Wednesday, February 19, 2014

စစ်ကိုင်းတိုင်းအတွင်း ကြိုးဆွဲချ၍ အဆုံးစီရင်မှု တစ်လအတွင်း လေးခုထိဖြစ်ပွား

စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီအတွင်း မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီးရင်သည့် သေမှုသေခင်း လေးခု ရှိသည်ဟု တိုင်းဒေသကြီး မှုခင်းဆေးပညာရှင် ဆရာဝန်တစ်ဦးက ဖဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကျောက်ထုတ်လုပ်ငန်းများကြောင့် ချောင်းသာဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာ

ချောင်းသာဒေသတစ်လျှောက်တွင် တရားမဝင်ကျောက်ထုတ်လုပ်ငန်း များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ အရှိန်မြင့်လာကြောင်း ဒေသခံများထံမှသိရသည်။

ထိုင်းအကျဉ်းထောင်တွင်အကျဉ်းကျခံနေရသူများအတွက် ဦးသိန်းညွှန့်လွှတ်တော်တွင်မေး

Photo: ထိုင်းအကျဉ်းထောင်တွင်အကျဉ်းကျခံနေရသူများအတွက် ဦးသိန်းညွှန့်လွှတ်တော်တွင်မေး
Wednesday, February 19, 2014

အမျိုးသားဒီမိုကရေစီပါတီ သစ်မှ သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွှန့်ကဖေဖော်ဝါရီ (၁၄) ရက်နေ့က ကျင်းပခဲ့သောပြည်သူ လွှတ်တော်အစည်းအဝေးတွင် ထိုင်းနိုင်ငံတွင်းအကျဉ်းကျခံနေရသူ မြန်မာနိုင်ငံအကျဉ်းသားများနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းကျနေသည့်ထိုင်းနိုင်ငံ အကျဉ်းသားများနှင့်စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်းခဲ့ကြောင်းသိရ သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း ၍ပြည်ထဲရေးဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကထိုင်းနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင်ပြစ် ဒဏ်ကျခံနေရသောမြန်မာနိုင်ငံ သားအကျဉ်းသားစုစုပေါင်း (၃၉၆၇) ဦးရှိရာ၊ အများဆုံးသည် မူးယစ်ဆေးဝါးပြစ်မှုများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံး အနေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန၊ တရားရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ကိုစုစုပေါင်း မြန်မာနိုင်ငံသားအကျဉ်းသား (၆၆၈) ဦးအတွက်ကိုလွတ်ငြိမ်းချမ်း သာခွင့်ရရှိရန်အကြိမ်ကြိမ်မေတ္တာ ရပ်ခံချက်အရထိုင်းနိုင်ငံအကျဉ်း ဦးစီးဌာနအနေနှင့် လွတ်ငြိမ်းချမ်း သာခွင့်ပေးရာတွင်မြန်မာနိုင်ငံသား ပါဝင်မှသာသက်ဆိုင်ရာမြန်မာသံရုံး ကိုအကြောင်းပြန်ကြားပေးမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံမှ လူသတ်မှု၊ မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုများနှင့် အဂတိလိုက်စားမှုတို့ဖြင့်ပြစ်ဒဏ် ကျအကျဉ်းသားများနှင့်စပ်လျဉ်း ၍လွတ်ငြိမ်းသက်သာခွင့်များပေး လေ့မရှိကြောင်းတို့ကိုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်အကျဉ်းသားလဲလှယ် လွှဲပြောင်းခြင်းဆိုင်ရာဥပဒေကိုရေး ဆွဲပြဌာန်းထားခြင်းများမရှိသေးသ ဖြင့်ထိုင်းနိုင်ငံနှင့် နားလည်မှုစာချွန် လွှာရေးထိုးနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းသိရ သည်။

မျိုးကျော်
The Hot News Weekly
အမျိုးသားဒီမိုကရေစီပါတီ သစ်မှ သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွှန့် ကဖေဖော်ဝါရီ (၁၄) ရက်နေ့က ကျင်းပခဲ့သောပြည်သူ လွှတ်တော်အစည်းအဝေးတွင် ထိုင်းနိုင်ငံတွင်း အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံအကျဉ်းသားများနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်း ကျနေ သည့် ထိုင်းနိုင်ငံ အကျဉ်းသားများနှင့်စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်းခဲ့ကြောင်းသိရ သည်။

ဘန်ကောက်အဓိကရုဏ်း ၅ ဦးသေဆုံး၊ ၆၅ ဦး ဒဏ်ရာရ

Photo: ဘန်ကောက်အဓိကရုဏ်း ၅ ဦးသေဆုံး၊ ၆၅ ဦး ဒဏ်ရာရ
Wednesday, February 19, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က ဆန္ဒပြပွဲအတွင်း အပြန်အလှန် သေနတ်ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ဒီန့မှာလည်း ဆန္ဒပြသမားတွေဟာ ထိပ်တိုက်တွေ့နိုင်မယ့် အခြေအနေ ရှိပါတယ်။

မနေ့က အဓိကရုဏ်းဟာ နိုဝင်ဘာလက စတင်ခဲ့တဲ့ အစိုးရကို ဖြုတ်ချရေး ဆန္ဒပြပွဲတွေအတွင်း ရဲတွေနဲ့ ဆန္ဒပြသမားတွေကြားမှာ အဆိုးရွားဆုံး ထိပ်တိုက်တွေ့မှုတခုဖြစ်ပါတယ်။

ဘန်ကောက်ဆေးရုံတွေကို စောင့်ကြည့်နေ တဲ့ Erawan Medical Center ရဲ့ အဆိုအရ ရဲ ၁ ဦး၊ ဆန္ဒပြသမား ၄ ဦး စုစုပေါင်း ၅ ဦးသေခဲ့ပြီး ၆၅ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ယင်းလပ် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ သပိတ်စခန်းတွေကို ရဲဘက်က သိမ်းပိုက်ဖို့ အစီအစဉ် မရှိတော့ဘူးလို့ လုံခြုံရေး အရာရှိတဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာ အစိုးရရဲ့ စပါးဝယ်ယူရေး အစိအစဉ်မှာ အဂတိလိုက်စားမှုတွေ ရှိနေတာကို လျစ်လျူရှုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ထားပါတယ်။

ဆူသပ် သွန်ဆူဘန် ခေါင်းဆောင်တဲ့ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့ပေါ်က အဓိက လမ်းဆုံကြီးတွေကို ဆက်ပိတ်ထားပါတယ်။ ထိုင်းနိုင်ငံရေးမှာ သက်ဆင်မိသားစုရဲ့ သြဇာလွှမ်းမိုးမှုကို အမြစ်ဖြုတ်ပြီး ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ လိုလားနေကြတာပါ။

တချိန်တည်းမှာ အစိုးရက စပါးဖိုးငွေ တောင်းဆိုတဲ့ နိုင်ငံအနှံ့က လယ်သမားတွေလည်း ဘန်ကောက်မြို့ပေါ်မှာ ဆန္ဒပြနေကြပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ အရင်လကတည်းက ဒီကိစ္စကို စုံစမ်းနေပြီး အမှုဖွင့်ထားလိုက်ပြီလို့ မနေ့က ပြောပါတယ်။ ၀န်ကြီးချုပ် ယင့်လခ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဖြေရှင်းချက် ပေးရမှာ ဖြစ်ပါတယ်။

DVB
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က ဆန္ဒပြပွဲအတွင်း အပြန်အလှန် သေနတ်ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ဒီန့မှာလည်း ဆန္ဒပြသမားတွေဟာ ထိပ်တိုက်တွေ့နိုင်မယ့် အခြေအနေ ရှိပါတယ်။

အိမ်ထောင်ရေး ကောင်းစေချင်လျှင်

Photo: အိမ်ထောင်ရေး ကောင်းစေချင်လျှင်
Wednesday, February 19, 2014

ယနေ့ ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရသည်။ “မိမိယောကျာ်း အိမ်ကပ်စေချင်လား??? အိမ်ထောင်ရေးအဆင်ပြေချင်လား??? မိမိမှ မိမိ တန်းတန်းစွဲ ဖြစ်စေချင်လား” ဆိုသည့် ဗေဒင်ကြော်ငြာတစ်ခု။

မိမိတို့ ဗုဒ္ဓဘာသာတွေက တော်တော်ဆိုးသည်။ လောကီမင်္ဂလာတွေ၊ ဗေဒင်တွေကို တော်တော်အားကို ကြသည်။ အိမ်ဝယ်မည်ဆိုလဲ ဗေဒင်မေးသည်၊ အိမ်ထောင်ပြုမည်ဆိုလဲ ဗေဒင်မေးသည်။ ယောကျာ်း အလုပ်ရှုပ်၍ အိမ်ပြန်နောက်ကျလဲ တောထင်တောင်ထင် ဗေဒင်မေးသည်၊ နောက်ဆုံး ကိုယ်ချစ်သူ ကိုယ့်နဲ့ စကားများရင်တောင် ဗေဒင်မေးသည်။

ကိုယ့်ယောကျာ်း အိမ်ကပ်အောင် ဗေဒင်ဆရာက ဘာလုပ်ပေးမည်နည်း??? အောက်လမ်းဆိုသည့် မကောင်းသည့် အတတ်ပညာနှင့်လား?? ဒါဆိုရင် ကိုယ့်ယောကျာ်း အကုသိုလ်ကံများနေသည့် အချိန်ဆို ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ သို့သော် ကိုယ်ချစ်သည့်သူကို အောက်လမ်းနှင့် ပြုစားရက်ပါလား????

ဒါဆို ယတြာချေသည့် နည်းလော??? ဆိုလိုသည်က ဘယ်ဂြိုဟ်တိုင်တွင် ဘာကပ် ဘာလှူစသည့် နည်းလော?? သိပ္ပံခေတ်လူသား တစ်ယောက်အနေနှင့် စမ်းစစ်ကြည့်သင့်သည်။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များတွင် အရဟံအစ ဘဂဝါအဆုံး ကိလေသာကုန်ခန်းအောင် လုပ်သည့် နည်းတွေပင်၊ ပူလောင်အောင် လုပ်သည့် နည်းမပါ။ မြတ်ဗုဒ္ဓက ဟောထားသည်။ “အတ္တဟိအတ္တနော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ ဒါဆို ဘယ်လိုလုပ်မည်နည်း??? မိမိ၏ ကံ၊ဥာဏ်၊ ဝီရိယကိုသာ အားကိုးသင့်သည်။

မိမိယောကျာ်း အိမ်ကပ်၊ သစ္စာရှိအောင် ကံအနေနှင့် မိမိကိုယ်တိုင် သစ္စာရှိသင့်သည်။ ကံကို ဖြည့်ကျင့်ပြီးလျှင် ဥာဏ်ကူ၍
(၁) သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် နေရမည်။
(၂) နှုတ်ပြောချိုသာ၍ ကိုယ်အမူရာသိမ်မွေ့ရမည်။
(၃) တစ်ဦးစကားကိုတစ်ဦး ဂရုစိုက်နားထောင်ရမည်။ လေးစားမှုအပြန်လှန်ရှိရမည်။
(၄) ပြဿနာတစ်ခုဖြစ်လျှင် ဒေါသကို ရှောင်ရမည်။
(၅) မိမိအိမ်ထောင်ဖက်၏ အပေါင်းသင်းတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။
(၆) အိမ်ထောင်ရေး နိုင်နင်းရမည်။
(၇) စာများများဖတ်၍ သွက်လက် ဖျက်လက်ရမည်။ (နုံအသူ မဖြစ်စေရ)

၁။ သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် နေရမည်။

ယောကျာ်းလေးများသည် မည်မျှချောမောနေပါစေ ညစ်ပတ်လျှင် မကြိုက်။ သေသေသပ်သပ်နှင့် သန့်သန့်ရှင်းရှင်းရှိလျှင် သဘောကျကျသည်။ ဆိုလိုသည်က မည်မျှချောမောပါစေ အစားစားလျှင် ပေတလူးခါနေလျှင် မကြိုက်ကြပေ။ မည်မျှချောပါစေ ညစ်ညစ်ပတ်ပတ်နေလျှင် သဘောမကျပေ။ ပါးတွင် မိတ်ကပ်မည်မျှ လိမ်းလိမ်း တစ်နေ့တစ်ခါမှ ရေမချိုးတတ်လျှင် သဘောမကျ။

