Friday, October 17, 2014

နားရက်နားပေမယ့် အိမ်ရှင်အသင်းနဲ့ ပရိတ်သတ်ရဲ့အရှိန်အ၀ါကို စိုးရိမ်ပူပန်မှာ မဟုတ်ကြောင်း ယူအေအီးနည်းပြ ပြောဆို

ယူအေအီး နည်းပြဖြစ်သူ Abdulla Ahmed Mesfer က ၎င်း၏အသင်းသည် ပြိုင်ဘက် အခြေအနေပေါ် မူတည်၍ နည်းစနစ်များ ပြောင်းလဲကျင့်သုံး တတ်ကြောင်း၊ ကွာတားဖိုင်နယ် ပွဲစဉ်အတွက် မြန်မာအသင်းသည် နားရက် တစ်ရက် ပိုရထားကြောင်းနှင့် မိမိအသင်းသည် အိမ်ရှင်ပရိတ်သတ်များ၏ အရှိန်အ၀ါကို ကြောက်လန့်နေမည် မဟုတ်ကြောင်း ရင်ဖွင့်ပြောဆိုခဲ့သည်။

ဓာတ်ကြိုးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးမည်

မြန်မာနိုင်ငံတ၀န်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး အဆင့်မြှင့် တင်တာတွေနဲ့ အန္တရာယ်ကင်းအောင်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေပြီလို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦမော်သာထွေးက ပြောကြားလိုက်ပါတယ်။

ဓာတ်ကြိုးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးမည်

Photo: ဓာတ်ကြိုးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးမည်
Friday, October 17, 2014

မြန်မာနိုင်ငံတ၀န်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး အဆင့်မြှင့် တင်တာတွေနဲ့ အန္တရာယ်ကင်းအောင်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေပြီလို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦမော်သာထွေးက ပြောကြားလိုက်ပါတယ်။

ပြည်သူတွေ လျှပ်စစ်အန္တရာယ် မကြုံတွေဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး စတင် အဆင့်မြှင့်တင်နေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူက ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောသွားပါတယ်။မြို့နယ်အသီးသီးမှာ  ဓာတ်အားဖြန့်ဖြူးပေးနေ တဲ့ ဓာတ်ကြိုးတွေ ပြုတ်ကျ ရင်တောင် အန္တရာယ် မဖြစ်နိုင်အောင် ဂျပန်နိုင်ငံမှာ သုံးတဲ့နည်းပညာ တခု ဖြစ်တဲ့  နိုင်လွန် ပလတ်စတစ်တွေနဲ့ လင့်ကော်နက်ရှင် ယူပြီး တပ် ဆင်နေ ကြောင်း ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။

ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျပေမယ့်လည်း ဓာတ်လိုက်ခံရမှု မရှိစေဖို့အတွက် ဓာတ်အားလိုင်းတွေမှာ Earth ring၊ Earth bar system တွေအပြင် ဓာတ်ကြိုး ပြတ်ကျတာတွေကိုပါ ကာကွယ်နိုင်ဖို့အတွက် စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အား အသုံးပြုတာများလာတဲ့နဲ့အမျှ သုံးစွဲတဲ့လျှပ်စစ်ဝန်ကို ခံနိုင်ရည် မရှိတဲ့ကြိုးတွေက ပြတ်ကျတာဖြစ်ကြောင်း၊ ဒီကြိုးတွေနေရာမှာ ကြိုးအသစ်တွေကို အရေးကြီးတဲ့နေရာကို ဦးစားပေးပြီး နိုင်ငံတော်ဘတ်ဂျက် ပြည်ပချေးငွေတွေနဲ့ လဲလှယ် တပ်ဆင်ပေးနေကြောင်းလည်း ပြည်ထောင်စုဒုဝန်ကြီးက ပြောသွားပါတယ်။

