Thursday, April 2, 2015

အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း အတည်ပြုနိုင်ခြင်း အပေါ် ပြည် တွင်း၊ ပြည်ပ အဖွဲ့အစည်းပေါင်းစုံကြိုဆို

တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နောက်ဆုံးမူကြမ်း အတည်ပြုလက်မှတ်ရေးထိုးလိုက်မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပြည်တွင်းအဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ကော်မရှင်အချို့က ကြိုဆိုကြောင်း ကြေညာချက်များ ဆက်တိုက် ထုတ်ပြန်လာကြသည်။

ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြည့်မြင်တိုင်မြို့နယ် လွှတ်တော် အမှတ် (၁)မဲဆန္ဒနယ်မှ ကိုယ်စား လှယ် ဒေါ်ကြည်ကြည်မာက NCA နောက်ဆုံးမူကြမ်း အတည်ပြု လက်မှတ်ရေးထိုးနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အရေးကြီး အဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း ထောက်ခံခဲ့သည်။

ဖမ်းဆီးခံကျောင်းသားပြည်သူ လွတ်မြောက်ရေး ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားတွေစတင်လှုပ်ရှား


မတ်လ ၁၀ ရက်နေ့က ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုးခွင်း ဖမ်းဆီးခံခဲ့ရတဲ့ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ စတစ်ကာတွေကို လိုက်ကပ်ပြီး တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတွေကို ပြည်နည်းပညာတက္ကသိုလ်နဲ့ ပြည်မြို့ပေါ်မှာ ဧပြီလ ၁ ရက်နေ့က စတင်ပြီး ၃ ရက်နေ့အထိ ပြုလုပ်နေကြပါတယ်။ 

သင်္ကြန်စာ အလိုအရ လာမည့်နှစ် နိုင်ငံ အကြီးအကဲများ အပြောင်းအလဲ ရှိနိုင်


သင်္ကြန်စာ, နိုင်ငံ အကြီးအကဲများ , ဗေဒင် , စံဇာဏီဘို
ယခုနှစ် သင်္ကြန်စာကို ဖတ်နေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ခရစ်နှစ် ၂၀၁၅ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ် အတွက် မဟာသင်္ကြန်စာအရ သင်္ကြန်မင်းဟု ခေါ်သော တနင်္ဂနွေဂြိုဟ်မင်း သည် ဂဠုန်စီးပြီး လက်တဘက်တွင် သန်လျက်ကိုင်၍ လူ့ပြည်သို့ ဆင်းသည့်အတွက် လာမည့်နှစ်တွင် နိုင်ငံရေး အခြေအနေအရ မင်း(နိုင်ငံ အကြီးအကဲများ) အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။

သင်္ကြန်အကြို လစာတိုး၍ ကုန်ဈေးနှုန်း တက်မည်ကို စိုးရိမ်

ကုန်ဈေးနှုန်း, စားသောက်ကုန် , သင်္ကြန်, လစာတိုး
ရန်ကုန်မြို့ရှိ လှည်းတန်းဈေး အတွင်း ဈေးသည်များနှင့် ဈေးဝယ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သင်္ကြန်ကာလ ပိတ်ရက်များနှင့် ယခုဘဏ္ဍာနှစ်အတွင်း တိုးမြှင့်ပေးလိုက်သည့် အစိုးရ၀န်ထမ်း လစာနှုန်းထားများကြောင့် ဈေးကွက် အတွင်း စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း စားသုံးသူများက ပြောသည်။

အမှိုက်ကောက်တာ ကိုယ်ရည်သွေးဖို့ မဟုတ်ပါလို့ ဦးမြင့်ဆွေ တုန့်ပြန်ဖြေရှင်း

vsvklsjvs

ကိုယ်တိုင်အမှိုက်ကောက်နေသောဓာတ်ပုံ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ ပြီးနောက်ဝေဖန် ခံရသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကိုယ်တိုင် အမှိုက်ကောက်ခြင်းသည် ရန်ကုန်မြို့သန့်ရှင်းလှပရေးအတွက်ကိုသာ ရည်ရွယ်ပြီး အခြား ရည်ရွယ်ချက် ကိုယ်ရည်သွေး လုပ်ဆောင်မှု တစ်စုံတစ်ရာ မရှိဟု တုန့်ပြန်ဖြေ ရှင်းလိုက်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ထိန်းချုပ်စနစ်ပါသည့် စက်ပါမှသာ ဖြတ်သန်းခွင့်ပြုတော့မည်


ယခုလမှစတင်ကာ မော်တော် ယာဉ်ထိန်းချုပ်မှုစနစ်ပါဝင်သည့် စက် တပ်ဆင်မှသာ ရန်ကုန်-မန္တလေး အမြန် လမ်းအားမောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

