Wednesday, January 28, 2015

KIA အဖွဲ့အား ရိက္ခာထောက်ပံ့၊ လူသစ်စုပေးနေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား အရေးယူပေးပါ


ကျွန်တော်တို့ မော်ဟန်ရွာလေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ တည်ရှိပါတယ်။ ကချင် လူမျိုး အိမ်ခြေ ၈၀၊ တရုတ်လူမျိုး အိမ်ခြေ ၁၁၀ ခန့်နဲ့ ရှမ်းလူမျိုး အိမ်ခြေ ၆၀ ခန့် အားလုံးပေါင်း အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ ရွာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်က ကျွန်တော်တို့ရွာက လနန်ဆိုတဲ့ အသက် ၂၀ အရွယ် လူငယ်လေး သေဆုံး သွားခဲ့ပါတယ်။ တိုက်ပွဲကြားမှာ လက်နက်ကြီးစ ထိမှန်ပြီး သေရတာဖြစ်လို့ မြင်မကောင်းပါဘူး။ သူဘာကြောင့်အဲဒီလိုအဖြစ်ဆိုးနဲ့ သေရတာလဲဆိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကြောင့်လိုပဲ ပြောချင်ပါတယ်။

သပိတ်မှောက် ကျောင်းသားများ ရပ်တည်ချက်အရ လုပ်ရန်နှင့် ပရမ်းပတာ မလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက်ပြီး သပိတ်မှောက်၊ လမ်းလျှောက် ဆန္ဒပြနေသော ကျောင်းသားသမဂ္ဂ အဖွဲ့များအနေနှင့် ရပ်တည်ချက်အရ တာဝန်သိသိ မှန်မှန်ကန်ကန် ဆက်လက် ဆောင်ရွက်ရန်နှင့် ပရမ်းပတာ လုပ်ဆောင်ခြင်း မပြုကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။
“တာဝန်သိသိနဲ့ လုပ်ရမယ်။ မှန်မှန်ကန်ကန် လုပ်ရမယ်။ ကိုယ်က မှန်မှန် ကန်ကန်နဲ့ တာဝန်သိသိ လုပ်တယ်ဆိုလို့ ရှိရင် ဒါဟာ ရပ်တည်ချက်အရ လုပ်တာပဲ။ ရပ်တည်ချက်အရ လုပ်တယ်ဆိုလို့ ပရမ်းပတာ လုပ်ရမယ်လို့ ပြောတာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

သမ္မတရုံးနှင့်ဆန္ဒပြကျောင်းသားများ တွေ့ဆုံဆွေးနွေးမှုတွင် သက်သေများအဖြစ် ၈၈ မျိုးဆက် ကျောင်းသားများ ရပ်တည်မည်

 သမ္မတ၏ညွှန်ကြားချက်ဖြင့် ဆန္ဒ ပြကျောင်းသားများ၏ တောင်းဆိုမှုကို ဖြေရှင်းပေးရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအဖွဲ့နှင့် ကျောင်းသား များ တွေ့ဆုံမှုတွင် ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များက သက်သေအ ဖြစ်ပါဝင်မည်ဟု မင်းကိုနိုင်ကဆိုသည်။

၎င်းနှင့်အတူ ဦးကိုကိုကြီး၊ ဦးမြ အေး၊ ဦးပြုံးချိုနှင့် ဦးစိုးထွန်းတို့ ပါဝင် မည်ဟု ၄င်းက ဆက်ပြောသည်။

”ကျောင်းသားတွေဘက်ကနေ ကျွန်တော်တို့ရပ်တည်မှာပါ။ သူတို့ရဲ့ လှုပ်ရှားမှုကို ကျွန်တော်တို့ သဘောတူ ထောက်ခံပါတယ်”ဟု မင်းကိုနိုင် က ပြောသည်။

Update News ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို လက်ခံကြောင်း သိရ


 အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သတ်၍ မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက် လမ်းလျှောက် ဆန္ဒပြနေသော ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို အစိုးရပိုင်းက လက်ခံခဲ့ကြောင်း ကနဦး ရရှိသော သတင်းများအရ သိရသည်။

ဇန်န၀ါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကျောင်းသားကိုယ်စားလှယ် ၁၀ ဦး ပါဝင်သော အဖွဲ့တို့ တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တွေ့ဆုံမှုကို ဖေဖေါ်ဝါရီ ၅ ရက်တွင် ပြုလုပ်ရန် ကျောင်းသားများဘက်က တောင်းဆိုထားသည်။ တွေ့ဆုံမှုမှာ ပြီးဆုံးခြင်း မရှိသေးပဲ ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပါသည်။

