Wednesday, December 31, 2014

မကွေးတွင် တောင်သူ ငါးထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲစီစဉ်သူ ထောင်ဒဏ်ကျခံ

Demonstration-Maguye
 တိုင်းအစိုးရရုံးစိုက်ရာ မကွေးမြို့ပေါ် ဆင်ပေါင်ဝဲမြို့နယ်အတွင်း သိမ်းဆည်ခံ လယ်ယာမြေများ ပြန်ရရေး တောင်သူ ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြပွဲ စီစဉ်သူ ဦးတင်ထွန်းအောင်ကို မြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၁ ရက်တွင် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ငွေဒဏ်ကျပ်တစ်သောင်း (သို့) မဟုတ် ထောင်တစ်လ ကျခံရန် အမိန့်ချမှတ်ခြင်းကို ကာယကံရှင်က ထောင်ဒဏ်ကို သာ ရွေးချယ်လိုက်သည်။
“ကျွန်တော်လုပ်ဆောင်တာက တောင်သူလယ်သမားတွေ ကောင်းကျိုးအတွက် ဦးဆောင်ခဲ့တာပါ။

ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ဦးကိုကိုကြီးထံ ရဲစခန်းက လာရောက် အကြောင်းကြားခြင်း မရှိသေး

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း) ကို အဆောက်အဦးအဖြစ်  ဆောက်လုပ်ရန်   စီစဉ်နေသည့်အပေါ် ဆန္ဒဖော်ထုတ်ဟောပြောခဲ့သည့် အတွက် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံ ထားရသည့် ဦးကိုကိုကြီးထံသို့ မြို့နယ်ရဲစခန်းက လာရောက်အကြောင်းကြား ခြင်းမရှိသေးဟု ၈၈မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဒီဇင်ဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ကူညီပေးမည့် အစီအစဉ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးကို တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌအနေနှင့် ကူညီလုပ်ဆောင်ပေးရန် အစီအစဉ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဆက်စပ်လုပ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ အစိုးရက လုပ်ပေးနေတယ်လို့ပဲ နားလည်ပါတယ်” ဟု ၎င်းကဆိုသည်။
အမှုမှ လွတ်မြောက်ရေး အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အဖမ်းဆီခံ မြန်မာနှစ်ဦး အကျဉ်းထောင်အတွင်းမှ စာရေးသား ပေးပို့ထားမှုနှင့် ပတ်သက်၍ The Voice ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ဖြစ်ပွားတဲ့ လုယက်မှုတွေ ရဲက အရေးမယူ


ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆိုင်ကယ် ပျောက်ဆုံးမှုတွေနဲ့ ပစ္စည်းလုယူခံရမှုတွေကို ပခုက္ကူမြို့ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူခြင်းမရှိဘဲ ထိန်ချန်ထားတယ်လို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
ကျောင်းပတ်ဝန်းကျင်မှာ ဆိုင်ကယ်ပျောက်မှုတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ဆီကနေ လက်ဝတ်ရတနာတွေနဲ့ အသုံးဆောင် ပစ္စည်းတွေကို အုပ်စုဖွဲ့ ရိုက်နှက် လုယူမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းပေးတာ မရှိဘူးလို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

မန္တလေး ပဋိပက္ခနှင့် ပတ်သတ်သည့် တရားခံ ၁၁ ဦးအား ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်

ယခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော မန္တလေး ပဋိပက္ခတွင် အသတ်ခံခဲ့ရသော ကိုထွန်းထွန်း အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် တရားခံ ၁၁ ဦးကို ယနေ့၌ မန္တလေးခရိုင် တရားရုံးတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
“ဒီအမှုမှာ ပါဝင်ခဲ့ကြတဲ့ ၁၁ ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကနေ ၁၃ နှစ် အထိ အမိန့်ချမှတ်ခဲ့တာပါ။ အခု အမိန့်ချမှတ်လိုက်တဲ့ လူ ၁၁ ဦးဟာ ကိုထွန်းထွန်းကို သတ်တဲ့အမှုမှာ အားပေးကူညီမှုနဲ့ တချို့က လက်နက်မှု ပါတယ်။ လူသတ်မှုနဲ့တော့ မစွဲထားဘူး” ဟု အမိန့်ချမှတ်ခံရသူထဲတွင် ပါဝင်သူတဦးဖြစ်သည့် ဗိုလ်မှူးဟောင်း ဦးမြင့်ဦးကို ကူညီဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောသည်။
ထိုသို့ အမိန်ချခံရသူထဲတွင် ပါဝင်သည့် တရားခံ ၅ ဦးသည် အမှုတွင် ပါဝင်ပတ်သတ်မှု မရှိဘဲ ထောင်ဒဏ် ချခံနေရကြောင်း၊ တရားခံများ အတွက် ဆက်လက်ပြီး အယူခံ ဝင်သွားမည် ဖြစ်ကြောင် ၎င်းက ဆက်ပြောသည်။

