Tuesday, October 15, 2013

“ ပြည်သူတွေရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့တဲ့ မန်းစည်ပင်(အောက်ခြေ၀န်ထမ်းတွေ)ကို ဂုဏ်ပြုကြပါစို့ ”

Photo: “ ပြည်သူတွေရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် ရဲရဲဝံ့ဝံ့
ဆောင်ရွက်ခဲ့တဲ့ မန်းစည်ပင်(အောက်ခြေ၀န်ထမ်းတွေ)ကို ဂုဏ်ပြုကြပါစို့ ”
Tuesday, October 15, 2013

မနေ့က မန္တလေးမှာတွေ့ရှိခဲ့တဲ့ ဗုံးတစ်လုံးဟာ စနက်တံဖြုတ်လို့
မရတော့တဲ့အချိန် ၊ ဖောက်ခွဲပစ်ဖို့ ဖြစ်လာတဲ့အချိန် ဘေးပတ်
ဝန်းကျင်က အများပြည်သူတွေမထိခိုက်ဖို့ သဲအိပ်များအရေးတကြီး
လိုအပ်လာတဲ့အချိန်မှာ မန္တလေးစည်ပင်သာယာမှ ၀န်ထမ်းများဟာ
သဲအိပ်များကို ကားဖြင့်သယ်လာပြီး ကိုယ်တိုင်သယ်မက ပေါက်ကွဲလု
နီးနေတဲ့ ဗုံးရဲ့ အစ၊အနတွေ မထိပါးရအောင် စွန့်စွန့်စားစား 
လုပ်ဆောင်ခဲ့ရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ -
တော်တန်ရုံလူတောင်အနားကပ်ခွင့်မပေးတဲ့နေရာ၊
အချိန်မရွေး အသက်နဲ့ကိုယ် အိုးစားကွဲသွားနိုင်တဲ့နေရာ၊
အခိုင်းခံအောက်ခြေသိမ်း အလုပ်လုပ်နေရပေမယ့်
ခိုင်းသမျှကို ငြင်းပယ်ခွင့်မရှိတဲ့သူတွေဖြစ်တဲ့ မန်းစည်ပင် 
သန့်ရှင်းရေး အောက်ခြေ၀န်ထမ်းတွေကို...လေးစား
ဂုဏ်ပြုမိပါတယ်။ အထူးသဖြင့် စည်ပင်အမျိုးသမီးဝန်ထမ်း
လေးတွေကို ဤပုံမှာမြင်တွေ့ရပါတယ်။

Photo Credit to : San Yu Kyaw
Young Buddhist's Association

မနေ့က မန္တလေးမှာတွေ့ရှိခဲ့တဲ့ ဗုံးတစ်လုံးဟာ စနက်တံဖြုတ်လို့
မရတော့တဲ့အချိန် ၊ ဖောက်ခွဲပစ်ဖို့ ဖြစ်လာတဲ့အချိန် ဘေးပတ်

ရန်ကုန်တွင် ဗုံးဖောက်သည်ဟု သံသယရှိသူကို ဘီးလင်းရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းရဲမှူးနှင့်အဖွဲ့ကို လွှဲလိုက်ပြီ

ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲအုပ် ပန်းဦးနှင့် အင်တာဗျူး

မင်းမင်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၆ မိနစ်

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာလ ၁၄ရက် ည၁၁ နာရီကျော်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သော အသက် ၂၆နှစ်အရွယ် စောမြင့်လွင်အား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးကားလမ်းပေါ်တွင် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ရက် နံနက်က ဖမ်းဆီးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ပန်းဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတ၀န်း ဗုံးပေါက်ကွဲမှု များနှင့် ပတ်သက်ပြီး အမြင်သဘောထား

မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူအပါအ၀င် မြို့ကြီးအချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက် ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိသလို ပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မလေးရှား နိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးကို စစ်ဆေးနေ

မေ

https://www.facebook.com/photo.php?fbid=435299079909710

မန္တလေးမြို့ ရွှေဘဲစားတော်ဆက် အနီးမှာ တွေ့ရှိခဲ့တဲ့ ဗုံးနဲ့ ပတ်သတ်ပြီး မသင်္ကာဖွယ် ရာ နိုင်ငံခြားသား နှစ်ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေး နေတယ်လို့ သတင်း ရရှိပါတယ်။

ပွဲကြိုက်တဲ့မောင် " (ထိတ်လန့်တက်သူများ မဖတ်ရ).

