Saturday, April 6, 2013

ပြည်ပဧည့်သည်များ အဆင်ပြေစိတ်ချမ်းသာစွာ ဝင်ထွက်သွားလာနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်

တန်ဖိုးနည်း Sim Card များ အပေါ် ပြည်သူတို့ အမြင်



"ကျနော့်နာမည်နဲ့ ၁၉၉၅ လောက်က နိုင်ငံတော်က GSM တစ်လုံးချပေးတယ်၊ ဆက်သွယ်ရေးကို ၅ သိန်းကျပ်သွင်းရတယ်လေ၊ ကျနော်ကလည်း ၀န်ထမ်းဆိုတော့ အသုံးလိုမဲ့ ဘုရင့်နောင်ပွဲရုံက ကျနော့ သူငယ်ချင်း တသ်ယောက်ကို ၄၃ သိန်းနဲ့ ရောင်းလိုက်တယ်၊ ခု အဲ့ဒီသူငယ်ချင်းကို အားနာနေမိပေမဲ့၊ သူကတော့ ကျနော် ခင်ဗျားဆီက ၀ယ်လိုက်တဲ့ ဖုန်းနဲ့ စီးပွားရှာနေတာပဲဗျာ၊ အားနာနေစရာ မလိုပါဘူး ဆိုလို့ တော်ပါသေးရဲ့ဗျာ" လို့ အငြိမ်းစား ဒု/ညွှန်မှူးတစ်ဦးက ပြောသည်။

"လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"

Photo: "လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"

လားရှိုး၊ ဧပြီ ၆

ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန် ဟုဆိုကာ လားရှိုးမြို့ စည်ပင်မှ ဈေးခေါင်းနှင့် ဈေးအကျိုးဆောင် ဥက္ကဌ တို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျင်  အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ်ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်းလားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များကပြောသည်။

"မထည့်ဘူးမပြောပါဘူး၊ စေတနာရှိသလောက်တော့ ဖြစ်စေချင်တာပါ၊ ဒါကို သူတို့က သတ်မှတ်ချက်နဲ့ လာပြီးအတင်းဆိုတော့ စိတ်ကုန်တယ်ဗျ၊ အရင်ခေတ်ကလိုမှတ်နေကြတာ"ဟု ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦး ကပြောကြားသည်။

မိမိတို့ ပျံကျဈေးသည်များအားလည်းကောက်ခံကြောင်း၊ ပျံကျတစ်ဦးလျင်   ကျပ် ၄၀၀၀ ပေးဆောင်နေရကြောင်း၊ ဈေးထွက်ခွင့်ကိုမူ ယခု ဧပြီလ ၁ ရက်နေ့ မှစတင်ပြီး နံနက် ၇း၀၀ နာရီမှ နေ့လည် ၂း၀၀ ထိခွင့်မပြုတော့ကြောင်း၊ ဈေးကွဲမှ ဈေးရောင်းချခွင့်ရသဖြင့် အခက်အခဲများ ကြုံနေရကြောင်း ပျံကျဈေးသည်အချို့ ကပြောသည်။
ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက"ယခုကဲ့သို့ စည်ပင်အနေဖြင့် ပြည်သူ လူထုအပေါ် အတင်း အကျပ် ငွေကောက်ခံခွင့်မရှိကြောင်း ၊ အောက်ခြေ ၀န်တမ်းများရော၊ အပေါ်ဝန်ထမ်းများပါ ဒါကို သဘောပေါက်ပြီး အာဏာပါဝါ သုံးစွဲခြင်းကိုရှောင်ရှား သင့်ကြောင်း" ပြောသည်။

ပျံကျဈေးသည်များကလည်း ယခင်လို နံနက်မှစတင်ပြီး ဈေးရောင်းခွင့်ရလိုကြောင်း ပြောသည်။

စည်ပင်ဝန်ထမ်း တစ်ဦးကမူ ဈေးရောင်းချခွင့် မပေးခြင်းမဟုတ်ကြောင်း၊ စာကပ်ပေးထားကြောင်း၊ အချိန်အတိုင်းအတာ သတ်မှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောပြပါသည်။

ခမ်းမြတ်(တောင်ကြီး) ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန် ဟုဆိုကာ လားရှိုးမြို့ စည်ပင်မှ ဈေးခေါင်းနှင့် ဈေးအကျိုးဆောင် ဥက္ကဌ တို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျင် အပေါ်ထပ်ဖြစ် ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ် ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်း လားရှိုးမြို့မဈေး ဈေး ဆိုင်ခန်း ပိုင်ရှင်များကပြောသည်။

အီတလီ-ဆွစ်ဇာလန် နယ်စပ်တွင် ရွှေချောင်း ဒေါ်လာ ၆ သန်းဖိုးမိ

အီတလီ-ဆွစ်ဇာလန် နယ်စပ်တွင် ရွှေချောင်း ဒေါ်လာ ၆ သန်းဖိုးမိ

၆ သိန်းဆိုရင်မပြောတော့ပါဘူး။ အခု မိတဲ့ ရွှေတန်ဖိုးက အမေရိကန်ဒေါ်လာ ၆ သန်း ဖြစ်ပါတယ်။ ရွှေချောင်း ၁၂ ချောင်းကို အီတလီနိုင်ငံကနေ ဆွစ်ဇာလန်ကို သယ်ဆောင်ဖို့ ဖြစ်ပါတယ်။ 

သာမန် ခရီးသွားတဲ့ မိသားစု တစ်ခုကနေ ရွှေတွေ အချောင်းလိုက် မိလိမ့်မယ်လို့တောင် ဘယ်သူမှ ထင်မထားပါဘူး။ အီတလီနိုင်ငံသား မိသားစု တစ်ခုဖြစ်ပြီး စုစုပေါင်း ငါးဦးပါဝင်တဲ့ ကားက ဆွစ်ဇာလန်ကို အပျော်ခရီးသွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ယာဉ်မောင်းတဲ့ အသက် ၅၀ ကျော် လူကြီးကလည်း ဆွစ်ဇာလန်ကုမ္မဏီတစ်ခုမှာ အလုပ်လုပ် ပါတယ်။ 

သို့ပေမယ့် မျက်နှာပျက်နေတာကြည့်ပြီး သံသယဝင်တဲ့ ရဲများဟာ စစ်ကြည့်လိုက်တော့ ကားနောက်ဖုံး ပစ္စည်းထားခန်းမှာ ရွှေချောင်း တစ်ဒါဇင်တောင် ဖမ်းမိပါတယ်။ ဘယ်ကရတယ်လို့ စစ်ဆေးမေးမြန်း ဆဲ ဖြစ်ပေမယ့် အဖြေမထွက်သေးပါဘူး။ အီတလီရော၊ ဆွစ်ဇာလန်နိုင်ငံ နှစ်ခုလုံးကပါ ရွှေမှောင်ခိုသယ်တဲ့ သတင်းကို စိတ်ဝင်စားလျက် ရှိကြောင်း သိရပါတယ်။ ၆ သိန်းဆိုရင်မပြောတော့ပါဘူး။ အခု မိတဲ့ ရွှေတန်ဖိုးက အမေရိကန်ဒေါ်လာ ၆ သန်း ဖြစ်ပါတယ်။ ရွှေချောင်း ၁၂ ချောင်းကို အီတလီနိုင်ငံကနေ ဆွစ်ဇာလန်ကို သယ်ဆောင်ဖို့ ဖြစ်ပါတယ်။
သာမန် ခရီးသွားတဲ့ မိသားစုတစ်ခုကနေ ရွှေတွေ အချောင်းလိုက် မိလိမ့်မယ်လို့တောင် ဘယ်သူမှထင်မထားပါဘူး။ အီတလီနိုင်ငံသား မိသားစု တစ်ခုဖြစ်ပြီး စုစုပေါင်း ငါးဦးပါဝင်တဲ့ကားက ဆွစ်ဇာလန်ကို အပျော်ခရီးသွားဖို့ဖြစ်တယ် လို့ ပြောပါတယ်။ ယာဉ်မောင်းတဲ့ အသက် ၅၀ ကျော် လူကြီးကလည်း ဆွစ်ဇာလန်ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။

ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသောသတင်များ ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင် ကြရန် ပြောကြား ထား သည်ဟု သတင်းရရှိသည်။

အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား

အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား


မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်မှု ပေးနိုင်သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။

အမေရိကန် အမှတ် (၂၃) ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်အင်အား ၂၅ဝ ခန့်သည် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ မြောက်ပိုင်း ယီဂျောင်ဗြူ အရပ်ရှိ စတန်လေ စခန်းတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ရာတွင် နျူကလီးယား တင်ဆောင်နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့် B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များအား အသုံးပြု ခဲ့သည့်အတွက် အမေရိကန် နိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ အကြား အခြေအနေ များသည် ပိုမို တင်းမာလျက် ရှိကြောင်း သိရသည်။ ထို့အပြင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများအား တုံ့ပြန်ရန် အတွက် အမေရိကန် နိုင်ငံသည် ၎င်း၏ စွမ်းအားမြင့် ပဲ့ထိန်းဒုံး စနစ်ကို ဂူအမ်ကျွန်း၌ ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း မတ် ၂၇ ရက်က ကြေညာခဲ့သည်။ ၎င်း ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခုတွင် ဒုံး ကျည် ပစ်စင်ပါ ထရပ်ကား၊ ကြားဖြတ် တိုက်ခိုက်ရေး ဒုံးကျည်များ၊ ရေဒါစနစ် တစ်ခုနှင့်  ပစ်မိန့်ပေး စနစ်တို့ ပါဝင်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသည် ၎င်းတို့၏ ခြိမ်းခြောက်မှု များကြောင့် မြောက်ကိုရီးယား နိုင်ငံ၏ နည်းပညာ မြင့်မား၍ သေးငယ် ပေါ့ပါးသော နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ခြင်းကို ခံရလိမ့်မည် ဖြစ်ကြောင်း ကိုရီးယား ပြည်သူ့ တပ်မတော်၏ ဦးစီးအရာရှိ တစ်ဦးက မတ်၂၈ ရက်တွင် ထုတ်ပြန်သည့် ကြေ ညာချက် တစ်စောင်၌ ခြိမ်းခြောက် ပြောကြား ထားခဲ့သည်။

 
http://www.myawady.net.mm/allnews/global/item/10956-2013-04-06-08-50-04 မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက် မည်ဟူသော ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝကာကွယ်မှု ပေးနိုင် သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။