အိုဘားမားက ၄င်း၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် မင်္ဂလာဆောင် တစ်ခုကို နေရာပြောင်းရွှေ့စေခဲ့ ရသဖြင့် တောင်းပန်



အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ဟာဝိုင်ယီရှိ ၄င်း ၏ ဂေါက်ကစားပွဲ အစီအစဉ်ကြောင့် မင်္ဂလာပွဲတစ်ခုကို နေရာပြောင်းရွှေ့ စေခဲ့သဖြင့် ထိုဇနီးမောင်နှံအား တောင်း ပန်စကားပြောကြားခဲ့သည်။
အိုဘား မားသည် ဟာဝိုင်ယီသို့ မိသားစုအ ပန်းဖြေခရီးလာရောက်မည်ကို သိသ ဖြင့် စစ်တပ်မှဗိုလ်ကြီးများဖြစ်သော ထိုဇနီးမောင်နှံက အိုဘားမားကို မင်္ဂလာဆောင်သို့ လာရန် ဖိတ်ကြားခဲ့ ကြောင်း ဘလွန်းဘတ်သတင်းများ အရ သိရသည်။
နာတာလီဟီမယ်လ်နှင့် အက် ဒဝပ်မယ်လူဂျေအာတို့သည် ၄င်း၏ ဖိတ်ကြားချက်ကို သမ္မတက ပယ်ချ ခဲ့သော်လည်း ဆုမွန်ကောင်းများ ပို့ သကြောင်း ဒီဇင်ဘာ ၂၇က စာတစ် စောင်လက်ခံရရှိခဲ့သည်။
ဒီဇင်ဘာ ၂၇ရက် ညဘက်တွင် သမ္မတ၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် ဟာ ဝိုင်ယီရေတပ်စခန်းတည်ရှိရာ ဂေါက် ကွင်းအနီးရှိ မင်္ဂလာခန်းမတွင် ကျင်း ပမည့် မင်္ဂလာပွဲကို တခြားနေရာသို့ ပြောင်းလဲကျင်းပရန် ပြောကြားခဲ့သည်။
''ဒါဟာ စိတ်ထိခိုက်စရာပါပဲ၊ အထူး သဖြင့် သူမအတွက်ပေါ့၊ သူမဟာ သတို့သမီးတစ်ယောက်ဖြစ်တယ်၊ ၂၄ နာရီ မပြည့်ခင်အချိန်လေးမှာ သူတို့ တွေ စီစဉ်ထားခဲ့တဲ့ အရာတွေအား လုံး ပြောင်းလဲသွားခဲ့တယ်''ဟု သတို့ သား၏ အစ်မဖြစ်သူက ပြောသည်။

ကရင်ရွာမှ ပဟေဠိလူသား

အိမ်ဦးခန်း ဘုရားစင်ရှေ့ ပလ္လင်ပေါ်တွင် သစ်လွင်တောက်ပသော အ၀ါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိုင်နေသည်။ ပလ္လင်ရှေ့တွင် ၀တ်ဖြူစင်ကြယ်နှင့် သက်ကြီးရွယ်အို နှစ်ဆယ်ခန့်က လက်အုပ်ချီမိုး ရှိခိုးနေကြသည်။ ပေနှစ်ဆယ်ပတ်လည်ခန့်သာကျယ်သည့် ထိုအိမ်လေးပေါ်တွင် လူအပြည့်ဖြစ်သည်။ ထို့ကြောင့် ၀တ်ဖြူစင်ကြယ်ဝတ်အချို့မှာ အိမ်ရှေ့မြေကွက်လပ်မှနေ၍ပင် ၎င်းရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီလျက်။