ဓားစာခံလဲလှယ်ရေးရုပ်သံ အိုင်အက်စ်အဖွဲ့က ဖြန့်ချိ

346x194x20150120_161049-21-300x168.jpg.pagespeed.ic.YEv2i_QgYB
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) တွေက ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား သတင်းထောက်ဂိုတို ခန်ဂျီရဲ့ ရုပ်သံကို ဂျပန်စံတော်ချိန်ည ၁၁ နာရီခွဲမှာ အင်တာနက်ပေါ်ကတဆင့် တင်လာခဲ့ပါတယ်။
ဗွီဒီယိုထဲမှာ ဂျပန်သတင်းထောက်ဟာ အိုင်အက်စ်အဖွဲ့ရဲ့ ဖမ်းဆီးခံနေရသူ ဂျော်ဒန် လေယာဉ်မှူးးရဲ့ ဓာတ်ပုံကို ကိုင်ထားပြီး “ကျနော်က ခန်ဂျီပါ။ ကျနော်နဲ့ သူမ လဲလှယ်ဖို့ ဘာအခက်အခဲတွေ ရှိနေပါသလဲ။ သူမက ၁၀ နှစ်လောက် အဖမ်းအဆီး ခံနေရတာပါ။ ကျနော်က လပိုင်းပဲ ရှိပါသေးတယ်။ ကျနော့်အနေနဲ့ ဒါဟာ နောက်ဆုံးသတင်းပေးပို့ချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျနော့်အနေနဲ့ နောက်ထပ် ၂၄ နာရီပဲ အသက်ရှင် နေထိုင်ရတော့မယ် ထင်ပါတယ်။ လေယာဉ်မှူးကတော့ ဒီထက်ပို အချိန်တိုမယ် ထင်ပါတယ်” လို့ ပြောကြားထားပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများ ဧပြီနောက်ဆုံးပတ် စတင်ရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်က တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီ လအတွင်း လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများကိုဧပြီလ နောက်ဆုံးပတ်တွင် စတင်ရန် ဖက်ဒရယ်ဒီမိုကရေ စီမဟာမိတ် (FDA) က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA) အဖွဲ့ဝင် ပါတီအသီးသီးမှ ခေါင်းဆောင် များသည် ဇန်နဝါရီ ၂၇ ရက်က အစည်းအဝေး ပြုလုပ်ကာ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ယနေ့ လူငယ်နှင့် အရက်အန္တရာယ်

ယနေ့ခေတ် လူငယ်အတော်များများသည် အရက်၏ ကျေးကျွန်ဘဝသို့ ကျရောက်နေသည်။ မြို့ကြီးများတွင်သာမက ကျေးလက် တောရွာများတွင်ပါ အရက်သောက်သူဦးရေ တိုးပွားလာလျက်ရှိသည်။ လူတန်းစားမရွေး သောက်သုံးနိုင်သည့် နိုင်ငံခြားဘီယာ အရက်များအပြင် ဈေးပေါပေါဖြင့်ဝယ်ယူ သောက်သုံးနိုင်သည့် အရက်များ များစွာရှိနေသည်။ ဥပမာ စကားတစ်ခွန်းကဲ့သို့ 'လွယ်လျှင် သူကြွယ်တောင် သူခိုးဖြစ်နိုင်တယ်'ဆိုသကဲ့သို့ နေရာတိုင်း အရက်ရနိုင်ခြင်းသည် လူငယ်များအား အရက်စွဲစေပြီး အရက်၏ ကျေးကျွန်ဘဝသို့ ရောက်သွားစေခြင်း ဖြစ်ပါသည်။

ဟာနန်ဒက်ဇ် မန်ယူကို ပြန်လာမှာလား..

ရီးရဲမက်ဒရစ်အသင်းမှာ တစ်နှစ်တာအငှားချထားတဲ့ မန်ယူတိုက်စစ် မှူးဟောင်း ဟာနန်ဒက်ဇ်ကတော့ ဘာနေဗျူးမှာ ကစားခွင့်ပုံမှန်မရလို့ စိတ်ဓာတ်ကျဆင်းနေပြီး မန်ယူအသင်းကို ပြန်လာတော့မယ်လို့ ဆိုနေပါတယ်။

အသက် ၂၆ နှစ်ရှိတဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို မန်ယူနည်းပြ ဗန်ဟားလ်ကတော့ စိတ်အားထက် သန်စွာနဲ့ ပြန်ခေါ်ချင်ပုံတော့မရပါဘူး။ လောလောဆယ်မှာ မန်ယူတိုက်စစ် ဟာ အကောင်းဆုံး ပုံစံမရသေးမယ့်အလုပ်တော့ဖြစ်နေတယ်လို့ ယုံကြည် နေသူဖြစ်ပါတယ်။

အမျိုးသမီးများ ဘုန်းကံ နိမ့်မနိမ့်၊ ဘုရား ဖြစ်နိုင် မဖြစ်နိုင်

Photo: အမျိုးသမီးများ ဘုန်းကံ နိမ့်မနိမ့်၊ ဘုရား ဖြစ်နိုင် မဖြစ်နိုင်

Wednesday, January 28, 2015

ခွေးအထီးကို အမျိုးသမီးက ကျော်ခွလျှင်၊ အမျိုးသား၏ ဦးခေါင်ကို အမျိုးသမီးက ထိလျှင်ကိုင်လျှင်၊ အမျိးသားများ က အောက်မှာ ထိုင်ပြီး အမျိုးသမီးက အပေါ်မှာ ထိုင်သည့် အနေအထား တစ်ခုတွင် ရှိလျှင်၊ တရားနာသည့်အခါ အမျိုးသမီးများက အမျိုးသားအရှေ့မှာ နေလျှင် ဘုန်းနိမ့်တတ်သည်။ ကံနိမ့်တတ်သည် အစရှိသဖြင့် အမျိုးမျိုး ပြောဆိုကြသည်။ အမှန်စင်စစ်ကား မဟုတ်ရပါ။ရှေးယခင် ခေတ်အဆက်ဆက်က အမျိုးသမီးတို့ က္လိနြေ္ဒ ရွှေပေး၍ မရ အစရှိသဖြင့် ပြောစမတ် ရှိခဲ့သည်။

