Sunday, June 2, 2013

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်း (WAN-IFRA) မှ ပေးအပ်သော၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ရရှိ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အဖွဲ့အစည်း (World Association of News-papers and News Publishers- WAN-IFRA) မှ ပေးအပ်သော ၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ရရှိခဲ့ကြောင်း သိရှိရပါသည်။

ရော ဂါကြောင့် မဟုတ်ဘဲ အိပ် မပျော်ဖြစ်နေ လား

Photo: ရောဂါကြောင့်မဟုတ်ဘဲ အိပ်မပျော်ဖြစ်နေလား
Sunday, June 2, 2013

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတဲ့ အခါမှာ ကျွန်မတို့တစ်တွေဟာ အိပ်မပျော်နိုင်တာ မျိုး ဖြစ်နေတတ်ကြ ပါတယ်။  ဒါပေမဲ့ ရောဂါဝေဒနာ တစ်ခုကိုမှ မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အတွေးတွေများတာ၊ ပူပင်သောက များတာ၊ စိုးရိမ်နေတာစတဲ့ အကြောင်းတွေကြောင့် အိပ်မပျော်တတ်ကြ ပါဘူး။ အဲဒီအခါ နောက်တစ်နေ့မှာ အာရုံ စူးစိုက်မှု နည်းတာ၊ မှတ်ဉာဏ်အား နည်းတာ၊ လုပ်ကိုင်နိုင်စွမ်း ကျဆင်းတာစတဲ့ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့အတွက် ည,ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်အောင် အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန် မှန်ကန်မှု ရှိပါစေ
အများသူငါ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့တွေပါမကျန် နေ့ရက်တိုင်းမှာ အချိန်မှန်အိပ်၊ အချိန်မှန်ထတဲ့ အကျင့်ကို လုပ်ပေးပါ။ ဒီအကျင့်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

(၂) အိပ်ပျော်ရန် အတင်းမကြိုးစားပါနှင့် မအိပ်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးကိုတွေးပြီး ဇွတ်အတင်း ကြိတ်မှိတ်အိပ်ဖို့ မကြိုးစားပါနဲ့။ အဲဒီလို ကြိုးစားလေလေ ဖိအားများပြီး အိပ်ပျော်ဖို့ ခက်ခဲလေလေ ဖြစ်တတ်ပါတယ်။

(၃) အိပ်ရာဝင်ချိန်တွင် ခန္ဓာကိုယ်ကို အကြောဖြေလျှော့ပါ
အိပ်ရာထဲ ဝင်ပြီးတာနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကနေ အောက်ပိုင်းအထိ အစိတ်အပိုင်း တစ်ခုချင်းစီကို အကြောတင်းလိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။ ခန္ဓာကိုယ် အနားရပြီး အပန်းပြေသွားပါလိမ့်မယ်။

(၄) အိပ်ရာထဲတွင် ရန်မဖြစ်ပါနှင့် အထူးသဖြင့် အိမ်ထောင်ဖက်နဲ့ အိပ်ရာထဲ ရောက်တဲ့အထိ စကားများတာ၊ ရန်ဖြစ်တာ၊ ပြဿနာဖြစ်တာ မျိုး ရှောင်ပါ။ တစ်ညလုံး စိတ်ပင်ပန်းကာ အိပ်မပျော်တာ မျိုး ဖြစ်တတ်ပါတယ်။

(၅) အိပ်ရာဝင်ခါနီး အောက်ပါတို့ကို လိုက်နာပါ
အိပ်ရာဝင်ခါနီး အချိန်မှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ အရက်၊ ဆေးလိပ်စတာတွေကို မသောက် ပါနဲ့။ ဗိုက်ဆာရင် နွားနို့၊ ငှက်ပျောသီး စတာတွေ စားပေးပါ။ ထရစ်ပတိုဖန်ဓာတ် ပါဝင် တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ အိပ်ရာဝင်ခါနီး သုံးနာရီအလိုမှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ဘုရားစာရွတ်တာ၊ တရားမှတ်တာတို့ လုပ်ပြီး စိတ်အေးအေးထားကာ အိပ်ရာဝင်ပါ။

Myawaday News
ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတဲ့ အခါမှာ ကျွန်မတို့တစ်တွေဟာ အိပ်မပျော်နိုင်တာမျိုး ဖြစ်နေ တတ်ကြပါတယ်။  ဒါပေမဲ့ ရောဂါဝေဒနာတစ်ခုကိုမှ မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အတွေးတွေများ တာ၊ ပူပင်သောကများတာ၊ စိုးရိမ်နေတာစတဲ့ အကြောင်းတွေကြောင့် အိပ်မပျော်တတ်ကြပါဘူး။ အဲဒီအခါ နောက်တစ်နေ့မှာ အာရုံ စူးစိုက်မှု နည်းတာ၊ မှတ်ဉာဏ်အား နည်းတာ၊ လုပ်ကိုင်နိုင်စွမ်း ကျဆင်း တာ စတဲ့ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့အတွက် ည,ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနိုင်အောင် အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

အမေရိကန် မြန်မာစစ်ရေး ဆက်ဆံမှု အကန့်အ သတ်နဲ့ စတင်

Photo: အမေရိကန် မြန်မာစစ်ရေးဆက်ဆံမှု အကန့်အသတ်နဲ့ စတင်

ဇွန်လ ၂ ရက် ၂၀၁၃ 

အာဆီယံကာကွယ်ရေးဝန်ကြီးတွေကို ပထမဆုံးအကြိမ် အမေရိကန် .ပြည်ထောင်စု ဟာဝါရီကျွန်းမှာ တွေ့ဆုံဆွေးဖို့ အမေရိကန် ကာကွယ် ရေး ဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။ Singapore နိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue 2013 ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Hagel က အာရှ Pacific ဒေသလုံခြုံရေးအတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ ခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမှာ အမေရိကန်ရဲ့ လုံခြုံရေး  .ဆောင်ရွက် မှုတွေကို အဓိကပြောကြားသွားတဲ့အထဲမှာ မြန်မာနဲ့ စစ်ရေး ဆက်ဆံမှုကို အသေအချာတွက်ချက်ပြီး စတင်နေပြီဆိုတာကိုလဲ ထည့်ပြီး ပြောကြားသွားခဲ့ပါတယ်။ ခုလို Shangri-La Dialogue ဆွေးနွေး ပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားသွားတဲ့ အကြောင်းတွေကို မစုမြတ်က တင်ပြပေးထားပါတယ်။

