ်းမလိုက်နာလို့ မောင်းထုတ်တော့မှ အိမ် ရှင်ကို အပြစ်မတင်သင့်ပါဘူး'' ဟု သြဂုတ် ၈ ရက်က မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြု လုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ပညာရေးခြစားမှုက ကလေးတွေကို သက်ရောက်တော့ ပိုပြီး အထိနာစေတယ်
ဒေါက်တာရင်ရင်နွယ်က ''အခြေခံပညာရေး ကို ကြည့်မယ်ဆိုရင် ကလေးတွေကို ကျောင်းသွားဖို့ မိဘတွေက မလွှတ် နိုင်ဘူး။ ကလေးတွေအတွက် အချိန်သီးသန့်မပေးနိုင် ဘူး။ နိုင်ငံတော်က အခမဲ့ပညာရေးတွေ ရှိပေမယ့် ကလေးတွေက အလုပ်လုပ်နေရတာတွေရှိတယ်။ ကျူ ရှင်တွေနဲ့ပတ်သက်ပြီး ခြစားမှုတွေကရှိတော့ ပညာ အရည်အသွေးကလဲယိုယွင်းနေပြီ။ ပညာရေးခြစားမှု က ကလေးတွေကို သက်ရောက်တော့ ပိုပြီးအထိနာ စေတယ်'' ဟု ပြောသည်။
ကျေးလက်ဒေသများတွင် စာသင်ကျောင်း များ မရှိခြင်း၊ ကျောင်းရှိသော်လည်း ဆရာ၊ ဆရာများ ရှိမနေခြင်း၊ တချို့နေရာများတွင် မူလတန်းကျောင်း ရှိသော်လည်း အလယ်တန်းဆက်တက်ရန် ခက်ခဲနေ ခြင်းတို့နှင့် အခြေအနေအမျိုးမျိုးကြောင့် ကျောင်း ထွက်နှုန်းများနေခြင်းတို့ ရှိနေကြောင်းလည်း သိရ သည်။
Mobile Banking စနစ်အသုံးပြုသူ တစ်သောင်းခွဲခန့်ရှိ
မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေသွင်းငွေထုတ်ဆောင်ရွက်နိုင်သ
‘‘တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆ
ယင်းစနစ်မှာ ငွေလွှဲသူများ အနေဖြင့် ဘဏ်သို့သွားစရာမလိုဘဲ မိုဘိုင်းဖုန်းမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်ပြီး CB ဘဏ်၏ ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်းငွေထုတ်ပြုလုပ်နိုင်သည်
မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံကိန်း မြေယာလျော်ကြေးပြဿနာပြေလည်မှုမရသေး
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Royal Hi Tech ကုမ္ပဏီမှ
အများပိုင်ကုမ္ပဏီတစ် ခုတို့ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့်
မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံ ကိန်းအတွက် ဒေသခံတောင်သူ အချို့နှင့်
မြေယာလျော်ကြေး ပြဿနာပြေလည်မှုမရှိသေးဘဲ ဆက်လက်ညှိနှိုင်းနေဆဲဖြစ် ကြောင်း
သတင်းရရှိသည်။
မန္တလေး မြို့သာစက်မှု ဥယျာဉ်စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်ကာ မြင်းခြံ ခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာမြို့ အနီးရှိ မြေဧကတစ်သောင်းကျော် ပေါ်တွင် အကောင်အထည်ဖော် နေခြင်းဖြစ်သည်။ လက်ရှိအချိန် တွင် စီမံကိန်းအတွင်းပါဝင်သော မြေ ယာများအနက် ၈၀ ရာခိုင်နှုန်း ကျော်ကို မြေယာလျော်ကြေးငွေ များပေးအပ်ပြီးဖြစ်ပြီး ဒေသခံ တောင်သူ ၂၀၀ ခန့်နှင့် မြေယာ လျော်ကြေးပြဿနာပြေလည်မှု မရသေးဘဲ ဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဒေသခံတောင်သူများထံ မှ သတင်းရရှိသည်။

မန်းတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ပြန်ရုပ်သိမ်း
မန္တလေးတွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အား ယနေ့ သြဂုတ် ၁၁ ရက်တွင် အပြီး ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးလူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မူများကြောင
ဒဂုံနှင့် တွံတေးတွင် အိမ်ခြံမြေအရောင်းအ၀ယ် ကောင်းနေ
ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်သည် စီမံကိန်းဖော် ဆောင်ဖွယ်ရှိသော
ဒဂုံနှင့် တွံ တေးမြို့နယ်တို့တွင် အရောင်း အ၀ယ်ကောင်းနေကြောင်း ပြည်
တွင်းအိမ်ခြံမြေ လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။
‘‘ဈေးကွက် တစ်ခုလုံးက တော့ အရောင်းအ၀ယ်ရော၊ အ ငှားရော အကုန်အေးနေတယ်’’ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န် ဆောင်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။