နောက်ပိုင်း တပ်ဆင်တဲ့ ဓာတ်ကြိုးတွေကိုလည်း တန်ဖိုးမြင့်တဲ့ အင်ဆူလိတ်တက် ၀ါယာ တွေကိုသာ အသုံးပြုတော့မှာပါလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေအတွင်းက  ရန်ကုန်တိုင်းအတွင်း  ကမာရွတ်၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာစတဲ့မြို့နယ်တွေမှာ  ဓာတ်ကြိုး ပြတ်ကျရာမှာ အနည်းဆုံး  လူ ၆ ဦး သေဆုံးခဲ့ရပြီးနောက် လျှပ်စစ်ဓာတ်မီးကြိုးတွေ အန္တရာယ်နဲ့ ပတ်သက်ပြီး လူထုတွေအကြား စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေတာလည်း ဖြစ်ပါတယ်။

DVB TV News
မြန်မာနိုင်ငံတ၀န်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး အဆင့်မြှင့် တင်တာတွေနဲ့ အန္တရာယ်ကင်းအောင်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေပြီလို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦမော်သာထွေးက ပြောကြားလိုက်ပါတယ်။
ပြည်သူတွေ လျှပ်စစ်အန္တရာယ် မကြုံတွေဖို့အတွက် လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး စတင် အဆင့်မြှင့်တင်နေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူက ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောသွားပါတယ်။မြို့နယ်အသီးသီးမှာ ဓာတ်အားဖြန့်ဖြူးပေးနေ တဲ့ ဓာတ်ကြိုးတွေ ပြုတ်ကျ ရင်တောင် အန္တရာယ် မဖြစ်နိုင်အောင် ဂျပန်နိုင်ငံမှာ သုံးတဲ့နည်းပညာ တခု ဖြစ်တဲ့ နိုင်လွန် ပလတ်စတစ်တွေနဲ့ လင့်ကော်နက်ရှင် ယူပြီး တပ် ဆင်နေ ကြောင်း ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။

၃ နှစ်ကျော်အတွင်း စင်ကာပူနိုင်ငံက ပထမဆုံး သေဒဏ်

Photo: ၃ နှစ်ကျော်အတွင်း စင်ကာပူနိုင်ငံက ပထမဆုံး သေဒဏ်
Friday, October 17, 2014

စင်ကာပူနိုင်ငံဟာ မကြာသေးခင်က မူးယစ်ဆေးမှောင်ခိုရောင်းဝယ်တဲ့ အမျိုးသား ၂ ဦးကို ကြိုးပေး စီရင်ခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ကျော်အတွင်း ဒီနိုင်ငံမှာ ပထမဆုံး သေဒဏ် စီရင်လိုက်တာပါ။ စင်ကာပူနိုင်ငံဟာ ဥပဒေအရ သေဒဏ်ဟာ မဖြစ်မနေ ပြဋ္ဌာန်း သင့်လားဆိုတာ ကို ပြန်လည် သုံးသပ်နေစဉ်အတွင်း ၂၀၁၁ ဇူလိုင်လကစ လို့ သေဒဏ်စီရင်ချက်ကို ရပ်ဆိုင်း ခဲ့ပါတယ်။
အခုတော့ တချို့အမှုတွေအတွက် တရာသူကြီးတွေကို ဆုံးဖြတ်ခွင့် အာဏာ အပ်နှင်းလိုက်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းအရ စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ သေဒဏ်ချမှတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဒီနိုင်ငံရဲ့တရားစီရင်ရေးနဲ့ သေဒဏ်ချမှတ်မှုအပေါ် ဝေဖန်ရေးစာအုပ် ရေးသားခဲ့သူ ဗြိတိသျှ စာရေးဆရာ အယ်လန်ရှာဒရိက်ကို ထောင်ချခဲ့ပါတယ်။
မော်နီကာကော့တ်ဝါနီဟာ သူ ထောင်မကျခင်မှာ သွားရောက် တွေ့ဆုံခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ သေဒဏ်ချမှတ်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဒီအစီရင်ခံစာကို ပြန်လည် တင်သွင်းခဲ့ပါတယ်။

