Wednesday, January 29, 2014

တရုတ်နှစ်သစ်ကူးကာလ ရွှေလီနှင့် ကြယ်ဂေါင်သို့ တရားမ၀င် ၀င်ရောက်သူများကို နေ့စဉ်ဖမ်းဆီး

 Photo: တရုတ်နှစ်သစ်ကူးကာလ ရွှေလီနှင့် ကြယ်ဂေါင်သို့ တရားမ၀င် ၀င်ရောက်သူများကို နေ့စဉ်ဖမ်းဆီး
Wednesday, January 29, 2014

တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီ၊ ကြယ်ဂေါင်ဒေသများတွင် တရုတ်နှစ်သစ်ကူးကာလအတွင်း ၀င်ထွက်ခွင့်လက်မှတ် မပါရှိသူများကို တရုတ်ရဲမှ နေ့စဉ် စစ်ဆေးဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုမျိုးကို ယခင်လများအတွင်းက တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ် တရုတ်နှစ်သစ်ကူးကာလ နီးလာချိန်တွင် ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း သိရှိရသည်။

““ဖမ်းတာက နေ့တိုင်းဖမ်းနေတာ၊ နံနက် ၆ နာရီကနေ ၁၀ နာရီအထိ တစ်ကြိမ်၊ ညနေ ၂ နာရီ နောက်ပိုင်းကနေ မိုးချုပ်ထိ မထင်ရင်မထင်သလို ဖမ်းနေတာ၊ ဖမ်းမိရင် တရုတ်ယွမ်ငွေ ၅၀၀ နဲ့ ပြန်ရွေးရတယ်။ မရွေးနိုင်ရင် တရုတ်ထောင်သုံးလကျခံရတယ်””ဟု ကြယ်ဂေါင်ဒေသတွင် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောသည်။ 

ဖမ်းဆီးသည့်နေရာမှာ ကြယ်ဂေါင်ရွှေလီတံတားအလွန် နေရာနှင့် တရုတ်-မြန်မာနယ်စပ် စည်းရိုးခတ်ထားသော ဆင်ဖြူပေါက်သံဆန်ခါခိုးဝင်ပေါက်နေရာများ၊ စက်လှေဆိပ်များတွင် အဓိက ဖမ်းဆီးမှုပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

““မှတ်ပုံတင်မရှိတဲ့သူတွေက ခိုးပေါက်ကနေ၀င်ကြတယ်။ ခိုးပေါက်က သံဆန်ခါကာထားတဲ့နေရာမှာ လူဝင်ပေါက်လုပ်ထားတာ။ မိရင်မလွယ်ဘူး။ မရွေးနိုင်တဲ့လူတွေကို အလုပ်စခန်းတွေကို အပို့ခံရတယ်။ ဒီရက်ပိုင်း မိတဲ့သူတွေများတယ်””ဟု ရွှေလီမြို့အတွင်းရှိ အလှပြင်ဆိုင်တစ်ခုမှ မအေးနန်းက ပြောသည်။

တရုတ်-မြန်မာနယ်စပ်ဖြတ်သန်းခွင့်အတွက် ၆ ညအိပ် ၇ ရက် လက်မှတ်ကို  ငွေတစ်ထောင်ကျပ်ဖြင့် ပြုလုပ်ပေးနေသော်လည်း မှတ်ပုံတင်မရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နယ်ဒေသများမှ လာရောက်အလုပ်လုပ်သူများမှာ တစ်ခါတစ်ရံတွင် ၀င်ထွက်ခွင့်လက်မှတ်မပြုလုပ်ဘဲ ခိုးပေါက်များမှ ၀င်ထွက်လေ့ရှိရာ တရုတ်ရဲများက မကြာခဏ ဖမ်းဆီးလေ့ရှိသည်။ ယခု တရုတ်နှစ်သစ်ကူးကာလဖြစ်နေ၍ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

Author: ကံသာ
7day Daily
တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီ၊ ကြယ်ဂေါင်ဒေသများတွင် တရုတ်နှစ်သစ်ကူးကာလအတွင်း ၀င်ထွက်ခွင့် လက်မှတ် မပါရှိသူများကို တရုတ်ရဲမှ နေ့စဉ် စစ်ဆေးဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ဖမ်းဆီးထားသော လယ်သမားများ ပြန်လွှတ်ပေးရေး ပုသိမ်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြ

Photo: ဖမ်းဆီးထားသော လယ်သမားများ ပြန်လွှတ်ပေးရေး ပုသိမ်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြ
Wednesday, January 29, 2014

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမားအချို့ကို ပုဒ်မ ၄၂၇ နှင့် ၄၄၇ တို့ တပ်ကာ ဖမ်းဆီးချုပ်နှောင်ထား၍ ပြန်လွှတ်ပေးရန် လယ်သမား ၁၈၀ ကျော် သည် ဇန်န၀ါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပုသိမ် မြို့တော်ခန်းမရှေ့၌ တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