လက်ရှိတွင် အိမ်ခြံမြေဈေး သည် အမြင့်ဆုံးသို့ ရောက်ရှိနေ သဖြင့် အရောင်းအ၀ယ်ပြုလုပ် ရန် ခက်ခဲခြင်း၊ အခွန်စံနှုန်းသတ် မှတ်မှုကြောင့် ရောင်းဝယ်သူများ လက်တွန့်လာခြင်း၊ စက်မှုဇုန်များ တွင်လည်း လုပ်ငန်းမလုပ်ဘဲ မြေ ၀ယ်ထားမှုများကို ဒုသမ္မတ ဦး ဆောင်သော အဖွဲ့က ပြန်သိမ်း၍ မူရင်းတန်ဖိုးအတိုင်းပြန်ပေးမည် ဆိုသည့်
သတင်းများကြောင့် အရောင်းအ၀ယ် အေးနေကြောင်း အိမ် ခြံမြေ အကျိုးဆောင်များက
ပြော သည်။ ‘‘ပါမစ်မြေကွက်တွေက တော့ အရောင်းအ၀ယ်ရှိနေတယ်’’ ဟု
အောင်ဆန်းအားကစားကွင်း ဘေးရှိ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုမှ
မန်နေဂျာတစ်ဦး က ပြောသည်။
‘‘ဈေးကွက် တစ်ခုလုံးက တော့ အရောင်းအ၀ယ်ရော၊ အ ငှားရော အကုန်အေးနေတယ်’’ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န် ဆောင်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။
လက်ရှိတွင် အိမ်ခြံမြေဈေး သည် အမြင့်ဆုံးသို့ ရောက်ရှိနေ သဖြင့် အရောင်းအ၀ယ်ပြုလုပ် ရန် ခက်ခဲခြင်း၊ အခွန်စံနှုန်းသတ် မှတ်မှုကြောင့် ရောင်းဝယ်သူများ လက်တွန့်လာခြင်း၊ စက်မှုဇုန်များ တွင်လည်း လုပ်ငန်းမလုပ်ဘဲ မြေ ၀ယ်ထားမှုများကို ဒုသမ္မတ ဦး ဆောင်သော အဖွဲ့က ပြန်သိမ်း၍ မူရင်းတန်ဖိုးအတိုင်းပြန်ပေးမည်
ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ လျှောက်လွှာတစ်သိန်းကျော်ပြီဟုဆို
လှိုင်သာယာမြို့နယ် ရွှေ လင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံ ကိန်းမှ အခန်းများ
ဝယ်ယူရန် လာရောက် လျှောက်ထားသူ တစ် သိန်းကျော်ရှိကြောင်း သတင်းရရှိ သည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ရောင်းချ သည့် ဗိုလ်ဗထူးနှင့်
ဗိုလ်မင်း ရောင်အိမ်ရာစီမံကိန်းပြီးနောက် မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန မှ ရောင်းချသည့် အဆိုပါရွှေလင် ပန်းအိမ်ရာစီမံကိန်းမှာ လျှောက် ထားသူ အများဆုံး ဖြစ်လာနိုင် သည်။
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းတွင် လျှောက်ထားသူ သောင်းဂဏန်းသာရှိသော်လည်း ယခုရွှေလင်ပန်းအိမ်ရာစီမံကိန်းမှာ လျှောက်ထားသူ တစ်သိန်းကျော်နေပြီဖြစ်သောကြောင့်၁၀ ဆကျော်လျှောက်ထားမှု မြင့်တက်လာခြင်းဖြစ်သည်။
ရွှေလင်ပန်းအိမ်ရာစီမံကိန်း တွင် လျှောက်ထားသူ များပြားနေခြင်းမှာ
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်ထက် အခန်းတန်ဖိုး
နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှအိမ်ရာစီမံကိန်းများ မဲဖောက်ပေးရန် စီစဉ်နေသူ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည် ။
ယခုလာရောက်လျှောက် ထားသည့် ရွှေလင်ပန်းအိမ်ရာ စီမံကိန်းတွင် ပြင်ပက
လက်လုပ်လက်စားများထက် အစိုးရ၀န်ထမ်းများ၊ အငြိမ်းစားအရာရှိများက
အများဆုံးဖြစ်ကြောင်း အထက်ပါအရာရှိက ဆိုသည်။
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းတွင် လျှောက်ထားသူ သောင်းဂဏန်းသာရှိသော်လည်း ယခုရွှေလင်ပန်းအိမ်ရာစီမံကိန်းမှ
၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေဟုအမေရိကန် နိုင်ငံခြားရေး ၀န်ကြီးပြောကြား
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ သြဂုတ် ၁၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ − အင်န်အယ်လ်ဒီ) |
ဓမ္မစေတီခေါင်းလောင်းကြီး တူးဖော်မှု ဒုတိယနေ့တွင် အများပြည်သူထောင်ချီ လာရောက်ကြည့်ရှု ခေါင်းလောင်းကြီး အပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကို စတင်ဖယ်ရှားနေပြီ ဟုဆို
ဓမ္မစေတီ ခေါင်းလောင်းကြီးတူးဖော်မှုဒုတိယ
စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်
မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆိုပါ အောင်မြင်မှုများအခြေခိုင်အောင် အကူအညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ဂျပန်အနောက်တောင်ပိုင်းမုန်တိုင်းဝင်ရောက်မှု လေယာဉ်ခရီးစဉ်များ ဖျမ်သိမ်းခံရ
ဂျပန်အနောက်တောင်ပိုင်းသို့ အားပြင်းမုန်တိုင်းဝင်ရောက်ခဲ့ရာ လူပေါင်း တစ်သန်းကျော် နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ရသည်။
ဟာလောင်း တိုင်ဖွန်းမုန်တိုင်းသည် သြဂုတ် ၉ ရက် နံနက် ၆ နာရီက ကိုချီစီရင်စု အကီမြို့သို့ ပြင်းထန်သော လေပြင်းများနှင့်အတူ ဝင်ရောက်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားသည်။တိုကျိုမြို့ အနောက်ပိုင်း မီးစ်စီရင်စု၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့ကြောင်း၊ ယင်းမိုးသည်းထန် မှုကြောင့် ရေကြီးမြေပြိုမှုများအထိဖြစ်နိုင်ကြောင်း ယင်းအေဂျင်စီက သတိပေးခဲ့သည်။အဆိုပါမုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးပြီး ၃ဝ ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း အင်န်အိတ်ခ်ျ ကေသတင်းဌာနက ထုတ်လွှင့်ကြေ ညာခဲ့သည်။ တစ်နာရီမိုင် ၁၁ဝ နှုန်း ဖြင့် တိုက်ခတ်ခဲ့သည့် အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်ပြီး အားပျော့သွားခဲ့ သည်ဟုဆိုသည်။မုန်တိုင်းကြောင့် ယင်းနေ့က လေကြောင်းလိုင်းများ ပျံသန်းမှု ခရီးစဉ် ၄၇ဝ ရပ်ဆိုင်းထားခဲ့ရသည်။ သြဂုတ် ၁ဝ ရက်တွင် လေယာဉ်ခရီး စဉ် အနည်းဆုံး ၁၄၃ ခု ဖျက်သိမ်း လိုက်ရသည်ဟု ဆိုသည်။ကျည်ဆန်ရထား အချို့လည်း ပြေးဆွဲမှု ရပ်ဆိုင်းထားရသည်။ ယင်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံသို့ ဝင်ထွက်သွားလာသောခရီးသည် ထောင်ပေါင်းများစွာ ခရီးသွားလာရေးအနှောင့်အယှက် ဖြစ်စေခဲ့ သည်။
ဘီဘီစီ

မြန်မာဝန်ထမ်း အမျိုးသမီး တစ်ဦးအား ကာယိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်သော တရုတ် နိုင်ငံသားအား အလုပ်မှ ထုတ်ပယ်
ကသာခရိုင် ထီးချိုင့် မြို့နယ် အတွင်းရှိ နီကယ်စက်ရုံ (Myanmar CNICO)
ကုမ္ပဏီ တွင် သြဂုတ်လ (၆) ရက်နေ့က တရုတ် အမျိုးသားတစ်ဦးမှ မြန်မာဝန်ထမ်း
အမျိုးသမီး တစ်ဦးအား ကိုယ်ထိလက်ရောက် ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူ
လုပ်ဆောင် ခဲ့သည့် အတွက် အဆိုပါ တရုတ် အမျိုးသားအား အလုပ်မှ ထုတ်ပယ် လိုက်ကြောင်းကို
ထီးချိုင့်မြို့မ ရဲစခန်းမှ သိရသည်။တရုတ် အမျိုးသား Mr. LIAN ZHIZHONG သည်
နီးကယ်စက်ရုံ (Myanmar CNICO)
ကုမ္ပဏီ မှ ကုန်ကြမ်း ဌာနတွင် အလုပ် လုပ်ကိုင်လျှက်ရှိပြီး အဆိုပါ
အမျိုးသမီးနှင့် ဌာန တစ်ခုတည်းတွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။မြန်မာ
အမျိုးသမီး တစ်ဦးအား ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူခဲ့သည့် တရုတ်
အမျိုးသားအား သက်ဆိုင်ရာမှ ခေါ်ယူ စစ်ဆေးခဲ့ပြီး ကာယကံရှင် အမျိုးသမီးမှ
စက်ရုံစည်းမျဉ်း အတိုင်း အလုပ်မှ ထုတ်ပယ်ပေးခြင်းနှင့် ၀န်ချ
တောင်းပန်ပေးမှ သာလျှင် ကျေနပ်ပါသည်ဟု ပြောဆို ခဲ့သည်။ ထို့ကဲ့သို့
ပြောဆိုမှုကြောင့် သက်ဆိုင်ရာ စက်ရုံ တာဝန်ရှိသူများမှ အဆိုပါ
တရုတ်အမျိုးသားအား ကာယကံရှင် ရှေ့မှောက်တွင် ၀န်ချတောင်းပန်မှုများ
ပြုလုပ်စေသည့် အပြင် ယခုလ (၈) ရက်နေ့တွင် အလုပ်မှ ထုတ်ပယ်ကာ တရုတ်
နိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သက်ဆိုင်ရာ ထီးချိုင့်
မြို့မရဲစခန်းမှ တာဝန် ရှိသူများ ပြောပြချက် အရ သိရသည်။
Messenger News Journal
Messenger News Journal
သဘာဝဓာတ်ငွေ့ထွက်ရန် အလားအလာအကောင်းဆုံး လုပ်ကွက်မှ ထွက်သည့် ဓာတ်ငွေ့ကို ပြည်တွင်း၌သာ သုံးမည်
ကမ်းနီးနှင့်ကမ်းဝေး လုပ်ကွက်များပြမြေပုံ။ လက်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းများမှ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့များအနက် ကုဗပေ သန်း ၄၀ဝ ခန့်ကို ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည်။ ဓာတ်ပုံ-စွမ်းအင်ဝန်ကြီးဌာန