29.12.2014 မှ 4.1.2015 ထိ ၇ ရက်ဟောစာတမ်း

တနင်္ဂနွေ 

နှစ်သစ်မှာ စိတ်သစ် လူသစ် စွမ်းအားသစ်တွေနှင့်သင်အောင်မြင်မှုရပါလိမ့်မည်။ ရန်သူကလည်း မိတ်ဆွေဖြစ်လို့ မိတ်ဆွေ သူငယ်ချင်းကလည်းချစ်သူဖြစ်လာပါလိမ့်မည်။ အချစ်ရေးအဆင်ပြေ၍ လက်ထပ်ပွဲဖြစ်ကိန်းရှိပါသည်။ ပြီးလျှင် ချစ်သူနှင့်ခွဲခွာပြီး ခရီးထွက်ရပါလိမ့်မည်။ အလုပ်ရာထူးတက်ရမည်။ ပြောင်းရွှေ့မှုဖြစ်မယ်။ ငွေဝင်မယ်။ ရွှေ၊ စက်၊ မြေတို့ဝင်မယ်။ ထွက်နေသောပစ္စည်းများလည်းပြန်ဝင်လာမယ်။

အကျိုးပေးဂဏန်း - ၂၊ ၅၊ ၇။

ကျောက်မဲ မြို့မဈေးကြီးအနီးတွင် လက်နက်ကိုင်တစ်ဦးက လူအုပ်ထဲသို့ သေနတ်နှင့်ပစ်၊ လူတစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့လယ်ရှိ မြို့မဈေးကြီးအနီး လူစည်ကားသည့် နေရာတွင် လက်နက်ကိုင်တစ်ဦးက သေနတ်ဖြင့် လူအုပ်ထဲသို့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်မဲမြို့မရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့မဈေးကြီးအနီး လူစည်ကားသည့် နေရာသို့ လက်နက်ကိုင်တစ်ဦးက ဆိုင်ကယ်စီးနင်း ဝင်ရောက်လာပြီး လူအုပ်ထဲသို့ သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများထံမှ သိရှိရသည်။

ပစ်ခတ်မှုကြောင့် ယင်းနေရာအနီးတွင် ဆိုင်ကယ်အပ်နှံ လက်ခံနေသူ အသက် ၅၂ နှစ်အရွယ်ရှိ စစ်မှုထမ်းဟောင်း ဦးကျော်မိုး၏ ညာဘက်တင်ပါးနှင့် ရင်ဘတ်တွင် ကျည်ဆန် ထိမှန်ခဲ့ပြီးနောက် ဆေးရုံသို့ လွှဲပြောင်းကုသသော်လည်း သေဆုံးခဲကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

တရုတ် နိုင်ငံသား (၉) ဦး ဒဏ်ရာ ရရှိခဲ့သည့် အတွက် အမှုဖွင့်

ယခုလ (၂၂) ရက်နေ့ နှင့် (၂၃) ရက်နေ့တို့တွင် ကြေးနီ စီမံကိန်း အတွင်း ခြံစည်းရိုး ကာရံသည်ကို ဒေသခံ များက တားဆီးခဲ့စဉ် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် တရုတ် နိုင်ငံသား ကိုးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အပေါ် မြန်မာဝမ်ပေါင် ကုမ္ပဏီက ဒေသခံများအား အမှုဖွင့် တိုင်တန်း ထားကြောင်း ဆားလင်းကြီး မြို့မ ရဲစခန်းမှ သိရသည်။

ခြံစည်းရိုး ခတ်နေစဉ် ဒေသခံ များနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေနတ် ကျည်ထိမှန် ကာ သေဆုံး သွားခဲ့ပြီး ဒေသခံ (၂၀) နီးပါး ထိခိုက် ဒဏ်ရာ များလည်း ရရှိခဲ့ပြီး တရုတ် နိုင်ငံသား များနှင့် ရဲတပ်ဖွဲ့ ဝင်များလည်း ဒဏ်ရာ အသီးသီး ရရှိ ခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် သတ်မှတ်ရန်၊ နိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆုံးဖြတ်

ဘင်္ဂါလီ (မူရင်းသတင်း တွင် ရိုဟင်ဂျာဟု သုံးနှုန်းထား)လူနည်းစုများကို နိုင်ငံသားအဖြစ် လုံးဝသတ်မှတ်ပေးရန်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာ ခွင့်ပြုရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ က ဒီဇင်ဘာ ၂၉ရက် တွင် အတည်ပြုလိုက်သည်။

ရိုဟင်ဂျာ ၁ ဒသမ ၃ သန်း သည် တည်ဆဲဥပဒေများအရ နိုင်ငံသားဖြစ်ခွင့် ငြင်းဆိုခံနေရ ပြီး နိုင်ငံမဲ့များအဖြစ် အခွင့်အရေး များဆုံးရှုံးနေကြောင်း၊ အေပီ၊ စီအင်န်အေ အပါအ၀င် နိုင်ငံတကာ

