Monday, June 16, 2014

မုတ်သုံလေ အားကောင်း၍ မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် မိုးကြီးမည်

Photo: မုတ်သုံလေ အားကောင်း၍ မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် မိုးကြီးမည်

ရန်ကုန်၊ ဇွန် ၁၅

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးမည် ဖြစ်သည့်အပြင် အလယ်ပိုင်း ဒေသများတွင်လည်း မိုးပိုလာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။

မုတ်သုံလေအရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လှိုင်းကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များနှင့် ပြည်တွင်း၌ ပြေးဆွဲနေသည့် လေယာဉ်များအနေနှင့် မိုးလေဝသ အခြေအနေ ဆိုးရွားနိုင်မှုကို သတိပြု ထွက်ခွာရန် လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိပေးပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ မိုးရေချိန် တိုင်းထွာချက်များအရ ကျောက်ဖြူမြို့တွင် ၄ ဒသမ ၇၂ လက်မ၊ မြိတ်မြို့တွင် ၄ ဒသမ ၆၉ လက်မနှင့် ကျိုက်မရောမြို့တွင် ၄ ဒသမ ၄၈ လက်မအထိ ရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးမြို့တော်တွင် ဇွန်လဆန်းပိုင်းက နေ့အပူချိန် မြင့်တက်လာမှုကြောင့် အပူလျှပ်မှု ဖြစ်ပေါ်ကာ လူသုံးဦး သေဆုံးပြီး ၁၇ ဦး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကြောင်း အဆိုပါဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

မိုဘိုင်းလ်ဘဏ်စနစ် အေးဂျင့်များနှင့် ငွေလွှဲနိုင်မည်ဟုဆို

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လာမည့် ရက်ပိုင်းအတွင်း မိုဘိုင်းလ်ဘဏ်စနစ် လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်မံချထားပေးလျှင် သမဝါယမဘဏ် (CB Bank) က အေးဂျင့်နှင့် ငွေလွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှု လုပ်ကိုင်မည် ဖြစ်ကြောင်း ယင်းဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။
“လုပ်ကိုင်ခွင့်တော့ မရသေးဘူး။ အေးဂျင့်တွေတော့ ရွေးရဦးမယ်” ဟု ဦးဖေမြင့်က ဆိုသည်။ 

နာဆာဂြိုဟ်တုမှ တိုင်းတာချက်အရ မြန်မာနိုင်ငံအတွင်း ရေကြီးနိုင်မည့် အလားအလာများရှိနေ

နာဆာအဖွဲ့ကြီး၏ TRMM အစီအစဉ်ဖြစ်သည့် နာဆာဂြိုဟ်တု တိုင်းတာချက်များအရ မြန်မာနိုင်ငံ အတွင်း ရေကြီးမှုအလားအလာ များရှိနေကြောင်း မိုးလေဝသပညာ ရှင်ဒေါက်တာထွန်းလွင်ကပြောသည်။
ယင်းသို့ဖြစ်ရခြင်းမှာ အာရေဗျ ပင်လယ်ဘက်တွင် ယခုလ ၁၁ ရက်ကဖြစ်ပေါ်နေသော နွားနောက် မုန်တိုင်းကြောင့်ဖြစ်ပြီး ထိုနွား နောက်မုန်တိုင်းဖြစ်ပေါ်ခြင်းနှင့်အတူ မုတ်သုံလေဦးသည်လည်း အိန္ဒိယနိုင်ငံ ထဲသို့ ဝင်ရောက်နေသောကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် မုတ်သုံလေများအားကောင်း၍ မိုး များရွာသွန်းနေခဲ့ကြောင်း၊ အထူး သဖြင့်ကမ်းရိုးတန်းတစ်လျှောက်နှင့် မုတ္တမကွေ့တစ်လျှောက် ဒေသများ တွင် မိုးရွာသွန်းမှု ပိုမိုအားကောင်း ခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

သန္တိသုခကျောင်းကသံဃာများကို ထောင်ဝင်စာတွေ့

  
ရန်ကုန်၊ မဇ္ဈိမ။ ။ လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ခံရသည့် မဟာသန္တိသုခကျောင်းတိုက်က ဆရာတော်ငါးပါးကိုဇွန်လ ၁၆ရက် နံနက ၁၀နာရီခန့်က ထောင်ဝင်စာသွားတွေ့ခဲ့ကြောင်းမင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လူမှုကွန်ယက် စာမျက်နှာတွင် ရေးထားသည်။

အမြန်လမ်းတစ်လျှောက် မကျွတ်မလွတ်သူများအတွက် အကျွတ်အလွတ်ပွဲကျင်းပကျောင်းတိုက်ရှိ ဓာတ်နန်းတွင် ညအချိန်၌ဓာတ်တော်များကွန့်မြူး

Photo: အမြန်လမ်းတစ်လျှောက် မကျွတ်မလွတ်သူများအတွက်
အကျွတ်အလွတ်ပွဲကျင်းပကျောင်းတိုက်ရှိ
ဓာတ်နန်းတွင် ညအချိန်၌ဓာတ်တော်များကွန့်မြူး
====================================
အေးချမ်းမိုး
ရန်ကုန် ဇွန် ၁၅
====================================

ရန်ကုန်-နေပြည်တော်အမြန်လမ်းတစ်လျှောက်နှင့်မကျွတ်မလွတ်သေးသောပုဂ္ဂိုလ်များကို အကျွတ်အလွတ် ရေစက်ချမင်္ဂလာတရားတော်နှင့် နယ်လှည့်သစ္စာဓိဋ္ဌာန် နတ်စင်တစ်ရာစတုဒိသာအဖွဲ့နှင့် တော်ဝင်စင်တာ မိသားစု၏အယုတ်အလတ်အမြတ်မရွေး  ကလေးများအာဟာရဒါနအလှူတော်ပွဲကို  ရန်ကုန်မြို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါပွဲတွင် ဗဟိုသံဃာ့ဝန် ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော်နှင့် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့်အလှူရှင်များ က ရေစက်ချတရားနာအမျှအတန်း ပေးဝေခဲ့ကြသည်။
 ထိုအကျွတ်အလွတ်ပွဲ မတိုင် မီ နှစ်ရက်ခန့်တွင် နတ်စင်တစ်ရာ ကျောင်းတိုက်ရှိ အောင်သစ္စာဓိဋ္ဌာန် အောင် ဓာတ်နန်းတွင် ယခုလ ၁၁ရက်နှင့် ၁၂ရက် ညအချိန်များ၌ ဓာတ် တော်များကွန့်မြူးခဲ့သည်ကို စီစီတီဗွီမှတ်တမ်းများမှတစ်ဆင့် ဖူးမြော်တွေ့မြင်ရသည်။

ဓာတ်တော်များသည်  မီး အမှောင်ချထားသော ဓာတ်နန်း အတွင်း မီးလုံးများကဲ့သို့ အလင်း ရောင်လုံးများ တစ်လုံးစီအတွဲ လိုက်ဖြင့် ဓာတ်ခန်းတစ်ခန်းချင်း စီသို့ ကူးသန်းသွားလာနေကြောင်း၊ စီစီတီဗွီမှမြင်ရချိန်တွင် အခန်း အပြင်ဘက်မှ သွားရောက်ကြည့်ရှု သော်လည်းမမြင်ရကြောင်းနတ်စင် တစ်ရာဆရာတော်က မိန့်ကြား သည်။