နေကာမျက်မှန် တပ်ခြင်း၏ ကောင်းကျိုးများ

ဟောလိဝုဒ် မင်းသားမင်းသမီး ငယ်လေးတွေဟာ နေကာမျက်မှန်အကြီးကြီး တွေတပ်ပြီး လူပို ကြည့်အောင် လုပ်နေတာလို့ မထင်လိုက် ပါနဲ့တဲ့။

ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု မဖြစ်ခဲ့ဟု ထိုင်းဝန်ကြီး ငြင်းဆို

ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။

အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု

Photo: အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု
Saturday, April 6, 2013

မူးယစ်ရီဝေလာပါက အဖော်ယောက်ျားလေးကို ကုန်းပိုးခိုင်းစေလိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီယာနှင့် ဆိုဂျူးအရက်များ သောက်သုံး
ကြသည်ဟုဆိုသည့်ကိုရီးယားလှိုင်း၏ရိုက်ခတ်မှုသည် မြန်မာမိန်းကလေး
ငယ်တချို့အတွက် ဖက်ရှင်ကျသည့် လူငယ်သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။

အမျိုးသားများနှင့် ရင်ပေါင်တန်းမည့် တန်းတူညီမျှ အခွင့်အရေးဟူသော အသုံးအနှုန်းကို တွင်ကျယ်စွာပြောဆိုလာကြပြီး နောက်ပိုင်းတွင် ယမ
ကာသောက်သုံးခြင်းသည်လည်း အမျိုးသမီးများ ကိုယ်ပိုင်အခွင့်အရေး
တစ်ရပ်ဟု လက်ခံယူဆလာကြသည်။

ရန်ကုန်မြို့တော်တွင် ၁၉ လမ်းကဲ့သို့ အရက်ဆိုင်တန်းများ၌ အမျိုးသား
တို့ကြား ၀ိုင်းဖွဲ့သောက်သုံးနေသည့် အမျိုးသမီးများအပြင် မိန်းကလေးများ အုပ်စုဖွဲ့ သောက်သုံးနေကြသည့် မြင်ကွင်းများကိုလည်း နေ့စဉ်မြင်တွေ့ရ
မည် ဖြစ်သည်။ ဘီယာဆိုင်ကြီးများ၊ နိုက်ကလပ်များ၊ ပါတီပွဲများမှာလည်း အမျိုးသမီးငယ်များ ဘီယာ၊ အရက်သောက်သုံးလာကြသည်ကို
တွေ့မြင်နိုင်ကြပါသည်။

အမျိုးသမီးတို့အနေဖြင့် အရက်အလွန်အကျွံ သောက်သုံးမိပါက နီးစပ်သူအမျိုသားများနှင့် မှားယွင်းမှုများ ဖြစ်ပေါ်တတ်သည့် သာဓကအချို့လည်းရှိခဲ့ပြီး အများစုကတော့ အပျော်သဘောဖြင့် သရုပ်မပျက် သောက်သုံးကြသည်က များသည်။

“မူးနေတဲ့ မိန်းကလေးတစ်ယောက်ကို အခွင့်အရေးယူတဲ့ ယောက်ျားက လူစဉ်မမီဘူးထင်ပါတယ်။ မူးနေတဲ့မိန်းကလေးမှာ အပြစ်မရှိဘူးထင်ပါ
တယ်။ အမြတ်ထုတ်တဲ့သူသာ အပြစ်ရှိပါတယ်။ လူ့အသိုင်းအ၀ိုင်းက တကယ်အပြစ်ရှိတဲ့သူကို မြင်တတ်ဖို့လိုပါတယ်”ဟု Yangon Film School 
မှ မန်နေဂျာ ကိုသက်ဦးမောင်က ၎င်း၏အမြင်ကိုပြောသည်။

အမျိုးသမီးများက အမျိုးသားတို့နှင့် ရင်ပေါင်တန်း၍ အရက်သေစာ သောက်
သုံးလာကြခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် ကိုရီးယားဇာတ်လမ်းတွဲ
များက ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်အတွင်း ကူးစက်ဝင်ရောက်လာသည့် ကိုရီးယားယဉ်ကျေးမှု ဓလေ့စရိုက်များက အ
သက်အရွယ်မရွေး၊ ကျား၊ မ မရွေး စွဲလမ်းလာစေခဲ့ပြီး အနောက်တိုင်းရုပ်
ရှင်များတွင် ပါဝင်သည့်ဓလေ့စရိုက်များကိုလည်း နှစ်သက်တတ်လာကြသည်။

ဘိန်းစွဲသကဲ့သို့ စွဲလမ်းလာကြသည့် ကိုရီးယားဖက်ရှင်များ၊ ကိုရီးယားအစားအသောက်များက လူငယ်ထုအကြား ပျံ့နှံ့မှု 
ပိုမိုများပြားကာ ဘီယာ၊ အရက်နှင့် ဆိုဂျုးသောက်သုံးခြင်း၊ မူး
ယစ်လာပါက ငိုကြွေးခြင်း၊ ယောက်ျားလေးကို ကုန်းပိုးခိုင်းခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လာကြသည်။ ညဥ့်နက်မှ မူး
ပြီးအိမ်ပြန်လာသည့် ဇာတ်ဝင်ခန်းများ၊ အိမ်ထောင်ရေးဖောက်
ပြန်သည့် ဇာတ်ရှုပ်များကလည်း ကိုရီးယားဇာတ်ကားတိုင်းလို
လိုတွင် ပါဝင်လျက်ရှိနေသည်။

ယခင်က အရက်ဆိုင်၊ ဘီယာဆိုင်များရှေ့မှ ဖြတ်လျှောက်လျှင်
ပင် ခေါင်းငုံ့ကာခပ်သွက်သွက်လျှောက်လှမ်းကြသည့် မြန်မာမိန်း
ကလေးများက ယခုအခါ ဘီယာဆိုင်များအတွင်း ၀င်ထိုင်နေကြပါပြီ။
ယောက်ျားလေး အပေါင်းအသင်းများနှင့် ဘီယာဆိုင်လိုက်ထိုင်ရင်း တစ်ခွက်တစ်ဖလား စမ်းသောက်ကြည့်ရာမှ အရက်သောက်သုံးခြင်း
ကို စတင်ခဲ့ကြလေသည်။

အသက် ၂၄ နှစ်အရွယ် သတင်းထောက်အမျိုးသမီးတစ်ဦးကတော့ သူမ ဘီယာသောက်ဖြစ်ခြင်းကို အောက်ပါအတိုင်း ပြောကြားသည်။

“ကိုရီးယားကားကြောင့် သောက်တာလည်း မဟုတ်ဘူး။ ကြိုက်
လို့သောက်တာ။ သူများမိန်းကလေးတွေ သောက်တာလည်း ဘယ်လိုမှမမြင်ဘူး။ အရမ်းသရုပ်မပျက်ရင် ပြီးတာပဲ။ ဒီမှာက မိန်းမတွေက သောက်ပြီဆို ငိုလိုက်၊ ရယ်လိုက်နဲ့”

အသက် (၂၉)နှစ်အရွယ် ကိုနစ်ကီကလည်း “တချို့မိန်းကလေးတွေက အပျော်အပါးသဘောမျိုးနဲ့ သောက်ကြတာတွေ့ရတယ်။ ဥပမာ- ၁၉ လမ်းလို နေရာမျိုးကို ကြည့်လေ။ ဘာပွဲညာပွဲမရှိဘဲနဲ့ကို သောက်နေ
ကြတာ။ သင်္ကြန်မှာဆိုလည်း အရက်ဘီယာသောက်တာ မဆန်းတဲ့
ပုံစံနဲ့ သောက်ကြတာ”ဟု ဆိုသည်။

ကုမ္ပဏီဝန်ထမ်း အမျိုးသမီးများက ပါတီပွဲများ၊ ညစာစားပွဲများတွင် လူမှုရေးအရ ၀ိုင်နှင့်ဘီယာ အနည်းငယ်သောက်သုံးသည့် ဓလေ့ရှိလာ
ကြပြီး တချို့အမျိုးသမီးများက ဖက်ရှင်သဘောမျိုး သောက်သုံးလာ
ကြကာ အမျိုးသမီးငယ်များကတော့ သူငယ်ချင်းအပေါင်းအသင်းများန
နှင့် သွားလာရင်း သောက်ဖြစ်လာခြင်းဖြစ်သည်။

“သူငယ်ချင်းတွေနဲ့သွားရင်း မြည်းစမ်းသောက်ကြည့်ရာက သောက်တတ်
လာတာပဲ။ သောက်ကြည့်လိုက်တော့လည်း ကြိုက်တယ်။ အရင်ခေတ်တွေ
တုန်းကလို အရက်တစ်ခွက်ဝင်ပြီး မိန်းကလေးတွေ အသိစိတ် ပျောက်
ကုန်တယ်ဆိုတာမျိုး မဖြစ်တော့ဘူး။ တော်ရုံတန်ရုံ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ်”ဟု အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးက
ပြောပြသည်။

မြို့နယ်ပေါင်း ၅၀ ကျော်မှ အသက်(၁၈)နှစ်မှ (၆၄)နှစ်အရွယ် လူပေါင်းခုနစ်ထောင်ကျော်ကို ကျပန်းရွေးချယ်၍ သုတေသန
တစ်ခု ပြုလုပ်ခဲ့ရာ၌ အမျိုးသား ၁၀၀ တွင် ၄၅ ဦးက အရက်
သောက်သုံးပြီး အမျိုးသမီး ၁၀၀ တွင် လေးဦး(လေးရာခိုင်နှုန်း)
က အရက်သောက်သုံးကြောင်း တွေ့ရှိရသည်။

“နှစ်ယောက်မှာ တစ်ယောက်လောက် သောက်နေတယ်ဆိုတော့ ဒါတော်တော်အရေးကြီးတဲ့ ပြဿနာပဲ”ဟု ဒေါက်တာကိုကိုဇော်က
ပြောသည်။