၂။ နှုတ်ပြောချိုသာ၍ ကိုယ်အမူရာသိမ်မွေ့ရမည်။

မိန်းကလေးဖြစ်ပြီး နှုတ်ကြမ်းလျှာကြမ်းနှင့် ဆဲဆို၍ ရန်တွေ့တတ်လျှင် မည်သူမှ သဘောမကျ။

၃။ တစ်ဦးစကားကို တစ်ဦး ဂရုစိုက်နားထောင်တတ်ရမည်။ လေးစားမှု အပြန်လှန်ရှိရမည်။

ထိုအချက်လဲ အလွန်အရေးကြီးသည်။ ယောကျာ်းလေး တော်တော်များများသည် ကိုယ်ဖြစ်ချင်သည့် အရာကို တကူးတက မပြောတတ်။ နေ့စဉ် ပြောဆိုနေကျ စကားများတွင် ပြောပြောတတ်သွားသည်။ ဥပမာ-- တစ်ဦးနှင့် တစ်ဦး ပြောဆိုနေကျအတိုင်းတွင်ပင် ငါအခုသလော အလုပ်တွေပင်ပန်းတယ်ကွာဆို၍ ညှပ်ပြောတတ်သည်။ ထိုအရာကို ဂရုစိုက် နားမထောင်တတ်ပဲ အလုပ်မှ ပြန်ရောက်၍ ဟိုလိုက်ပို့ ဒီလိုက်ပို့ခိုင်းလျှင် မကြိုက်တော့ပေ။

၎။ ပြဿနာတစ်ခုဖြစ်လျှင် ဒေါသကို ရှောင်ရမည်။

ထိုအရာတော့ လူတိုင်းနားလည်သည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ဘာမှ မပြောသည်က ကောင်းသည်။ ထိုစကားကို နောက်နေ့မှပြောလဲ နောက်မကျ။ ထိုသို့မှ မဟုတ်ပဲ ပြဿနာဖြစ်ဖြစ်ခြင်း ဒေါနှင့်မောနှင့် ပြောလျှင် တစ်ဦးသိက္ခာတစ်ဦးချ၍ ပြောဆိုတတ်လာသည်။ ပြဿနာဖြစ်လာလျှင် နောက်နေ့မှ ပြောရအောင်ကွာဆို၍ နောက်ဆုတ်လိုက်တာ အကောင်းဆုံ ဖြစ်သည်။

၅။ မိမိအိမ်ထောင်ဖက်၏ အပေါင်းသင်းတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။

မိမိအိမ်ထောင်ဖက်၏ မိသားစု၊ သူငယ်ချင်းတွေကြားတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။ မိသားစုကြားတွင် ကိုယ့်အိမ်ထောင်ဖက် မျက်နှာရအောင်၊ အပေါင်းသင်းတွေကြားတွင် မျက်နှာရအောင် နေတတ်ရမည်။ ဆိုလိုသည်က မိသားစုဆိုလဲ ကိုယ့်အိမ်ထောင်ဖက် အဖေအမေကို နှုတ်ပြောချိုသာစွာ၊ ယဉ်ကျေးစွာဖြင့် နေကောင်းလား၊ ဘာလား နှုတ်ဆက်တတ်ရမည်။ ကိုယ့်အိမ်ထောင်ဖက် အိမ်သွားလျှင် အိမ်မှုကိစ္စတွေကို ကိုယ်နိုင်ရာ ကူညီပေးတတ်ရမည်။ အပေါင်းသင်းတွေကြားဆိုလဲ အတတ်နိုင်ဆုံး ချုပ်ချယ်တာကို ရှောင်သင့်သည်။ အပေါင်းသင်းတွေကြားထဲ “ရှင့်ကို ဘာမလုပ်နဲ့ ပြောထားတယ်မလား၊ ကျွန်မမကြိုက်ဘူးလေ” စသည့် နှစ်ကိုယ်ကြား ပြောသင့်သည့် ပြဿနာကို အများကြားတွင် မပြောသင့်။

၆။ အိမ်ထောင်ရေး နိုင်နင်းရမည်။

မိန်းကလေး တစ်ယောက်အနေနှင့် မချက်တတ် မပြုတ်တတ်ရင်တောင် ခိုင်းတတ်အောင်တော့ သင်သင့်သည်။ ဆိုလိုသည်က ကြက်သားဈေး၊ ဟင်းရွက်ဈေးတွေ အခုဆို ဘယ်လောက်ဆိုတာ၊ ဘယ်လိုချက်လျှင် ဘယ်လို အရာသာထွက်မယ်ဆိုတာ စသည်တို့ကို သိသင့်သည်။

၇။ စာများများဖတ်၍ သွက်လက် ဖျက်လက်ရမည်။ (နုံအသူ မဖြစ်စေရ)

မည်သည့် ယောကျာ်းလေးမှ နုံအအဆို မကြိုက်။ ကိုယ့်အိမ်ထောင်ဖက်၏ အလုပ်တွေကို အကြံပေးတတ်အောင် စာများများ ဖတ်သင့်သည်။ ထိုသို့ မဟုတ်ပဲ တစ်ခုခုဆို ကျွန်မလဲ မသိဘူး၊ ကျွန်မလဲ မသိဘူးဆို အကြံပေးနိုင်သည့် သူငယ်ချင်းများနှင့် အပြင်မှာပင် အချိန်ကုန်မည်ဖြစ်သည်။

အထက်ပါ အချက်တွေနှင့် ပြည့်စုံလျှင် မည်သည့် ယောကျာ်းလေးမှ အိမ်မကပ်ပဲမနေ။ အိမ်၌ ပျော်အောင်ထားလျှင် အိမ်ကပ်မည်သာ။ ထိုသို့ ပြည့်စုံသားနှင့် သစ္စာဖောက်လျှင် သင် အတိတ်က သစ္စာဖောက်ခဲ့လို့ သစ္စာဖောက်ခံရလို့ပင်။ ကိုယ်ကောင်းသားနှင့် သစ္စာဖောက်သည့်လူကို ဝမ်းနည်းကြေကွဲနေစရာ မလိုပေ။ ရေစက်ချ၍ အမျှဝေလိုက်ယုံပင်။

(လွမ်းတေး)

ပျိုမေတို့သိစေဖို့
ယနေ့ ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရသည်။ “မိမိယောကျာ်း အိမ်ကပ်စေချင်လား??? အိမ်ထောင်ရေး အဆင်ပြေချင်လား??? မိမိမှ မိမိ တန်းတန်းစွဲ ဖြစ်စေချင်လား” ဆိုသည့် ဗေဒင်ကြော်ငြာတစ်ခု။

အမှားကျူးလွန်မိသော်လည်း အိမ်ထောင်ရေး မဖောက်ပြန်ခဲ့ဟု ဂီရော့ဒ်ဖြေရှင်း

Photo: အမှားကျူးလွန်မိသော်လည်း အိမ်ထောင်ရေး မဖောက်ပြန်ခဲ့ဟု ဂီရော့ဒ်ဖြေရှင်း
Wednesday, February 19, 2014

လုံးကြီးပေါက်လှ မော်ဒယ်လ်တစ်ဦးကို ဟိုတယ်ခန်းထဲ ခေါ်သွင်းခဲ့ကြောင်း ဂီရော့ဒ်က ဝန်ခံခဲ့သော်လည်း အဆိုပါ အမျိုးသမီးနှင့် ပျော်ပါးခဲ့ခြင်း မရှိဟု ၎င်းက ဆိုသည်။ ခရစ္စတယ်လ်ပဲလေ့စ်နှင့် ပွဲမကစားမီ ဖေဖော်ဝါရီလ (၂)ရက်နေ့ညက ဆီလီယာကေးကို အခန်းထဲ ခေါ်သွင်းခဲ့ကြောင်း သတင်းများကို ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးက အစောပိုင်းတွင် ငြင်းဆိုနေခဲ့သည်။ သို့သော်လည်း ကေးက ဂီရော့ဒ်၏ အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ထားသော ဟိုတယ်ခန်းထဲမှ ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက်သည့်နောက် ၎င်း၏ ကေးနှင့် ပတ်သက်မိကြောင်း ဝန်ခံခဲ့ရသည်။ အာဆင်နယ် အသင်းသည် ယင်းဖြစ်ရပ်အတွက် ဂီရော့ဒ်ကို ဒဏ်ရိုက်ရန် စီစဉ်ထားပြီ ဖြစ်သည်။

မန်နေဂျာ အာစင်ဝင်းဂါး၏ ယခုရာသီ အဓိက အားထားနေသည့် ကစားသမား တစ်ဦးဖြစ်သော ဂီရော့ဒ်က Twitterမှတစ်ဆင့် မိသားစုနှင့် အာဆင်နယ် အသင်းကို တောင်းပန်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်တွင် မိမိသည် အကောင်းစား ပီဇာမုန့်ကို မှာသာမှာယူပြီး မစားခဲ့သည့် သဘောမျိုး ရှင်းလင်းပြောဆိုခဲ့သည်။ ဂီရော့ဒ်က "မိသားစုကို ကျွန်တော် တောင်းပန်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကို အစွမ်းကုန် အလေးအနက် သဘောထားမျိုးနဲ့ပါ။ ဟုတ်ပါတယ်။ ကျွန်တော် အမှားတစ်ခု လုပ်ခဲ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော် အိမ်ထောင်ရေး ဖောက်ပြန်မှုတော့ လုံးဝမရှိခဲ့ဘူး။ ကိစ္စတိုင်းက ရှင်းလင်းပါတယ်"ဟု ပြောကြားခဲ့သည်။

ဝင်းဂါးကိုယ်တိုင်ကမူ ယင်းဖြစ်ရပ်အတွက် အသင်းက အရေးယူဆောင်ရွက်မည်ဟု အတည်ပြုထားသော်လည်း ကစားသမား၏ ပုဂ္ဂိုလ်ရေး အရှုပ်အထွေးတွင် ဝင်မပါလိုကြောင်း မှတ်ချက်ပေးထားသည်။

Soccer Myanmar
လုံးကြီးပေါက်လှ မော်ဒယ်လ်တစ်ဦးကို ဟိုတယ်ခန်းထဲ ခေါ်သွင်းခဲ့ကြောင်း ဂီရော့ဒ်က ဝန်ခံခဲ့သော်လည်း အဆိုပါ အမျိုးသမီးနှင့် ပျော်ပါးခဲ့ခြင်း မရှိဟု ၎င်းက ဆိုသည်။ ခရစ္စတယ်လ်ပဲလေ့စ်နှင့် ပွဲမကစားမီ ဖေဖော်ဝါရီလ (၂)ရက်နေ့ညက ဆီလီယာကေးကို အခန်းထဲ ခေါ်သွင်းခဲ့ကြောင်း သတင်းများကို ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးက အစောပိုင်းတွင် ငြင်းဆိုနေခဲ့သည်။ သို့သော်လည်း ကေးက ဂီရော့ဒ်၏  အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ထားသော ဟိုတယ်ခန်းထဲမှ ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက် သည့်နောက် ၎င်း၏ ကေးနှင့် ပတ်သက်မိကြောင်း ဝန်ခံခဲ့ရသည်။ အာဆင်နယ် အသင်းသည် ယင်းဖြစ်ရပ် အတွက် ဂီရော့ဒ်ကို ဒဏ်ရိုက်ရန် စီစဉ်ထားပြီ ဖြစ်သည်။

ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီး သားသတ်ရုံ စည်ပင်လိုင်းခန်း ရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ဗေဒင်ကိစ္စ ငြင်းခုံရာမှ အသက် ၄၄ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လွင်ကို အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်းနှင့် အခြားအမျိုးသား တစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံသားတစ်ဦး မိမိကိုယ်ကိုယ် ကျားစာကျွေးရန်အားထုတ်

Photo: တရုတ်နိုင်ငံသားတစ်ဦး မိမိကိုယ်ကိုယ် ကျားစာကျွေးရန်အားထုတ်
Wednesday, February 19, 2014

