မိုဘိုင်းဖုန်းသုံးစွဲမှုကို အစိုးရက ချုပ်ကိုင်ခဲ့ပြီး အစိုးရကပင် ဖြေလျှော့မှုပေးခဲ့ခြင်းဖြစ်ကြောင်း၊
ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆက် တွဲအဖြစ် ပြည်သူများသည် ပညာ
ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ မှုရေးတိုးတက်မှု အကျိုးကျေးဇူး များ
ရရှိခံစားနေရပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ
ဒါနန်းမြို့တွင်ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက်
နှင့် နည်းပညာဆိုင်ရာ ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၌
မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေးကဏ္ဍနှင့် ပတ် သက်၍ ပြည်ထောင်စုဝန်ကြီးက
အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။