“ဒီလေးရာခိုင်နှုန်းဆိုတာက မြို့ပြရော၊ တောရော အသက်ကြီးငယ်အား
လုံးနဲ့ အရက်လုံးဝမသောက်တဲ့သူတွေကိုပါ ပြုလုပ်ထားတဲ့ သုတေသနပါ။ တကယ်ကို အရက်သောက်နိုင်တဲ့ အများဆုံးအခြေအနေရှိတဲ့ အသက်
အပိုင်းအခြားကိုပဲ လေ့လာရင် ဒီထက် အဆပေါင်းများစွာ များနိုင်မယ်”ဟု ၎င်းကဆိုသည်။

အမျိုးသမီးများထဲတွင် အသက်(၃၃)နှစ်မှ (၄၅)နှစ်အထိသည် အများဆုံးသောက်သုံးသည့် အသက်အရွယ်ပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်များကို လေ့လာသည့်အခါ ကယားပြည်နယ်
သည် အမျိုးသမီးများ အရက်သောက်သုံးမှု အများဆုံးပြည်နယ်
ဖြစ်ပြီး သုတေသနပြုလုပ်ချက်အရ တစ်နှစ်အတွင်း အရက်သောက်
သုံးမှုမှာ အမျိုးသမီး ၁၀၀ တွင် ၃၈ ဦးရှိကြောင်း တွေ့ရှိရသည်။

အမျိုးသမီးများ အရက်သောက်သုံးမှု ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်သည်။

အသက်မပြည့်သေးသည့် ကလေးများ အရက်သောက်သုံးမှုနှင့်ပတ်သက်၍ Strategic First စီးပွားရေး သင်တန်းကျောင်းမှ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ရှစ်ကျောင်း၌ တက်ရောက်နေသော ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ ၁၀၀ ကျော်အား မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုကို ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများ အပါအ၀င် ဆင်ခြေဖုံးရှိ ကျောင်းများကိုပါ ရွေးချယ်မေးမြန်းထားခြင်းဖြစ်သည်။

ကျောင်းသူ၁၀၀ ကျော်တွင် မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည့်
ကျောင်းသူတိုင်းက ဘီယာနှင့်ဆိုဂျုး သောက်ဖူး ကကြောင်း Strategic 
First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က ပြောပြသည်။

“ယောက်ျားလေးတွေက ကောင်မလေးကိစ္စနဲ့ သောက်တယ်။ ကောင်မလေး
ကေတော့ သောက်ပြီးရင် ငိုလို့ကောင်းလို့၊ ကောင်လေးကို ကုန်းပိုးခိုင်းချင်
လို့သောက်တာလို့ ဖြေကြတယ်။ ဆရာမတွေကိုမေးတာ ကျောင်းမှာလည်း ၀ိုင်ပုလင်းတွေ ယူယူလာလို့ ရုံးခန်းကို ပို့လိုက်ရတယ် ဆိုတာတွေလည် ရှိနေတယ်”ဟု သူကဆိုသည်။

အမျိုးသမီးငယ်များကို အဓိကရည်ရွယ်သည့် ဘီယာသောက်ပြိုင်ပွဲကဲ့
သို့ ပြိုင်ပွဲများလည်း တချို့ပါတီပွဲများတွင် ထည့်သွင်းကျင်းပလာပြီး အရက်သောက်ဖူးမှ ခေတ်မီသည်ဆိုသည့် ပြောင်းလဲမှုများလည်း လူအများကြားရှိလာပြီ ဖြစ်သည်။

“အဓိကက ကြိုက်လို့လို့ထင်ပါတယ်။ ပုံမှန်အားဖြင့် မြန်မာမိန်းကလေးတွေ စကားတိုးတိုးပြောပြီး ခပ်မှန်မှန်နေထိုင်လေ့ရှိပေမယ့် သောက်ပြီးတဲ့အခါ လွတ်လပ်မှုတစ်မျိုးဖြစ်သွားပြီး နေရထိုင်ရတာ ပိုပျော်ဖို့ကောင်းသ
လို ဖြစ်သွားလို့ သောက်ကြတာလို့ ထင်တယ်”ဟု ဒီဇိုင်နာအမျိုးသမီးတစ်ဦး
က ပြောသည်။

“မိန်းကလေးတွေ အရက်သောက်လို့ရတဲ့ နေရာတွေ များလာတယ်။
နိုက်ကလပ်ဆို မိန်းကလေးကို အရက်အလကား တိုက်တယ်လို့ ပြော
တာပဲ။ ရုပ်ရှင်ကားတွေထဲမှာလည်း စိတ်ညစ်လို့ ထွက်ပေါက်ရှာရင် အရက်သောက်ပြီး ရှာကြတယ်ပေါ့လေ။ မြန်မာကားတွေမှာလည်း အဲ
ဒါတွေ ရိုက်ကူးပြနေတယ်။ အပြင်မှာလည်း သောက်နေကြတော့ ဒါ
က ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောလို့ရနေပြီ”ဟု တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက သုံးသပ်သည်။

သို့သော် အမျိုးသမီးများမှာ ကိုယ်သောက်သုံးသည့် ယမကာအမျိုးအစားတွင် အရက်ပမာဏ မည်မျှပါဝင်နေသည်ကို မသိရှိကြပေ။ အများစု၏ စိတ်ထဲတွင် ၀ီစကီကဲ့သို့ အရက်ပြင်းများ၌ အယ်လ်ကိုဟောလ် Level ၁၀၀ ရာခိုင်နှုန်း ပါဝင်နေပြီး ဘီယာကဲ့သို့ အဖျော်ယမကာများတွင်မူ အယ်လ်ကိုဟောလ်ပမာ
ဏ အနည်းငယ်သာ ပါဝင်နေသည်ဟု ထင်မှတ်နေကြသည်က များသည်။

တကယ်တမ်းတော့ မိန်းကလေးများ သောက်သုံးနေကြသည့် ဆိုဂျုးအ
ရက်တွင်ပင် အယ်လ်ကိုဟောလ် Level မြင့်မားစွာ ပါဝင်နေပြီး ဘီယာတွင်
လည်း အယ်လ်ကိုဟောလ် ၄ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေ
ကြောင်း သိရသည်။

“Trend ကလည်း တော်တော်လေးကို ပြောင်းလဲနေပြီ။ အရက်တွေလည်း ထပ်ပြီးခွင့်ပြုနေတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးကို ကာကွယ်ဖို့ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာတော့ မရှိဘူး။ ထိုက်သင့်တဲ့အခွန်တွေ တိုးကောက်တာမျိုး၊ ထိုက်သင့်တဲ့ ထိန်းသိမ်းမှုတွေနဲ့ လူငယ်တွေကို ပညာပေးတာမျိုးတွေ ထိထိရောက်ရောက် လုပ်ဖို့တော့ လိုနေပါပြီ”ဟု Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က သုံးသပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ထားသည့် သုတေသနအရ မြန်မာနိုင်ငံ၌ ဘီယာသောက်သုံးမှုမှာ ၈၃ ရာ
ခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်ပြင်းနှင့် ၀ိုင်သောက်သုံးမှုမှာ 
၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

“အရက်သောက်တာကြာရင် ပထမအဆင့်မှာ စိတ်ပိုင်းဆိုင်ရာစွဲ
လမ်းမှု ဖြစ်လာတယ်။ အဲဒါကိုမှ မဖြတ်ဘူးဆိုရင် ရုပ်ပိုင်းဆိုင်ရာစွဲလန်း
မှုတွေ ဖြစ်လာတယ်။

အရက်အနည်းငယ်သောက်ရင် ကျန်းမာရေးအတွက် ကောင်းကျိုးနည်း
နည်း ရှိတယ်ဆိုပေမယ့် လူအများက အဲဒီအဆင့်နဲ့တင် ရပ်မနေကြဘူး။ လစ်မစ်ကျော်တဲ့အထိကူးသွားတာများတယ်”ဟု ဒေါက်တာကိုကိုဇော်က
ပြောသည်။

လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသက်(၂၅)နှစ်အရွယ် မချမ်းငြိမ်းဖြူကလည်း “ဘယ်အရာမဆို အလွန်အကျွံမဖြစ်
ရင် ကောင်းပါတယ်”ဟု ဆိုလာသည်။

အရက်၊ ဘီယာသောက်သုံးခြင်းအားဖြင့် မည်သူမဆို ရောဂါပေါင်း
ခြောက်ဆယ်ကျော် ဖြစ်နိုင်ခြေရှိနေပြီး အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ရှိစေရန် အခက်အခဲဖြစ်စေသောကြောင့် အလွန်အ
ကျွံသောက်သုံးခြင်းကို ရှောင်ရှားသင့်ပါသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အရက်စွဲဝေဒနာဖြင့် ရောက်ရှိလာကြ
သူများထဲတွင် အမျိုးသမီးများလည်း ပါဝင်လာနေခဲ့ပြီ ဖြစ်သည်။

“ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်တဲ့အထဲက လူတိုင်းသိတာကတော့ အသည်းခြောက်ရောဂါ၊ ဦးနှောက်ထိခိုက်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ
ရောဂါတွေဖြစ်တယ်။ ပြီးတော့ ခံတွင်းကင်ဆာစတဲ့ ကင်ဆာရောဂါတွေ၊ အမျိုးသမီးတွေမှာဆိုရင်လည်း ကလေးပေါင်မပြည့်ဘဲ မွေးတာမျိုး၊ ဆီးချိုရောဂါနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေကတော့ အထင်ရှား
ဆုံးပဲ”ဟု ဒေါက်တာကိုကိုဇော်က ရှင်းပြသည်။

နိုင်ငံခြားယဉ်ကျေးမှုများကို သရုပ်ပျက်ခြင်းဟု ဆို၍မရပါ။ သူတို့လူမျိုး၊ သူတို့ထုံးစံပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်
မာ့ဓလေ့ထုံးစံရိုးရာများ ရှိပါသည်။ နိုင်ငံခြားယဉ်ကျေးမှုများကို အတု
ယူနေထိုင်ခြင်းသည်တိုးတက်လာသည့် ခေတ်အခြေအနေအရ ဖြစ်တည်လာမှုတစ်ခုပင် ဖြစ်နိုင်ပြီး မြန်မာ့ယဉ်ကျေးမှုကိုလည်း ပျောက်ပျက်မသွားစေရန် ထိန်းသိမ်းဖို့ရာ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။

တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက လူငယ်အမျိုးသမီးများ အရက်၊ ဘီယာ သောက်စားလာကြခြင်းအပေါ်
တွင် အောက်ပါအတိုင်းသာ မှတ်ချက်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုဆိုရင်စကတ်တိုဝတ်တယ်ဆိုတာ
ခြေထာက်လှဖို့ လိုတယ်လေ။ ကောင်းတယ်ထင်ရင်လုပ်ပေါ့။ ကိုယ်လုပ်တာတွေက ကိုယ့်အရိပ်ပဲဖြစ်မှာပါ”ဟူ၍ ဖြစ်ပါသည်။

ရေးသားသူ- ဥက္ကာကိုကို၊ ၀တ်ရည်အောင်
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal မူးယစ်ရီဝေလာပါက အဖော်ယောက်ျားလေးကို ကုန်းပိုးခိုင်းစေ လိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီယာနှင့် ဆိုဂျူးအရက် များ သောက်သုံး ကြသည်ဟု ဆိုသည့် ကိုရီးယားလှိုင်း၏ ရိုက်ခတ်မှု သည် မြန်မာမိန်းကလေးငယ်တချို့အတွက် ဖက်ရှင်ကျသည့် လူငယ် သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။

လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ

Photo: လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ
Saturday, April 6, 2013

ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့၊ ချွေတာတဲ့၊အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်
ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။မိခင်ရဲ့အပြုအမှု၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်တယ်။

ဒီသက်ရောက်မှုကို လူတွေ သေသေချာချာ မတွေးတောခဲ့ဖူးသလို အသိအမှတ်လည်းမပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။

ငယ်ရာကနေ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက် မိခင်ရဲ့ပြုစုပျိုးထောင်
မှုအောက်မှာမိခင်ရဲ့အရာအားလုံးဖြစ်တဲ့ အပြုအမှု၊ မိခင်ရဲ့အတွေး၊
မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာမသိမသာနဲ့ သားသမီးပေါ်
ကို သက်ရောက်စေနိုင်တယ်။

ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ
တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်

လူအများရဲ့အတွေးထဲမှာ မိန်းမဆိုတာ အားနည်းပျော့ညံ့သူလို့ တွေးထင်
ထားကြတယ်။"သန်မာကြံ့ခိုင်" ဆိုတဲ့စကားက ယောက်ျားတွေအတွက်ပဲလို့ ထင်ခဲ့ကြတယ်။

တကယ်တမ်းတော့ ဘဝမှာဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အဲဒီအခက်အခဲကိုမတွန့်မဆုတ်၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေသူတွေဟာ အားနည်းပျော့ညံ့တယ်လို့လူတွေထင်ထားကြတဲ့ မိန်းမတွေပဲဖြစ်
တယ်။မိန်းမတွေဟာ တခြားဘက်တွေမှာလည်း ယောက်ျားတွေထက်
ပိုကြံ့ခံ၊ ပိုသန်မာတဲ့ အင်အားတွေရှိပါတယ်။

လင်ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမမိခင်တစ်ဦးဟာ သားသမီး(၉)ယောက်
ရှိတဲ့မိသားစုတစ်စုကို တစ်ယောက်တည်း ပုခုံးထမ်းတာဝန်ယူခဲ့တယ်။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ဘယ်လိုအခက်အခဲကမှ အဲဒီမိခင်ရဲ့ခြေလှမ်းနဲ့ ယုံကြည်မှုကိုမယိုင်လဲစေနိုင်ခဲ့ဘူး။ မိခင်ဆုံးတော့ သားသမီးတွေက မိခင်
ကိုဖခင်ရဲ့ အုတ်ဂူဘေးမှာ အတူမြှုပ်နှံ့ပေးပြီး ဂူရှေ့မှာ "မိခင်သစ်ပင်"
တစ်ပင်ကို စိုက်ထူခဲ့တယ်။ အဲဒီသစ်ပင်က မြင့်မြတ်၊ ကြံ့ခိုင်တဲ့မိခင်ကို အထိမ်းအမှတ်ပြုတဲ့ သစ်ပင်ဖြစ်တယ်။


သဘောထားကြီးမြတ်တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့အနာ
ဂတ်ကို မျှော်လင့်ချက်တွေနဲ့ပြည့်စေနိုင်တယ်။

မိန်းမတွေကို ရင်ဘတ်ကျဉ်းတယ်၊ စိတ်သဘောထား သေးတိမ်တယ်လို့ ဟိုရှေးယခင်ကတည်းကနေ ဒီနေ့ထိ လူတွေစာဖွဲ့ခဲ့ကြတယ်။ တချို့ကလည်း မိန်းတွေဟာ ဆံပင်သာရှည်တယ်၊ ဗဟုသုတနည်းတယ်လို့ဆိုကြတယ်။
လောကမှာယောက်ျားတွေရဲ့စိတ်သဘောထားကပဲချောက်ကမ်းပါးထက် ကြီးသလို၊ မိန်းမတွေရဲ့စိတ်သဘောထားက တောင်တန်းကြားကလမ်း
ကျဉ်းတွေလို ဆိုခဲ့ကြတယ်။

တကယ်တမ်းတော့ မိန်းမတွေရဲ့ စိတ်သဘောထားကြီးပုံက လေး
စာအတုယူဖို့ကောင်းတယ်။ဒီလို စိတ်သဘောထားကြီးတဲ့ မိန်းမတွေ
ကြောင့် မိခင်တစ်ဦးရဲ့ကြီးမြတ်ကျယ်ပြန့်တဲ့ရင်ဘတ်ဟာ သားသမီးတွေ
အပေါ် ဘယ်လောက်အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာကို ကျွန်
တော်တို့ နားလည်ခဲ့ရတယ်။

ယောက်ျားစွန့်ပစ်သွားတဲ့ အမျိုးသမီးတစ်ဦးဟာ လူမမယ်ကလေး
ငါးယောက်ကိုကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ဒါဟာ
ကြီးမြတ်တဲ့ မိခင်တစ်ဦးရဲ့ စိတ်သဘောထားဖြစ်တယ်။


ကြင်နာတတ်တဲ့မိခင်တစ်ဦးက သားသမီးတွေကို ကရုဏာတရား၊
စာနာရိုင်းပင်းတတ်မှုရှိစေတယ်

လူ့လောကကြီးမှာ ကြောက်စရာအကောင်းအရာက အပြုအမှုရက်စက်ခြင်း
နဲ့လျစ်လျူရှုခံရခြင်းဖြစ်တယ်။ ဒီအရာနှစ်ခုကို လူအများရှောင်လွဲနိုင်
လိမ့်မယ်လို့ ဘယ်သူကမှ မခန့်မှန်းနိုင်ကြဘူး။

"ကရုဏာတရား၊ စာနာရိုင်းပင်းမှု"က သင်ယူလေ့ကျင့်လို့ရတယ်ဆိုပေမယ့်
တကယ့်ရင်းမြစ်က ကြင်နာတတ်တဲ့ မိခင်ကနေ လာတာဖြစ်တယ်။

ဘီလ်ဂိတ်က မိခင်ဆီကနေ "ကရုဏာတရားနဲ့ အကြင်နာတရား" ကို သူရခဲ့ပါတယ်လို့ ဆိုတယ်။တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲဒေသတွေအ
တွက် ဘီလ်ဂိတ်လှူဒါန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြင် နာတတ်
တဲ့မိခင်တစ်ဦးရဲ့ သားသမီးအပေါ် အကျိုးသက်ရောက်မှု
ကို တွေ့မြင်နိုင်ပါတယ်။


တည်ငြိမ်တဲ့မိခင်တစ်ဦးဟာ သားသမီးတွေကို ဝီရိယရှိစေတယ်

စာပေအများစုမှာ ဒါမှမဟုတ် ရုပ်ရှင်ဗီဒီယိုတွေထဲမှာ ရေးသားပြသတတ်
တာတွေက အခက်အခဲကြုံချိန်၊ ဆင်းရဲဒုက္ခနဲ့တွေ့ချိန် မိခင်တွေဟာ အော်
ဟစ်ငိုယိုမယ်၊ဒါမှမဟုတ် မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်
ဆိုတာပဲဖြစ်တယ်။

တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေ့မြင်နေတာတွေက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းတဲ့ မိခင်တွေရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အပြုအမှုတွေဖြစ်တယ်။ဒီလိုအပြုအမှုတွေက ဘာစကားလုံး ဘာခံစားချက်နဲ့
မှ ဖော်ပြလို့မရနိုင်အောင် ရင်ထဲတစ်သက်စွဲငြိစေပါတယ်။


နူးညံ့သိမ်မွေ့တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့ အရည်အသွေးကို အရိပ်ထင်စေတယ်

လူတိုင်းရဲ့ကိုယ်ပေါ်မှာ နူးညံ့သိမ်မွေ့ခြင်းတွေရှိတယ်။ ဒါဟာ
လူတစ်ယောက်ရဲ့အရည်အသွေးဖြစ်တယ်။ အရည်အသွေးကောင်းမှ လုပ်သမျှအကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

မိခင်က လူကြီးသူမတွေကို ရိုသေတယ်၊ ကလေးငယ်တွေကို ချစ်ခင်တယ်ဆိုရင် သားသမီးတွေကလည်း ဒါတွေကို အလိုလိုနဲ့ သင်ယူနေကြတယ်။ မိခင်က ချွေတာတယ်ဆိုရင် သားသမီးတွေ
က အလိုလိုနဲ့ အသုံးအဖြုန်းမကြီးတော့ဘူး။ မိခင်ကစည်းကမ်းတ
ကျရှိတယ်ဆိုရင် သားသမီးတွေက အနေအထိုင်မှာ ပရမ်းပတာ
မဖြစ်တော့ဘူး။


ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကိုရစေတယ်

ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့တွေးတောမှု
ကိုအကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲ
တဲ့တွေးတောမှုကိုပေးနိုင်ပါတယ်။ ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်
တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီးတဖြည်းဖြည်း လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။

ပညာကြွယ်တဲ့မိခင်တစ်ဦးဟာ ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ နေ့စဉ်ဘဝတိုင်းကလေးငယ်အပေါ် နည်းနည်း
ချင်းစီ သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊
သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ 

မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊ စိတ်သဘောထား
ကြီးမြတ်ခြင်းတွေ၊ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။ အဲဒီအရာတွေကို သား
သမီးတိုင်း သိမြင်၊သင်ယူတတ်ဖို့ပဲ လိုပါတယ်။