Chendu Business နေ့စဉ်သတင်းစာက အသက်(၂၇)နှစ်ရှိ ယန်ဂျင်ဟိုင်၏ မိမိကိုယ်ကိုယ် စတေးမှု အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမှ လူတစ်ဦးသည် အလွန်အကျွံ စိတ်ဖိစီးမှု များပြားလာသည့်နောက် မိမိကိုယ်ကိုယ် ကျားစာကျွေးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ Chendu Business နေ့စဉ်သတင်းစာက အသက်(၂၇)နှစ်ရှိ ယန်ဂျင်ဟိုင်၏ မိမိကိုယ်ကိုယ် စတေးမှု အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ ယန်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆီချွမ်ပြည်နယ်၊ ချန်ဒူမြို့မှ တိရစ္ဆာန်ရုံထဲတွင် ကျားလှောင်အိမ်ထဲ ခုန်ချခဲ့ခြင်း ဖြစ်သည်။ ရှားပါးမျိုးစိတ် ဘင်္ဂလားကျားဖြူကြီး နှစ်ကောင်ကို ထားရှိသော လှောင်အိမ်ထဲတွင် ယန်အနေဖြင့် မိနစ်(၂၀)မျှ ရှိနေခဲ့ပြီးမှ တိရစ္ဆာန်ရုံ ဝန်ထမ်းများက ၎င်းကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ကျားတွေ ကျွန်တော့်ကို စားပါစေ။ ကျွန်တော့်အသားကို စားပါစေလို့ ဆန္ဒပြုခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို ကျားကိုက်တော့ လုံးဝ ပြန်ပြီး မတွန်းလှန်ခဲ့ဘူး"ဟု ယန်က ဆိုသည်။ ပုံနှိပ်စက်ရုံ တစ်ခုတွင် အလုပ်လုပ်ရင်း ဖိအားများအောက် ငြီးငွေ့လာသည့် ယန်က ယခုလို အဆုံးစီရင်မှုအတွက် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ယန်သည် လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပြီး မကြာမီမှာပင် ပုံနှိပ်စက်ရုံသို့ ပြောင်းလာကာ ထိုအလုပ်ကိုလည်း နုတ်ထွက်ခဲ့ပြန်သည်။

၎င်းသည် ကျားမွေးထားသည့် ခြံဝင်းထဲ ခုန်ချခဲ့သော်လည်း ကျားမောင်နှံအနက် အမမှာ လန့်ပြီး ထွက်ပြေးသွားခဲ့သည်။ ထို့နောက် ဘင်္ဂလားကျားဖြူ အထီးကြီးထံ ယန်က တိုးကပ်သွားသည့်နောက် ကျားက ၎င်း၏ လည်ကုပ်ကို လှမ်းခဲထားခဲ့သည်။ သို့သော်လည်း တိရစ္ဆာန်ရုံ ဝန်ထမ်းများက ကျားကို ခြောက်လှန့်မောင်းထုတ်ပြီး ယန်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယန်အနေဖြင့် ယခုဖြစ်ရပ် အပြီးတွင် စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ခံယူရဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

Planet Myanmar Network
Chendu Business နေ့စဉ်သတင်းစာက အသက်(၂၇)နှစ်ရှိ ယန်ဂျင်ဟိုင်၏ မိမိကိုယ်ကိုယ် စတေးမှု အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

ဘားကောင်စီမှာ အစိုးရကနေရာယူတာ လုံးဝမသင့်တော်ပါဘူးဟု ဒေါ်အောင်ဆန်းစုကြည် ကပြော

Photo: ဘားကောင်စီမှာ အစိုးရကနေရာယူတာလုံးဝမသင့်တော်ပါဘူးဟု ဒေါ်အောင်ဆန်းစုကြည် ကပြော
Wednesday, February 19, 2014

မြန်မာနိုင်ငံမှရှေ့နေများနှင့် ဗြိတိန်နိုင်ငံအခြေစိုက်နိုင်ငံတကာ ရှေ့နေများကောင်စီမှ ကိုယ်စား လှယ်များသည်နိုင်ငံတကာကျင့် ထုံးများနှင့် ဒေသတွင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်မှုများခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော်ရှိကုမုဒြာဟိုတယ် တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၁၅) ရက်နေ့အထိကျင်းပခဲ့ ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲသို့တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်း ရေးကော်မတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တက်ရောက်ခဲ့ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က “ဘားကောင်စီဆိုတာလွတ်လပ်ရ မယ်၊အခုဆိုရင်ကျွန်မတို့အနေနဲ့ ဥပဒေစိုးမိုးရေးအတွက် စင်တာ တွေဖွင့်ဖို့ကြိုးစားနေပါတယ်။ အဲဒီစင်တာတွေမှာ အစိုးရကနေ အုပ်ထိန်းဖို့လုံးဝမလိုလားဘူးဆို တာ ကျွန်မတို့ပြောထားပါတယ်။ အဲဒီတော့ ဘားကောင်စီတွေမှာ လည်း အစိုးရအုပ်ချုပ်ရေးပိုင်းက နေပြီးတော့နေရာယူထားတယ်ဆို တာ လုံးဝမသင့်တော်ဘူးလို့ ကျွန်မကတော့မြင်တယ်။ ဒါကြောင့် ကျွန်မတို့လုံးဝအားမ ပေးပါဘူး။ ကျွန်မတို့ရဲ့ဥပဒေ ပညာရှင်များ၊ရှေ့နေကြီးများအနေ နဲ့လည်း ဒီဟာတွေကို တွန်းလှန် ကြပါလို့တိုက်တွန်းပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနေရာအနှံက တရားရုံးတွေမှာ လေ့လာကွင်းဆင်း မှုအရပြဿနာတွေဟာ အတူတူပဲ ဖြစ်ကြောင်း၊ ဒါကြောင့်ထပ်ပြီး ကွင်းဆင်းလေ့လာတာတွေမလုပ် တော့ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တာ ၀န်ယူထားသည့်တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော် မတီနှင့် နိုင်ငံတကာရှေ့နေများ ကောင်စီတို့ပူးတွဲကျင်းပခဲ့ကြောင်း သိရသည်။

မျိုးကျော်
The Hot News Weekly
မြန်မာနိုင်ငံမှရှေ့နေများနှင့် ဗြိတိန်နိုင်ငံအခြေစိုက်နိုင်ငံတကာ ရှေ့နေများကောင်စီမှ ကိုယ်စားလှယ် များသည်နိုင်ငံတကာကျင့် ထုံးများနှင့် ဒေသတွင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်မှုများခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲ တစ်ရပ် ကို နေပြည်တော်ရှိကုမုဒြာဟိုတယ် တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၁၅) ရက်နေ့အထိကျင်းပခဲ့ ကြောင်း သိရသည်။

ကွင်းထဲဝင်ပြီး မစင်စွန့်ခဲ့သည့်ခွေးကြောင့် အလုပ်များသွားသည့် ဘောလုံးပွဲ

Photo: ကွင်းထဲဝင်ပြီး မစင်စွန့်ခဲ့သည့်ခွေးကြောင့် အလုပ်များသွားသည့် ဘောလုံးပွဲ
Wednesday, February 19, 2014

အဆိုပါခွေးသည် လိုက်ဖမ်းရန် ကြိုးပမ်းနေသူများကို ရှောင်တိမ်းပြေးလွှားရင်း ဘောလုံးကွင်းထဲတွင် ခပ်တည်တည်ပင် မစင်စွန့်သွားခဲ့

အာဂျင်တီးနား နိုင်ငံရှိ ဘောလုံးပွဲ တစ်ပွဲသည် ခွေးတစ်ကောင်၏ ညစ်တီးညစ်ပတ်နိုင်မှုကြောင့် အချိန်ခေတ္တ ဆိုင်းငံ့ခဲ့ရကြောင်း သိရသည်။ မျက်စိလည် လမ်းမှားပြီး ကွင်းထဲဝင်လာဟန်ရှိသော ခွေးတစ်ကောင်သည် ရိုဆာရီယိုစင်ထရယ်နှင့် ရေးဗားပလိတ်တို့ ကစားနေသော ပွဲစဉ်တွင် မြက်ခင်းပေါ် ကျူးကျော်ရောက်ရှိလာခဲ့သည်။ ဘောလုံးပွဲများတွင် တိရစ္ဆာန်လေးများ ကွင်းထဲဝင်ရှုပ်သဖြင့် ပွဲကို ခေတ္တရပ်ဆိုင်းရသည်မှာ ရံဖန်ရံခါ ကြုံရတတ်သော်လည်း ယခုကိစ္စမှာ အခြေအနေ ပိုမိုဆိုးရွားခဲ့သည်။ အဆိုပါခွေးသည် လိုက်ဖမ်းရန် ကြိုးပမ်းနေသူများကို ရှောင်တိမ်းပြေးလွှားရင်း ဘောလုံးကွင်းထဲတွင် ခပ်တည်တည်ပင် မစင်စွန့်သွားခဲ့သည်။

ကွင်း၏ ပင်နယ်တီ ဧရိယာ တစ်ဖက်ခြမ်းတွင် ခွေးက ထိုင်ချပြီး စိမ်ပြေနပြေ အလေးသွားခဲ့ခြင် ဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် ဘောလုံးသမားများ အနေဖြင့် အတော်လေး စိတ်တို ဒေါသထွက်နေဟန်လည်း တွေ့ရသည်။ ခွေးကို အကြိမ်အတော်များများ အားထုတ်ကြိုးပမ်းပြီးမှ လက်ရဖမ်းမိခဲ့ပြီး ကွင်းထဲမှ ဖယ်ထုတ်သွားရသည်။ ထို့နောက်ပိုင်းတွင်မူ ခွေးကချန်ထားခဲ့သည့် မနှစ်မြို့စရာ ကြွင်းကျန်ပစ္စည်းကို ရှင်းလင်းရင်း (၅)မိနစ်ကျော်မျှ အချိန်ကုန်သွားသေးသည်။ နှစ်သင်းလုံး စိတ်အနှောင့်အယှက် ဖြစ်ဖြစ်နှင့်ပင် ပွဲကို ဆက်ကစားခဲ့သည့်နောက် (၁)ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။

အဆိုပါခွေးအနေဖြင့် ကွင်းထဲသို့ မည်သို့မည်ပုံ ဝင်ရောက်လာကြောင်းနှင့် ရှေ့ဆုံးတန်းနားမှတစ်ဆင့် ကွင်းထဲရောက်ရှိလာသည်အထိ ကျူးကျော်ခွင့် ရသွားစေသည့် အကြောင်းရင်းတို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

Planet Myanmar Network
အဆိုပါခွေးသည် လိုက်ဖမ်းရန် ကြိုးပမ်းနေသူများကို ရှောင်တိမ်းပြေးလွှားရင်း ဘောလုံးကွင်းထဲတွင် ခပ်တည် တည်ပင် မစင်စွန့်သွားခဲ့/

ကချင်ဒုက္ခသည်များအတွက် ကျပ်သိန်း ၃၀၀၀ တန် အထောက်အပံ့များ တရုတ်အစိုးရလှူဒါန်း

တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးသင့်ခဲ့ရသည့် ကချင်ပြည် နယ် ရှိ ဒုက္ခသည်များအတွက် ကျပ်ငွေသိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အထောက်အပံ့များကို တရုတ်အစိုးရက လှူဒါန်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့်

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်း ခဲ့မှုကြောင့် တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးနှင့် အမျိုးသားကြီး တစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ကမ္ဘာ့ဘဏ်မှမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို နည်းပညာနှင့်ဥပဒေ သစ်ရေးဆွဲခြင်းများကူညီမည်

မန်မာနိုင်ငံ၏ဆက်သွယ်ရေး ကဏ္ဍ ယှဉ်ပြိုင်မှုအားကောင်းလာစရန်အတွက် ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့်နည်း ပညာဝန်ကြီးဌာနကို ကမ္ဘာ့ဘဏ်မှ နည်းပညာဆိုင်ရာနှင့်ဥပဒေသစ် ရးဆွဲခြင်းများ ကူညီပေးမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်(ရန်ကုန်)မှ သိရသည်။

ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်

ပြိုင်ကားဖမ်းဆီးရေးအဖွဲ့ကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ လူတစ်ဦးကို အရေးယူပေးရန် တိုင်တန်းသဖြင့် သာကေတရဲစခန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ည ၈ နာရီခွဲက သာကေတမြို့နယ် ဦးစီးရုံးမှ ရဲအုပ် စိုးဝဏ္ဏအောင်နှင့်အဖွဲ့ သည် သက်သေများနှင့်အတူhttp://myanmaspectrum.blogspot.com/2014/02/blog-post_3302.html#more

ရေသန့်ဘူးအတွင်းရှိ အက်စစ်သောက်မိသူသေဆုံး

အသက် ၂၃ နှစ် အရွယ် အမျိုးသားတစ်ဦး အက်စစ်သောက်မိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသနေစဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က သေဆုံးသွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်ထားသည်။
သေဆုံးသူသည် တွံတေးမြို့နယ် ခလုတ်ကျေးရွာတွင် နေထိုင်သည့် ကျော်စိုး (၂၃)နှစ်ဖြစ်ပြီး၊ စိတ်ပေါ့သွပ်နေ သူတစ်ဦး ဖြစ်သည်။

အသွင်ကူးပြောင်းရေးတွင် ယုံကြည်မှုတည်ဆောက်ရန် လွန်စွာအရေးကြီး

ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံတွင် ယုံကြည်မှုတည်ဆောက်ရန်အချက်သည် လွန်စွာ အရေးကြီးပြီး မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်ဟု နော်ဝေအခြေစိုက် ငြိမ်းချမ်းမှုနှင့်လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်သည့် The Oslo Center ၏ လူ့အခွင့်အရေးဆိုင်ရာ လူမှုဆက်ဆံရေးအကြံပေး Mr. Havard Kleppa က မဇ္ဈိမကို ပြောသည်။

ယူကရိန်း အဓိကရုဏ်း ၁၈ ဦးထက်မနည်းသေ

Photo
ယူကရိန်းနိုင်ငံ Kyiv မြို့လည်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြမှုတွေကို မီးလောင်ဗုံးတွေ အငိုက်မိ အံ့အားသင့်သွားစေတဲ့ ဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့ရာမှာ လူပေါင်း ၁၈ ယောက်ထက် မနည်း သေဆုံးခဲ့ပြီး အဲဒီထဲမှာ ရဲတပ်ဖွဲ့ဝင် ၇ ဦး ပါဝင်ပါတယ်။

သူရဦးရွှေမန်း၏အခြေခံဥပဒေပြင်ဆင်ရေးမူများကိုကြိုဆို

Photo: သူရဦးရွှေမန်း၏အခြေခံဥပဒေပြင်ဆင်ရေးမူများကိုကြိုဆို
Wednesday, February 19, 2014

ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း ယနေ့ချမှတ်ပေးလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းဆိုင်ရာ အခြေခံမူများနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပြင်ပရှိပုဂ္ဂိုလ်အချို့ကိုဆက်
သွယ်မေးမြန်းကြည့်ရာ ထောက်ခံကြိုဆို ကြကြောင်း ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ယင်းအခြေခံမူငါးချက်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ ပြီးဖြစ်သောဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော် မတီ၏အစီရင်ခံစာနှင့်နောက်ဆက် တွဲပါအကြောင်းအရာများအပေါ် လေ့လာသုံးသပ်မှုအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ကို လမ်းညွှန်ချက်ချထားပေးခြင်း၊ တပ်မတော်၏အခန်းကဏ္ဍကို ဒီမို ကရေစီဘောင်အတွင်းရောက်ရှိစေ နိုင်သည့်နည်းလမ်းများကိုသုံးသပ် ခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ အကြား အမျိုးသားစည်းလုံးညီ ညွတ်မှု တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် မှုအပေါ်အခြေခံခြင်း စသည်တို့ကို ဖော်ပြထားကြောင်းတွေ့ရသည်။
''ကျွန်တော်တို့က ကြိုဆိုပါ တယ်။ လမ်းညွှန်ချက်ပေးတော့ ပိုပြီးလုပ်ရကိုင်ရကောင်းသွားပါ တယ်။ Time Frame လုပ်ပေးတော့ ပိုကောင်းတာပေါ့၊ လာမယ့်ရွေး ကောက်ပွဲကဖွဲ့စည်းပုံပြင်ပြီးမှ ပို ကောင်းမယ်။အဲဒါကြောင့် ခြောက် လအလိုဆိုတာ Referendum (ဆန္ဒ ခံယူပွဲ) အပြီးလို့ယူဆပါတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီ၏လုပ်ငန်းစဉ်များ လွှတ် တော်သို့တင်ပြဆွေးနွေးလာပါက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောသည်။

''ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍမြင့်မားဖို့ဆိုပြီး ပြော ထားတယ်။ ဒါကတော့ ကျွန်တော် တို့ ရည်မှန်းချက်နဲ့ ထပ်တူပါပဲ။ ပြည်သူကရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဟာအရေးကြီးဆုံးအခန်းကဏ္ဍ မှာရှိနေရမယ်''ဟု ၈၈မျိုးဆက် (ငြိမ်း/ပွင့်)မှကိုဂျင်မီကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေးအတွက်၂ဝ၁၅ရွေးကောက် ပွဲမကျင်းပမီ ပြင်ဆင်သင့်သည့် အကြောင်းအရာများကိုဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီ အစဉ်ပြအချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန် ဖော်ပြချက်နှင့် ပတ် သက်၍မည်သည့်အတိုင်းအတာထိ ပြင်ဆင်နိုင်သည်မှာ အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ကြောင်း ၄င်း ကဆက်လက်ပြောကြားသည်။

''ကျွန်မတို့တိုင်းရင်းသားတွေ အနေနဲ့ ဒါကိုကြိုဆိုတယ်။ ဖြစ် သင့်တယ်လို့ယူဆတယ်။ နိုင်ငံရေး အနာဂတ်ကောင်းသွားဖို့ လုပ်တာပဲ လို့ယုံကြည်တယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းက သမ္မတတစ်ဦး တည်းအုပ်ချုပ်တဲ့သဘော သက် ရောက်နေတယ်။ လက်ရှိသမ္မတက ထိန်းသိမ်းချင်တဲ့စိတ်ရှိလို့ ပြဿနာ မရှိပေမယ့် ၂ဝ၁၅ ကျော်လွန်သွား ရင် ဘယ်သူသမ္မတဖြစ်ပြီး ဘာ တွေဆက်ဖြစ်မယ်လို့ မပြောတတ် သေးဘူး။ အဲ့ဒီနေရာမှာ ဆက်ပြီး အခုလိုအာဏာပေးထားရင် ကျွန်မ တို့နိုင်ငံက အာဏာရှင်ပုံစံဖြစ်သွား မယ်လို့ မြင်တယ်ပေါ့။ ကော်မတီ လုပ်ငန်းဆိုင်ရာအခြေခံမူမှာ 'တိုင်း ရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသောအမျိုးသား စည်းလုံးညီညွတ်မှုကိုတည်ဆောက် နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေး ကို ဖော်ဆောင်ရေး'တို့၊ ဗဟိုဦးစီး စနစ်များလွန်းနေသည့်ကိစ္စရပ်များ လျှော့ချရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူ ညီမျှအခွင့်အရေးရရှိရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်ပါကပြင်ဆင် နိုင်ရန် လေ့လာသုံးသပ်ခြင်းဆို တော့ ဗဟိုချုပ်ကိုင်မှုတွေ လျော့ နည်းသွားတယ်ဆိုတော့ ကျွန်မတို့ နိုင်ငံအတွက် အလားအလာ ကောင်းလာနိုင်တယ်လို့ကျွန်မတော့ မြင်တယ်လေ။ ဒါတွေကိုကြိုလဲ ကြိုဆိုတယ်။ ထောက်လဲထောက်ခံ တယ်''
''နာယကကနေပြီးဒီအခြေခံမူ ချဖို့အတွက် ကျွန်မတို့ ပါတီစုံတွေ ပေါ့။ ဘယ်ပါတီက ဘာတွေကို ပြောင်းလဲချင်သလဲ။ ဘာတွေကို ပြောင်းလဲလိုသလဲပေါ့။ အဲဒါတွေ ကိုလဲ ပြီးခဲ့တဲ့လွှတ်တော်ကတည်း က ကျွန်မတို့တင်ပြီးသားဖြစ်နေ တယ်။ အဲ့ဒီပါတီစုံက ဖြစ်ချင်တဲ့ ဆန္ဒတွေရယ်၊ ပြည်သူတွေရဲ့ အသံ တွေရယ်အပေါ်မှာ နာယကက ပြန်ပြီးသုံးသပ်တယ်လို့ ကျွန်မ ယုံကြည်တယ်''ဟုရေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်မိမြင့်သန်းကပြောသည်။

The Union Daily
ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း ယနေ့ချမှတ်ပေးလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းဆိုင်ရာ အခြေခံမူများနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် ပြင်ပရှိပုဂ္ဂိုလ်အချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာ ထောက်ခံကြိုဆို ကြကြောင်း ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ဒုချရားတန်းကော်မရှင် ပြည်နယ်အစိုးရနှင့် ဆွေးနွေးမည်

ဒုချရားတန်းကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ်အစိုးရနှင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် တွေ့ဆုံရန်ရှိသည်ဟု ကော်မတီအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပန်ဝါဒေသ နှင်းများကျ၍ အအေးလွန်ကဲ

Photo: ပန်ဝါဒေသ နှင်းများကျ၍ အအေးလွန်ကဲ
Wednesday, February 19, 2014

တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါမြို့နယ်တွင် နှင်းခဲကျဆင်းမှုနှုန်းများခြင်းကြောင့် ဒေသခံများနှင့် ထိုဒေသတွင်ခိုလှုံနေသော ဒုက္ခသည်များအတွက် အအေးလွန်ကဲမှုဒာဏ်ခံနေရကြောင်း စခန်းမှသိရသည်။

ပန်ဝါမြို့အထက် နယ်ခြားမှတ်တိုင် အမှတ် (၅-၆-၇) ဒေသ တလျှောက် ပြီးခဲ့သည့် ၃ ရက်ခန့်ကတည်းက နှင်းများကျနေသောကြောင့် နေထိုင်မှုတွင်အခက်ခဲရင်ဆိုင်နေရကြောင်း မှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpre Hkyet) စစ်ပြေးဒုက္ခသည်စခန်းတာဝန်ခံ အုပ်ချုပ်ရေးမှူး အရာရှိ ဖောင်ဂျေလတောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဘယ်မှထွက်လို့မရဘူး ရေတွင်းတွေမှာလည်း နှင်းတွေအုပ်လိုက်တော့ ရေလည်းမရှိတော့ခက်ခဲနေတယ် ဒါမဲ့ နှင်းခဲတွေခပ်ယူပြီး အိုးနဲ့ချက်ပြီးသုံးနေကြတယ် နှင်းတွေလည်း ဆက်တိုက်ကျနေဆဲဘဲ အရမ်းအေးခဲနေတယ်”

ထို့ပြင် နှင်းခဲများထူထပ်ခြင်းကြောင့် နယ်ခြားမှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpre Hkyet) ဒုက္ခသည်စခန်းရှိ မူလတန်းကျောင်းလည်း ပိတ်ထားရပြီး မိမိနေအိမ်တွင်းသာ မီးလုံနေရကြောင်းသိရှိရသည်။

ထိုသို့ နှင်းများကျသောကြောင့် အိမ်များ ပျက်ဆီးသွားခြင်းမရှိသေးသော်လည်း ရေခဲများ အိမ်ခေါင်မိုးပေါ်တွင် ၈ လက်မ ကျော်တင်နေပြီး လူသွားလမ်း တချို့နေ ရာများတွင် ၁ ပေကျော်၊ ၈ လက်မကျော် စသည်ဖြင့် နေရာအသီးသီးတွင် နှင်းများဖုံးလွှမ်းနေသောကြောင့်လည်း သွားလာရန် အလွန်ခက်ခဲလျက်ရှိနေကြောင်း သိရသည်။

