Saturday, November 9, 2013

တပ်မတော်သို့ မိမိ ဆန္ဒအတိုင်း ၀င်လိုကြသည့် အမျိုးသမီး ဗိုလ်လောင်းများ၏ အဖြစ်အပျက်အချို့

မြန်မာ့တပ်မတော်တွင် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအဖြစ် တာဝန်ထမ်းဆောင်ရန် ရန်ကုန်တိုင်း တစ်တိုင်းတည်းမှ လျှောက်ထား သူဦးရေ သုံးထောင်ခန့် ရှိသည်အထိ လျှောက်ထားသူ များပြားလျက် ရှိပြီး ကြိုတင် မကြေညာသော ကန့်သတ်ချက် အချို့ကြောင့် လျှောက်ထားခွင့် မရခဲ့သူများ ရှိနေသည်။ 

ပခုက္ကူနှင့် ပေါက် ကားလမ်းပိုင်းပေါ်ရှိ ကျောချောင်းအတွင်း ချောင်းရေနည်းပါး သွားသော်လည်း ကားကြီးများ ဖြတ်ကူးရာတွင် စက်ချို့ယွင်းမှု မကြာခဏကြုံတွေ့

ပခုက္ကူ နှင့် ပေါက် ကားလမ်းပိုင်းပေါ်ရှိ ကျောချောင်းအတွင်း ချောင်းရေနည်းပါး သွားသော်လည်း ကားကြီးများ ဖြတ်ကူးရာတွင် ကားအင်ဂျင်များ အတွင်း ချောင်းရေ၀င်ရောက်မှုကြောင့် စက်ချို့ယွင်း မှုများ မကြာခဏ ကြုံတွေ့နေပြီး ကားငယ်များမှာ စက်ချို့ယွင်းမှု မဖြစ်စေရန် ကြိုးဖြင့် ဆွဲ၍ ဖြတ်ကူးနေရကြောင်း ခရီးသွားများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

အစိုးရက ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသော အရက်၊ ဘီယာနှင့် ၀ိုင်များကို ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အဆင့်မီဟိုတယ် အများစုကိုသာ တင်သွင်းခွင့်ပြုထား

အစိုးရက ကန့်သတ်ကုန် ပစ္စည်းအဖြစ် သတ်မှတ်ထားသော အရက်၊ ဘီယာနှင့် ၀ိုင်များကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အဆင့်မီဟိုတယ် အများစုနှင့် (Duty Free) အခွန်ကင်းလွတ်ခွင့် ပေးထားသော ဆိုင်များကိုသာ တင်သွင်းရောင်းချခွင့် ပေးထားကြောင်း သိရသည်။

အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးပြီး ဆောင်ရွက်ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သတိပေး

နိုဝင်ဘာ ၇ ရက်က ထားဝယ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် န၀မပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့ အနေဖြင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်

လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် တတိယမြောက် နေ့အဖြစ် ဆက်လက်ဆန္ဒပြ

8.1.1
နိုဝင်ဘာ ၈ ရက်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
တိုးမြှင့်ကောက်ခံသော လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ဆန္ဒပြမှုအရှိန် မြင့်မားလာပြီး ရန်ကုန်မြို့တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုကို နိုဝင်ဘာ ၈ ရက်၊ ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှု ယမန်နေ့များထက် ပိုမိုများပြားလာကြောင်း သိရသည်။

ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

တစ်နာရီ ၁၉၉ မိုင် နှုန်းနဲ့ တိုက်ခတ်နေတဲ့ ဟိုင်ရန် တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင် နိုင်ငံ ကုန်းတွင်း ပိုင်းကို သောကြာနေ့က ၀င်ရောက်ခဲ့ပြီး မနီလာမြို့ကို ဖြတ်သန်း တိုက်ခတ်သွားပါတယ်။

ဘောလုံးကွင်းထဲ ရေကူးလို့ သတိပေးခံရသူ ကစားသမား

ဆွမ်စီးအလယ်တန်း ကစားသမား ဂျွန်ဂျိုရှယ်ဗေးသည် ကာဒစ်ဖ်နှင့်ကစားခဲ့သည့် ဝေးလ်ဒါဘီပွဲစဉ်တွင် ကာဒစ်ဖ် ပရိသတ်များအား ရေကူးသည့် ပြုအမူ ပြုလုပ်ပြခဲ့သော်လည်း အက်ဖ်အေ၏အရေးယူခြင်း ခံရမည့် အရေးမှ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ 

