Friday, April 4, 2014

အပူချိန်ပြောင်းလဲနိုင်ပြီး ဖျော်ဖြေရေးစနစ်တွေပါဝင်တဲ့ နောက်ဆုံးပေါ် ရေမြှပ်အိပ်ရာ

အပူချိန်ပြောင်းလဲနိုင်ပြီး ဖျော်ဖြေရေးစနစ်တွေပါဝင်တဲ့ နောက်ဆုံးပေါ် ရေမြှပ်အိပ်ရာ
Friday, April 4, 2014 

Balluga ရေမြှုပ်အိပ်ရာတွေကို တီထွင်ခဲ့သူကတော့ လန်ဒန်မြောက်ပိုင်းက အသက် ၅၂ နှစ်အရွယ် အင်ဂျင်နီယာ ဂျိုးကာတန်ပါ။

ဈေးနှုန်း ပေါင် တစ်ထောင် ရှိတဲ့ Balluga ရေမြှပ်အိပ်ရာကို ဘယ်အလေးချိန်၊အရွယ်အစားနဲ့ မဆို အလိုက်သင့် ဖြစ်စေတဲ့ ရေမြှပ်လေဘောလုံး သေးသေးလေးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အပူချိန်ထိန်းချုပ်နိုင်တဲ့စနစ် တစ်ခါတည်းပါရှိပြီး အိပ်ရာရဲ့မျက်နှာပြင်အနှံ့ အပြားကနေ အပူပေးနိုင်၊ အအေးပေးနိုင်ပါတယ်။ အိပ်ရာ ရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း အပူချိန်ကို သီးခြားပြောင်းလဲနိုင်တာမို့ အဖော်နဲ့ အိပ်မယ်ဆိုရင်လည်း ကိုယ်ကြိုက်တဲ့ အပူချိန်ကို ကိုယ်ထားနိုင်မှာပါ။

Balluga အိပ်ရာမှာ တုန်ခါလှုပ်ရှားနိုင်တဲ့ပစ္စည်းလေးတွေ တစ်ခါတည်းထည့်သွင်းထားပြီး ပြင်ပရာသီဥတုမျိုး ခံစားချင်ရင်လည်း တစ်ပါတည်းပါဝင်တဲ့ ဖျော်ဖြေရေးစနစ်တွေနဲ့ ချိတ်ဆက်နိုင်ပါသေးတယ်။ ဥပမာ ဂိမ်းလက်ကိုင်ခလုတ်နဲ့ အိပ်ရာပေါ်မှာ ဆော့နေရင်း ဂိမ်းထဲက တုန်ခါမှုမျိုးကိုပါ အပြင်မှာ ခံစားနိုင်မှာပါ။

ကာတန်ဟာ ဒီပရောဂျက်ကို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ သူ့ အိပ်ရာမှာ အိပ်မပျော်တဲ့ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပြီးနောက် ပြီးပြည့်စုံတဲ့အိပ်ရာတစ်ခုကို ဖန်တီးဖို့  ကာတန် အကြံရခဲ့တာဖြစ်ပါတယ်။

အိပ်ရာမှာ အရေးပေါ် မီးခိုးအချက်ပေးကိရိယာနဲ့ မီးအချက်ပေးကိရိယာတွေပါ ပါဝင်ပါသေးတယ်။ ၀ိုင်ဖိုင်နဲ့ ချိတ်ဆက်ပြီး အင်တာနက်က ဖျော်ဖြေရေးစနစ်တွေနဲ့ ချိတ်ဆက်နိုင်သလို ကိုယ်ကြိုက်တဲ့ ရှုခင်းမြင်ကွင်းပုံကို မျက်နှာကြက်နဲ့ နံရံတွေမှာ ပြသထားနိုင်ပြီး သဘာဝဆန်တဲ့အရသာမျိုးကိုလည်း ခံစားနိုင်မယ်လို့ ဆိုပါတယ်။ ရွေးချယ်ထားတဲ့ ရှုခင်းပုံဟာ အိပ်စက်သွားတာနဲ့ အလိုအလျောက်ပိတ်သွားမှာ ဖြစ်ပါတယ်။

၂၀၁၄ နိုဝင်ဘာကစပြီး ပေါင် တစ်ထောင်ဈေးနှုန်း နဲ့ အနှစ် ၂၀ အာမခံပေးပြီး Balluga အိပ်ရာတွေကို ရောင်းချသွားမယ်လို့ သိရပါတယ်။

Trend Myanmar

 https://www.youtube.com/watch?v=exQE-cTtd_A
Balluga ရေမြှုပ်အိပ်ရာတွေကို တီထွင်ခဲ့သူကတော့ လန်ဒန်မြောက်ပိုင်းက အသက် ၅၂ နှစ်အရွယ် အင်ဂျင်နီယာ ဂျိုးကာတန်ပါ။
ဈေးနှုန်း ပေါင် တစ်ထောင် ရှိတဲ့ Balluga ရေမြှပ်အိပ်ရာကို ဘယ်အလေးချိန်၊အရွယ်အစားနဲ့ မဆို အလိုက်သင့် ဖြစ်စေတဲ့ ရေမြှပ်လေဘောလုံး သေးသေးလေးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အပူချိန် ထိန်းချုပ်နိုင်တဲ့စနစ် တစ်ခါတည်းပါရှိပြီး အိပ်ရာရဲ့မျက်နှာပြင်အနှံ့ အပြားကနေ အပူပေးနိုင်၊ အအေးပေးနိုင်ပါတယ်။ အိပ်ရာ ရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း အပူချိန်ကို သီးခြားပြောင်းလဲနိုင် တာမို့ အဖော်နဲ့ အိပ်မယ်ဆိုရင်လည်း ကိုယ်ကြိုက်တဲ့ အပူချိန်ကို ကိုယ်ထားနိုင်မှာပါ။

လေယာဉ်ပျောက်ဆုံးနေရခြင်းမှ ခရီးသည်များနှင့် မသက်ဆိုင်

မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ပျောက်ဆုံးနေရခြင်းကိစ္စတွင် လေယာဉ်ပြန်ပေးဆွဲခြင်း၊ အဖျက် လုပ်ငန်းလုပ်ဆောင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ပုဂ်္ဂိုလ်ရေး ပြဿနာ များဖြင့် ဒုက္ခပေးခြင်းများကို လေယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦးတစ်ယောက်ကမျှ လုပ်ဆောင်ခဲ့ခြင်းမရှိဟု ရဲများ၏ စုံစမ်းစစ်ဆေးမှုများအရ သိရှိရကြောင်း၊ သို့ရာတွင် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူး အပါအ၀င် လေယာဉ်အမှုထမ်းနှင့် ပတ်သက်၍မူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ်က ခါလစ်အဘူဘက်ကာက ပြောခဲ့ သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အနှစ်နှစ်ဆယ်ကြာ အုတ်ခဲ၊ကျောက်စရစ်နဲ့ ရွှံ့ ခဲတွေစားပြီး အသက်ရှင်လာသူ

အနှစ်နှစ်ဆယ်ကြာ အုတ်ခဲ၊ကျောက်စရစ်နဲ့ ရွှံ့ ခဲတွေစားပြီး အသက်ရှင်လာသူ
Thursday, April 3, 2014

အိန္ဒိယနိုင်ငံသား Pakkirappa Hunagundi ဆိုသူဟာ အုတ်၊ကျောက်နဲ့ ရွှံ့ ခဲတွေ စားရတာကို စွဲလမ်း နှစ်သက်နေသူပါ။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သူဟာ အသက် ၁၀ နှစ်သားကတည်းကစပြီး အခုလို စားမကောင်းတဲ့အရာ တွေကို ၀ါးစားရတဲ့ အရသာကို စတင်စွဲလမ်းခဲ့တယ်လို့ ဆိုပါတယ်။

အနှစ်နှစ်ဆယ်အတွင်းမှာ သူဟာ တစ်နေ့ ကို အုတ်ကျိုးအုတ်ပဲ့၊အပျက်အစီး သုံးကီလိုလောက် စားရမှ အာသာပြေတယ်လို့ ပါတယ်။ သူဟာ Karnataka ပြည်နယ်က သူ တို့ ရွာထဲမှာ အုတ်၊ရွှံ့ နဲ့ ကျောက်စရစ်ခဲ တွေကို လိုက်ရှာပြီး စားသောက်လေ့ရှိပါတယ်။