တပ်မတော် စီးပွားရေးမလုပ်ရန် နိုင်ငံတော်က ထောက်ပံ့ ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရသစ် လက်ထက်တွင် တပ်မတော်မှ စီးပွားရေး လုပ်ဆောင်ခြင်း မပြုရန်အတွက် တပ်မတော်သားများ လိုအပ်ချက်ကို နိုင်ငံတော်က ထောက်ပံ့ပေးရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

KIO သင်တန်းကျောင်း ပစ်ခတ်ခံရမှု မဖြေရှင်းပေးရင် ငြိမ်းချမ်းရေး ဆက်မဆွေးနွေးနိုင်ဟုဆို

KIO/KIA အဖွဲ့ရဲ့ ဗိုလ်လောင်း သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မဖြေရှင်းပေးရင် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေကို အကန့်အသတ် မရှိ ရပ်ထားမယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဆီကနေ သိရပါတယ်။
“မဖြေရှင်းပေးရင် တွေ့ဖို့ အကြောင်းမရှိဘူးလို့ ကေအိုင်အိုဘက်က သဘောထား ရှိတယ်” လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးဒေါင်ခါရ်းက ပြောပါတယ်။

အချိန်အခါမဟုတ် မိုးရွာနိုင်

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ မိုးလေဝသ တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ ညနေမှ နောက် ၃ ရက်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း

ဆန္ဒပြ ကျောင်းသားတွေကို အမိန့်ချပြီ

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ခဲ့လို့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ခံထားရတဲ့ တောင်ငူခရိုင် ဗကသ အဖွဲ့ဝင် ကျောင်းသား နှစ်ယောက်နဲ့ လိုက်ပါ ကူညီသူ တစ်ဦးကို တောင်ငူမြို့နယ် တရားရုံးက ဒီနေ့မှာ တစ်ယောက်ကို ဒဏ်ငွေ ကျပ်တစ်သောင်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။

“ရုံးတော်မှာပဲ ဒဏ်ငွေ ဆောင်ခဲ့လိုက်တယ်။ တစ်ယောက်က ပြင်ပက ကူညီတဲ့သူ။ ကျွန်တော်နဲ့ ကိုထွန်းအောင်ကျော်က ကျောင်းသားတွေပါ” လို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့လို့ ဒဏ်ငွေဆောင်ခဲ့ရတဲ့ တောင်ငူခရိုင် ဗကသဥက္ကဌ ကိုလောရင့်ကျော်ကျော်က ဆိုပါတယ်။

ဆန္ဒပြ ကျောင်းသားတွေကို အမိန့်ချပြီ

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ခဲ့လို့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ခံထားရတဲ့ တောင်ငူခရိုင် ဗကသ အဖွဲ့ဝင် ကျောင်းသား နှစ်ယောက်နဲ့ လိုက်ပါ ကူညီသူ တစ်ဦးကို တောင်ငူမြို့နယ် တရားရုံးက ဒီနေ့မှာ တစ်ယောက်ကို ဒဏ်ငွေ ကျပ်တစ်သောင်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။

“ရုံးတော်မှာပဲ ဒဏ်ငွေ ဆောင်ခဲ့လိုက်တယ်။ တစ်ယောက်က ပြင်ပက ကူညီတဲ့သူ။ ကျွန်တော်နဲ့ ကိုထွန်းအောင်ကျော်က ကျောင်းသားတွေပါ” လို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့လို့ ဒဏ်ငွေဆောင်ခဲ့ရတဲ့ တောင်ငူခရိုင် ဗကသဥက္ကဌ ကိုလောရင့်ကျော်ကျော်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေများ


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ဒီဇင်ဘာ ၃၀ ရက်တွင်ပြည်တွင်းပြည်ပ သတင်းထောက် များနှင့်တွေ့ဆုံ၍ အချိန် လေးဆယ့် ငါးမိနစ်ကြာသတင်း စာရှင်းလင်း ပွဲတစ်ရပ်ပြု လုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲ၏ ခေါင်းစဉ်ကို သတ်မှတ်ထားခြင်းမရှိဘဲ သတင်း ထောက်များ မေးမြန်းသော မေးခွန်းများအားလုံးကို ဖြေကြား ပေးခဲ့သည်။ သတင်းစာရှင်းလင်း ပွဲတွင်  Education Digest၊ ပြည်သူ့ခေတ်၊ ပေါ်ပြူလာနယူး၊ မဇ္ဈိမ၊စံတော်ချိန်၊ 7 Day Daily၊ TheVoice၊ MITV၊  5 Plus၊ AP၊ AFP၊ CCTV၊ ကုမုဒြာ၊ နိပွန် TV၊ ယူမီယူရီ၊ဧရာဝတီ၊ The Farmer သတင်းဌာနများက မေးခွန်းများမေးမြန်း ခဲ့ပြီး   စာဖတ်ပရိသတ်များအ တွက် အမေးအဖြေများကို ကောက်နုတ် ဖော်ပြပေးလိုက်ရပါသည်။

သစ်တောဝန်ထမ်း လေးဦးအသတ်ခံရမှု နိုင်ငံတော်အဆင့် ဖြေရှင်းမည်

သစ်တောဝန်ထမ်းလေး ဦးသေဆုံးမှုနှင့် ပတ်သက်၍ အမှု မှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံ တော် အဆင့်ဖြေရှင်းသွားမည်ဖြစ် ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ယခုသေဆုံးမှုနှင့်ပတ်သက် ၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သမ္မတရုံးသို့ အမှုမှန်ပေါ်ပေါက် ရေးအတွက် နိုင်ငံတော်အဆင့်ဖြေ ရှင်းရန် အဆင့်ဆင့်တင်ပြထား ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင်လည်း ထည့်သွင်းဆွေး နွေးသွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

ပျောက်ဆုံး Air Asia မှ ရုပ်အလောင်း ၄၀ ကျော်ရှာတွေ့

Photo: ပျောက်ဆုံး Air Asia မှ ရုပ်အလောင်း ၄၀ ကျော်ရှာတွေ့ 

ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၄

တနင်္ဂနွေနေ့က မုန်တိုင်း ကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိ သူတွေက ပြောပါတယ်။

Borneo ကျွန်းအနောက် တောင်ဘက် မိုင် ၁၀၀ အကွာလောက်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ဒီနေ့ ထုတ်လွှင့်ပြသပါတယ်။

အသက်ကယ်အင်္ကျီမပါတဲ့ ရုပ်အလောင်းတွေ Java ပင်လယ်ထဲမှာ မျောနေတဲ့ပုံတွေကို တွေ့ရတော့ ဒီလေယာဉ်ခရီးစဉ်မှာ ပါသွားကြသူ ၁၆၂ ဦးရဲ့ မိသားစုတွေ အချင်းချင်းပွေ့ဖက်ပြီး ငိုကြွေးခဲ့ကြပါတယ်။ ညရောက်လာတဲ့အထိ  လေယာဉ်ပျက်ကျတဲ့ထဲမှာ ပါသွားတဲ့ ခရီးသည်တွေထဲက လေးပုံ တပုံလောက်ရဲ့ အလောင်းတွေကိုပဲ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက်ရှင် ကျန်ရစ်သူတယောက်မှ ရှာမတွေ့ပါဘူး။ လိမ္မော်ရောင် အသက်ကယ်ဝတ်စုံတစုံ၊ ခရီးဆောင်သေတ္တာ၊ အနီနဲ့ အဖြူရောင်သုတ်ထားတဲ့ အရေးပေါ်တံခါးလို့ ယူဆရတာတွေ အပါအဝင် လေယာဉ်ကနေ ပြုတ်ကျတဲ့ ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး မကြာခင်မှာပဲ ရုပ်အလောင်းတွေ တွေ့ရှိတာပါ။

ရေမျက်နှာပြင်အောက်မှာ အရိပ်ကြီးတခုကို တာဝန်ရှိသူတွေ တွေ့ရှိထားပြီး ပျက်ကျတဲ့ လေယာဉ်ကိုယ်ထည်လို့ ယူဆရပါတယ်။ ပင်လယ်ထဲမှာ တွေ့ရတဲ့ အပျက်အစီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကနေ စင်္ကာပူနိုင်ငံဆီကို တနင်္ဂနွေနေ့က ပျံသန်းတဲ့ နှစ်နာရီကြာ ခရီးတိုအတွင်း လမ်းထက်ဝက် လောက်မှာ ပျောက်ဆုံးသွားတဲ့ Airbus A320-200 လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေ ဖြစ်တယ်လို့ Air Asia က အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အတည်ပြုသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
တနင်္ဂနွေနေ့က မုန်တိုင်း ကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိ သူတွေက ပြောပါတယ်။