နိုင်ငံတကာမဟာဗြူဟာလေ့လာရေးသိပ္ပံက စီစဉ်တဲ့ Shangri-La Dialogue နိုင်ငံတကာလုံခြုံရေးရာဆွေးနွေးပွဲမှာ အာရှ Pacific ဒေသ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုအကြောင်းကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ အာရှဒေသအပေါ် အမေရိကန်က မဟာဗြူဟာမြောက် ချိန်ညှိ အာရုံစိုက်မှုကို ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အာမခံ ပြောသွားခဲ့ပါတယ်။ သမိုင်းဝင် အပြောင်းအလဲတွေဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးမှာ အာရှ Pacific ဒေ သ ဟာ အပြောင်းအလဲတွေရဲ့ ဗဟိုမှာ ရှိနေတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ လုံခြုံရေးအတွက် အာရှ Pacific ဒေသတွင်းမှာ ရှိနေတဲ့ နိုင်ငံတွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက် နေတဲ့ ကိစ္စတွေကို ပြောသွားတဲ့ အထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ခုလိုပြောကြား သွားခဲ့ ပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေအပေါ်မှာ စစ်တပ်က အသေအချာထောက်ခံဖို့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့
အရပ်သားအစိုးရက အားထားရတဲ့ အရည်အချင်းရှိတဲ့ စစ်တပ်ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စစ်တပ်ချင်း အပြန်အလှန် ဆက်ဆံရေး ပိုင်းကို အသေအချာ ရွေးချယ် တွက်ချက်ဆက်ဆံမှုတွေကို စတင်နေပါပြီ။”

အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာပဲ အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်ကြဖို့ အာရှနိုင်ငံတွေက တွန်းအားပေး ဆောင်ရွက်နေတဲ့ အပေါ်မှာ အမေရိကန်က ထောက်ခံတယ်ဆိုတာပြောခဲ့ပြီး အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေကို ဟာဝါရီမှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

“အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြား ဆက်ဆံရေးဟာ အင်မတန်အရေးပါ ပါတယ်။ အာဆီယံခေါင်းဆောင်တွေက အမေရိကန် အစိုးရ အဖွဲ့ဝင်တွေ အပေါ်မှာ ဖော်ရွေမှုကို နှစ်တိုင်း ပြသပါတယ်။ အနီးကပ် ဆက်ဆံမှုတွေ လည်း နေ့တိုင်း ရှိနေပါတယ်။ ဒီလို ဖော်ရွေမှုကို ကျနော်တို့ဘက်က တုံ့ပြန် တဲ့ အနေနဲ့ အခု Singapore တွေ့ဆုံပွဲကနေ အာဆီယံကာကွယ်ရေး ဝန်ကြီးတွေ ကို ဟာဝါရီကျွန်းမှာ ရှေ့နှစ် ကျရင် တွေ့ဆုံကြဖို့ ဖိတ်ခေါ် ပါတယ်။ အာဆီယံ ကာကွယ်ရေးဝန်ကြီးအားလုံးကို အမေရိကန်က အိမ်ရှင် အဖြစ် ပထမဆုံး လက်ခံ ကျင်းပပေးမဲ့ ဆွေးနွေးပွဲ ကနေ ဒေသ အနာဂါတ် အတွက် တက်ကြွ တဲ့အင်အား၊ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုရှိရေး ဘယ်လို .ဆောင်ရွက် ကြ မလဲဆိုတဲ့အမြင်တွေကို အပြန်အလှန် မျှဝေကြနိုင် မယ် လို့ ကျနော် ယုံကြည်ပါတယ်။”

အာရှဒေသမှာ မယုံကြည်နိုင်လောက်တဲ့ အလားအလာကောင်းတွေ ရှိနေ ပေမဲ့လဲ မြောက်ကိုရီးယား Nuclear လက်နက်ပြဿနာနဲ့ ရန်စမှု၊ ရေပိုင်နက် အငြင်းပွားမှု၊ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှု ပြဿနာတွေ၊ Online ပေါ်ကနေ Cyber တိုက်ခိုက်မှုတွေ က စိန်ခေါ်မှုတွေ အနေနဲ့ ရှိနေသေးတယ်ဆိုတာကိုလဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က အာရှ Pacific ဒေသလုံခြုံရေး အတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းထဲမှာ ဒီကနေ့ ပြောကြားသွားပါတယ်။ Singapore နိုင်ငံ Shangri-La Hotel မှာကျင်းပနေတဲ့ Shangri-La Dialogue ဆွေးနွေးပွဲမှာ Vietnam ဝန်ကြီးချုပ် Nguyen Tan Dung ငွင်တန်ဒေါင်းက မနေ့တုန်းက အဖွင့် မိန့်ခွန်းပြောကြား ခဲ့ တာမှာ ဒေသတွင်း ငြိမ်းချမ်းမှုနဲ့ သာယာဝါပြောမှု ရှိဖို့အတွက် စည်းလုံး ခိုင်မာပြီး ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ် လို့ ပြောကြား သွားခဲ့ ပါတယ်။ တွေ့ဆုံဆွေးနွေးမှုရဲ့ အောင်မြင်မှု ဆိုတာ ကို မြန်မာနိုင်ငံနဲ့ ခုလို ဥပမာပေးသွားခဲ့ပါတယ်။

“ယုံကြည်မှုတည်ဆောက်ပြီး ခိုင်မာစေရေး၊ သဘာဝကျတဲ့ အကျိုး စီးပွား တွေကို တယောက်နဲ့ တယောက် အပြန်အလှန် နားလည်ရေးတွေ အပေါ် အခြေခံပြီး တွေ့ဆုံဆွေးနွေးမှုတွေကို ဇွဲကောင်းကောင်းနဲ့လုပ်ခဲ့လို့ ထင်သာ မြင်သာတဲ့ အောင်မြင်မှုရခဲ့တဲ့ နိုင်ငံတခုအဖြစ် မြန်မာနိုင်ငံကို ပြချင်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့လို့ မြန်မာနိုင်ငံအတွက်တင် မဟုတ်ဘဲ ဒေသ တခုလုံး အတွက်ပါ တောက်ပတဲ့ အနာဂါတ်ဖြစ်လာစေခဲ့ပါတယ်။”

မေလ ၃၁ ရက်နေ့ကနေ June လ ၂ ရက်နေ့အထိ ကျင်းပနေ တဲ့ နိုင်ငံ တကာ လုံခြုံရေးရာ Shangri-la Dialogue ဆွေးနွေးပွဲမှာ လုံခြုံရေး ကာကွယ်ရေး ဆိုင်ရာ ကိစ္စတွေကို ခေါင်းစဉ်မျိုးစုံခွဲပြီးဆွေးနွေးနေကြတာပါ။ Defence Diplomacy and Conflict Prevention ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ နိုင်ငံခြား ဆက်ဆံရေးနဲ့ ပဋိပက္ခတားဆီးရေး ဆီးရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မြန်မာ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော် ပါဝင်ဆွေးနွေးမယ်လို့ အစီအစဉ်ထဲ မှာ ဖော်ပြ ထားပါတယ်။ Shangri-la Dialogue ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၂၇ နိုင်ငံ .လောက်က ကာကွယ်ရေး ဝန်ကြီးတွေ၊ စစ်တပ်ထိပ်ပိုင်း အကြီး အကဲတွေနဲ့ အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်နေကြပါတယ်ရှင်။