ရေစက်ချတရား မနာမီတွင် အမြန်လမ်းတစ်လျှောက် ခေါ်ယူ လာသော မကျွတ်မလွတ်သေးသူ များကို အာဟာရဒါနအဖြစ် အုန်း ထမင်းနှင့် အမဲသားဟင်းများကို ကျွေးမွေးလှူဒါန်းခဲ့သည်။
ကျွေးမွေးပြီးသော အာဟာရ ဒါနများကို သုသာန်သို့သွားရောက် စွန့်လှူခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ ကြွရောက်လာ သော ဧည့်ပရိသတ်များနှင့် ဘုန်း တော်ကြီးသင် ပညာရေးကျောင်း မှ ကလေးငယ်များအား နေ့လယ် စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ရေစက်ချအလှူတော် မင်္ဂလာ ပွဲကိုနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမ ပြန် စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးအား အမှူးထား၍ သန်လျင်မြို့ နတ်စင်တစ်ရာ ကျောင်းတိုက်ပဓာနနာယက ဆရာ တော်ကဦးစီး၍ နယ်လှည့်သစ္စာ ဓိဋ္ဌာန်စတုဒိသာ နတ်စင်တစ်ရာ အလှူရှင်များက စုပေါင်းလှူဒါန်း ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်-နေပြည်တော်အမြန်လမ်းတစ်လျှောက်နှင့်မကျွတ်မလွတ်သေးသောပုဂ္ဂိုလ်များကိုအကျွတ်အလွတ်
 ရေစက်ချမင်္ဂလာတရားတော်နှင့် နယ်လှည့်သစ္စာဓိဋ္ဌာန် နတ်စင်တစ်ရာစတုဒိသာအဖွဲ့နှင့် တော်ဝင်စင်တာ မိသားစု၏အယုတ် အလတ်အမြတ်မရွေး ကလေးများအာဟာရဒါနအလှူတော်ပွဲကို ရန်ကုန်မြို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါပွဲတွင် ဗဟိုသံဃာ့ဝန် ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော်နှင့် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့်အလှူရှင်များ က ရေစက်ချတရားနာ အမျှအတန်း ပေးဝေ ခဲ့ကြသည်။

လယ်ပြန်ရရန် ကူညီသည့် ခရစ်ယာန်ဓမ္မဆရာနှစ်ဦးကို စစ်ဆေးမည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖရူးဆိုးမြို့ ဆိုလျားကူးကျေးရွာ လယ်ယာမြေသိမ်းခံရမှုကို တောင်သူများဘက်မှ ပါဝင်ကူညီသည်ဟုဆိုကာ ခရစ်ယာန်ဓမ္မဆရာနှစ်ဦးကို ကယားပြည်နယ် သာသနာရေး ညွှန်ကြားရေးမှူးက ဇွန်လ ၁၇ ရက်တွင် လာရောက်တွေ့ဆုံရန် ခေါ်ယူထားသည်ဟု တွေ့ဆုံရန် ခေါ်ယူထားခြင်းခံရသူ ဦးတူရယ်က ပြောသည်။

အကြမ်းဖက်မှုကိုကာကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက်ခြင်း ဟု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်၏ကြေညာချက်ကို ဦးဝီရသူတုံ့ပြန်

Photo: အကြမ်းဖက်မှုကိုကာကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက်ခြင်း ဟု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်၏ကြေညာချက်ကို ဦးဝီရသူတုံ့ပြန်
Monday, June 16, 2014

အကြမ်းဖက်မှုကို ကာ ကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် မညီဟု ဆိုလာပါက ထောက်ပြရန် အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်ဆရာ တော် ဦးဝီရသူက နိုင်ငံ တကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်၏ ကြေ ညာချက်ကို တုံ့ပြန်ပြောဆိုလိုက်သည်။

အမျိုးဘာသာ စောင့်ရှောက်ရေး မှ ဦးဝီရသူက ''ရဟန်းရှင်လူ ပြည်သူလူထု ရဲ့ လိုလားတောင်းဆိုတာကို ခုလိုဖိနှိပ်ချုပ် ချယ်တယ်လို့ ပြောဆိုခွင့်မရှိသလို လူ့အ ခွင့်အရေးနဲ့မညီဘူးဆိုရင် ထုတ်ပြပါ။ လူ့ အခွင့်အရေးနဲ့ညီအောင် လုပ်ပေး ပါလို့ ပြော ချင်တယ်။ ဒီဥပဒေကြောင့် အကြမ်းဖက်မှု ဖြစ်မယ်ဆိုတာကို လက်မခံပါဘူး။ ဘာသာ ရေးအကြမ်းဖက်မှုတွေမဖြစ်အောင် ခုလို လုပ်ဆောင်တာပါ''ဟု ဖလားဝါးနယူးစ်ဂျာ နယ်သို့ မိန့်ကြားသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံ တကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ ကော်မရှင်၏ ဇွန် ၁၂ ရက်က ထုတ်ပြန် သည့်ကြေညာချက်တွင် မြန်မာ အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း သည် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက် ပြီး လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ဖြစ် လာနိုင်ကြောင်း ဖော်ပြ ပါ ရှိသည်။

အဆိုပါကြေညာချက်တွင် မြန် မာနိုင်ငံ၌ ရေးဆွဲနေသည့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း သည် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်အ ပါအဝင်၊ ခရစ်ယာန်နှင့် အခြားလူနည်းစု ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံခံရ မှုနှင့် အကြမ်းဖက်မှုများကို ဦးတည်စေကြောင်း နှင့် အမေရိကန်အစိုးရ အနေဖြင့် မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင်လည်း အဆိုပါအ ချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖော်ပြပါရှိ သည်။
မြန်မာအစိုးရက မေ ၂၇ ရက် တွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေမူကြမ်းကို ထုတ်ပြန်ထားပြီး ဘာသာကူးပြောင်းလိုသူများ အနေဖြင့် အ စိုးရမှဖွဲ့စည်းထားသည့် စိစစ်ရေးအဖွဲ့ကို တင်ပြရမည်ဖြစ်ကာ မိမိတို့၏ကိုးကွယ် ယုံ ကြည်မှုအတွက် အစိုးရက ဝင်ရောက်ဆုံး ဖြတ်သူနေရာတွင် ရောက်ရှိနေကြောင်း အ ဆိုပါကြေညာချက်အရ သိရသည်။

ဇွန် ၁၂ ရက်က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက် မြန်မာပြည်)က အမျိုးစောင့်ဥပဒေကို ကန့် ကွက်နေသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့် တစ်မျိုးသားလုံး ၏ အကျိုးစီးပွားအတွက် လူ့အခွင့်အရေး နှင့်ညီညွတ်စေရန် အပြုသဘောဆောင် ပူး ပေါင်းပါဝင်ကြရန် ကြေညာချက် ထုတ်ပြန် ထားသည်။
မျိုးစောင့်ဥပဒေနှင့် ပတ်သက် ၍ နေပြည်တော်လွှတ်တော်အတွင်းရှိ တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီရုံးတွင် ဇွန် ၁၁ ရက်က ကော် မတီမှ တာဝန်ရှိသူများနှင့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန် ကန့်ကွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး သဘော ထား၊ အကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးမှုများ လည်း ရှိခဲ့ကြောင်း သိရသည်။

Yangon Media Group 
အကြမ်းဖက်မှုကို ကာ ကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် မညီဟု ဆိုလာပါက ထောက်ပြရန် အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်ဆရာ တော် ဦးဝီရသူက နိုင်ငံ တကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်၏ ကြေ ညာချက်ကို တုံ့ပြန်ပြောဆိုလိုက်သည်။

