Saturday, April 27, 2013

မြန်မာနိုင်ငံရဲ့ခု လိုပူပြင်နေတဲ့ ရာသီမှာ ဒီ post လေးကိုတော့ ဖတ်စေချင်...

မြန်မာနိုင်ငံရဲ့ခု လိုပူပြင်နေတဲ့ ရာသီမှာ ဒီ post လေးကိုတော့ ဖတ်စေချင်...

ခရမ်းလွန်ရောင်ခြည်၏ ကျန်းမာရေး အန္တရာယ်

အခုဆိုရင် နေရဲ့အပူရှိန်က မြင့်သထက် မြင့်လာသလို ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပြင်းထန်လာတာကြောင့် သတိပေးချက်တွေကို ကြားသိနေရပါတယ်။ ခရမ်းလွန်ရောင်ခြည် အလင်းတန်းတွေကို သာမန်မျက်စိနဲ့ မမြင်ရပါဘူး။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်တဲ့ ရေတိုအန္တရာယ်က မသိသာပေမယ့် ကြာရှည် ထိတွေ့မှုကြောင့် ဆိုးရွားတဲ့ ကျန်းမာရေး အန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။

နေလောင်ခြင်း

ခရမ်းလွန်ရောင်ခြည်က အလွန်ပြင်းထန်တဲ့ လှိုင်းဖြစ်ပြီး နံနက် ၁၁ နာရီနဲ့ ၂ နာရီကြားမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ နေပူရှိန် ပြင်းထန်လွန်းတဲ့ ဒီအချိန်ကြားမှာ အပြင်ထွက်လို့ ခရမ်းလွန်ရောင်ခြည် အများကြီးကို စုပ်ယူမိတဲ့အခါ အရေပြားက အားနည်းလာပြီး သွေးတွေက နေလောင်တဲ့နေရာကို ရောက်ရှိကာ နေလောင်တဲ့ အရေပြား နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အသားညိုတဲ့ သူတွေက မယ်လနင်ဓာတ် ပိုများများရှိတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ကို အသင့်အတင့် ကာကွယ်နိုင်ပါတယ်။

အရေပြားကင်ဆာ

ခရမ်းလွန်ရောင်ခြည်နဲ့ ရေတိုထိတွေ့မှုကြောင့် ပြင်းထန်ဆိုးရွားတဲ့ နေလောင်ဒဏ်ရာကို ဖြစ်စေနိုင်သလို ရေရှည်ထိတွေ့မှုကြောင့် အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အရေပြားကင်ဆာ ဖောင်ဒေးရှင်းရဲ့ အဆိုအရ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရဲ့ ဒီအန်အေကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ် ခုခံစွမ်းအားနဲ့ ပြန်လည်ပြုပြင်တဲ့ ဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ သိရပါတယ်။

မျက်စိထိခိုက်မှု

ခရမ်းလွန် ရောင်ခြည်ဒဏ်ကို အလွန်အမင်း ခံရတာကြောင့် အရေပြား ထိခိုက်ပျက်စီးမှု များသလို မျက်စိကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ဒဏ်ကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကို များစေပါတယ်။

အယူအဆမှား

နေပူဆာလှုံတာက အရေပြားမှာ မယ်လနင်ပမာဏကို တိုးစေတဲ့အတွက် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လွဲမှားစွာ ယူဆနေကြပါတယ်။ တကယ်တော့ သဘာဝအတိုင်း ရှိနေတဲ့ မယ်လနင်ကသာ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်တာပါ။

ဇွန်
By Good Health

ခရမ်းလွန်ရောင်ခြည်၏ ကျန်းမာရေး အန္တရာယ်

အခုဆိုရင် နေရဲ့အပူရှိန်က မြင့်သထက် မြင့်လာသလို ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပြင်းထန် လာ တာကြောင့် သတိပေးချက်တွေကို ကြားသိနေရပါတယ်။ ခရမ်းလွန်ရောင်ခြည် အလင်းတန်းတွေကို သာမန်မျက်စိနဲ့ မမြင်ရပါဘူး။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်တဲ့ ရေတိုအန္တရာယ်က မသိ သာပေမယ့် ကြာရှည် ထိတွေ့မှုကြောင့် ဆိုးရွားတဲ့ ကျန်းမာရေး အန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

27.4.2013

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

Re-Post By ACM 27-4-2013
အေးချမ်းမွန် Credit & Copy From >မြ၀တီ<Thank

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုးသကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံး စီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ် လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ည တစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက် ခန့် ကို မှန်မှန် သောက်သုံးသွားပေးပါ။

လှိုင်မြို့နယ်ရှိ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ပုံထားသော Myanmar Asia Express ကုမ္ပဏီပိုင် သစ်လုံးများ မီးလောင်မှုဖြစ်ပွား

4.27.1
မီးလောင်ကျွမ်းနေသော သစ်လုံးများကို မီးသတ်တပ်ဖွဲ့မှ ငြိမ်းသတ်နေစဉ်
ဧပြီလ၂၇ ရက်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်၊ လှိုင် (၂) ရပ်ကွက်ရှိ သိန်းဦးကုမ္ပဏီဝန်းအတွင်း ပုံ ထားသော Myanmar Asia Express ပိုင် သစ်လုံးများအား မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းနိုင်ငံသား


ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းနိုင်ငံသား

27.4.2013

ဆော်ဒီအာရေဗျ အစိုးရဟာ ဒူဘိုင်းနိုင်ငံသား ဖက်ရှင်ဓာတ်ပုံဆရာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ ကဗျာ ဆရာ တစ်ဦးဖြစ်သူ Omar Borkan Al Gala ကို အရမ်းကိုချောမောလွန်းနေတဲ့အတွက် သူတို့နိုင်ငံကနေနှင် ထုတ် လိုက်တယ် လို့သိရပါတယ် ... ဘာကြောင့်လဲဆိုတော့ ဆော်ဒီ အမျိုးသမီးတွေအနေနဲ့ အဆိုပါ အမျိုး သား ကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ချိုးေ ဖာက် မှာစိုးလို့ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ပြောပါတယ်။

... ဆော်ဒီအာေ ရဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ ကိုယ့်ဆွေမျိုး သားချင်း မဟုတ်တဲ့ သူစိမ်း အမျိုး သားတွေ နဲ့ စကားပြောဆိုဆက်ဆံခြင်းမျိုးကို တင်းကြပ်စွာတားမြစ်ထားပါတယ် ... အိမ်ထောင်သည် အမျိုး သ မီးတွေ အနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် ကြိမ်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေး ခံရမယ်လို့ လည်း ဥပဒေ ထုတ်ပြန်ထားပါတယ် ...
by OppositEyE

ဆော်ဒီအာရေဗျ အစိုးရဟာ ဒူဘိုင်းနိုင်ငံသား ဖက်ရှင်ဓာတ်ပုံဆရာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ ကဗျာ ဆရာ တစ်ဦးဖြစ်သူ Omar Borkan Al Gala ကို အရမ်းကိုချောမောလွန်းနေတဲ့အတွက် သူတို့နိုင်ငံကနေနှင် ထုတ် လိုက်တယ် လို့သိရပါတယ် ... ဘာကြောင့်လဲဆိုတော့ ဆော်ဒီ အမျိုးသမီးတွေအနေနဲ့ အဆိုပါ အမျိုးသားကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စည်းမျဉ်း ဥပဒေတွေ ကို ချိုးေ ဖာက် မှာစိုးလို့ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ပြောပါတယ်။

ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ

ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ
................................................................

အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ :P မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။


ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ :P နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ

လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။

(ရင်နှင်းငယ်)
သတင်းစုံလင် ဖေ.ဘုတ်တခွင်

............................................
Copy from ကျန်းမာရေးစာတိုများစုစည်းမှု

အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ :P မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ၈ ထပ် အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃၀၀ အထိ မြင့်တက်

Photo: Update:
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ၈ ထပ် အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃၀၀ အထိ မြင့်တက်လာကြောင်း စစ်ဘက်ပြောခွင့်ရပဂ္ဂိုလ်၏အဆိုကို ကိုးကား၍ Channel NewsAsia က ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ၈ ထပ် အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃၀၀ အထိ မြင့်တက်လာကြောင်း စစ်ဘက်ပြောခွင့်ရပဂ္ဂိုလ်၏အဆိုကို ကိုးကား၍ Channel NewsAsia က ဖော်ပြသည်။

ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။
၁ – setting ကိုဝင်

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း



၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့် နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။

အစ္စရေး တိုက်လေယာဉ် တစ်စင်း ဟိုင်ဖာ ကမ်းရိုးတန်းသို့ ဝင်ရောက်လာသည့် မောင်းသူမဲ့ လေယာဉ်အား ကြားဖြတ် တိုက်ခိုက်

အစ္စရေး တိုက်လေယာဉ် တစ်စင်း ဟိုင်ဖာ ကမ်းရိုးတန်းသို့ ဝင်ရောက်လာသည့် မောင်းသူမဲ့ လေယာဉ်အား ကြားဖြတ် တိုက်ခိုက်

27.4.2013

အစ္စရေး နိုင်ငံ ဟိုင်ဖာမြို့ မြောက်ဘက် ကမ်းရိုးတန်းသို့ ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက ဝင်ရောက်လာသည့် မောင်းသူမဲ့ လေယာဉ် တစ်စင်းအား အစ္စရေး လေတပ်မှ F-16တိုက်လေ ယာဉ် တစ်စင်းက ပစ်ချခဲ့ ကြောင်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် အစ္စရေး လေပိုင်နက် အတွင်းသို့ မြောက်ဘက်မှ ဖြတ်ကျော် ဝင်ရောက်လာခြင်း ဖြစ်ပြီး ၎င်းသည် လက်ဘနွန် နိုင်ငံမှ ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့၏ လက်ချက် ဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။ အစ္စရေး လေတပ်မှ လေယာဉ်များကို လက်ဘနွန် နိုင်ငံတောင်ပိုင်းတွင် ဖြန့်ချ ထားကြောင်း လက်ဘနွန် သတင်းဌာန တစ်ခုက ဧပြီ ၂၅ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့သည် နိုင်ငံအတွင်း ဖြစ်ပေါ်လာမည့် မည်သည့် စိန်ခေါ်မှုမျိုး မဆို တန်ပြန် တိုက်ခိုက် သွားရန် ပြင်ဆင် ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေ တန်ယာဟုက ပြောကြားထားသည်။