နယ်မြို့လေးတမြို့က အဖြစ်အပျက်လေးပါ။ ကိုသောင်းဆိုတဲ့သူတယောက်ရှိပါတယ်။ သူက လူလည်း လူလတ်ပိုင်း ပျော်ပျော်ရွှင်ရွှင်နေတက်တယ်။ ရပ်ရွာနဲ့လည်းအဆင်ပြေတယ်။ ဒါကြောင့်သူ့ကို အသက်ငယ် ပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှာ ဥက္ကဋ္ဌနေရာပေးထားတယ်။ ပေးထားသလိုလည်း အလုပ်မှာ တော်ရှာ ပါတယ်။

ငါ့ကိုခေါ်သွားပေးကြပါ... အပိုင်း (၁) သရဲကြောက်တက်သူများ မဖတ်ရ...

Photo: Good Morning :D kikiki
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။

ညရဲ့ မီးရောင်စုံတွေကြားထဲမှာ ပျားပန်းခတ်နေသော လူတွေရဲ့ကြားမှာ မြန်မာလူမျိုးများ ကိုလည်း တွေ့ ရလေသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်နေသူများဘ၀က အလွန် သနားစရာ ကောင်းလှပေသည်။ မိခင်နိုင်ငံမဟုတ်သည့် တခြားနိုင်ငံများတွင် အလုပ်လုပ်နေရသော အခြေအနေက အလွန်အောက်ကျနောက်ကျနိုင်လှပေသည်။ အနှိမ်ခံ၊ ဘ၀ပျက်ခံ၊ အဖိအနှိပ် ခံပြီး မြန်မာနိုင်ငံတွင် ရှိနေကြသော မိသားစုများ၏ဘ၀ များကို ထောက်ပံ့နေကြရ သည်။ နေ့စဉ်နှင့်အမျှ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ကြားထဲတွင် စက်ရုပ်ဆန်ဆန် နေထိုင်အသက်ရှင်နေကြ ရလေသည်။ ဒီကြားထဲ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရူံးရသူများမှာ များသောအားဖြင့် အဖြစ်မှန်မသိသည့် အလျောက် နေထိုင်ရာအရပ်ဒေသတွင် ဆွမ်းသွပ်ခြင်းမရှိသည့် အတွက် သေသည့် တိုင်အောင် သေ လို့သေမှန်း မသိဘဲ ဆက်လက်အလုပ်လုပ်နေကြရလေသည်။

မျက်စိကွယ်စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲ

6

မျက်စိကွယ်စေတဲ့ အမြင်အာရုံကို ဆုံးရှုံးစေတဲ့ အဓိကအကြောင်းရင်းကတော့ အတွင်းတိမ်လို့ခေါ်တဲ့ glucomay ဖြစ်ပါတယ်။ ဒီရောဂါဟာ မြင်လွှာ (retina) မှာ အစပျိုးတဲ့ ရောဂါဖြစ်ပြီး စောစောစီးစီး မကုသနိုင်ရင် မျက်စိကွယ်သွားနိုင်ပါ တယ်။

အင်ဂျင်နီယာကျောင်းသူကနေ အောင်မြင်ကျော်ကြားတဲ့ မော်လ်ဒယ်နည်းပြတစ်ယောက်ဖြစ်လာတဲ့ အပျိုကြီးမမ တင်မိုးလွင်

 
“တက္ကသိုလ်ကို ၁၉၈၈ ခုနှစ်မှာ စတက်ပါတယ်။ ၁၉၈၈ ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှတ်မိနေတဲ့ ကိန်းဂဏန်း တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကို အရမ်းမျှော်လင့်ထားတဲ့ အချိန်မှာ တက်ပြီးတော့ အချိန်ခဏလေးနေပြီး ပြန်ပိတ်တယ်၊ ပြန်ဖွင့်တယ်၊ ပြီးတော့ အကြာကြီး ပြန်ပိတ်သွားတဲ့နှစ်လည်း ဖြစ်ပါတယ်” တက္ကသိုလ် တက်စဉ်က ကြုံခဲ့ရတဲ့ အမှတ်ရဖွယ် အခြေအနေ တစ်ခုကို ပြောပြနေသူမှာ မြန်မာနိုင်ငံ၏ မော်ဒယ်လ်ခေတ်ဦးတွင် မော်ဒယ်လ် တစ်ဦးအဖြစ် စတင်အောင်မြင်လာခဲ့ပြီး လက်ရှိတွင် မော်ဒယ်လ် သင်တန်းကျောင်း တည်ထောင် သင်တန်းပို့ချ ပေးနေသူ၊ မော်ဒယ်လ် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ၊ အစီအစဉ် တင်ဆက်သူအဖြစ် အောင်မြင်စွာ ရပ်တည်နေသူ တင်မိုးလွင် ဖြစ်သည်။ သူသည် ရန်ကုန် စက်မှုတက္ကသိုလ် Mechanical ဘာသာရပ် အထူးပြုဖြင့် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။ “မမိုးရဲ့ ပထမဆုံး တက္ကသိုလ် စတက်တဲ့ နှစ်မှာပဲ ပထမဦးဆုံး ခဏတက်လိုက်၊ ပြန်ပိတ်လိုက်၊ ခဏတက်လိုက်၊ ပြန်ပိတ်လိုက်နဲ့ သုံးနှစ်ကြာပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ရှောင်ရမည့် အစားအစာများ (အိမ်ထောင်သည်အမျိုးသမီးများအတွက်သာ)