မူရင်း--
http://www.duwenzhang.com/wenzhang/qinqingwenzhang/20110202/169664.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Esther Kying's Note Book ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့ ၊ ချွေတာတဲ့၊အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီး တစ်ဦး ရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ် ရဲ့ပျော်စံရာ၊ ခွန်အားတွေရ တဲ့နေရာဖြစ်တယ်။
လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။မိခင်ရဲ့အပြုအမှု၊ အထင်အမြင်တွေဟာ သား သမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်တယ်။

အစိုးရမှ သတင်းရောင်းမည်မှာ ပုဂ္ဂလိက မီဒီယာများအတွက် အဆန်းဖြစ်နေ

အစိုးရနှင့် ပတ်သက်သည့် သတင်းများကို ပြန်ကြားရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိက သတင်းဌာန များသို့ ရောင်းချမည်ဆိုသည်မှာ အသစ်အဆန်းတခု ဖြစ်နေပြီး အသုံးတည့်ပါက ဝယ်သုံးကြမည်ဟု ပုဂ္ဂလိက မီဒီယာ တာဝန်ရှိသူများက တုန့်ပြန်ကြသည်။

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ
-----------------------------------------------------
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုင်ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဘင်္ဂလီများ ပြည်မထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆိုကြပါသည်။
MTHN(UNIM) ref; by RSV

ZinYawNews
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက်အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့လျှောက်ထားရမည်…


ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက်အင်တာနက်ဝန်ဆောင်ခကို 
ကျပ်(၁)သောင်းနဲ့လျှောက်ထားရမည်…


ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို 
ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ
သိရသည်။ 

ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် 
ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်းပါဝင်မည် 
မဟုတ်ဘဲသီးခြားလျှောက်ထားရမည် ဖြစ်ပြီး လျှောက်ထားရာတွင် GSM 
ဖုန်းများနည်းတူ ကျပ်(၁)သောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။ 


ယင်းကဲ့သို့ CDMA ဖုန်းများ အများအပြားထပ်ချပေးသော်လည်း 
အင်တာနက်မြန်နှုန်းကတော့ လတ် တလောတွင် အရမ်းကျဆင်းတာမျိုး
မဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူကမှတ်ချက်ပြုသည်။မိုဘိုင်းဖုန်း
သုံးစွဲသူအများစုသည် SIM ကတ်ဈေးနှုန်းများ ချပေးလိုက်သည့် အတွက်
အင်တာနက်တပ်ဆင်ခကိုလည်း လျှော့ချပေးစေလိုကြောင်း သိရသည်။ 

လက်ရှိအသုံးပြုနေသည့် GSM, WCDMA ဖုန်းများကို အင်တာနက်တပ်ဆင်
အသုံးပြုခွင့်ပြုထားရာ လူတစ်ဦးချင်း၏ အင်တာနက်အသုံးပြုမှုနှုန်းသည် 
လွန်ခဲ့သည့် နှစ် အနည်းငယ်ကထက် အဆများစွာမြင့်တက်လာကြောင်း 
သတင်းရရှိသည်။

SkyNet TV Browser
ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို
ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝ န်ရှိသူ တစ်ဦး၏ပြောကြား ချက် အရ သိရသည်။
ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်

အစီရင်ခံစာထွက်ပြီး သုံးပတ်အတွင်း လက်ပံတောင်းတောင် ဒေသခံများအား ကျပ်သိန်းပေါင်းတစ်သောင်းခွဲကျော် ပေးပြီးပြီဟုဆို


အစီရင်ခံစာထွက်ရှိပြီး သုံးပတ်အတွင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသခံ များ အား မြေလျော်ကြေး ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဆားလင်း ကြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများလိုက်နာရန် စည်းကမ်းချက်(၂၈)ချက် ထုတ်ပြန်...

သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများလိုက်နာရန် စည်းကမ်းချက်(၂၈)ချက်
ထုတ်ပြန်...

ရန်ကုန်မြို့တော်မဏ္ဍပ်နေရာချထားရေးဆပ်ကော်မတီမှ အခုနှစ်သင်္ကြန်
ကာလအတွင်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် လာရောက်လျှောက်ထား
သူများအား လိုက်နာရမည့်စည်းကမ်းချက်(၂၈)ချက် ချမှတ်ထားကြောင်း 
သိရသည်။စည်းကမ်းချက်များအရ ခွင့်ပြုပေးထားသော မဏ္ဍပ်ကြီးနှင့် 
မဏ္ဍပ်လတ်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများအား လိုအပ်
သောနေရာများတွင်တပ်ဆင်ထားပြီး ကျွမ်းကျင်သူများအား တာဝန်ချထား
ပေးရန်၊ နေ့စဉ် CCTV Record မှတ်တမ်းများအား သက်ဆိုင်ရာကွပ်ကဲမှုရုံး
များသို့ ည(၈)နာရီထက်နောက်မကျပဲပေးပို့တင်ပြသွားရန်တို့ ပါဝင်ကြောင်း 
သိရသည်။ရေကစားမဏ္ဍပ်များအား နေ့စဉ်မနက်(၇)နာရီမှစတင်ပြီး 
ည(၆)နာရီအထိ ရေကစားခွင့်ပြုထား၍ မဏ္ဍပ်များနှင့် မဏ္ဍပ်အနီးတွင် 
အရက်ဆိုင်၊ဘီယာဆိုင်များ ရေကစားမဏ္ဍပ်များတွင် မူးယစ်သောက်စား
၍ပါဝင်လှုပ်ရှားနေသူများမရှိစေရန်၊ သင်္ကြန်မဏ္ဍပ်များတွင် မြန်မာ့ယဉ်ကျေး
မှုနှင့်မအပ်စပ်သည့်အမည်များ၊ နိုင်ငံရေးအရိပ်အယောင်မကင်းသော 
အမည်များမသုံးစွဲရန်၊ အမျိုးသမီးများအနေဖြင့် မဏ္ဍပ်တွေရှေ့တွင်
မြန် မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်၍ အများအမြင်တွင်လက်မခံနိုင်
သော ဝတ်စားဆင်ယင်မှု၊ ကပြသီဆိုရေပက်ခံခြင်းများမပြုလုပ်ရန်သက်ဆိုင်
ရာ မဏ္ဍပ်တာဝန်ခံများမှ အလေးထားကြပ်မတ်ပေးသွားရန်၊ ယာဉ်သွားလမ်း
မပိတ်ဆို့စေရန် သက်ဆိုင်ရာမဏ္ဍပ်ရေပက်ခံယာဉ်ထိန်းသိမ်းရေးအဖွဲ့မှ 
ယာဉ်များအား အချိန်ကန့်သတ်၍ ရေကစားစေပြီး ယာဉ်ကြောစဉ်ဆက်
မပြတ်သွားလာနိုင်ရေး ထိန်းသိမ်းကွပ်ကဲပေးရေး စသည့်အချက်များ
ပါဝင်ကြောင်းသိရသည်။ ရန်ကုန်မြို့တော်မဏ္ဍပ်နေရာချထားရေးဆပ်ကော်မတီမှ အခုနှစ် သင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် လာရောက်လျှောက် ထားသူများအား လိုက်နာရမည့် စည်းကမ်းချက် (၂၈)ချက် ချမှတ်ထားကြောင်း သိရသည်။စည်းကမ်းချက်များအရ ခွင့်ပြုပေးထားသော မဏ္ဍပ်ကြီးနှင့် မဏ္ဍပ်လတ်များတွင် လုံခြုံရေး အတွက် CCTV ကင်မရာများအား လိုအပ်သောနေရာများတွင်တပ်ဆင်ထားပြီး ကျွမ်းကျင်သူ များအား

ဖုန်းသံကို ဗဟို ပြုကြတော့မည် ကျေးလက်ဆီသို့

ဖုန်းသံကို ဗဟို ပြုကြတော့မည် ကျေးလက်ဆီသို့

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံတော်တွင် ဒီမို ကရေစီ ယဉ်ကျေးမှု ထွန်းကားရေး အတွက် လူ့အခွင့်အရေးနှင့် နိုင်ငံသားများ၏ အခွင့်အရေး တို့ကို ဥပဒေနှင့် အညီ ပြည့်ဝစွာ ရရှိရေး ကြိုးပမ်း ဖော်ဆောင်လျက် ရှိရာ ဥပဒေ စိုးမိုးရေး၊ တရားမျှတမှု ရှိရေး၊ သတင်း အချက်အလက် မျှဝေရေး၊ မူဝါဒများ ချမှတ်ရာတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပါဝင်ရေး၊ ဘဏ္ဍာရေး ကိစ္စရပ်များ စီမံ ခန့်ခွဲရေး တို့တွင် အောက်ခြေအဆင့် အထိ ပါဝင်နိုင်အောင် ဖန်တီးပေး ထားပြီးဖြစ်သည်။

နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများမှာ ပြည်သူ အခြေပြု ဖွံ့ဖြိုးရေး နည်းဖြင့် ချဉ်းကပ် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ရည်မှန်းချက် အောင်မြင်ရန် လိုအပ်သော သတင်း အချက်အလက်များ စုစည်းရန် လိုအပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အချင်းချင်း လုံလောက်သော ပူးပေါင်း ဆောင်ရွက်မှု ရှိရမည် ဖြစ်သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲရေး အတွက် နိုင်ငံရေး ပြုပြင်  ပြောင်းလဲရေးမပြုလုပ်ဘဲ မရနိုင်သဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးတွင် နိုင်ငံသား အားလုံး စိတ်ရော ကိုယ်ပါ အားကြိုးမာန်တက် ပါဝင်ကြရန် လိုအပ်သည်။ တစ်ပြိုင်တည်းမှာပင် နိုင်ငံသား တစ်ဦးချင်း အနေဖြင့် မိမိတို့ ကျရာလုပ်ငန်း တာဝန်များကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက် ကြရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရကလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး အတွက် စီးပွားရေး ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးလျက် ရှိသည်

