Monday, October 29, 2012

SSA နဲ့ မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး သဘောတူညီမှုမရ

ရှမ်းပြည်တပ်မတော်SSA တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSSနဲ့ အစိုးရအကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရတာကြောင့် ဆွေးနွေးပွဲဟာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲမှာ SSA တောင်ပိုင်းဖက်က အချက် ၁၀ချက် တင်ပြဆွေးနွေးခဲ့ပြီး နောက်ဆုံးအချက် ၂ချက်မှာ သဘောတူညီချက် မရခဲ့တာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကော့ကရိတ်တွင် ဗုံးကွဲ

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် ၇ ရပ်ကွက်ရှိ အစ္စလမ် ဘာသာ ဗလီ ၀တ်ကျောင်း အနီးတွင် ယမန်နေ့ ညပိုင်းက ဗုံး တလုံး ပေါက်ကွဲခဲ့သည်။ ဗလီ အဆောက်အအုံ အတွင်းသို့ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းရာ တလုံးသာ အုတ်နံရံနှင့် ထိမိ၍ ပေါက်ကွဲသွားပြီး ဗုံး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိဟု သိရကြောင်း ဒေသခံ တဦးက ပြောသည်။ ကော့ကရိတ်မြို့နယ် ရဲ တပ်ဖွဲ့မှူး ရုံးမှ ဒု ရဲအုပ် တဦးကလည်း ယင်း ဗုံးပေါက်ကွဲမူနှင့် ပတ်သက်၍ လတ်တလော စုံးစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ပြောသည်။ အမှတ် ၇ ရပ်ကွက် တွင် အစ္စလမ် ဘာသာဝင် အများစု နေထိုင်ကြောင်း သိရသည်။ 
From -ဧရာဝတီ

ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့က လူသတ်မှု တရားခံများ ဖမ်းမိ

ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ဟာမစ်တစ်ကားမှတ်တိုင်အနီးတွင် အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီခန့်က လူငယ်ကိုးဦးနှင့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦး အချင်းဖြစ်ပွားကြရာ၌ လူငယ်တစ်ဦးက ထိုအမျိုးသားအား သောက်ရေအိုးဖြင့် ဦးခေါင်းကို ရိုက်ခွဲကာ ကျန်လူငယ်များက ထိုးကြိတ်ကန်ကျောက်ကြရာမှ ထိုအမျိုးသား သေဆုံးခဲ့ရသည်။ ထိုအမှုတွင် ပြစ်မှုကျူးလွန်ခဲ့သော တရားခံများအား အောက်တိုဘာ ၂၄ ရက် နံနက် ၂ နာရီခန့်တွင်

ငွေယူ၍အဝေးသင်စာစဉ်ကိုယ်စား တင်ပေးနေသောဆရာများကြောင့် ကျောင်းသား/သူများ၏ အရည်အသွေးများကျဆင်းလာ


အဝေးသင်တက္ကသိုလ်တက် ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့်စာသင် နှစ်၏ ပထမနှစ်ဝက်နှင့် ဒုတိယ နှစ်ဝက်တို့တွင် သတ်မှတ်စာစဉ် များအား ကိုယ်တိုင်ရေးသားတင် သွင်းကြရပြီး စာစဉ်တင်သွင်းရာ ၌ ကျောင်းသား၏ လက်ရေးနှင့် စာမေးပွဲဖြစ်ဆိုရာ၌ ကျောင်းသား ၏ လက်ရေးနှစ်ခု ကွဲလွဲမှုရှိပါက (သို့) ကိုယ်စားဖြေဆိုတင်သွင်း ထာသည်အား စစ်ဆေးတွေ့ရှိရ ပါက စာစဉ်အား ပယ်ကာ

အခန်း ပေါင်း ၅၀၀၀ခန့်ပါ တန်ဖိုးနည်း အိမ်ရာစီမံကိန်း အကောင်ထည် ဖော်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် အခန်း ပေါင်း ၅၀၀၀ ခန့် ပါဝင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို သုံးနှစ်အတွင်း အပြီးသတ် အကောင် အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေး ဌာနမှ ဌာနမှူး ဦးချိုထွန်းအောင်က ပြောကြားသ
ည်။

မနန်းဝိုးဖန်၏ခင်ပွန်း အာမခံ ငြင်းပယ်ခံရ

အမှုရင်ဆိုင်နေရသည့် မနန်းဝိုးဖန်၏ ခင်ပွန်းကို မနန်းဝိုးဖန်၏ ဖခင်က နှစ်သိမ့်နေစဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
တရားမ၀င် အိမ်ခြံမြေ အရောင်းအ၀ယ်ဖြင့် တရားရုံးတင် ဖမ်းဆီးစစ်ဆေးခံနေရသော မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr. Namase Motohikoသည် စိတ်ကျရောဂါ၊ ဆီးချို၊ သွေးချိုရောဂါခံစားနေပြီး ကျန်းမာရေး ချို့ယွင်းလာသောကြောင့် အာမခံ လျှောက်ထားသည်ကို တရားရုံးက ငြင်းပယ်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဘာလဲ၊ ဘယ်လဲ