Pica လို့ ခေါ်တဲ့ အစားအသောက်မူမမှန်မှုရောဂါခံစားနေရတယ်လို့  ယူဆရတဲ့ Pakkirappa တစ်ယောက် အခုလို မူမမှန်တဲ့အရာဝတ္ထုတွေကို စားသုံးနေပေမယ့် ဒီအကျင့်ကြောင့် သူ့ ကို ထိခိုက်မှုဆိုးကျိုးတစ်စုံတစ်ရာ မရှိဘူးလို့ ဆိုပါတယ်။

သူဟာ အိန္ဒိယတစ်ခွင့်လှည့်လည်ပြီးတော့လည်း သူ့ ရဲ့ အုတ်ခဲနဲ့ ကျောက်စရစ်တွေကို ၀ါးစားနိုင်တဲ့ စွမ်းရည်ကို ပြသကာ မိသားစုအတွက် ၀င်ငွေရှာပေးချင်တယ်လို့ ပြောပြခဲ့ပါတယ်။

“ ကျွန်တော် ဆယ်နှစ်ကနေစပြီး ဒီအကျင့်ရလာတာပဲ။ ဒါဟာ ကျွန်တော့်အတွက် မရှိမဖြစ်ပဲ။ အသားဟင်းတွေ ကျွန်တော်မစားဘဲနေနိုင်ပေမယ့် အုတ်ခဲနဲ့ ရွှံ့ တွေကိုတော့ မစားဘဲမနေနိုင်ဘူးဗျ”

“ ကျွန်တော် ဘာဆိုးကျိုးမှ မခံစားရပါဘူး။ ကြည့်ပါလား ကျုပ်သွားတွေက အကောင်းအတိုင်းပဲ။ မာလှချည်ရဲ့ ဆိုတဲ့ ကျောက်တုံးတစ်တုံးကို ကျွန်တော်အေးဆေး ကိုက်စားနိုင်တယ်” လို့ သူက ပြောပြခဲ့ပါတယ်။

 အရသာအကောင်းဆုံး လို့  သူသတ်မှတ်ထားတဲ့ ဒီဆောက်လုပ်ရေးပစ္စည်းတွေကို စားသုံးရာမှာ သူဟာ အစာခြေဖို့ အတွက် ရေတစ်ဖန်ခွက်သာ သောက်သုံးပါတယ်။

မိသားစုဝင်အားလုံးက သူ့ အကျင့်ကို ပြင်ပေးဖို့ အနုနည်း၊အကြမ်းနည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပေမယ့် သူ့ ရဲ့ ပုံစံ ကိုတော့ ပြင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

Trend Myanmar

https://www.youtube.com/watch?v=e49iVNXqiDI
အိန္ဒိယနိုင်ငံသား Pakkirappa Hunagundi ဆိုသူဟာ အုတ်၊ကျောက်နဲ့ ရွှံ့ ခဲတွေ စားရတာကို စွဲလမ်း နှစ်သက်နေသူပါ။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သူဟာ အသက် ၁၀ နှစ်သားကတည်းကစပြီး အခုလို စားမကောင်းတဲ့ အရာ တွေကို ၀ါးစားရတဲ့ အရသာကို စတင်စွဲလမ်းခဲ့တယ်လို့ ဆိုပါတယ်။
အနှစ်နှစ်ဆယ်အတွင်းမှာ သူဟာ တစ်နေ့ ကို အုတ်ကျိုးအုတ်ပဲ့၊အပျက်အစီး သုံးကီလိုလောက် စားရမှ အာသာပြေတယ်လို့ ပါတယ်။ သူဟာ Karnataka ပြည်နယ်က သူ တို့ ရွာထဲမှာ အုတ်၊ရွှံ့ နဲ့ ကျောက်စရစ်ခဲ တွေကို လိုက်ရှာပြီး စားသောက်လေ့ရှိပါတယ်။

NLD ပါတီဝင် ငါးထောင်ကျော် အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမည်


ဟင်္သာတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဦးဆောင်၍ ပါတီဝင် ငါးထောင်ကျော်က ဧပြီလ ၁၀ ရက်နေ့တွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော် ထုတ်မည် ဖြစ်ကြောင်း ယင်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားသည်။
အခြေခံဥပဒေပါ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉-ဃ၊ ပုဒ်မ ၅၉-စ တို့ ပြင်ဆင်ရေးအတွက် ပိုစတာ ၅၀၀ ကိုင်ဆောင်ကာ၊ လူတစ်ရာလျှင် လက်ကိုင်ဟွန်း တစ်လုံးစီ ကိုင်ဆောင်မည် ဖြစ်ကြောင်း ပါတီဝင်များ

ရှမ်း နှစ်ပါတီ မပူးပေါင်းလျှင် ရှမ်းလူထု သွေးကွဲမှုများ ဖြစ်နိုင်ဟုဆို


ရှမ်းပါတီများ မပူးပေါင်းဖြစ်ဘဲ သီးခြားပါတီ အနေနှင့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျှင် ဒေသခံရှမ်း လူထုအနေနှင့် အချင်းချင်း သွေးကွဲ မှုများ ဖြစ်ရုံသာမက မဲထည့်ရေး ခက်ခဲမည် ဖြစ်ကြောင်း မိုင်းတုံမြို့နယ်နေ ရှမ်းတိုင်းရင်းသား ဒေသခံ များက ပြောကြားသည်။
“ပါတီတွေ ပေါင်းချင်းပေါင်း၊ မပေါင်းလို့ကတော့ အချင်းချင်း သွေးကွဲတာနဲ့ ကြားလူစားသွားမယ်၊ ရှမ်းမဲပုံး နှစ်ခုဖြစ်ရင် ဘယ်ပါတီမှ မဲမထည့်ဘူး ဆိုတဲ့သူတွေ များလာနေပြီ၊ ရှမ်းတွေ မပေါင်းနိုင်တာ ဘာဖြစ်လို့လဲ၊ ရှမ်းခေါင်းဆောင်တွေ လူမျိုးအတွက် အဖြေရှာကြဖို့တော့ လိုမယ်” ဟု ယခင် SNLD

ကုလအထူးအကြံပေး မစ္စတာဗီဂျေနမ်ဗီးယား လိုင်ဇာသို့ တစ်ညအိပ်ခရီး သွားရောက်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယားသည် ကေအိုင်အို နည်းပညာအဖွဲ့ရုံး (TAT) တာဝန်ရှိသူများနှင့်အတူ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာသို့ ဧပြီလ ၂ ရက်နေ့က တစ်ညအိပ်ခရီး သွားရောက် ခဲ့ကြောင်း ကေအိုင်အို နည်းပညာအဖွဲ့(TAT) ထံမှ စုံစမ်းသိရှိရသည်။
ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယားသည် ဧပြီလ ၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ဧပြီလ ၂ ရက်နေ့ နံနက်တွင် ကေအိုင်အို နည်းပညာအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်နောင်၊ ဆရာဒေါင်ခါးတို့နှင့်အတူ လိုင်ဇာသို့ သွားရောက်၍ ကေအိုင်အို ဗဟိုကော်မတီဝင် များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ ယင်းကဲ့သို့ ကုလကိုယ်စားလှယ်နှင့် ကေအိုင်အို

မိုးကြိုကာလ မိုးတိမ်တောင်နှင့် လေပြင်းအန္တရာယ် သတိပြုရမည်ဟုဆို

နေ့အပူချိန်များ မြင့်တက်နေခြင်းကြောင့် မိုးကြိုကာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့၌ မိုးတိမ်တောင်နှင့် လေပြင်း တိုက်ခတ်မည့် အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလဆန်းနှင့် သင်္ကြန်ရက်များအတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို အခမ်းအနားဖြင့် ဂုဏ်ပြုလက်မှတ် ပေးမည်


၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၅၀ နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ ၅၀ ဦးကို ဧပြီလ ၇ ရက်နေ့တွင် အခမ်းအနားဖြင့် ဂုဏ်ပြု လက်မှတ် ပေးအပ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။
နှစ်စဉ် အခွန်အများဆုံး ထမ်းဆောင်သူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်လေ့ ရှိပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ထမ်းဆောင်သူ ၂၀ ဦးစီကို အခမ်းအနားဖြင့် ဂုဏ်ပြု လက်မှတ် ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် အရေအတွက် တိုးမြှင့်ကာ အခွန်ထမ်းဦးရေ ၅၀ ဦးစီ၊ စုစုပေါင်း ၁၀၀ ဦးကို ပေးအပ်ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

တက္ကဆက်ရှိ အမေရိကန်စစ်စခန်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်သားသုံးဦးသေဆုံး ၁၆ ဦး ဒဏ်ရာရ

Photo: တက္ကဆက်ရှိ အမေရိကန်စစ်စခန်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်သားသုံးဦးသေဆုံး ၁၆ ဦး ဒဏ်ရာရ