ဗြိတိသျှစာရေးဆရာနဲ့ ဂျာနယ်လစ် အယ်လန်ရှာဒရိက်ရဲ့ စင်ကာပူ အကျဉ်းထောင်က ကြိုးတိုက်ဒေါက်ဖြုတ်ဝန်ထမ်းဟောင်းတဦးနဲ့ ရှားရှားပါးပါး အင်တာဗျူးတခုဟာ ၂၀၀၅ ခုနှစ်မှာ ပထမဆုံးသတင်းထူး ဖြစ်သွားခဲ့ပါတယ်။

ကြိုးတိုက်က အကျဉ်းသားတွေကို ဒေါတ်ဖြုတ်သမားက ဘယ်လို ကြိုးပေးစီရင်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခဲ့ပါတယ်။

“ကျနော်က လူငယ်တွေကို ကြိုးမပေးသင့်ဘဲ ပေးတာမျိုးတွေလို ကြောက်စရာကောင်းတဲ့ တရားမဲ့စီရင်မှု အတော်များများကို ကိုးကားရေးသားခဲ့တာပါ။”

အဲဒီအမှုတွေထဲက တခုကတော့ ဗစ်ဂနက်စ်မော်သီရဲ့အမှုပါ။ သူဟာ အသက် ၂၃ နှစ်အရွယ် မလေးရှားလူမျိုးတဦး ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ ဂရမ် ၃၀ အောက်ရှိတဲ့ ဘိန်းဖြူကို စင်ကာပူနိုင်ငံကို တင်သွင်းမှုနဲ့ ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။
သူ့ကို ဒီလို စီရင်ချက်ချဖို့ သုံးခဲ့တဲ့ သက်သေအထောက်အထားတွေက အကျင့်ပျက် ရဲဝန်ထမ်းတဦးစီက ဖြစ်ပြီး အခုချိန်မှာ ဒီရဲဝန်ထမ်းကို စုံစမ်းစစ်ဆေးနေပြီ”လို့ အယ်လန်က ဆိုပါတယ်။

“သူ့ကို အခု မုဒိမ်းမှုရယ်၊ သူ့မိတ်ဆွေအခန်းမှာ လက်ထိတ်ခတ်ထားတဲ့ အမျိုးသမီးတဦးကို ဓမ္မတာနဲ့ ဆန့်ကျင်ပြီး ကိုယ်လက်နှီးနှောမှုအတွက် စုံစမ်းစစ်ဆေးနေပြီ။ ဟိုလူငယ်ရဲ့အမှုကို စစ်နေတုန်းကတည်းက ဒါတွေကို သိထားမှာ သေချာတယ်။ ကောင်လေးကတော့ ကြိုးပေးခံ သွားရတယ်လေ။ နောက် ၂ နှစ်ကြာတော့ ဟိုအမျိုးသမီးက မုဒိမ်းမှုနဲ့ တရားစွဲတဲ့အခါ ဒီ ရဲအရာရှိကို အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲလိုက်တယ်။ အဲတော့ သူက လာဘ်ထိုးဖို့ ကြိုးစားတယ်။ သူ့ကို ထောင် ၁၅ လ ချခဲ့တယ်။ အခု ကျနော်က ထိပ်တန်းရှေ့နေတဦးနဲ့ အင်တာဗျူး ထားတယ်။ တိပ်နဲ့ မှတ်တမ်းတင်ထားတယ်။ သူက ဘာပြောလဲဆိုတော့ အကယ်၍သာ ဒီရဲအရာရှိကို အရင်ဆုံး တရားရုံးမှာ စစ်ဆေးခဲ့ရင် ဗစ်ဂနက်စ်မော်သီကို ဆေးမှောင်ခိုမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချဖြစ်မှာ မဟုတ်ဘူးတဲ့” လို့ အယ်လန်က ဆိုပါတယ်။