ယခုကဲ့သို့ အစ္စရေး လေပိုင်နက် အတွင်း မောင်းသူမဲ့ လေယာဉ် ဝင်ရောက်မှုသည် ခြောက်လအတွင်း ဒုတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

Re-Post By ACM 27-4-2013
အေးချမ်းမွန် Credit & Copy From >မြ၀တီ<Thank

အစ္စရေး နိုင်ငံ ဟိုင်ဖာမြို့ မြောက်ဘက် ကမ်းရိုးတန်းသို့ ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက ဝင်ရောက်လာ သည့် မောင်းသူမဲ့ လေယာဉ် တစ်စင်းအား အစ္စရေး လေတပ်မှ F-16တိုက်လေ ယာဉ် တစ်စင်းက ပစ်ချခဲ့ ကြောင်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။

တန်ဖိုးနည်းကျပ်(၁၅၀၀)တန်ဆင်းကတ်အတွက် ဟန်းဆက်ကြိုတင် ၀ယ်မထားသင့်….

တန်ဖိုးနည်းကျပ်(၁၅၀၀)တန်ဆင်းကတ်အတွက် ဟန်းဆက်ကြိုတင်
ဝယ်မထားသင့်….

**********************************************
(27.4.2013, Friday)

ကျပ်(၁၅၀၀)တန်၊တန်ဖိုးနည်းဖုန်းဆင်းကတ်များသည် 800MHz ဟန်းဆက်
တိုင်းတွင် ထည့်သွင်းအသုံးပြုလို့ရသည်ဆိုသော်လည်း ဈေးပေါသည့်
တရုတ်ဟန်းဆက်များတွင် ကတ်မဖတ်ခြင်းများရှိနေပြီးအမြင့်ဟန်းဆက်
အချို့မှာလည်းချက်ချင်းထည့်ပြီးအသုံးပြုလို့မရခြင်းများရှိနေကြောင်း သိရ
သည်။Today's Mobil မှမန်နေးဂျင်းဒါရိုက်တာဦးနေလင်းထွန်းက တန်ဖိုး
နည်းဟန်းဆက်များတွင် Key pad ဆမ်ဆောင်း 339 သည်ဆော့ဖ်ဝဲပိုင်း
ပြန်လည်ပြုပြင်ပြီးမှအသုံးပြုနိုင်မည်ဖြစ်ပြီး တန်ဖိုးအရမ်းနည်းပြီးအရည်
အသွေးနိမ့်လွန်းသည့် ဟန်းဆက်များတွင် အသုံးပြုရန်အဆင်မပြေကြောင်း၊
Tablet များနှင့်လည်းလိုင်းအတက်အကျများဖြစ်တတ်ကြောင်း၊ထို့ကြောင့်
ကျပ်(၁၅၀၀)ဖုန်းဝယ်ယူသူများအနေဖြင့် ဟန်း ဆက်ကိုကြိုတင်ဝယ်ယူ
မထားသင့်ဘဲ ကိုယ့်လက်ထဲကိုကတ်ရောက်မှသာ ဟန်းဆက်ဆိုင်တွင်
သေချာထည့်သွင်းစမ်းသပ်ပြီးမှဝယ်ယူသင့် ကြောင်းအကြံပြုပြောကြား
ပါသည်။ လတ်တလော မြို့နယ်အတော်များများတွင် ကျပ်(၁၅၀၀)တန်
ဖုန်းဆင်းကတ်ကိုမဲနှိုက်ဝယ်ယူရသည့် အပေါ်အငြင်းပွားမှု၊ မပြေလည်မှု
ပြဿနာများရှိနေကြောင်း ကြားသိနေရပြီးဖုန်းဝယ်ယူလိုသူ များပြားသည့်
အတွက်ပြင်ပပေါက်ဈေးသည်လည်း နယ်မြေဒေသပေါ်မူတည်ပြီးမူရင်း
ဈေးထက်အဆပေါင်းများစွာမြင့်တက်နေကြောင်း သိရသည်။

SkyNet TV Browser
ကျပ်(၁၅၀၀)တန်၊တန်ဖိုးနည်းဖုန်းဆင်းကတ်များသည် 800MHz ဟန်းဆက်တိုင်းတွင် ထည့်သွင်း အသုံးပြု လို့ရသည်ဆိုသော်လည်း ဈေးပေါသည့်တရုတ်ဟန်းဆက်များတွင် ကတ်မဖတ်ခြင်းများရှိနေပြီးအမြင့်ဟန်း ဆက်အချို့မှာလည်းချက်ချင်းထည့်ပြီး အသုံးပြုလို့ မရခြင်း များ ရှိနေကြောင်း သိရသည်။Today's Mobil မှမန်နေးဂျင်းဒါရိုက်တာဦးနေလင်းထွန်းက တန်ဖိုးနည်း ဟန်းဆက် များတွင် Key pad ဆမ်ဆောင်း 339 သည်ဆော့ဖ်ဝဲ ပိုင်းပြန်လည်ပြုပြင်ပြီးမှအသုံးပြုနိုင် မည်ဖြစ်ပြီး တန်ဖိုးအရမ်းနည်းပြီးအရည် အသွေးနိမ့်

မြန်မာပို့ကုန်တွေကို အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပြုတော့မည်

Photo: မြန်မာပို့ကုန်တွေကို အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပြုတော့မည်