အမျိုးသမီးဟူသည် အမျိုသားများနှင့် မတူသည့် အဓိက အချက်မှာ လက်ရုံးခွန်အား ဗလ တစ်ခု ဖြစ်ပြီး ယင်း အချက်ကို လူသားတို့ သိရှိ၍ အနိုင်မကျင့်ပဲ ကိုယ်ချင်စာ သနားတတ်စေအောင် အားနွဲ့သူ ပီပီ ယဉ်ယဉ်ကျေးကျေး နေအပ်စေသည်။ ယင်းမှာ မည်သူမျှ ဥပဒေထုတ် တားမြစ်စရာ မလိုပဲ အမျိုးသမီးများ ကိုယ်တိုင် လက်ရုံးခွန်အားဗလ အားနွဲ့သူ ပီပီ အမျိုးသားများကဲ့သို့ တန်းတူ ခွန်အားသုံး အလုပ်လုပ်ခြင်းတို့ မလုပ်၊ လိင်သဘာဝအဖြစ် ကွဲပြားသောကြောင့်လည်း အမျိုးသားများကဲ့သို့ မဝတ်ဆင်။ ယဉ်ကျေးသူ ပီပီ လုံလုံခြုံခြုံဝတ်စေကာ၊ ပြောဆို၊ ပြုမု အမူအရာ များက အစ ယဉ်စေရန် ငယ်စဉ်ကတည်းက မိဘများက သင်ကြားပေးသည်။ အနေအထိုင် မယဉ်ကျေး၊ သွားလာသည့်အခါ လမ်းလျှောက်သည့်အခါ ခုန်လွှားခြင်း၊ ကျော်လွှားခြင်းတို့ မပြုစေ။ အမျိုးသားများ မြင်သည့်အခါ အနိုင်ကျင့်ခြင်း၊ မကောင်းမှု ပြုခြင်းတို့၏ ဆန့်ကျင့်ဘက်ဖြစ်သည့် သနားခြင်း၊ ကူညီချင်စိတ် ဖြစ်ပေါ်စေခြင်း၊ ဖေးမ ကူညီလိုစိတ်ဖြစ်ပေါ်စေခြင်းတို့ကို မွေးဖွားစေရန် ဖြစ်သည်။ စာနာ သနားတတ်လာစေရန် ဖြစ်သည်။ ယင်းကို မသိပဲ မိမိက ဝတ်စားရာတွင် မဆင်မခြင် ဖော်ပြ ဝတ်စားခြင်း၊ သွားလာသည့်အခါ အမျိးသမီးကဲ့သို့ ညင်သာမှု မရှိခြင်း တို့က မိမိအတွက်လည်း ပို၍ မလုံခြုံမှု ဖြစ်စေသည်။ ဘုရားစိန်ဖူးတော် တင် သပ္ဗါယ်ခြင်း ကဲ့သို့ အမှုကိစ္စ၊ ဘုရားရင်ပြင် အမြင့်နေရာသို့ တက်ခြင်း ကိစ္စတို့သည် အောက်တွင် ရှိသော အမျိုးသားများ၏ အမြင်တွင် မတင့်တယ်သကဲ့သို့ ရှိသောကြောင့် တားဆီးမှုများကို ခေတ်အဆက်ဆက် ပြုလုပ်ရာမှ အမျိုးသားများသာ ဝင်ရန်ကဲ့သို့ ဘုရားစေတီ နေရာများ ရှိလာရသည်။

ဘုန်းကြီး၊ ဦးဇင်းများနှင့် အနီးကပ် မနေပဲ ခွာနေရန် ဟူသည်ဟာ ဘုရားသားတော် တရားအားထုတ်သူများ အနေဖြင့် တရားကို မထိခိုက်ပဲ စိတ်များ အာရုံများ လောကုတ္တရာတွင်သာ မြဲ၍ နေအောင် မာတုကာမ များဖြင့် ခွာ၍ နေရန် မြတ်စွာဘုရားကိုယ်တိုင် ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသမီးများ တရားအားထုတ်က ဘုရားဖြစ်နိုင် မဖြစ်နိုင်

တရားဟောက တရားသိနိုင်သော တိဟိတ်ဥာဏ် ရှိသူတိုင်းက နိဗ္ဗာန်ရောက်နိုင်သည်။ ကျင့်ကြံ အားထုတ် ရနိုင်ပါသည်။ အမျိုးသမီးများလည်း အမျိုသားဘဝ ရရှိအောင် ကျင့်ကြံအားထုတ်နိုင်ပါတယ်။ အမျိးသား၊ အမျိးသမီး ဟူ၍ ကွဲလာသည့်အခါ အဓိက ကွဲသွားသည့် အချက် တစ်မှာ ဓိပတိ ဖြစ်သည်။ ကြိုးစားအားထုတ်မှု ဖြစ်ပြီး အမျိုးသားများက ခွန်အားဖြင့်လည်း ပိုမို သန်မာသောကြောင့် ကြိုးစားအားထုတ်သည့်အခါ ဇွဲ လုံ့လ ပိုမို ပြင်းထန်သောကြောင်း ဘုရားဖြစ်ရန်မှာ အမျိုးသားများကဲ့သို့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ၊ ပညာ တို့တွင် ဓိပတိ အားဖြင့် သဘာဝ အလျောက် ပိုမို အားကောင်းသောကြောင့် ဘုရားဖြစ်ရန် ကြိုးစားနိုင်သည်ဟု ဆိုလိုသည်။ ယင်းဆိုလိုမှုမှာ အမျိုးသမီးတို့တွင် ရှိသော ကြိုးစားအားထုတ်မှုကို နည်းသည်ဟု မဆိုလို လောကမှ ထွက်မြောက်ရာ ဖြစ်သော နိဗ္ဗာန်သို့ ရောက်ရန် ကျင့်ကြံရန် လိုအပ်သော အရည်အချင်းတို့မှာ ကိုယ်စီ ရှိကြ ပါသည်။ ယခု ဘဒ္ဒကမ္ဘာတွင်ပင်တောင် ဘုရား နောက်တစ်ဆူသာ ပွင့်တော့မှာ ဖြစ်ပြီး ယင်းဘုရားမှ သာမန်လူများထက် ပို၍ ကြိုးစားအားထုတ်မှု၊ ပါရမီ ရင့်သန့်သော ရှားပါး လူသားသာ ဖြစ်သည်။