10
(၁) မကျိုချက်ထားသော နွားနို့ဖြင့်ပြုလုပ်သည့် ဒိန်ချဉ်၊ ဒိန်ခဲ
မကျိုချက်ထားသည့် နွားနို့တွင် E.coli  နှင့် Listeria ရောဂါပိုးများ ပါဝင်နိုင်သည်။ ကျိုချက် ထားသော နွားနို့နှင့်နို့ထွက်ပစ္စည်းများကိုသာ စားသုံးပါ။

အလ္လာသည် မွတ်စလင်များအတွက်သာဖြစ်ကြောင်း အမိန့်ချ

Photo: အလ္လာသည် မွတ်စလင်များအတွက်သာဖြစ်ကြောင်း အမိန့်ချ 
Tuesday, October 15, 2013

မလေးရှားနိုင်ငံတရားရုံးက မွတ်စလင်တို့၏ ဘုရားဖြစ်သော အလ္လာကို အခြားသာသာဝင်များ၏ ဘုရားများ နေရာတွင် အစားထိုးသုံးစွဲခွင့် မရှိကြောင်း၊ မွတ်စလင် မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း အမိန့် ချမှတ်လိုက်သည်။

ယင်းသို့ အစ္စလာမ် စကားလုံးများ ကန့်သတ်တားမြတ်လိုက်ခြင်းသည် လွန်ခဲ့သော သုံးနှစ်က မပြီးသတ်ပေးသည့် အမှုဟောင်းကြောင့်ဖြစ်သည်။ ထိုအချိန် ၂၀၀၉ ကတ်သလစ် ခရစ်ယန်တို့၏ The Harald သတင်းစာတွင် God ဘုရားသခင်ဟု သုံးနှုန်းရမည့် နေရာတွင် ဒေသခံများ အလွယ်တကူ နားလည်နိုင်ရန် အလ္လာဟု သုံးနှုန်းခဲ့သည်။

ထိုအခါ မလေးအာဏာပိုင်များက ယင်းသို့သော အစ္စလာမ်စကားလုံးမျိုးကို မသုံးရန် တရားစွဲခဲ့သည်။ သို့သော် ထိုအချိန်က တရားပြိုင်ဘက်က အခြေခံဥပဒပါ အခွင့်အရေးဖြင့် ပြန်လည် ချေပခဲ့သဖြင့် The Harald သတင်းစာကို အနိုင်ပေးခဲ့ရသည်။ ထိုဂယက်ကြောင့် နိုင်ငံအတွင် ခရစ်ယာန်များနှင့် မွတ်စလင်များအကြား အကြမ်းဖက် သည်အထိ ဖြစ်ခဲ့ဖူးသည်။

The Herald သတင်းစာမှ အက်ဒီတာ ဘုန်တော်ကြီး Lawrence Andrew က ယခုမလေးရှား တရားရုံးက မလေးဘာသာနှင့် ထုတ်ဝေသော သမ္မာကျမ်းစာပါ အလ္လာဟူသော စကာလုံးကို လုံးဝသုံစွဲခွင့် မရှိဟု ပြန်လည်ဆုံးဖြတ် သည်မှာ ဥပဒေရေးရာအတွက် ဟာကွက်ကြီး တစ်ခုသဖွယ်ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ ကတည်းက ယင်းသို့ ရေးသားလာသည်မှာ ပြဿနာ မရှိခဲ့ကြောင်း ဆိုသည်။

မလေးရှားတွင် မွတ်စလင် ၆၀ရာခိုင်နှုန်းမျှ ရှိပြီး ခရစ်ယာန်မှာ ၉ရာခိုင်နှုန်းမျှသာ ရှိသည်။ ထို့အတွက် ယခုဖြစ်ရပ်ပေါ် မလေးရှား ပြည်သူအချို့က အာဏာရ ပါတီဖြစ်သော မလေး-မွတ်စလင် ပါတီသည် လူထုထောက်ခံမှုရရန် ပြုလုပ်ခြင်း ဖြစ်လိမ့်မည်ဟု ယူဆနေကြသည်။