VOA Burmese






အာဆီယံကာကွယ်ရေးဝန်ကြီးတွေကို ပထမဆုံးအကြိမ် အမေရိကန် .ပြည်ထောင်စု ဟာဝါရီကျွန်း မှာ တွေ့ဆုံဆွေးဖို့ အမေရိကန် ကာကွယ် ရေး ဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။

ရေအား လျှပ်စစ်၏အား နည်းချက်များ။

Photo: ရေအားလျှပ်စစ်၏အားနည်းချက်များ။

ဇွန်လ ၂ ရက် ၂၀၁၃ 

ရေအားလျှပ်စစ်စီမံကိန်းသည် တစ်ခါတည်းရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားပြီး တည်ဆောက်ရေးကာလ ကြာရှည်ပါသည်။ လှုထုလုပ်ဆောင်ချက်သည် သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှုအနည်းအများရှိနိုင်ပါ
သည် ရေအားလျှပ်စစ်လည်း ဤကဲ့သို့ပါ၊ အထူးသဖြင့် အကြီးစားရေအားလျှပ်စစ်သည် ရေသယံဇာတကို
ထိန်းညှိရ သောကြောင့် ရေအဆံ့အ၀င်ကျယ်ဝန်းစွာလိုအပ်နေပြီး ရေလှောင်ရာတွင် တစ်ချို့ဒေသများကို
လွှမ်းမိုးနိုင်ပါသည်။ နဂိုရှိသောသစ်တောဒေသနှင့် မြေလွတ်များအား စိမ့်မြေသို့ပြောင်းလဲနိုင်ပါသည်။ ရေ၀ပ် 
ဧရိယာတွင်နေထိုင်ကြသောအရပ်သားများလည်းတခြားနေရာသို့ပြောင်းရွှေ့ရပါသည်။ အချိန်တိုကာလထဲတွင်
လူမှုရေးကိုထိခိုက်နိုင်သော်လည်း နည်းလမ်းမျိုးစုံဖြင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါမည်။
(NO.7)
(အထူးအားဖြင့် ကြီးမားတဲ့အမြတ်ငွေခွဲဝေသည့်နေရာတွင် ၊ လျှပ်စစ်ခွဲဝေသုံးစွဲသည့်နေရာတွင် သဘောတူညီချက်မရရှိပါက၊ ဒေသကြား အဖွဲ့အစည်းကြားတွင် ရန်မီးမွှေးနိုင်သည်။ ဒီအကြောင်းက ဂျပန်ကုမ္ပဏီက မြစ်ဆုံစီမံကိန်းကို အကြံပေးပြီး ဆက်မလုပ်ရဲတဲ့ အကြောင်းအရင်းတခုပါ။ ကချင်ဒေသမှာ ငြိမ်းချမ်းရေးအမြန်ရရှိဖို့ ဆုတောင်းကြစို့------scientist Myanmar)
ရေအားလျှပ်စစ်စီမံကိန်းသည် တစ်ခါတည်းရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားပြီး တည်ဆောက်ရေးကာလ ကြာရှည်ပါသည်။ 

သမ္မတ ဦးသိန်းစိန်ကို ထောက်ခံ ဆန္ဒပြ

Photo: သမ္မတ ဦးသိန်းစိန်ကို ထောက်ခံ ဆန္ဒပြ

ဇွန်လ ၂ ရက် ၂၀၁၃ 

သမ္မတကြီး ဦးသိန်းစိန်အားထောက်ခံ ဆန္ဒပြခြင်းကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း တွင်ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ နံနက်ပိုင်းက သမ္မတ ဦးသိန်းစိန်ဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားကို အစိုးရ၀န်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စိတ်ဝင်စားသူ နိုင်ငံသားတွေ အပါအ၀င် ပရိသတ် ၁ သောင်းကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းရှည်ကြီးတခု ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ အခမ်းအနား ကျင်းပရာ သုဝဏ္ဏ ဘောလုံးကွင်းမှာ အခုလို သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုထောက်ခံတဲ့ ဆန္ဒပြမှု လုပ်ခဲ့တာပါ။ ဦးဆောင်သူတွေက ဘယ်သူတွေမှန်း မသိရပေမယ့် မရမ်းကုန်းမြို့နယ်က အိမ်ယာမြေ ဖယ်ရှားခံခဲ့သူများဆိုသူတွေ အပါအ၀င် စုစုပေါင်း ၁၀၀ ၀န်းကျင်လောက် ရှိတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။

မျက်မြင်တွေအပြောအရ ဆန္ဒပြသူတွေကို ဒိုင်နာစတဲ့ ကားတွေနဲ့ စုပေါင်း လာရောက်ခဲ့တာဖြစ်ပြီး စနစ် တကျ စီစဉ်ထားတဲ့ ပုံဖြစ်တယ်လို့ မျက်မြင်တွေက ဆိုကြတာပါ။ ထောက်ခံဆန္ဒပြသူတွေကို လာရောက် ပို့ဆောင်တဲ့ ကားအစီးရေ ၁၀ စီး မက ရှိတယ်လို့ လည်း သိရပါတယ်။

ဧရာဝတီ
သမ္မတကြီး ဦးသိန်းစိန်အားထောက်ခံ ဆန္ဒပြခြင်းကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း တွင်ပြုလုပ်ခဲ့ပါတယ်။

CNG တက္ကစီ ယာဉ် များ သို့ ရောင်း ချမည့် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့် ဖွယ်ရှိ

Photo: CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့်ဖွယ်ရှိ
Sunday, June 2, 2013

CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား ပြင်ဆင်သတ်မှတ် သွားရန်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ CNG ဈေးနှုန်းမှာ ယခင်ရောင်းဈေးထက် မြင့်တက်လာဖွယ် ရှိကြောင်း သိရသည်။