““ကျွန်တော်တို့ကို ပုဒ်မနှစ်မျိုးတပ်ပြီး အချုပ်ခန်းထဲပို့ထားတာတွေနဲ့ တရားစွဲဖို့အတွက် လုပ်ထားတာတွေကို နိုင်ငံတော်က သိဖို့အတွက် အခုလိုတောင်းဆိုရတာပါ။ ဆန္ဒပြတဲ့နေရာမှာ ကျွန်တော်က ဟောပြောဖို့ စာတင်ထားတာကို တခြားသူက ဟောပြောခဲ့တဲ့အတွက် လာသတိပေးတာတော့ရှိတယ်””ဟု တရားဝင်ခွင့်ပြုချက်ဖြင့် တောင်းဆိုဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သော လယ်သမားတစ်ဦးဖြစ်သည့် ကိုထွန်းထွန်းဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မော်ကျွန်းမြို့နယ်၌ လယ်သမား ၁၉၅ ဦး၊ ကျောင်းကုန်းမြို့ နယ်၌ ၂၁ ဦး၊ လပွတ္တာမြို့နယ်၌ ခြောက်ဦး၊ ငပုတောမြို့နယ်၌ နှစ်ဦးတို့ကို ကုမ္ပဏီများက သိမ်းယူထားသော လယ်ယာမြေများကို ၀င်ရောက်ကျူးကျော်လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးချုပ်နှောင်ထားသည်။ ၎င်းအပြင် အဆိုပါမြို့ နယ်များရှိ လယ်သမား ၂၉၀ ဦး ကို လည်း လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က တရားစွဲရန် စီစဉ်နေကြောင်း ဆန္ဒပြရာတွင်ပါဝင်သော လယ်သမားအချို့က ပြောသည်။

““အဓိက ကတော့ မူလလက်ငုတ်လယ်သမားတွေကို ပြန်ပေးဖို့အတွက်ဖြစ်ပါတယ်။ လွှတ်တော်အသံဟာ ပြည်သူ့အသံဖြစ်တဲ့အတွက် လွှတ်တော်အမတ်တွေသိဖို့အတွက် အခုလို ခန်းမရှေ့မှာ လာပြီး ဆန္ဒထုတ်ဖော်တောင်းဆိုရတာဖြစ်ပါတယ်””ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သော လယ်သမားဦးကြည်လွင်က ပြောသည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော် တောင်းဆိုရာတွင် ခရိုနီလယ်သမားများဖယ်ရှားရေး၊ မတရားသိမ်းဆည်းခံရသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူ ဖြေရှင်းပေးရေး၊ အရင်းရှင်လယ်သမားများဘက်မှ ကာကွယ်သော လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကို ဖြုတ်ချပေးရေး၊ လယ်ယာမြေကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရေး၊ ဧရာရွှေဝါကုမ္ပဏီက သိမ်းယူထားသော လယ်မြေများကို ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်က တင်ပြချက်အတိုင်း ပြန်ပေးရေး၊ လယ်သမားများကို မတရားစွဲဆိုထားသော ပုဒ်မများအား ပယ်ဖျက်ပေးရေးစသည်တို့ ရည်ရွယ်၍ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

Author: သူရကျော်

လယ်သမားများ ပုသိမ်မြို့တော်ခန်းမရှေ့တွင် စီတန်းလှည့်လည်၍ ဆန္ဒပြနေစဉ် ဓာတ်ပုံ -ငြိမ်းသူ / 7day Daily
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမားအချို့ကို ပုဒ်မ ၄၂၇ နှင့် ၄၄၇ တို့ တပ်ကာ ဖမ်းဆီး ချုပ်နှောင်ထား၍ ပြန်လွှတ်ပေးရန် လယ်သမား ၁၈၀ ကျော် သည် ဇန်န၀ါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပုသိမ် မြို့တော်ခန်းမရှေ့၌ တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

အလယ်တန်း အခမဲ့ပညာရေးစနစ် လာမည့်နှစ် စမည်

Photo: အလယ်တန်း အခမဲ့ပညာရေးစနစ် လာမည့်နှစ် စမည်
Wednesday, January 29, 2014

လာမယ့် ပညာသင်နှစ်ကစပြီး အလယ်တန်းအဆင့် အခမဲ့ပညာရေးကို စတင် ဆောင်ရွက်တော့မယ်လို့ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။

မနေ့က ကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကဏ္ဍအလိုက်ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက အခုလို ပြောကြားလိုက်တာလို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပညာရေးဘတ်ဂျက်နဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ်ကစပြီး ၃ ဆ တိုးတက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ်က မူလတန်း အခမဲ့ မသင်မနေရပညာရေးကို ဖော်ဆောင် ပေးပြီးနောက် လာမယ့်နှစ်မှာ အလယ်တန်း အခမဲ့ပညာရေးကို ဆောင်ရွက် မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပညာရေးကဏ္ဍရဲ့ အခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်မှာ ဖြစ်သလို အရည်အသွေး မြင့်မားတဲ့ ပညာရေးဖြစ်ဖို့ ဆရာ၊ ဆရာမတွေ၊ မြို့နယ်နဲ့ ခရိုင်အဆင့် ပညာရေးမှူးတွေကို အရည်အသွေး မြင့်မားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ
လာမယ့် ပညာသင်နှစ်ကစပြီး အလယ်တန်းအဆင့် အခမဲ့ပညာရေးကို စတင်ဆောင်ရွက်တော့မယ်လို့ မြန် မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြော ကြားလိုက်ပါ တယ်။

မြန်မာနယ်မြေအတွင်း အိန္ဒိယဘက်က ကျူးကျော် အဆောက် အအုံ များ ၀င်ရောက်ဆောက်လုပ်ထားဟုဆို


မြန်မာ-အိန္ဒိယ နယ်နိမိတ်ရှိ မတိုင်းတာရသေးသည့် နယ်နိမိတ် မှတ်တိုင်နှင့် တိုင်းတာပြီး နယ်နိမိတ် မှတ်တိုင် အချို့ကြောင့် မြန်မာနိုင်ငံပိုင်နယ်မြေ အတွင်းသို့ အိန္ဒိယဘက်မှ အဆောက်အအုံများ ကျူးကျော်ဆောက် လုပ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ဇန်န၀ါရီ ၂၈ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

" ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ တွင် မြန်မာ့ တပ်မတော်ပါဝင်ရေး မူအားဖြင့် လက်ခံ လိုက်ပြီ "

Photo: " ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ တွင် မြန်မာ့တပ်မတော်ပါဝင်ရေး 
မူအားဖြင့် လက်ခံလိုက်ပြီ "
Wednesday, January 29, 2014

နိုင်ငံစုံတပ်များဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကမ်းလှမ်းမှုကို မြန်မာ့တပ်မတော်က လက်ခံလိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားက မြန်မာ့တပ်မတော် အကြီးအကဲနှင့် ယခုရက်ပိုင်းတွေ့ဆုံစဉ်က ကမ်းလှမ်းခဲ့မှု အပေါ် မြန်မာတပ်ဘက်မှ လက်ခံခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြုပြောသည်။ ''မူအားဖြင့် နှစ်ဖက်လက်ခံလိုက်တာပါ'' ဟု ဦးဇော်ဌေးက ပြောသည်။ 

ယခုကဲ့သို့လက်ခံမှုသည် တပ်မတော်အစိုးရ လက်ထက် ၁၉၈၈ နောက်ပိုင်းတွင် ပထမဦးဆုံး လက်ခံခြင်းဖြစ်ပြီး အသေးစိတ်နှစ်ဖက်ဆက် ဆွေး နွေးရမည့်ကိစ္စဖြစ်၍ ယခုအချိန်တွင်ပြောဆိုရန် စောလွန်းနေသေးသည်ဟု ဦးဇော်ဌေးက ဆက် ပြောသည်။

''အဆင့်မြင့်သင်တန်းတွေ ပေး ထားတာတွေက တပ်မတော်မှာ ရှိထား ပါတယ်။ နောက်ပြီး အရာရှိလွှတ်မလား ဒါမှမဟုတ် အခြား အဆင့်လွှတ်မလား စတာတွေ ရှိတော့ သေသေချာချာ မ ပြောနိုင်သေးတာပါ'' ဟု ၎င်းက ထပ် လောင်းဆိုသည်။

၂ဝ၁၃ ခုနှစ်ပိုင်းမှ စကာ EU အပါအဝင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် မြန်မာ့တပ်မတော်ကို 
အဆင့်မြင့် သင်တန်းများပေးရန် ဆွေးနွေးခြင်း၊ ကမ်းလှမ်းခြင်းများ ပြုလုပ်ပြီး 

လက်တွေ့ အ ကောင်အထည်ဖော်မှု အချို့ကို ဆောင် ရွက်ပေးခဲ့သည်။ 
တပ်မတော်သားဟောင်း တစ်ဦး ဖြစ်သည့်အပြင် လက်ရှိတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးလှဆွေက ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူ လက်ခံလိုက်မှုကို ကြိုဆိုကြောင်း ထောက်ခံပြော သည်။

နိုင်ငံခြား ဘာသာစကား တတ် ကျွမ်းပြီး အရည်အချင်း ပြည့်မီသော အရာရှိနှင့် စစ်သည်များ တပ်မတော်တွင် ရှိ၍ ဦးစားပေးရွေးချယ်ခြင်းဘက်တွင် လည်း တပ်မတော်က အခက်အခဲမရှိ နိုင်ဟု ဦးလှဆွေက Popular News သို့ ပြောသည်။

၁၉၄၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ဖွဲ့စည်းပြီးစဉ်ကတည်းက ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် ငြိမ်း ချမ်းရေးထိန်းသိမ်းရန် ကုလသမဂ္ဂ ငြိမ်း ချမ်းရေးတပ်များကို ဖွဲ့စည်းခဲ့သည်။ ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ကုလ အဖွဲ့ဝင် နိုင်ငံအသီးသီးမှ တပ်မတော် သားများ၊ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် အရပ်ဘက် ဝန်ထမ်းများလည်း ပါ 
ဝင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ 

ကုလငြိမ်းချမ်းရေးတပ်သည် ယုံကြည်မှု တည်ဆောက်ခြင်း၊ အာဏာခွဲဝေ ကျင့် သုံးစေခြင်း၊ ရွေးကောက်ပွဲများကျင်းပရန် အကူအညီပေးခြင်း၊ တရားဥပဒေစိုးမိုး ရေးကို အထောက်အကူပေးခြင်းနှင့် လူမှု စီးပွားဖွံ့ဖြိုးရေး ပုံစံနည်းနာများ ကို ကျင့်သုံးပြီး ပဋိပက္ခလွန်ဒေသများ တွင် ငြိမ်းချမ်းရေး 
တည်ဆောက်ခြင်း လုပ်ငန်းကို လုပ်ဆောင်ကြသည်။

ဦးထုပ်ပြာများဟု ခေါ်ဆိုကြသည့် ကုလငြိမ်းချမ်းရေး တပ်ဖွဲ့များသည် ကုလသမဂ္ဂ ပဋိညာဉ်အရ လက်ခံထား သော ဘောင်အတွင်းမှနေ၍ အင်အား သုံးကာ ပဋိပက္ခများကို ဖြေရှင်းကြရပြီး နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ကုလသမဂ္ဂပဋိညာဉ်က စု ပေါင်းဆောင်ရွက်ရန် တာဝန်နှင့်အာ 
ဏာကို အပ်နှင်းထားသည်။