KIA တပ်သားများရှိသော ပန်ဝါအထက် နယ်ခြားမှတ်တိုင်အမှတ် (၅) တွင် ဖေဖ၀ါရီလ ၁၇ ရက် နံနက် ၂ နာရီချိန်ခန့်မှ နှင်းများကျကာ ယခုချိန်ရေခဲများ ဒူးဆစ်အထိရှိနေပြီဖြစ်သောကြောင့် သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

“မိုးရွာသလိုရွာနေတာ အတုံးကြီးတော့မဟုတ်ဘူး နှင်းတွေကျပြီး အရည်မပျော်သွားဘူး ၁ ပတ်လောက်ရှိပြီးမှ နေပူလာတဲ့ချိန်မှ ပြန်အရည်ပျော်သွားတာ နေ့ ည၂ ရက်လောက် ကျပြီဆိုရင်တော့ ခြေဆစ်လောက်ရှိပြီ နှင်းတွေက ဖြည်းဖြည်းချင်း အရည်ပြန်ပျော်သွားတာ” ဟု ပန်ဝါဒေသ မှတ်တိုင် (၅) စခန်းမှဒုက္ခသည်တဦး ပြောသည်။

ဆက်လက်၍ ထိုကဲ့သို့ နှင်းများအဆက်မပြတ်ကျပြီး ဒုက္ခသည်များနှင့် ဒေသခံများနေထိုင်ရန် ပို၍ခက်ခဲလာလျင် KIO အဖွဲ့နှင့် လုပ်ငန်းရှင်သူဌေးများအားအကူအညီတောင်း၍ လမ်း ပေါ်ရှိ နှင်းခဲများအားဖယ်ရှားမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။ ယမန်နှစ်တွင် နိုင်ဝင်ဘာလနှင့် အောက်တိုဘာလအတွင် နှင်းခဲကျ၍ အေးသော်လည်း ယခုနှစ်တွင် အအေးလွန်ကဲနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကျရေများတွင်လည်း နှင်းများဖုံးသွားခြင်းကြောင့် နှင်းတုံးများကို ဆာလာအိတ်တွင်သိမ်းယူကာ သောက်ရေ သုံးရေများ အသုံးပြုနေကြောင်းသိရသည်။ ၎င်းဒုက္ခသည်စခန်းတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

KNG News
တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါမြို့နယ်တွင် နှင်းခဲကျဆင်းမှုနှုန်းများခြင်းကြောင့် ဒေသခံ များနှင့် ထိုဒေသတွင်ခိုလှုံနေသော ဒုက္ခသည်များအတွက် အအေးလွန်ကဲမှုဒာဏ်ခံနေရကြောင်း စခန်းမှ သိရသည်။

ပစ်ခတ်မှုနှင့်တိုက်ခိုက်ရေး ဆိုင်ရာ လေ့ကျင့်ခန်းများ ပါကစ္စတန် ကြည်းတပ် ပြုလုပ်

ပါကစ္စတန်နိုင်ငံ Gujranwala နှင့် Sialkot ဒေသများမှ တပ်ဖွဲ့ဝင်များသည် Jhelum ခရိုင်အနီးရှိ Tilla လေ့ကျင့်ရေးစခန်းတွင် တိုက်ပွဲဝင် ပစ်ခတ်မှုနှင့် စစ်ရေးလေ့ကျင့်ခန်းတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဖေဖော် ဝါရီ ၁၇ ရက် အင်တာနက် သတင်းတစ်အရ သိရသည်။

ကျန်းမာရေး အပါအဝင် လူမှုဖူလုံရေး စနစ်သုံးမျိုး ဧပြီတွင်စမည်

လူမှုဖူလုံရေး ဥပဒေသစ်တွင် ပါရှိသည့် အာမခံ အမျိုးအစားများအနက် ကျန်းမာရေး၊ လုပ်ငန်းခွင် ထိခိုက်မှု အပါအဝင် အာမခံစနစ် သုံးမျိုးကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြား သည်။

အမ်အေအိုင်လေကြောင်းလိုင်း ဂျပန်-မြန်မာ ပြေးဆွဲမည်

အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)သည် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာMyanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာ ခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဒေါ်အေးမရ သာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇိ္ဈမကို ပြောသည်။

တရားဥပဒေစိုးမိုးရေး

ပြီးခဲ့သောရက်ပိုင်းက ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသများတွင် အကူအညီပေးရန် ရောက် ရှိနေသော INGO ခေါ် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများကို တစ်ဖက်သတ် အကူအညီ ပေးသည်ဟုဆိုကာ ဒေသမှ ထွက်သွားရန် ဒေသခံ ရခိုင်တိုင်းရင်းသားမျာက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

(၄) နှစ်အတွင်း RCSS/SSA အင်အား (၅၀၀၀)ခန့်တိုး


Photo: (၄) နှစ်အတွင်း RCSS/SSA အင်အား (၅၀၀၀)ခန့်တိုး
Wednesday, February 19, 2014

RCSS/SSA ၏ လေးနှစ် တစ်ကြိမ် ခေါင်းဆောင် ရွေးကောက် ပွဲနှင့် လာမည့် ၄ နှစ် အတွက် လုပ်ငန်းစဉ် ချမှတ်သည့် စုံညီပွဲတွင် ၄ နှစ်အတွင်း အဖွဲ့ဝင်သစ် ၅၀၀၀ ခန့် လက်ခံ ရရှိသည်ဟု အစီရင်ခံ တင်ပြ မှုရှိခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ၄ နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းဆောင်တာများ အစီရင်ခံစာ တင်ပြရာ - RCSS/SSA ၏ အဖွဲ့ဝင်သစ် ၄၉၅၄ ယောက်၊ အလုပ်နား/ထွက် ၉၉၉ ယောက်ရှိသည်ဟု ဆိုပါ သည်။

“ အစိုးရတပ်နဲ့ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာလဲ ပါတယ်။ တိုက်ပွဲကနေ အစိုးရစစ်တပ်ရဲ့ သေနတ်မျိုးစုံ ၁၃၁ လက်သိမ်းဆည်းရမိတယ်လို့တင်ပြတယ်။ ၂ ဘက်စလုံး သေကြေ ဒဏ်ရာ ရမှုတွေရှိတယ် လို့တင်ပြတယ်။ အစိုးရတပ်ဘက်သေ ကြေဒဏ်ရာရ စာရင်းတော့ပါတယ်။ ကျနော်တို့ဘက်ကသေကြေဒဏ် ရာ ရစာရင်းကိုတော့ မတင်ပြဘူး။ အဲဒီ တပ်ထွက်/နား စာရင်းထဲမှာ အားလုံးပါမယ်လို့ ထင်တာဘဲ” - ဟု အမည်မဖော်လိုသည့် ဆွေးနွေးပွဲတက်အရာရှိတဦးကပြောသည်။

ပြီးခဲ့သည့် ၄ နှစ်အတွင်း အစိုးရတပ်နှင့် တိုက်ပွဲပေါင်း ၃၂၃ ကြိမ် ဖြစ်ပွါးပြီး အစိုးရတပ်ဘက်က ၄၃၁ ယောက်သေဆုံးကာ ၄၃၆ ယောက်ဒဏ်ရာရရှိသည်ဟုကြားသိရကြောင်း အဆိုပါအရာရှိကပြောသည်။

၎င်းနှင့်ပတ်သက်၍ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက - ‘တိုက်ပွဲနဲ့ပတ်သက်ပြီး ပြောနေရင်လဲ အကျိုးမရှိဘူးလေ။ ဒါကြောင့် အသေးစိတ်ထုတ်ပြန်တာ မရှိဘူး၊ အဲဒီ အင်အားသစ် ၄ ထောင်ကျော် ဝင်လာတယ်ဆိုတာတော့ ဟုတ်ပါတယ်။ RCSS အသင်းဝင်လက်မှတ်တောင်ထုတ် ပေးထား ပါတယ်။ တပ်ပိုင်းလဲ ဝင်လာတာရှိတယ်။ ဝါသနာ၊ စေတနာအရ လူထုကနေဝင်လာနိုင် အောင်လဲ ကျနော်တို့ လမ်းဖွင့်ပေးထားတယ်။ အဓမ္မကောက်ယူစုဆောင်းတာတော့ ကျနော်တို့မှာ ပေါ်လ စီမရှိတော့ဘူး” - ဟု ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်နှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးက လက်ရှိ RCSS/SSA တွင် လက်နက်ကိုင်တိုက်ခိုက်ရေး အင်အား ၁၀၀၀၀ (တစ်သောင်း) ထက်မနည်း ရှိလိမ့်မည်ဟုဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပါ။

ဂျန္နဝါရီလက ကျင်းပပြီးစီးသည့် (၂၀၁၃ နှစ်ချုပ်) အစည်းအဝေးတွင် သျှမ်းပြည်နယ်တဝှမ်းလုံး၏ ၄၀% နှုန်းခန့် RCSS/SSA က အင်အားဖြန့်ကျက်ထားလှုပ်ရှားနေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

သျှမ်းပြည်မြောက်ပိုင်းမှ အရာရှိငယ်တဦးက - ‘ပထမတော့ ကျနော် အလည်လာတယ်။ စစ်ပညာဆည်း ပူးချင်လို့ စစ်သင်တန်းတက်လိုက်တယ်။ အခု ကျရာတာဝန်ကို ကျနော် အချိန်မရွေး နေရာမရွေး တာဝန်ထမ်းဆောင်နေပြီ’ - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

လက်ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA သည် ၁၉၉၆ မုန်တိုင်းတပ်မတော် MTA ပြိုကွဲစဉ် အစိုးရထံ လက်နက်မချဘဲ လက်ရှိခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ပြန်လည်စုစည်း တည်ထောင်ထားသည့် သျှမ်းပြည်၏ အင်အားကြီးတပ်မတော်တခု ဖြစ်သည်။

သျှမ်းသံတော်ဆင့်
ဧရာဝတီမြစ်ဖျားဆီက
RCSS/SSA ၏ လေးနှစ် တစ်ကြိမ် ခေါင်းဆောင် ရွေးကောက် ပွဲနှင့် လာမည့် ၄ နှစ် အတွက် လုပ်ငန်းစဉ် ချမှတ်သည့် စုံညီပွဲတွင် ၄ နှစ်အတွင်း အဖွဲ့ဝင်သစ် ၅၀၀၀ ခန့် လက်ခံ ရရှိသည်ဟု အစီရင်ခံ တင်ပြမှု ရှိခဲ့ကြောင်း သိရသည်။

One Direction စတားနှင့် သတင်းထွက်လာသည့် ဆယ်လီနာဂိုမက်ဇ်

Photo: One Direction စတားနှင့် သတင်းထွက်လာသည့် ဆယ်လီနာဂိုမက်ဇ်
Wednesday, February 19, 2014

ဂျက်စတင်ဘီဘာနှင့် လမ်းခွဲခဲ့သည့်နောက် ဆယ်လီနာ အနေဖြင့် နောက်ထပ် လူငယ်ဂီတ ကြယ်ပွင့်သစ် တစ်ဦးနှင့် ဇာတ်လမ်းစနေပြီဟု သတင်းများက ဖော်ပြလာခဲ့

ဆယ်လီနာဂိုမက်ဇ် အနေဖြင့် One Direction အဖွဲ့ဝင် တစ်ဦးဖြစ်သူ နီးလ်ဟိုရန်နှင့် တွဲနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဆယ်လီနာနှင့် နီးလ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က လန်ဒန်တွင် ညဘက်အတူထွက်လည်ရင်း ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ကြောင်း သိရသည်။ ဂျက်စတင်ဘီဘာနှင့် လမ်းခွဲခဲ့သည့်နောက် ဆယ်လီနာ အနေဖြင့် နောက်ထပ် လူငယ်ဂီတ ကြယ်ပွင့်သစ် တစ်ဦးနှင့် ဇာတ်လမ်းစနေပြီဟု သတင်းများက ဖော်ပြလာခဲ့သည်။ ဆယ်လီနာကို ဂျက်စတင်နှင့် ကင်းကင်းကွာကွာ ရှိစေလိုသည့် မိသားစုများနှင့် မိတ်ဆွေအပေါင်းအသင်းများ အတွက်မူ ယခုကိစ္စသည် ကြိုဆိုရမည့် သတင်းကောင်းလည်း ဖြစ်လာသည်။