အောင်ခမ်း (ရိုးရာလေး)
ခွေးအထီးကို အမျိုးသမီးက ကျော်ခွလျှင်၊ အမျိုးသား၏ ဦးခေါင်ကို အမျိုးသမီးက ထိလျှင်ကိုင်လျှင်၊ အမျိးသားများ က အောက်မှာ ထိုင်ပြီး အမျိုးသမီးက အပေါ်မှာ ထိုင်သည့် အနေအထား တစ်ခုတွင် ရှိလျှင်၊ တရားနာသည့်အခါ အမျိုးသမီးများက အမျိုးသားအရှေ့မှာ နေလျှင် ဘုန်းနိမ့်တတ်သည်။ ကံနိမ့်တတ်သည် အစရှိသဖြင့် အမျိုးမျိုး ပြောဆိုကြသည်။ အမှန်စင်စစ်ကား မဟုတ်ရပါ။ရှေးယခင် ခေတ်အဆက်ဆက်က အမျိုးသမီးတို့ က္လိနြေ္ဒ ရွှေပေး၍ မရ အစရှိသဖြင့် ပြောစမတ် ရှိခဲ့သည်။

အမျိုးသားပညာရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်နိုင်ရန် အရေးပေါ် အစည်းအဝေးပြုလုပ်

အမျိုးသားပညာ ရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေ သော သပိတ်မှောက်ကျောင်းသား များ တောင်း ဆိုသည့် အချက် များ အမြန်ဆုံးပြင်ဆင်ပေးနိုင်ရန် အစည်းအဝေးတစ်ရပ်ကို ဇန်န ၀ါရီ ၂၇ ရက်တွင် နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံ ၌ အရေးပေါ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိအမျိုးသားပညာရေး ဥပဒေပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးနန္ဒ ကျော်စွာ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီး များ၊ လွှတ်တော်ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌများပါဝင်သော အစည်းအဝေးကို ဇန်န၀ါ ရီ ၂၇ ရက် နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

သပိတ်မှောက် ကျောင်းသားများနှင့် ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာန အရာရှိများနှင့် ယနေ့ ဆွေးနွေးမည်

Student-Strike-Myingyan-06-s
ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ်မှောက်သည့် ကျောင်းသားများနှင့် တောင်သာမြို့တွင် လုံခြုံရေးယူထားသည့် အာဏာပိုင်များ ဇန်နဝါရီ ၂၇ ရက်က တင်းမာမှုဖြစ် ပွားခဲ့သော်လည်း ညှိနှိုင်းပြေလည်ကာ ၂၈ ရက်တွင်လည်း နေပြည်တော်၌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ကျောင်းသား ကိုယ်စားလှယ် သုံးဦး တွေ့ဆုံမည်ဟု ဒီမိုကရေစီ

ပညာရေးဥပဒေပြင်ဆင်ရန် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်နှစ်ဦး ယနေ့ဆွေးနွေးမည်


 သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရတာဝန်ရှိသူများကြား အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူလိုက်ပြီး ယနေ့ (ဇန်န၀ါရီ ၂၈ရက်)တွင် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားနှစ်ဦး နေပြည်တော်၌တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုနန္ဒာစစ် အောင်တို့ နှစ်ဦးသည် ကျောင်း သားများကိုယ်စား နေပြည်တော် သို့ သွားရောက်ဆွေးနွေးမည် ဖြစ်သည်။

ယနေ့ပြုလုပ်သည့် နေပြည် တော်ဆွေးနွေးပွဲသည် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် ကျောင်း သားသမဂ္ဂတို့ တွေ့ဆုံဆွေးနွေး ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲဖြစ် သည်။

အရာရှိတလစာထက် ငွေပိုရှိသည့် သူတောင်းစားကို ထိုင်းတွင် ဖမ်းဆီး


ထိုင်းနိုင်ငံ ချနပ်ခရိုင်မှာ တောင်းရမ်းနေတဲ့ မသန်စွမ်း တရုတ်သူတောင်းစားတဦးရဲ့ အိတ်ထဲမှာ အရာရှိတဦးရဲ့ လစာထက် ပိုများတဲ့ ငွေတွေကြောင့် ဒေသခံ အာဏာပိုင်တွေ အံ့အားသင့်ခဲ့ပြီး ဖမ်းဆီးလိုက်ပါတယ်။

လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူထု လုံခြုံရေး ၀န်ထမ်းတွေနဲ့ ဒေသခံရဲတပ်ဖွဲ့တွေက တောင်းစားတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုကို လုပ်ဆောင်ရာမှာ ချနပ်မြို့ဈေးတခုမှာ တောင်းရမ်းနေတဲ့ အသက် ၃၉ နှစ်အရွယ် တရုတ်သူတောင်းစား ဇူဘောင်ဆောင်ကို တွေ့ရှိခဲ့တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းမှာ ရေးပါတယ်။