Read more>> http://bit.ly/13ZsGOz
 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံတော်တွင် ဒီမို ကရေစီ ယဉ်ကျေးမှု ထွန်းကားရေးအတွက် လူ့အခွင့် အရေးနှင့် နိုင်ငံသားများ၏ အခွင့်အရေး တို့ကို ဥပဒေနှင့် အညီ ပြည့်ဝစွာရရှိရေး ကြိုးပမ်း ဖော်ဆောင်လျက်ရှိရာ ဥပဒေ စိုးမိုးရေး၊ တရားမျှတမှု ရှိရေး၊ သတင်း အချက်အလက် မျှဝေရေး၊ မူဝါဒများချမှတ်ရာတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပါဝင်ရေး၊ ဘဏ္ဍာရေး ကိစ္စရပ်များစီမံခန့်ခွဲရေး တို့တွင် အောက်ခြေအဆင့် အထိ ပါဝင်နိုင်အောင် ဖန်တီးပေး ထားပြီးဖြစ်သည်။

အမျိုးသားတို့ စားသင့်သော အစားအသောက် ၁၀ မျိုး

အမျိုးသားတွေအနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေး ကောင်းနေ ဖို့ အတွက် အမျှင်ဓာတ်များစွာ ပါဝင်ပြီး အဆီနည်းတဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့် အစာတွေကိုပဲ ဖြစ်သလို စားကြတာများပါတယ်။ အစားအသောက် ရွေးချယ်မှုမှားယွင်းတဲ့အတွက် အဝလွန်တာ၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက် လာပါတယ်။

တောင်ကိုရီးယား အလုပ်သမား များကို ကေဆုန် ပူးတွဲ စက်မှုဇုန်မှ ထွက်ခွာရန် မြောက်ကို ရီးယား တိုက်တွန်း ပြီးနောက် အရှေ့ဘက် ကမ်းရိုးတန်းသို့ ဒုံးကျည် ရွှေ့ပြောင်း

တောင်ကိုရီးယား အလုပ်သမား များကို ကေဆုန် ပူးတွဲ စက်မှုဇုန်မှ ထွက်ခွာရန် မြောက်ကို ရီးယား တိုက်တွန်း ပြီးနောက် အရှေ့ဘက် ကမ်းရိုးတန်းသို့ ဒုံးကျည် ရွှေ့ပြောင်း


မြောက်ကိုရီးယား နိုင်ငံ၏ နယ်စပ်မြို့လေးဖြစ်သော ကေဆုန်မြို့ရှိ ပူးတွဲ စက်မှုဇုန်မှ တောင်ကိုရီးယား အလုပ်သမား များကို ဧပြီ ၁ဝရက်တွင် အပြီး ထွက်ခွာကြရန် တောင်ကိုရီးယား ကုမ္ပဏီ

များကို မြောက်ကိုရီးယား နိုင်ငံက တိုက်တွန်းပြောကြား ခဲ့ပြီး တောင်ကိုရီး ယားနှင့် ဂျပန်နိုင်ငံ အထိ ပစ်ခတ်နိုင်စွမ်း ရှိသော မြောက်ကိုရီးယား တာလတ်ပစ် ဒုံးကျည်များကို နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ချထားလိုက်ပြီ ဖြစ်ကြောင်း ယွန်ဟပ်သတင်း ဌာနက ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား အလုပ်သမားများ ကေဆုန်မြို့မှ ထွက်ခွာသွားကြရန် အတည်ပြုပြောကြား ထားသော်လည်း တရားဝင် အကြောင်းကြားစာကို ယခုထိတိုင် လက်ခံရရှိခဲ့ခြင်း မရှိကြောင်း ပေါင်း စည်းရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းပြင် ဒုံးကျည် ပြောင်းရွှေ့ ချထားမှုနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အဖွဲ့များက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ထပ်လောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ တာလတ်ပစ် ဒုံးကျည် ပစ်ခတ်မှုကို ဧပြီ ၁၅ ရက်တွင် ကျရောက်မည့် မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်အီဆွန်၏ မွေးနေ့နှစ်ပတ်လည် အခမ်း အနားတွင် ပစ်ခတ်နိုင်ဖွယ်ရှိကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ပြောကြားထား သည်။

အဆိုပါ သတင်း ထုတ်ပြန်ချက်ကို အတည်ပြုရန် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနက ငြင်းပယ် ခဲ့သော်လည်း မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်ခတ်မှုကို ၂၄ နာရီလုံး စောင့်ကြည့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

http://bit.ly/Z7zqCf မြောက်ကိုရီးယား နိုင်ငံ၏ နယ်စပ်မြို့လေးဖြစ်သော ကေဆုန်မြို့ရှိ ပူးတွဲ စက်မှုဇုန်မှ တောင်ကိုရီးယား အလုပ်သမားများကို ဧပြီ ၁ဝရက် တွင် အပြီး ထွက်ခွာကြရန် တောင်ကိုရီးယား ကုမ္ပဏီ
များကို မြောက်ကိုရီးယား နိုင်ငံက တိုက်တွန်းပြောကြား ခဲ့ပြီး တောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံအထိ ပစ်ခတ်နိုင်စွမ်းရှိသော မြောက် ကိုရီးယား တာလတ်ပစ်ဒုံးကျည်များကို နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်း

အင်ဒိုနီးရှားမှာ မြန်မာတချို့ သေဆုံးမှု ဖော်ထုတ်အရေးယူဖို့ မြန်မာတောင်းဆို

မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအခြေခံ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာပါ ပဋိ ပက္ခတွေ ဖြစ်ပွားခဲ့ရာက မြန်မာနိုင်ငံသား ၈ ဦး သေဆုံး သွားပါ တယ်။ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းက ခိုက်ရန်ဖြစ်ပွားမှုအတွင်း လူသေဆုံး တဲ့အထိ ဖြစ်ခဲ့ ရတဲ့ အတွက်လည်း မြန်မာအစိုးရက အဖြစ်မှန် ကို ဖော်ထုတ်ပြီး အရေးယူဖို့ အင်ဒိုနီးရှား အစိုးရ ကို တောင်းဆိုခဲ့တာပါ။

အလုံမြို့နယ် အလုံလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း မီးလောင်မှုကို သတင်းယူသည့် Weekly Eleven သတင်းထောက် နှစ်ဦးအပေါ် လျှပ်စစ်ဝန်ထမ်း အချို့က ကိုယ်ထိလက်ရောက် တားဆီးသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တရားဝင် ကန့်ကွက်သွားမည်


အလုံမြို့နယ် အလုံလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း မီးလောင်မှုကို သတင်းယူသည့် Weekly Eleven ၏ သတင်းထောက် နှစ်ဦးအပေါ် လျှပ်စစ်ဝန်ထမ်း အချို့ကကိုယ်ထိလက်ရောက် တားဆီး သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တရားဝင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်ရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
.
(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ် ဆတ်သောရေနွေး

* ကံကောင်းချင်လာပြီ ဆိုမှဖြင့်.... *


* ကံကောင်းချင်လာပြီ ဆိုမှဖြင့်.... *

လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ်လာခြင်း၊ စိတ်ရှုပ်ထွေးမှုကင်းကာ စိတ်များကြည်လင်လန်းဆန်းလာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိပါသည် ...။

၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည် ...။

ထိုစိတ်မျိုး ၀င်လာလျှင် 'ငါတော့ ကံကောင်းတော့မယ်၊ ဒီစိတ်ဟာ ကောင်း ကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံစိတ်ပေပဲ' ဟု သဘောထားကာ ထိုစိတ် ကို ပျောက်ပျက်မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို
ပြုလုပ်ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ယူရမည် ဖြစ်သည် ...။

ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာ အထူး မလိုသော သမားရိုးကျ မကောင်းကံဘက်သို့ ပြန်ပြောင်းနောက်ကြောင်း
ပြန်မလှည့်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပါသည်။

လှူချင်တန်းချင်စိတ်ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ'၊ သီလဆောက်တည်ချင်စိတ် ပေါက် လာလျှင် 'ငါ ကံကောင်း လာပြီ၊ သီလလေး ဆောက်တည်ပြီး နေဦးမှ'၊

ဘုရားရှိခိုးချင်စိတ် ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ'၊ ဘာဝနာကမ္မဋ္ဌာန်း ပွါးများချင်စိတ်၊ တရားအားထုတ်ချင်စိတ်
ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ပွါးများဖြစ်အောင် ပွါးများလိုက်ဦးမှ၊
အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ' စသည်ဖြင့် ကောင်းကံများအထ
မြောက်အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်ရမည် ဖြစ် သည်။ ကောင်းစိတ်
များပေါ်လာပြီး ကောင်းကံများကိုပြုလုပ် အားထုတ်ဖြစ် လျှင် အခွင့်အရေး
ကောင်း၊ အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရ မည်ဖြစ်ပြီး ၎င်းအ
ခွင့်ကောင်း၊ အခြေအနေကောင်းများကို လက်မလွတ်စေ ရန် လွန်စွာ အ
ရေးကြီးပါသည် ...။


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
နှလုံးသား၏ ဓမ္မသံစဉ် လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ် လာခြင်း၊ စိတ်ရှုပ်ထွေးမှုကင်းကာ စိတ်များကြည်လင် လန်းဆန်း လာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိပါသည် ...။
၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည် ...။

KNU ခေါင်းဆောင်တဦး ကားမှောက်လို့ ဒဏ်ရာပြင်းထန်

KNU ခေါင်းဆောင်တဦး ကားမှောက်လို့ ဒဏ်ရာပြင်းထန် 
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ကရင် အမျိုးသား အစည်း အရုံး KNU အဖွဲ့၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်သည် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော်ကဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့် ဒုဥက္ကဌနှင့်ယာဉ်မောင်းအပါအ၀င် စီနှင်းလိုက်ပါလာသူများ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြ သည့်နက် ဒုဥက္ကဌမှာ ဘယ်ဘက်လက်ကျိုးပြီး ညာဘက်နံရီုးအချို့လည်းကျိုးသွားခဲ့သည်။ 

ဒဏ်ရာပြင်းထန်သည့်ကျန်အမျိုးသမီး ၂ ဦးအနက်တဦးမှာ ဘယ်ခြေကျိုးသွားကာ ကျန်တဦးမှာခြေ ၂ဘက် စလုံး ကျိုးသွားခဲ့သည်။ ယာဉ်မောင်းအပါအ၀င်ကျန်လူများမှာ ဒဏ်ရာပြင်ထန်မှုမရှိကြောင်းသိရှိရပြီး ၎င်း   
မော်တော်ယာဉ်မှာ ထိုင်း-မြန်မာနယ်စပ်မယ်လမတ်မြို့နယ်ရှိ ကနဲကျုအရပ်ရှိ ကားလမ်းမှ တဆင့် ချောက် ထဲသို့  ထိုးကျသွားခြင်းဖြစ်သည်။ 