ယခုကာလများတွင် International Criminal Court အပြည်ပြည်ဆိုင်ရာ ရာဇဝတ် မှု တရားရုံး လုပ်ငန်းစဉ်များနှင့် မြေမြှုပ် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ကုလငြိမ်းချမ်းရေး တပ်များက လုပ် ဆောင်လျက် ရှိကြသည်။

PN-051
Popular Myanmar News Journa
နိုင်ငံစုံတပ်များဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော် ပါဝင်ရန် ကုလ သမဂ္ဂ အထူးကိုယ်စားလှယ်၏ ကမ်းလှမ်းမှုကို မြန်မာ့တပ်မတော်က လက်ခံ လိုက်ကြောင်း သိရသည်။

နိုင်ငံသားမှတ်ပုံတင်ကတ်များ စမတ်ကတ် ပြောင်းလဲထုတ်ရန် ကွန်ပျူတာ ဆာဗာကွန်ရက်များ တည်ထောင်မည်

Photo: နိုင်ငံသားမှတ်ပုံတင်ကတ်များ စမတ်ကတ် ပြောင်းလဲထုတ်ရန် ကွန်ပျူတာ ဆာဗာကွန်ရက်များ တည်ထောင်မည်
Wednesday, January 29, 2014

မန္တလေးတိုင်းဒေသကြီး အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ် ပြောင်းလဲ ထုတ်ပေးနိုင်ရေး အတွက် ကွန်ပျူတာဆာဗာများ ယခုနှစ်တွင် အပြီး တပ်ဆင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကွန်ပျူတာစနစ်အတွက် ပညာရှင်များနှင့် ပရိုဂရမ် ရေးဆွဲနေကြောင်း၊ ပရိုဂရမ်ပိုင်းများ ရေးဆွဲပြီးပါက မြို့နယ်ရုံးများတွင် မှတ်တမ်းတင်ထားသော Database များဖြင့် ချိတ်ဆက်ထားမည် ဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ်အဖြစ် ပြောင်းလဲပါက အချက်အလက်များ ရရှိရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဆာဗာမှတစ်ဆင့် စိစစ်ရေးကတ်ပြား လုပ်ရန်လိုအပ်နေသော မြို့ရွာများကို ဖော်ပြမည်ဖြစ်ပြီး၊

နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူများ ကိုလည်း ဆက်သွယ် အကြောင်းကြားပေးသွား နိုင်ကြောင်း ၄င်းက ပြောကြားသည်။

"စမတ်ကတ်အဖြစ် ပြောင်းဖို့ဆိုရင် အချက်အလက်တွေ လိုအပ်တယ်။ အခုလုပ်မယ့် ကွန်ပျူတာဆာဗာ ကနေပြီး အချက်အလက်တွေကို ရုံးချုပ်က ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနက ဖြစ်စေ အလွယ်တကူ ကြည့်လို့ရအောင် တည်ဆောက်မှာပါ။ 

အခု လောလောဆယ်တော့ ကွန်ပျူတာပရိုဂရမ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်လုပ်ကိုင် ဆောင်ရွက်နေပါတယ်" ဟု ၄င်းကဆိုသည်။

အဆိုပါ ကွန်ပျူတာဆာဗာကို စင်ကာပူ နိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် East Wind Solutions က နည်းပညာပိုင်း ကူညီပေးပြီး ကျပ်သိန်း ၁၀၀ ကျော်ကုန်ကျ စရိတ်ကို အလှူရှင်များက စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

"အဘိုး၊ အဘွား နာမည်နဲ့ မှတ်ပုံတင်နံပါတ် မသိလို့ အခုထိ မှတ်ပုံတင် မရှိသေးဘူး" ဟု ပြည်ကြီးတံခွန် မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် ဦးမြတ်မင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနသည် ကွန်ပျူတာဆာဗာ များကို မန္တလေးခရိုင်တွင် တည်ဆောက်ပြီးစီးပါက ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာနှင့် ရမည်းသင်းခရိုင် တို့တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူ ထံမှ ထပ်မံ သိရှိရသည်။

နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ်အဖြစ် ပြောင်းလဲရန်အတွက် နည်းပညာနှင့် ငွေကြေးအဓိက လိုအပ်နေ သေးသဖြင့် ထုတ်ပေးရန် မဖြစ်နိုင်သေးကြောင်း၊ နယ်မြို့များအထိ ကွန်ရက် ထားရှိရမည် ဖြစ်သဖြင့် ဘတ်ဂျက် လိုအပ်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် 
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ် ပြောင်းလဲထုတ်ပေးနို င်ရေးအတွက် ကွန်ပျူတာဆာဗာများ ယခုနှစ်တွင် အပြီး တပ်ဆင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပန်းသွေးရောင် မျက်နှာမျိုး ပိုင်ဆိုင်စေဖို့အတွက် ခြယ်သရာမှာ သိထားသင့်တဲ့အချက် ၆ ချက်

ကိုယ့်ရဲ့မျက်နှာလေး ပန်းသွေးရောင်ခြယ် လှပနေဖို့ဆိုတာ skin care ကောင်းနေဖို့၊ ဒါမှမဟုတ် အောက်ခံ လိမ်းထားတဲ့ မိတ်ကပ်သားကောင်းနေဖို့ဆိုတာထက် ကိုယ်ရွေးချယ်ထားတဲ့ ပါးနီ အရောင်တွေကလည်း ကိုယ်နဲ့လိုက်ဖက်နေဦးမှပါ။ ကိုယ့်အသားအရေက တစ်ရောင်၊ ကိုယ်ရွေးထားတဲ့ ပါးနီရောင်က တစ်မျိုးဖြစ်နေရင်တော့ ဒါဟာ တော်တော်ကြည့်ရဆိုးနေမှာမို့ ကိုယ့်မျက်နှာနဲ့ဘယ်လို ပါးနီရောင်တွေက သင့်တော်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခုလို ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်ပါက အန္တရာယ်မဖြစ်ရန် ကာကွယ်ထားဟုဆို