စက်တင်ဘာလက ပြည်တွင်းငြိမ်းချမ်းရေးကို ရန်ကုန်မြို့တွင် တောင်းဆိုဆန္ဒပြစဉ် (ဓာတ်ပုံ- ဧရာဝတီ)
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တရပ်ကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရွှေလီမြို့၌ တွေ့ဆုံကြမယ်လို့ သိရပေမယ့် ဒီဆွေးနွေးပွဲက ဘယ်လိုရလဒ်တွေပေါ်လာမလဲဆိုတာတော့ စိတ်လှုပ်ရှားစရာ သိပ်မကောင်းပါ။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် တာချီလိတ် လာမည်

ကမ္ဘောဒီးယား နိုင်ငံ ဆီယံယိဒ် နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၁၄ ရက် က ရောက်လာသည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်(ဓာတ်ပုံ – Reuters)
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့သို့ လာမည့် ဗုဒ္ဓဟူး နေ့တွင် လာရောက်မည်ဟု သတင်းရသည်။

ရခိုင် ဆူပူ အကြမ်းဖက်မူ နိုင်ငံခြားမှ အဖွဲ့တချို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ပြော


ရခိုင်ပြည်နယ် အတွင်း ဒုတိယ အကြိမ် တကျော့ပြန် ဖြစ်ပေါ်နေသော ဆူပူ အကြမ်းဖက်မူကို နိုင်ငံခြား အဖွဲ့အစည်းတချို့မှ နောက်ကွယ်က  ကြိုးကိုင် လူပ်ရှားခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ကသူ၏ ကျေညာချက် ထဲ မှတ ဆင့် ထုတ်ဖေါ် စွပ်စွဲ ပြောကြား လိုက်သည်။

ဗြိတိန် နိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက် မည်ဟု အယ်လ်ရှာဘတ် အဖွဲ့ ခြိမ်းခြောက်


http://3.bp.blogspot.com/-vYb1t8ufBrM/UIzqKNYOWDI/AAAAAAAAF3E/AWdDLhC-LeQ/s1600/www.myanmarexpress.net+00121.jpg  
ဗြိတိသျှ အစိုးရသည် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ အဘူဟမ်ဇ အယ်လ်မာဆီအား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးခဲ့ မှုကြောင့် ဗြိတိန် နိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက် သွားမည်ဟု ဆိုမာလီယာ စစ်သွေးကြွ များက ခြိမ်းခြောက် သတိပေး ခဲ့ကြောင်း သိရသည်။ ဗြိတိသျှ

"ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား"


ယမန်နေ.ည(၁၀)နာရီအချိန်က ဗိုလ်တစ်ထောင်မြို.နယ်၊ (၁၀)ရပ်ကွက် ၊သိမ်ဖြူလမ်းပေါ် စိန်ပေါလ် ကားမှတ်တိုင်အနီးတွင် ယာဉ်လေးစီးဆင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။  သိမ်ဖြူလမ်း အတိုင်း အနောက်မှအရှေ့သို့ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ်

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် သေဆုံး ၆၇ဦး၊ ဒဏ်ရာရ ၉၅ဦး၊ အိမ်ခြေ ၂၈၁၈ လုံး၊ ဘာသာရေး အဆောက်အဦး ၁၈လုံး ပျက်စီး


http://www.myitmakhamediagroup.com/administratorpanel/image/525582_485169784836839_947953581_n.jpg

၂၂ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သောရခိုင်ဒေသတွင်းပဋိပက္ခကြောင့် အောက် တိုဘာ၂၆ရက်နေ့ထိ စာရင်းအရ  ရခိုင်နှင့် ဘင်္ဂလီ စုစုပေါင်းသေဆုံးသူ ၆၇ဦး၊ ဒဏ်ရာရသူ ၉၅ ဦး၊အိမ်ခြေ ၂၈၁၈ လုံးနှင့် ဘာသာရေး အဆောက်အဦး ၁၈လုံးပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ် သတင်း

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မြန်မာနိုင်ငံဘက်မှ အမျိုးသမီး(၄)ဦးကို ထိုင်းနိုင်ငံ မယ်ကျန့် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ


http://3.bp.blogspot.com/-oLAX2JI6EnY/UI4GBYrzBJI/AAAAAAAAcNg/aIoLwemw8cc/s1600/shwe+myanmar+group.png