မျိုးစောင့်ဥပဒေကန့်ကွက်မှုများ အရာမထင်သေး

ဗုဒ္ဓဘာသာအမျိုးသမီးများကို ကာကွယ်ပေးရန်ဟုဆိုကာ ပြဋ္ဌာန်းရန်ကြိုးပမ်းနေ သည့် မျိုးစောင့်ဥပဒေအပေါ် ကန့်ကွက်မှုများ စိပ်လာသော်လည်း လက်ရှိအချိန်ထိ လက်ဆုပ်၊ လက်ကိုင်ပြနိုင်သည့် အကောင် အထည်ပေါ်မှု မရှိသေးပေ။
မျိုးစောင့်ဥပဒေဟု လူသိများနေသည့် ဥပဒေကြမ်းလေးခုမှာ ဘာသာတစ်ခုကို အခြေခံထားသလို နိုင်ငံရေး လှည့်ကွက်သာဖြစ်သည်ဟု နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး၊ ဥပဒေပညာရှင်များနှင့် ဘာသာရေး ခေါင်းဆောင် အချို့က ထောက်ပြပြော ဆိုနေသော်လည်း ထိရောက်မှု မရှိသေးခြင်းဖြစ်သည်။

မြန်မာအောင်လ အီဂျစ်ကစားသမားကို ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံပြိုင်ပွဲ၌ အလဲထိုး

Photo: မြန်မာအောင်လ အီဂျစ်ကစားသမားကို ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံပြိုင်ပွဲ၌ အလဲထိုး 
Monday, June 16, 2014

အင်ဒိုနီးရှားနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ One Fighting ချန်ပီယံလုပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက အီဂျစ်နိုင်ငံသား Salama ကို ပထမအချီ ၁ မိနစ် ၆ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲတွင် Mahmoud Salama ကို ပထမအချီ မိနစ်ပိုင်းအတွင်း လက်သီးတွဲလုံးများဖြင့် အနိုင်ယူခဲ့ခြင်းလည်း ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အောင်လက ယခုပြိုင်ပွဲတစ်လျှောက် ဝိတ်တန်းအလိုက် အစောဆုံး အနိုင်ရရှိသူ ဖြစ်ပြီး ၎င်း၏နောက်တွင် ဘက်တန်ဝိတ်တန်း ပြိုင်ပွဲမှ Fransino Tirta က ပထမအချီ ၁ မိနစ်နှင့် ၈ စက္ကန့်တွင် Sami Amin ကို အလဲထိုးဖြင့် နိုင်ခဲ့ပြီး ဒုတိယစံချိန်အဖြစ် ရပ်တည်ခဲ့သည်။

“ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲ အနိုင်ရရှိခဲ့ခြင်းဟာ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုတွေကြောင့်ပါ။ အမေရိကန်ပြန်ပြီး နောက်ပြိုင်ပွဲတွေအတွက် အကောင်းဆုံး လေ့ကျင့်ဦးမှာပါ။ ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့သူများနဲ့ ပရိသတ်များ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အောင်လက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖွင့်ဟ ပြောဆိုထားသည်။

The Voice Weekly
အင်ဒိုနီးရှားနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ One Fighting ချန်ပီယံလုပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက အီဂျစ်နိုင်ငံသား Salama ကို ပထမအချီ ၁ မိနစ် ၆ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲတွင် Mahmoud Salama ကို ပထမအချီ မိနစ်ပိုင်းအတွင်း လက်သီးတွဲလုံးများဖြင့် အနိုင်ယူခဲ့ခြင်းလည်း ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မဟာသန္တိသုခကျောင်းအား ထိန်းသိမ်းခြင်းကိစ္စပြောဆိုရန် မိမိတွင် တာဝန်မရှိတော့ဟု ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့် ဖွင့်ဟပြောကြား

ရန်ကုန်၊ ဇွန် ၁၄- မဟာသန္တိသုခကျောင်း တော်ကြီးမှ သံဃာတော်များအား ဇွန် ၁၁ ရက်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် နိုင်ငံတော် သံဃမဟာနာယကတို့မှ ခေါ်ဆောင်သွား ခဲ့ပြီးနောက် သာသနာရေးဝန်ကြီးဌာနမှ သံ ဃာတော်ငါးပါးအား လူဝတ်လဲ၍ အင်းစိန် ထောင်သို့ပို့ဆောင်ကာ သာသနာတော် ညိုး နွမ်းစေမှု ပုဒ်မ-၂၉၅(က)ဖြင့် တရားစွဲဆိုခဲ့ သည့်အပေါ် ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့် က ထိုဖြစ်ရပ်များသည် ¤င်းတွင်တာဝန်မရှိ ကြောင်း လက်ရှိဆောင်ရွက်နေသူများတွင် သာ တာဝန်ရှိကြောင်း ပြောကြားသည်။

ဦးသိန်းစိန် သမ္မတရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆို

သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရာထူးသက်တမ်းမကုန်မီ ချက်ခြင်း သမ္မတ အဖြစ်မှ နှုတ်ထွက်ပေးသင့်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ မြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့သူ ဦးစိန်လှက ပြော ကြားလိုက်သည်။

မောင်တောမြို့နယ်တွင် တရားမဝင် ခိုးဝင်နေထိုင်သူများ ရှိ၊ မရှိကို သိစေရန် နယ်ခြားစောင့် ရဲ တပ်ဖွဲ့နှင့် လဝကမှတာဝန်ရှိသူများ ရှောင်တခင် ပူးပေါင်းစစ်ဆေး

ရန်ကုန်၊ ဇွန် ၁၅- မောင်တောမြို့ နယ်အတွင်းသို့ ဘင်္ဂလားဒေရှ့်မှ တရားမဝင် ခိုးဝင်ရောက်ကာ နေထိုင် မှုများရှိမရှိကို နယ်ခြားစောင့် ရဲတပ် ဖွဲ့နှင့် လဝကမှ တာဝန်ရှိသူများက ရှောင်တခင် ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရခိုင်ပြည်နယ် ရဲ တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ယခုစစ်ဆေးခြင်း သည် နယ်ခြား စောင့် ရဲတပ်ဖွဲ့အနေဖြင့် ယခင်နစက အဖွဲ့အစည်းဖျက်သိမ်းပြီးနောက် ပိုင်း တွင် လဝကနှင့် ပထမဆုံးအကြိမ် စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဇွန် ၁၃ ရက် ဘင်္ဂလားဒေရှ့်န] ယ်ခြားစောင့်ရဲ တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် တို့ နှစ်ဘက်သဘောတူညီမှုများ ဆောင် ရွက်လက်မှတ်ထိုးအပြီးတွင် မောင် တောမြို့နယ်အတွင်း ဝင်ရောက် ရှာ ဖွေခြင်းဖြစ်ပြီး တရား မဝင်ခိုးဝင်နေ ထိုင်သူများ တွေ့ရှိပါက လဝက ဥပ ဒေဖြင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

ကေအင်န်ယူနှင့် RCSS/SSA ဥက္ကဋ္ဌတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်

Photo: ကေအင်န်ယူနှင့် RCSS/SSA ဥက္ကဋ္ဌတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်
Monday, June 16, 2014

 ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌစောမူတူး စေးဖိုးနှင့် ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရးနှင့်ပတ် သက်၍ ယခုရက်ပိုင်း အတွင်း ဆွေးနွေး မည်ဖြစ်ကြောင်း (SSA/ SSPP)မှ ပြောရေးဆိုခွင့်ရှိသူဗိုလ် မှူးကြီးစိုင်းလှကပြော သည်။