မြန်မာ့ကမ်းလွန်တွင် ရှာဖွေရေးအဆင့်ဆောင်ရွက်နေသည့် လုပ်ကွက်များ၌ အောင်သိင်္ခ (M-3)လုပ်ကွက်မှာ သဘာဝဓာတ်ငွေ့တွေ့ရှိရန် အလားအလာအကောင်းဆုံးဖြစ်နေသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ကမ်းလွန်လုပ်ကွက်ပေါင်း ၁၈ ကွက်တွင် ပီးတီတီအီးပီကုမ္ပဏီက တူးဖော်ဆောင်ရွက်နေသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်အနီးရှိ M-3 လုပ်ကွက်(အောင်သိင်္ခ)သည် သဘာဝဓာတ်ငွေ့တွေ့ရှိရန် အလားအလာအကောင်းဆုံး ဖြစ်နေပြီး ဖွံ့ဖြိုးမှုအဆင့်အဖြစ် သတ်မှတ်ထားသည်ဟု ယင်းက ပြောသည်။

ပြင်ဦးလွင် မြို့မရဲစခန်းတွင် အချုပ်သားသုံးဦး အချုပ်ခန်းဖောက်ပြေး၊ နှစ်ဦးလွတ်မြောက်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မရဲစခန်းရှိ အချုပ်သားသုံးဦးသည် သြဂုတ်လ ၉ ရက်နေ့ နံနက် ၂ နာရီမှ ၄ နာရီခန့်က အချုပ်ခန်းဖောက်ထွင်း ထွက်ပြေးခဲ့ရာ တစ်ဦးကို ပြန်လည်မိထားပြီး ကျန်နှစ်ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ထွက်ပြေးသူများထဲမှာ မူးယစ်ဆေးဝါးမှုဖြင့် သြဂုတ်လ ၈ ရက်နေ့က ပြစ်ဒဏ်နှစ်ရှည် အမိန့်ချမှတ် ခံထားရပြီး အကျဉ်းထောင်သို့ပို့ရန် တစ်ရက်သာ လိုတော့သည့် အကျဉ်းသားတစ်ဦး၊ မူးယစ်ဆေးဝါးအမှုဖြင့် စစ်ဆေးခံနေရသူ တစ်ဦးနှင့် လူသတ်မှုဖြင့် ရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးခံနေရသူ တစ်ဦးတို့ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါသုံးဦးသည် ယင်းနေ့ညက အချုပ်ခန်း မျက်နှာကြက်ကို လွှဖြင့် ထိုးခွာ၍ ဖောက်ပြေးသွားခဲ့ရာ မူးယစ်ဆေးဝါးအမှုဖြင့် စစ်ဆေးခံနေရသူ တစ်ဦးကို ပြန်ဖမ်းမိထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။
မြေပြို၍ ယာဉ်သွားလာမှု ယာယီပိတ်ထားရ
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးမြို့နှင့် မဲဇလီကုန်းမြို့တို့ အကြားရှိ အရှည်ပေ ၈ဝ၊ အကျယ် ၁၂ ပေရှိ ချင်းချောင် တံတားမှာ သြဂုတ် ၆ ရက်က မိုးများပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် တံတားအခြေ မြေသားများပြိုကျခြင်း၊ တံတားတိုင်များယိုင်သွားခြင်းများ ဖြစ်ပေါ်ခဲ့၍ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များသွားလာမှုကို ယာယီပိတ်ထားခဲ့ရသည်။
'' သြဂုတ် ၆ ရက်ကတည်းက တံတားပေါ်ဖြတ်သန်းခွင့်ပိတ်ထားတော့ကျွန်တော်တို့တွေ ကြံခင်းဘက်ကလှည့်ပြီး ပုသိမ်-မုံရွာလမ်းကနေ ရန်ကုန် တို့၊ ပုသိမ်တို့ကိုသွားနေရတယ်''ဟု အဝေးပြေးယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြသည်။ ဆက်လက်ပြီး '' ခုဆိုရင် ရန်ကုန်ကပါလာတဲ့ ထူးကြီးမြို့ဘက်က ခရီးသည်တွေကို မြန်အောင်ကိုရောက်မှ ကားတစ်ဆင့်စီစဉ်ပြီး ထူးကြီးကိုပြန်ပို့ နေရပါတယ်'' ဟုလည်း ပြောပြသည်။
သင်ဆရာကိုဝေဖန်နိုင်မည့်စနစ် ရန်ကုန်နည်းပညာတက္ကသိုလ်၌ စတင်ကျင့်သုံးမည်
''ဆရာတို့က ဒီကျောင်းမှာ ပထမဆုံးစမ်းသပ်သွားမှာပါ၊ အရည် အသွေးမြှင့်တင်တဲ့စနစ်ကို သွားတဲ့ အခါ ဆရာ၊ ဆရာမသင်ကြားတဲ့ ပုံစံကို ကျောင်းသားက သုံးသပ်ပေး သွားမှာပါ၊ လိုအပ်တဲ့ ဆရာ၊ ဆရာ မတွေကို ခေါ်ပြီး ဆွေးနွေးသွားမှာပါ၊ အရေးယူတာတော့ မလုပ်ပါဘူး'' ဟု ဒေါက်တာအေးမြင့်က ပြော သည်။ရန်ကုန်နည်းပညာတက္ကသိုလ် တွင် ဘာသာရပ်တစ်ခုစီိအလိုက် ဆရာ၊ ဆရာမအားလုံး၏ သင်ကြား ပုံနှင့် ပတ်သက်၍ မေးခွန်းခုနစ်ခု စီကို ကျောင်းသား၊ ကျောင်းသူတစ် ဦးချင်းစီကို ပေးသွားမည်ဖြစ်ပြီး၊ ထို မေးခွန်းတစ်ခွန်းစီ၌ ဖြေဆိုနိုင်ရန် အကွက်ငါးကွက်ပေးထားမည်ဖြစ် ကာ ကောင်း၊ သင့်၊ ညံ့ စသည်တို့ကို ကျောင်းသားအမည်၊ ခုံနံပါတ်များ မထည့်ဘဲ ဖြည့်ပြီး သက်ဆိုင်ရာ ဌာနမှူးများကို ပေးရမည်ဖြစ်သည်။
မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်သည့် တရုတ်တရားခံပြေး ဇနီးသည်နှင့်အတူ မန္တလေးတွင် ဖမ်းမိ
ဇနီးသည်ရှိသော မန္တ လေးမြို့တွင် လာရောက်နေထိုင် သည့်
တရုတ်နိုင်ငံသားမူးယစ် တရားခံပြေးတစ်ဦးကို သြဂုတ် ၇ ရက်က
ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။တရုတ်နိုင်ငံကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပြည်သူ့လုံခြုံရေး ဌာနမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအ တွင်းက ဖမ်းဆီးရမိခဲ့သော မူး ယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ် မှုနှင့် ပတ်သက်နေသည့် တရားခံပြေး တရုတ်အမျိုးသားတစ်ဦးသည် ဇနီးရှိရာ မန္တလေးမြို့သို့လာရောက်နေထိုင်ေ နကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာ နမှ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။အဆိုပါတရုတ်အမျိုးသားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် အမှတ် (၆)
ရဲစခန်းတွင် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ)
လ၀ကအက် ၁၃(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေး တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
7Day DAILY
7Day DAILY
ကရင်ပြည်နယ်၊ မြ၀တီ မြို့တွင် ပါကစ္စတန်နိုင်ငံသား နှစ် ဦးကို တရားမ၀င်ဝင်ရောက်မှုဖြင့် သြဂုတ် ၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။
အသက် (၄၄) နှစ်အရွယ်ရှိ Mr.Waheed Noorun နှင့် Mr. Riaz Muhammad တို့ကို မြန် မာအာဏာပိုင်များက သြဂုတ် ၈ ရက်နေ့လယ်ပိုင်းက ကရင်ပြည် နယ်၊ မြ၀တီမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ၎င်းတို့နှစ်ဦးသည် မြ၀တီမြို့၊ အမှတ်(၂) ရပ်ကွက်၌ ရောက် ရှိနေကြောင်း သတင်းရရှိသဖြင့် မြ၀တီခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၀န်ထမ်းများ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြ၀တီမြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂျာမေဗလီ ဥက္ကဋ္ဌနှင့်အတူ သွားရောက်စစ် ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဇာတ်ကားတွေရိုက်တာထက် လူရွှင်တော်လုပ်တာက ပိုခက်ခဲပါတယ်
လူရွှင်တော် ငြိမ်းချမ်းက သူ့အနေနဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ရတာထက် လူရွှင်တော်လုပ်ရတာ ပိုက်ခက်ပါတယ်လို့ ဆိုပါတယ်။
“ဗွီဒီယိုအပိုင်းကျတော့ ဒါရိုက်တာကိုယ်တိုင်က စကားလုံးပေးတယ်။ သူပေးတဲ့စကားလုံးအပေါ်မှာ ဇာတ်ဝင်ခန်းအပေါ် မှာ ကိုယ်ကလိုက်ပြီး အိုက်တင်လိုက်ရုံပဲ။ ပြက်လုံးပြက် တာကျတော့အခါကျ တော့ ဘယ်သူ ကိုယ့်ကိုဒီပြက်လုံးပြက်ပါလို့လာပြီး ပေးထားတာမျိုးမရှိဘူး။ ကိုယ့်ဘာသာကိုယ် ဖြတ်ထိုးဥာဏ်နဲ့ ကိုယ့်ဦးနှောက်နဲ့ ပြက်ရတာပေါ့။”လို့ဆိုပါတယ်။
အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေး မှားသောက်သဖြင့် အမျိုးသားတစ်ဦး သေဆုံး
အကိုက်အခဲ ပျောက်ဆေးနှင့် ပိုးသတ်ဆေး မှားသောက်မိသဖြင့် အမျိုးသားတစ်ဦး
သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၉ ရက်၊ နံနက် ၆ နာရီခန့်က
တောင်တွင်းကြီး မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာမြို့မရဲစခန်းက
သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူမှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ မကျီးပွင့်ကျေးရွာတွင် နေထိုင်သည့်
အသက် ၂၀အရွယ် ကိုမင်းမင်းကိုဆိုသူဖြစ်ပြီး ၎င်းသည် သြဂုတ် ၈ရက် ည
၉နာရီအချိန်ခန့်က ဗိုက်အောင့်သဖြင့် ဆေးသောက်ရာတွင် နှမ်းခင်းဖျန်းသည့်
ငါးနှစ်ကောင် ပိုးသတ်ဆေးကို အကိုက် အခဲ ပျောက်ဆေးဟု ထင်ကာ
သောက်ခဲ့မိသည်။ထိုသို့ သောက်ခဲ့မိသဖြင့် ကိုမင်းမင်းကိုတွင် နှုတ်ခမ်းနှင့်