အော့စ်တင်၊ ဧပြီ ၃

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် စစ်စခန်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့လေရာ စစ်သားသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ စစ်စခန်းသည် ၂၀၀၉ ခုနှစ်ကလည်းတစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး ထိုပစ်ခတ်မှု ဖြစ်စဉ်ကပိုပြီး ကြီးကျယ်ခဲ့ကာ စစ်သား ၁၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုဖြစ်ပွားခဲ့သည့် စစ်တပ်အတွင်း သေနတ် ပစ်ခတ်သည့် ဖြစ်စဉ်ကြောင့် နှလုံးကြေကွဲရကာ ယင်းကိစ္စအတွက် အသေးစိတ် စုံစမ်းမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်း မရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွးခဲ့သည့် နေရာမှာ စစ်တပ် အခြေစိုက်စခန်း အတွင်းရှိ ကားလ်အာဒါနယ် စစ်ဆေးရုံတွင် ဖြစ်သည်ဟု သတင်း အတည်ပြုချက်များက ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများတွင် အခြေအနေ သိပ်မစိုးရိမ်ရသူများ ရှိသကဲ့သို့ အခြေအနေ အလွန်စိုးရိမ်ရ သူများလည်း ပါဝင်ကြောင်း ဆေးရုံဝန်ထမ်းများက ဆိုသည်။

Ford Hood စစ်စခန်းအတွင်းမှ တပ်ရင်းနံပါတ် (၁) က Twitter မှနေ၍ သတိပေးချက် ထုတ်ပြန်ခဲ့ကာ အနီးအနား အိမ်များအားလုံး တံခါးများ ပိတ်ထားကြစေ လိုကြောင်း၊ ပြတင်းပေါက် များမှ ဝေးဝေးနေကြစေလိုကြောင်း သတိပေးချက် ဖြစ်သည်။

စစ်စခန်းမှ ဒါရိုက်တာအဖွဲ့က အမေရိကန် မီဒီယာများကို သေနတ်သမားအား အသေဖမ်းမိသွားပြီဟု ဖြေကြားခဲ့မှုလည်း ရှိသော်လည်း သက်သေ အထောက်အထားနှင့်တကွ အတည်ပြုခြင်း မဟုတ်ပေ။

သေနတ်ပစ်ခတ်သူမှာ အသက် ၃၄ နှစ်အရွယ်ရှိ တပ်သားသစ် အိုင်ဗန်လိုပက်ဇ် ဖြစ်သည်ဟု အမေရိကန် မီဒီယာများက ရေးသားမှုများရှိပြီး အစိုးရ တရားဝင် ထုတ်ပြန်ချက်များကို ကိုးကားခြင်းတော့ မဟုတ်ပေ။

ပြစ်မှုကျူးလွန်သည့် တပ်သားသည် အီရတ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း စသည့်ဝေဒနာများကို ကုစားခြင်း ခံယူထားရသည်ဟု စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အရာရှိ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ဆိုသည်။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် စစ်စခန်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွားခဲ့လေရာ စစ်သားသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ စစ်စခန်းသည် ၂၀၀၉ ခုနှစ်ကလည်းတစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး ထိုပစ်ခတ်မှု ဖြစ်စဉ်က ပိုပြီး ကြီးကျယ်ခဲ့ကာ စစ်သား ၁၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ကမ္ဘာ့ဖလား ဘောလုံးကွင်း တည်ဆောက်ရေးလုပ်ငန်းရှိ ထပ်တိုးပွဲကြည့်စင်တွေ ရက်ပိုင်းအတွင်း အပြီးသတ်မည်


WorldCup2014
ဘရာဇီး အားကစားဒုဝန်ကြီး လူးဝစ်ဖာနန်ဒက်က ဒီရက်သတ္တပတ်အဆုံးမှာ ဆာပေါ်လိုမြို့မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့ဖလား ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းမှာ ထပ်တိုး ပွဲကြည့်စင်တွေကို အပြီးသတ်နိုင်မယ်လို့ ဧပြီ ၃ ရက်နေ့က ပြောပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲကို ဆာပေါ်လိုမြို့ ဘောလုံးကွင်းမှာ ဇွန် ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အခုထိ မပြီးပြတ်သေးတာပါ။
ဘောလုံးကွင်းမှာ ပွဲကြည်စင်တွေကို တိုးချဲ့ဆောက်လုပ်တဲ့ လုပ်ငန်းတွေ မပြီးသေးရုံသာမက အသံလွှင့်မယ့်ခန်းမနဲ့ နိုင်ငံတကာ မီဒီယာသမားတွေကို နေရာချထားရေး အတွက်လည်း နေရာအဆင်သင့် မဖြစ်သေးပါဘူး။

ကမ္ဘောဒီးယားမြေယာ အငြင်းပွားမှု ပြည်သူ ၅ သိန်းကျော် ထိခိုက်


Photo: ကမ္ဘောဒီးယားမြေယာ အငြင်းပွားမှု ပြည်သူ ၅ သိန်းကျော် ထိခိုက်
ဗွီအိုအေ (မြန်မာပိုင်း)
Friday, April 4, 2014

ကမ္ဘောဒီးယား နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၄ နှစ် အတွင်း မြေယာ အငြင်းပွား မှုတွေကြောင့် ဒုက္ခရောက်ကြရသူ ၅ သိန်းကျော်အထိ ရှိခဲ့တဲ့ အကြောင်း ထင်ရှားတဲ့ ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ပြောဆို လိုက်ပါတယ်။ မြေယာသိမ်းမှုတွေဟာ တနိုင်ငံလုံးနီးပါးမှာ ဒီနှစ်ထဲအထိ ဆက်လက် ဖြစ်ပွားနေတဲ့အကြောင်း ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Licadho ကပြောခဲ့တာပါ။

ရွာသားတွေ အချင်းချင်းကြား ဒါမှမဟုတ်ရင်လည်း ဒေသခံနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ ကုမ္ပဏီတွေ၊ သစ်လုပ်ငန်းတွေနဲ့ကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားတာတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ စိုးရိမ်စရာ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရက လုပ်ငန်းစဉ်တရပ် ချမှတ်ရေး လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပေမဲ့ အစိုးရ တာဝန်ရှိသူတွေကတော့ အစီရင်ခံမှာပါတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို လက်မခံခဲ့ကြပါဘူး။

ကမ္ဘောဒီးယား မြေယာစီမံခန့်ခွဲရေး ၀န်ကြီးဌာန တာဝန်ရှိသူ တဦးကတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အစီရင်ခံစာဟာ လက်တွေ့မဆန်သလို၊ အချက်အလက်တွေအရ ဆိုရင်လည်း အငြင်းပွားနေတဲ့ နေရာပေါင်းဟာ ၃-၄ ထောင်လောက်သာ ရှိတယ်လို့လည်း ကြာသပတေးနေ့ကပဲ တုံ့ပြန်ပြောဆိုခဲ့တာပါ။

ဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုနေချိန်မှာပဲ တရုတ်ကုမ္ပဏီ ၂ ခုဟာ မြေတွေကို ရှင်းလင်းနေတယ်ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံက လူမျိုးစု တိုင်းရင်းသား ၃၀၀ လောက်က Preah Vihear ပြည်နယ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘောဒီးယား လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြကမ္ဘောဒီးယား လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ

VOA
ကမ္ဘောဒီးယား နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၄ နှစ် အတွင်း မြေယာ အငြင်းပွား မှုတွေကြောင့် ဒုက္ခရောက်ကြရသူ ၅ သိန်းကျော်အထိ ရှိခဲ့တဲ့ အကြောင်း ထင်ရှားတဲ့ ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ပြောဆို လိုက်ပါတယ်။ မြေယာသိမ်းမှုတွေဟာ တနိုင်ငံလုံးနီးပါးမှာ ဒီနှစ်ထဲအထိ ဆက်လက် ဖြစ်ပွားနေတဲ့အကြောင်း ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Licadho ကပြောခဲ့တာပါ။

အသက် ၇၂ အရွယ် ထူးထူးခြားခြား အရွယ်တင်သူ

Photo: အသက် ၇၂ အရွယ် ထူးထူးခြားခြား အရွယ်တင်သူ
Friday, April 4, 2014

အမေရိကန်နိုင်ငံက Shea Vaughn လို့ အမည်ရတဲ့ အမျိုးသမီး တစ်ဦး ဖြစ် ပါတယ်။ တကယ် အသက် ၇၂ နှစ်ကျော်သွား ပါပြီ။ သို့ပေမယ့် အသက် ၄၀ အောက်လောက်သာ ရှိမယ်လို့ ထင်ရလောက်အောင် နုပျို နေပါတယ်။