‘‘မနေ့(ဇွန် ၁၄ရက်)ကပဲ KNU ဥက္ကဋ္ဌကြီးထွက်သွားပြီ။ ဒီနေ့ တွေ့ဖြစ်မလား မသိဘူး’’ဟု KNU ဗဟိုကော်မတီဝင်တစ်ဦးကပြော သည်။ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတ  တို့ကိုတွေ့ဆုံပြီးနောက် တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ သွားရောက်ဆွေး နွေးခဲ့ခြင်းဖြစ်သည်။

‘‘KNUကလည်း အပစ်အ ခတ်ရပ်စဲရေးကို မြန်မြန်သွားချင် တယ်။ RCSSကလည်း အမြန်ဖြစ် ချင်တယ်။ စိတ်ဝင်စားတာချင်း တူလို့တွေ့ ကြတာ’’ဟု မြန်မာ့ငြိမ်း ချမ်းရေးနှင့် ပြန်လည် ထူထောင် ရေး ဗဟိုဌာနအပစ်အခတ်ရပ်စဲ ရေးဒါရိုက်တာ ဒေါက်တာမင်း ဇော်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ်အောက်တို ဘာလအတွင်း KNUနှင့် RCSSအ ဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီးအချက်ရှစ် ချက်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)အနေဖြင့် ဇွန်လ ၁၃ရက်မှစ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ်မူကြမ်းနှင့် ပတ်သက် ၍ ထိုင်းနိုင်ငံတွင် ဆွေးနွေးနေ ကြောင်း သတင်းရရှိသည်။

7 Day Daily
ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌစောမူတူး စေးဖိုးနှင့် ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရးနှင့်ပတ် သက်၍ ယခုရက်ပိုင်း အတွင်း ဆွေးနွေး မည်ဖြစ်ကြောင်း (SSA/ SSPP)မှ ပြောရေးဆိုခွင့်ရှိသူဗိုလ် မှူးကြီးစိုင်းလှကပြော သည်။

ဦးအောင်မင်းနှင့် ယွက်ဆစ် ချင်းမိုင်တွင် တွေ့ဆုံရန် စီစဉ်

တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ၀န်ကြီး ဦးအောင်မင်းတို့ မကြာမီတွေ့ဆုံ မည်ဖြစ်ကြာင်း သတင်းရရှိသည်။

‘‘တွေ့ဖို့တော့ ရှိတယ်။ ရက် တော့ မသတ်မှတ်ရသေးဘူး’’ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလှကပြော သည်။

ဦးအံ့မောင်နှင့် ပတ်သက်၍ သာသနာရေးက ရှင်းလင်းပြောဆိုရန် မရှိဟုဆို

ဦးအံ့မောင်နှင့် ပတ် သက်၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းပြောဆိုရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရုံးအကြံ ပေးပုဂ္ဂိုလ်အဖြစ် သတင်းစာရှင်း လင်းပွဲသို့ တက်ရောက်ရှင်းလင်း ခဲ့သော ဦးအံ့မောင်သည် သမ္မတ အကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူ က ငြင်းဆိုထားခြင်း အပေါ် အထူး ရှင်းလင်းရန်မရှိကြောင်း သာသ နာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
  ‘‘ဦးအံ့မောင်ကိစ္စနဲ့ပတ် သက်လို့ ကျွန်တော်တို့ဘက်က တော့ အထူးတလည်ပြန်ရှင်းလင်း ဖို့မရှိပါဘူး။  သမ္မတရုံးအကြံပေး ပုဂ္ဂိုလ်ဆိုတဲ့အတွက် သမ္မတရုံးနဲ့ ပဲ သက်ဆိုင်ပါလိမ့်မယ်။ သူ့ရာ ထူးက သာသနာရေးဝန်ကြီးဌာန က ခန့်ထားတာမဟုတ်ပါဘူး’’ဟု သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းများစတင်

၁၉၈၂ ဥပဒေဖြင့် နိုင်ငံ သားစိစစ်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ဇွန်လ ၁၅ ရက်မှ စတင်၍ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ယခုလကုန်ခန့်တွင် မြေပုံမြို့နယ်အား Pilot ဧရိယာ အဖြစ် သတ်မှတ်၍ စတင်အ ကောင်အထည်ဖော်မည်ဟု စီစဉ် ထားခြင်းဖြစ်သည်။ သို့သော် ဘင်္ဂါလီလူမျိုးများက ယင်းဥပဒေ ဖြင့် အစစ်ခံရန်လိုလားစွာ ပြောဆိုမှုများရှိသောကြောင့် ယခုကဲ့သို့ သတ်မှတ် ရက်ထက် စော၍ မြေပုံမြို့နယ်တွင် စတင်ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း စိစစ်ရေးအဖွဲ့ဝင်များကပြော သည်။

တနင်္သာရီမြို့နယ်တွင် တပ်မတော်နှင့် KNLA တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်းဒေသ ကြီး၊ တနင်္သာရီမြို့နယ် ဝှေးဖ တောင်ဒေသတွင် တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သော KNLAတပ် မဟာ(၄)တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့ ဝှေးဖ ဒေသတွင် ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉နာရီအထိ ၂နာရီကြာ မြန်မာ့တပ်မတော်နှင့် KNLAတပ် ရင်း(၁၁)တို့ တွေ့ဆုံ တိုက်ပွဲဖြစ် ပွားပြီး မြန်မာ့တပ်မတော်မှကျဆုံး သူမရှိသော်လည်း KNLAဘက်မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

ရခိုင် ခေါင်းဆောင်တွေ တရုတ်ပြည်သွား

ဘေဂျင်း မှာ ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
  RNDP နဲ့ ALD တို့ ပေါင်းစည်းလိုက်တဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင် တွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီက ဖိတ်ကြားတဲ့ အတွက် ခေါင်းဆောင် (၃) ဦး တရုတ်ပြည်ကို ထွက်ခွာမယ် လို့ သိရပါ တယ်။
အရင် ရခိုင် နိုင်ငံရေး ပါတီတွေကို တရုတ်ပြည် အစိုးရ ကသာ ဖိတ်ကြားလေ့ ရှိပေမယ့် ဒီတကြိမ် မှာတော့ တရုတ်ပြည် ကွန်မြူနစ် ပါတီက တိုက်ရိုက် ဖိတ်ကြားပါတယ်။

ရေမဆေးကျောက်ရှာဖွေသူများရပ်ဆိုင်းသွားရန် ညွှန်ကြားပြီးနောက် ဖားကန့်သွားမည့် စားသောက်ကုန်များအားတားဆီး

ရေမဆေးကျောက်ရှာ ဖွေသူများအား လုပ်ငန်းများရပ် ဆိုင်းရန်အမိန့်ထုတ်ပြန်ပြီးနောက် ဖားကန့်သို့ပို့မည့် စားသောက်ကုန် များကို နယ်မြေခံစစ်တပ်ရင်းမှ တားဆီးပိတ်ပင်မှုများ ပြုလုပ်နေ ကြောင်းသတင်းရရှိသည်။

‘‘မုံရွာက သယ်လာတဲ့ စား သောက်ကုန်တွေကို ဖားကန့်အ ထိ အသယ်မခံတော့ဘူး။ ဖား ကန့်ကို ပို့မယ့်ရိက္ခာဖြတ်တဲ့သဘောပဲ။ ဆီတစ်ပုံးတောင်အတင်မ ခံတော့ဘူး။ သူတို့က တားလိုက် တော့ တင်စရာကုန်မရှိလို့ အခု သင်္ဘောတွေမထွက်နိုင်တော့ဘူး ’’ဟု ဖားကန့်မြို့နယ် ဆည်ဆင်းနှင့် ဟောင်ပါးသို့ပြေး ဆွဲသည့် ကုန် တင်ရေယာဉ်မောင်းတစ်ဦးက ပြောသည်။