ခြေသည်းလက်သည်း များ ပြာနှမ်းလာပြီး၊ ပါးစပ်မှအမြှုပ်များထွက်ကာ
တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိချိန်တွင်
သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင်
ဖော်ပြထားသည်။အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ တောင်တွင်းကြီး မြို့မရဲစခန်းမှ
သေမှုသေခင်း
အမှတ်စဉ် (၁၆/၂၀၁၄) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Mizzima
Mizzima
မယူမနေရ ပင်စင်ပေးခံရသည့် ဒေါက်တာဒေါ်ကျင်ဌေးအား မူလရာထူးအတိုင်းပြန်လည်ခန့်အပ်
ရန်ကုန်အဝေးသင်တက္က သိုလ်၊ စီးပွားရေးဌာန၊ ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးအား မယူ မနေရပင်စင်ပေးခဲ့သော အမိန့်စာ ကို ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီး ရုံးက အမိန့်ကြော်ငြာစာ ထပ်မံ ထုတ်ပြန်၍ ပယ်ဖျက်လိုက်သည်။
၂၀၁၃ ခုနှစ်၊ မတ်လက ထုတ်ပြန်ခဲ့သော မယူမနေရ ပင် စင်အမိန့်ကြော်ငြာစာကို တစ်နှစ် ခွဲခန့်ကြာမြင့်ပြီးနောက် ယခုလ ၇ ရက်၊ ရက်စွဲဖြင့် ပညာရေးဝန်ကြီး ဌာနက ယင်းအမိန့်စာကို လွှမ်းမိုးပယ်ဖျက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကွယ်လွန်ခဲ့သော ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလက်ထက်တွင် မယူမနေရ ပင်စင်ဖြင့် ဒေါက်တာဒေါ်ကျင်ဌေး အား အရေးယူအပြစ်ပေးထား ခြင်းကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ပယ်ဖျက်မိန့် ချမှတ်ခဲ့သည်မှာ ၅၉ ရက်ကျော် လာချိန်တွင် ပညာရေးဝန်ကြီးဌာ နမှ အမိန့်စာထွက်လာခြင်းဖြစ် သည်။
လီဆူတိုင်းရင်းသားများကို ပြည်သူ့ စစ်ထဲသို့ ဝင်ရန် လာရောက် ခေါ်ဆောင်မှု ရှိနေဟုဆို
ကချင်ပြည်နယ် ဆောလောမြို့ နယ်တွင်းရှိ လီဆူတိုင်းရင်းသားများကို ပြည်သူ့ စစ်ထဲသို့ ဝင်ရန် လာရောက်ခေါ်ဆိုမှုများကြောင့် ၄င်းတို့ လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတ
`` ဆော့လော်က ကျွန်တော်တို့ ပါတီရဲ့ ခြောက်လပတ် အစီရင်ခံစာမှာ ဒေသခံတွေကို ပြည်သူ့စစ်လုပ်ခိုင်းနေတယ်၊ မလုပ်လို့ရှိရင် တရုပ်ငွေ ၂၀၀၀ ပေးရမယ်။ နောက်အိမ်သိမ်းတဲ့အဆင့်ထိအောင်လ
ပြည်သူ့စစ်အဖွဲ့ထဲသို့ ၀င်ရောက်ရန် ခေါ်ဆောင်သွားခြင်းခံရပြီး ပြည်သူ၂၀ ဦးခန့်သည် ပြန်လည် လွှတ်မြောက်နိုင်ခြင်းမရှိသေးကြေ
`` ချီဖွေမြို့နယ်မှာလည်း ကျွန်တော်တို့ ဇူလိုင်လ ၉ ရက်နေ့မှာ ပါတီဆိုင်းဘုတ်တင်ပြီးလို့ တစ်ပတ်အကြာမှာ ပဲပါတီဥက္ကဌကို ပြည်သူ့စစ်အဖွဲ့က ကားနဲ့လာခေါ်တယ်။ လာခေါ်တော့ ပါတီဥက္ကဌက ငါ့ကိုဖမ်းချင်ဖမ်း။ ငါလည်းတိုင်မယ်လို့ပြောတော့ နောက်နေ့ပြန်လာတယ်။ မခေါ်တော့ဘူးဆိုတဲ့အကြောင်းလာပြေ
စပါးနှင့် သတင်းထွက်နေမှုကို မှတ်ချက်ပေးရန် နှုတ်ဆိတ်နေသည့် ဒီပေး
တော့တင်ဟမ် ဟော့စပါးနှင့် သတင်းထွက်နေမှုအပေါ် PSVအင်ဒိုဗန် တောင်ပံတိုက်စစ်မှူးလေး မမ်းဖစ်ဒီပေးက တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုပေးရန် နှုတ်ဆိတ်နေကြောင်း သိရသည်။
PSV၏ ဝီလျံ(၂) အသင်းကို (၃-၁)ဖြင့် အနိုင်ရခဲ့ရာတွင် အသက်(၂၀)အရွယ် ကစားသမားလေးက ပေါ်ပေါ်လွင်လွင် ခြေစွမ်းပြခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် နယ်သာလန် အသင်းကို ၎င်းကိုင်တွယ်စဉ်က လက်ရုံးတစ်ဦးသဖွယ် အားထားခဲ့ရသည့် ဒီပေးကို လာမည့်နွေရာသီတွင် ကမ်းလှမ်းခေါ်ယူသွားရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ စပါးကမူ ယခုနွေရာသီတွင် ဒီပေးကို လက်ဦးမှုယူ ချဉ်းကပ်ရန် ကြိုးစားလာမည့် အလားအလာ ရှိနေသည်။
၆၇ နှစ်မြောက် မွန် တော်လှန်ရေးနေ့ ကျင်းပ
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ ၆၇ ကြိမ်မြောက်
မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ထိုင်းမြန်မာနယ်စပ်