Vince Vaughn လို့ အမည်ရတဲ့ ဟောလိဝုဒ် မင်းသားရဲ့ အမေလည်း ဖြစ် ပါတယ်။ သားသမီး လေးဦး ရှိပြီး မြေးတွေလည်း အများကြီး ရှိတဲ့ အဖွား ဖြစ်ပါတယ်။ သူမ အနေနဲ့ ယခုလို နုပျိုအောင် ယောဂ ကျင့်ခြင်း၊ ကိုယ်ခံ ပညာ သင်ကြားခြင်း နှင့် အခြားသော အားကစားနည်း ၂ မျိုးလောက် ထပ်လိုက်စား ပါသေးတယ်။ ဒါကြောင့်လည်း အသက် ၇၂ နှစ် လို့ ပြောရင် မယုံရလောက်အောင် သိသိ သာသာ နိုပျိုနေခြင်း ဖြစ်ပါ တယ်။

သူမရဲ့ နုပျိုမှုနဲ့ ပက်သက်ပြီးတော့ ကျင့်ရန် နည်လမ်း စာအုပ်နဲ့ တီဗီ အစီ အစဉ် တွေလည်း အမေရိကန်မှာ အောင်မြင် ပါတယ်။ Shea Vaughn ဟာ လက်ရှိမှာ ကမ္ဘာ့အနုပျိုဆုံး အသက်ကြီး အမျိုးသမီး စာရင်းထဲ ပါဝင် လာကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)
အမေရိကန်နိုင်ငံက Shea Vaughn လို့ အမည်ရတဲ့ အမျိုးသမီး တစ်ဦး ဖြစ် ပါတယ်။ တကယ် အသက် ၇၂ နှစ်ကျော်သွား ပါပြီ။ သို့ပေမယ့် အသက် ၄၀ အောက်လောက်သာ ရှိမယ်လို့ ထင်ရလောက်အောင် နုပျို နေပါတယ်။

Vince Vaughn လို့ အမည်ရတဲ့ ဟောလိဝုဒ် မင်းသားရဲ့ အမေလည်း ဖြစ် ပါတယ်။ သားသမီး လေးဦး ရှိပြီး မြေးတွေလည်း အများကြီး ရှိတဲ့ အဖွား ဖြစ်ပါတယ်။ သူမ အနေနဲ့ ယခုလို နုပျိုအောင် ယောဂ ကျင့်ခြင်း၊ ကိုယ်ခံ ပညာ သင်ကြားခြင်း နှင့် အခြားသော အားကစားနည်း ၂ မျိုးလောက် ထပ်လိုက်စား ပါသေးတယ်။ ဒါကြောင့်လည်း အသက် ၇၂ နှစ် လို့ ပြောရင် မယုံရလောက်အောင် သိသိ

၁၅၀၀ တန် ဆင်းမ်ကတ် ငါးသောင်း ထပ်တိုး ဖြန့်ဖြူးမည်

Photo: ၁၅၀၀ တန် ဆင်းမ်ကတ် ငါးသောင်း ထပ်တိုး ဖြန့်ဖြူးမည်
Friday, April 4, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကန့်အသတ် များစွာဖြင့် တစ်လတစ်ကြိမ် ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို ယခုလမှ စ၍ ငါးသောင်း ထပ်မံတိုး၍ ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဧပြီလမှစ၍ လစဉ် ဆင်းမ်ကတ် သုံးသိန်းခွဲ ဖြန့်ဖြူးခဲ့ရာမှ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် WCDMA၊ CDMA၊ နှင့် GSM ဆင်းမ်ကတ် ငါးသောင်း ထပ်တိုးခြင်း ဖြစ်ပြီး တစ်လလျှင် ကျပ် ၂၅၀၀ အနည်းဆုံး အသုံးပြုရမည့် စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ၎င်းကဆိုသည်။ 

“ကတ်ရပြီးပြီးချင်း ၁၅ ရက် တွင်း သုံးရပေမယ့် ဒီလကစပြီး ရက် ၃၀ အတွင်း သုံးရတဲ့စနစ် ပြောင်းလိုက်တယ်။ ငွေမဖြတ်တော့ပေမယ့် ကတ်ပိတ်မသွားအောင် သက်တမ်းတိုးဖို့ ပိုက်ဆံတော့ ထည့်ထားရမယ်” ဟု ၎င်းက ပြောဆိုသည်။

ဧပြီလအတွင်း ရောင်းချမည့် ဆင်းမ်ကတ် အမျိုးအစားများမှာ CDMA 800 သုံးသိန်းလေးသောင်း၊ GSM တစ်သောင်း၊ သက်ပြည့်ပင်စင် ဝန်ထမ်းများအတွက် WCDMA ငါးသောင်း ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

“တန်ဖိုးနည်းဆိုပေမယ့် CDMA အတွက် ဟန်းဆက်က ဈေးကြီးတော့ အခြေခံလူတန်းစားတွေ အတွက် အဆင်မပြေနိုင်ဘူး။ ပိုက်ဆံရှိတဲ့ သူတွေကလည်း Brand ရှိတဲ့ (နာမည်ရ အမှတ်တံဆိပ်) GSM ဖုန်းတွေကို ကိုင်ချင်မှာ ဖြစ်တဲ့အတွက် GSM (WCDMA) ဖုန်းတွေ ချပေးရင် ပိုကောင်းမယ်” ဟု ပြည်တွင်းဈေးကွက် သုတေသန ကုမ္ပဏီတစ်ခုမှ ဦးတင်ညီညီလတ်က ပြောကြားသည်။

ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များ စတင်ရောင်းချခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ CDMA 800 MHz ဆင်းမ်ကတ် နှစ်သန်းကျော်၊ GSM တစ်သန်းခွဲကျော်နှင့် WCDMA ငါးသိန်းခြောက်သောင်းကျော် ရောင်းချခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကန့်အသတ် များစွာဖြင့် တစ်လတစ်ကြိမ် ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို ယခုလမှ စ၍ ငါးသောင်း ထပ်မံတိုး၍ ဖြန့်ဖြူးရောင်း ချမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၃ ခုနှစ် ဧပြီလမှစ၍ လစဉ် ဆင်းမ်ကတ် သုံးသိန်းခွဲ ဖြန့်ဖြူးခဲ့ရာမှ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် WCDMA၊ CDMA၊ နှင့် GSM ဆင်းမ်ကတ် ငါးသောင်း ထပ်တိုးခြင်း ဖြစ်ပြီး တစ်လလျှင် ကျပ် ၂၅၀၀ အနည်းဆုံး အသုံးပြုရမည့် စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ၎င်းကဆိုသည်။

သင်္ကြန်ကာလအတွင်း ပြစ်မှုကျူးလွန်သူများကို အထူးတရားရုံးများ ဖွင့်၍ အရေးယူမည်


ရန်ကုန်မြို့၌ သင်္ကြန်ကာလအတွင်း ပြစ်မှုကျူးလွန်သူများကို အထူးတရားရုံးများ ဖွင့်၍ အရေးယူ ဆောင်ရွက် သွားမည်ဟု စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဧပြီလ ၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
““သင်္ကြန် ကာလမှာက ရုံးပိတ်ရက်တွေ များတယ်။ အဲဒါကြောင့် သင်္ကြန် ကာလအတွင်း ဖြစ်ပေါ်လာမယ့် ပြစ်မှုတွေကို အရေးယူလို့ရအောင် မြို့နယ်တိုင်းမှာ အထူးတရားရုံးတွေ ဖွင့်သွားမယ်။ ပြစ်မှု ကျူးလွန်တဲ့ သူတွေကို ချက်ချင်း တရားစွဲပြီး တစ်ခါတည်း အရေးယူမယ်။ ဥပမာ အချုပ်ချတာတွေ၊ ထောင်ချတာတွေ လုပ်သွားမယ်””ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးတင်ဝင်း ကပြောသည်။ အဆိုပါ ထုတ်ပြန်ချက်တွင်

ရင်သွေးလေးကို ဧပြီ ၇ ရက်နေ့မှာ မွေးဖွားတော့မယ့် ချောရတနာ

ရင်သွေးလေးကို ဧပြီ ၇ ရက်နေ့မှာ မွေးဖွားတော့မယ့် ချောရတနာ

ချောရတနာက မွေးဖွားဖို့ ရက် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်တဲ့ အတွက် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တော့ အစစအရာရာ သတိထား အာရုံစိုက် ပြီး နေ ထိုင်ဖြစ်နေတယ် လို့ သိရပါ တယ်။ ဧပြီ ၇ ရက်နေ့မှာ ဝိတိုရိယ ဆေးရုံကြီး မှာမွေးဖွားမှာ ဖြစ်ကြောင်း ပြောပြလာတဲ့ ချောရတနာက..