မော်တော်ယာဉ်များတွင် CNG ပြောင်းလဲ တပ်ဆင်ခွင့် ပြုသည့်အချိန်မှစ၍ သဘာဝဓာတ်ငွေ့ ဈေးနှုန်းများကို Subsidize လုပ်ထားသောနှုန်းဖြင့် ရောင်းချခဲ့ရာတွင် ပြည်သူလူထုအတွက် အမှန်တကယ် သက်သာချောင်ချိမှု မဖြစ်စေဘဲ ယာဉ်ပိုင်ရှင် လူနည်းစုလောက်ကိုသာ အကျိုးဖြစ်ထွန်း စေသည် ဆိုပါက CNG ဈေးနှုန်းကို Subsidize မလုပ်တော့ဘဲ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကစီ ယာဉ်များသို့ ရောင်းချမည့် CNG ဈေးနှုန်းကို သင့်တင့်မျှတသည့် ဈေးနှုန်းအဖြစ် ပြင်ဆင်သတ်မှတ် ရောင်းချနိုင်ရေးကို မကြာမီ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ကြိုတင် အသိပေးခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဝင် ခွင့်ပြုထားသော သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် ၂၇၄၇၆ စီးရှိပြီး အရောင်းဆိုင် ၄၅ ဆိုင်ဖြင့် တစ်လလျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၀၀  ခန့်ကို ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ CNG ရောင်းဈေးမှာ တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၀န်းကျင်သာ ရှိသဖြင့် အိမ်နီးချင်း နိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင် ဈေးအနည်းဆုံး ဖြစ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ တင်ပြလာသည့် အကြံပြုစာများတွင် ပြည်သူလူထု အများစု စီးနင်းသွားလာနေသည့် ခရီးသည်တင် ဘတ်စ်ကားများ CNG ရရှိရန် အခက်အခဲကြောင့် ကားပိုင်ရှင်များသည် ထပ်မံတင်သွင်းရန် စဉ်းစားနေကြောင်း၊ လက်ရှိ ထုတ်ပေးထားသည့် CNG တက္ကစီ ယာဉ်များအား CNG ထုတ်ခွင့် ပြန်လည်ရုပ်သိမ်းပြီး ခရီးသည်တင် ယာဉ်များသို့ ပြောင်းလဲထုတ်ပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပိုမိုထုတ်ပေးခြင်းသည် အများပြည်သူ အကျိုးစီးပွားကို ပို၍ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း အကြံပြု တင်ပြထားခြင်းများ ရှိသဖြင့် စွမ်းအင်ဝန်ကြီးဌာနက CNG ဈေးနှုန်းကို ပြင်ဆင်ရန် သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံဖျက်သိမ်းပြီး CNG သုံး မော်တော်ယာဉ်များအတွက် CNG ပြန်လည်တပ်ဆင် အသုံးပြုခွင့် ပြုပြီးသည့် မော်တော်ယာဉ် အရေအတွက်မှာ ၅၀၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
မော်တော်ယာဉ်များတွင် CNG တပ်ဆင်ခွင့် ရရှိရန်အတွက် စာရွက်စာတမ်းများ စစ်ဆေးခြင်းနှင့် ယာဉ်ပုံစံ ထုတ်ယူခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ စစ်ဆေးရေးမှူးမှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ ယာဉ်စစ်ဆေးမှုကို အင်ဂျင်နီယာဌာနမှ စစ်ဆေးခြင်း၊ နှစ်ပတ်လည် ယာဉ်စစ်ဆေးခ၊ စာအုပ်ဖိုး၊ ကတ်ဖိုးပေးချေရခြင်း၊ CNG သုံးစွဲခွင့်ကတ်တွင် အချက်အလက် ရေးသွင်းခြင်း၊ လယ်ဂျာ ရေးသွင်းခြင်း၊ CNG စာအုပ်တွင် အချက်အလက် ရေးသွင်းခြင်း၊ BookSection ဌာနမှ စာအုပ်နှင့် ကတ်အချက်အလက် များကို စိစစ်ခြင်း၊ ကြီးကြပ်ရေး အင်ဂျင်နီယာမှ စာအုပ်နှင့် ကတ်၏ အချက်အလက်များကို ပြန်လည်စိစစ်ခြင်း အစရှိသည့် လုပ်ငန်းအဆင့်များကို ဆောင်ရွက်ရကြောင်း သိရသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ELEVEN
CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား ပြင်ဆင်သတ်မှတ် သွားရန်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ CNG ဈေးနှုန်းမှာ ယခင်ရောင်းဈေး ထက် မြင့်တက်လာဖွယ် ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံ ဆလာယန်းတွင် မြန်မာ နှစ်ဦး ခေါင်းဖြတ် အသတ် ခံရကာ သုံးဦးမှာ အတွင်း လူနာအဖြစ် ဆေးရုံ တင်ထားရ

မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာ မြန်မာ အလုပ်သမားနှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင်အတွင်းလူနာအဖြစ် တက်ရောက် ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။

ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး ရွှေသင်္ကန်း ကပ်လှူရာတွင် ပါဝင်လှူဒါန်းနိုင်


ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တစ်ခွင်လုံး နှင့် ကမ္ဘာသူ ကမ္ဘာသား ၊ နိုင်ငံသူ နိုင်ငံသား များအား ဗုဒ္ဓ သာသနာတော် ထွန်းကား ပြန့်ပွားစေခြင်း ၊ ငြိမ်းချမ်း သာယာ စေခြင်း ၊ စားနပ် ရိက္ခာ ပေါကြွယ်ဝ စေခြင်း စသော အတိတ်နိမိတ်ကောင်းများကို ဆောင်ကြဉ်းပေးသော ကျိုင်းတုံမြို့ ၏ ကျက်သရေဆောင် ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး အား မြန်မာသက္ကရာဇ် ၁၃၆၀ ပြည့်နှစ် ၊ တပို့တွဲ လပြည့်နေ့ တွင် ( ခြေဖ၀ါး တော်မှ ဦးခေါင်းတော် အထိ ) ဥာဏ်တော် အမြင့် ၆၇ ပေ ၊ ၆ လက်မ ၊ ကြာပလ္လင် အမြင့် ၇ ပေ ၊ ရှစ်ထောင့် ပန်းတင်ခုံ အမြင့် ၆ ပေ ၆ လက်မ ၊ အထက် ပစ္စယံ အမြင့် ၃ ပေ ၊ ရင်ပြင်တော် အမြင့်  ၆ ပေ ၊ နဖူး သင်းကျစ်တော် အလျား ၁၈ လက်မှ ဖြင့် ဘုရားကြီးအား ကျိုင်းတုံမြို့ ၏ ဗဟို အချက်အခြာ စွမ်ဆပ် ကုန်းတော်ကြီး တွင် တည်ထားကိုးကွယ်ကာ စေတနာရှင် အလှူရှင် အပေါင်း တို့၏ ကုသိုလ်ကံ စေတနာ တို့ကြောင့် ၂၀၀၆ ခုနှစ် ၊ ၂၀၀၇ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်များတွင် ရွှေသင်္ကန်းများ ကပ်လှူ ပြုပြင် ပူဇော် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

NLD ဗဟိုကော်မီတီ များ စွမ်းရည်မြင့် အလုပ် ရုံ ဆွေးနွေး ပွဲ ရခိုင် ဗဟိုကော်မီတီ ၀င်များ တက်ရောက်

Photo: NLD ဗဟိုကော်မီတီများ စွမ်းရည်မြင့် အလုပ်ရုံ ဆွေးနွေးပွဲ ရခိုင် ဗဟိုကော်မီတီဝင်များ တက်ရောက်
Sunday, June 02, 2013

မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မီတီ ၀င်များ စွမ်းရည်မြှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ (၄) ဦး တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။

“ NLD မှာ ရခိုင်က ဗဟို ကော်မီတီ ၄ ဦးရှိပါတယ်။ ဦးညီပုရယ်၊ ဦးသိန်းမောင်၊ ဦးမောင်ကြွင်းအောင်နဲ့ ကျွန်တော် ဖြစ်ပါတယ်။ ကျွန်တော် ၄ ဦးစလုံး တက်ရောက်ခဲ့ပါတယ်” ဟု NLD ဗဟိုကော်မီတီဝင် တောင်ကုတ်မြို့မှ ဦးမင်းအောင်က ပြောသည်။