ဒီစာအုပ်ထွက်လာပြီးတဲ့နောက်ပိုင်း ဗစ်ဂနက်စ်မော်သီရဲ့မိသားစုဟာ သူတို့သားကို မှားယွင်း စီရင်မိကြောင်း စင်ကာပူအစိုးရကို ၀န်ခံဖို့ တောင်းဆိုခဲ့ပါတယ်။ အန်ဆူရင်ဒရန်ဟာ လွတ်လပ်သော ဥပဒေပညာရှင်များအဖွဲ့ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ သားတဦးကို ဥပဒေနဲ့ မညီ မှားယွင်း ကွပ်မျက်ခံလိုက်ရတဲ့ မိသားစုရဲ့ အမှုကို ပြန်ကောက်နေပါတယ်။ စင်ကာပူနိုင်ငံက တရားစွဲထားတဲ့ စာရေးဆရာ အယ်လန်ရှာဒရိက်ရဲ့အမှုကို ပြန်ကောက်နေပါတယ်။ တကယ့်တော့ သူလုပ်တာ ကောင်းတယ်။ တကယ် ဖြစ်ခဲ့တဲ့ ကြောက်စရာအဖြစ်တွေကို သူက ဖွင့်ချတာ။ မလေးရှားနိုင်ငံသား တဦးကို ကြိုးပေးတာအပါအ၀င် သိပ်ကို ဆိုးဝါးတဲ့ မှားယွင်းစီရင်တာတွေကို သူက ဖွင့်ချတာ” လို့ ဆူရင်ဒရန်က ဆိုပါတယ်။

ဗစ်ဂနက်စ်မော်သီကို ကယ်ဖို့ သိပ်ကို နောက်ကျသွားပြီး ဖြစ်ပေမယ့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဥပဒေပညာရှင်တွေဟာ ကြိုးတိုက်ထဲ ရောက်နေတဲ့ နောက်ထပ် မလေးရှားလူငယ် ဘိန်းမှောင်ခိုသမားတဦးကို ကယ်တင်ဖို့ တိုက်ပွဲဝင်နေကြပါတယ်။

ဥပဒေအရ သေဒဏ်ထိုက်တဲ့ အမြင့်ဆုံးပမာဏရဲ့၂ ဆကျော်ရှိတဲ့ ဘိန်းဖြူ ၄၇ ဂရမ်ကို လက်ဝယ်ပိုင်ဆိုင်မှုနဲ့ စင်ကာပူနိုင်ငံမှာ အဖမ်းခံရချိန်မှာ ဗူအီကောင်းဟာ အသက် ၁၉ နှစ် ရှိနေပါပြီ။ လွတ်လပ်သောဥပဒေပညာရှင်များအဖွဲ့မှ လာသီဖာခိုယာက မလေးရှားအစိုးရအနေနဲ့ စင်ကာပူအစိုးရကို ဗူအီကောင်းရဲ့အမှုကို သက်သက်ညှာညှာ စီရင်ဖို့ မေတ္တာရပ်ရုံနဲ့ မလုံ လောက်ဘူးလို့ ဆိုပါတယ်။

“ဆာဘားပြည်နယ်က ဒီကလေးမှာ ပြောရေးဆိုခွင် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးတန်ဖိုးလဲ မရှိဘူး။ ဒီတော့ ဒီမလေးရှားလူငယ်ကို ကယ်နိုင်မလားဆိုတော့ အစိုးရဘက်က(သို့) နိုင်ငံရေးသမားတွေဘက်က တင်းမာတဲ့တုန့်ပြန်မှုတွေ မရှိသေးဘူးလို့ပဲ ဆိုရမယ်။ တယောက်တော့ ဆုံးရှုံးလိုက်ရပြီ။ ဒါပေမယ့် နောက်တယောက် ကယ်ဖို့တော့ နောက်မကျသေးပါဘူး” လို့ လာသီဖာက ဆိုပါတယ်။