အီးယူမှပေးသည့် GSP အခွင့်အရေး မြန်မာမှ စတင်ရရှိချိန်တွင် အိမ်နီးချင်း နိုင်ငံများမှာ EU ခံစားခွင့် ကုန်တော့မည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်

မြန်မာနိုင်ငံသည် အီးယူမှပေးသည့် GSP အခွင့်အရေး စတင်ရရှိချိန်တွင် အိမ်နီးချင်း နိုင်ငံများ၏ GSP ခံစားခွင့်မှာ ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် ယင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။

အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲ တောင်ကြီးမှာကျင်းပ

Photo: အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲ တောင်ကြီးမှာကျင်းပ
Saturday, November 9, 2013

ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် (ရှမ်းပြည်နယ်) က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆွေးနွေးပွဲတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်သူတွေပါဝင်လာအောင် ဆွေးနွေးပွဲကျင်းပတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း(ရှမ်းပြည်) အဖွဲ့ဝင် ကိုနေမျိုးက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ လက်ရှိတပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ ပြည်ထောင်စုစစ်တပ်ဖွဲ့စည်းပေါ်ပေါက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့သင့်မြတ်ရေးနဲ့ လက်ရှိ အုပ်ချုပ်ရေးအာဏာ ခွဲဝေကျင့်သုံးမှုပုံစံ စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရ.လ.လ.ဖ)၊ စတဲ့ အဖွဲ့တွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် (ရှမ်းပြည်နယ်) က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆွေးနွေးပွဲတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့



Photo: ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့
Saturday, November 9, 2013

ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို လူပွဲစားတွေက အလုပ်အကိုင်ကောင်းတွေရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဘုရားသုံးဆူ၊ ပဲခူး၊ ရန်ကုန်၊ ဘီလင်း ကျိုက်ထိုစတဲ့နေရာ အသီးသီးကနေ လာကြတဲ့ မြန်မာနိုင်ငံသား ၂၀ကျော်ကို နိုဝင်ဘာလ ၈ရက်နေ့ညပိုင်းမှာ ထိုင်းလူကုန်ကူးမူတိုက်ဖျက်ရေးရဲတွေရဲ့အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာဦးကျော်သောင်းက ဆိုပါတယ်။

"ဗမာက စုစုပေါင်း ၂၆ယောက်၊ ကျားက ၁၀ယောက်၊ မက ၁၆ယောက်။ သူဌေးက မဝင်နဲ့ ခြံထဲ မဝင်နဲ့၊ ဘာညာဆိုတော့ ရဲကား ၁၀စီးနဲ့ရဲ အင်အား ၄၀လောက်ကို သုံးတာ။ မနေ့က ရဲနှစ်ယောက်က အဲ့စက်ရုံပတ်ဝန်းကျင်ကို ဓာတ်ပုံလာရိုက်တာ၊ အဲ့သူဌေးက လက်နက်ရှိတယ်လို့ သတင်းရတဲ့အတွက် ဒီနေ့ ရဲတဝက်လောက်မှာ ကျည်ကာအကျီတွေပါတယ်။ ဝတ်ထားတယ်။"

ပလက်စတစ်အဟောင်းပစ္စည်းတွေကို သန့်စင်တဲ့ စက်ရုံဖြစ်ပြီး ပထုံဌာနမြို့နယ်ထဲက ရွာတရွာမှာ ရှိတာပါ။ စက်ရုံမှာရောင်းစားခံ ထားရတဲ့မြန်မာတွေကို ထွက်ပြေးမှာစိုးရိမ်ပြီး စက်ရုံပတ်လည်မှာ လျှပ်စစ်ဓါတ်အားများ လွှတ်ထားတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

"အဓိက မထွက်ပြေးအောင်ပေါ့နော်။ ထွက်ပြေးရင် လျှပ်စစ်ထိပြီးတော့၊ လျှပ်စစ်က ဝင်းအပြည့်မှာ အကုန်လုံးလွှတ်ထားတာ။ လျှပ်စစ်စီးတာက အမည်းရောင် အဲ့ဒီ့အစိမ်းရောင်ကို သွားထိရင် လျှပ်စစ်ထိတယ်။ အဲ့ဒီ့ကြိုးအနီကို ထိရင် လျှပ်စစ်မလိုက်ဘူး။ အဲ့လိုမျိုး။ ခြံစည်းရိုးပတ်ပတ်လည် သွယ်ထားတာဗျ။ ကျနော်တို့ အခန်းဘေးမှန်သမျကို သွယ်ထားတယ်။ မိန်း မချထားဘူး။ ထွက်ပြေးမယ်ဆိုရင် ရှော့ခ် လိုက်မယ်ပေါ့။ အဲ့လိုမျိုး တားထားတာ၊ အဲ့စက်ရုံ၊ အမှိုက်ရုံကြီးက ကြာပြီ။ အဲ့အမှိုက်တွေထဲက ရတဲ့ကော်တွေကို ရွေးယူတယ်။ ယူပြီးတော့ စက်နဲ့ပြန်ကြိတ်တယ်။ ကြာကြာနေတော့ လူက လုပ်မနိုင်ဘူး။ ဖျားတယ်။ နာတယ်။ အဲ့လို ဖျားလို့ နာလို့ တရက်နားလို့ဆိုရင်လည်း တရက်စာ ဖြတ်တယ်။"