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်မကုန်ခင် အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတွေ အခွန်လွတ်တင်သွင်းခွင့် ရရှိနိုင်ကြောင်း အမေရိကန်ကုန်သွယ်မှုဌာန အကြီးအကဲ Demetrios Marantis က မနေ့က ပြောဆိုလိုက်ပါတယ်။

Mr. Marantis  က ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေအတွက် အထူးခံစားခွင့်ပြုထားတဲ့ GSP အစီအစဉ်အရ မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်၊ လက်မှုကုန်ပစ္စည်းနဲ့ အထည်အလိပ် ကုန်ပစ္စည်းတွေအပါအ၀င် ကုန်ပစ္စည်း အမြောက်အများအနေနဲ့ အမေရိကန်ဈေးကွက်ကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် GSP အစီအစဉ်ခံစားခွင့်ကို အလုပ်သမားအခွင့်အရေးဆိုင်ရာ အရေးယူမှုအဖြစ် အမေရိကန်ပြည်ထောင်စုက ၁၉၈၉ မှာ ရုပ်သိမ်းခဲ့ပါတယ်။ အခုလိုအခွန်ကင်းလွတ်ခွင့် ပြုခြင်းအတွက် နှစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေး အကြီးအကဲက ပြောဆိုပါတယ်။ ဒါ့အပြင် ဒီကိစ္စအတွက် အမေရိကန်နဲ့ မြန်မာအရာရှိတွေ ဒီအပတ်အတွင်းက နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သူကပြောပါတယ်။

အင်္ဂါနေ့က ဝါရှင်တန်ကို လာရောက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း  ဒီလို GSP အဆင့်ပေးခြင်းအားဖြင့် များစွာအကျိုးရှိမှာဖြစ်ကြောင်း RFA ကို အခုလို ပြောကြားခဲ့ပါတယ်။

“GSP ဟာ ကျနော်တို့နိုင်ငံမှာ စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အတွက် ကျနော်တို့နိုင်ငံက ပစ္စည်းတွေကိုပို့မယ်ဆိုရင် အခွန် ၂၃% ဆောင်ရပါတယ်၊ ဥပမာဆိုရင် ငွေ ၁ ရာဖိုးပို့ရင် ၂၃ ကျပ်ဖိုး အခွန်ဆောင်ရတာပေါ့၊ GSP မဆိုတဲ့နိုင်ငံတွေ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်တို့ဆိုရင် ၁ဝဝ ဖိုးပို့ရင် အခွန်မဆောင်ရတဲ့အတွက် ၁ဝဝ အပြည့်ရတာပေါ့၊ အဲဒီမှကတည်းက ကျနော်တို့ပြည်သူတွေက ၂၃ ကျပ်ရှုံးနေတာပေါ့နော်၊ ဒါတွေကို အခုဖြုတ်ပေးလိုက်တယ်ဆိုတော့ ပြည်သူတွေအပြည့်အဝ တိုက်ရိုက်ခံစားရမှာပေါ့”

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ဥက္ကဌနဲ့ စက်မူကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးမြင့်စိုးကလည်း  အမေရိကန်ပြည်ထောင်စုက  အခုလို GSP အဆင့် မြန်မာနိုင်ငံကို ပြန်လည်သတ်မှတ် ပေးလိုက်တဲ့အတွက် မြန်မာအထည်ချုပ်လုပ်ငန်းကို အကြီးအကျယ် တိုးတက်စေမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကို အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးအထုးခံစားခွင့်နိုင်ငံ GSP အဆင့်ပေးနိုင်ရန် အမေရိကန်ပြည်ထောင်စုက စဉ်းစားသုံးသပ်နေကြောင်း ပြီးခဲ့တဲ့အပတ်မှာ သတင်းထွက်ခဲ့ပြီးနောက် အခုလို ကုန်သွယ်မှုအကြီးအကဲက ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်ကုန်သွယ်မှုဌာနဟာ အစိုးရအဖွဲ့မှာ ဝန်ကြီးဌာနတစ်ခုနည်းတူ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်မကုန်ခင် အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတွေ အခွန်လွတ်တင်သွင်းခွင့် ရ ရှိနိုင်ကြောင်း အမေရိကန်ကုန်သွယ်မှုဌာန အကြီးအကဲ Demetrios Marantis က မနေ့ က ပြောဆို လိုက်ပါတယ်။

မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည်



Photo: မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း  တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်ကို  လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာစေလိုတဲ့အပြင် တပြိုင်နက်မှာပဲ  မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုံးဝဖြတ်တောက်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ မြန်မာရေတပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ  မြန်မာနိုင်ငံပြောင်းလဲမှုတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ ဘယ်သူကမှ လက်နက်ရောင်းဝယ်ရေးကို ပြောဆိုတာမျိုးမရှိပါဖူးလို့ ပြောပါတယ်။ အတော်လေးနက်ခက်ခဲတဲ့ ပြသနာတချို့ရှိနေတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်ဟာ ပဓာနကျပါတယ်။ မြန်မာ့တပ်မတော်ကို ခေတ်မီတိုးတက်တဲ့ စစ်တပ်တခုဖြစ်လာအောင် ကူညီဖို့်လိုအပ်နေတာအမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကိုတဆင့်ပြီးတဆင့် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည် ရဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန် လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာ များတွင် နယ်မြေခံ တပ်မတော် သားများက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်း