ဒီလူငယ်ကို ကယ်တင်ရေးတိုက်ပွဲဟာ စင်ကာပူနိုင်ငံမှာလည်း ဖြစ်ပွားနေပါပြီ။
စင်ကာပူနိုင်ငံသား ၁၅၀ ကျော်ဟာ မိုးထဲမှာပဲ ပြည့်သူ့ဟစ်တိုင်မှာ စုရုံး ရောက်ရှိနေကြပါတယ်။ မူးယစ်ဆေးမှောင်ခိုမှု နဲ့ သေဒဏ်ကျခံရမယ့် မလေးရှားလူငယ် ဗူအီကောင်းကို ထောက်ခံအားပေးဖို့ ဒီနေရာကို ရောက်ရှိနေတာပါ။

လူအခွင့်အရေးဥပဒေပညာရှင် အမ်ရာဗီက သူ့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေတဦးပါ။

“ယောင်ဗူအီကောင်းက ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်တဦးပါ။ ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာပြီး လူကောင်းအဖြစ် ပြုပြင်ပြောင်းလဲလိုက်ပါပြီ။ နောက်ဆုံးအကြိမ်အဖြစ် ဗူအီကောင်း အတွက် စာနာရိုင်းပင်းမှုကို တောင်းခံတဲ့နေ့က လူ ၄၀ လောက် လာတက်တယ်။ တက်ရောက်လာသူတွေရဲ့ ဓာတ်ပုံကို ဗူအီကောင်းကို ပြတော့ ၂၀ မိနစ်လောက် တွေတွေကြီး စိုက်ကြည့်နေတယ်။ ၀မ်းနည်းစရာကောင်းတာက စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း လက်ရှိသမ္မတ အာဏာရလာချိန်ကစလို့ အစိုးရအဖွဲ့ဟာ ကြိုးပေးခံရသူတွေကို သက်သက်ညှာညှာ စီရင်ဖို့ လုံးလုံး မစဉ်းစားခဲ့ဘူး။ သမ္မတမှာလည်း အာဏာမရှိဘူးဆိုတာ ကျနော်တို့ အားလုံး သိသွားပြီ။ ဒီတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကြိုးပေးခံလိုက်ရသူတွေ ဘယ်နှစ်ယောက်ရှိမလဲ” လို့ ရာဗီကဆိုပါတယ်။

တရားရေးဝန်ကြီးကေရှန်မူဂမ်က ဗူအီကောင်းကို သက်ညှာခွင့် ပေးလိုက်ရင် မူးယစ်ရာဇာတွေကို မီးစိမ်းပြလိုက်သလို ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ရာဇာတွေ အဖို့ လူငယ် ဒါမှမဟုတ် သားသည်အမေတွေကို တည်ကြက်အဖြစ် ထားပြီး စင်ကာပူနိုင်ငံကို မူးယစ်ဆေးသွင်းဖို့ ခွင့်ပြုလိုက်သလို ဖြစ်သွားလိမ့်လို့ သူက ဆိုပါတယ်။

အာရှကောလင်းအစီအစဉ်အတွက်  မော်နီကာကော့တ်ဝါနီ မလေးရှားနဲ့ စင်ကာပူနိုင်ငံကနေ သတင်းပေးပို့တာပါ။

နောက်ဆက်တွဲသတင်း - ကျနော်တို့ရဲ့ Asia Calling သတင်းမှတ်တမ်းဟောင်းမှ သတင်းတပုဒ်ကို မော်နီကာကနေ တင်သွင်းခဲ့တဲ့အတွက် အခုဆိုရင် ကြိုးမိန့်စောင့်နေတဲ့ မူးယစ်ဆေးမှောင်ခိုသမား ယောင်ဗူအီကောင်းဟာ ယစ်မျိုးဥပဒေကို အလွဲသုံးမှုအားပြင်ဆင်ချက်ဥပဒေအရ သေဒဏ်ကနေ ကြိမ်ဒဏ် ၁၅ ချက်နဲ့ တစ်သက်တစ်ကျွန်းအပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရမယ့် ပထမဆုံးအကျဉ်းသားဖြစ်လာခဲ့ပါပြီ။ ဒီနေ့ ကတော့ ကျွန်တော့်အမှုသည်ရဲ့ဘ၀မှာ အပျော်ဆုံးနေ့ဖြစ်ပါတယ်။ ယောင်လဲ သူ့အမှားကိုသိပြီး နောင်တရနေ ပါပြီ။ အသက်ရှင်ခွင့်ပြန်ရတာကိုပဲ သူက၀မ်းသာနေတာပါလို့ မီဒီယာတွေ့ဆုံခန်းတခုမှာ ယောင်ရဲ့အကျိုး ဆောင်ရှေ့နေဖြစ်တဲ့ မစ္စတာအမ်ရာဗီကဆိုပါတယ်။