ကမ္ဘာ့ဖလားပွဲ ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ အာဂျင်တီးနားအနိုင်ရ

 ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တွေရဲ့ အုပ်စုပတ်လည်ပွဲတွေကို တနင်္ဂနွေနေ့မှာ ဆက်လက် ပြုလုပ်ရာမှာ အစောပိုင်းက အုပ်စု E ပွဲစဉ် ၂ ခုနဲ့ အခု အသံလွှင့်နေစဉ် ကစားနေကြတဲ့ အုပ်စု F က Argentina နဲ့ Bosnia – Herzegovina တို့ ပွဲစဉ်တွေ ပါဝင်ပါတယ်။

ပထမပိုင်းကစားသွားတဲ့ အုပ်စု E ပွဲစဉ် ၂ ခုမှာတော့ ဆွစ်ဇာလန်အသင်းက အီကွေဒါနိုင်ငံအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရသွားပါတယ်။ အုပ်စု E ဒုတိယပွဲစဉ်ဖြစ်တဲ့ ပြင်သစ်နဲ့ ဟွန်ဒူရပ်စ်ပွဲစဉ်မှာတော့ ပြင်သစ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အီရတ် သတ်ဖြတ်မှု ပုံတွေတင်

ISIS အစွန်းရောက် တပ်များ
  အီရတ် မြောက်ပိုင်းကို ထိန်းချုပ် ထားတဲ့ ဆွန်နီ အစွန်းရောက် တပ် တွေက အီရတ် စစ်သား တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ထားတယ်လို့ ယူဆရတဲ့ ပုံတွေကို အင်တာနက်မှာ လွှင့်တင် ခဲ့ပါတယ်။
အီရတ်နဲ့ ဆီးရီးယား လက်ဘနွန် ဒေသ တွေမှာ ခြေကုပ် ယူထားတဲ့ ISIS အစ္စလာမ္မစ် နိုင်ငံ တပ်သားတွေက တစ်ကရစ် မြို့က စစ်စခန်း တခုကို သိမ်းချိန်မှာ ရိုက်ထားတဲ့ ပုံတွေလို့ ယူဆ ရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတင်းကျပ်ဆဲ

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတင်းကျပ်ဆဲ
Monday, June 16, 2014

မောင်တောနယ်စပ် ပြဿနာနှင့်ပတ်သက်၍ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိချင်း တွေ့ဆုံ ဆွေးနွေး၍ ပြေလည်မှုရပြီဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သော် လည်း နှစ်နိုင်ငံနယ်စပ်တစ် လျှောက်တွင် လုံခြုံရေးတင်းကျပ် ထားဆဲဖြစ်ကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိ သည်။

‘‘ပြဿနာမကြာခဏဖြစ် ပွားတဲ့ မိုင်တိုင် ၅၀ ကနေ ၅၂ ကြားထဲမှာ လုံခြုံရေးကင်းက တော့ အထူးတင်းကျပ်ထားတယ်။ သူတို့ဘက်ကလည်း လက်နက် တွေ တပ်ဆင်ထားတာတွေ့နေရ သေးတဲ့အပြင် အုန်းကျွန်းနားမှာ လည်း စစ်သင်္ဘောတွေနဲ့ ကင်း လှည့်နေတုန်းပဲ။ မြေပြင်မှာတော့ အမြဲသတိထားနေရတာပေါ့။ ဟို ဘက်ကနေကျူးကျော်ပြီး နောက် တစ်ကြိမ်ဝင်ပစ်တာမျိုးအဖြစ်မခံ တော့ပါဘူး’’ဟု အမှတ်(၁)နယ် ခြားစောင့်ရဲတပ်ရင်းများကွပ်ကဲမှု ဦးစီးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

နယ်စပ်ပြဿနာကို နေပြည် တော်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိချင်း ပထမဆုံး အကြိမ်ဆွေးနွေးပွဲ၌ မောင်တော နယ်စပ်အရေးနှင့်ပတ်သက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို လုပ် ပိုင်ခွင့်အပြည့်ပေးထားပြီး လိုအပ် ပါကလည်း တပ်မတော်၏ အကူ အညီကို ယူရမည်ဖြစ်ကြောင်း နယ်စပ်ဖြတ်ကျော်မှုခင်းဌာနမှ ရဲအရာရှိကြီးတစ်ဦးက 7 Day Daily သတင်းစာ၏ မေးမြန်းချက် ကို ဖြေကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဘက်တွင် ဖမ်းထား သည့် ၎င်းတို့၏ နိုင်ငံသားအချို့ ကို ပြန်လွှဲပေးရန် တောင်းဆိုခဲ့ သည်။ သို့သော် ဖမ်းဆီးထားသူ များသည် မြန်မာနိုင်ငံရေပိုင်နက် အတွင်းသို့ ခိုးဝင်၍ တရားမဝင် ငါးဖမ်းခြင်းကြောင့် လူဝင်မှုကြီး ကြပ်ရေးဥပဒေဖြင့် အရေးယူ ထားကြောင်း တုံ့ပြန်ခဲ့သည်။

‘‘နယ်မြေအေးချမ်းရေးကို တကယ်လိုအပ်ရင် ဟိုတုန်းက အဖြစ်အပျက်တွေကို ပြန်အစ မဖော်ဖို့နဲ့ နယ်ခြားစောင့်ရဲချင်း အောက်ခြေမှာ အဆင်ပြေအောင် ညှိနှိုင်းဖို့အကြောင်းပြန်လိုက် တယ်။ ဗဟိုကျမှ လာရှင်းလို့ အဆင်မပြေဘူး။ သူတို့ဘက်က ဟိုတုန်းက ဖမ်းထားတဲ့သူတွေကို ပါ ပြန်လွှတ်ပေးဖို့ တောင်းဆို တာ။ ကျွန်တော်တို့ဘက်ကလည်း တည်ဆဲဥပဒေအတိုင်း အရေးယူ ရမှာပဲ’’ဟု အဆိုပါရဲအရာရှိကြီး က ပြောသည်။

မောင်တောနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တင်းမာမှုများနှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲတပ် ဖွဲ့ချင်း မောင်တောနယ်စပ်တွင် သုံးကြိမ်ခန့် ဆွေးနွေးခဲ့သော် လည်း ပြေလည်မှုမရသော ကြောင့် နှစ်နိုင်ငံအဆင့်မြင့်အရာ ရှိချင်း နေပြည်တော်တွင် ပထမ ဆုံးအကြိမ်ဆွေးနွေးခဲ့သည်။ ဇွန်လ ၁၀ ရက်မှ ၁၂ ရက်အထိ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တွင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ−ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များဆွေးနွေးပွဲမြင် ကွင်း(ဓာတ်ပုံ−အောင်သစ်လွင်)
7Day Daily
မောင်တောနယ်စပ် ပြဿနာနှင့်ပတ်သက်၍ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိချင်း တွေ့ဆုံ ဆွေးနွေး ၍ ပြေ လည်မှုရပြီဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သော် လည်း နှစ်နိုင်ငံနယ်စပ်တစ် လျှောက်တွင် လုံခြုံရေးတင်းကျပ် ထားဆဲဖြစ်ကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိ သည်။

သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

Photo: သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
Monday, June 16, 2014

ဇွန်လ ၁၄ ရက်က ခတ္တမန္ဒူမြို့ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် ဒေါ်အောင် ဆန်းစုကြည်က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