The Harald သတင်းစာတွင် သမ္မာကျမ်းစာပါ God ဟူသော နေရာတွင် Allah (အလ္လာ)ဟုသုံးခြင်းသည် မလေးရှားနိုင်ငံ မတည်ထောင်မီ ၁၉၆၃ခုနှစ်ကလည်းပင် ဖြစ်ကြေင်း ထောက်ပြထားသည်။ ယခုတရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး အလွန်အမင်း စိတ်ပျက်မိကြောင်းနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: AP, AFP
မြန်မာ့ခေတ်
မလေးရှားနိုင်ငံတရားရုံးက မွတ်စလင်တို့၏ ဘုရားဖြစ်သော အလ္လာကို အခြားသာသာဝင်များ၏ ဘုရား များ နေရာတွင် အစားထိုးသုံးစွဲခွင့် မရှိကြောင်း၊ မွတ်စလင် မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း အမိန့် ချမှတ်လိုက်သည်။

မျက်စိကွယ်စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲ

6

မျက်စိကွယ်စေတဲ့ အမြင်အာရုံကို ဆုံးရှုံးစေတဲ့ အဓိကအကြောင်းရင်းကတော့ အတွင်းတိမ်လို့ခေါ်တဲ့ glucomay ဖြစ်ပါတယ်။ ဒီရောဂါဟာ မြင်လွှာ (retina) မှာ အစပျိုးတဲ့ ရောဂါဖြစ်ပြီး စောစောစီးစီး မကုသနိုင်ရင် မျက်စိကွယ်သွားနိုင်ပါ တယ်။

သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ


Photo: သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ
Tuesday, October 15, 2013 

မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲကမ်းခြေ၌ မြေနေရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီးစပြုလာသည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

လူအများလာရောက်အပန်းဖြေရာကမ်းခြေတစ်ခုဖြစ်သော စက်စဲကမ်းခြေတွင် အနီးအပါးကမ်းရိုးတမ်းများတွင် သဲစုပ်မှုများ ပြုလုပ်ခဲ့သောကြောင့် သဘာဝသောင်ခုံပျက်စီးမှုများ စတင်ဖြစ်ပေါ်လာနေပြီဖြစ်ကြောင်း၊ ကမ်းခြေ တစ်ဖြည်းဖြည်းလျော့ကျ ပြိုဆင်းသွားသော အနေအထားများဖြစ်ပေါ်လာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

 “ကျွန်တော်တို့ အရင်ကဆို ကမ်းခြေမှာ လာပြီးဆော့ကစားကြတဲ့လူတွေပြောတာကတော့ သဲသောင်က ရေတက်လာပြီး ပြန်ကျသွားလည်း သဲတွေက သောင်ခုံပေါ်မှာပဲ ကျန်နေခဲ့တယ်။ ရေချည်းပဲ ပြန်ဆင်းသွား တယ်ပေါ့။ အခုကတော့ ကျွန်တော်တို့ ဆင်းကြည့်တာ ရုတ်တရက် ရေတက်ပြီး ပြန်ဆင်းသွားတဲ့ အချိန်ကြရင် သဲတွေပါ အကုန်လုံးသယ်ပြီး ပြန်ဆင်းသွားသလို ဖြစ်နေတယ်။ အရင်က ကမ်းခြေမှာရှိတဲ့ အပင်တွေ အမြစ် မပေါ်ဘူး။ အခုတော့ အမြစ်တွေပေါ်လာပြီ။ သောင်က တဖြည်းဖြည်း ပါးသွားပြီး အောက်ကနှုန်းမြေတွေပဲ ကျန်တော့မယ့်အနေအထားဖြစ်နေပါတယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဥာဏ်စိုးက ပြောသည်။

ထိုကဲ့သို့ကမ်းခြေပျက်စီးလာခြင်းမှာ ရာဇာမင်းကုမ္ပဏီမှ စက်စဲကမ်းခြေ အစွန်းပိုင်းတွင် မြေယာများ ၀ယ်ယူ ထားခဲ့ပြီးနောက် ၎င်းတို့၏ မြေနေရာကိုမြင့်တက်စေရန် သဲများ စုပ်ယူပြီး ဖြည့်ခဲ့သောကြောင့် ဖြစ်လာရကြောင်း သဲစုပ်သည့် ပမာဏမှာလည်း ၎င်းတို့ဝယ်ယူထားသည် ၂၅ ဧက မြေအကျယ်အ၀န်းကိုဖြည့်ရန်အတွက် သဲများစုပ်ယူခြင်းဖြစ်ကာ စုပ်ယူသည့် သဲပမာဏမှာ လည်း ကျင်းပေါင်း တစ်သောင်းကျော်ခန့်ရှိခဲ့သောကြောင့် များပြားလွန်းသည့်ပမာဏဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ထိုသို့ သဲစုပ်သည်ကို ခွင့်ပြုချက်ပေးခဲ့ခြင်းမရှိပဲ ယခုအခါ စက်စဲကျေးရွာမှ ဒေသခံများထံမှ ကန့်ကွက်စာများတက်လာခဲ့သောကြောင့် အဆိုပါသဲစုပ်ခြင်းကိုလုံးဝရပ်ဆိုင်းထားခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်ပြုချက်မပေးခဲ့ဘူး။ သဲစုပ်တယ်ဆိုတာခွင့်ပြုချက်လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အလုပ်မျိုးကို အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်မပြုခဲ့ဘူး။ သောင်ခုံရဲ့ အစွန်းဘက်မှာ သဲတွေကျင်းပေါင်း တစ်သောင်း လောက်စုပ်တော့ ဒီဘက်ကသဲတွေက ဆင်းပြီး ဟိုဘက်ကို ပြန်ဖြည့်ရသလိုဖြစ်နေတာပေါ့။ အခုတော့ လုံးဝရပ်ဆိုင်းထား ခိုင်းလိုက်ပါပြီ။”မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးဒေါက်တာမင်းနွယ်စိုးက ပြောသည်။

စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တစ်ခုတည်းသောအပန်းဖြေကမ်းခြေတစ်ခုဖြစ်သကဲ့သို့ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင် နိုင်မည့် ရိုးရာဓလေ့များဖြင့် ပြည့်နှက်နေသောနေရာတစ်ခုဖြစ်ကြောင်း လက်ရှိအချိန်တွင် ကမ်းခြေကို အဆင့်မြှင့် တင်ရန်ပြုလုပ် နေချိန်ဖြစ်ပြီး ထိုကဲ့သို့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို အထူးအလေးထားသင့်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ 

Myit Ma Kha Media Group

http://www.myanmaronlinenews.net/2013/10/blog-post_6421.html

မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲ ကမ်းခြေ၌ မြေနေ ရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီး စပြုလာ သည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထအချို့မှ ရရှိနိုင်သော ကောင်းကျိုးများ

Photo: ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထအချို့မှ ရရှိနိုင်သော ကောင်းကျိုးများ 

15-10-2013

အစာစားပြီးတိုင်း အချိုပွဲ စားခြင်း

အချိုစာတွေကို ကြိုက်နှစ်သက်လို့ စားသုံးတာက ကိုယ်အလေးချိန် တက်စေတယ် ဆိုပေမယ့် သင်စားတဲ့ ပမာဏကို ထိန်းချုပ်စားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့တာ ရရှိတဲ့ ကယ်လိုရီရဲ့ ၈၀ ရာခိုင်နှုန်းကို မနက်၊ နေ့လယ်နဲ့ ညစာတွေကနေ ရရှိပြီး ၂၀ ရာခိုင်နှုန်းကိုတော့ သရေစာက နေရရှိပါတယ်။ အချိုစာကို လုံးဝ မစားဘဲ ရှောင်စရာ မလိုပါဘူး။ ပမာဏကို ထိန်းချုပ် စားဖို့တော့ လိုပါတယ်။  


ပြောင်းဖူးပေါက်ပေါက် စားလေ့ရှိခြင်း

ပြောင်းဖူးက ကောက်နှံတစ်ခုလုံး ပါဝင်စာပဲ ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာပါ။ ရုပ်ရှင်ကြည့်ရင်း ပြောင်းဖူးပေါက်ပေါက် စားတဲ့အကျင့်ကတော့ မကောင်းပါဘူး။ ပြောင်းဖူးပေါက်ပေါက်ကို ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် ထောပတ်၊ ချိစ်နဲ့ သကြားတွေနဲ့ ဖောက်ထားတာမျိုး မဖြစ်ရပါဘူး။တစ်နေ့ ၈ နာရီအောက် လျော့နည်းပြီး  


အိပ်ခြင်း

တစ်နေ့ကို ၈ နာရီအောက် လျော့နည်းပြီး အိပ်စက်နေလို့ ကျန်းမာရေး ထိခိုက်မှာ တွေးပူနေမိလား။ တစ်နေ့ကို ၄-၅ နာရီသာ အိပ်စက်သူ တချို့က နေ့သစ်တွေကို ရှင်သန်နိုးကြားစွာ နိုးထနိုင်ကြပါတယ်။ အိပ်ချိန်နည်းလို့ ကျန်းမာရေး ထိခိုက်မှာပဲဆိုတဲ့ စိုးရိမ်စိတ်ကို စိတ်ထဲ စွဲမနေဖို့တော့ လိုပါတယ်။  