တိုက်ကြီးမြို့နယ် ချင်းကုန်း ကျေးရွာအုပ်စုရှိ အိမ်ခြေ ၁၇၆ လုံး၊ လူဦးရေ ၅၆၃ ဦး နေထိုင်သည့် ကျားချောင်း ကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ နေရသဖြင့် နယ်မြေခံ တပ်မတော် သားများက ရေသယ်ယာဉ် များဖြင့် ဧပြီ ၁၃ ရက်မှ ၂၃ ရက်ထိ သောက်သုံးရေ ဂါလန် ၁၃၂ဝဝ အား ဖြန့်ဝေ လှူဒါန်းသည်။

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ 
======================================

April 27, 2013/ ZinYawNews

ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား  ဂျက်စတင်ဘီဘာရဲ့ ခရီးသွားကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲအရာရှိက ပြောကြားပါတယ်။

သူ့ကားဟာ ဗုဒ္ဓဟူးနေ့ညပိုင်း မြို့တော်မှာ ဂီတဖျော်ဖြေရေးမလုပ်ခင် ဘီဘာနေထိုင်တဲ့ Stockholm ဟိုတယ်အပြင်မှာ ရပ်ထားတာဖြစ်ပါတယ်။
ဘီဘာအပါအ၀င် ခရီးသည် ၁၀ လောက် ကားပေါ်မတက်ခင်မှာ မူးယစ်ရဲအရာရှိများ နိုးနိုးကြားကြားနဲ့ စစ်ဆေးခဲ့တာလို့ Mr Jyllander ကပြောပါတယ်။ ဆေးဝါးအနည်းငယ်နှင့် Stun Gun တစ်လက် တွေ့ခဲ့တယ်လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ခုတော့ ဆေးဝါးတွေကို မှု့ခင်းဆေးဝါးစစ်ဆေးရေးဌာနသို့ပို့ထားပြီး တိကျတဲ့အဖြေရဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။

Stun Gun ကတော့ သေးငယ်ပဲဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ကိုင်ဆောင်ဖို့အတွက် ပါမစ်တော့ လိုအပ်ပါတယ်၊ သူတို့မှာ ပါမစ်မရှိပါဘူး။

ဆေးဝါးတွေကတော့ ပျင်းထန်တဲ့မူးယစ်ဆေးဝါးမျိုးမဟုတ်ဘူးဆိုပေမယ့် တိကျတဲ့အဖြေရဖို့ ရက်အနည်းငယ်ကြာဦးမှာဖြစ်ပါတယ်၊ ဘီဘာနှင့်သူ့အဖွဲ့ဝင်တွေကိုတော့ လွပ်လပ်စွာ ပြည်ပထွက်ခွာခွင့်ပေးထားပါတယ်လို့ Mr Jyllander က ဆက်လပ်ရှင်းပြခဲ့ပါတယ်။

ဘီဘာဟာ ဥရောပတ၀ိုက်လှည့်လည်ခရီးသွားဖျော်ဖြေနေတာဖြစ်ပြီး သောကြာနေ့မှာ ဖင်လန်မှာ ဖျော်ဖြေရမှာဖြစ်ပါတယ်။

NaingLinn(ZinYawNews)
http://www.facebook.com/ZinYawNews

ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား ဂျက်စတင်ဘီဘာရဲ့ ခရီးသွား ကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲ အရာရှိ က ပြောကြား ပါတယ်။

တရုတ် စီမံကိန်းများအား ဆန္ဒပြမှု ဝန်ကြီး ဦးစိုးသိန်း အပြစ်တင်

Print This Post
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း (ဓာတ်ပုံ – ဧရာဝတီ)


တရုတ်နိုင်ငံနှင့် တရုတ်စီမံကိန်းများအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခြင်းသည် မှားယွင်းသည့် လုပ်ရပ်တခုသာ ဖြစ်သည်ဟု သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ရခိုင်ဒေသခံများကို ပြောဆိုကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသရှိ ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံများသည်

ယုံကြည်မှု တည်ဆောက်ခြင်းဟာ ငြိမ်းချမ်းရေး အတွက် အလွန် အရေးကြီးတယ်”

မစ္စတာ ယို့အိ ဆာဆာ (ဘယ်ဘက်) နှင့် ဧရာဝတီသတင်းထောက် စောရန်နိုင်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – ငြိမ်းဇော် / ဧရာဝတီ)
မြန်မာနိုင်ငံ၏ လူမျိုးစုပေါင်းစည်းရေး လုပ်ငန်းတွင် အကူအညီ ပေးနိုင်ရန် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယို့အိ ဆာဆာ ကာဝါ (Yohei Sasakawa) အား အထူးသံတမန် အဖြစ် ဂျပန်အစိုးရက ခန့်အပ်ခဲ့သည်။ ယင်းသို့ တာဝန်ပေး ခန့်အပ်မှုကြောင့် မစ္စတာ ဆာဆာကာဝါသည် ဂျပန်အစိုးရ ကိုယ်စားပြုကာ မြန်မာနိုင်ငံရှိ လူမျိုးစု များနှင့်လည်းကောင်း၊ မြန်မာ အစိုးရနှင့် လည်းကောင်း၊ တခြားနိုင်ငံ