ဝှိုက်ကတ် အပ်နှံမှု လုပ်ငန်းစဉ်များ စတင်

ယာယီ သက်သေခံ လက်မှတ် (White Card) ၀ှိုက်ကတ်, ရခိုင် , ဘင်္ဂါလီ

ယာယီ သက်သေခံ လက်မှတ် (White Card) ကို ကိုင်ဆောင်ပြနေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အဖြူရောင်ကတ်(White Card) ခေါ် ယာယီ သက်သေခံ လက်မှတ် သက်တမ်း ကုန်ဆုံးရက်သည် ယခုနှစ် မတ်လ ၃၁ ရက်တွင် နောက်ဆုံးရက် ဖြစ်သည့်အတွက် ပြန်လည်အပ်နှံရေး အစီအစဉ်များကို ဧပြီ ၁ ရက်မှ စတင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရ သည်။

သင်္ကြန်ကာလအတွင်း မှုခင်းများ စစ်ဆေးနိုင်ရန် အထူးတရားရုံးများ ဖွင့်မည်


လာမည့် မဟာသင်္ကြန်ပွဲတော်ကာလ ဖြစ်ပွားသည့် မှုခင်းများကို အမြန်ဆုံးစစ်ဆေး၍ စီရင်ချက် ချမှတ်နိုင်ရန်အတွက် မန္တလေးခရိုင်အတွင်း မြို့နယ်လေးခုရှိ တရားရုံးများကို အထူးတရားရုံးများ အဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလတွင် ဖြစ်ပွားလေ့ရှိသည့် ခိုက်ရန်ဖြစ်ပွားမှုများ၊ ယာဉ်တိုက်မှု စသည့် အမှုများကို သင်္ကြန်တွင်း ရုံးတင်စစ်ဆေးပြီး ချက်ချင်း အမိန့်ချနိုင်ရန်အတွက် ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြသာစည် မြို့နယ်တို့ရှိ မြို့နယ်တရားရုံးများကို ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပမှ ကျပ် ၃၉ဝဝ ဘီလျံထက် ပိုမချေးရန် လွှတ်တော်ဆုံးဖြတ်

လာမည့်ဘဏ္ဍာနှစ်မှ စတင် ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ပြည်တွင်းပြည်ပမှ ချေး ငွေကျပ်သန်းပေါင်း ၃၉ သိန်းထက် ပိုမိုကျော်လွန်ပြီး မချေးငှားရန် ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုခဲ့သည်။

မတ်လ ၃၁ရက်နေ့က ကျင်းပ သော ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန် အစည်း အဝေးတွင် ၂ဝ၁၅ခုနှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင် ရာ ဥပဒေကြမ်းအားဥပဒေအဖြစ် အတည်ပြုခဲ့ပြီးထိုကဲ့သို့ပြည်ထောင် စုအစိုးရအနေဖြင့်ကျပ်သန်းပေါင်း ၃၉ သိန်းထက်ကျော်မသုံးရန် ပြည် ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ် ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒီနှစ်သင်္ကြန်မှာ Iron Cross အဖွဲ့သားတွေနဲ့အတူ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ သီဆိုဖျော်ဖြေမယ့် တေးသံရှင်ဝိုင်ဝိုင်းနဲ့ တွေ့ဆုံမေးမြန်းထား ပါတယ်။


Voice : ဒီနှစ်သင်္ကြန်မှာ Iron Cross အဖွဲ့က ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရှိမယ်လို့ သိထားတယ်။ သင်္ကြန်မှာ Iron Cross အဖွဲ့နဲ့ ဘယ်လိုဖျော်ဖြေဖို့ စဉ်းစားထားလဲ။
Y Wine : ရန်ကုန်ပရိသတ်ကတော့ သင်္ကြန်မှာ အရမ်းအားပေးကြပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဆိုဖို့အတွက် စိတ်လှုပ်ရှားတယ်။ သင်္ကြန်တွင်းမှာ ကျွန်တော်တို့အားလုံး မျှော်စင်ကျွန်းမှာ ရှိနေမှာဖြစ်လို့ လာခဲ့ကြပါဦးလို့ ပြောချင်ပါတယ်။

ကြိုတင်မဲ မသာမာမှု အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေး


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲမသမာမှုများကို အတတ်နိုင်ဆုံး အကာအကွယ်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧပြီလ ၂ ရက် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလ မီဒီယာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် မီဒီယာများ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