ချောကလက်မစ်ရှိတ် ကြိုက်နှစ်သက်ခြင်း

ချောကလက် ကြိုက်သူတွေအတွက် သတင်းကောင်း တစ်ခုပါ။ ချောကလက်မစ်ရှိတ်မှာ ပါဝင်တဲ့ သကြားက ပန်းသီးဖျော်ရည်နဲ့ ယှဉ်ကြည့်ရင် အတူတူလောက်ပဲ ရှိပါတယ်။ ချောကလက်မစ်ရှိတ် တစ်ခွက်ကနေ အာဟာရ ၁၆ မျိုး ရရှိနိုင်ပြီး ပန်းသီးဖျော်ရည် တစ်ခွက်ကနေ အာဟာရဓာတ် နှစ်မျိုးသာ ရရှိနိုင်ပါတယ်။ အဆီပါဝင်မှု နည်းတဲ့ ချောကလက်မစ်ရှိတ်ကို ရွေးချယ်သောက်ပါ။  


မနက်စာတွင် ကြက်ဥစားခြင်း

ကြက်ဥစားသုံးတာက အာဟာရ အပြည့်အဝ ရရှိနိုင်ပြီး ကုန်ကျစရိတ်နည်းလို့ စားသုံးသူအတွက်လည်း တွက်ခြေကိုက်ပါတယ်။ ကြက်ဥတစ်လုံးမှာ ကယ်လိုရီ ၇၀ နဲ့ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် အေ၊ ဒီ၊ ဘီ ၁၂ တွေ ပါဝင်ပါတယ်။ တစ်နေ့ကို ကြက်ဥတစ်လုံး စားသုံးသူတွေဟာ နှလုံးကျန်းမာရေး အထူးကောင်းမွန်တယ်လို့ သုတေသနတချို့မှာ တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာဖြစ်ဖို့ ကြက်ဥတစ်လုံး၊ သစ်သီးတချို့နဲ့ ကောက်နှံကွေကာ၊ နွားနို့ စတာတွေ ပါဝင်အောင် စားပါ။  


အဆီ စားသုံးခြင်း

အသက်ရှည်လိုရင် အဆီနည်းတဲ့ အစာတွေကိုပဲ စားဖို့ မလိုပါဘူး။ ကနေဒါမှာ ပြုလုပ်တဲ့ သုတေသနမှာ ဆယ်စုနှစ်တစ်ခု အတွင်းမှာ အဆီကို ၁၅ ရာခိုင်နှုန်း လျော့နည်း စားသောက်ပေမယ့် အဝလွန်သူဦးရေ လျော့နည်း မသွားဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ အဆီကို လုံးဝ မစားဘဲ ရှောင်တာမျိုးတော့ မလုပ်ပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုတော့ စားဖို့ လိုပါတယ်။ အစေ့အဆန်တွေကရတဲ့ အဆီ၊ ငါးအဆီတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။


အမဲသားကင် မကြာခဏ စားသုံးခြင်း

အနီရောင်အသား ဖြစ်တဲ့ အမဲသားကင် စားသုံးတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ သင်သိထားပါလိမ့်မယ်။ အမဲသားကင် အနည်းငယ် ပမာဏစားတာက သံဓာတ်၊ ဇင့်နဲ့ ဗီတာမင် ဘီ-၁၂ တွေကို ရရှိတာကြောင့် စားသင့်တယ်လို့ တိုရမ်တိုမှ အာဟာရ ပညာရှင်ရေဇာက ပြောပါတယ်။ အမဲသားကို ကြိုက်နှစ်သက်သူတွေ အနေနဲ့ အလွန်အကျွံ စားသုံးတာ မဟုတ်ရင် သွေးတွင်း ကိုလက်စထရော ပမာဏ မများစေဖို့ အဆီဖယ်ပြီး စားပါ။  

ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် သရေစာစားခြင်း

သရေစာ စားတတ်တဲ့အကျင့်က ကိုယ်အလေးချိန် ကျဆင်းစေတာကြောင့် နည်းလမ်းကောင်း တစ်ခုပါ။ ဟုတ်ပါ့မလားလို့ သင်တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ပမာဏနဲ့ သင်စားတဲ့ သရေစာပေါ်တော့ မူတည်ပါတယ်။ သရေစာက ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ အစေ့အဆန်နဲ့ သစ်သီးတွေကို စားသုံးပေးပါ။  

ကစီဓာတ် စားသုံးခြင်း

ကိုယ်အလေးချိန် လျော့ချလိုသူတွေ အစားအစာ လျှော့ချစားသောက်ရာမှာ ကစီဓာတ်ကို သင့်တင့်အောင် စားသုံးတာက ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။ ကနေဒါနိုင်ငံမှ အာဟာရဆိုင်ရာ သုတေသီတွေရဲ့ လေ့လာမှုအရ ကစီဓာတ်ကို အလွန်အမင်း လျှော့ချစားသောက်တာ၊ အလွန်အကျွံ စားသုံးတာတွေက ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှု မရှိတာကို တွေ့ရပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင်တော့ ကစီဓာတ်ကို သင့်တင့်တဲ့ ပမာဏ စားသုံးဖို့ လိုတယ်လို့ သုတေသနကို ဦးဆောင်ပြုလုပ်သူ အန်ဝါမားချန့်က ပြောပါတယ်။  