Popဂီတ ကြယ်ပွင့်သစ်လေး နှစ်ဦးတို့သည် လန်ဒန်တွင် တနင်္ဂနွေနေ့ ညနေခင်းက အတူတကွ ဆုံဆည်းခဲ့ခြင်းဟု သိရသည်။ ၎င်းတို့နှစ်ဦးလုံး၏ ပရိသတ် တစ်ဦးက ဆယ်လီနာ၊ နီးလ်တို့နှင့် အတူရှိနေသည့် ဓာတ်ပုံကို Twitterတွင် လွှင့်တင်ခဲ့ပြီးနောက် ယင်းကိစ္စသည် လျင်လျင်မြန်မြန် သတင်းပျံ့လာခဲ့သည်။ JBarnsဟု အမည်ပေးထားသည့် Twitter Accountပိုင်ရှင်က အခြားသူငယ်ချင်း တစ်ဦးနှင့်အတူ နီးလ်၊ ဆယ်လီနာတို့ကို ခွင့်တောင်းကာ ဓာတ်ပုံရိုက်ထားခြင်း ဖြစ်သည်။

JBarnsက သူမ၏ မျက်နှာကို ကြောင်ရုပ်လေးတစ်ခုဖြင့် အစားထိုး ဖုံးကွယ်ပြီး ယင်းဓာတ်ပုံကို Twitterပေါ် တင်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၀) အရွယ်ရှိ နီးလ်နှင့် ၎င်းထက် (၁)နှစ်ပိုကြီးသော ဆယ်လီနာတို့သည် လန်ဒန်၏ ညရှုခင်းကို နှစ်သက်ခံစားရင်း စိတ်လှုပ်ရှားနေဟန် ရှိကြောင်းလည်း သူမက နောက်ပိုင်းတွင် မှတ်ချက်ပေးခဲ့သည်။ ဆယ်လီနာသည် ကနေဒါ လူငယ်Popဂီတ ကြယ်ပွင့် ဂျက်စတင်ကို (၂)နှစ်ကြာ တွဲခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကမူ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေး ဆုံးခန်းတိုင်သွားခဲ့သည်။

Planet Myanmar Network
ဂျက်စတင်ဘီဘာနှင့် လမ်းခွဲခဲ့သည့်နောက် ဆယ်လီနာ အနေဖြင့် နောက်ထပ် လူငယ်ဂီတ ကြယ်ပွင့်သစ် တစ်ဦးနှင့် ဇာတ်လမ်းစနေပြီဟု သတင်းများက ဖော်ပြလာခဲ့။

အသံဖြင့် Password ဖွင့်နိုင်မည့် နည်းပညာ ဖန်တီးသည့်ကုမ္ပဏီကို Google ဝယ်ယူ

Photo: အသံဖြင့် Password ဖွင့်နိုင်မည့် နည်းပညာ ဖန်တီးသည့်ကုမ္ပဏီကို Google ဝယ်ယူ
Wednesday, February 19, 2014

အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ်သားသည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ်လာသည်

Passwordတွင် နံပါတ်များ ရိုက်သွင်းသည့်အစား အသံကို မှတ်သားစေသည့် စနစ်မျိုး တီထွင်နေသည့် နည်းပညာ ကုမ္ပဏီ တစ်ခုကို Googleက သိမ်းသွင်းဝယ်ယူလိုက်ကြောင်း သိရသည်။ အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ်သားသည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ်လာသည်။ SlickLoginက အဆိုပါ အရောင်းအဝယ်နှင့် ပတ်သက်ပြီး ငွေရေးကြေးရေး စာရင်းဇယားများကို အများသိရှိအောင် ဖော်ပြရန် ငြင်းဆန်ထားခဲ့သည်။

ထို့အပြင် Googleကလည်း အဆိုပါ လုပ်ငန်းသိမ်းပိုက်မှုနှင့် ပတ်သက်ပြီး AFP၏ ဆက်သွယ်မေးမြန်းမှုကို တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ချေ။ "SlickLoginကို အစပြုခဲ့တယ် ဆိုတာက လက်ရှိလုံခြုံရေး စံနှုန်းသတ်မှတ်ချက်တွေက ရှုပ်ထွေးလာတာ၊ စိတ်ပျက်စရာ ဖြစ်လာတာတွေ ကြုံနေရလို့ပါ။ ကျွန်တော်တို့ သူငယ်ချင်း (၃)ယောက်ကို အရူးလို့ ထင်သူတွေတောင် ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပိုကောင်းတဲ့ အခြေအနေတွေ ပေါ်ပေါက်လာမယ်ဆိုတာ သိနှင့်ပြီးသားပါ"ဟု အဖွဲ့ဝင်(၃)ဦး စတင်တည်ထောင်သည့် ယင်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

သတင်းများက တဲလ်အဗစ်ဗ်မြို့တွင် နေထိုင်သော SlickLogin ပညာရှင်(၃)ဦးလုံး Google၏ ဝန်ထမ်းမား ဖြစ်လာပြီး လုံခြုံမှုဆိုင်ရာ ဝန်ဆောင်မှုဌာနသစ် တစ်ခုအဖြစ် အလုပ်လုပ်သွားလိမ့်မည်ဟု ဖော်ပြခဲ့ကြသည်။ ယခုနည်းပညာသစ်သည် လူတစ်ဦး၏ အသံကို ကွန်ပျူတာ စနစ်ဖြင့် ဖမ်းယူအာရုံခံကာ အသံ၏ အနေအထားအလိုက် တုံ့ပြန်နိုင်စွမ်းကို ဖော်ဆောင်ပေးမည် ဖြစ်သည်။ ယင်းစနစ်သည် Google၏ Andriod OSကို အသုံးပြုနေသည့် စမတ်ဖုန်းများတွင် အကျုံးဝင် အဆင်ပြေလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ် သား သည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ် လာသည်။

သန်းခေါင်းစာရင်းကောက်ယူရာတွင် လုံခြုံရေးပိုမိုတင်းကျပ်ပေးရန် ၀န်ကြီးဦးခင်ရီကို ရခိုင်ဒေသခံများ တင်ပြ

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူရာတွင် လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက် ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို တင်ပြခဲ့သည်ဟု ရခိုင်ဒေသခံများက ဖေဖော်ဝါရီ ၁၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

မွန်းတည့်နေဂျာနယ် တောင်းပန်ရန် တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး တောင်းဆို

မွန်းတည့်နေဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတိန် စစ်တပ်မှ ကူညီမည်ဟူသော သတင်း၏ စာပိုဒ်(၃)၌ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးပြောဆိုသည်ဟု ဖော်ပြထားမှုကို တောင်းပန်ရန် သို့မဟုတ်ပါ က  ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် စီစဉ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

ကျွန်းပင်များဖျက်ဆီးမှုဖြင့် လယ်သမားများ ထောင်ကျ

အမျိုးသားသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NRDC)ပိုင် ကျွန်းပင်များကို ၀င်ရောက်ဖျက်ဆီးသည် ဟုဆိုကာ တရားစွဲခံထားရသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် မကျီးပင်(ကြာအင်း)ကျေးရွာမှ လယ်သ မား ၁၂ ဦးကို ပန်းတောင်းမြို့နယ်တရားရုံးက ရုံးချိန်း ၃၈ ကြိမ် ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက် နောက်ဆုံးရုံးချိန်းတွင် ထောင်ဒဏ်အသီးသီး ချမှတ် အပြစ်ပေးလိုက်သည်။

ဒါရိုက်တာဘဝသို့ ကူးပြောင်းရန် ကြံစည်နေသည့် ကိတ်မော့စ်

Photo: ဒါရိုက်တာဘဝသို့ ကူးပြောင်းရန် ကြံစည်နေသည့် ကိတ်မော့စ်
Wednesday, February 19, 2014

ကိတ်မော့စ်သည် ဇာတ်ညွှန်းရေးသားမှု သင်ခန်းစားများကို လေ့လာနေသလို ဟောလီးဝုဒ်တွင် ဒါရိုက်တာအဖြစ် ရပ်တည်ရန်အတွက် လိုအပ်သော ဆက်သွယ်ဆွေးနွေးမှုများလည်း စတင်နေပြီဟုသိရ

ကိတ်မော့စ်အနေဖြင့် မော်ဒယ်လ်ဘဝမှ ရုပ်ရှင်ဒါရိုက်တာဘဝသို့ ကူးပြောင်းရန် ခြေလှမ်းပြင်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကိတ်နှင့် နီးစပ်သူများက ဗြိတိသျှ စူပါမော်ဒယ်လ် အနေဖြင့် လျှောက်လမ်းများနှင့် ရိုက်ကွင်းများကို ကျောခိုင်းကာ ကင်မရာများ၏ နောက်ကွယ်မှ စီစဉ်ညွှန်ကြားသူအဖြစ် ခံယူသွားရန် ကြံစည်နေပြီဟု ပြောဆိုခဲ့ကြသည်။ အသက်(၄၀)အရွယ်ရှိ ကိတ်သည် သူမ၏သက်တမ်း ထက်ဝက်ကို အောင်မြင်သော မော်ဒယ်လ်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ပြခဲ့သူ ဖြစ်သည်။ ယခုအခါတွင်မူ သူမသည် ဇာတ်ညွှန်းရေးသားမှု သင်ခန်းစားများကို လေ့လာနေသလို ဟောလီးဝုဒ်တွင် ဒါရိုက်တာအဖြစ် ရပ်တည်ရန်အတွက် လိုအပ်သော ဆက်သွယ်ဆွေးနွေးမှုများလည်း စတင်နေပြီဟု သိရသည်။

ကိတ်၏ စိတ်ဝင်စားမှုကို ခင်ပွန်းဖြစ်သူ ဂျေမီဟင့်စ်ကလည်း အားပေးကူညီနေကြောင်း နီးစပ်သူများက ဆိုသည်။ ကိတ်၏ မိတ်ဆွေတစ်ဦးက "လောလောဆယ်တော့ ကိတ်က ဇာတ်ညွှန်းရေးသားနည်းတွေကို လေ့လာနေတယ်။ စူးစူးစိုက်စိုက် သင်ယူနေတာပါ။ ပြီးတော့ အဆင့်မြင့် မွမ်းမံသင်တန်းတွေ တက်ဖို့ထိ စိတ်ကူးနေတယ်။ ဟောလီးဝုဒ်က အဆက်အသွယ် တချို့နဲ့လည်း သူစကားပြောပြီးပြီ။ ကိတ်ကတော့ လန်ဒန်မှာ အခြေချနေရာကနေ လော့စ်အန်ဂျလိစ်ကို ကူးချင်နေတယ်။ ဒါဟာ သူ့ဘဝမှာ နောက်တစ်ဆင့် တက်လှမ်းမှုလို့လည်း ယူဆနေတယ်လေ"ဟု ပြောကြားခဲ့သည်။ လတ်တလောတွင်မူ ကိတ်အနေဖြင့် ဧပြီလတွင် ထုတ်ဝေမည့် Topshop၏ Collectionသစ်အတွက် ပါဝင်ဆောင်ရွက်ရင်း အလုပ်များနေကြောင်း သိရှိရသည်။

Planet Myanmar Network
ကိတ်မော့စ်သည် ဇာတ်ညွှန်းရေးသားမှု သင်ခန်းစားများကို လေ့လာနေသလို ဟောလီးဝုဒ်တွင် ဒါရိုက်တာ အဖြစ် ရပ်တည်ရန်အတွက် လိုအပ်သော ဆက်သွယ်ဆွေးနွေးမှုများလည်း စတင်နေပြီဟုသိ

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကုန်သွယ်ခွန်ကောက်ခံမှု အမတ်များ ဝေဖန်

