မဟာစင်မုန်တိုင်းကို
လိမ္မော်ရောင် အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ
ညွှန်ကြားမှု ဦးစီးဌာနမှ မေ ၁၄ ရက် ည ၇ နာရီခန့်က တရားဝင်သတင်း
ထုတ်ပြန်သွားသည်။
Tuesday, May 14, 2013
CDMA 800 MHz နှစ်လရောင်းပြီးလျှင် မိုဘိုင်းဖုန်း ၃ မျိုးတစ်ပြိုင်နက် တည်းချပေးမည်
ယခုလက်ရှိချပေးလျက်ရှိသော ကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းကတ်များကို ဦးစွာရောင်း ချ ပေးရခြင်းသည် ယခုအချိန်၌လိုင်းအချောင်ဆုံးဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း ၊နောက်တစ်လကို CDMA 800 MHz များကိုသာဆက်လက် ရောင်းချပေးထားမည်ဖြစ်ကြောင်း၊ အကယ်၍ လိုင်းကျပ် သွားလျှင် နောက်ထပ်လိုင်းများချန်ထားတာအဆင့်သင့်ရှိကြောင်းသိရသည်။
တန်းမြင့် ဆန်စက် များ ဂျပန်နှင့် ပေါင်းထောင် မည်
မြန်မာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း Myanmar Agribusiness Public
Corporation (MAPCO)နှင့် ဂျပန်နိုင်ငံမှ မစ်ဆူရှီ(MITSURI)တို့ပူးပေါင်း ကာ တန်းမြင့်ဆန်ထုတ်လုပ် သည့်စက်ရုံများ ထူထောင် သွားရန် ရှိကြောင်း သိရသည်။
မိုးလေ၀သသတင်း (၂၀၁၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာကွက်ကျား၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ် တို့တွင်နေရာအနှံ့အပြားမိုးထစ် ချုန်းရွာခဲ့ပါသည်။
သယံဇာတ တူးဖော်ရေး လိုင်စင် တင်းကြပ်မည်
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်က ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် ကျပ်ငွေ ၃၀၉.၂၀၀ သန်း ရင်းနှီးမြှုပ်နှံ သည် (ဓာတ်ပုံ – Reuters) |
ဂျပန်တွင် ဖခင်တစ်ဦးက ၎င်း၏ကလေးနှစ်ဦးကို ဓားဖြင့် အသေ ထိုးသတ်
မနက်အစောပိုင်း (၂)နာရီခန့်တွင် အသက်(၁၃)နှစ်အရွယ် သားငယ်နှင့်
အသက်(၁၇)နှစ်အရွယ် သမီးဖြစ်သူ တို့အား ဖခင်က ဓားဖြင့် အသေထိုးသတ်ခဲ့ကြောင်း
သတင်းများက ဆိုသည်။
ဘင်္ဂ လားဒေ့ရှ် နယ်စပ် ဒုက္ခ သည် စခန်း များ မုန် တိုင်း ကာ ကွယ်ရေး လုပ်
မဟာစင် မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်မည်ဆိုသော
သတိပေးချက်များကြောင့် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်ရှိ ဘင်္ဂါလီ
ဒုက္ခသည်စခန်းများ ဖြစ်သည့် ကူတူပါလန်၊ လေဒါးနှင့် နော်ယာပါရာ
ဒုက္ခသည် စခန်းများကို သက်ဆိုင်ရာ INGO များက ကြိုတင်ကာကွယ်မှုများ ယမန်နေ့က
စတင်ပြုလုပ်နေသည်။
ဧရာဝတီမြစ်အတွင်းကျောက်မှပေါ်တော်မှုဘုရားတွေ့ရှိ မြစ်ကြီးနားမြို့တွင် ဘုရားဖူးများနဲ့စည်ကား
မြစ်ကြီးနားမြို့ခတ်ချိုကူးတို့ဆိပ်အနီးနေဦးမောင်မြင့်+ဒေါ်နှင်းဝေတို့ဇနီး မောင်နှံကဧရာဝတီမြစ်အတွင်းမှသဲကျောက်ကိုကားပေါ်တင်စဉ်ကျောက်တုံး လေးမှာလှ၍ဆီမီးပူဇော်ရန် အိမ်သို့ယူဆောင်လာပြီးဆီမီးပူဇော်ထားရာ ထူးဆန်းသလိုဖြစ်နေ၍ ကျောက်တုံးကို ကော်ပတ်စားကြည့် ရာမှ ကျောက်တုံးထဲတွင်ဘုရားပုံပေါ်နေသဖြင့် စကားများပြန့်နှံ့သွားရာ လာရောက်ကြည့်ရှုဖူးမျော်သူများလာ၍ ယခုအခါမြစ်ကြီးနားမြို့လယ်ကုန်း ရပ်ကွက်၊သောင်ဦးဘုန်းတော်ကြီးကျောင်းတွင် အပူဇော်ခံထားကြောင်းသိရှိရ သည်။
မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းလက္ခဏာ ရှေ့ပြေးများ ပြလာပြီ