Photo: ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်ပါက အန္တရာယ်မဖြစ်ရန် ကာကွယ်ထားဟုဆို

Wednesday, January 29, 2014

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း အပါအဝင် ဓာတ်ငွေ့ပိုက်လိုင်းများ အားလုံးကို ပေါက်ကွဲမှု မဖြစ်ရန်နှင့် ပေါက်ထွက်၊ ယိုစိမ့်လာပါက ပြည်သူလူထု အန္တရာယ် မဖြစ်စေရန် ကာကွယ်မှုများ ပြုလုပ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက် နေထိုင်ကြသည့် ဒေသခံပြည်သူများ အတွက် အန္တရာယ် ဖြစ်ပေါ်နိုင်သောကြောင့် ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ပိုက်လိုင်းများကို နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ ပြုလုပ် ထားသောကြောင့် ဓာတ်ငွေ့လိုင်းများ ပေါက်ကွဲ ယိုစိမ့်မှုဖြစ်စဉ် မရှိသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပိုက်လိုင်းများ ပေါက်ထွက်ခြင်း၊ ယိုစိမ့်ခြင်းနှင့် မီးဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက အလိုအလျောက် သိနိုင်သော ခေတ်မီစက်များ တပ်ဆင်ထားပြီး အရေးပေါ် ကိစ္စများအတွက် အချိန်နှင့် တစ်ပြေးညီ ပြုပြင်ရန် စွမ်းအင်ဝန်ကြီးဌာနက ထိန်းချုပ်ထားသောကြောင့် အန္တရာယ် မရှိကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ပြည်တွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အထူ ၀ ဒသမ ၈ လက်မနှင့် အချင်း ၄၀ လက်မ၊ ရဲတံခွန်ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၂၄ လက်မ၊ ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၃၆ လက်မ၊ ဇောတိက သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၂၈ လက်မဖြင့် တည်ဆောက် ပို့လွှတ်ပေးနေခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ညောင်တုန်းမှ အင်းစိန်ရွာမသို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထန်းတပင်မြို့နယ် တောညိုရွာအနီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ ပိုက်လိုင်း သံချေးစားမှုကြောင့် ဖြစ်ကြောင်း ရွှေပြည်သာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းသိမ်းရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice Weekly
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအပါအဝင် ဓာတ်ငွေ့ ပိုက်လိုင်းများ အားလုံးကို ပေါက်ကွဲမှု မဖြစ်ရန်နှင့် ပေါက်ထွက်၊ ယိုစိမ့်လာပါက ပြည်သူလူထု အန္တရာယ် မဖြစ်စေရန် ကာကွယ်မှုများ ပြုလုပ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြော ကြားသည်။

အမှတ် (၅) ချည်မျှင်နှင့်အထည် စက်ရုံမှူးဟောင်းကို ကာမလိမ်လည်မှုဖြင့် အရေးယူပေးရန် ဒေသခံများ တောင်းဆို

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် စက်ရုံဝန်ထမ်း အမျိုးသမီးများကို ကာမလိမ်လည် ရယူခဲ့သည်ဟု ဆိုကာ အမှတ် ၅ ချည်မျှင်နှင့် အထည်စက်ရုံမှူးဟောင်း အငြိမ်းစားဗိုလ်မှူးတစ်ဦးကို အရေး ယူ ဆောင်ရွက်ပေးရန် ပခုက္ကူမြို့ အမျိုးဘာသာ သာသနာစောင့်ရှောက် အဖွဲ့ (မဘသ) နှင့် ဒေသခံ ၁၀၀ ကျော် တို့က လက်မှတ်ထိုး တောင်းဆိုထားသည့် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂ဝ၁၄တွင် နိုင်ငံခြားသားဧည့်သည် သုံးသန်းဝင်ရောက်ရန် ကြိုးပမ်း သွားမည်

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည်သည့်ဝင်ရောက်မှုသည် ယခု ၂ဝ၁၄ ခုနှစ်တွင် လေဆိပ်မှ ဝင်ရောက်မှု ၁ ဒသမ ၃၅ သန်းနှင့် နယ်စပ်များမှဝင်ရောက်မှု ၁ ဒသမ ၆၅ သန်း စုစုပေါင်း သုံးသန်းဝင် ရောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်းဝန်ကြီးဌာနမှသိရသည်။

ဒုချီးရာတန်းကျေးရွာကို EU သံတမန်များ သွားကြည့်မည်

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးက သံအမတ်ကြီး Mr. Roland Kobia နဲ့ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီစတဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက သံအရာရှိ ၁၀ ဦးလောက်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ဒုချီးရာတန်းကျေးရွာကို လာမယ့်ဇန်န၀ါရီ ၃၀ ရက်နေ့မှာ သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

အမေရိကန်နှင့် ဗြိတိသျှသူလျှိုများက မိုဘိုင်းဖုန်းများ၏ Application များထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များရယူ

Photo: အမေရိကန်နှင့် ဗြိတိသျှသူလျှိုများက မိုဘိုင်းဖုန်းများ၏ Application များထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များရယူ