 ဒဏ်ရာရရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင်ဆေးဝါး ကုသမှုခံယူလျှက်ရှိပြီး ချောက်ထဲမှ ကားကိုပြန် လည် ထုတ်ယူနိုင်ခြင်းမရှိသေးဘဲ ၎င်းယာဉ်မတော်တဆမှုကို ဒေသအပိုင်ရဲဌာနမှအရေးယူထားသည်။ 

KNU ဒုဥက္ကဌနှင့်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၂၁ အခြေစိုက် ရာ ခလယ့်ဒေးတပ်စခန်းတွင် ယနေ့ပြုလုပ်သည် ၂၈ နှစ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး KWO ၏ နှစ် ပတ်လည်အခမ်းအနားမှအပြန်တွင် ယာဉ်တိမ်းမောက်မှုဖြစ်ပွားခြင်းဖြစ်သည်။ 

ယာဉ်တိမ်းမှောက်ရာနေရာသည် မဲဆောက်မြို့၏မြောက်ဘက်ကီလိုမိတာ ၅၀ ခန့်တွင်ဖြစ်ပြီး မယ်လ မတ်မြို့နယ် နှင့်ထာ့ဆောင်ယမ်းမြို့နယ်အစပ်တွင်တည်ရှိသည်။ 

ပြည်တော်မြင့် ~

http://blog.irrawaddy.org/2013/04/knu.html ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့၏ ဒုဥက္ကဌ ပဒိုနော် စီဖိုးရာစိန်သည် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော် ကဖြစ်ပွား ခဲ့သည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာအပြင်း အထန် ရရှိခဲ့သည်။

" စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ "

" စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ "

Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။
စာအုပ်စာပေ ဒို့ မိတ်ဆွေ Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်း

နိုင်ငံတကာ သံရုံးများအနေဖြင့် ၎င်းတို့၏ သံရုံး ဝန်ထမ်းများကို ရွှေ့ပြောင်းမှုပြုလုပ် ထားရန် မြောက်ကိုရီးယား အစိုးရ က အကြံပြုတိုက်တွန်း

Photo: Breaking News:
နိုင်ငံအတွင်းရှိ နိုင်ငံတကာ သံရုံးများအနေဖြင့် ၎င်းတို့၏ သံရုံးဝန်ထမ်းများကို ရွှေ့ပြောင်းမှုပြုလုပ်ထားရန် မြောက်ကိုရီးယားအစိုးရက အကြံပြု တိုက်တွန်းလိုက်သည်။ 

သံရုံးများအနေဖြင့် ဧပြီ ၁၀ ရက်နေ့မတိုင်မီ ရွှေ့ပြောင်းမှုများ ပြုလုပ်ထားရန် တိုက်တွန်းကြောင်းနှင့် ထိုရက်နောက်ပိုင်းတွင် သံတမန်များ၏ လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်ကြောင်းလည်း မြောက်ကိုရီးယားက သတိပေးပြောကြားသည်။ 

ပြုံယမ်းအစိုးရ၏ ယခု သတိပေး ပြောကြားချက်ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနေကြောင်း ထင်ရှားစေခဲ့သည်။
နိုင်ငံအတွင်းရှိ နိုင်ငံတကာ သံရုံးများအနေဖြင့် ၎င်းတို့၏ သံရုံး ဝန်ထမ်းများကို ရွှေ့ပြောင်းမှုပြုလုပ် ထားရန် မြောက်ကိုရီးယား အစိုးရ က အကြံပြုတိုက်တွန်းလိုက်သည်။
သံရုံးများအနေဖြင့် ဧပြီ ၁၀ ရက်နေ့ မတိုင်မီ ရွှေ့ပြောင်း မှုများ ပြု လုပ်ထားရန် တိုက်တွန်းကြောင်းနှင့် ထိုရက်နောက်ပိုင်းတွင် သံတမန် များ၏လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်ကြောင်း လည်း မြောက် ကိုရီးယားက သတိပေးပြောကြားသည်။

"၄၈လမ်း မီးလောင်မှုတွင် အဓိက တာဝန်ရှိသူ နှစ်ဦးအား ဥပဒေပုဒ်မ ၂ ခုဖြင့်တရားစွဲမည်"

၄၈လမ်း မီးလောင်မှုတွင် အဓိက တာဝန်ရှိသူ နှစ်ဦးအား ဥပဒေပုဒ်မ ၂ ခုဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့မှ သိရသည်။
"လူသေမှုဖြစ်တဲ့အတွက် ၃၀၄(က)ရယ်၊ မီးလောင်မှုဖြစ်တဲ့အတွက် ၂၈၅ ရယ်နဲ့ တရားစွဲဆိုသွားမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရိုးရှင်းသော ဆီးစစ်သည့်နည်းက လူတစ်ဦး၏ သက်တမ်းအား ခန့်မှန်းနိုင်


ရိုးရှင်းသော ဆီးစစ်သည့်နည်းက လူတစ်ဦး၏ သက်တမ်းအား ခန့်မှန်းနိုင်
Saturday, April 6, 2013

လေ့လာသူများက လူတစ်ယောက်၏ အကြမ်းဖျင်းသက်တမ်းအား ခန့်မှန်းနိုင်မည့် လွယ်ကူသက်သာသည့်နည်းအား တွေ့ရှိခဲ့ကြသည်။ ယင်းနည်းမှာ ပုံမှန်စစ်နေကျ စစ်ဆေးနည်းတစ်ခုဖြစ်သော ဆီါ်အတွင်း၌ ပရိုတင်းပါဝင်မှု ပမာဏအား စစ်ဆေးသည့်နည်းဖြစ်သည်။ 

ယင်းတွေ့ရှိမှု အား အမေရိကန်ကျောက်ကပ်ရောဂါဆိုင်ရာ ဂျာနယ်၌
ဖော်ပြခဲ့ခြင်းဖြစ် သည်။ လေ့လာသူအဖွဲ့ခေါင်းဆောင် Dr. Tanvir Chowdury Turin က ၄င်း၏ လေ့လာမှုတွင် ဆီးထဲ၌ ပရိုတင်းပမာဏ များနေမှုက သက်တမ်း လျော့ကျလာမှုနှင့် ဆက်စပ်ကြောင်း တွေ့ရှိခဲ့
သည်။ 

ယင်းလေ့လာမှုတွင် လူပေါင်း ၈၁၀၀၀၀ ခန့်ကို စစ်ဆေးခဲ့ပြီး ရလဒ်များ
အရ ဆီးထဲ၌ ပရိုတင်းမပါသော ယောက်ျားများသည် ကျန်သူများထက် ၈.၂ နှစ်ခန့် အသက်ပိုရှည်ပြီး အမျိုးသမီးများက ၁၀.၅ နှစ်ခန့် ပိုရှည်
ကြောင်း သိရသည်။ 

ထို့ကြောင့် လေ့လာသူများက ယင်းကဲ့သို့ ဆီးထဲ၌ ပရိုတင်းပါမှု မပါ
မှုအား မကြာခဏ စစ်သင့်ကြောင်း အကြံပြုခဲ့သည်။ ကျောက်ကပ်ရော
ဂါ ဖြစ်နိုင်ချေများသူများမှာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူ၊ ၀သူ
ဆေးလိပ်သောက်သူ သွေးတွင်းအဆီဓါတ်များနေသူများ ဖြစ်သည်။ ယခုကဲ့သို့ ပရိုတင်းပမာဏ စစ်သည့်နည်းမှာ လွယ်ကူသည့်အပြင် ကုန်ကျစရိတ်လည်း အလွန်သက်သာပေသည်။

အ၀င်း
ref: MNT
Health Updates Journal လေ့လာသူများက လူတစ်ယောက်၏ အကြမ်းဖျင်းသက်တမ်းအား ခန့်မှန်းနိုင်မည့် လွယ်ကူသက်သာသည့်နည်းအား တွေ့ရှိခဲ့ကြသည်။ ယင်းနည်းမှာ ပုံမှန်စစ်နေကျ စစ်ဆေးနည်းတစ်ခုဖြစ်သော ဆီါ်အတွင်း ၌ ပရိုတင်းပါဝင်မှု ပမာဏအား စစ်ဆေးသည့် နည်းဖြစ်သည်။
ယင်းတွေ့ရှိမှု အား အမေရိကန်ကျောက်ကပ်ရောဂါဆိုင်ရာ ဂျာနယ်၌
ဖော်ပြခဲ့ခြင်းဖြစ်သည်။ လေ့လာသူအဖွဲ့ခေါင်းဆောင် Dr. Tanvir Chowdury Turin က ၄င်း၏ လေ့လာမှုတွင် ဆီးထဲ၌ ပရိုတင်းပမာဏ များနေမှုက သက်တမ်း လျော့ ကျလာမှုနှင့် ဆက်စပ်ကြောင်း တွေ့ရှိခဲ့သည်။

ကင်ဆာဝေဒနာရှင် (၅)ဦးတွင် ကုထုံးသစ်ခံယူပြီးနောက် ကင်ဆာလုံးဝ ရပ်တန့်သွား

Photo: ကင်ဆာဝေဒနာရှင် (၅)ဦးတွင် ကုထုံးသစ်ခံယူပြီးနောက် ကင်ဆာလုံးဝ ရပ်တန့်သွား
Saturday, April 6, 2013

ကင်ဆာဝေဒနာရှင်ငါးဦးတွင် သူတို့၏ ခုခံအားဆဲလ်များ အားထုတ်ယူ၍ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ပိုမိုပါဝင်စေရန် ပြောင်းလဲပြီး ၄င်းတို့ ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းပေးခဲ့ရာ မကြာမီ၌ ကင်ဆာလုံးဝသက်သာလာပြီး ကင်ဆာဆဲလ်များအားလည်း လုံးဝမတွေ့ရှိရတော့ကြောင်း သိရသည်။ 

ယင်းဝေဒနာရှင်များ အားလုံးမှာ သွေးကင်ဆာတစ်မျိုးဖြစ်သော ဘီတာဆဲလ် acute lymphoblastic Leukaemia ဝေဒနာခံစားနေရသူများဖြစ်ကြသည်။ 