စစ်တွေ (မဇ္စျိမ)။ ။ မိုးလေဝသနှင့် ဇလဗေဒဌာနမှ
သတင်းထုတ်ပြန်ထားသည့်အတိုင်း ရခိုင်ပြည်နယ် သို့ ဖြတ်သန်းတိုက်ခတ်မည့်
မဟာဆန်ဆိုင်ကလုန်းမုန်တိုင်းမှာ ယခုအခါ မုန်တိုင်းလက္ခဏာများ
ပြသ လာပြီဖြစ်ကြောင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဒေသခံများက ဆိုသည်။
ပျားရည်သည် ကမ္ဘာ့အတာရှည်ဆုံး အစားအစာ ဖြစ်
အမေရိကန် ဆေးပညာရှင်တို့ လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယခင် နှစ်ပေါင်း ၃ ထောင်ကျော်ကတည်းက သိမ်းဆည်းထားတဲ့ ပျားရည်ပုလင်းတစ်လုံးကိုတွေ့ရှိခဲ့ပြီး ဓာတုဗေဒပညာနဲ့ ပြန်လည် စစ်ဆေးလေ့လာချက်အရ စားသုံးဖို့ သင့်လျော်နေသေးကြောင်း တွေ့ရှိခဲ့ပါတယ်။
မီးကြိုးပေါက်နှင့်အလူမီနီယံမျဉ်းတံထိပြီး ဓါတ်လိုက်သေဆုံး
၁၂-၅-၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊
စိုက်ပျိုးရေး တက္ကသိုလ်ဝင်း၊ ဓါတုဗေဒဌာန ရှိ သံဇကာပျိုးခြံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် တောင်တွင်းကြီးမြို့၊ ရွှေအိုးကြီး(၂)ရပ်ကွက်နေ ဦးလှမင်း
မဟာဆန် မုန်တိုင်း မြန်မာနိုင်ငံအထက်ပိုင်းသို့ ဖြတ်သန်းမည်ဟု ခန့်မှန်း
ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည်စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း သို့ ဖြတ်သန်းမည်။ သို့ဖြစ် ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ
မင်းကင်းမြို့ ကလေးဝမြို့ ကလေးမြို့ တမူးမြို့ မော် လိုက်
ရန်ကုန်တိုင်း၌ အဓမ္မကျင့်မှု သုံးရက်လျှင် တကြိမ်၊ ကလေးများကို ကျူးလွန်မှု လေးလအတွင်း ၂၆ မှုရှိ
ရန်ကုန်တိုင်းအတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှုနှုန်းမှာ
သုံးရက်လျှင် တကြိမ်ခန့်ဖြစ်ပွားနေပြီး အသက်မပြည့်သေးသူ
မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း ၃၀ နီးပါးခန့်အထိ
မုန်တိုင်းအန္တရာယ် ကင်းဝေးစေရေး ရွှေ့ပြောင်းမည့် အစီအစဉ်အား စစ်တွေမြို့ ကမ်းခြေရှိ ဘင်္ဂါလီ ဒုက္ခ သည်များက ငြင်းဆန် လျက်ရှိ
ဓာတ်ပုံ- ကယ်ဆယ်ရွှေ့ပြောင်းပေးရေး ယာဉ်များ စောင့်ဆိုင်းနေစဉ် |
ရခိုင် ကမ်းရိုးတန်းသို့ မုန်တိုင်း ဝင်ရောက်ပါက မုန်တိုင်းနှင့်
ဒီရေလှိုင်း အန္တရာယ်ရှိသော စစ်တွေမြို့ ကမ်ြးေ ခရှိ ဘင်္ဂါလီ ဒုက္ခသည်များအား
အန္တရာယ် ကင်းမည့် မြို့တွင်းနေရာများ၊ နီးစပ်ရာ ဘင်္ဂါ လီ ရွာများ ရှိ
စာသင်ကျောင်း၊ ဗလီများနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် ပြည်နယ်
အစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင် များမှ မော်တော်ယာဉ်များ အသင့်
ပြင်ဆင်၍ ရွှေ့ပြောင်းနိုင်ရေး စီစဉ် ဆောင် ရွက်ပေးလျက် ရှိသည်။
တရုတ် ရဟတ်ယာဉ် သတင်း UWSA တရား ၀င် ရှင်းလင်း
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဦးသိန်းဇော် ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ဟာ ၀ ပြည် သွေး စည်း ညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆိုင်းရှိရာကို သွားခဲ့စဉ်မှာ မြန်မာသတင်းစဉ်အဖွဲ့လည်း ပါဝင်သွားခဲ့ရာ ၀ တိုင်းရင်းသားခေါင်းဆောင်တွေက တရုတ်ပြည်က စစ်သုံးရဟတ်ယာဉ်ရခဲ့တယ်ဆိုတဲ့ သတင်းကို တရားဝင် ငြင်းဆိုခဲ့ပါတယ်။