Wednesday, January 29, 2014

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) နှင့် ဗြိတိန်နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီတို့သည် ပုဂ္ဂိုလ်ရေး အချက်အလက်များ ရယူရန်အတွက် မိုဘိုင်းဖုန်းများ၏ application များထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းသည် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အချက်အလက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ်စနိုးဒင်ထံမှ ရရှိသော အထောက်အထားများဖြင့် နောက်ဆုံးဖော်ထုတ်ချက်များ ဖြစ်လာသည်။ NSA နှင့် ဗြိတိန်နိုင်ငံ၏ အစိုးရဆက်သွယ်ရေးရုံးချုပ်ဟုခေါ်သော ထောက်လှမ်းရေးအေဂျင်စီတို့သည် Google Maps သို့မဟုတ် Facebook၊ Twitter နှင့် အခြားဆားဗစ်များ၏ မိုဘိုင်းဗားရှင်းများ ကဲ့သို့သော စမတ်ဖုန်း app များထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းကို အသုံးပြုလျက် တည်နေရာနှင့် အခြားလျှို့ဝှက် အချက်အလက်များကို ရယူခဲ့သည်ဟုဆိုသည်။

ယခင် မီဒီယာများ၏ ဖော်ထုတ်ချက်များအရ NSA သည် အကြမ်းဖက်သမားဟု မသင်္ကာဖွယ်လူများနှင့် အခြားထောက်လှမ်းရေး ပစ်မှတ်များကို စောင့်ကြည့်လေ့လာရန်အတွက် ဖုန်းမှတ်တမ်းများ၊ SMS Text Message များ၊ အွန်လိုင်းဂိမ်းများနှင့် အခြားအင်တာနက် လိုင်းကြောင်းများထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တစ်စုံတစ်ဦးသည် application တစ်ခုကို ဖွင့်လိုက်သည့်အခါ သို့မဟုတ် လူကြိုက်များသည့် ဂိမ်းတစ်မျိုးဖြစ်သော Angry Birds ကို ကစားသည့်အခါ သို့မဟုတ် Google Maps ကို စစ်ဆေးလိုက်သည့်အခါ သူလျှိုအေဂျင်စီများသည် အသုံးပြုသူ၏ တည်နေရာ၊ အသက်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိပ်စာများစာရင်းနှင့် အခြားအချက်အလက်များကို ရယူလိုက်နိုင်ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြသည်။

app များနှင့်ပတ်သက်သည့် သူလျှိုလုပ်မှု အတိုင်းအတာကိုလည်းကောင်း၊ သူလျှိုလုပ်မှု အသေးစိတ် အချက်အလက် များစွာကိုလည်းကောင်း ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိဟု နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ ယခုကိစ္စနှင့်ပတ်သက်၍ NSA က ငြင်းဆိုခြင်းမရှိသော်လည်း သာမန်ပြည်သူများအပေါ် သူလျှိုလုပ်ခြင်းမရှိသည်မှာ လအတန်ကြာခဲ့ပြီ ဖြစ်ကြောင်းနှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို လေးစားကြောင်း ထပ်မံပြောကြားခဲ့သည်။

Eleven Media Group
အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) နှင့် ဗြိတိန်နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီတို့သည် ပုဂ္ဂိုလ်ရေး အချက်အလက်များ ရယူရန်အတွက် မိုဘိုင်းဖုန်းများ၏ application များထဲသို့ ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

အငြင်းပွားဖွယ်ကျွန်းအကြောင်း ဂျပန်သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းမယ်

အငြင်းပွားဖွယ်ကျွန်းအကြောင်း ဂျပန်သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းမယ်
Wednesday, January 29, 2014

တရုတ်နိုင်ငံအပြင် တောင်ကိုးရီးယားနိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို ဂျပန်အစိုးရက အဲဒီကျွန်းတွေ ဂျပန်က ပိုင်ဆိုင်ကြောင်း ပညာရေး သင်ရိုးညွန်းတမ်းမှာ ပြဌာန်းဖို့ လုပ်နေပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ ရှိတဲ့ ကျွန်းစုတွေကို ဂျပန်၊ တရုတ်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က သူပိုင် ငါပိုင် အငြင်းပွားနေကြချိန်မှာပဲ ဂျပန်အစိုးရက ဒီကျွန်းတွေကို ဂျပန်က ပိုင်ဆိုင်တယ်ဆိုတာ မေးခွန်းထုတ်
စရာတောင် မလိုတဲ့အကြောင်း အလယ်တန်းနဲ့ အထက်တန်းကျောင်း
စာတွေမှာ ထည့်သွင်းဖို့ ဂျပန်အစိုးရက ပညာရေးဌာနကို ညွန်ကြားထား
ပါတယ်။

ဂျပန်အစိုးရရဲ့ ညွန်ကြားချက်ကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ ထားရှိတဲ့ ဆက်ဆံရေး ပိုမိုထိခိုက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေကို ဂျပန်နိုင်ငံက Senkaku ကျွန်းလို့ခေါ်ပြီး တရုတ်ကလည်း Diaoyus ကျွန်းလို့ခေါ်ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ABC
တရုတ်နိုင်ငံအပြင် တောင်ကိုးရီးယားနိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို ဂျပန်အစိုးရက အဲဒီကျွန်းတွေ ဂျပန်က ပိုင်ဆိုင်ကြောင်း ပညာရေး သင်ရိုးညွန်းတမ်းမှာ ပြဌာန်းဖို့ လုပ်နေပါတယ်။
အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ ရှိတဲ့ ကျွန်းစုတွေကို ဂျပန်၊ တရုတ်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က