“ချောက ဧပြီလ ၇ ရက်နေ့ မွေးဖို့တော့ စီစဉ်ထားတယ်။ ကြား ထဲမှာ ၁ဝ ရက်ပဲ လိုတော့တယ်။ မွေးဖွားရက် ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတော့ အတတ်နိုင်ဆုံး အရင်ကထက်ပိုပြီး အစားအသောက် တွေရော၊ အစစအရာရာ ဂရုစိုက် ဖြစ်တယ်။ ဆရာမကလည်း အခု ရက်ပိုင်း လမ်းလေး နည်း နည်း လျှော က် ပေး ဆိုတော့ လမ်းလျှောက်ဖြစ်တယ်။ ကိုယ်ကလည်း အပြင်တွေ ဘာတွေ သွားဖြစ်နေတော့ လမ်းကတော့ ပုံ မှန်လျှောက်ဖြစ်တယ်။ မွေးဖွားရက် လည်းနီးလာပြီ။ ချောက ဝိတို ရိယ ဆေးရုံမှာပဲ မွေးမှာပါ။ 

ဆရာမကြီး ဒေါ်ခင်လေးကြွယ်က မွေးပေးမှာပါ။ ဆရာမကတော့ ဧပြီ ၁ ရက်နေ့ ကနေ ဧပြီ ၇ရက်နေ့ အထိတော့ သတ်မှတ် ပေး ထားတယ်။ ချောက လည်း နော က်ကျတဲ့ရက်မှာပဲ မွေးချင်တယ်။ နောက်ပြီးတော့လည်း ၇ ရက်နေ့က အကုန်လုံး ကကောင်းမယ် ထင်ပြီးတော့ ရွေးလိုက် ကြတာ နဲ့ မွေး ဖို့ဖြစ်သွား တာပါ”လို့ ပြောပါတယ်။

 မွေးဖွားရမှာ စိတ် လှုပ်ရှားပေမယ့်လည်း ကိုယ့်သားလေး ရဲ့ မျက်နှာကို တွေ့မြင်ရမှာမို့ ကြောက်စိတ် တွေ ပျောက်ပြီး ကလေး အတွက် ကြိုတင်ပြင်ဆင် မှုတွေ လည်း ပြုလုပ် ထားတယ်လို့ ချောရတနာ က ဆိုပြန်ပါတယ်။

“စိတ်လှုပ်ရှားမှု ကတော့ သူ့ကိုလည်းချောတို့ နှစ်ယောက်စလုံးက တအား ကို မြင်ဖူးချင်နေပြီ။ ကိုယ်ဝန်ကလည်း လရင့်လာပြီ ဆိုတော့ ချောအမျိုးသားက လည်းဂရု စိုက်ပေးပါတယ်။ မွေးဖွားရမှာ ကြောက်တယ် ဆိုပေမယ့်လည်း ကိုယ့်ရင်သွေးလေး ရဲ့ မျက်နှာ ကိုမြင်ရမှာဆိုတော့ ကြောက်တဲ့ စိတ် တွေ ကတော့ တအားကြီး မရှိပါဘူး ။မွေးဖွားပြီး ရင်တော့ ချော ရင်သွေးရဲ့ အချင်းသွေးနဲ့ အချင်းတိုင်ကို ABC Medical Service  က တာဝန်ယူပြီးတော့ သိမ်းပေး ဖို့ချောတို့က ချိတ်ထားတယ်။ ကလေး အတွက် ကြိုတင် ပြင်ဆင်မှု အနေနဲ့ အဲဒီလိုမျိုးလေးတွေတော့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ချောရတနာက မွေးဖွားဖို့ ရက် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်တဲ့ အတွက် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တော့ အစစအရာရာ သတိထား အာရုံစိုက် ပြီး နေ ထိုင်ဖြစ်နေတယ် လို့ သိရပါ တယ်။ ဧပြီ ၇ ရက်နေ့မှာ ဝိတိုရိယ ဆေးရုံကြီး မှာမွေးဖွားမှာ ဖြစ်ကြောင်း ပြောပြလာတဲ့ ချောရတနာက..
“ချောက ဧပြီလ ၇ ရက်နေ့ မွေးဖို့တော့ စီစဉ်ထားတယ်။ ကြား ထဲမှာ ၁ဝ ရက်ပဲ လိုတော့တယ်။ မွေးဖွားရက် ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတော့ အတတ်နိုင်ဆုံး အရင်ကထက်ပိုပြီး အစားအသောက် တွေရော၊ အစစအရာရာ ဂရုစိုက် ဖြစ်တယ်။ ဆရာမကလည်း အခု ရက်ပိုင်း လမ်းလေး နည်း နည်း လျှော က် ပေး ဆိုတော့ လမ်းလျှောက်ဖြစ်တယ်။ ကိုယ်ကလည်း အပြင်တွေ ဘာတွေ

သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံပြင်ဆင်လိုခြင်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံပြင်ဆင်လိုခြင်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်းမရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

"ဒီပြောဆိုတဲ့စကားတွေကြည့်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ပဲ ဒီလိုပဲမြင်ရမှာပေါ့၊ အဲဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့  အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်အဆင့်ဆင့် တင်ပြရမှာဖြစ်သလို သတင်းစာတွေကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးပြီး အကြံဥာဏ်တွေရယူကာ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကို အခုမူကြမ်းမှာ ထည့်သွင်းထားခြင်း မရှိတဲ့အတွက် ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒါဟာ အမြင်မှားယွင်းမှုဖြစ်ပါတယ် လို့ ဖြေကြားခဲ့ပါတယ်။

" ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဘာမှမပါဘူး၊  ဒီဟာက အမျိုးသားပညာရေး ဥပဒေပဲ၊ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ကတော့ နောက်အဆင့်မြင့် ပညာရေးဥပဒေတွေမှာ ပါလာမှာပဲ၊ သူ့နေရာကျမှ သူပါလာမှာ"

တဆက်တည်းမှာပဲ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ အပေါ်သဘောထား၊ လွှတ်တော်အမတ်တွေရဲ့ ခေါင်းပေါင်း ယဉ်ကျေးမှုနဲ့ ယူကရိန်းနိုင်ငံအရေးအခင်း ဆိုင်ရာ သဘောထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်းမရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
"ဒီပြောဆိုတဲ့စကားတွေကြည့်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ပဲ ဒီလိုပဲမြင် ရမှာပေါ့၊ အဲဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"

အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ သမိုင်းတစ်လျှောက် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့ အများဆုံးတက်မည်

လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား သဘောတူလက်မှတ် ရေးထိုးမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးပွဲသို့ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ သမိုင်းတစ်လျှောက် အများဆုံး ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်းအကြံပေး တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ဧပြီလ ၅ ရက်မှ ၆ ရက်နေ့အထိ ကျင်းပရန် လျာထားသော အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ ထိပ်တန်းခေါင်းဆောင်

ဦးဝင်းတင် ကျန်းမာရေးအခြေအနေ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာကြည့်


ဦးဝင်းတင် ကျန်းမာရေးအခြေအနေ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာကြည့် 

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဧပြီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်ကြည်ရှု အားပေးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

သံအမတ်ကြီး ဒဲရစ်မစ်ချယ်မှာ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်၍ ဦးဝင်းတင်၏ အခြေအနေကို မေးမြန်းခဲ့ကြောင်း၊ ယင်းနောက် NLD နာယက သူရဦးတင်ဦးနှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးတို့ ဆက်တိုက် လာရောက် မေးမြန်းခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
“မနေ့ကလို မဟုတ်တော့ဘူး၊ သွေးဝမ်းသွားတာလည်း ရပ်သွားပါပြီ” ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။

ဧပြီလ ၂ ရက်နေ့ကမူ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်နေရပြီး စိတ်မချရသေးကြောင်း၊ ၅၀-၅၀ အနေအထားသို့ပင် မရောက်ရှိသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောဆိုခဲ့သည်။

ယနေ့တွင်မူ ဦးဝင်းတင် ဆေးကုသမှုနှင့် ပတ်သက်သော ဆရာဝန်များ အစည်းအဝေးအရ ကျန်းမာရေး အခြေအနေ အနည်းငယ် တိုးတက်လာပြီ ဖြစ်၍ အဆုတ်ကုသမှု အပိုင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့ကလည်း ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ လာရောက် ကြည့်ရှုခဲ့သည်။
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဧပြီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်ကြည်ရှု အားပေးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။
သံအမတ်ကြီး ဒဲရစ်မစ်ချယ်မှာ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်၍ ဦးဝင်းတင်၏ အခြေအနေကို မေးမြန်းခဲ့ကြောင်း၊ ယင်းနောက် NLD နာယက သူရဦးတင်ဦးနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်