အောက်တိုဘာ(၂၆)ရက်နေ့ နံနက် ပိုင်းကထိုင်းနိုင်ငံချင်းရိုင်းခရိုင်မယ် ကျန့် မြို့ရှိ စစ်ဆေးရေးဂိတ်မှာ မူး ယစ်ဆေး ၀ါးများကို သယ်ဆောင်လာ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးကို မူးယစ်ဆေး ၀ါးများနဲ့အတူ ဖမ်းဆီးရမိကြောင်းထိုင်းနိုင်ငံမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ရခိုင်ပဋိပက္ခ ဒုက္ခသည်များ ရေရှည်ကူညီရန် ခက်



ရခိုင်ပြည်နယ်တွင် ထပ်မံဖြစ်နေသော ပဋိပက္ခများကြောင့် တိုးပွားလာသော ဒုက္ခသည်များကို ရေရှည်ကူညီပံ့ပိုးရန် အစိုးရအနေဖြင့် အခက်ကြုံ မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။လက်ရှိ အခြေ အနေ အရ တလလျှင် ကျပ်သိန်းပေါင်း ထောင်ချီ ထောက်ပံ့ပေးနေ

ရခိုင်ပြည်နယ်တွင် ရခိုင်အိမ်များ၊ ကားများကို လုံခြုံရေးများမှ ရှောင်တခင် စစ်ဆေး


၂၉.၁၀.၂၀၁၂ နှင့် ၂၈.၁၀.၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအ၀င် တခြားမြို့နယ်များ တွင်လည်း စစ်တပ်၊ နစက၊ လုံထိန်း၊ ရဲများစုပေါင်းပြီး ရခိုင်သားများ၏ လုပ်ငန်းခွင် ၊ အိမ်များကို ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုများ၊ မွှေနှောက်ပြီး ဓား၊

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တိမ်းရှောင်သူ အရေအတွက်တိုး (နောက်ဆုံးရသတင်း)


http://gdb.voanews.eu/D0A869E8-4C64-496E-ACF5-29989C874CCD_w268_r1.jpg

ရခိုင်ပြည်နယ်တွင်း သီတင်းတပတ်ကြာ အကြမ်းဖက်မှုတွေကြောင့် သေ ဆုံး သူ အနည်း ဆုံး ၆၀ ကျော် ရှိသွားပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့ က မြန်မာအစိုးရက ကြေညာခဲ့သလို လူပေါင်း ၂ သောင်းကျော် အိုးအိမ်မဲ့ အတိ ဒုက္ခရောက်နေ ကြတဲ့အကြောင်းကုလသမဂ္ဂကလည်း ပြော ဆို ထား

သမ္မတဆုံးဖြတ်ချက်ကို ကြိုဆိုဆန္ဒပြ



အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ရဟန်းသံဃာတချို့အပါအဝင် လူ ၁၅၀၀ ကျော်လောက်

ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀၀၊နစကတပ်ဖွဲ့ဝင်အင်အား ၁၀၀၀နှင့် တပ်မတော်တပ်ရင်း ၅၁ရင်းတို့ဖြင့် လုံခြုံရေးအင်အား ဖြန့်ကျက်ထားကြောင်း သိရ


ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀၀၊ န.စ.က တပ်ဖွဲ့ဝင်အင်အား ၁၀၀၀နှင့် တပ်မတော်တပ် ရင်း ၅၁ရင်းတို့ အား ဖြန့်ကျက်ထားပြီး ဆူပူအကြမ်းဖက်မှုများ ဖြိုခွဲနှိမ်နင်းရာ တွင် အသုံးပြုသည့် မျက်ရည်ယို ဗုံးအပါအ၀င် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ကရိယာများ လုံလောက်

ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် သေဆုံးဒဏ်ရာရရှိသူများနှင့် အိုးအိမ်စွန့်ခွာခဲ့ရသူများ ရှိ၍ ပြန်လည် နေရာချထားရေးသည် အဓိကအရေးပါသော ကဏ္ဍတစ်ခုဖြစ်လာ


842

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ၂၁ရက်က မင်းပြားမြို့မှစတင်ခဲ့ သည့် မတည်မငြိမ်မှုများမှာ အခြား မြို့နယ်များသို့ ကူးစက်သွားပြီး ခြောက် ရက် အတွင်း မြို့နယ်ခြောက်မြို့ နယ်တွင် အပြန်အလှန်မီးရှို့မှုများ၊ ရခိုင်နှင့် ဘင်္ဂါလီတိုက်ခိုက်မှုများ ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြင်းပြင်း ထန်ထန် နှိမ်နင်းခဲ့ကြောင်း သိရသည်။