မော်လမြိုင်တွင် ရဲကို ဝိုင်းရိုက်သူများအား ဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းတွင် သင်္ကြန် အကြတ်နေ့ ညနေပိုင်းက မူးယစ် သောင်းကျန်းသူ တဦးကို ရဲများက ထိန်းသိမ်းနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာစုအနီးတွင် သင်္ကြန်ကာလက ရဲအရာရှိတဦးကို အုပ်စုလိုက် ထိုးကြိတ် ရိုက်နှက်ခဲ့သည့် လူငယ်များထဲမှ တချို့အား ဖမ်းဆီးရမိပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဆီးရီးယားအပေါ် ကိုင်တွယ်ပုံ ပြောင်းသွားနိုင်လို့ အိုဘားမားပြော

ဆီးရီးယားအပေါ် ကိုင်တွယ်ပုံ ပြောင်းသွားနိုင်လို့ အိုဘားမားပြော
Saturday,April27,2013

ဆီးရီးယားပြည်သူတွေအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာမှန်ရင် ၂ နှစ်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

ဓာတုလက်နက်တွေကို ဘယ်မှာ ဘယ်တုန်းက ဘယ်လို အသုံးပြုခဲ့သလဲဆိုတဲ့ အထောက်အထားတွေ ထပ်ပြီးရဖို့လိုသေးတယ်ဆိုတာကိုလည်း သမ္မတ အိုဘားမားက သောကြာနေ့တုန်းက အလေးအနက် ပြောခဲ့ပါတယ်။ လောလော ဆယ်ရရှိထားတဲ့ အထောက်အထားတွေဟာ အမေရိကန် ထောက်လှမ်းရေးက ရရှိတဲ့အချက်အလက်တွေကို အခြေခံပြီး ကနဦး သုံးသပ်ထားတာ ဖြစ်တယ် လို့ ဂျော်ဒန်ဘုရင် Abdullah နဲ့အတူ အိမ်ဖြူတော်မှာ ပူးတွဲလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ သမ္မတအိုဘားမားက ပြောပါတယ်။

ဆီးရီးယားအစိုးရက ဓာတုလက်နက်သုံးတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ တိုက်ရိုက် သက်သေ အထောက်အထားတွေ ရရှိဖို့ အမေရိကန်နဲ့ အတူ ဒေသတွင်း မဟာမိတ်နိုင်ငံတွေအပြင် ကုလသမဂ္ဂက ဆောင်ရွက်ဖို့ လိုတယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

သမ္မတ Bashar al Assad ကိုဖြုတ်ချဖို့ ကြိုးစားတိုက်နေကြတဲ့ တော်လှန်သူတွေ အပေါ် ဆီးရီးယားအစိုးရက Sarin ဓာတ်ငွေ့တွေကို အနည်းငယ် သုံးနေတယ် ဆိုတာ အမေရိကန်ထောက်လှမ်းရေဌာနတွေက ယုံကြည်နေတဲ့အကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်ခင်ဗျာ။

အမေရိကန်သမ္မတ Barack Obama နဲ့ ဂျော်ဒန်ဘုရင် Abdullah II, တို့ သမ္မတ အိမ်ဖြူတော်ရုံးခန်း အတွင်း တွေ့ဆုံစဉ်။ (ဧပြီလ ၂၆၊ ၂၀၁၃။)

ဆီးရီးယားပြည်သူတွေအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာမှန်ရင် ၂ နှစ်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

26.4.2013 မှ 2.5.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
ကံဇာတာကောင်းမည်။ နှစ်သစ်ကူးမှာ မြူးစရာ တွေ ကြုံမည်။ အချစ်သစ်တွေ့မည်။ အလုပ်အကိုင် သစ် ရမည်။ အလုပ်နှင့် နေရာဒေသ ပြောင်းမည်။ ခရီးဝေး တစ်ခုရောက်မည်။ မရွယ်ဘဲ စော်ကဲ မင်းဖြစ်ကိန်းမျိုး ကြုံမည်။ ခြေ နှင့် လက် ခိုက်မိမည်။ ကြီးသောသူ၏ အထင်လွဲခြင်းခံရမည်။
 

ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း

ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း
Saturday,April27,2013

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုမှာ သံသယရှိထားသူ ဂျိုဟာ စနိုင်းရက်ဖ် ကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေသလို သူ့ကို ထောင်ဆေးရုံတခုကိုလည်း ရွှေ့ပြောင်း ထားလိုက်ပြီဖြစ်ပါတယ်။

ဂျိုဟာကို Masschusetts ပြည်နယ် အရှေ့မြောက်ဘက်၊ Fort Devens မှာရှိတဲ့ အကျဉ်းထောင်ဆေးရုံကို ပြောင်းရွှေ့လိုက်တဲ့အကြောင်း အမေရိကန် ရဲဌာန က သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။ ဂျိုဟာရဲ့အခြေအနေ အသေးစိတ် ကိုတော့ ပြောခွင့်ရသူက မပြောခဲ့ပါဘူး။ အစိုးရအရာရှိတွေကတော့ ဂျိုဟာ လည်ပင်းမှာရတဲ့ ဒဏ်ရာကနေ သက်သာလာနေပြီလို့ ပြောထားတာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ ထောက်လှမ်းရေးအဖွဲ့ FBI ကတော့ သောကြာနေ့မှာ ဂျိုဟာ ကျောင်းတက်ခဲ့တဲ့ Massachusetts Dartmouth တက္ကသိုလ်ဝန်း အနီးမှာရှိတဲ့ အမှိုက်ပုံတစ်ခုကို ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ဘာကို ရှာနေတယ်ဆိုတာတော့ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