တန်ဖိုးနည်းဖုန်း ခေါ်ဆိုခနှုန်း တစ်လ ငွေကျပ် ၂၅၀၀ ချမှတ်မှုကို ယခုလမှ စ၍ ဖျက်သိမ်းလိုက်ပြီ

တန်ဖိုးနည်းဖုန်း ခေါ်ဆိုခနှုန်း တစ်လ ငွေကျပ် ၂၅၀၀ ချမှတ်မှုကို ယခုလမှ စ၍ ဖျက်သိမ်းလိုက်ပြီ
Friday, April 4, 2014

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြည်သူများဆက်သွယ်မှုပြုရာတွင် ခေတ်မီလွယ်ကူစေရန်နှင့် ကမ္ဘာ့နိုင်ငံများကဲ့သို့ ဆက်သွယ်မှုကောင်းမွန်စေရန် နှစ်အနည်းငယ်အတွင်း တစိုက်မတ်မတ် အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးလျက်ရှိရာ ယခုအခါ တန်ဖိုးနည်းဖုန်းရောင်းချမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ယခင်ဖုန်းခေါ်ဆိုခ တစ်လအနည်းဆုံး ငွေကျပ် ၂၅၀၀ သတ်မှတ်သုံးစွဲမှုကို ယခုဧပြီလဆန်းပိုင်းမှစတင်၍ ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၃ခုနှစ် ဧပြီလဆန်းပိုင်းမှစ၍ ပြည်သူများ လူတန်းစားမရွေး ဖုန်းကိုင်နိုင်ရန်ရည်ရွယ်ပြီး ဆင်းကတ်တစ်ခုကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့်ဝန်ထမ်းများနှင့် ကျေးလက်နေ ပြည်သူများပါမကျန် ခွဲတမ်းနှုန်းဖြင့် လစဉ်တစ်လကို ဆင်းကတ် ၃၅၀၀၀၀ ကိုနိုင်ငံတစ်ဝန်း လစဉ်ရောင်းချပေးခဲ့သည်မှာ ယခုဧပြီလတွင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့် သင်္ကြန်ကာလအတွင်း ပြည်သူများ ပိုမိုသုံးစွဲနိုင်ရန် ဆင်းကတ် လေးသိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၈ ခုတို့တွင် ခွဲဝေဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆင်းကတ်လေးသိန်းတွင် CDMA ၈၀၀ ဆင်းကတ် ၃၄၀၀၀၀ ၊ GSM ဆင်းကတ် တစ်သောင်း၊ WCDMA ဆင်းကတ်ငါးသောင်းတို့ကို ရောင်းချပေးမည်ဖြစ်ရာ ယခင်စနစ်များကို ဖြေလျှော့သည့်အနေဖြင့် ဝယ်ယူထားသည့် ပြည်သူများထံ ၁၅ ရက်အတွင်း အသုံးပြုရန်သတ်မှတ်ထားမှုကို ယခုအခါရက် ၃၀ အထိ ထပ်မံတိုးမြှင့်လိုက်သည့်အပြင် ယခင်ပြောဆိုခ တစ်လလျှင် အနည်းဆုံး ငွေကျပ် ၂၅၀၀ကိုလည်း ပယ်ဖျက်လိုက်ပြီး အနည်းအများ အကန့်အသတ်မရှိ ယခုလမှစတင်၍ သုံးစွဲနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။

“ကျွန်တော်တို့အခုလို အထိုက်အလျောက် ဖြေလျှော့မှုတွေ လုပ်တာဟာ မကြာခင်မှာ အပြိုင်အဆိုင်တွေ ပေါ်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ရေးအနေနဲ့ ယခင်ကလိုမဟုတ်တော့ဘဲ အသွင်ပြောင်းလာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုရပ်တည်ပြီး လုပ်ရတဲ့အခါမှာ လာမယ့်ဇူလိုင်လအတွင်း အပြိုင်အဆိုင်တွေ ပေါ်လာမှာဆိုတော့ သူတို့ထက်အားကောင်းဖို့၊ အင်အားတောင့်တင်းဖို့ လိုပါတယ်။ 
ဝန်ဆောင်မှုမကောင်းရင် ပြည်သူတွေအနေနဲ့ အခြားအော်ပရေတာတွေဆီ ရောက်သွားမှာပါ။ ဒါကြောင့်အခုလို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေခြင်းဖြစ်ပါတယ်။ ပြီးတော့ Joint-venture အနေနဲ့ အခြားစိတ်ဝင်စားတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီနိုင်ငံတွေလို ဆက်သွယ်ရေးအဆင့်မြှင့်တင် လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးငွေသောင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုသင်္ကြန်ကာလအတွင်းတွင် ပြည်သူများဖုန်းခေါ်ဆိုမှုကို ငွေကြေးအနေဖြင့် ဖြေလျှော့မပေးနိုင်သော်လည်း ခေါ်ဆိုမှုအချိန်ကို အထိုက်အလျောက် ဖြေလျှော့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

ဥပမာသင်္ကြန်ကာလအတွင်း ငွေဖြည့်ကတ်ငွေကျပ် ၅၀၀၀ တန်ဆိုလျှင် ယခင်ထက်သတ်မှတ်မိနစ်၊ နာရီပိုမိုသုံးစွဲခံနိုင်စေရန် Promotion အနေဖြင့် လုပ်ဆောင်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်သူများထံ မိုဘိုင်းတယ်လီဖုန်း ၈ ဒသမ ၀၅သန်းကျော် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယင်းအနက် တန်ဖိုးနည်းဖုန်းစုစုပေါင်း ၄ ဒသမ ၂၅ သန်းပါဝင်ပြီး CDMA ၈၀၀ MHz ၂၁၅၀၀၀၀၊ GSM တယ်လီဖုန်း ၁၅၃၉၇၀၀နှင့် WCDMA မိုဘိုင်းဖုန်း ၅၆၀၃၀၀တို့ကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြည်သူများဆက်သွယ်မှုပြုရာတွင် ခေတ်မီလွယ်ကူစေရန်နှင့် ကမ္ဘာ့နိုင်ငံများကဲ့သို့ ဆက်သွယ်မှုကောင်းမွန်စေရန် နှစ်အနည်းငယ်အတွင်း တစိုက်မတ်မတ် အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးလျက်ရှိရာ ယခုအခါ တန်ဖိုးနည်းဖုန်းရောင်းချမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ယခင်ဖုန်းခေါ်ဆိုခ တစ်လအနည်းဆုံး ငွေကျပ် ၂၅၀၀ သတ်မှတ်သုံးစွဲမှုကို ယခုဧပြီလဆန်းပိုင်းမှစတင်၍ ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ဒုက္ခသည်စခန်းများမှ ကလေးငယ်တစ်သောင်းခွဲ ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရ


ရခိုင်ပြည်နယ်တွင်း ကု လသမဂ္ဂနှင့် အကူအညီပေးရေး အဖွဲ့အစည်းများ၏ အစီအစဉ် များ ရပ်ဆိုင်းထားရမှုကြောင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ် တစ်သောင်းခွဲအတွက် ကျန်းမာ ရေး ဆိုင်ရာပြဿနာများမှာ စိုးရိမ် ဖွယ်ရာဖြစ်နေကြောင်း ကုလ သမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးရုံး(OCHA)က ဧပြီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင်စစ်တွေမြို့ဒုက္ခ သည်စခန်းများရှိ အဟာရချို့တဲ မှုပြင်းထန်စွာ ခံစားနေရသော ကလေးငယ် ၃၀၀ အတွက်လည်း လိုအပ်ချက်များ မဖြည့်ဆည်းပေး နိုင်ဘဲရှိနေသည်ဟု ဆိုသည်။

အခြေခံဥပဒေ ပြင်ရန် ရေနံချောင်းမြို့နယ်တွင် NLD ဦးဆောင် ဆန္ဒပြမည်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း ဆန္ဒပြပွဲ တစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် NLD ပါတီ အတွင်းရေးမှူး ဦးစိုးညွန့်က ပြောကြား သည်။