ဒသဖွံ့ဖြိုးရေးအတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁,၀၀၀ အသုံးပြုမည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအ တွင်းမှ ကုန်သွယ်ခွန် နှစ်ရာခိုင်နှုန်းကို အစိုးရက ကောက်ခံမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်အများစု က ဝေဖန်မှုများ ရှိနေသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့တွင်မွေးဖွား

Photo: မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက် အမြွှာအား မန္တလေးမြို့တွင်မွေးဖွား
Wednesday, February 19, 2014

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရင်ချင်းဆက်အမွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီက ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေး ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ သိရသည်။

မြန်မာနိုင်ငံတွင် ခြောက်ကြိမ်မြောက်အဖြစ် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းရှိ ဇေယျဝတီကျေးရွာမှ ဦးကျော်နိုင်+ဒေါ်အေးမြမွန်တို့၏ ဒုတိယမြောက်ကိုယ်ဝန်မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်ဆရာဝန်ကြီးများ၏ ကနဦး စမ်းသပ်စစ်ဆေးမှုများအရ ရင်ချင်းဆက်အမြွှာ ဖြစ်နေသောကြောင့် ခွဲစိတ်မွေးဖွားရန်အတွက် မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ယခုလ ၁၇ ရက် ညနေ ၆ နာရီ ၃၇ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ရင်ချင်းဆက် အမြွှာကလေးနှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး ယခုအခါ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခေါ်ယူထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

“ဆေးရုံကို ည ၇ နာရီ မိနစ် ၅၀ မှာရောက်ပြီး မွေးကင်းစကလေးများ အထူးကြပ်မတ် ကုသဆောင်မှာ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေက ရင်ဘတ်ပိုင်းကနေ ၀မ်းဗိုက်ပိုင်းအထိ ဆက်စပ်နေတဲ့အပြင် ချက်တိုင်နေရာမှာက Omthalocele လို့ခေါ်တဲ့ အူအိတ်က ကလေးတွေရဲ့ ၀မ်းဗိုက်အပြင်ဘက်ပိုင်းကို ထွက်ကျနေပြီးတော့ သူတို့ရဲ့ မွေးရာပါအဖြစ် ပါရှိလာပါတယ်။ အဲဒီလို ပါလာတဲ့အတွက် လက်ရှိအချိန်မှာ နှစ်ဦးစလုံးကို အသက်ရှူစက် အကူအညီနဲ့ အသက်ရှူပေးထားပြီးတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကနေ အနီးကပ်ပြုစု စောင့်ရှောက်မှုတွေ ပေးနေပါတယ်” ဟု မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက် အမြွှာများတွင် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းများ၌ မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာများမှာ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မနန်းစိုး၊ မနန်းစံ၊ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည့် အေးအေးငြိမ်း၊ အိအိငြိမ်း၊ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့၌ စိုပြေလင်း၊ စိုပြေ၀င်း၊ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ အင်ကြင်းခိုင်၊ အင်ကြင်းလှိုင်၊ အဆိုပါနှစ်တွင်ပင် ရန်ကုန်မြို့၌ ရန်ကင်း၊ ရန်ရှင်းနှင့် ယခု ၂၀၁၄ ခုနှစ်တွင် မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ ယောက်ျားလေးနှစ်ဦး (နာမည်မပေးရသေး) ကို ထပ်မံမွေးဖွားခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဖြစ်စဉ်များတွင် ထူးခြားမှုများအဖြစ် ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ တင်ပါးဆုံအရိုးကွင်းဆက်ဖြင့် မွေးဖွားလာခဲ့သည့် မိုးမမအောင်၊ မိုးပပအောင်နှင့် ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၌ပင် တင်ချင်းဆက်အမြွှာနှစ်ဦးဖြစ်သည့် အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော်တို့နှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။

Eleven Media Group

ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်
ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

စင်ကာပူတက္ကသိုလ်နှင့် မြန်မာတက္ကသိုလ်များ ဥပဒေပညာရပ်ဆိုင်ရာ ပူးပေါင်း

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်နှစ်ခုနှင့် စင်ကာပူနိုင်ငံ National University of Singapore, Singapore Management University တို့ ဥပဒေဆိုင်ရာဘာသာရပ်များတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်မှု Pen Myanmar နဲ့ ၈၈ ပွင့်လင်း ကန့်ကွက်


Photo: လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်မှု Pen Myanmar နဲ့ ၈၈ ပွင့်လင်း ကန့်ကွက်
Wednesday, February 19, 2014

၈၈ မျိုးဆက်ခေါင်းဆောင်တွေ အပါအဝင် စာရေးဆရာတချို့ ဒီနှစ်အတွင်း စာပေဟောပြောခွင့် ပိတ်ပင်တားဆီးခံရတာနဲ့ ပတ်သက်ပြီး Pen Myanmar အဖွဲ့နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းတွေက ကြေညာချက်အသီးသီး ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ Pen Myanmar အဖွဲ့ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံအတွင်း ကျင်းပတဲ့ စာပေဟောပြောပွဲတွေကို သက်ဆိုင်ရာ ကနေ ခွင့်ပြုချက်ယူပြီးမှ ဆောင်ရွက်ကြတာဖြစ်ပေ မယ့် တချို့နေရာတွေမှာ ဒေသခံအာဏာပိုင်တွေ က နှောက်ယှက်တားမြစ် ပိတ်ပင်တာတွေ ရှိနေကြောင်း၊ ဒါ့အပြင် စာရေးဆရာတချို့ကို ဘာသာရေးအကြောင်းပြပြီး ဟောပြောခွင့် ပိတ်ပင်နေတာဟာလည်း လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို ထိခိုက်စေကြောင်းနဲ့ ဒါတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေနဲ့ ကိုက်ညီမှုမရှိ သလို Pen International အဖွဲ့ရဲ့ ပဋိဉာဉ်နဲ့လည်း ဆန့်ကျင်နေတဲ့အတွက် မိမိတို့က ကန့်ကွက်ကြောင်း ဖေါ်ပြထား ပါတယ်။

အလားတူ ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၈၈ မျိုးဆက်အဖွဲ့ရဲ့ ကြေညာချက်မှာလည်း နေပြည်တော် တပ်ကုန်းမြို့ မှာ စာရေးဆရာ မင်းကိုနိုင်နဲ့ စာရေးဆရာဂျင်မီတို့ရဲ့ ဟောပြောပွဲကို ပြီးခဲ့တဲ့လက ပိတ်ပင်ခဲ့မှု၊ ပျော်ဘွယ်မြို့ မှာ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ဦးဘုန်း (ဓာတု) တို့ကို ပိတ်ပင်ခဲ့မှု၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်က စာပေဟောပြောပွဲမှာ စာရေးဆရာမြအေးနဲ့  စာရေးဆရာ ဦးကိုနီတို့ကို ပိတ်ပင်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ညက မန္တလေးမှာ စာရေးဆရာမြအေး ပါဝင်ဟောပြောမှာကို ထပ်မံအင်အားသုံး ဟန့်တားခဲ့မှုတွေဟာ ဒီမိုကရေစီဆန့်ကျင်တဲ့ လုပ်ရပ်တွေဖြစ်ကြောင်းနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးကို လိုလားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စာရေးဆရာတွေရဲ့ အခွင့်အရေးကို ဝိုင်းဝန်းကာကွယ်သွားကြဖို့  ၈၈ မျိုးဆက်အဖွဲ့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

RFA Burmese
၈၈ မျိုးဆက်ခေါင်းဆောင်တွေ အပါအဝင် စာရေးဆရာတချို့ ဒီနှစ်အတွင်း စာပေဟောပြောခွင့် ပိတ်ပင် တားဆီးခံရတာနဲ့ ပတ်သက်ပြီး Pen Myanmar အဖွဲ့နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းတွေ က ကြေညာချက်အသီးသီး ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရော ဂါကို ကာကွယ် ကြစို့

Photo: ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရော ဂါကို ကာကွယ် ကြစို့
Wednesday, February 19, 2014

ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆို ထားသည်။

မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်းသည် ဆေးတစ်ခွက် ဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပေ။ ယနေ့ သုတေသန ပြုလုပ်မှု အရ လေဖြတ်မှု အန္တရာယ်ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။

နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသူသည် ရေနွေးကြမ်း လုံးဝ မသောက်သော သူများထက် လေဖြတ်မှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း သည်ကို လေ့လာ တွေ့ရှိရသည်။ သို့သော် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာ သောက်သော သူများတွင် ထိထိရောက်ရောက် အကျိုးမရှိကြောင်း တွေ့ရသည်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သော သူများသည် ဦးနှောက် အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင် နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ် နေသည်ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ ရှိ ခဲ့ကြသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ ကာရို လင်စကာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက အမျိုးသား၊ အမျိုးသမီး ၇၅ဝဝဝ ခန့်ကို လေ့လာခဲ့ရာမှ အဆိုပါ တွေ့ရှိ ချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် တစ်နေ့လျှင် လူ ၂ဝဝခန့် လေဖြတ်၍ သေဆုံးခဲ့ရပြီး အများစုမှာ မသန်စွမ်း ဖြစ်ခဲ့ရာမှ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် လေဖြတ် ခံရပါက သေဆုံး သွားသည်ကို တွေ့ရသည်။ လေဖြတ် ခံရသူ ၈၅ ရာခိုင်နှုန်းခန့်သည် ဦးနှောက် သွေးကြော အတွင်း သွေးခဲကာ သွေးစီးဆင်းမှု ရပ်တန့်သွားပြီး လေဖြတ် ဝေဒနာ ခံစားရကာ မသန်စွမ်း ဖြစ်ပွားရသည်။ ကျန်လူနာများမှာ ဦးနှောက် သွေးကြောပေါက်ပြီး အသက် ဆုံးရှုံးခဲ့ရသည်။

ယခင် လေ့လာမှုများ အရ လက်ဖက်စိမ်းက ဦးနှောက် အပေါ် အကာအကွယ် ပေးနိုင်သော အကျိုး အာနိသင် ရှိသည်ကို တွေ့ရှိ ခဲ့သော်လည်း လက်ဖက်ခြောက် (Black Tea) က ဦးနှောက်အား အကာအကွယ် ပေးနိုင်သည် ဆိုသော အထောက် အထားမှာ အလွန် ရှားပါး ပါသည်။ ဆွီဒင် သိပ္ပံပညာရှင် များက ၁၉၉၇ ခုနှစ်မှစ၍ ကျန်းမာသော အရွယ်ရောက်ပြီးသူ လူ ၇၄၉၆၁ ဦးအား လေ့လာ စမ်းသပ်ခဲ့ကြရာ နောက်ထပ် ၁ဝ နှစ်ကျော် ကြာချိန်တွင် စမ်းသပ်ခံသူများ အနက် လူ ၄ဝဝဝ ကျော်မှာ လေဖြတ် ဝေဒနာ ခံစားခဲ့ရသည်။ ယင်းလူနာ အများစုမှာ ဦးနှောက်တွင်း သွေးခဲမှုကြောင့် မစွမ်းမသန် ဖြစ်ခဲ့ကြရသည်။

လေ့လာမှုများ အရ လေဖြတ် နိုင်ဖွယ်ရှိသည့် အခြား အကြောင်းအရာများ ဖြစ်သည့် ဆေးလိပ် သောက်ခြင်းနှင့် သွေးတိုး တက်ခြင်းတို့ကိုပါ ထည့်သွင်း စဉ်းစားခြင်း မပြုကြဘဲ ရေနွေးကြမ်း သောက်သည့် အလေ့အထ ကို လေ့လာ စောင့်ကြည့် ခဲ့ကြသည်။