DVB TV News
စင်ကာပူနိုင်ငံဟာ မကြာသေးခင်က မူးယစ်ဆေးမှောင်ခိုရောင်းဝယ်တဲ့ အမျိုးသား ၂ ဦးကို ကြိုးပေး စီရင်ခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ကျော်အတွင်း ဒီနိုင်ငံမှာ ပထမဆုံး သေဒဏ် စီရင်လိုက်တာပါ။ စင်ကာပူနိုင်ငံဟာ ဥပဒေအရ သေဒဏ်ဟာ မဖြစ်မနေ ပြဋ္ဌာန်း သင့်လားဆိုတာ ကို ပြန်လည် သုံးသပ်နေစဉ်အတွင်း ၂၀၁၁ ဇူလိုင်လကစ လို့ သေဒဏ်စီရင်ချက်ကို ရပ်ဆိုင်း ခဲ့ပါတယ်။
အခုတော့ တချို့အမှုတွေအတွက် တရာသူကြီးတွေကို ဆုံးဖြတ်ခွင့် အာဏာ အပ်နှင်းလိုက်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းအရ စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ သေဒဏ်ချမှတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

ယူ ၁၉ မြန်မာနည်းပြသုံးသပ်ချက်

Photo: Friday, October 17, 2014

ပြိုင်ဘက်ခြေစွမ်းနှင့် မိမိအသင်း၏ လက်ရှိအခြေအနေကို ရင်ဖွင့်ပြခဲ့သည့် 
မြန်မာယူ(၁၉)အသင်း နည်းပြ Gerd Zeiseက ယူအေအီးအသင်း၏ အုပ်စုအဆင့် ပွဲစဉ်များကို ကြည့်ရှူပြီးနောက် ၎င်းတို့၏ ခြေစွမ်းသည် အထင်ကြီးစရာ ကောင်းကြောင်း၊ ယူအေအီနှင့် ရင်ဆိုင်ရမည့် ပွဲသည် မြန်မာကစားသမားများအတွက် ကမ္ဘာဖလားပြိုင်ပွဲ ၀င်ရောက်ခွင့်ကို ရရှိနိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ကြောင်းနှင့် ယခုပွဲအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောဆိုလိုက်သည်။

"ယူအေအီးအသင်းရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို ကျွန်တော် ကြည့်ရှူခဲ့ပါတယ်။ သူတို့ကစားသွားတာ အထင်ကြီးစရာ ကောင်းပါတယ်။ မြန်မာအသင်းလည်း အသက်ဆက်ဖို့အတွက် ယူအေအီးနဲ့ပွဲကို အစွန်းကုန် တိုက်ပွဲဝင်သွားမှာပါ။
မြန်မာအသင်းအတွက် ဒီပွဲက လာမယ့်နှစ်(၂၀) ၊ ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုအတွက် အကြီးကျယ်ဆုံး ပွဲတစ်ပွဲ ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲ အဆုံးအဖြတ်က ကစားသမားတွေအတွက်လည်း ကမ္ဘာဖလား ပြိုင်ပွဲကို ကစားခွင့်ရဖို့အတွက် ဘ၀မှာ တစ်ကြိမ်သာ ရရှိနိုင်မယ့် အခွင့်အလမ်း တစ်ခုပါပဲ။ အခုဆို ဒီအခွင့်အရေးကို သူတို့ ဆုပ်ကိုင်နိုင်ဖို့ နီးစပ်နေပါပြီး။ ကျွန်တော်လည်း ကျွန်တော့အသင်းသားတွေကို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ဒီပွဲစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်”ဟု Gerd Zeiseက ပြောဆိုသွားခဲ့သည်။

