Thursday, July 10, 2014

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေး လိုက်ပါ သည်။

အမြန် လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေ အနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင် အရှိန်လွန် မောင်းနှင်ခြင်း ထိန်းချုပ်ရေး စနစ် B'Smart ဖြင့် စမ်းသပ် ဆောင်ရွက်နေ

အမြန်လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေအနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးစနစ် B'Smart အကောင်အထည်ဖော် ဆောင်ရွက်ရေးအစည်းအဝေးနှင့် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေး ဝန်ကြီး ဌာန၌ ကျင်း ပ သည်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး

Photo: အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး
Thursday, July 10, 2014 

အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက်စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါဟာ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုစတာ ၃ ရက်အတွင်း အကြီးဆုံး လူသေမှု ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ခန်းယွန်းစ်မြို့နားက လူသိပ်သည်းတဲ့ဒေသမှာ ဒေသခံတွေ အိပ်ချိန်အတွင်း အနည်းဆုံး အိမ် ၂ လုံးပေါ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ဗုံးကြဲချခဲ့တာလို့ ဒေသခံတွေနဲ့ ဆေးဘက်အရာရှိတွေက ပြောပြီး ဒီတိုက်ခိုက်မှုကြောင့် တခြားလူ ၁၆ ယောက် ဒဏ်ရာရတယ်လို့လဲ ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတဲ့ ဂါဇာက ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အယောက် ၆၀ သေဆုံးခဲ့ပြီး အများစုကတော့ အရပ်သား တွေ ဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ သေနတ်သမားတွေက ဒုံးကျည် ၂၀၀ ကျော် ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် အစ္စရေးတောင်ပိုင်း စီးပွားရေးတွေ ရပ်တန့်ကုန်ပြီး ထောင်သောင်းချီတဲ့လူတွေဟာ ခိုလှုံရာအတွက် အလုအယက် ကြိုးပမ်းနေရပါတယ်။

ဟားမတ်အဖွဲ့ဘက်က ၁ နာရီအတွင်း ဒုံးကျည်အလုံး ၃၀ လောက် အစ္စရေး တောင်ပိုင်းမြို့တွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ကြေညာအပြီး ခုလို ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အစီရင်ခံမှုတော့ မရှိသေးပါဘူး။

ဒီဗွီဘီ
အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက် စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

"အဆင်းရဲဆုံးနိုင်ငံဟု လူသိများသည့် အီသီယိုးပီးယားနိုင်ငံက မြန်မာထက် ပိုချမ်းသာနေ"

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သော နိုင်ငံ၏ ဆင်းရဲ၊ ချမ်းသာ စစ်တမ်းကို ကမ္ဘာ့ဘဏ် က ဖော်ပြခဲ့ ရာတွင် မြန်မာက အဆင့် ၂ဝ၃ တွင် ရပ်တည် နိုင် ခဲ့သည်။

ဆင်းရဲ၍ အိမ်နီးချင်းနိုင်ငံကို အမှီပြုနေရသော မြောက်ကိုရီးယား၊ ပင်လယ် ဓားပြပေါများရာ ဆိုမာလီယာနှင့် ငတ်မွတ်မှုရှိသော အီသီယိုး ပီးယား တို့အောက်တွင် မြန်မာက ရှိနေသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား

Photo: လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား
Thursday, July 10, 2014

လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိတ်ဖက် တိုင်းရင်းသားပါတီများက ဇူလိုင် ၇ ရက်က ပူးတွဲ သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က “လေးပွင့်ဆိုင်ဆွေးနွေးမှုက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ရှိတာပေါ့။ နိုင်ငံရေးအကျပ်အတည်းတွေ အခြားပြဿနာတွေရှိတယ်။ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်လို့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် အစိုးရ တစ်ဖက်တည်း ဆောင်ရွက်နေလို့မဖြစ်ပါဘူး။ ထို့အတူ ပြည်သူတစ်ဖက်တည်း ဆောင်ရွက်နေလို့ မဖြစ်ပါဘူး။ ထို့အတူ ပြည်သူ့လွှတ်တော်၊ တပ်မတော်ကရော အားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးဆိုလို့ရှိရင်တော့ တိုင်းပြည်ဟာ လျင်လျင်မြန်မြန် တိုးတက်သွားမယ့် အနေအထားမျိုးရှိပါတယ်။ ဒါကြောင့်မို့ အရေးပါတဲ့ ပုဂ္ဂိုလ်လေးဦးကတွေ့ဆုံပြီးတော့ ဆွေးနွေးကြမယ် ဆိုရင် ပြည်သူလူထုကလည်း ၀မ်းပန်းတသာရှိမယ်။ နောက်ပြီးတော့ အခက်အခဲပြဿနာတွေကိုလည်း လျင်လျင်မြန်မြန်လေး ဖြေရှင်းနိုင်မယ်ပေါ့” ဟု ပြောကြေားသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျပ်အတည်း ကာလကို ရောက်ရှိနေသည့်အပြင် လှုံ့ဆော်မှုများကြောင့် လူမျိုးရေး အသွင်ဆောင် သည့်ပြဿနာများ၊ လယ်ယာမြေပြနာများနှင့် အခြားအခြားသော ပြဿနာ များစွာ ဖြစ်ပေါ်လျက်ရှိနေသည်။

“တိုင်းပြည်အတွက် အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းတဲ့အခါပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ဆွေးနွေးတဲ့အခါပဲဖြစ်ဖြစ်ပြီးတော့ အနာဂတ်တိုင်းပြည်အရေးအတွက်ပဲ ဖြစ်ဖြစ် ဆွေးနွေးတဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါသင့်တယ်။ ပြီးတော့ သဘောထားကိုလည်း ထုတ်ဖော်ပြီးတော့ ပြည်သူတွေသိသာအောင် ပြောသင့်တယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒါကြောင့် ကဏ္ဍအသီးသီးမှာ တာဝန်ရှိကြတဲ့ပုဂ္ဂိုလ်များဟာ တွေ့ဆုံဆွေးနွေးပြီးတော့ တိုင်းပြည်အရေးအတွက် ဆွေးနွေးသင့်တယ်လို့ ဆုံးဖြတ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

1ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက သမ္မတထံသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လူထုခေါင်းဆောင် တို့၏ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရန် ပြည်သူများက ဆန္ဒထုတ်ဖော်တောင်းဆိုမှုများပင် ပြုလုပ်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်တိုင်းရင်းသားပါတီများ ကလည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဇူလိုင် ၅ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-NLD)
Eleven Media Group
လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များ က ပြောကြားသည်။

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသော မွန်းတည့်နေဂျာနယ်နှစ်စောင်စလုံး ထုတ်ဝေမှု တစ်ပတ်ရပ်နားမည်

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှုအက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသော မွန်းတည့်နေဂျာနယ်နှင့် Bi မွန်းတည့်နေဂျာနယ် နှစ်စောင်စလုံး ထုတ်ဝေမှုတစ်ပတ် ရပ်နားသွားမည်ဖြစ်ကြောင်း မွန်းတည့်နေဂျာနယ်မှ

ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်

Photo: ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်
Thursday, July 10, 2014 

ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုပွဲပြီးသည်အထိ
တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ဖြင့် နောက်ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။ 

အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာကွယ်မှုများကြောင့်
အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံးဗိုလ်လုပွဲဆီကိုတက်ရောက်သွားနိုင်ခဲ့သည်။ ရိုမီရိုသည် နယ်သာလန်အသင်းမှ ဗီလာ နှင့် ရှနိုက်ဒါတို့ကန်သွင်းသည့် ပင်နယ်တီနှစ်လုံးကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကတော့ ပင်နယ်တီကန်သွင်းမှုတိုင်းမှာ အမှားအယွင်းမရှိခဲ့သည့်အတွက် လေးဂိုးမြောက်ကန်သွင်းအပြီးမှာ ဖိုင်နယ်လှေကားတက်ရောက်ခွင့် အဖြေထုတ်သွားနိုင်ခဲ့သည်။ 

အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကိုရခဲ့တာကြောင့်ရိုမီရိုအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလား၏ ရွှေလက်အိတ်ဆုအတွက် မျှော်လင့်ချက်အားကောင်းနေသည်။ အာဂျင်တီးနားအနိုင်ကြောင့် ဖိုင်နယ်ပွဲစဉ် နှင့် တတိယလုပွဲ ပွဲစဉ်သည်
ဥရောပ နှင့် တောင်အမေရိကအသင်းများ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်ရတော့မည်ဖြစ်၏။ အာဂျင်တီးနားအသင်းသည်
ကမ္ဘာ့ဖလား ပင်နယ်တီ အဆုံးအဖြတ် (၅)ကြိမ်တွင် (၄)ကြိမ်အနိုင်ရခဲ့သလို ကမ္ဘာ့ဖလား၏ ဆီးမီးပွဲစဉ်တိုင်းကို ဖြတ်ကျော်နိုင်သည့် 
အသင်းလည်းဖြစ်ခဲ့သည်။ နယ်သာလန်အသင်းသည် ပြီးခဲ့သည့် ၉၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးကို ပင်နယ်တီမှာရှုံးနိမ့်ခဲ့ဖူးသည့် အတွက် တောင်အမေရိကအသင်းများကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆီးမီးဖိုင်နယ်မှာ ရှုံးခဲ့သည့် အစဉ်အလာဖြစ်သွားသည်။ အာဂျင်တီးနားအသင်းသည် 
ဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်အသင်းအား ဂိုးပြတ်နဲ့ချေမှုန်းလာသည့် ဂျာမနီအသင်းနဲ့ ရီရိုမြေမှာ ဂျူလိုင်လ ၁၄ ရက်နေ့မနက်မှာ 
ချန်ပီယံမှတ်တမ်းရေးထိုးနိုင်ရေး ထပ်မံအဖြေထုတ်ရတော့မည်ဖြစ်၏။။။။ 

မိုးတိမ်

Football Café
ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ပွဲပြီးသည်အထိတစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီ အဆုံး အဖြတ်ဖြင့် နောက် ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။
အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာ ကွယ်မှု များကြောင့်အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုး ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံး

အ၀လွန်မှုကြောင့် အပေါက်ကျွံပြီး ဖမ်းဆီး ခံလိုက်ရတဲ့ သူခိုး

 တရုတ်နိုင်ငံက သူခိုးတစ်ဦးဟာ အိမ် တစ်အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားရာမှာ အပေါက် ကျွံပြီး ပြန်မထွက်နို င် ခဲ့တာမို့ ဖမ်းဆီး ခံလိုက်ရ တယ်လို့ သိရပါတယ်။ ချန်ဒူးမြို့မှာ ရှိတဲ့ နေအိမ် တစ်အိမ်ကို အသက် (၃၅)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ယီဖူက ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ယီဖူရဲ့ ကိုယ်အလေးချိန်က (၂၆၆) ပေါင်အထိ ရှိပါတယ်။ ယီဖူဟာ ဓား တစ်ချောင်းကို ကိုင်ပြီး ဖောက်ထွင်း ကိရိယာ တွေနဲ့ နေအိမ်ထဲကို ခိုးဝင်ခဲ့ပါတယ်။

အမြန်လမ်းမကြီးများဘေးရှိ လူနေအိမ်များ ဖျက်ပေးရန် မလိုတော့

နိုင်ငံတစ်ဝန်းရှိ လမ်းမ ကြီးများဘေးတွင် တည်ဆောက် ထားသော နေအိမ်အဆောက်အအုံများအား လမ်းများ တိုးချဲ့ရန် ဖျက်သိမ်းဖို့ စီစဉ်ခဲ့သော်လည်း ယခုအခါ မူလအတိုင်း ထားရှိတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု အစိုးရသစ်လက်ထက် တွင်ပင် ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းထားသော လမ်းမကြီးများ ဥပဒေတွင် ချွတ် ယွင်းချက်များ ပါရှိသဖြင့် ယင်း ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ကို လွှတ်တော်နှစ်ရပ်တွင် တင် သွင်းခဲ့ပြီး ယခုလ ၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။