AGDဘဏ်ငွေထုတ်စက်ဝန်ဆောင်မှု ရပ်ဆိုင်းသွားခြင်းကို ဘဏ်တာဝန်ရှိသူ ရှင်းလင်း


မတ်လ ၃၁ ရက်က AGD ဘဏ်တွင် ငွေထုတ်စက်မှ ငွေထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများ(ဓာတ်ပုံ - နေမင်းခိုင်)
ထင်ရှားသည့် သူဌေးကြီးဦးတေဇ၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(AGDဘဏ်)၏ အလိုအလျောက်ငွေထုတ်စက် ၀န်ဆောင်မှုစနစ်သည် မတ်လ ၂၉ ရက် ညနေမှစတင်ကာ နာရီပေါင်း ၄၀ကြာ ရပ်ဆိုင်းသွားခဲ့ကြောင်း သတင်းရရှိသည်။

AGD ဘဏ်၏ ATMစက်များသည် မတ်လ ၂၉ရက်ညနေ

ကမ္ဘာ့ထိပ်တန်းငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်း VISA မှ ပြည်တွင်း၌ အွန်လိုင်းငွေပေးချေမှု e-Commerce လုပ်ငန်းလုပ်ကိုင်မည်


ကမ္ဘာ့ထိပ်တန်းငွေ ပေးချေရေးဝန်ဆောင်မှုလုပ်ငန်းတစ် ခုဖြစ်သည့် VISA မှ ပြည်တွင်း၌ အွန်လိုင်းငွေပေးချေမှု e-Commerceလုပ်ငန်းလုပ်ကိုင်နိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ VISA မှတစ်ဆင့် နိုင်ငံတကာမှ လေယာဉ်လက်မှတ် များ၊ ဟိုတယ်နှင့်ပညာရေးတို့ဖြင့် သက်ဆိုင်သည့်ငွေကြေးကိစ္စရပ်များ ကို အွန်လိုင်းမှငွေပေးချေနိုင်သည့် စနစ်လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မွေးနေ့အမှတ်တရ နာမည်ကျန်နေရစ်အောင်လုပ်မယ့် ဖြူဖြူကျော်သိန်း

ကိုယ်ပိုင်သံစဉ်ရော့ခ် သီချင်းများပါဝင်သော ‘‘နာမည် ကျန်နေရစ်မယ်’’တစ်ကိုယ်တော် တေးစီးရီးကို ဧပြီ ၂၅ ရက်တွင် စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူ ကျော်သိန်းက ပြောသည်။
‘‘ဖြူဖြူ့မွေးနေ့က ဧပြီ ၂၂ ရက်ပါ။ နှစ်သစ်လည်းဖြစ်တယ်။ မွေးနေ့လည်း ရှိတဲ့အတွက် အမှတ်တရအနေနဲ့ ဖြန့်ဖို့စီစဉ် လိုက်တာပါ။ ပရိသတ်ကလည်း တောင်းဆိုနေတာ

ထိုင်းတွင် စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းကြောင်း ကြေညာ

ထိုင်းအစိုးရသည် (၁၀)လကြာ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားမှုကို ရုပ်သိမ်းလိုက်ပြီး လုံခြုံရေး စည်းမျဉ်းသစ် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၄ ခုနှစ်၊ မေလက ထိုင်းစစ်တပ် အာဏာသိမ်းယူပြီးကတည်းက ဘန်ကောက်နှင့် မြို့ကြီးများတွင် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခင်စစ်တပ် အကြီးအကဲနှင့်

‘‘အာ့လာပြောတာ’’၊ ‘‘ဆေးထိုးကြမ်းတယ်’’တို့နှင့် ဖေ့စ်ဘွတ်ခ်ဗန်းစကားရေစီးကြောင်း


‘‘ဆေးထိုးကြမ်းတယ်’’၊‘‘၀ုန်းသွားတယ်’’

ရုတ်တရက် နားထောင်ကြည့်ပါက မသိသူများအဖို့ အူလည်လည် ဖြစ်သွားနိုင်သော်လည်း မြန်မာနိုင်ငံသားအများစု အသုံးပြုလာကြသော လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အဆိုပါ စကားလုံးများက အဆန်းမဟုတ်ဘဲ ဆိုလိုရင်းကို ဒက်ခနဲ နားလည်ကြစမြဲ။ ‘‘ဆေးထိုးတယ်’’ ဟူသည့် စကားလုံးက လူမှုကွန်ရက်ပေါ်မှာ ဆေးပညာဆိုင်ရာ အသုံးအနှုန်းမဟုတ်ပါ။ တစ်ဦးနှင့်တစ်ဦး အပျော်သဘောနှင့် ချောက်ချခြင်းဟု အဓိပ္ပာယ်ရပါသည်။