လွန်ခဲ့သော ခြောက်နှစ်က စစ်ဘက်ကရေးဆွဲခဲ့သော အခြေ ခံဥပဒေအရ လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင် ခြင်းမှ ပိတ်ပင်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မ တနေရာယှဉ်ပြိုင်ခြင်းမှ ထိထိ ရောက်ရောက်ပိတ်ပင်ထားသော အခြေခံဥပဒေပုဒ်မ၅၉(စ)ကိုပြင် ဆင်ခြင်းမပြုရန် ပြည်ထောင်စု လွှတ်တော်အခြေခံ ဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီက ကော်မတီအ တွင်း မဲခွဲဆုံးဖြတ်ရာ မပြင်လို သော မဲကပိုများပြီး မပြင်ရန်ဆုံး ဖြတ်ခဲ့သည်။ ယင်းမဲခွဲမှုတွင် မ ပြင်လိုသောမဲ ၂၆မဲရှိပြီး ငါးမဲသာ ပြင်ရန်မဲပေးခဲ့သည်ဟုကော်မတီ ၀င်အချို့ကို ကိုးကား၍ မီဒီယာ များကဖော်ပြသည်။

၂၀၀၈ ခုနှစ် အခြေခံဥပ ဒေတွင် ဇနီး၊ခင်ပွန်းနှင့်သားသမီး များ နိုင်ငံခြားသားများ ဖြစ်နေ သော မည်သူ့ကိုမဆို နိုင်ငံကိုဦး ဆောင်ခြင်းမှ ပိတ်ပင်ထားသည်။

နီပေါနိုင်ငံသို့ အလည်အ ပတ်ခရီးတွင် မိမိအနေဖြင့်လွတ် လပ်၍တရားမျှတခြင်းသာမကဘဲ စစ်မှန်သောဒီမိုကရက်တစ်ရွေး ကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင် လိုသည်ဟု အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် ပါလီမန်အမတ်များ အားပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပ ဒေကို ပြင်ဆင်ရေး ၎င်း၏လှုပ်ရှား မှုကို ရှင်းလင်းပြောကြားရင်း မျှ တသောရွေးကောက်ပွဲဆိုသည် မှာ မျှတစွာပါဝင်ခွင့်ဟု အဓိပ္ပာယ် ရကြောင်းပြောကြားသည်။

‘‘အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုဟာ လက်ခံမှုရရှိဖို့လို နေပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

‘‘ကမ္ဘာတစ်ဝန်းက ကျွန်မတို့ မိတ်ဆွေတွေအနေနဲ့ မြန်မာနိုင်ငံ က ဖြစ်ပေါ်တိုးတက်မှုတွေကို သ တိပြုနေကြပြီးစစ်မှန်တဲ့ နိုင်ငံရေး လိုအပ်ချက်တွေကနေ အာရုံလွှဲ သွားအောင် လုပ်နေတဲ့လူတွေရှိ တယ်ဆိုတဲ့ အချက်ကိုလည်း သ တိပြုရပါမယ်’’ဟု နှစ်ပေါင်းများ  စွာနေအိမ်အကျယ်ချုပ်မှနေ၍ ၂၀၁၀ခုနှစ်တွင်လွတ်မြောက်လာ သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။                 

—Ref: AFP
7Day Daily
ဇွန်လ ၁၄ ရက်က ခတ္တမန္ဒူမြို့ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် ဒေါ်အောင် ဆန်းစုကြည်က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

လွန်ခဲ့သော ခြောက်နှစ်က စစ်ဘက်ကရေးဆွဲခဲ့သော အခြေ ခံဥပဒေအရ လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင် ခြင်းမှ ပိတ်ပင်ထားသည်။

ထိုင်းနိုင်ငံမှ ခရီးသွား တစ်ဦး ဆင်ရိုင်း တစ်ကောင်ကို လက်ထောင်ပြရုံဖြင့် အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့

Photo: ထိုင်းနိုင်ငံမှ ခရီးသွား တစ်ဦး ဆင်ရိုင်း တစ်ကောင်ကို လက်ထောင်ပြရုံဖြင့် အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့

ထိုင်းနိုင်ငံမှ ခရီးသွား တစ်ဦးသည် ၄င်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည့် ဆင်ရိုင်း တစ်ကောင်ကို လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် အောင်မြင်စွာ အနိုင်ယူ နိုင်ခဲ့ကြောင်း နယူးယောက နေ့စဉ် ထုတ် သတင်းစာတွင် ဇွန် ၁၂ ရက်က ဖော်ပြထားသည်။

ထိုင်းနိုင်ငံမှ Tor Bowling အမည်ရှိ အသက် ၂၇ နှစ်အရွယ် အင်ဂျင်နီယာ အမျိုးသား တစ်ဦးသည် အလုပ်မှ ထွက်ကာ နိုင်ငံတစ်ဝန်း လှည့်လည် သွား လာနေသူ တစ်ဦး ဖြစ်သည်ဟု သိရသည်။

တစ်နေ့တွင် Bowling သည် Phu Luang တောရိုင်းတိရစ္ဆာန် ဘေးမဲ့ဥယျဉ်သို့ အလည် အပတ် ရောက်ရှိ လာခဲ့ရာ ယင်းဥယျာဉ် အတွင်းရှိ တောအုပ် တစ်ခုမှ ဆင်ရိုင်း တစ်ကောင်သည် ၄င်းထံ တစ်ဟုန်ထိုး တန်းတန်းမတ်မတ် ပြေးဝင် လာခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ဆင်ကြီး ပြေးဝင် လာချိန်တွင် Bowling သည် ၄င်း အသက်ရှင်ရေးအတွက် အသံကုန် အော်ဟစ်၍ ပြေးရမည်လားဟု စဉ်းစား တွေဝေ နေခဲ့ကြောင်း၊ ထို့နောက် ၄င်း၏ လက်ကို ထောင်ပြ၍ ဆင်ကြီးအလာကို ဟန့်တား ခဲ့ကြောင်း၊ ထိုကဲ့သို့ ၄င်း၏ လက်ကို ထောင်ပြ လိုက်စဉ်တွင် ဆင်ရိုင်း ကြီးသည် ရှေ့ဆက် တိုးမလာဘဲ ပြန်လှည့်၍ လာလမ်းအတိုင်း တောအုပ်ထဲသို့ ပြန်ဝင် သွားခဲ့ ကြောင်း၊ ထို့ကြောင့် Bowling သည် လက်ထောင်ပြရုံဖြင့် ဆင်ကြီးကို အနိုင်ယူ နိုင်ခဲ့သူ တစ်ဦးအဖြစ် စံချိန်တင် နိုင်ခဲ့ကြောင်း နယူးယောက် နေ့စဉ် ထုတ်သတင်းစာ တွင် ဖော်ပြထား သည်။

Phu Luang ဘေးမဲ့ဥယျာဉ်တွင် အာရှတစ်ဝန်းမှ ဆင်ရိုင်းအကောင်ရေ ၁ဝဝ ဝန်းကျင်ခန့် နေထိုင် ကျက်စားလျက်ရှိပြီး ၄င်းဆင်ရိုင်းများကို ထိုင်းတော် ဝင်မိသားစုက ငွေကြေးကမကထ ပြုထားသော Elephants Rehabilitation Project က ပြုစု စောင့်ရှောက်မှုများ လုပ်ဆောင် ပေးလျက်ရှိကြောင်း သိရ သည်။
ထိုင်းနိုင်ငံမှ ခရီးသွား တစ်ဦးသည် ၄င်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည့် ဆင်ရိုင်း တစ်ကောင်ကို လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် အောင်မြင်စွာ အနိုင်ယူ နိုင်ခဲ့ကြောင်း နယူးယောက နေ့စဉ် ထုတ် သတင်းစာတွင် ဇွန် ၁၂ ရက်က ဖော်ပြထားသည်။