ထွက်ပြေး စစ်အကျဉ်းသားများကို ဖမ်းမမိ၍ မြို့ခံများ စိုးရိမ်နေ

နန်းမြို့တွင်းရှိ အမှတ် (၁) စစ်အကျဉ်းထောင်တွင် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်း၌ အစောင့်တပ်ကြပ်ကြီးကို သတ်၍ အကျဉ်းသားရှစ်ဦး ထောင်ဖောက်ပြေးခြင်းကို မဖမ်းဆီးနိုင်သေးသဖြင့် မန္တလေး မြို့ခံများစိုးရိမ် လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

မြောက်ပြင်တွင်နေထိုင်သူ ဦးစန္ဒာက ''အဘတို့ကတော့ စိုးရိမ်တယ်။ ဘယ်အချိန်ဘာဖြစ်မယ်ဆိုတာ မသိဘူး။ ပြီးတော့ သားသမီးတွေက ညပိုင်းမှ အလုပ်က ပြန်ရတာလေ။ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်။ အခုထွက်ပြေးတာက ရိုးရိုးလူတွေ မဟုတ်ဘူး။ စစ်သားတွေ၊ အုပ်စုလိုက်ကြီးဆိုတော့ ကိုယ့်ရပ်ကွက် ကိုယ်လုံခြုံအောင် လုပ်ရတော့မယ်'' ဟု ပြောသည်။

အောင်မြေသာစံမြို့နယ်မှ အထက်တန်းပြ ဆရာမ တစ်ဦးကလည်း ''မမိဘူးဆိုတော့ လုံခြုံမှု မရှိသလိုခံစားရတယ်။မနက်ကျောင်းသွားတဲ့ အချိန်ထိ လုံခြုံရေးတွေ ဘာတွေမတွေ့ရဘူး။ မဖြစ်ခင်ကမှ၁၂လမ်းထောင့်မှာ ရဲတွေဘာတွေတွေ့တယ်။ အခုမတွေ့ဘူး။ နေ့ကပြဿနာမရှိပေမယ့် ညဘက်တော့ စိုးရိမ်ရတယ်'' ဟုပြော သည်။

ခါးနာသက်သာစေမည့် သဘာဝကုထုံး

Photo: ခါးနာသက်သာစေမည့် သဘာဝကုထုံး
Wednesday, January 28, 2015

အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။
အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။
ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။
ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။
မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။
လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။
ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။
ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
သတိပြုရန်။ ။ ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ၁။ မြန်မာ့ဆေးကျမ်း ၂။ How to cure for waist.
ကျန်းမာရေးသတင်းများ

Myawady Health
အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။
အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။
ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အဓိကပါဝင်သူများတွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

လက်ရှိကြုံတွေ့ နေရသည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးရေးတောင်းဆို မှုများနှင့် ပတ်သက်၍ ယင်းဥပ ဒေတွင် အဓိကပါဝင်သူများဆွေး နွေးညှိနှိုင်းမှုများပြန်လည်ပြုလုပ် ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

‘‘ဒီဥပဒေမှာပါတဲ့ သူတွေ အားလုံးဆွေးနွေးရမှာပေါ့။ တစ် တိုင်းပြည်လုံးက စိတ်ဝင်စား တယ်။ ပညာရေးနဲ့ ပတ်သက်လို့ တစ်တိုင်းပြည်လုံးနဲ့လည်း ဆိုင် တာပဲ။ အဓိကလုပ်ရမယ့် သူတွေ ဆွေးနွေးရမယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ဇန်န၀ါရီ ၂၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအပြီး ၌ သတင်းမီဒီယာများအား ပြော ကြားသည်။ဥပဒေရေးဆွဲရာတွင် ပြင် ဆင်စရာရှိသည့် ကိစ္စရပ်များ ပြင်ဆင်ရမည်ဖြစ်ကာ ညှိနှိုင်း ဆွေးနွေးမှုများ စိတ်ရှည်လက် ရှည်နှင့် ပြုလုပ်သွားရန်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန် ၈၈ (ငြိမ်း/ပွင့်)ကြေညာချက်ထုတ်ပြန်

Photo: ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန် ၈၈ (ငြိမ်း/ပွင့်)ကြေညာချက်ထုတ်ပြန်
Wednesday, January 28, 2015

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တိုက်တွန်း ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် အစိုးရက လည်းကောင်း၊ လွှတ်တော်များက လည်းကောင်း ဆန္ဒပြကျောင်း သားများနှင့် တွေ့ဆုံဆွေးနွေးညှိ နှိုင်းအဖြေရှာရန် အလေးအနက် တိုက်တွန်းကြောင်း ယခုလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် ဖော်ပြပါရှိသည်။

ဆန္ဒပြနေသော ကျောင်း သားထုအား သက်ဆိုင်ရာအာ ဏာပိုင်များက အကြမ်းဖက်ဖြိုခွဲ ခြင်း၊ နှောင့်ယှက်ဖမ်းဆီးတားဆီး ပိတ်ဆို့ခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်း သော နည်းလမ်းဖြင့်သာ ဖြေရှင်း ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

ဖော်ပြပါဥပဒေသည် မူလ ရေးဆွဲစဉ်ကပင် ကျောင်းသား များ၊ ပညာရှင်များ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ရေးဆွဲခဲ့ သဖြင့် ယခုကဲ့သို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်နေခြင်းကို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ထောက်ခံကြောင်း ဖော်ပြသည်။

ယင်းဥပဒေကြမ်းအား ပြင် ဆင်သုံးသပ်ပေးရန် ကျင်းပဆဲ (၁၂)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့ရာ ယင်းဥပဒေသည် အသက်ဝင် နေပြီဖြစ်၍ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ဥပဒေကြမ်း ပြုစု၍ လွှတ်တော်သို့ အမြန်ဆုံးတင်ပြရန် ပြည်ထောင်စုလွှတ် တော်က ပြန်လည်အကြောင်း ပြန်ကြားထားသည်။

