Friday, September 6, 2013

ဒိုင်းမွန်းပလာဇာငါးလွှာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ခုန်ချသေဆုံး

မန္တလေးလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄ လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း များအရ သိရသည်။

တစ်နှစ်ကျော်ကြာ သိန်း ၁၅၀၀ လာမထုတ်သည့် ထီကံထူးရှင်ရှိနေ

တစ်နှစ်ကြာသည်အထိ လာမထုတ်သော ကျပ်သိန်း ၁၅၀၀ ထီပေါက်သည့် ကံထူးရှင်ရှိနေပြီး ၎င်းမှာပြီးခဲ့သည့် နှစ် စက်တင်ဘာလတွင် ပေါက်ခဲ့သည့် ထီနံပါတ်ဖြစ်ကာ တစ်နှစ်ကြာ ယခုလကုန်အထိ လာရောက် ထုတ်ယူ မှု မရှိပါက ယင်းငွေကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းမည်ဖြစ်သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမ ကိုပြော သည်။

မြစ်ဆုံပြန်စရန် တရုတ် - အာဆီယံပြပွဲတွင် တရုတ်အစိုးရ ထပ်မံကမ်းလှမ်း

Photo: မြစ်ဆုံပြန်စရန် တရုတ် - အာဆီယံပြပွဲတွင် တရုတ်အစိုးရ ထပ်မံကမ်းလှမ်း 
Friday, September 6, 2013

ပြည်လုံးကျွတ်ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီးနောက် သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းလိုက်သော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်ရန်အတွက် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရောက် ရှိခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ထံ တရုတ်အစိုးရက ထပ်မံကမ်းလှမ်းလိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ဖြစ်ထွန်းစေသော စီမံကိန်းဖြစ်၍ တရုတ်အစိုးရက စီမံကိန်းပြန်စရန် မျှော်လင့်လျက် ရှိကြောင်း အခမ်းအနား တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Jin Honggen က ပြောကြားခဲ့ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရအကြီးအကဲများ မဟာဗျူဟာမြောက် စီမံကိန်းများ ဖော်ဆောင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများသည် မြစ်ဆုံ စီမံကိန်း အမြန်ဆုံး ပြန်လည် ဆောင်ရွက်နိုင်သည့် အခြေအနေများ ဖန်တီးလာနိုင်ကြောင်း တရုတ်နိုင်ငံအခြေစိုက် မြစ်ဆုံ စီမံကိန်း ပြန်လည် ဖော်ဆောင်ရေး အကြံပေးအရာရှိများက ထုတ်ပြန် ပြောကြားခဲ့ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။ 

“ဒီစီမံကိန်းကို မလုပ်သင့်ဘူးလို့ပဲ ပြောရမယ်။ ဒီစီမံကိန်းကြီး လုပ်သင့်မလုပ်သင့်က ပြည်သူနဲ့ အစိုးရက ဆုံးဖြတ်ရမှာ။ ပြည်သူ့အသံကို နားထောင်တဲ့အစိုးရ ဆိုရင်တော့ ပြည်သူ့သဘောထားအတိုင်း လုပ်မှာပေါ့။ တရုတ်ဘက်ကလည်း ဒီစီမံကိန်းကြီးလုပ်ဖို့ တွန်းအားပေးမှာပဲ။ အဲဒီတော့ တရုတ်အနေနဲ့ ပြည်သူကို စည်းရုံးဖို့လိုတယ်။ စည်းရုံးဖို့ လုပ်မှာပါပဲ။ အခုက အီလည်လည် အခြေအနေကြီး ဖြစ်နေတယ်။ ပြည်သူ့ထောက်ခံချက်မရှိဘဲ လုပ်လို့မရဘူး။ ပြည်သူ့သဘောထားက အဓိကကျပါတယ်။ နောက်တက် လာ မယ့် အစိုးရသစ်ကလည်း အဲဒီအပေါ်မူတည်ပြီး ဆုံးဖြတ်မယ် ထင်ပါတယ်” ဟု ECODEV အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောကြား သည်။

အဆိုပါစီမံကိန်း စတင်ရန်အတွက် မြန်မာအစိုးရကပင် တရုတ်အစိုးရထံ ကနဦး တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ရပ်ဆိုင်းခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းမှာ စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုအပေါ် နားလည်မှု လွဲမှားနေခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဖော်ဆောင်ရေး ကော်ပိုရေးရှင်း၏ ဒုတိယအထွေထွေမန်နေဂျာက ပြန်လည် ပြောကြားထားသည်။

မြစ်ဆုံစီမံကိန်း၏ အကျိုးအမြတ် အများစုသည် တရုတ်နိုင်ငံအတွက်သာ အများဆုံး ရှိနေသည်ဟူသော အချက်မှာ လုံးဝမဟုတ်မှန်ဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်နိုင်ငံတို့မှ ပညာရှင် ၁၀၀ ကျော်တို့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်များ ရှိကြောင်း ၎င်းကပြန်လည် ရှင်းပြထားသည်။

ထို့အပြင် စီမံကန်း ရပ်ဆိုင်းခဲ့ရခြင်းသည် နှစ်နိုင်ငံလုံးအတွက် ဆုံးရှုံးမှုများ ရှိနေပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအတွက်လည်း အဟန့်အတားများ ဖြစ်စေနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း စတင်ရန် မြန်မာအစိုးရနှင့် တရုတ်အမျိုးသား စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့က ၂၀၀၃ ခုနှစ် မတ်လတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ 

အဆိုပါစီမံကိန်းကို ၂၀၁၇ ခုနှစ်အတွင်း အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၁၁၀ ဘီလီယံ ကီလိုဝပ် ရရှိမည်ဖြစ်ကာ မြန်မာနိုင်ငံတွက် ကီလိုဝပ် ခြောက်သန်း ရရှိမည် ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly
ပည်လုံးကျွတ်ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီးနောက် သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းလိုက်သော မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်ရန်အတွက် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြ ပွဲနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ထံ တရုတ်အစိုးရက ထပ်မံကမ်းလှမ်းလိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် တွင် ဖော်ပြ ထားသည်။

မွေးရာပါ ကလေး ခြေထောက်ခွင်ရောဂါ ကုသနိုင်

မြန်မာနိုင်ငံ အရိုးရောဂါ အထူးကု ဆရာဝန်များ၏ မွေးရာပါ ကလေးခြေထောက်ခွင် ရောဂါ ကုသရေးစီမံချက် စတင်နေပြီ ဖြစ်၍မကွေးတိုင်း ဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အခမဲ့ ကြည့်ရှုကုသပေးလျက် ရှိသည်။

အိနိ္ဒယဆပ်ကပ်များတွင် တိရစ္ဆာန်များအသုံးမပြုရန် တောင်းဆို

အိနိ္ဒယဆပ်ကပ်များတွင် တိရစ္ဆာန်များအသုံးပြုနေခြင်းအား ပိတ်ပင်ရေးအတွက် တောင်းဆိုသွားမည် ဖြစ်ကြောင်း တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၅ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားခဲ့သည်။