ဝက်ဘ်ဆိုက်မှတစ်ဆင့် မိုဘိုင်းဖုန်းသို့ တိုက်ရိုက်ငွေဖြည့်သွင်းနိုင်မည့် စနစ် ဆောင်ရွက်
ဝက်ဘ်ဆိုက်မှတစ်ဆင့်
မိုဘိုင်းဖုန်းသို့တိုက်ရိုက်ငွေဖြည့်သွင်းနိုင်မည့် ဝန်ဆောင်မှုတစ်ခုကို
စတင် လိုက်ကြောင်းသိရသည်။ www.topup.com.mm မှတစ်ဆင့်
ဆောင်ရွက်နိုင်မည်ဖြစ်ပြီး GSM, WCDMA, CDMA 800 MHz, CDMA 450 MHz
မိုဘိုင်းဖုန်း Network များအား ငွေဖြည့်သွင်းနိုင်မည် ဖြစ်ကြောင်း
ကလေးဖျက်ချတဲ့ ဆရာဝန် အပြစ်ရှိကြောင်း စီရင်ခံရ
အမေရိကန် ပြည်ထောင်စု ဖီလာဒဲလ် ဖီးယား ပြည်နယ်က ဆရာဝန် တယောက်ဟာ ဆင်းရဲတဲ့
အမျိုးသမီးတွေအတွက် ကလေးဖျက်ချပေးပြီး အရှင် မွေးလာတဲ့ ကလေး သုံးယောက်ကို
သတ်မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချခံ ခဲ့ရပါတယ်။
အမေရိကန် ပြည်ထောင်စု ဖီလာဒဲလ် ဖီးယား ပြည်နယ်က ဆရာဝန် တယောက်ဟာ ဆင်းရဲတဲ့
အမျိုးသမီးတွေအတွက် ကလေးဖျက်ချပေးပြီး အရှင် မွေးလာတဲ့ ကလေး သုံးယောက်ကို
သတ်မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချခံ ခဲ့ရပါတယ်။
၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ
မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ် |
မုန်တိုင်းနှင့်ပတ်သက်၍ သတိရှိရှိပြင်ဆင်မှု နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးဖြစ်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့်
ပတ်သက်၍ ယင်း ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်နိုင်ခြေရှိသည့် ဒေသများတွင်
ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်နေကြ ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း
၄၀ ၀န်းကျင်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များနှင့် ပတ်သက်၍
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ယခုနှစ် ဆိုင်ကလုန်း မုန်တိုင်းသက်ရောက်နိုင်ခြေ အတွက် ကြိုတင်ပြင်ဆင်မှုမှာ အမြင့်ဆုံး ဖြစ်နေကြောင်းလည်း သိရှိရသည်။
မိတ္ထီလာ အကြမ်းဖက်မှုအတွက် ၆ ဦးကို မေ ၂၁ မှာ စီရင်ချက်ချမည်
ပြီးခဲ့တဲ့မတ်လက မိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ
သံဃာတော်တစ်ပါး အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ ၇ ဦးထဲက ၆ ဦးကို လာမယ့်
မေလ ၂၁ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရ ပါတယ်။
မုန်တိုင်းသတင်း၊ ၁၄-၅-၂၀၁၃
၁၄-၅-၂၀၁၃ ရက် တနင်္လာနေ့ အင်္ဂါနေ့ နံနက် (၀၀း၃၀)နာရီအထိတော့ ခန့်မှန်းတဲ့ အတိုင်းဖြစ် မလာသေးပါ။
၁၄-၅-၂၀၁၃ ရက် တနင်္လာနေ့ အင်္ဂါနေ့ နံနက် (၀၀း၃၀)နာရီအထိတော့ ခန့်မှန်းတဲ့ အတိုင်းဖြစ် မလာသေးပါ။
“မဟာဆန်” မုန်တိုင်းနောက်ဆက်တွဲ သတင်း”
မဟာဆန်မုန်တိုင်းဝင်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ အိန္ဒိယ နိုင်ငံများမှ ပင်လယ်ရေကြောင်းဆိပ်ကမ်း တွေအားလုံး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် အသိပေး ထားပြီး၊ အရေးပေါ်အစီအစဉ်များ အားလုံး ကြိုတင်ပြင်ထားပြီးဖြစ်ကြောင်း ZeeNews. com အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
Subscribe to:
Posts (Atom)