နိုင်ငံလုံးဆိုင်ရာကျောင်းသားထုအရေးပေါ်အစည်းအဝေး၏
နိုဝင်ဘာ၂၃ရက်စွဲဖြင့် ထုတ်ပြန်ချက်

-လက်ရှိအတည်ပြုပြဋ္ဌာန်းထားသော အမျိုးသားပညာရေးဥပဒေ သည် ပညာရေးစနစ်ဟောင်းများကို အစားထိုးပြင်ဆင်နိုင်မှု မရှိ ခြင်း၊

-အမျိုးသားဥပဒေပြဋ္ဌာန်းချက်များသည် ကျောင်းသားထု၏ လွတ် လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ကန့်သတ်ထားခြင်း၊

-အမျိုးသားပညာရေးဥပဒေ၏ မူဝါဒများသည် စ၊ လယ်၊ ဆုံး ဒီမို ကရေစီ မဆန်ခြင်း၊

-ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းကို ပါဝင် ထိန်းချုပ်ခွင့်ပေးထားခြင်း၊

-ကျာင်းသားသမဂ္ဂများတည်ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်း ထားမှုမရှိခြင်းနှင့် ကျောင်း သား၊ ပြည်သူကို အခြေခံသော၊ ဒီမိုကရေစီပညာရေးအနှစ်သာရနှင့် ကိုက်ညီသောအမျိုးသားပညာ ရေးဥပဒေပေါ်ထွက်လာရေးတို့အတွက် တောင်းဆိုတိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးက ၂၀၁၄ နိုဝင်ဘာ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပြောစကားအချို့

ဗီအိုအေနှင့် တွေ့ဆုံမေးမြန်းမှု တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေ ထွက်ပေါ်လာသော်လည်း နည်းဥပဒေနှင့် ဆက်စပ်ဥပဒေများ ထွက်ပေါ် လာမှုမရှိသေးချိန်၌ မကျေနပ်မှုများကို ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
(၂၀၁၄ နိုဝင်ဘာနောက်ဆုံးပတ်တွင်အင်တာဗျူးထားခြင်း ဖြစ်သည်)

ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ ကလေးတွေ နာပါတယ်။ အဲဒီတော့ စိတ်ရှည်ရပါမယ်ဟု နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ပြောသည်။
(နိုဝင်ဘာလကုန်)

အမျိုးသားပညာရေးဥပဒေကို မကျင့်သုံးရသေးမီ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုနေကြခြင်းသည် အဆင့်ကျော်နေသကဲ့သို့ ဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက သတင်းထောက်များအား ပြောသည်။ (နိုဝင်ဘာလ)

7Day DAILY

သပိတ်စစ်ကြောင်း တောင်သာသို့စတင်ထွက်ခွာလာစဉ် (ဓာတ်ပုံ−ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)
အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအတွက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တိုက်တွန်း ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် အစိုးရက လည်းကောင်း၊ လွှတ်တော်များက လည်းကောင်း ဆန္ဒပြကျောင်း သားများနှင့် တွေ့ဆုံဆွေးနွေးညှိ နှိုင်းအဖြေရှာရန် အလေးအနက် တိုက်တွန်းကြောင်း ယခုလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထိုင်းတွင် တယ်လီဖုန်းဆင်းကတ် သုံးစွဲသူအားလုံး မှတ်ပုံတင်ရမည်

interphoto_1393058768
လာမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာရှိတဲ့ တယ်လီဖုန်းဆင်းကတ် ပိုင်ရှင်တွေအားလုံး မှတ်ပုံတင်ရမယ်လို့ ထိုင်းအမျိုးသား ဆက်သွယ်ရေးနဲ့ အသံလွှင့် လုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ဇန်န၀ါရီ ၂၁ ရက်နေ့က ဘန်ကောက် ထိုင်းအမျိုးသားဆက်သွယ်ရေးနဲ့ အသံလွှင့်ဦးစီးဌာန(အန်ဘီတီစီ)မှာ ကျင်းပတဲ့ အစည်းအဝေးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြောင်း Daily News သတင်းမှာ ဖော်ပြပါတယ်။

မိစန္ဒီ၏ ဒုတိယမြောက် တစ်ကိုယ်တော် MTV အယ်လ်ဘမ်ကို သင်္ကြန် မတိုင်မီ ထွက်ရှိ နိုင်ရန် စီစဉ်

Photo: မိစန္ဒီ၏ ဒုတိယမြောက် တစ်ကိုယ်တော် MTV အယ်လ်ဘမ်ကို သင်္ကြန် မတိုင်မီ ထွက်ရှိ နိုင်ရန် စီစဉ်