ဘုရားသုံးဆူ မြို့နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချူပ်ရှိရာ
ရေချောင်းဖျားအပါအဝင် နေရာ ၅ နေရာမှာ မနေ့က ကျင်းပခဲ့ကြ ပါတယ်။
ဘုရားသုံးဆူမြို့နယ် ဗလယ်ဒွန်းဖိုက်ကျေးရွာမှာကျင်းပခဲ့တဲ့  အခမ်းအနားကို မနေ့မနက်ပိုင်းက စစ်ရေးပြ အခမ်းအနားနဲ့အတူ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က လက်ရှိနိုင်ငံရေအခြေအနေအပေါ် စိုးရိမ်ကြောင်း သဘောထားတစ်စောင်ထုတ်ပြန်ခဲ့တယ် လို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာ ဗွန်ခိုင်းက ပြောပါတယ်။
"ဟိုးအရင်ခါက အဓိကကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိစ္စအတွက် NCCT ပေါ့နော် အဲ့ဒီကနေပြီးတော့ ဆွေးနွေးတယ်၊ ထင်တာထက်ကြာတာ အနေအထားလည်းရှိတယ်၊ နောက်ယုံကြည်မှု အပိုင်းကျတော့ အဲ့ဒါကြောင့် နည်းနည်းတော့ စိုးရိမ်တယ်၊ နောက် ကျနော်တို့ နိုင်ငံကလည်း ၆၅ နှစ်ရှိပြီ ပြည်တွင်းစစ်ဒဏ်ကိုခံပြီး အကုန်လုံးပဲ ချွတ်ခြံကျတယ် ဘက်ပေါင်းစုံပေါ့၊ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံစာရင်းဝင်လာတယ၊် အဲ့ဒါတွေတွက်ကြည့်လိုက်ရင် လူထုမျက်နှာကိုကြည့်ပြီးတော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ်ပေါ့နော် ဒီနိုင်ငံကြီးတစ်ခုမှာ အပစ်အခတ်ရပ်စဲအောင်အထူး ကြိုးစားချင်တယ်၊ ဒီလိုမဖြစ်ဘူးဆိုရင်လည်း နိုင်ငံအတွက်ကတော်တော် မကောင်းဘူးပေါ့နော်၊ "
ဘုရားသုံးဆူမြို့နယ် ဗလယ်ဒွန်းဖိုက်ကျေးရွာမှာကျင်းပခဲ့တဲ
အခမ်းအနားမှာ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က လက်ရှိနိုင်ငံရေအခြေအနေအပေါ် စိုးရိမ်ကြောင်း သဘောထားတစ်စောင်ထုတ်ပြန်ခဲ့တယ်
"ဟိုးအရင်ခါက အဓိကကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိစ္စအတွက် NCCT ပေါ့နော် အဲ့ဒီကနေပြီးတော့ ဆွေးနွေးတယ်၊ ထင်တာထက်ကြာတာ အနေအထားလည်းရှိတယ်၊ နောက်ယုံကြည်မှု အပိုင်းကျတော့ အဲ့ဒါကြောင့် နည်းနည်းတော့ စိုးရိမ်တယ်၊ နောက် ကျနော်တို့ နိုင်ငံကလည်း ၆၅ နှစ်ရှိပြီ ပြည်တွင်းစစ်ဒဏ်ကိုခံပြီး အကုန်လုံးပဲ ချွတ်ခြံကျတယ် ဘက်ပေါင်းစုံပေါ့၊ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံစာရင်းဝင်လာတယ၊် အဲ့ဒါတွေတွက်ကြည့်လိုက်ရင် လူထုမျက်နှာကိုကြည့်ပြီးတော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ်ပေါ့နော် ဒီနိုင်ငံကြီးတစ်ခုမှာ အပစ်အခတ်ရပ်စဲအောင်အထူး ကြိုးစားချင်တယ်၊ ဒီလိုမဖြစ်ဘူးဆိုရင်လည်း နိုင်ငံအတွက်ကတော်တော် မကောင်းဘူးပေါ့နော်၊ "
တောင်တရုတ်ပင်လယ်အရေး ဖြေရှင်းရန် ဖိလစ်ပိုင် အဆိုပြုချက် အရေးကြီးသည့် ခြေလှမ်းဟုဆို
တောင်တရုတ်ပင်လယ် အငြင်းပွားနေမှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံ၏
အဆင့်သုံးဆင့်ပါ စီမံကိန်း (Triple-Action Plan) အဆိုပြုမှုသည် တောင်တရုတ်ပင်လယ်
ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးသည့် သံတမန် ခြေလှမ်းတစ်ရပ်
ဖြစ်ကြောင်း အနောက်တောင် ပစိဖိတ်ဒေသတွင်း ခြောက်နိုင်ငံက ပူးတွဲကြေညာချက်
ထုတ်ပြန်လိုက်သည်။
အဆိုပါ ပူးတွဲကြေညာချက်ကို သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်သော သြစတြေးလျ၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တီမော လက်စ်တေနိုင်ငံ ခြောက်နိုင်ငံ ပါဝင်သည့် ၁၂ ကြိမ်မြောက် အနောက်တောင် ပစိဖိတ်ဒေသတွင်း ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ခုနစ်လအတွင်း နိုင်ငံခြားခရီးသွား ၁၅ သိန်းကျော် ၀င်ရောက်၊ ကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိထား
၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လကုန်ထိ နိုင်ငံခြား ခရီးသွား ၁၅
သိန်းကျော် ၀င်ရောက်ခဲ့ပြီး ယင်းကဲ့သို့ ၀င်ရောက်မှုမှ ၀င်ငွေ ကန်ဒေါ်လာ