မျက်နှာဘေးဘက်မှာ အကျိတ်ကြီးပေါက်လို့ အသည်းပုံခေါင်းဖြစ်နေတဲ့ အင်ဒိုကလေးငယ်


Myanmar Online News's photo.
အင်ဒိုကလေးငယ်တစ်ဦးဟာ သူ့မျက်နှာရဲ့ညာဘက်ခြမ်းပေါ်မှာ အကျိတ်ထူထူကဲ ကဲပေါက်ပြီး မွေး ဖွားလာခဲ့ပါတယ်။ ဒီ့အတွက် အဲ့ဒီ့ကလေးငယ်ရဲ့ ဦးခေါင်းဟာ အသည်းပုံဖြစ်နေပါတယ်။
ဒီကလေးရဲ့ နာမည်ကတော့ Muhammad Nafi ဖြစ်ပြီး နှစ်လသားအရွယ်ရပါပြီ။ သူ့ရဲ့အကြိတ်ဟာ ခပ်မြန်မြန်ပဲ ကြီးကြီးလာနေပါတယ်။ သူ့ရဲ့မျက်နှာဟာ ဖူးယောင်နေပြီး ပုံပျက်ပန်းပျက် ဖြစ်ကျန်ရစ်ခဲ့ တာပါပဲ။

လှိုင်သာယာတွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို လူငယ်တစ်စုက ဓား၊ သံတုတ်များနှင့် ထိုးကြိတ် ရိုက်နှက်


လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် ဧပြီလ ၂ ရက် ည ၉ နာရီခန့်က အဆိုပါရပ်ကွက် ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူး နှစ်ဦးကို လူငယ်ခုနစ်ဦး ပါဝင်သော အုပ်စုက ဓားဖြင့်ထိုး၊ သံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း အဆိုပါရပ်ကွက် နေသူများထံမှ သိရှိရသည်။
ဗိုလ်ချုပ်လမ်းနှင့် မြရိပ်ညို (၅) လမ်းထောင့်ရှိ ရွှေနဒီ အရက်ဆိုင်ရှေ့တွင် လူတစ်ဦး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လမ်းပေါ်လဲကျနေကြောင်း သတင်းရ၍ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဆယ်အိမ်မှူး နှစ်ဦးက သွားရောက်ကြည့်ရှုပြီး ရပ်ကွက်အုပ်ချုပ်ရေး ရုံးရှိ တာဝန်ကျနေသူ ရာအိမ်မှူးထံ

ရိုဟင်ဂျာဟုထွက်ဆိုသောဘင်္ဂါလီများကိုသန်းခေါင်စာရင်းကောက်ယူခြင်းမရှိဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောကြား

ရခိုင်ပြည်နယ်အတွင်း သန်း ခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟု ထွက်ဆိုသော ဘင်္ဂါလီ လူမျိုးများကို စာရင်းကောက်ယူခြင်း မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူးဦးဝင်းမြိုင်က ရန်ကုန်တိုင်းမ် သို့ပြောသည်။
ယင်းကဲ့သို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် စစ်တွေမြို့နယ် အတွင်းမှ အစ္စလာမ်ဘာသာဝင်များ က ရိုဟင်ဂျာထွက်ဆိုသော်လည်း အ ချို့က ဘင်္ဂါလီဟုသာထွက်ဆိုကြောင်း ဦးဝင်းမြိုင်ကဆိုသည်။
''တချို့က ရိုဟင်ဂျာလို့ပြောလို့ သန်းခေါင်စာရင်းမကောက်ဘူး။ တ ချို့ကတော့ ဘင်္ဂါလီပြောတယ်'' ဟု ¤င်းကပြောသည်။

သိမ်းဆည်းခံ မြေပြန်ရရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ဆန္ဒပြ

သိမ်းဆည်းခံ မြေပြန်ရရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၃ 

ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သိမ်းယူထားသည် ဆိုသော မြေကွက်များ ပြန်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ဧပြီလ ၃ ရက်နေ့က လူတစ်ရာခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောကြားသည်။

မြေဧရိယာအကျယ် ငါးဧကကျော်ရှိ မြေကွက်များကို ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် လာရောက် အကူအညီ တောင်းခံခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထင်ကျော်က ပြောဆိုသည်။

“အဓမ္မ သိမ်းပိုက်ထားတဲ့ ကိစ္စပါ။ကျွန်တော်တို့က တရားစွဲတယ်၊ အမှုဖွင့်တယ်၊ ဖွင့်လို့မရဘူး။ ဒါကို သမ္မတဆီရော၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီထံရော တိုင်တယ်၊ ဘာမှ မထူးခြားဘူး” ဟု ဦးထင်ကျော်က ရှင်းပြသည်။

ဆန္ဒထုတ်ဖော်သူ လူစုကို ဒေါ်အောင်ဆန်းစုကြည်က ခြံဝသို့ ထွက်၍ တွေ့ဆုံခဲ့ကြောင်း၊ တောင်းဆိုမှုများအပေါ် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလူအေးက ပြောဆိုသည်။ 
“အတတ်နိုင်ဆုံးတော့ ကူညီမယ်လို့ ပြောတယ်” ဟု ဦးလူအေးက ဆိုသည်။ 

အဆိုပါ မြေကွက်များမှာ မူလက ဦး AS မိုင်းနပ်ဆိုသူ ပိုင်ဆိုင်ခဲ့ပြီး ၎င်း၏ သားသမီး ၉ ဦးက အမွေခွဲဝေခွင့်အတွက် တရားရုံးမှတစ်ဆင့် လေလံတင် ရောင်းချသဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ကြောင်း ဦးအိုက်လင်း၏ မန်နေဂျာဖြစ်သူ ဦးနေဝင်းဦးက ပြောကြားသည်။ 

အဆိုပါ မြေကွက်ပေါ်တွင် အိမ်ခြေ ၂၉၃ လုံး ကျူးကျော်နေထိုင်ခြင်း ဖြစ်ပြီး တစ်အိမ်လျှင် ကျပ် ၁၀ သိန်းမှ သိန်း ၁၅၀ အထိ နစ်နာကြေးပေးကာ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ သို့သော် ဦးလူအေး အပါအဝင် ငါးဦးက နစ်နာကြေးကို အဆမတန် တောင်းဆိုသဖြင့် ညှိနှိုင်းမရခဲ့ကြောင်း ၎င်းက တုံ့ပြန် ပြောဆိုသည်။ 

“လေလံ ဝယ်ယူတုန်းက တစ်ပေ ပတ်လည်ကို တစ်သောင်း လေးထောင်လောက်ပဲ ရှိတာ။ အခုက လေးသိန်းလောက် ရှိတယ်။ ဒါကြောင့် သူတို့က မြေကွက်ပဲ ပြန်လိုချင်တယ် ဆိုပြီး တောင်းနေတာ။ သူတို့ကို နစ်နာကြေးပေးတဲ့ အချိန်တုန်းကလည်း ပေးပြီးပြီ။ မြေကွက်တွေကလည်း ရောင်းပြီးသွားပြီ။ အိမ်ရာတွေလည်း ဆောက်ပြီးသွားပြီမို့ ပြန်ပေးစရာလည်း မရှိဘူး၊ ညှိနှိုင်းစရာလည်း မလိုတော့ဘူး” ဟု ဦးနေဝင်းဦးက ဆိုသည်။ 

မြေကွက်များ ပြန်လည်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သည့် ဦးထင်ကျော်၊ ဦးလူအေးတို့ အပါအဝင် ခေါင်းဆောင်လေးဦးကို အသရေဖျက်မှုဖြင့် ဦးအိုက်လင်းက တရားစွဲဆိုခဲ့ဖူးပြီး ယခုလက်ရှိတွင် အမှုကို ပြန်လည် ရုပ်သိမ်းထားကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သိမ်းယူထားသည် ဆိုသော မြေကွက်များ ပြန်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ရှေ့တွင် ဧပြီလ ၃ ရက်နေ့က လူတစ်ရာခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောကြားသည်။
မြေဧရိယာအကျယ် ငါးဧကကျော်ရှိ မြေကွက်များကို ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် လာရောက် အကူအညီ တောင်း ခံခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထင်ကျော်က ပြောဆိုသည်။

ကမ္ဘာ့သတင်းတိုများ

ပျောက်ဆုံးလေယာဉ်မှ နောက်ဆုံး ပြောစကားပြောင်း

ပျောက်ဆုံးသွားသော မလေးရှား လေယာဉ် MH370 ၏ လေယာဉ်မှူး အခန်းအတွင်းမှ နောက်ဆုံး စကား ပြောသံမှာ “ကောင်းသောညပါ။ မလေးရှား ၃၇၀ ရေ” ဟူ၍ဖြစ်ကြောင်း မလေးရှားအာဏာပိုင် များက ပြောကြားခဲ့သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
ယခင်ကယူဆထားသော နောက်ဆုံးစကားသံမှာ “အဆင်ပြေတယ်၊ ကောင်းသောညပါ” ဟူ၍ ဖြစ်သည်။