ထိုင်းနိုင်ငံမှ Tor Bowling အမည်ရှိ အသက် ၂၇ နှစ်အရွယ် အင်ဂျင်နီယာ အမျိုးသား တစ်ဦးသည် အလုပ်မှ ထွက်ကာ နိုင်ငံတစ်ဝန်း လှည့်လည် သွား လာနေသူ တစ်ဦး ဖြစ်သည်ဟု သိရသည်။

အသက်ရှည်ကျန်းမာချင်ရင် ကျင်ငယ်ရည်သောက်

စပိန်နိုင်ငံ မှာရှိတဲ့ အသက် ၉၁ နှစ်အရွယ် အဘိုး ဒန်မက် အမ်ဘရိုစီနဲ့ သူ့ရဲ့အဖော် အ သက် ၈၇ နှစ်အရွယ်ရှိ အဘွားအို လွိုင်းစီတို့ ဟာ သာမန်ထက် ၁၀ နှစ်လောက် ငယ်နေပြီး ကျန်းကျန်းမာမာနဲ့ နေထိုင် နေကြပါတယ်။ သူ တို့ စုံတွဲကို ကြည့်လိုက်ရင် အမြဲတမ်း တက်ကြွ နေပါတယ်။

သူတို့မှာ ကျန်းမာခြင်း ဆိုင်ရာ လျှို့ဝှက်ချက် တစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ သူတို့ဟာ ကိုယ့်ကျင်ငယ်ရည်ကို ကိုယ်ပြန် သောက်ခြင်း ဖြစ် ပါတယ်။ ကျင်ငယ်ရည်ဟာ ဆေးပညာအရ ကြည့်မယ်

မဟာသန္တိသုခကျောင်းအရေး သမ္မတထံ အကူအညီတောင်း

Photo: မဟာသန္တိသုခကျောင်းအရေး သမ္မတထံ အကူအညီတောင်း

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ အင်အားသုံးသိမ်းပိုက်ပြီး ချိတ်ပိတ်လိုက်တဲ့ မဟာသန္တိသုခကျောင်းကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတအနေနဲ့ တရားနည်းလမ်းနဲ့ အညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း ပီနန်ဆရာတော်ကြီးက RFA ကို မိန့်ကြားတော်မူပါတယ်။

ဒါ့အပြင်၊ ဇွန်လ ၁၀ ရက်နေ့ညက ကျောင်းကဖမ်းစီးသွားပြီး အရေးယူထားတဲ့ သံဃာများကိစ္စကိုလည်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ အခုလိုသံဃာတွေကို ဖမ်းစီးပြီး လူဝတ်လဲလိုက်တာဟာလည်း ၀ိနည်းတော်နဲ့ ညီညွှတ်ခြင်းမရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။

"ဝိနည်းလွတ်အောင် ဘာပြောသလဲ၊ သူ့မှာဘာအပြစ်ရှိသလဲ ဆိုတာမေးရသေးတယ်၊ သူကိုယ်တိုင်က ဝန်ခံပြီးတော့ ဒီအမှုကို ကျူးလွန်ပါတယ်ဆိုမှ၊ နောက် သင်္ကန်းချွတ်လောက်တဲ့ဥပဒေက ပါဏာတိက ကျမှချွတ်တာ၊ အဲဒါသူတို့က ဘာမှမေးခြင်းစမ်းခြင်းမရှိပဲနဲ့ သင်္ကန်းချွတ်တယ်ဆိုတာက အဲဒါအာဏာနဲ့ လုပ်တဲ့အလုပ်ပဲ "

အဲဒီ လူဝတ်လဲခံရတဲ့ သံဃာတော်များဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က ကြွလာတဲ့ဆရာတော်တွေဖြစ်တဲ့ ဦးဥတ္တရ၊ ဦးပညာဝရ၊ ဦးသူန္ဒရ၊ ဆရာတော်နဲ့ အတူနေသူ ဦးနန္ဒိယအပြင် ကမ္ဘာအေးသံဃာ့တက္ကသိုလ်က ဦးတိစ္တိန္ဒ တို့ဖြစ်ကြပါတယ်။

ဒီသံဃာတွေဟာ အာဂန္တုအနေနဲ့ ကျောင်းမှာ ခေတ္တလာရောက်သီတင်းသုံးနေကြတာဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။ 
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ အင်အားသုံးသိမ်းပိုက်ပြီး ချိတ်ပိတ်လိုက်တဲ့ မဟာသန္တိသုခကျောင်းကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတအနေနဲ့ တရားနည်းလမ်းနဲ့ အညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း ပီနန်ဆရာတော်ကြီးက RFA ကို မိန့်ကြားတော်မူပါတယ်။

ဒါ့အပြင်၊ ဇွန်လ ၁၀ ရက်နေ့ညက ကျောင်းကဖမ်းစီးသွားပြီး အရေးယူထားတဲ့ သံဃာများကိစ္စကိုလည်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ အခုလိုသံဃာတွေကို ဖမ်းစီးပြီး လူဝတ်လဲလိုက်တာဟာလည်း ၀ိနည်းတော်နဲ့ ညီညွှတ်ခြင်းမရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ဘင်္ဂလီလူမျိုးများအား စိစစ်မှုများပြုလုပ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်သင့်မဖြစ်သင့် ဆောင်ရွက်ပေးသွားမည်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကိုကြည့်ရှုပြီး လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သော သမ္မတရုံးဝန်ကြီးဌာနဝန်ကြီးများဖြစ်သည့် ဦးတင်နိုင်သိန်းနှင့် ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း ၊ ပြန်ကြားရေးဝန်ကြီး ဌာနဝန်ကြီး ဦးအောင်ကြည်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့ပါဝင်သော အဖွဲ့သည် ဇွန် ၁၃ ရက်မှ ၁၅ ရက်ထိ ရခိုင်ပြည်နယ်သို့ရောက်ရှိခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ပြည်နယ်ဝန်ကြီးများနှင့် အတူရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ သွားရောက်ခဲ့ကြောင်း၊ စစ်တွေမြို့တွင်လည်း မြို့မိမြို့ဖများ၊ ရခိုင်ကွန်ရက်များမှ အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ မြေပုံမြို့ တွင်လည်း နှစ်ဖက်အဖွဲ့အစည်းများနှင့်ဆွေးနွေး ခဲ့ကြောင်း၊ စစ်တွေ မြို့နယ်အတွင်းရှိ ဘင်္ဂလီ ကယ်ဆယ်ရေး စခန်း ၁၈ ခုမှ ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ပြည်နယ်အတွင်း လိုအပ်ချက် များအား ဖြည့်ဆည်းပေးခဲ့ကြောင်း၊

တရားမဝင် မြန်မာအလုပ်သမားများ ဆက်တိုက်လွှဲပြောင်းမည်ဟု ထိုင်းအစိုးရပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီ လိတ်ရှိ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတား၌ ဇွန် ၁၃ ရက် မွန်းတည့် ၁၂ နာရီက ခရိုင်မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များဖြစ်သည့် မကဖ (၈)မှ ဦးသိန်းမောင် ဦးစီး၊ ဒုမြို့နယ်အုပ် ချုပ်ရေးမှူး ဦးဝင်းအောင်၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ်မင်းအောင်နှင့် ဌာနဆိုင်ရာ များ ပါဝင်သောအဖွဲ့သည် ထိုင်းနိုင်ငံလ၀က ဦးစီးအရာရှိ Saesiton ၊ မယ်ဆိုင်ခရိုင် လ၀ကမှူး Kanlayar Phommalin ၊ မယ်ဆိုင်ခရိုင် ဒု လ၀ကမှူး Sadar yansukyan တို့က တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ကို လာရောက် လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည် ရုပ်သိမ်းပိုင်ခွင့်ရှိဟု လ၀က၀န်ကြီး ပြောကြား

မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်ဟု ဇွန် ၁၄ ရက်က ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသ ခံပြည်သူများနှင့် တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ကြောင်း သိရသည်။

အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးအား အမြန်ဆုံး ပြန်လွှတ်ပေးရေး စာနယ်ဇင်းရှင်းလင်းပွဲလုပ်ရန် နေရာငှားမရ

Photo: အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးအား အမြန်ဆုံး ပြန်လွှတ်ပေးရေး စာနယ်ဇင်းရှင်းလင်းပွဲလုပ်ရန် နေရာငှားမရ
Monday, June 16, 2014

မဟာသန္တိသုခကျောင်းတိုက်မှ ပီနန်ဆရာတော်၏ တပည့်ရင်းဖြစ်သူ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးအား လူဝတ်လဲကာ အင်းစိန်ထောင်တွင် ချုပ်ထားမှုကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ဆရာတော် ဦးပါမောက္ခမှ သတင်းစာရှင်းလင်းပွဲလုပ်ရန် နေရာငှားရာတွင် ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ် အပါအဝင် ဘုန်းကြီးကျောင်းများအား ငှားရမ်းရာ ငှား၍မရဘဲ နေရာအခက်အခဲ ရှိနေကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဆရာတော်ဦးပါမောက္ခက ဇွန် ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ရည်ရွယ်ထားပြီး နေရာ ငှားရမ်းမရသောကြောင့် သတင်းစာရှင်းလင်းပွဲ မလုပ်ဆောင်နိုင်ကြောင်း ဦးပါမောက္ခက ဆက်လက်မိန့်ကြားသည်။

“ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်ကို ဇွန် ၁၄ ရက် နံနက်ပိုင်းမှာ သွားငှားတော့ ရတယ်ပြောပြီး နေ့လယ်မှာ စရန်ငွေ သွားချေတော့ မရဘူး။ လိမ်ညာပြီးတော့ အခန်းတွေ ပြည့်သွားပြီဆိုပြီး ချိုချိုသာသာနဲ့ ပယ်ချလိုက်တယ်။ အဲဒီကုမ္ပဏီက ရန်ကုန်တိုင်း သံဃနာယကဥက္ကဋ္ဌရဲ့ ဒါယကာရင်း ဖြစ်နေတယ်။ ဟိုတယ်က ရွှေသံလွင်ကုမ္ပဏီက ဆောက်လုပ်ထားတာဆိုတော့ နောက်ကဖိအားတွေကြောင့်လို့ ဘုန်းကြီးအနေနဲ့ ယူဆတယ်။ ဒီခေတ်ထဲမှာ သံဃာအချို့လည်း ခရိုနီ၊ လူကလည်း ခရိုခေတ်မှာဆိုတော့ အမှန်တရားတွေအားလုံး ပျောက်ကွယ်သွားပါပြီ” ဟု ဦးပါမောက္ခက မိန့်ကြားသည်။

စာနယ်ဇင်းရှင်းလင်းပွဲလုပ်ရန် နေရာငှားရမ်းရာတွင် ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ် အပါအဝင် ရန်ကုန်မြို့တွင်းရှိ ဘုန်းကြီးကျောင်းများကိုလည်း ငှားရမ်းရာတွင် ငှား၍မရဘဲ နေရာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“နေရာငှားလို့မရတော့ လုပ်ရကိုင်ရတာ အခက်အခဲ ဖြစ်တာပေါ့။ သံဃာတော်တွေကို လူဝတ်လဲပြီး ဖမ်းဆီးထောင်ချတာနဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မယ်ပေါ့။ အခုဟာက နေရာငှားတဲ့ အခါမှာ ရန်ကုန်တိုင်းတစ်ခုလုံးကို လိုက်ပိတ်ထားတဲ့ အခါကျတော့ အဆင်မပြေဘူး။ ဘုန်းကြီးကျောင်းတွေအပြင် ဟိုတယ်တွေကိုပါ ပိတ်ထားသလို ဖြစ်နေတယ်။ Sky Star ဟိုတယ်ဆိုရင် ရတယ်ပြောပြီး စရန်ပေးခါနီးမှ ပယ်ချလိုက်တာ။ အချို့ဟိုတယ်တွေဆိုရင် ဈေးတွေကို မဖြစ်နိုင်တဲ့ဈေးတွေ မြှင့်လိုက်တယ်။ MJN ကကျတော့ ရုံးပိတ်တယ်ဆိုပြီး ပြောတယ်။ နေရာငှားတဲ့ အခါမှာ အကြောင်းမသိခင်တုန်းကတော့ လိုက်လိုက်လျောလျောနဲ့ ငှားမယ်လုပ်ပြီးမှ မဟာသန္တိသုခကျောင်းဆိုတဲ့အသံ ကြားလိုက်တာနဲ့ မရတော့ဘူး။ ဇွန် ၂ဝ ရက် တာမွေတရားရုံးမှာ ရုံးထုတ်မှပဲ ဆရာတော် ဦးဥတ္တရတို့နဲ့ တွေ့ဆုံပြီး ဘယ်လိုရှေ့ဆက် လုပ်ရမလဲဆိုတာ သိတော့မယ်” ဟု နေရာလိုက်လံ ငှားရမ်းခဲ့ရာတွင် ပါဝင်ခဲ့သည့် ဦးရဲမင်းဦးက ပြောကြားသည်။

မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်း ဦးဥတ္တရ (အင်္ဂလန်ဆရာတော်) အပါအဝင် သံဃာတော်ငါးပါးကို တိုင်းသံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အရ ၂ဝ/၉ဝ၊ ပုဒ်မ-၂၉၅ (က) ဖြင့် လူဝတ်လဲကာ တာမွေတရားရုံးတွင် တရားစွဲဆိုထားပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံ သံဃာတော်များမှာ ဦးဥတ္တရ (လန်ဒန်ဆရာတော်)၊ ဦးသုန္ဒရ၊ ဦးပညာဝရ (လန်ဒန်ဆရာတော်)၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒ (နိုင်ငံတော် ပရိယတ္တ သာသနာ့တက္ကသိုလ်၊ ကယားဆောင်အဆောင်မှူး) တို့ဖြစ်ကြပြီး ဆရာတော်ငါးပါးစလုံးမှာ အာဂန္တုအနေဖြင့် လာရောက် သီတင်းသုံးသည့် သံဃာတော်များသာဖြစ်ကြောင်း ပီနန်ဆရာတော်က မိန့်ကြားသည်။ 

Eleven
မဟာသန္တိသုခကျောင်းတိုက်မှ ပီနန်ဆရာတော်၏ တပည့်ရင်းဖြစ်သူ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးအား လူဝတ်လဲကာ အင်းစိန်ထောင်တွင် ချုပ်ထားမှုကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ဆရာတော် ဦးပါမောက္ခမှ သတင်းစာရှင်းလင်းပွဲလုပ်ရန် နေရာငှားရာတွင် ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ် အပါအဝင် ဘုန်းကြီးကျောင်းများအား ငှားရမ်းရာ ငှား၍မရဘဲ နေရာအခက်အခဲ ရှိနေကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။