မွတ်ဆလင်များသတ်ဖြတ်ခံရသည်ဟု လိမ်ညာ ဖော်ပြသော ကုလနှင့်အေပီ ကျင့်ဝတ်မဲ့ဟု ဦးရဲထွဋ် ပြော

မွတ်ဆလင်များသတ်ဖြတ်ခံရသည်ဟု လိမ်ညာ ဖော်ပြသော ကုလနှင့်အေပီ ကျင့်ဝတ်မဲ့ဟု ဦးရဲထွဋ် ပြော

ရခိုင်ပြည်နယ် မောင်တောမြို့ ဒူချီရာတန်း အလယ်တန်းကျေးရွာမှာ ဒေသခံ မွတ်ဆလင် ၄၈ယောက် သတ်ဖြတ်ခံရတဲ့ကိစ္စ ကုလသမဂ္ဂရဲ့သတင်းထုတ်ပြန်မှုဟာကျင့်ဝတ်နဲ့မညီသလို အေပီသတင်း
ဌာနဟာလည်းတစ်ဖက်သတ် ရေးသားခဲ့တယ်လို့ မြန်မာအစိုးရပြောခွင့်ရ ဦးရဲထွဋ်က ဇန်နဝါရီ ၂၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သတ်ဖြတ်မှုတွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေရှိရင် ပြောနိုင်တယ်လို့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲအပြီး မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

မောင်တောမှာ ဇန်နဝါရီ ၉ရက်နေ့နဲ့ ၁၃ရက်နေ့တွေမှာ ဒူချီရာတန်းကျေးရွာက ဒေသခံမွတ်ဆလင် အနည်းဆုံး ၄ဝကျော်ကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်လူမျိုးတွေ တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ဇန်နဝါရီ ၂၂ရက်နေ့ကနေ ၂၆ရက်နေ့အထိ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ ICG က မောင်တောမှာ ရခိုင်ရဲတွေကိုမသုံးဖို့ ထုတ်ပြန်ခဲ့တဲ့အပေါ် ဦးရဲထွဋ်က ကိုယ့်နိုင်ငံတွင်း ရဲတပ်ဖွဲ့တွေ ဘယ်လိုနေရာချလဲဆိုတာ အချုပ်အခြာအာဏာနဲ့ဆိုင်တာကြောင့် ICG က ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ တုံ့ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရှင်းလင်းပွဲမှာ ပြည်တွင်းက သတင်းစာ ၄စောင်နဲ့ ပြည်ပ မီဒီယာ ၆ခုကိုသာ ဝင်ခွင့်ပေးခဲ့ပြီး မောင်တော သတ်ဖြတ်မှုတွေကို ဖော်ထုတ်ရေးသားခဲ့တဲ့ အေပီသတင်းဌာနကို ဝင်ခွင့်မပေးခဲ့ပါဘူး။

ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ဘဏ်၊ ICG၊ အမေရိကန်အစိုးရ၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက သတ်ဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ပြောဆိုတာတွေကို ဦးရဲထွဋ်က နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကမာရွတ်မီဒီယာ
ရခိုင်ပြည်နယ် မောင်တောမြို့ ဒူချီရာတန်း အလယ်တန်းကျေးရွာမှာ ဒေသခံ မွတ်ဆလင် ၄၈ယောက် သတ်ဖြတ်ခံရတဲ့ကိစ္စ ကုလသမဂ္ဂရဲ့သတင်းထုတ်ပြန်မှုဟာကျင့်ဝတ်နဲ့မညီသလို အေပီသတင်း  ဌာနဟာလည်းတစ်ဖက်သတ် ရေးသားခဲ့တယ်လို့ မြန်မာအစိုးရပြောခွင့်ရ ဦးရဲထွဋ်က ဇန်နဝါရီ ၂၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သတ်ဖြတ်မှုတွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေရှိရင် ပြောနိုင်တယ်လို့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲ အပြီး မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

မီဒီယာသမားအမည်သုံးပြီး ငွေကောက်ခံခဲ့သည့် တောင်ကြီး NLD ပါတီဝင်ကို အရေးယူရန် ဗဟိုသို့ တင်ပြထား

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မတိုင်မီက မီဒီယာသမားများအမည်သုံးပြီး အလှူငွေကောက် ခံခဲ့သည့် တောင်ကြီးမြို့နယ်၊ အမျိုးသားရပ်ကျေးပါတီဝင် ကိုထွန်းထွန်းဦးကို ရှမ်းပြည်နယ် NLD စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ရာ ပြုလုပ်ကြောင်း ၀န်ခံခဲ့သဖြင့် အရေးယူရန် ဇန်န၀ါရီ ၂၇ရက်က ဗဟိုသို့ တင်ပြထားသည်ဟု NLD ခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဇန်န၀ါရီ ၂၈ တွင် မဇ်္ဈိမကို အတည်ပြု ပြောသည်။