အာလူးကို နှစ်ခြိုက်စွာ စားသုံးခြင်း

အာလူးကြော်က ကျန်းမာရေး မညီညွတ်ဘူး ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်ဆိုရင် အာလူးကနေ ဗီတာမင်စီ၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေကို ရရှိနိုင်ပါတယ်။ အာလူးကို ပြုတ်ပြီး အရသာထည့်ကာ ထောင်းစားတာ၊ အာလူးမီးဖုတ်ပြီး သုပ်စားတာက ကျန်းမာရေးနဲ့ ညီညွတ်လို့ စားသုံးဖို့ သင့်တော်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
by Good Health

Copy From သဘာဝအားအင်

အစာစားပြီးတိုင်း အချိုပွဲ စားခြင်း

အချိုစာတွေကို ကြိုက်နှစ်သက်လို့ စားသုံးတာက ကိုယ်အလေးချိန် တက်စေတယ် ဆိုပေမယ့် သင်စားတဲ့ ပမာဏကို ထိန်းချုပ်စားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့တာ ရရှိတဲ့ ကယ်လိုရီရဲ့ ၈၀ ရာခိုင်နှုန်းကို မနက်၊ နေ့လယ်နဲ့ ညစာတွေကနေ ရရှိပြီး ၂၀ ရာခိုင်နှုန်းကိုတော့ သရေစာက နေရရှိပါတယ်။ အချိုစာကို လုံးဝ မစားဘဲ ရှောင်စရာ မလိုပါဘူး။ ပမာဏကို ထိန်းချုပ် စားဖို့တော့ လိုပါတယ်။ 

Trader ဟိုတယ် ပေါက်ကွဲမူ သံသယရှိသူ ကိုဖော်ထုတ်ရရှိ

ရန်ကုန် အောက်တိုဘာ ၁၅
ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံကို ဖော်ထုတ် ရရှိထားကြောင်း သက်ဆိုင်ရာမှ သိရသည်။

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ

Photo: ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ
Tuesday, October 15, 2013 

ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဧည့်ရိပ်သာ တစ်ခုတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နှင့် သာကေတ မြို့နယ်တို့တွင်လည်း ၁၈ နာရီအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်များအပြီး ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်နေ့တည်း မပေါက်ကွဲသေးသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် စားပွဲထိုး တာဝန်ကျ သန့်ရှင်းရေး လုပ်နေသော ကျော်ဇေယျာမင်း (၁၈) နှစ်မှ ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဆိုင်တာဝန် ရှိသူများအား ပြောပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်တာဝန် ရှိသူများက အဆိုပါ အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်အား ဆိုင်၏ အနောက်ဘက်သို့ ယူဆောင်ပြီး ဖွင့်ကြည့်စဉ် ၀ိုင်ယာကြိုးနှစ်ကြိုး၊ ခလုတ်နှစ်ခုနှင့် ဒိုင်ခွက်ပါ အရာတစ်ခုအား တွေ့ရှိရာ ဓာတ်ပုံရိုက်၍ အလုံမြို့မ ရဲစခန်းသို့ သွားရောက်ပြသ တိုင်ကြားခဲ့ကြောင်း သိရသည်။

အလုံမြို့မ ရဲစခန်းမှ စခန်းမှူး အပါအ၀င် တာဝန်ရှိသူများ အဆိုပါ စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ယင်းအထုပ်အား စစ်ဆေးကြည့်ရာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အလျားလေးလက်မ၊ အနံနှစ်လက်မ၊ အ၀ါရောင်နှင့် အဖြူရောင် ၀ိုင်ယာကြိုး ဆက်သွယ်ထားသော ဒိုင်ခွက်ပါ အရာတစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

''အဲဒီဆိုင်မှာ CCTV တပ်ဆင်ထားတာ မရှိပါဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စစ်ဆေးကြည့်လိုက်တော့ အဲဒီအရာက ချိန်ကိုက်ဗုံးလို့ ယူဆရတယ်။ အဲဒီနောက်မှာ ဘေးပတ်ဝန်းကျင်တွေကို အန္တရာယ် မဖြစ်အောင် အဲဒီအရာကို ကားတာယာ သုံးကွင်းနဲ့ ထပ်စွပ်လိုက်တယ်။ ပြီးတော့ လူတွေကို အဲဒီနေရာနဲ့ အဝေးကို ရွှေ့တယ်။ ပြီးတော့ အဲဒီခြံဝင်းထဲမှာရှိတဲ့ ကားအစီး ၂၀ လောက်ကို ရွှေ့တယ်။ အဲဒီနောက်မှာ တိုင်းခရိုင် တာဝန်ရှိသူတွေ၊ ပြီးတော့ စစ်မြေပြင် အင်ဂျင်နီယာ အဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ တိုင်းရဲတပ်ဖွဲ့ကပဲ တာဝန်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်'' ဟု အလုံမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းနိုင်က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