ဝါရှင်တန်ဒီစီမှာတော့ စနိုင်းရက်ဖ်တို့ညီအစ်ကို ကို အစွန်းရောက်အောင် လုပ်တဲ့ အထဲမှာ သူတို့ရဲ့မိခင် ပါဝင်မှုရှိမရှိ ဆုံးဖြတ်ဖို့အတွက် အာဏာပိုင်တွေက ကြိုးစားနေတဲ့အကြောင်း လွှတ်တော်အမတ်တွေက ပြောပါတယ်။ သူတို့ရဲ့ မိခင်ဟာ အာဏာပိုင်တွေ စိတ်ဝင်တစား စောင့်ကြည့်နေသူ တယောက် ဖြစ် တယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက အကြီးတန်း ဒီမိုကရက်လွှတ်တော်အမတ် Dutch Ruppersberger က ပြောပါတယ်။

မိခင်ဖြစ်သူ Zubeidat Tsarnaeva ဟာ ဘော်စတွန်ဗုံးဖောက်ခွဲမှု မတိုင်ခင် ၁၈ လလောက်ကတည်းက ပြည်ထောင်စုအစိုးရရဲ့ အကြမ်းဖက် လှုပ်ရှားမှု စာရင်း ထဲမှာရှိခဲ့တဲ့အကြောင်း အေပီသတင်းဌာနက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဘော့်စတွန်ဗုံးခွဲမှု သံသယရှိသူ ညီအကိုနှစ်ဦးရဲ့ မိခင် Zubeidat နဲ့ ဖခင် Anzor Tasrnaev
VOA

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုမှာ သံသယရှိထားသူ ဂျိုဟာ စနိုင်းရက်ဖ် ကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေသလို သူ့ကို ထောင်ဆေးရုံတခုကိုလည်း ရွှေ့ပြောင်း ထား လိုက်ပြီဖြစ် ပါတယ်။

ဘော်စတွန် ဗုံး ဖောက်ခွဲမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဘယ်သူလဲ

ဘော်စတွန် ဗုံး ဖောက်ခွဲမှု၌ နောက်ကွယ်မှ အဓိက ကြိုးကိုင် ဆောင်ရွက်သူမှာ မိမိ၏ အစ်ကို တာမာလန် ဇာနေယက်ဗ် ဖြစ်သည်ဟု ၎င်း၏ ညီဖြစ်သူ ဇိုခါဇာ နေယက်ဗ်က စုံစမ်းစစ်ဆေးသူများကို ပြောကြားထား သည်။

မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး

အမေရိကန်ဆီးနိတ်အမတ်  Benjamin Cardin
အမေရိကန်ဆီးနိတ်အမတ် Benjamin Cardin

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိနေပေမဲ့ စစ်ရေးအရဆက်ဆံမှု ကိုတော့ သတိထားသင့်တယ်လို့ အမေရိကန် ဆီးနိတ်အမတ် Benjamin Cardin ကပြောလိုက်ပါတယ်။ ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီက ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အာရှဒေသမှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့

လူဦးရေ စာရင်းကောက်သူများနှင့် ရိုဟင်ဂျာခံယူ လိုသူများကြား ရုန်းရင်း ဆန်ခတ်ဖြစ်ပွား

စစ်တွေ(မဇ္ဈိမ)။ ။ စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ၌ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၁နာရီက လူဦးရေ စာရင်း ကောက်ယူစဉ် ရိုဟင်ဂျာအမည်ခံလိုသူများနှင့် စာရင်းကောက်အဖွဲ့တို့ကြား ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Samsung Galaxy S4 မေ ၄ တွင် ပြည်တွင်း၌ စတင်ရောင်းချမည်


Photo

ဆမ်ဆောင်း၏ စွမ်းရည်မြင့် မျိုးဆက်သစ်ဖုန်း Galaxy S4 ကို လာမည့် မေလ ၄ ရက်နေ့တွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်သည်။

"မန်ယူကစားသမားဟောင်းများ ပါဝင်သည့် ရန်ပုံငွေပွဲ ၀င်ကြေး ပုံမှန်သာ ကောက်ခံမည်"




Photo: "မန်ယူကစားသမားဟောင်းများ ပါဝင်သည့် ရန်ပုံငွေပွဲ ၀င်ကြေး ပုံမှန်သာ ကောက်ခံမည်"

ရန်ကုန်၊ ဧပြီ ၂၆

မန်ယူကစားသမားဟောင်းများ ပါဝင်ကစားကြမည့် ရန်ပုံငွေပွဲ ၀င်ကြေးကို ပုံမှန်နှုန်းအတိုင်းသာရှိမည်ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ယနေ့ ညနေ ၄နာရီခွဲတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောသည်။

“ကျပ် ၁၀၀၀၊ ၅၀၀ နှုန်းတွေနဲ့ပဲ ၀င်ကြေးကို သတ်မှတ်သွားမှာပါ”ဟု ၎င်းကပြောသည်။ 

ရန်ပုံငွေ ဘောလုံးပွဲတွင် မန်ယူကစားသမား ၄ ဦးနှင့် မြန်မာ့လက်ရွေးစင် စီနီယာကစားသမားများ၊ နေရှင်နယ်လိဂ်မှ နိုင်ငံခြားသား ကစားသမားများ ပါဝင်ကစားကြမည် ဖြစ်သည်။