ဆွေးနွေးပွဲတွင် အဓိက အးဖြင့်  နိုင်ငံတော် ဘတ်ဂျက် ကိစ္စ ၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မူကဏ္ဍနှင့် သက်ဆိုင်သော ကိစ္စ ၊ လယ်ယာ ကဏ္ဍ  ဖွံ့ဖြိုး တိုးတက်မူ ကိစ္စနှင့်  World bank  နှင့် IMF တို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲသည် တက်ရောက်သူများအား အကျိုး အများကြီးရှိသည်ဟု ကိုမင်းအောင်က ပြောသည်။

“ ဗဟို အဆင့် အမူဆောင် ကော်မီတီ ၀င်တွေ အတွက် အင်မတန် အကျိုးရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့  အတွေ့အကြုံ ဗဟုသုတတွေ အပြင် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ရရှိပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို အထောက်အကူ ပြုနိုင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး” ဟု သူက ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲအား ရန်ကုန်မြို့ ၀ိုင်အမ်စီအေ ခန်းမတွင် ပြုလုပ်ခဲ့ပြီး NLD ဗဟိုကော်မီတီဝင် ၁၂၀ ရှိသည့် အနက် ၅၁ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

ဦးမျိုးမြင့် ( စီမံ ဘဏ္ဍာဌာနက ညွှန်ကြားရေးမှူးချုပ် ဟောင်း)၊ UNDP ၀န်ထမ်းဟောင်း တက္ကသိုလ် ဆရာကြီး တစ်ဦး၊ ဆရာ ဦးသံဒိုင် (ဘောဂဗေဒ)၊ ဒေါက်တာ သောင်းထွန်း ( NCGUB – ကုလ ဆိုင်ရာ ကိုယ်စားလှယ်ဟောင်း) တို့မှ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဟောပြော ပို့ချခဲ့သည်ဟု ပြောသည်။

“ ဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ဗေဒါ နိုင်ငံရေး သိပ္ပံ သင်တန်းကျောင်းနဲ့ ဒေါက်တာ သောင်းထွန်း ဦးဆောင် ဖွဲ့စည်းထားတဲ့  Peace and Social justice အဖွဲ့တို့က ကမကထ ပြုပြီး စီစဉ် ပြုလုပ်ပေးတာ ဖြစ်ပါတယ်” ဟု ဦးမင်းအောင် က ပြောသည်။

နိရဉ္စရာ
မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မီတီဝင်များ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ(၄)ဦး တက်ရောက်ခဲ့သည်ဟုသတင်းရရှိသည်။

ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ

Photo: ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ
Sunday, June 2, 2013

ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ လိုင်ဇာဌာနချုပ်သို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းတိုင်းရင်းသားများသည် ရိုးရာဝတ်စုံများ ၀တ်ဆင်၍ "ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ် ရပ်စဲရေး အမြန်လက်မှတ် ရေးထိုးပါ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါ၊ အကြောက်တရားကင်းစွာ လယ်လုပ်ခွင့်ပြုပါ၊ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်းများကို ပြန်ဖော်ပေးပါ" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ် ရပ်စဲရေး အမြန်လက်မှတ် ရေးထိုးပါ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါ၊ အကြောက်တရားကင်းစွာ လယ်လုပ်ခွင့်ပြုပါ၊ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်းများကို ပြန်ဖော်ပေးပါ . . . . .

"၁၉၉၄ ခုနှစ် ဟိုဘက်တုန်းက စစ်သားတွေက ပေါ်တာဆွဲတယ်။ ကေအိုင်အေက အတင်းအဓမ္မ စစ်သားလုပ်ခိုင်းတယ်။ အခွန်ကောက်တယ်။ ၂၀၁၁ ခုနှစ် ဒီဘက်ပိုင်းကျတော့ စစ်သားတွေက ဒါမျိုးလုပ်တာ မတွေ့ရဘူး။ ကေအိုင်အေကတော့ အခု အချိန်မှာလည်း အခွန်ကောက်တုန်း စစ်သားစုဆောင်းတုန်း ရှိသေးတယ်။ ကျွန်တော်တို့ကတော့ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ကျွန်တော်တို့ကို နှိပ်စက်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ လက်ခံမှာ မဟုတ်ဘူး" ဟု ခတ်ချိုရွာမှ အသက် ၆၀ ကျော်အရွယ် ဦးစိုင်းတင်လှိုင်က ဆိုသည်။

၎င်းဆန္ဒပြမှုကို တွေ့မြင်သွားသော ဗိုလ်ချုပ်ဂွမ်မော်အား ဆက်သွယ်မေးမြန်းခဲ့ရာ "အားလုံးညှိနှိုင်းပြီး လုပ်သွားမှာပါ။ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အစီအစဉ် ရှိပါတယ်။ (အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး) ဒါကို တောင်းဆိုနေတာ ကြာပါပြီ။ အစိုးရနှင့် ကေအိုင်အို ဆက်ညှိသွားမှာပါ။ ရှမ်းတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသားတွေဟာ အရင်ကတည်းက အတူနေခဲ့ကြတာပါ။ ကျွန်တော်တို့ဆီမှာ ရှမ်းတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသား အတူတကွ နေထိုင်ရေးမူ ပေါ်လစီ ရှိပါတယ်။ (နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့) ကချင်နဲ့ ရှမ်းတိုင်းရင်းသား ချစ်ကြည်ရေး အမြဲတမ်း တည်တံ့ခိုင်မြဲမှာပါ" ဟု အပြန်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ကချင်ပြည်နယ် အတွင်းနေ ရှမ်းတိုင်းရင်းသားများက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း ၎င်းတို့၏ ဆန္ဒများကို ဆွေးနွေးခွင့် မရခဲ့သည့်အတွက် ကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

EMG

ဆန္ဒပြနေကြသော ရှမ်းတိုင်းရင်းသား အချို့ (ဓာတ်ပုံ -ထွန်းလင်းအောင်)

ဆန္ဒပြနေကြသော ရှမ်းတိုင်းရင်းသား အချို့ (ဓာတ်ပုံ -ထွန်းလင်းအောင်)
ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များ လိုင်ဇာဌာနချုပ်သို့အပြန်လမ်းတွင် ရှမ်း တိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်း ရရှိသည်။

ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်

Photo: ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်
Sunday, June 02, 2013

မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်

သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁၂ ရက်ကလည်း မန္တလေးမြို့တွင် ပြုလုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားရာတွင် သမ္မတ ဦးသိန်းစိန်က ၂၀၁၁-၂၀၁၂ မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် ငါးဆတိုးတက် ခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလျံ၊ လုပ်ငန်းအရေအတွက် ၉၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ထရီလျံကျပ်၊ လုပ်ငန်းအရေအတွက် ၆၅ ခု၊ အလုပ်အကိုင် အခွင့်အလမ်း ၈၂၇၉၂ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားမှုများ ရှိနေသော်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း အပြောင်းအလဲများ ရှိခဲ့သော်လည်း ပြည်သူများအတွက် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ အလွန်နည်းပါး နေသေးသည်ဟူသော ဝေဖန်မှုများ ရှိနေသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အားလုံးမှ သမ၀ါယမ အသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကာ ရပ်ကွက်တစ်ခုလျှင် နှစ်ဦးနှုန်းဖြင့် စုစုပေါင်း အခမ်းအနား တက်ရောက်မည့်သူ ဦးရေတစ်သောင်းလေးထောင်ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားမှုအပြီး သမ၀ါယမ ၀န်ကြီးဦးကျော်ဆန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့က ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်မည်ဖြစ်ကာ ခရိုင်အလိုက် အသေးစား ချေးငွေများကိုလည်း ထုတ်ချေးပေးသွားမည် ဖြစ်သည်။

ထို့နောက် အရစ်ကျ စနစ်ဖြင့် မြို့နယ် သမ၀ါယမ အသင်းများမှ ၀ယ်ယူထားသော တက္ကစီ၊ ဆိုက္ကား၊ အပ်ချုပ်စက် စသည်တို့ကို ပေးအပ်သွားမည်ဖြစ်ကာ ကုမ္ပဏီများမှ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ၊ စိုက်ပျိုးရေး ဆေးဝါးများနှင့် ဓာတ်မြေသြဇာများ၊ ပြည်တွင်းအလှကုန် ပစ္စည်းများ စသည်တို့ကိုလည်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

အစိုးရသက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းများမှ ကောက်နုတ်ချက် အချို့

"ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက် နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။"

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂၀၁၃ ခုနှစ် မေ ၁ ရက်)

"နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေး ဦးမော့လာစေဖို့နဲ့ ဆင်းရဲမှု လျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း များကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင်မြှောက်ပေး နိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လိုအပ်မယ့် နည်းပညာ၊ အရင်းအနှီး၊ အကြံဥာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရ အနေနဲ့ ဆင်းရဲမှု လျှော့ချရေးနဲ့ ပတ်သက်လို့ အကောင်အထည် ဖော်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ်ဘ၀လုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေးလုံခြုံစေမယ့် ကိုယ်ပိုင်အိမ်တစ်လုံး ကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒီလို အိမ်ပိုင်ယာပိုင် မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်မြို့ တစ်ဝိုက်မှာ စတင်စီမံ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ် များမှာလည်း တန်ဖိုးနည်း အိမ်ရာများကို ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။"

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်)

ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း ဖြစ်သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်း အသစ်ဖြစ်လိမ့်မယ် ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည်တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုတာမှာ ယခုလို ခေတ်တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို စနစ်တစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ရှိမှုတို့ဟာ သိပ်ကိုအရေးကြီးပါတယ်။

(၁၈) နှစ်၊ (၁၉) နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်။ ကျွန်တော်တို့လည်း လက်တော့ (ပ) တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော် တကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီလို မယုံမရဲဖြစ်နေတဲ့ စိုးရိမ်မှု မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့အားလုံး ဖြည့်စည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန် တစ်ရပ်လည်း ဖြစ်ပါတယ်။

(အစိုးရသက်တမ်းတစ်နှစ်ပြည့်မိန့်ခွန်း)

EMG
မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်
သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ တွင် ပြုလုပ် မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေးအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများ ရှိသော်လည်း စွန့်စားလုပ်ကိုင်ရမည်ဟု မက်ကင်ဆေးသတိပေး

Photo: မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများ ရှိသော်လည်း စွန့်စားလုပ်ကိုင်ရမည်ဟု မက်ကင်ဆေးသတိပေး

ဇွန်လ ၂ ရက် ၂၀၁၃ 

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံ အဖွဲ့ဖြစ်သော မက်ကင်ဆေး (Mc- Kinsey) က မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများ အနေဖြင့် စွန့်စား လုပ်ကိုင်ရမည့် အချက်များ ရှိနေကြောင်း ထောက်ပြခဲ့သည်။

မက်ကင်ဆေးမှ အကြီးတန်းပညာရှင် တစ်ဦးဖြစ်သော Heang Chhor က မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပထမဦးဆုံး လုပ်ဆောင်ရမည့် အချက်မှာ နိုင်ငံရေး အခြေအနေ အေးချမ်းတည်ငြိမ်မှု ရရှိရန် သေချာရေးဖြစ်ကြောင်း၊ ယင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာအတွက် ပထမဆုံး ဦးစားပေး လုပ်ဆောင်ရမည့် အချက်တစ်ချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မက်ကင်ဆေးသည် မြန်မာနိုင်ငံ၌ နှစ်ဝက်အတွင်း လွတ်လပ်စွာ လုပ်ဆောင် ခဲ့သည့် သုတေသနနှင့် အင်တာဗျူးများမှ အချက်အလက်များကို စုဆောင်းခဲ့သည်။

မက်ကင်ဆေးမှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံများ ခိုင်မာအောင် တည်ဆောက်ပြီး စီးပွားရေး အတွက် လုပ်ငန်းများ ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်မှသာလျှင် မြန်မာနိုင်ငံ၏ စီးပွားရေး ပမာဏသည် ၂၀၁၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၄၅ ဘီလျံ ရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၀၀ ဘီလျံကျော်အထိ ရှိလာနိုင် ကြောင်း ထုတ်ပြန်ခဲ့သည်။