ထိုသူအားလုံးမှာ ယခုကုသမှုကို မခံယူမီဓါတုကုထုံးအား ခံယူထားဖူးပြီး ထပ်မံဖြစ်ပွားရာ ကင်ဆာဆဲလ်များက ဓါတုဆေးများနှင့် ယဉ်ပါးနေ၍ ယင်းကုထုံးအား ထပ်မံခံယူရန် မသင့်တော်ပေ။ ထို့ကြောင့် နယူးယော့ခ်ရှိ Memorial Sloan Kettering ကင်ဆာဗဟိုမှ သိပ္ပံပညာရှင်များက လူနာ၏ ပင်ကိုဗီဇထဲသို့ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ထပ်မံထည့်သွင်းကု
သည့် ဗီဇကုထုံးအား တီထွင်ခဲ့ကြသည်။ 

ထိုလူငါးဦးတွင် ရိုးတွင်းချဉ်ဆီထဲသို့ ယင်းဆဲလ်များ အစားသွင်း၍ ကုသပြီး သုံးရက်အကြာမှ စ၍ ရောဂါသက်သာလာကာ ၅ လမှ ၂၄ လ အတွင်း လုံးလုံးပျောက်ကင်းသွားကြောင်း တွေ့ရသည်။ သို့သော် ထိုငါးဦးထဲမှ တစ်ဦးမှာ ကင်ဆာကြော့် မဟုတ်ဘဲ တစ်ခြားရောဂါတစ်မျိုးကြောင့် အသက်ဆုံးခဲ့ကြောင်း သိရသည်။ ယင်းကုထုံးတစ်ခုအဖြစ် လက်ခံရန်
စောသေးသော်လည်း ဖြစ်လာနိုင်ချေ အလွန်များကြောင်း သိရသည်။

ဖိုးသောကြာ
ref: ANI
Health Updates Journal ကင်ဆာဝေဒနာရှင်ငါးဦးတွင် သူတို့၏ ခုခံအားဆဲလ်များ အားထုတ် ယူ၍ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ပိုမိုပါဝင်စေရန် ပြောင်း လဲပြီး ၄င်းတို့ ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းပေးခဲ့ရာ မကြာမီ၌ ကင်ဆာ လုံးဝသက်သာလာပြီး ကင်ဆာဆဲလ်များအားလည်း လုံးဝမတွေ့ရှိ ရတော့ကြောင်း သိရသည်။

ကြက်ဘဲ ၂ သောင်းကျော် တရုတ်သုတ်သင်

ကြက်ဘဲ ၂ သောင်းကျော် တရုတ်သုတ်သင် 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တရုတ်နိုင်ငံမှာ လူကိုသေစေနိုင်တဲ့ ကြက်ငှက်တုပ်ကွေး ရောဂါသစ် ပျံ့နှံ့ဖြစ်ပွားမှုကို ရပ်တန့်နိုင်အောင် ကြိုးစားတဲ့အနေနဲ့ ရှန်ဟိုင်းမြို့မှာ ကြက်ဘဲအသားရောင်းချမှုတွေကို ပိတ်ပင်ထားသလို ငှက် ၂ သောင်းကျော် ကိုလည်း စတင်သုတ်သင်ခဲ့ပါတယ်။

H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ဟာ သောကြာနေ့အထိ ၆ ယောက်ရှိသွားပြီလို့ ကျန်းမာရေး အရာရှိတွေ က ပြောပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ် Zhejiang ခရိုင်မှာရှိတဲ့ Huzhou မြို့က အသက် ၆၄ နှစ်အရွယ် လယ်သမားတဦး သေဆုံးခဲ့တာ က နောက်ဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

ဒီရောဂါပိုးကူးစက်ခံရသူ ၁၄ ယောက်ရှိနေပြီး ရောဂါပိုး ဘယ်လို ပျံ့နှံခဲ့သလဲ ဆိုတာကို သိပ္ပံပညာရှင်တွေအနေနဲ့ ရှာဖွေနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ နောက်ဆုံး စမ်းသပ်မှုတွေအရကတော့ ဒီဗိုင်းရပ်စ်ပိုးဟာ လူကနေ တဆင့်တော့ ကူးစက်ပျံ့ပွားနိုင်မှာ မဟုတ်ဘူးလို့ ကျန်းမာရေး အရာရှိတွေက ပြောဆိုထားပါတယ်။

H7N9 ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ဆီကနေ ဒီရောဂါကူးစက်ခံရတယ်လို့ ယူဆရတဲ့ အမျိုးသားတယောက်ကို စမ်းသပ်ခဲ့တာမှာ လူ လူချင်း ကူး စက်နိုင်ခြင်း မရှိဘူးဆိုတာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ရှန်ဟိုင်းဒေသ ရောဂါပိုး ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အကြီးအကဲ Wu Fan က သောကြာနေ့ က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု ရလဒ်ကြောင့် လူ လူချင်းကနေ ကူးစက်မှုတွေ ရှိနေပြီဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကတော့ ရပ်သွားခဲ့ပါတယ်။ 

http://burmese.voanews.com/content/china-bird-flu/1635976.html တရုတ်နိုင်ငံမှာ လူကိုသေစေနိုင်တဲ့ ကြက်ငှက်တုပ်ကွေး ရောဂါသစ် ပျံ့နှံ့ဖြစ်ပွားမှုကို ရပ်တန့်နိုင်အောင် ကြိုးစားတဲ့အနေနဲ့ ရှန်ဟိုင်းမြို့မှာ ကြက်ဘဲအသားရောင်းချမှုတွေကို ပိတ်ပင်ထားသလို ငှက် ၂ သောင်းကျော်ကိုလည်း စတင်သုတ်သင်ခဲ့ပါတယ်။

ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ

ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ
Saturday, April 6, 2013

ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက် စီးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံးသူများတွင် ကော်ဖီ
က ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်း
ဝယ် အသည်းအင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများတွင် မြင့်တက်နေကြောင်း အဆိုပါ အင်ဇိုင်း
များပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက်သုံးသူများတွင်အ
သည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။

GGT ပမာဏမြင့်တက်ခြင်းသည်ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ်အလွန်ခြင်းတို့နှင့်လည်းသက်ဆိုင်နေကြောင်း ဖော်ပြထား
သည်။ ယခုသုတေသနတွင် ကော်ဖီသောက်သုံးခြင်းသည်သာ အသည်းရော
ဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည်ကဲ့သို့ ဖော်
စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။

ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြ
ထားခြင်းဖြစ်သည်။

ငြိမ်းအေး
ref: PTI
Health Updates Journal ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော် တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ယာယီဖြတ်မည်

Photo: စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ယာယီဖြတ်မည်
2013-04-05

လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ ရတနာသဘာဝဓါတ်ငွေ့ ကမ်းလွန်ပိုက်လိုင်းကို အခုရက်ပိုင်းအတွင်း ပြုပြင်နေတဲ့အတွက် ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ဒီကနေ့ကစပြီး  လာမယ့်ဧပြီလ ၁၃ရက်နေ့အထိ ၉ ရက်ကြာ လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။

အခုလို စက်မှုဇုန်ကစက်ရုံတွေမှာ မီးဖြတ်တောက်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဌာန ဒုတိယဥက္ကဌ ဦးမောင်မောင်လတ်က RFA ကို အခုလိုပြောပါတယ်။

“စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကလွှတ်တဲ့ဟာတွေ မလွှတ်နိုင်ဘူး၊ မလွှတ်နိုင်တော့ သဘာဝဓာတ်ငွေ့ မရတဲ့အခါကျတော့ ဒီမှာရှိတဲ့သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံတွေက မလည်နိုင်ဘူး၊ ၃၀၀ မီဂါဝပ်လောက် သူကလျော့သွားမှာကိုး၊ အကုန်လုံးကလေ၊ အဲဒါကြောင့်မို့ ဒီကာလာအတွင်းမှာလည်း အများပြည်သူကိုလည်း ပြည့်ပြည့်ဝဝပေးနိုင်အောင် နိုင်ငံပိုင်စက်ရုံအလုပ်ရုံတွေ၊ စက်မှုဇုန်တွေပေါ့လေ ဓာတ်အားပေးတာ ရပ်ထားရတယ်၊ ၁၃ ရက်ကျမှ ဓာတ်ငွေ့ကပြန်ရမှာ၊ ရက်ကွက်တွေထဲတော့ မဖြတ်ပါဘူး"

အဲ့ဒီစက်မှုဇုန်တွေကို အရင်နေ့တွေက အလှည့်ကျစနစ်နဲ့ ၁ ရက်ကို ၅ နာရီကြာ လျှပ်စစ်ဓါတ်အားပေးခဲ့ပါတယ်။ ပိုက်လိုင်းကို ပြန်လည်ပြုပြင်ပြီးရင် မူလအတိုင်း အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓါတ်အား ပြန်ပေးသွားမယ်လို့ဆိုပါတယ်။

လျှပ်စစ်မီးဖြတ်မယ်ဆိုတာကိုတော့ နိုင်ငံပိုင်သတင်းစာတွေမှာ တပတ်လောက်အလိုကတည်းက ကြိုတင်အကြောင်းကြားထားပေမယ့် စက်မှုဇုန်တွေအတွက် အစားထိုးဆောင်ရွက်ပေးမယ့် အစီအစဉ်တော့ မရှိဘူးလို့သိရပါတယ်။ ဒါကြောင့်လျှပ်စစ်မီးကို အားကိုးလုပ်ကိုင်နေရတဲ့ သားငါးသိုလှောင်တဲ့ အသေးစားအလတ်စားစက်မှုဇုန်က လုပ်ငန်းရှင်တွေကိုတော့ သိသိသာသာ ထိခိုက်တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ ရတနာသဘာဝဓါတ်ငွေ့ ကမ်းလွန် ပိုက်လိုင်းကို အခုရက်ပိုင်းအတွင်း ပြုပြင်နေတဲ့အတွက် ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ဒီကနေ့ကစပြီး လာမယ့်ဧပြီလ ၁၃ရက်နေ့အထိ ၉ ရက်ကြာ လျှပ်စစ် ဓါတ်အား ဖြတ်တောက် လိုက်ပြီဖြစ်ပါတယ်။
အခုလို စက်မှုဇုန်ကစက်ရုံတွေမှာ မီးဖြတ်တောက်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဌာန ဒုတိယ ဥက္ကဌ ဦးမောင်မောင်လတ်က RFA ကို အခုလိုပြောပါတယ်။