Wednesday, January 28, 2015

အဆိုတော် မိစန္ဒီကသူမ၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်သည့် ပစ်တိုင်းထောင် MTV အယ်လ်ဘမ် ကို သင်္ကြန် မတိုင်မီထွက် ရှိနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ MTV အယ်လ်ဘမ်တွင် သီချင်း ၁၄ ပုဒ် ပါဝင် မည်ဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်၊ မောင်မောင်သာမြင့်တို့က အလင်းရောင်၊ နှင်းယမုံ၊ နေတိုး၊ အောင်ရဲလင်း၊ နီနီခင်ဇော်၊ ရဲရင့်အောင်၊ ဟိဏ်းသစ်၊ စိုးကြီး၊ X-Box၊ မိစန္ဒီတို့နှင့် ရိုက်ကူးခဲ့ပြီး ကျန်သည့် သီချင်းများကို အခြား ဒါရိုက် တာ များနှင့် ထပ်မံ ရိုက်ကူး သွားမည်ဖြစ်သည်။
''ပစ်တိုင်းထောင် MTV က တစ်ဝက်တော့ ပြီးသွားပါပြီ။ သင်္ကြန်မတိုင်မီ ထွက်ဖို့ ကြိုးစားနေပါတယ်။ တကယ်လို့ သင်္ကြန် မတိုင်မီ မထွက်ဖြစ်ရင်လည်း ဇွန်လလောက်တော့ ထွက်ဖြစ်မှာပါ''ဟု အဆိုတော် မိစန္ဒီက ပြောသည်။ မိစန္ဒီ၏ ပထမဆုံး Audio အယ်လ်ဘမ် မိုနိုပိုလီမှာ ၂ဝ၁၂ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး DVD ကာရာအိုကေမှာ ၂ဝ၁၃ ခုနှစ် မတ်လက ထွက်ရှိ ကာ၂ဝ၁၄ ခုနှစ် ဇွန်လတွင် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်သည့် ပစ်တိုင်းထောင် Audio အယ်လ်ဘမ်ကို ထုတ်လုပ် ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အဆိုတော် မိစန္ဒီကသူမ၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်သည့် ပစ်တိုင်းထောင် MTV အယ်လ်ဘမ် ကို သင်္ကြန် မတိုင်မီထွက် ရှိနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ MTV အယ်လ်ဘမ်တွင် သီချင်း ၁၄ ပုဒ် ပါဝင် မည်ဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်၊ မောင်မောင်သာမြင့်တို့က အလင်းရောင်၊ နှင်းယမုံ၊ နေတိုး၊ အောင်ရဲလင်း၊ နီနီခင်ဇော်၊ ရဲရင့်အောင်၊ ဟိဏ်းသစ်၊ စိုးကြီး၊ X-Box၊ မိစန္ဒီတို့နှင့် ရိုက်ကူးခဲ့ပြီး ကျန်သည့် သီချင်းများကို အခြား ဒါရိုက် တာ များနှင့် ထပ်မံ ရိုက်ကူး သွားမည်ဖြစ်သည်။

မြန်မာ့တပ်မတော်တွင် တပ်မှူးကြီးအဆင့်ရှိ အမျိုးသမီး ဗိုလ်မှူးကြီးနှစ်ဦး အပါအ၀င် အမျိုးသမီး အရာရှိပေါင်း ၅၀၀ ကျော် တာဝန်ထမ်းဆောင်နေ


မြန်မာ့တပ်မတော်တွင် တပ်မှူးကြီး အဆင့်ရှိ အမျိုးသမီး ဗိုလ်မှူးကြီး နှစ်ဦးအပါအ၀င် ဗိုလ်မှူးကြီး၊ ဒုတိယဗိုလ်မှူးကြီးအ ဆင့်နှင့် အမျိုးသမီးအရာရှိပေါင်း ၅၀၀ ကျော် တာဝန်ထမ်းဆောင် နေကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကပြော ကြားသည်။

မြန်မာနိုင်ငံ အမျိုးသမီးဦး ရေမှာ နိုင်ငံ့လူဦးရေ၏ ထက်ဝက် ၅၀ ရာခိုင်နှုန်းကျော် ရှိနေ၍ တပ်မတော်၏ သင့်လျော်သည့် နေရာ၊ ရာထူးများတွင် အမျိုးသမီးများ ခန့်အပ်တာဝန်ထမ်း ဆောင်စေခြင်းဖြင့် အမျိုးသမီး များ၏ စွမ်းရည်ကို ဖော်ထုတ်ပေးနေကြောင်း ကာကွယ်ရေးဦးစီး ချုပ်က တပ်တွင်းတွေ့ဆုံပွဲတစ်ခု ၌ ပြောကြားသည်။

နန်းဖာလုံဈေးအတွင်းသို့ ကသည်းလက်နက်ကိုင် တပ်ဖွဲ့ဝင်နှစ်ဦး ရောက်လာ၍ ဒေသခံများစိုးရိမ်

အိန္ဒိယနိုင်ငံရှိ ကသည်းလက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးသည် တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးအတွင်း ရောက်လာခဲ့၍ ဈေးသူဈေးသားများက လုံခြုံရေးစိုးရိမ်သဖြင့် ဈေးအတွင်းတာဝန်ကျ လုံခြုံရေးအဖွဲ့ထံသို့ အကြောင်းကြား တာဝန်ယူခိုင်းခဲ့ကြောင်း နန်းဖာလုံဈေး ကော်မတီအဖွဲ့မှ ဦးငယ်က ပြောသည်။
ဇန်န၀ါရီ ၂၇ ရက် နံနက် ၁၀နာရီခန့်က အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် ကသည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်နှစ်ဦးသည် နန်းဖာလုံဈေးအတွင်း ၀င်ရောက်လာခဲ့ပြီး လက်ဖက်ရည်ဆိုင်တန်း၌ လက်ဖက်ရည်သောက်နေသည်ကို နန်းဖာလုံဈေးသူ ဈေးသားများက သတိထားမိခဲ့ပြီး ဈေးကော်မတီ အဖွဲ့ထံ တိုင်ကြားခဲ့သည်။