''မြန်မာနိုင်ငံမှာ အလားအလာကောင်းတွေ ရှိပါတယ်။ ဒေသတွင်းမှာ ကြီးမားတဲ့ ဈေးကွက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံအကြားမှာ ရှိနေခြင်းကလည်း အားသာချက်တစ်ခု ဖြစ်နေပါတယ်။ ဒီဒေသဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့အတွက် ကြီးမားတဲ့ ဈေးကွက်အလားအလာတွေ ရှိပါတယ်။ တစ်ခုရှိတာက ဒစ်ဂျစ်တယ် နည်းပညာစနစ်တွေ တိုးတက်လာပြီး အဓိကကဏ္ဍ ၇ ခုဖြစ်တဲ့ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နဲ့ သတ္တုကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း တွေကို ကောင်းမွန်အောင် အကောင်အထည် ဖော်ခဲ့နိုင်မယ်ဆိုရင် မြန်မာ့စီးပွားရေးဟာ တိုးတက်လာမှာပါ'' ဟု Mckinsey & Company Singapore,Pte Ltd မှ အကြီးတန်းပညာရှင် Heang Chhor က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်း ရှိလာစေရန်အတွက် လာမည့်ဆယ်စုနှစ် နှစ်ခုအတွင်း အခြေခံ အဆောက် အအုံ သက်သက်အတွက်ပင် အမေရိကန်ဒေါ်လာ ၃၂၀ ဘီလျံ ရင်းနှီးမြှုပ်နှံ ရန် လိုအပ်ပြီး ပညာရေး အခြေခံ အဆောက်အအုံ အတွက်လည်း ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်လိမ့်မည်ဟု မက်ကင်ဆေးက ဆိုသည်။ ကျေးလက်နေ ပြည်သူများ လိုအပ်သည့် ကျွမ်းကျင်မှုများ ရရှိ လာရန်နှင့် လုပ်ငန်းငယ်များကို မြှင့်တင်ပေးရန်တို့ အတွက်လည်း လုံလောက်သော သင်တန်းအစီအစဉ်များ ချမှတ်လုပ်ဆောင်ရန် လိုအပ် ကြောင်း ၎င်းက သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် တိုးတက်ဖွံ့ဖြိုးရန် အလားအလာများ ရှိနေသော်လည်း အခြားအာရှနိုင်ငံများ၏ အတွေ့အကြုံပေါ်တွင် အခြေခံကြည့်ပါက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလျံ ၆၅၀ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစောပိုင်းကာလတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးနိုင်ရန် နိုင်ငံခြား မတည်ငွေနှင့် ကုန်သွယ်မှု အပေါ် မှီခိုအားထားရန်လည်း လိုအပ်ကြောင်း၊ စုစုပေါင်း နိုင်ငံခြား မတည်ငွေ ဒေါ်လာ သန်း ၁၇၀ ကျော်သုံးစွဲရန်လည်း လိုအပ်ကြောင်း၊ ယခု အချိန်တွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု ရပ်တန့်နေခဲ့သည့်အတွက် ကုန်သွယ်မှုပမာဏ နိမ့်ကျနေကြောင်း၊ ထို့အတူ ကုန်သွယ်ဖက်များ တိုးချဲ့ရန် လိုအပ်နေကြောင်း မက်ကင်ဆေး၏ ဒါရိုက်တာဖြစ်သူ Richard Dobbs ကလည်း သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အခွင့်အလမ်းကောင်းများ ရှိနေသော်လည်း ကြီးမားသည့် မသေချာ မရေရာမှုများလည်း ရှိနေသေးကြောင်း၊ ပေါ်ပေါက်နေဆဲဖြစ်သည့် တိုင်းရင်းသား လူမျိုးစု ပဋိပက္ခများနှင့် လူအုပ်စုအလိုက် အကြမ်းဖက်မှုများကို ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေး တည်ငြိမ်မှုရရှိရန် ထိန်းသိမ်းရန်သည် တိုးတက်မှု အရှိန်အဟုန် ဆက်လက်ဖြစ်ပေါ်ရန်အတွက် အဓိကအချက်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများကို မဖြေရှင်းနိုင်ပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု 
များ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်ကြောင်း Heang Chhor က ပြောကြားခဲ့သည်။

EMG
ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံ အဖွဲ့ဖြစ်သော မက်ကင်ဆေး (Mc- Kinsey) က မြန်မာနိုင်ငံ တွင် မကြာသေးမီက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံ သည့် ကုမ္ပဏီများအနေဖြင့် စွန့်စားလုပ်ကိုင်ရမည့် အချက်များ ရှိနေကြောင်း ထောက်ပြခဲ့ သည်။

မြန်မာတစ်ဦး မလေးရဲစခန်း၌ သေနတ်လု၊ သေကြောင်းကြံဖို့ကြိုးစားသော်လည်း မအောင်မြင်

Photo: မြန်မာတစ်ဦး မလေးရဲစခန်း၌ သေနတ်လု၊ သေကြောင်းကြံဖို့ကြိုးစားသော်လည်း မအောင်မြင်

အသက် ၃၃နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၂၇)က မလေးရှားနိုင်ငံ ပီနန်မြို့ ဘူးကစ် မာတာဂျမ်အရပ်က ရဲစခန်းထဲကို သွားရောက်ပြီး အမှုဖွင့်ဖို့တိုင်ကြားမယ်ပြောပြီး ရဲသားဆီက ပစ္စတိုသေနတ်ကို လုယူခဲ့တယ်လို့ The New Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။
သူ့ကို ခြိမ်းခြောက်မှုတွေရှိတယ်လို့ တိုင်တန်းခဲ့တာကြောင့် ရဲအဖွဲ့က ကင်းလှည့်ပြီး စစ်ဆေးတဲ့အခါ ဘာတစ်ခုမှ သံသယဖြစ်ဖွယ် မတွေ့ရကြောင်း ရဲစခန်းထဲရှိနေတဲ့ မြန်မာအမျိုးသားကို အကြောင်းကြားတဲ့အခါမှာ သေနတ်ကိုလုပြီး ၃ ချက်တိတိ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
မကြာခင်မှာပဲ ရဲစခန်းရှေ့ထွက်လာပြီး သူ့ကိုယ်သူ ပစ်သတ်ဖို့ ကြိုးစားပေမယ့် သေနတ်က Jam ဖြစ်တာကြောင့် ရဲတွေက သေနတ်ကိုပြန်လုခဲ့ရပြီး ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။
အသက် ၃၃နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၂၇)က မလေးရှားနိုင်ငံ ပီနန်မြို့ ဘူးကစ် မာတာဂျမ်အရပ်က ရဲစခန်းထဲကို သွားရောက်ပြီး အမှုဖွင့်ဖို့တိုင်ကြားမယ်ပြောပြီး ရဲသား ဆီက ပစ္စတိုသေနတ်ကို လုယူခဲ့တယ်လို့ The New Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။

ကျဆုံး ခန်းတွေကို စည်း တစ်ဖက် ခြားနိုင် ခဲ့ပြီ

ကျဆုံးခန်းတွေကို စည်းတစ်ဖက် ခြားနိုင်ခဲ့ပြီ

 
 
 
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ပင်နယ်တီကန်တာ မကြည့်ရဲလို့ မျက်နှာလွဲ ထိုင်နေတဲ့ စတိုင်ဂါရဲ့ပုံရိပ်ဟောင်း ကိုယ်တိုင်ခံစားနေရပေမယ့် အသင်းသားတွေရဲ့ နာကျင်မှုကို နှစ်သိမ့်ပေးခဲ့ရတဲ့ အသင်းခေါင်းဆောင် ဖီးလစ်လမ်းရဲ့ဝေဒနာတွေဟာခုတော့ လက်ခုပ်သံတွေကြားမှာ ပျောက်ပျက်ခဲ့ပါပြီ။ 

မီးသတ်ဌာနချုပ်က လေယာဉ်မီးငြှိမ်း သတ်ခြင်းအား ဖော်ကာလေယာဉ်ဖြင့် လေ့ကျင့်မည်


Photo: မီးသတ်ဌာနချုပ်က လေယာဉ်မီးငြှိမ်း သတ်ခြင်းအား ဖော်ကာလေယာဉ်ဖြင့် လေ့ကျင့်မည်
Sunday, June 2, 2013

လေယာဉ် မတော်တဆမှု ဖြစ်စဉ်များအတွက် လေ့ကျင့်မှုများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ာနချုပ်မှ ဖော်ကာအမျိုးအစား လေယာဉ်ဖြင့် လေ့ကျင့်မှုများ  ပြုလုပ်သွားမည် ဖြစ်ကြောင်း ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောကြားခဲ့သည်။