သန်း(၅၀၀) ကျော် ရရှိထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ
သိရသည်။
““ဒီနှစ်တော့ ခရီးသွား ၀င်ရောက်မှုက ခန့်မှန်းထားတာ ထက်ကို ကျော်လွန်သွား နိုင်တယ်၊ အမျိုးသား ၀င်ငွေကလည်း သန်း (၇၅၀) ကျော်လွန်သွား နိုင်တယ်”” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက The Messenger Media သို့ပြောသည်။အဆိုပါ ခရီးသွားများ လေဆိပ်မှ ၀င်ရောက်သူ အများဆုံး ဖြစ်ကာ ကျန်သော သူများမှ နယ်စပ်ဝင်ပေါက် များမှ ၀င်ရောက်ခြင်း ဖြစ်ပြီး၊ ရန်ကုန်၊ မန္တလေး ပုဂံနှင့် အင်းလေး စသည့် အဓိက ခရီးစဉ်များအား အများဆုံး သွားရောက်ခဲ့ ကြကြောင်း သိရသည်။
ယခုနှစ် အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံ ခြားခရီးသွား ၀င်ရောက်မှု (၃)သန်းထိ ရှိလာ မည်ဟု ခန့်မှန်းထားပြီး ယင်းဝင်ရောက်မှုမှ အမျိုးသား ၀င်ငွေသန်း (၇၅၀)ထိ ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည်
Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ်လျှင် (၂၅)ကျပ်နှုန်း
ဖြင့်သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ လက်ရှိ
မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅၀) ကျပ်နှုန်းနှင့် Ooredoo မှ
တစ်မိနစ် (၃၅)နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။““ပြည်သူတွေ အတွက် အဆင်ပြေစေ နိုင်အောင် ဘယ်ဖုန်းကို ခေါ်ခေါ် (၂၅)ကျပ်ပဲ ကောက်ခံမယ်။
Simကတ်နဲ့ ငွေဖြည့်ကတ်ဒ် တွေကို နောက်လလောက်မှ တရားဝင်
ထုတ်ပြန်သွားမယ်””ဟု Telenor Myanmar မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက
ပြောသည်။Telenor မှ ဆင်းမ်ကတ်ဒ် များအား စက်တင်ဘာလတွင် 2G ၊ 3G
ဆင်းမ်ကတ်ဒ် တစ်ကတ်အား (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊
ယင်း Simကတ်ဒ် များမှ မိုဘိုင်းနှင့် ဆက်စပ် ၀န်ဆောင်မှုများ ဖြစ်သည့် Video
Call ၊ Voice mail ၊ အင်တာနက် စသည်တို့ကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသွားများအတွက် အွန်လိုင်းဗီဇာစနစ် (E-visa) အား စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အ၀င်ပေါက်၌ စတင်ခွင့်ပြုမည်
မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည်များအတွက် အွန်လိုင်းဗီဇာစနစ်ဖြစ်သည့် E-visa အား လာမည့်စက်တင်ဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်၌ စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းရရှိသည်။အဆိုပါ E-visa စနစ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည်များသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး အခြားစီးပွားရေး၊ လူမှုရေးကိစ္စများဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များအတွက် ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။ယခု စတင်ခွင့်ပြုမည့် ကမ္ဘာလှည့်ခရီးသည်များအတွက် E-visa စနစ် အဆင်ပြေစွာ လည်ပတ်နိုင်ပြီးမှသာ အခြားစီးပွားရေးနှင့် လူမှုရေးဗီဇာများအား ထပ်မံခွင့်ပြုပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ကမ္ဘာလှည့်ခရီးသည်များအတွက် ယခုခွင့်ပြုမည့် E-visa စနစ်သည် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မိမိတို့နိုင်ငံမှ အွန်လိုင်းဖြင့် မြန်မာနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လ.ဝ.က)၏ ဝက်ဆိုက်လိပ်စာသို့ ဗီဇာလျှောက်ထားရမည်ဖြစ်ကာ မြန်မာနိုင်ငံ (လ.ဝ.က) မှ အဆိုပါ ဗီဇာလျှောက်ထားသူထံသို့ ဗီဇာခွင့်ပြုချက်အား တစ်ပတ်အတွင်း ပြန်လည်ပေးပို့ပေးသွားမည်ဖြစ်သည်။ အဆိုပါ ခွင့်ပြုချက်အား Print ထုတ်၍ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံကူးလက်မှတ်နှင့်အတူ ပြသ၍ ဝင်ရောက်နိုင်မည်ဖြစ်သည်ဟု သိရသည်။
Subscribe to:
Posts (Atom)