ရှဝိန်းစတိုင်ဂါ ထုတ်ပယ် ခံရအောင် မိမိလုံးဝ အားမထုတ်ခဲ့ဟု ရွန်နီရှင်းလင်း

ဘိုင်ယန်မြူးနစ်နှင့် ပွဲစဉ်တွင် ဟန်ဆောင် ပန်ဆောင် လှဲချခဲ့သည် ဆိုသော စွပ်စွဲချက် များကို မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီက ငြင်းဆန် သွားခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်တွင် တစ်ဂိုးစီ သရေကျခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်၌ အင်္ဂလန် လက်ရွေးစင် ရွန်နီသည် ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၏ ဝင်ဖျက်မှုတွင် လဲကျ သွားခဲ့သည်။ ယင်းအခြေအနေတွင် ဒိုင်က ရှဝိန်း စတိုင်ဂါအား ဒုတိယ အဝါကတ်ပြား ပြသပြီး ထုတ်ပယ်ခဲ့ရာ ဂျာမန်ကွင်းလယ် ကစားသမား အနေဖြင့် ဒုတိယ အကျော့နှင့် လွဲချော်သွားပြီ ဖြစ်သည်။ ပွဲအပြီးတွင်

အစိုးရနှင့် တပ်မတော်တို့၏ ဂုဏ်သိက္ခာကို အိုးမဲသုတ်ခြင်း


လှည်းကူးမြို့နယ်တွင် တပ်မတော်ပိုင် မြေနေရာကို ကျူးကျော်သည်ဟု ဆိုကာ အင်အားသုံး နှင်ထုတ်ခံ ရသော ဒုက္ခသည်ပြည်သူများကို နေရာပေးမည်ဟု ဆိုကာ လွတ်လပ်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) က ၎င်းတို့ ထိန်းချုပ်နယ်မြေရှိရာ ကရင်ပြည်နယ်သို့ ခေါ်ဆောင်လာရာ လမ်းခုလပ်တွင် ကရင်ပြည်နယ်အခြေစိုက် တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာ၊ အောင်သိဒ္ဓိကျောင်းတိုက်တွင် ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင် သူများက လက်ရှိနေရာတွင် ဆက်လက် ရပ်တည်ရန် ခက်ခဲလာသောကြောင့် DKBA

ပျောက်ဆုံးလေယာဉ် ခရီးသည်များ မှားယွင်းလုပ်ဆောင်မှုမရှိ

ပြီးခဲ့တဲ့လအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှား ခရီးသည်တင် လေယာဉ် ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည် ၂၂၇ ယောက်စလုံးမှာ မသင်္ကာစရာ တစုံတရာ မတွေ့ရဘူးလို့ မလေးရှား ရဲအရာရှိချုပ်က ပြောဆိုပါတယ်။ ဒါပေမဲ့ ပိုင်းလော့တွေနဲ့ ကျန်တဲ့လေယာဉ် ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ အချက်လက်တွေကိုတော့ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၅ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ဆီကို ထွက်ခွာ သွားပြီး လမ်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်း ခရီးစဉ်အမှတ် ၃၇၀ နဲ့ပတ်သက်ပြီး

သဂြုင်္ိဟ်မည့် အမျိုးသမီးအလောင်းကို သမီးဖြစ်သူက စစ်ဆေးရာမှ လူသတ်မှုပေါ်



လှိုင်သာယာမြို့နယ် အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နှလုံးလေဟပ် သေဆုံးသည်ဟုဆိုကာ သဂြုင်္ိဟ်တော့မည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ရုပ်အလောင်းကို သမီးဖြစ်သူက စစ်ဆေးခဲ့ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ဒဏ်ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက်တွင် နေထိုင်သူ မသန္တာဝင်း၏ နေအိမ်သို့ ပထွေးဖြစ်သူ အသက် ၄၀ ဦးစိုးဝင်းနိုင် ရောက်ရှိလာပြီး မတ်လ ၃၁ ရက်နေ့ညက

မင်းကျားတို့ အစင်းကျား ပါရသည့် အကြောင်း

Zebra မြင်းကျား
မင်းကျားတွေရဲ့ ကိုယ်ပေါ်မှာ အဖြူနဲ့အမည်း အစင်းတွေ ဘာကြောင့် ရှိနေရသလဲ ဆိုတာကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေ ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ Evolution ဆင့်ကဲဖြစ်စဉ် သီအိုရီအရ ဆိုရင်တော့ တိရစ္ဆာန်တွေဟာ သူတို့ကို အန္တာရာယ်ပေးမယ့် သတ္တ၀ါတွေရဲ့ရန်က ရှောင်ရှားဖို့ ဒါမှမဟုတ် အဖိုနဲ့အမ ဆွဲဆောင်ဖို့ စတဲ့ ဘ၀ရှင်သန် ရပ်တည်နိုင်ရေး အတွက် ခန္ဓာကိုယ်ပုံစံကို ဖန်တီးလေ့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာကာကွယ်ရေးဝန်ကြီးနဲ့ ကန်ကာကွယ်ရေးဝန်ကြီး တို့တွေ့ဆုံ

အမေရိကန်နိုင်ငံ ​ဟာဝိုင်ယီ ​ပြည်နယ် ​ဟိုနိုလူလူမြို့မှာ ​ကျင်းပတဲ့ ​အမေရိကန်နဲ့ ​အာဆီယံ ​ကာကွယ်ရေး ​၀န်ကြီးဆွေးနွေးပွဲကို ​မြန်မာ ​ကာကွယ်ရေး ​၀န်ကြီးလည်း ​တက်ရောက်ကြောင်း ​Chennel ​News ​Asia ​သတင်းဓာတ်ပုံမှာ ​ဖော်ပြထားပါတယ်။
အမေရိကန် ​အစိုးရရဲ့ ​ဖိတ်ကြားချက်အရ ​တက်ရောက်တာဖြစ်တယ်လို့ ​သိရပြီး ​ မြန်မာကာကွယ်ရေး ​၀န်ကြီး ​တဦးအနေနဲ့ ​နှစ်ပေါင်း ​၅၀ ​နီးပါးအတွင်း ​ပထမဆုံး ​အကြိမ် ​အမေရိကန်နိုင်ငံကို ​သွားရောက် တာဖြစ်တယ်လို့လည်း ​မြန်မာသတင်းတွေမှာ ​ဖော်ပြထားပါတယ်။

နိုင်ငံတကာ ၀န်ထမ်းတွေကို ရခိုင်မှာ သွားလာခွင့်ပြုဖို့ အမေရိကန် တောင်းဆို

သန်းခေါင်စာရင်း_ရခိုင်_2014325
ရိုဟင်ဂျာ အမည်ကို သန်းခေါင်စာရင်းထဲ မထည့်ဖို့ ကန့်ကွက်တဲ့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေက သာသနာ့အလံကို နေအိမ်မှာ လွှင့်ထူထားကြပုံ (Credit: ABC) 
ရခိုင်ပြည်နယ်အတွင်းက ​ဘာသာရေးနဲ့ ​လူမျိုးရေး ​ပဋိပက္ခတွေကြောင့် ​ခရီးသွားခွင့်ပိတ်ပင်ခံထားရတဲ့ ​ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ ​တခြားနိုင်ငံတကာ ​လူသားခြင်းစာနာထောက်ထားမှု ​အဖွဲ့က၀န်ထမ်းတွေကို ​ခရီးသွားခွင့်ပြန်လည်ဖွင့်ပေးဖို့ ​အမေရိကန်အစိုးရက ​မြန်မာအစိုးရကို ​ဗုဒ္ဓဟူးနေ့မှာပဲ ​တောင်းဆိုလိုက် ​ပါတယ်။

ရခိုင်မှာ ကျန်းမာရေး စောင့်ရှောက်မှု မလုံမလောက်ဖြစ်

Myanmar Rohingya
မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်မှာ ​နိုင်ငံတကာအဖွဲ့အစည်းက ​ကူညီထောက်ပံ့ရေး ​လှုပ်ရှားနိုင်မှု ​နည်းလာတဲ့ အတွက် ​လူအယောက်ပေါင်း ​ရှစ်သိန်းလောက် ​ကျန်းမာရေးစောင့်ရှောက်မှု ​မလုံလောက်မှုတွေ ​ကြုံတွေ့နေရတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။
မကြာသေးခင်ကပဲ ​ရခိုင်ပြည်နယ်မှာရှိနေတဲ့ ​နိုင်ငံတကာက ​လူသားခြင်းစာနာတဲ့ ​အဖွဲ့အစည်းရဲ့ 