မန်ယူကစားသမားဟောင်းများဖြစ်သော အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ ကလေတန် ဘလက်မိုး နှင့် လီရှပ်တို့ ပါဝင်သော ရန်ပုံငွေ ဘောလုံးပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီ၌ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး မန်ယူကစားသမားများမှာ အသင်း ၂ ဖက်စလုံးတွင် ပါဝင်ကစားကြ မည် ဖြစ်ကြောင်း သိရသည်။

ထိုပွဲမှ ရရှိသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံအတွင်းရှိ HIV ရောဂါ ကုသရေး အတွက် ဆောင်ရွက်နေသော နေရာများကို လှူဒါန်းသွားမည်ဟု အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

AZ
မန်ယူကစားသမားဟောင်းများပါဝင်ကစားကြမည့် ရန်ပုံငွေပွဲဝင်ကြေးကို ပုံမှန်နှုန်းအတိုင်းသာရှိမည် ဟု ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ယနေ့ ညနေ ၄နာရီခွဲတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ရည်မှန်းချက်များနှင့်အညီ ပြည်တွင်းဦးစားပေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိ

(၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေးကို ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ဝန်ကြီးချုပ်ရုံး၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ဆွေးနွေးသည်။ အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပြောကြားရာတွင် ဘန်ဒါဆရီ ဘီဂါဝန် မြို့တော်ကို လာရောက်လည်ပတ်ခွင့်ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးကြသည့် ဘရူနိုင်းအစိုးရ တာဝန်ရှိသူများနှင့် ပြည်သူများကို

ရှမ်းလူမျိုးတစ်ဦးလျှင် ယွမ် ၃၀၀၀စီဖြင့် လာရောက်ရွေးယူရန်သတ်မှတ်


ကချင်ပြည်နယ်ကျေးရွာအချို့သို့ KIA တပ်မဟာ(၃) လက်အောက်ခံတပ်ရင်းများမှ ၀င်ရောက်ဖမ်းဆီး ထားသူ လူပေါင်း (၁၀၀)ကျော်အနက်က ရှမ်းလူမျိုး(၃၀)ကို တစ်ယောက်ကို တရုတ်ယွမ်ငွေ (၃၀၀၀) ကျပ်ဖြင့် လာရောက်ရွေးယူကြဖို့ သူတို့မိဘဆွေ မျိုးတွေထံ အကြောင်းကြားထားပါကြောင်း သိရှိရပါ သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ တက်မည်

Photo: ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ တက်မည် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် “ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ” ကို တက်ရောက်ဖို့ မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

မွန်ဂိုလီးယား အစိုးရက “ဒီမိုကရေစီ လူ့အဖွဲ့အစည်း ညီလာခံ” ကို ကမကထပြုပြီး လက်ခံကျင်းပမှာသလို နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၀ က ကိုယ်စားလှယ်တွေလည်း တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီ ဒီမိုကရေစီ ညီလာခံနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

" အရင် သူလွတ်ခါစကတည်းက ဖိတ်ကြားထားတာရှိတယ်၊ မွန်ဂိုးလီးယားက တစ်ချိန်တုံးက တရုတ်ပြည်နဲ့ နီးစပ်တော့ တရုတ်ပြည်ရဲ့ အရိပ်အောက်မှာ ရှိတဲ့နိုင်ငံတစ်ခုကနေ အခုက ဒီမိုကရေစီထွန်းကားလာတော့ တိုးတက်ကောင်းမွန်လာတော့ အဲ့ဒါတွေနဲ့ ပတ်သက်လို့ အကျိုးရှိတာတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပါ"

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက မွန်ဂိုလီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး D. Gankhuyag နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

အခုကျင်းပမယ့် ဒီမိုကရေစီ ညီလာခံကို မြန်မာလွှတ်တော်နဲ့ အစိုးရ ကိုယ်စားလှယ်တွေလည်း တက်ရောက်မှာ ဖြစ်တယ်လို့ ဒီမိုကရေစီ ညီလာခံဖြစ်မြောက်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် “ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ” ကို တက်ရောက်ဖို့ မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့ မှာ မြန်မာ နိုင်ငံက ထွက်ခွာမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

မန်ယူကစားသမားဟောင်း နှစ်ဦးဖြစ်သည့် ဒင်းနစ်အာဝင်နှင့် ဘလက်မိုးတို့ ရန်ကုန်မြို့သို့ ၁ ရက်ကြာ လာရောက်

4.26.7
မြန်မာနိုင်ငံတွင် ရန်ပုံငွေပွဲ လာရောက်ကစားမည့် ကမ္ဘာကျော် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ယူ အသင်း၏ ကစားသမားဟောင်း ၄ ဦးထဲမှ ဒင်းနစ်အာဝင်နှင့် ကလေလန်ဘလက်မိုးတို့သည် ပြီးခဲ့သည့် ဧပြီ လ ၂၆ ရက်က ရန်ကုန်မြို့သို့ ၁ ရက်ကြာ လာရောက်ခဲ့ကြောင်း သိရသည်။
4.26.7