ထို့နောက် တာဝန်ရှိသူများ ရောက်ရှိလာပြီး မွန်းတည့် ၁၂ နာရီခန့်တွင် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ ထပ်မံရောက်ရှိလာကာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာများကို ထပ်မံ စစ်ဆေးခဲ့ပြီး ''မိုင်း'' ဟု အတည်ပြုခဲ့ကာ ထပ်မံစစ်ဆေးရန်အတွက် ယူဆောင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းစားသောက်ဆိုင်မှ လက်ထောက် အထွေထွေ မန်နေဂျာ ကိုဝင်းဗိုလ်က ''မနေ့က ညပိုင်းမှာ အဲဒီစားပွဲဝိုင်းမှာ မိသားစု သုံးယောက်တစ်ဖွဲ့ အရင်ထိုင်တယ်။ အဲဒီမိသားစုက တစ်နာရီခွဲ ၀န်းကျင်လောက်ကြာအောင် စားသောက်ပြီး ပြန်သွားကြတယ်။ ပြီးတော့ အဲဒီစားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လာစားတဲ့ လူသုံးယောက်က အကုန်လုံး အသက် ၃၀ ၀န်းကျင်ပဲ ရှိတယ်။ ဘာစားသောက် ဖွယ်ရာမှ မမှာဘဲ ဘီယာနှစ်လုံး မှာပြီးတော့ မိနစ် ၂၀ လောက်ပဲ စားသောက်ပြီး ပြန်သွားကြတယ်။ ဘာမှ မှာမစားတဲ့အတွက် အဲဒီစားပွဲဝိုင်းကိုထပ်ပြီး သန့်ရှင်းရေး မလုပ်လိုက်မိပါဘူး။ မနက် ခုံအောက်ပိုင်းတွေ ကြမ်းပြင်တွေကို သန့်ရှင်းတွေလုပ်တဲ့ စားပွဲထိုး ကောင်လေးက တွေ့တာပါ'' ဟု ပြောကြားသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးအား အေအေဓာတ်ခဲ ခြောက်လုံးနှင့် စားပွဲတင်နာရီတွဲကာ ချိန်ကိုက်ဗုံးအဖြစ် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းဆိုင်ဝန်ထမ်းမှ တွေ့ရှိရာ ၁၆ လမ်း ၊ ၈၀ နှင့် ၈၁ လမ်းကြားတွင် ပြောင်းရွှေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

ထို့နောက် တပ်မတော် ဖောက်ခွဲရေးတပ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းများမှ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဗုံးမှာ ပေါက်ကွဲမှုဖြစ်ပါက အန္တရာယ် များသောကြောင့် ကားတာယာနှင့် သဲအိတ်များ ကာရံ၍ ညနေ ၃ နာရီတွင် ဖောက်ခွဲပစ်ခဲ့ရသည်။

ယင်းနောက် ရွှေဘဲစားသောက်ဆိုင် အတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရွှေဘဲစားသောက်ဆိုင် ခုံနံပါတ် ၁၄ မှာ ထိုင်စားသွားတဲ့ ဧည့်သည်နှစ်ဦးက ခုံအောက်မှာ ထားသွားတာကို ၀ိတ်တာက တွေ့တာ။ စီစီတီဗွီမှာလည်း တွေ့ရပါတယ်။ အမေရိကန် နိုင်ငံလုပ် လက်ပစ်ဗုံးပါ'' ဟု ဆိုသည်။

ထိုသို့ ဗုံးတွေ့ရှိမှုကြောင့် ရွှေဘဲစားသောက်ဆိုင်အတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ဝေပုလ္လာရာမ ကျောင်းတိုက်ရှေ့တွင်လည်း ဗုံးဟုယူဆရသော မသင်္ကာဖွယ် ကျောပိုးအိတ်ကို လာရောက် ပစ်သွားကြောင်း စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးရာ အဆိုပါ နေရာ၌လည်း စစ်ဆေး ဆောင်ရွက်မှုများ နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သော်လည်း ယင်းအထုပ်တွင်း၌ အ၀တ်စများနှင့် ဂျာနယ် စက္ကူများသာ ပါရှိကြောင်း သိရသည်။

Eleven Media Group

WESTERN PARK RUBY စားသောက်ဆိုင်အတွင်း ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ရသည့် စားပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)


ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်း တွင် ဗုံး ၂ လုံးကွဲ

စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့နံနက် ၃နာရီခွဲ၊ ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်း တန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်း တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောပါတယ်။

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိဟု ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။