ထို့အပြင် Gerd Zeiseက ယူအေအီးနှင့် ရင်ဆိုင်မည့် မြန်မာအသင်း လူစာရင်းကို အုပ်စုနောက်ဆုံးပွဲအဖြစ် အီရန်နှင့် ကစားခဲ့သည့် ပွဲထွက်လူစာရင်းမှ နေရာတစ်နေရာသာ ပြောင်းလဲမည်ဖြစ်ကြောင်းနှင့် မြန်မာအသင်း ဆေးအဖွဲ့မှ ဒဏ်ရာရ ကစားသမားများကို အစွမ်းကုန် ကြိုးစားကုသပေးနေကြောင်း ထပ်မံပြောဆိုခဲ့သည်။

“နန်းဝေမင်းက ဒဏ်ရာရထားပါတယ်။ တကယ်လို့ သူ ဒဏ်ရာရမနေဘူးဆိုရင်တောင် အခြားနေ့ပွဲတွေမှာ သူကစားတာကို ကျွန်တော် စိတ်တိုင်းမကျခဲ့လို့ ဒီပွဲမှာ သူကစားခွင့် ရမှာ မဟုတ်ပါဘူး။ အုပ်စုနောက်ဆုံး ပွဲပြီးနောက် အခြားကစားသမားတွေလည်း ဒဏ်ရာရနေတာတွေ ရှိပါတယ်။ ဒါပေမယ့် အသင်းဆေးအဖွဲ့ကတော့ အစွမ်းကုန် ကြိုးစားကုသပေးနေပါတယ်။ ကျွန်တော်ရဲ့ အခြားကစားတွေက (အရံ) ဒီအဆင့်မှာ ကစားဖို့ အဆင်မမှီသေးပါဘူး”ဟု Gerd Zeise က ထပ်မံပြောဆိုခဲ့သည်။
Ref; afc.com

ရင်သွေးငယ်
Football Café
ပြိုင်ဘက်ခြေစွမ်းနှင့် မိမိအသင်း၏ လက်ရှိအခြေအနေကို ရင်ဖွင့်ပြခဲ့သည့် မြန်မာယူ(၁၉)အသင်း နည်းပြ Gerd Zeiseက ယူအေအီးအသင်း၏ အုပ်စုအဆင့် ပွဲစဉ်များကို ကြည့်ရှူပြီးနောက် ၎င်းတို့၏ ခြေစွမ်းသည် အထင်ကြီးစရာ ကောင်းကြောင်း၊ ယူအေအီနှင့် ရင်ဆိုင်ရမည့် ပွဲသည် မြန်မာ ကစားသမားများအတွက် ကမ္ဘာဖလားပြိုင်ပွဲ ၀င်ရောက်ခွင့်ကို ရရှိနိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ကြောင်းနှင့် ယခုပွဲအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောဆိုလိုက်သည်။

ကိုယ်စားလှယ်ဦးရေ နည်းပါး၍ ဥပဒေပြုရေးတွင် ဩဇာမရှိ ဖြစ်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြော

DASSK
နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ နည်းပါးနေသည့်အတွက် ဥပဒေပြုရေးတွင် ဩဇာမရှိဖြစ်နေသည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြောသည်။
၎င်းက "လွှတ်တော်ထဲမှာ အင်န်အယ်ဒီက လွှတ်တော်ကိုယ်စားလှယ် ၄၆ ယောက်ပဲရှိတော့ ဥပဒေပြုရေးမှာ ကျွန်မတို့ရဲ့ ဩဇာမရှိဘူး။ မရှိတာက မရှိတာပဲ" ဟု ပြောသည်။