MECTEL ဖုန်းများ မက်ဆေ့ခ်ျပေးပို့ပြီး အင်တာနက်အခမဲ့လျှောက်ထားနိုင်

မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း MECTEL မှ ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူများအ တွက် အင်တာနက် လျှောက်ထား ခ တစ်သောင်းကျပ်ကို ပယ်ဖျက် ပေးလိုက်ပြီး အခမဲ့လျှောက်ထား လိုသူများ SMS နံပါတ် 233 သို့ Open EVDO ဟုရေးပြီး မက်ဆေ့ခ်ျပေးပို့မှသာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘အင်တာနက်မရှိသေးတဲ့ လူတွေရော အခုမှ ဆင်းမ်ကတ် ၀ယ်ပြီး သုံးတဲ့သူတွေအားလုံးပါ အင်တာနက် အသုံးပြုချင်တယ်ဆိုရင် SMS ပေးပို့ပြီးမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လျှောက်ထားခပေးစရာ မလိုပါဘူး’’ဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MECTELမှ တာဝန်ခံတစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား အချင်းချင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစွာ အတူတကွ လက်တွဲကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် စစ်ဘေးဒဏ် ခံစားနေရသော နိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူများ အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး လက်မှတ်ရေးထိုး ရန်ရည်ရွယ်၍ မွန်ပြည်နယ် မုဒုံ မြို့နယ် ကမာဝက်မြို့၌ ပြည်သူ ၄ဝဝ ခန့်က ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီတွင် ကမာဝက်မြို့ ကျိုက်ဇယ် စေတီတော်မုခ်ဦးရှေ့မှ စတင်ကာ ခြင်္သေ့ ကျောင်းတိုက်ရှေ့အထိ လမ်းမ ကြီးတစ်လျှောက် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲမှု အမြန်ဆုံး လက်မှတ်ရေးထိုးရေး၊ ပြည်သူများ၏ တောင်းဆိုချက် အောင်ရမည် စသည့် ကြွေးကြော်သံ များဖြင့် စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

ဆင်းမ်ကတ် ရှစ်သန်းကျော် လာမည့် ဘဏ္ဍာနှစ်အတွင်း ထပ်မံ ရောင်းချမည်

လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ် အတွင်း တစ်နိုင်ငံလုံး တယ်လီဖုန်း သိပ်သည်းဆ ၈၀ ရာခိုင်နှုန်း အထိ ရှိလာစေရန် ရည်ရွယ်လျက် ဆင်းမ်ကတ် ရှစ်သန်းကျော် ထပ်မံ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ငွေကျပ် ၁၅၀၀ တန် GSM နှင့် WCDMA ဆင်းမ်ကတ် ရှစ်သန်းကျော်ကို လာမယ့် ဘဏ္ဍာနှစ်အတွင်း တယ်လီဖုန်း သိပ်သည်းဆ တိုးလာစေဖို့ တိုးမြှင့် ရောင်းချပေးသွားဖို့ စီစဉ်လျက် ရှိပါတယ်"ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အပေးအယူလုပ်ရန် နှစ်ဖက်စလုံးက အဆင်သင့်ရှိဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ နှစ်ဖက်အနေဖြင့် အပေးအယူလုပ်ရန် အဆင်သင့်ရှိဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် အမျိုးသားပညာရေး ဥပဒေအား ကျောင်းသားများက သပိတ်မှောက် ဆန္ဒပြ လမ်းလျှောက်ကန့်ကွက်မှုများအပေါ် ဇန်န၀ါရီ ၂၇ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက ထင်မြင်ချက်ပေးရန် မေးမြန်းခဲ့ရာတွင် ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကချင်ဆရာမနှစ်ဦးအား စော်ကားသတ်ဖြတ်သွားသည့် လူတစ်စု၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ်ဖြစ်သဖြင့် ရှုတ်ချကြောင်း UNA ထုတ်ပြန်

ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးအား စော်ကားသတ်ဖြတ်သွားသည့် လူတစ်စု၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ်ဖြစ်သဖြင့် ရှုတ်ချကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်၌ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) ဒေသကောင်းခါးကျေးရွာ၊ ဘုရားကျောင်းဝင်း အတွင်းရှိ နေအိမ်တွင် ကချင်နှစ်ခြင်းအသင်းတော်မှ စေတနာ့ဝန်ထမ်း ဆရာမများ ဖြစ်ကြသော မခေါန်နန်စင်နှင့် မရမ်လုရာတို့ နှစ်ဦးသည် လူတစ်စု၏ အဓမ္မပြုကျင့်ပြီး လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည့်အတွက် UNA အဖွဲ့အနေဖြင့် များစွာဝမ်းနည်း ကြေကွဲခြင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုများဆိုင်ရာ ကိစ္စများ၊ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုဆိုင်ရာ ကိစ္စများ၊ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်က ဇန်နဝါရီ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက “ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဓနအင်အား ဖွံ့ဖြိုးရေးတွင် အရေးပါလှသော နိုင်ငံခြား အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးတွဲ၍ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာနနှင့်

ကျောင်းသားများ ကန့်ကွက်နေသည့် အမျိုးသားပညာရေး ဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား

ကျောင်းသားများ ကန့်ကွက်နေသည့် အမျိုးသားပညာရေးဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အမျိုးသားပညာရေး ဥပဒေအပေါ် ကျောင်းသားများ ကန့်ကွက် ဆန္ဒပြနေခြင်းနှင့် စပ်လျဉ်း၍ ဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် လွှတ်တော်သို့ ပေးပို့ရန်ရှိကြောင်း၊ လွှတ်တော်ပိုင်းကလည်း ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ၀ိုင်းဝန်း အကြံပြု ဆွေးနွေးဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်ဟု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။