ရဲတွေကက သံဆူးကြိုးတွေကြားမှာ လျှပ်စစ်စီးတဲ့ ကြိုးများကို စစ်ဆေးမူတွေ လုပ်ခဲ့တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်သူတွေကဆိုပါတယ်။

ပြန်လွတ်လာသူတွေထဲက အမျိုးသမီးတဦးကတော့ အခုလိုပြောပြပါတယ်။

" ဘယ်မှလည်း မသွားရ၊ ဘယ်မှလည်း မထွက်ရဆိုတော့ အဲ့လိုမျိုး ချုပ်ချယ်တာပေါ့နော်။ တရက်နားရင် နှစ်ရက်စာဖြတ်မယ်လို့ပြောတယ်။ ကျမတို့ကို ခြောက်တယ်ပေါ့။ အမျိုးမျိုးပေါ့နော်။ "

ပြန်လွတ်လာသူတွေဟာ ပွဲစားတွေရဲ့ ရောင်းစားတာကို ခံရပြီးတော့ ပိတ်လှောင်ခံထားခဲ့ရတယ်လို့ ဆိုပါတယ်။

"သမီးတို့လာတာက နာနတ်သီးရုံဆိုပြီး ခေါ်လာတာ။ အခုလာတာက အမှိုက်ကောက်တဲ့ရုံမှာ။ တအားကျဉ်းကျုပ်နေတာပဲ။ သူဌေးက အကုန်လုံး သိမ်းပိုက်ထားတယ်ပေါ့။ အကုန်လုံး ဘယ်မှ မပေးထွက်၊ မပေးလာ၊ ပါတဲ့ဖုန်းတွေကိုလည်း အကုန်သိမ်း၊"

ဘုရားသုံးဆူကနေ တဆင့် လူအုပ်စုတွေ လာကြတဲ့အခါမှာပွဲစားတွေက သူတိုတွေကို ကားတွေထဲ ဖွက်ပြီး သယ်ဆောင်လာပုံကိုလည်း လွတ်မြောက်လာသူတဦးကပြောပြပါတယ်။

"ပုလင်းကားလေ၊ ဘုရားသုံးဆူဆင်းတဲ့ကား၊ ဒါပေမဲ့ အလွတ်ပဲ ပုလင်းတွေပါတယ်။ အရည်တွေ မပါတော့ဘူး။ အဲ့တာအပြည့်ပဲ။ ကားခေါင်း ဒီဘက်နည်းနည်းကျော်လာရင် အခန်းတခန်းလုပ်ထားတယ်။ အခန်းထဲမှာ လူ၁၀ယောက်၊ ၁၂ယောက် ထားလို့ရတယ်။ အသက်ရူကျပ်တယ်ဗျ။ အန်တဲ့သူအန်၊ မူးတဲ့သူ မူး၊ ကျနော်တို့ မက်တပ်ရပ်တဲ့ ခေါင်းပေါ်မှာ ပန်ကာထားထားပေးတယ်။ အဲ့ဒီ့အခန်းကို အကုန်လုံးချပြီး ရှာမှ တွေ့နိုင်မယ်။"

အလုပ်ရှင်သူဌေး လင်မယား ၂ဦးနဲ့ မြန်မာပွဲစား ၃ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ် မြန်မာ၂၆ဦးနဲ့အတူ လာအိုနိုင်ငံသား ၂၄ဦးလည်းလွတ်မြောက်လာတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ကတော့ ၂၀၁၃ခုနှစ်အတွင်းမှာ လူကုန်ကူးခံရတဲ့အမူပေါင်း ၃၉မူထဲက လူ၂၅၇ယောက်ကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

VOA
ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထား ရတဲ့ မြန်မာနိုင်ငံ သား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။