"မြန်မာ့လေကြောင်း ပို့ဆောင်ရေးက အသုံးမပြုတော့တဲ့ ဖော်ကာအမျိုးအစား လေယာဉ်ကို လေ့ကျင့်ဖို့အတွက် နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ကို ပေးထားတာပါ။ အသုံးမပြုတော့တဲ့ လေယာဉ်ဆိုပေမယ့် အပျက်တွေတော့ မဟုတ်ပါဘူး" ဟု ဦးတင်မင်းက ပြောကြားသည်။

ထိုလေယာဉ်ကို အသုံးပြုကာ လေယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ခရီးသည်များကို ကယ်ဆယ်ခြင်း၊ မီးလောင်နေပါက မီးငြှိမ်းသတ်ခြင်း၊ အရေးပေါ် အသက်ကယ်ဆယ်ရေး လေ့ကျင့်မှု များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက လေယာဉ်ကွင်းမှာ သွားပြီးလေ့ကျင့်ရတယ်။ အခုကတော့ ဌာနချုပ်မှာပဲ လေ့ကျင့်ရတော့မှာဆိုတော့ ပိုကောင်းတာပေါ့။ အဓိကကတော့ အရည်အသွေး ပြည့်ဝတဲ့ သူတွေကို ဒီထက်ပိုပြီး တိုးတက်လာအောင် အနီးကပ် ပိုလုပ်ပေးနိုင်ဖို့ပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းလေယာဉ်သည် မီးသတ်ဌာနချုပ်သို့ မေ ၂၃ ရက် ည ၁၁ နာရီတွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် မွမ်းမံနေရာ ချလျက်ရှိကြောင်း သိရသည်။

Eleven
လေယာဉ် မတော်တဆမှု ဖြစ်စဉ်များအတွက် လေ့ကျင့်မှုများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် မှ ဖော်ကာ အမျိုးအစား လေယာဉ်ဖြင့် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဌာနချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောကြားခဲ့သည်။

ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်

utheinseinspeech-june1
မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်
သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ တွင် ပြုလုပ်မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်း အောဘရိုက်နှင့် ဦးခွန်ထွန်းဦး၊ ဦးသိန်းညွန့်တို့ ရန်ကုန်မြို့၌ ယနေ့ (ဇွန် ၂) တွေ့ဆုံမည်

usinterministery-june1
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်းအောဘရိုက်
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်း အောဘရိုက် သည် ဇွန် ၂ ရက်(ယနေ့) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်တို့နှင့် ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် သီးခြား စီ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံခြောက်မျိုးအား ကမ္ဘောဇကုမ္ပဏီ စတင်လုပ်ကိုင်


kbzarmakhan-june1
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း ကုမ္ပဏီလီမိတက်အား ဗိုလ်ဆွန်ပက် ကွန်ဒိုတွင် ဖွင့်လှစ်ထားစဉ်

NLD ရခိုင် (၈) မြို့နယ် သဘောထားထုတ်ပြန်ချက် အပေါ် ခေါင်းဆောင် တချို့ တုန့်ပြန်

၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ် မြို့နယ် (၈) မြို့နယ်မှ ဘင်္ဂလီမိသားစု တစ်စုလျှင် သားသမီး (၂) ဦးယူရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်း ကို ထောက်ခံကြောင်း သဘောထား ကျေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

နတလ စံပြကျေးရွာ အတွက် မြေသိမ်းပြီး လျှော်ကြေး မပေး


 ကယ်သူမဲ့သော ရခိုင် အမျိုးသားပိုင် အိမ်တစ်လုံးကို နယ်စပ်တွင် တွေ့မြင်ရစဉ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ နတလ စံပြကျေးရွာ တစ်ခု အတွက် လိုအပ်နေတဲ့ မြေတွေကို ဒေသခံ တိုင်းရင်းသားတွေရဲ့ လက်ထဲက သိမ်းယူသွားပေမယ့် လျှော်ကြေး မပေးတာကြောင့် လယ်သိမ်းခံရတဲ့ တောင်သူ လယ်သမားတွေ အနေနဲ့ သူတို့ရဲ့ လယ်မြေအတွက် တန်ရာ တန်ကြေးကို ရလိုတယ်လို့ ပြောပါတယ်။

ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်မည်


kachinwish-june1
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မိုင်းနား (KBC) ဒုက္ခသည် စခန်းရှိ ကလေးငယ် တစ်ဦးအား မေ ၃၁ ရက်က တွေ့ရစဉ်

သူနာပြု သိပ္ပံ ဘွဲ့ရ (အမျိုးသမီး) အုပ်ချုပ်မှု သင်တန်း အမှတ်စဉ် (၂) သင်တန်း ဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီ မြို့နယ် ဗဟို ဆေးတပ်ရှိ ပြည်ထောင်စု ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် သူနာပြု သိပ္ပံဘွဲ့ရ (အမျိုးသမီး) အုပ်ချုပ်မှု သင်တန်း အမှတ်စဉ်(၂) ဆင်းပွဲနှင့် ဆေးဝန်ထမ်း ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်းအနားကို  ကျင်းပပြုလုပ်ရာ  စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် တင်မောင်ဝင်းနှင့် တပ်မတော် အရာ ရှိကြီးများ၊ တာဝန် ရှိသူများ၊ ကျောင်းဆင်း သင်တန်းသူ များနှင့် မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

ဆိုက်ဘာ စစ်ဆင်ရေး တပ်ဖွဲ့သစ် ဖွဲ့စည်းရန် တရုတ် (တိုင်ပေ) ပြင်ဆင်


တရုတ် (တိုင်ပေ) အစိုးရသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်များ အပေါ် ဟက်ကာ များ၏ ဆိုက်ဘာ တိုက်ခိုက်မှု များအား တုံ့ပြန်သည့် အနေဖြင့် စတုတ္ထမြောက် ဆိုက်ဘာ စစ်ဆင်ရေး တပ်ဖွဲ့သစ်အား
ဇူလိုင် ၁ ရက်တွင် ဖွဲ့စည်း ဖွင့်လှစ် သွားရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း တိုင်ပေ အခြေစိုက် United Evening News သတင်းစာက ရေးသား ဖော်ပြ ခဲ့သည်ဟု သိရသည်။

လွိုင်လင်လေး ကျေးရွာ တွင် ကေအင်န် ပီပီမှ ဆက်ကြေး ကောက်ခံလျက် ရှိကြောင်း ကျေးရွာ လူထုများ ထံမှ သတင်း ရရှိ

လွိုင်လင် လေးကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်၊ ရပ်ကွက်(၄) အုပ်ချုပ် ရေးမှူး ဦးကိုကိုနှင့် ရပ်ကွက်(၆) အုပ်ချုပ် ရေးမှူး ဦးစိုးနိုင်တို့မှ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင်  လွိုင်လင်လေး ကျေးရွာရှိ နယ်မြေခံ တပ်ရင်းသို့ လာရောက်သတင်းပို့ ခဲ့သည်။