အမ်းမြို့ရှိ တရုတ်ကုမ္ပဏီမီးရှို့ရာတွင် ပါဝင်သူဟု သံသယရှိသူ ၁၁ ဦးကို စစ်ဆေး

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖောက်လုပ်သည့် တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီ CNPC ကို မီးရှို့သည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု အမ်းမြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးတစ်ဦးက ဇန်န၀ါရီ ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
အမ်းမြို့နယ်၊ ဆင်ကုန်တိုင်ရွာရှိ SEAGP ဆောက်လုပ်ရေးကုမ္ပဏီမှ တရုတ်အမျိုးသားတစ်ဦးက အိမ်အ ပေါ်ထပ်မှနေ၍ မြန်မာလုပ်သားတစ်ဦးအပေါ်သို့ အပေါ့စွန့်ချသည်ဟုဆိုကာ နှစ်ဖက် အချင်းများခဲ့ပြီး ည ၁၂ နာရီခန့်တွင် မြန်မာအလုပ်သမားများက မီးရှို့ခဲ့ခြင်းဖြစ်သည်။

မီတာခဈေးနှုန်း ပြန်ညှိနှိုင်းသတ်မှတ်မည်

မီတာခဈေးနှုန်း ပြန်ညှိနှိုင်းသတ်မှတ်မည်
Tuesday, January 28, 2014

လျှပ်စစ်မီတာခ တိုးမြှင့်မယ်လို့ ၀န်ကြီးဌာနက ကြေညာထားတဲ့ နှုန်းထားအတိုင်း လာမယ့် ဘဏ္ဍာရေးနှစ်အစ ၂၀၁၄ ဧပြီမှာ စ ကောက်မယ်လို့ သမ္မတက လွှတ်တော်ဘက်ကို သ၀ဏ်လွှာ ပေးပို့ထားပေမယ့် အဲဒီနှုန်းထားအတိုင်း မကောက်ဘဲ ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က လျှပ်စစ်ကဏ္ဍ အရှုံးပေါ်နေတဲ့ကိစ္စ၊ နောက်ထပ် လိုအပ်လာမယ့် ဓာတ်အားအတွက် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ကိစ္စတွေ လွှတ်တော်ကို အသေအချာ တင်ပြပြီး မီတာခ တိုးမြှင့်မယ့်ကိစ္စ အဆင်ပြေအောင် ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာထားတဲ့ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁၀၀ အထိ ၁ ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀၀ အထက် ကျပ် ၅၀၊ လုပ်ငန်းသုံး ယူနစ် ၅ ထောင်အထိ ၁ ယူနစ် ကျပ် ၁၀၀၊ ယူနစ် ၅ ထောင်အထက် ကျပ် ၁၅၀ ဖြစ်ပါတယ်။

ဒီနှုန်းထားကို လွှတ်တော်က ကန့်ကွက်ထားတဲ့အတွက် မကောက်ခံသေးဘဲ ယာယီ ဆိုင်းငံ့ ထားပါတယ်။

လက်ရှိ ကောက်ခံနေတဲ့ နှုန်းထားကတော့ အိမ်သုံး ၁ ယူနစ် ၃၅ ကျပ်၊ လုပ်ငန်းသုံး ၁ ယူနစ် ၇၅ ကျပ် ဖြစ်ပါတယ်။

By ဒီဗွီဘီ
လျှပ်စစ်မီတာခ တိုးမြှင့်မယ်လို့ ၀န်ကြီးဌာနက ကြေညာထားတဲ့ နှုန်းထားအတိုင်း လာမယ့် ဘဏ္ဍာရေးနှစ် အစ ၂၀၁၄ ဧပြီမှာ စ ကောက်မယ်လို့ သမ္မတက လွှတ်တော်ဘက်ကို သ၀ဏ်လွှာ ပေး ပို့ထားပေမယ့် အဲဒီနှုန်းထားအတိုင်း မကောက်ဘဲ ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအား ၀န်ကြီးဌာနလေးခုက ကျပ်သန်းပေါင်း ၂၅၈၄၀ ကျော် သုံးစွဲခဲ့

၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအား ၀န်ကြီးဌာနလေးခု၏ သုံးစွဲမှုမှာ ကျပ်သန်းပေါင်း ၂၅၈၄၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါသုံးစွဲခဲ့သည့် ရန်ပုံငွေများသည် ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးနှင့် အခြားဘေးအန္တရာယ် ကျရောက်မှုတို့ကြောင့် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေမှ ဥပဒေနှင့်အညီ ခွဲဝေသုံးစွဲခဲ့ရသည့် ရန်ပုံငွေအား သုံးစွဲရခြင်းဖြစ်ကြောင်း သိရသည်။

မဆုံးနိုင်သော မူးယစ်ဆေးဝါးသံသရာ



ဒီမိုကရေစီအစိုးရ တက်လာပြီးနောက် ထောင်သွင်းအကျဉ်းချခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေရာမှာ အမှန် တကယ်ပြစ်ဒဏ်လျော့ပေါ့သင့်သူတွေရှိသလို အပြစ်ဒဏ်က တကယ်မလွတ်သင့်တဲ့သူ တွေလည်းရှိခဲ့ပါတယ်။ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပြစ်ဒဏ်ခံနေသူတွေကို အပြစ်ကနေ လွတ်ငြိမ်းခွင့်မပေးသင့်ပါဘူး။ လူသတ်သမား ဟာ ထောင်အပြင်လောကရောက်တာနဲ့ လူသတ်ဖို့ပဲ သူ့မှာ ရည်ရွယ်ချက်ရှိသလို မူးယစ်ဆေးဝါးသမားကလည်း မူးယစ်ဆေးဝါးပဲပြန်လုပ်မှာပါ။ နိုင်ငံတော်အစိုးရ အနေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးတယ်ဆိုပေမယ့် UWSA တပ်ဖွဲ့ က မူးယစ်ဆေးဝါးခေါင်းဆောင် တွေကိုတော့ ပြန်လည်လွှတ်မပေးသင့်ပါဘူး။