Borneo ကျွန်းအနောက် တောင်ဘက် မိုင် ၁၀၀ အကွာလောက်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ဒီနေ့ ထုတ်လွှင့်ပြသပါတယ်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ အလံတင်အစည်းအဝေးတွင် အိန္ဒိယ၏ကျူးကျော်မှုများ ဖယ်ရှားရန် တောင်းဆို

အိန္ဒိယ- မြန်မာနှစ်နိုင်ငံ နယ်ခြားစောင့်တပ်များအလံတင် အစည်းအဝေး၌ နယ်စပ်မိုင်တိုင် ခုနစ်ခုတွင် အိန္ဒိယနိုင်ငံက ကျူး ကျော်ထားသော အခြေခံအ ဆောက်အအုံများ ကိုဖယ်ရှားပေးရန် မြန်မာအစိုးရကတောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံက ကျူးကျော် ထားသော မြေနေရာအကျယ်အ ၀န်းမည်မျှရှိသည်ဆိုသောအချက် အလက်များကို မြန်မာ့တပ်မ တော်က စတင်စုဆောင်းနေပြီး လာမည့်နှစ်အတွင်း ကျင်းပမည့် နှစ်နိုင်ငံနယ်ခြားစောင့်တပ်အလံ တင်အစည်းအဝေး၌ အိန္ဒိယအစိုး ရကို ဖိအားပေးပြောဆိုသွားရန် ပြင်ဆင်နေကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။

လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ အသက် ၁၀၀နှင့်အထက် ဘိုးဘွားများအား သမ္မတက ဂုဏ်ပြုလက်မှတ်နှင့် ထောက်ပံ့ငွေ ပေးအပ်မည်

(၆၇)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အ ဖြစ် တစ်နိုင်ငံလုံးရှိ အသက်၁၀၀ နှင့်အထက် အဘိုးအဘွား ၅၀၀ ကျော်အား နိုင်ငံတော်သမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုးထား သော ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ ကြေးများ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် က ပြောသည်။

‘‘နိုင်ငံတကာမှာလည်း သက် ကြီးရွယ်အိုတွေအတွက် ပြုလုပ်ပါ တယ်။ အသက်ရှင်နေထိုင်နိုင်တဲ့ ဘိုးဘွားတွေအတွက် နိုင်ငံတော် က ချီးမြှင့်တာပါ’’ဟု ယင်းဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်စံစံ အေးက ပြောသည်။

ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့အတူ အိပ်တဲ့ပုံစံ၊ ကိုယ်ခန္ဓာအနေအထားတွေက သင်တို့အချစ်ရေး ဘယ်လိုရှိတယ်ဆိုတာ ပြောပြနိုင်


ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူအိပ်တဲ့အခါ သင်တို့နှစ်ဦးရဲ့ အိပ်စက်ပုံအိပ်စက်နည်းတွေက သင်တို့ရဲ့အချစ်ရေးက ဘယ်လိုရှိတယ်ဆိုတာ ထောက်ပြပေးနေသလိုပါပဲ။ ခန္ဓာဗေဒက ပြောပြပေးတဲ့ တိကျတဲ့အရာတွေထဲမှာ ဒီ အိပ်စက်တဲ့ပုံစံတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ခြွင်းချက်တွေအနေနဲ့ ရှိမနေဘူးလားလို့ မေးလာရင်တော့ ရှိကောင်းရှိနိုင် တယ်လို့ ဆိုရပါလိမ့်မယ်။ ကိုယ့်ချစ်သူက ကိုယ့်အနားက ခပ်ခွာခွာအိပ်တတ်လို့ အချစ်ရေး

အစိုးရတပ်နှင့် ကေအိုင်အေ ကာမိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့ ကာမိုင်းမြို့ နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကေအိုင်အေစခန်းတစ်ခု သိမ်းပိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၈ ရက် ညနေက ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ရှိ ဟွေကြောစခန်းကို မြန်မာ့ တပ်မတော် ခမရ(၅) လက်အောက်တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကေအိုင်အိုဘက်က ပြောသည်။

‘‘အင်အားခုနစ်ဦးပဲရှိတဲ့ စခန်းကို ၀င်သိမ်းတာ။ မနေ့ကအထိ စခန်းပြန်ရဖို့ တိုက်နေတယ်။ ဒီနေ့ အခြေအနေတော့ မသိရသေးဘူး’’ဟု ကေအိုင်အိုအလုပ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။