ပညာရှင်များက တစ်နေ့လျှင် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သို့မဟုတ် ပိုသောက်သော သူများသည် သိသိသာသာ အကျိုး သက်ရောက်မှု ရှိသည်ကို တွေ့ရှိ ခဲ့သည်။ လက်ဖက် ခြောက်တွင် ပါဝင်သော ဖလေဗွန် နွိုက်ဓာတ် ပစ္စည်းက နှလုံးနှင့် ဦးနှောက်အတွက် အကောင်းဆုံး အကာအကွယ် ပေးသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ ဓာတ်ပစ္စည်းက နှလုံး သွေးကြော ဆိုင်ရာ အန္တရာယ် ကိုလည်း ထိရောက်စွာ အကာအကွယ် ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ထို့ကြောင့် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံးပါက လေဖြတ်မှု အန္တရာယ်ကို ကာကွယ်နိုင်သည်။ သို့သော်လည်း နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသော အမျိုးသားနှင့် အမျိုးသမီး တို့သည် ရေနွေးကြမ်း လုံးဝ မသောက်သူများထက် လေဖြတ်နိုင်မှု ၂၁ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လေဖြတ်ရောဂါမှ ကင်းဝေး လိုလျှင် ရေနွေးကြမ်း များများ သောက်ပါဟု တိုက်တွန်း လိုက်ရ ပေသည်။

မြ၀တီ
ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆို ထားသည်။

အချစ်ကို အလွဲသုံးစား မလုပ်ကြေး

Photo: အချစ်ကို အလွဲသုံးစား မလုပ်ကြေး
Wednesday, February 19, 2014

ပုထုဇဉ် ဆိုတဲ့ လိုင်စင်ရကတည်းက လူသားဟာ စိတ်အလိုလိုက်မှုဆိုတဲ့ ရေစီးကြောင်းထဲ စုန်မျောခဲ့ကြတာပေါ့။ အာရုံခံစားမှုဆိုတဲ့ အနံ့၊ အရသာ၊ အထိအတွေ့တွေမှာ သာယာခြင်းက သဘာဝတရား အဖြစ် ဖွဲ့တည်လာကြ တယ်။ ဆန့်ကျင်ဘက် လိင်အပေါ် တွယ်ငြိစွဲလန်းမှုကလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သာယာမှု တခုပါပဲ။ ထိကိုင်ပြသ မမြင်ရတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း စွဲလန်းသာယာစရာ ဖြစ်လာသလို၊ သဘာဝအလျောက် ဖြစ်လာတဲ့ သွေးသား နှီးနှောမှုကလည်း ကျွဲကူးရေပါ အတူယှဉ်တွဲ လာပါ တော့တယ်။ “ချစ်ခြင်းအစ မျက်စိက” ဆိုတာကနေ “လက်ကလေး ပြီးတော့ ပါးကလေးပေါ့” ရောက်လာပြီးတဲ့အခါ၊ “ဖြေးဖြေးလေး နဖူးလေး၊ ပါးလေး နမ်းပါ” တွေကျော်လွန်လာတဲ့အခါ အထိအတွေ့  နွံနစ်ကျွံသွားကြပါတော့ တယ်။ “ချစ်သူများနေ့” ရဲ့ ချောကလက်တွေ နေရာမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေထဲက ရင်ခုန်သံတွေ နေရာယူလာ ကြပါတော့တယ်။

လူတဦးချင်းစီရဲ့ အတွေ့အကြုံ၊ အတွေးအမြင်အရ ဆန္ဒကို ထိန်းချုပ်နိုင်မှု၊ ဆင်ခြင်တုံတရားရဲ့ အားသာမှု၊ ရည်ရွယ်ချက် ကြီးမားမှုတွေက အထိအတွေ့ နွံမှာ မကျွံအောင် စောင့်စည်းနိုင်ကြတာတွေ ရှိသလို၊ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ကျဉ်ဖို့ ပြင်ဆင်ကာကွယ်မှုတွေနဲ့ သာယာကြတာလည်း ရှိကြတာပေါ့။ ယဉ်ကျေးမှုစည်းရိုး အကျိုး အပေါက် များလာချိန်မှာ လိင်ဆိုင်ရာ လွတ်လပ်မှုကို အလွဲသုံးလာကြတာက ထင်သာ မြင်သာ အဖြစ်ဆုံးအနေအထားကို ရောက်လာကြပါတယ်။ ဖျော်ဖြေရေး မီဒီယာတွေဆီကနေ အတုယူလာကြတာလည်း ပါတာပေါ့။ အလွဲချော်ဆုံး နားလည်မှု ကတော့ လူရှေ့သူရှေ့ မရှောင် ချစ်တင်းနှောမှုက ခေတ်မီပြီး နိုင်ငံတကာ ဆန်တယ် ထင်လာကြတာပါပဲ။ ပန်းခြံ၊ ကန်ပေါင် လူမြင်ကွင်း စည်ကားရာတွေမှာ ဖက်ရမ်းနမ်းရှုံ့ခြင်းက ဒိမိုကရေစီ ရပိုင်ခွင့်တခုလို ကျင့်သုံးလာကြတာတွေ ကူးစက်ပျံ့ပွား များပြားလာတာ သိသာလွန်းလှပါ တယ်။

အကြောင်းရင်းခံ တွေကို ပြန်သုံးသပ်ကြည့်ရင် လူ့သဘာဝ အထိအတွေ့ကို သာယာမက်မော ကြတာက မူလလို့ ဆိုနိုင်ပေမယ့် စဉ်းစားရမယ့် ကိစ္စတွေတော့ အများကြီးပါပဲ။ ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတဲ့ အဟန့်အတားက သိမြင်သင့် တာတွေကို ဖုံးအုပ်ပစ်လိုက်တာ မျိုးပေါ့။ သဘာဝတရားကို နားလည် သဘောပေါက်အောင် ရှင်းလင်းပြတာက မဆီလျော် ဘူးလို့ ယူဆကြတဲ့အခါ တကယ်တမ်းလည်း ဖုံးကွယ်မရနိုင်တာကို သိလာကြတာက အလွဲသိနဲ့ သိလာကြတာပေါ့။တကယ်တမ်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေလို လိင်ပညာပေး ကိစ္စကို အထိအရှ လွယ်နေကြတာကလည်း အကြောင်းတခုပါပဲ။ လူတွေရဲ့ အတွေးအခေါ် အမူအကျင့်တွေရဲ့ မူလအစ ဖြစ်တဲ့အိမ်မှာ၊ ကျောင်းမှာ ဒီအကြောင်းတွေကို ဆွေးနွေးသင်ပြဖို့ ရှောင်ကျဉ် နေကြတာ သိသာတဲ့ လက္ခဏာပါ။

သိတတ်စ အရွယ်ကတည်းက လူရဲ့ ခန္ဓာကိုယ်ဆိုင်ရာ ဖွဲ့ စည်းမှု၊ ဒါတွေရဲ့ လုပ်ငန်းဆောင်တာ၊ ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲ အကြောင်းအရာ ဆိုတာတွေ နားလည်ထားရင် စိတ်အလိုကို ဆင်ခြင်တုံ တရားနဲ့ ဘောင်ကွပ် ထားနိုင်ကြမှာပါ။ အရွယ်နဲ့အမျှ ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာ ဖွဲ့ စည်းမှု၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု၊ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စား သာယာမှု ဆိုတဲ့ ဟော်မုန်း အပြောင်းအလဲဆိုင်ရာတွေ နားလည်ထားကြရင် ကိုယ်ဖြစ်နေတဲ့ စိတ်ခံစားမှုအပေါ် ခွဲခြမ်း စိတ်ဖြာနိုင်ကြမှာပါ။ နောက်ဆုံး အမှားအယွင်း ဖြစ်ခဲ့ရင်တောင် အသိတရားလေးနဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှောင်ရှား နိုင်ကြမှာပါ။

အမူအကျင့် ပြောင်းလဲရေး ဆိုတာကလည်း အလွန်မလွယ်တဲ့ လုပ်ငန်းပါ။ လူမှုရေး အဖွဲ့ အစည်းတွေကလည်း မျိုးဆက်ပွား ကျန်းမာရေး ပညာပေး အစီအစဉ်တွေနဲ့ ဝိုင်းကြဝန်းကြပေမယ့် ထိရောက်မှုက အားနည်းပါသေးတယ်။ တခုပိုဆိုးတာက လိင်ဆိုင်ရာ သာယာခြင်းက တခြား မူးယစ်သောက်စား၊ လောင်းကစားတွေနဲ့ မတူတဲ့ အကြောင်းပြချက် တခုအဖြစ် အချစ် ဆိုတဲ့ အရာနဲ့ နွှယ်ယှက် နေလိုက်သေးတာကြောင့်ပါ။ အခြေအနေတွေ ပေးလာကြပါတယ် (အချိန်ပိုင်းနဲ့ တည်းခိုစရာတွေ)၊ လှုံ့ဆော်နှိုးဆွမှုတွေ ပိုလာပါတယ် (အရက်နဲ့ မူးယစ်ဆေးဝါးတွေ ပေါပေါလောလော သုံးနိုင်ကြတာတွေ၊ အပြာ ဇာတ်လမ်း တွေကို အလွယ်တကူ ကြည့်နိုင်လာကြတာတွေ)၊ လိင်အရ တက်ကြွတဲ့ အရွယ်တွေမှာ အလုပ်အကိုင်နဲ့ ပညာအတွက် အုပ်ထိန်းသူ အသိုင်းအဝိုင်းနဲ့ အဝေးမှာ လွတ်လပ်တဲ့ နေထိုင်မှုပုံစံတွေ ပေါ်ပေါက်လာကြတယ် (တိုက်ခန်း ငှားပြီး နေထိုင် ကြတာတွေ)၊ ဒါတွင်မက အညှီရှိရာ ယင်အုံစရာ မော်ဒယ်လ်လောကတို့၊ စပွန်ဆာတို့တွေ ပေါ်ပေါက် လာကြတာတွေရောပေါ့။
ဆိုလိုတာက လိင်ဆိုင်ရာ အတုယူမှားမှုတွေ၊ အလွဲသုံးစားမှု ပြုစရာတွေ ပွားများ လာနေကြတာပါ။ အထူးသဖြင့် သိပ်ငယ်ကြသေးတဲ့ လူငယ်လေးတွေ၊ ဆယ်ကျော်သက်၊ မြီးကောင်ပေါက် တွေမှာ အမှားအယွင်းတွေ များလာပြီ ဆိုရင် မျိုးဆက်ရော၊ အနာဂတ်ပါ ထိခိုက်လာကြတော့မှာပါ။ ဒီအချိန်မှာ သိသင့်သိထိုက် တာတွေကို သိအောင် လုပ်ပေးဖို့ တာဝန်ရှိလာကြပါပြီ။ အိမ်က မိဘ၊ ကျောင်းက သင်ရိုး၊ မီဒီယာတွေက ပညာပေး အစီအစဉ်တွေနဲ့ ဘဝဆိုင်ရာ ကျွမ်းကျင်စရာတွေ သင်ပြပေးမှုမှာ လိင်ပညာပေး ကဏ္ဍက နေရာယူသင့် လာပါပြီ။

အရင်ဆုံးတော့ လိင်ဆိုင်ရာ အင်္ဂါ အစိတ်အပိုင်းတွေ ဖွဲ့ စည်းပုံ၊ အရွယ်ရောက် အပြောင်းအလဲတွေနဲ့ စတင်ပေးပြီး သွေးသား နှီးနှောခြင်းရဲ့ အကျိုးဆက် တွေ၊ အန္တရာယ်တွေကို သိစေတာက အမူအကျင့် ပြောင်းလဲရေးဆီ ဦးတည်ပေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် အရွယ်မတိုင်မီ လိင်မှုကိစ္စတွေ ပေါ်ပေါက်တဲ့အခါ နောက်ဆက်တွဲတွေက အဆုံးမဲ့ပါပဲ။

စနစ်တကျ စီစဉ်ထားတဲ့ ချစ်ခြင်းကို အိမ်ထောင်ပြုခြင်းနဲ့ ဆက်စပ်ကြတဲ့ သူတွေမှာက ဘာအကြောင်းနဲ့မှ ပြောစရာမရှိပေမယ့် မရည်ရွယ်ထားသေးဘဲ သာယာမှုနောက် စိတ်အလို လိုက်ကြရင်ဖြင့် ပြဿနာတွေ တန်းစီနေတော့ မှာပါ။

လူမှုရေးပြဿနာများ
အမှတ်တမဲ့ ကိုယ်ဝန်ရှိသွားတာကနေ စတင်ရပါလိမ့်မယ်။ အိမ်ထောင်တခု တည်ဆောက်ဖို့ အသင့်မဖြစ်သေးသူတွေ၊နှစ်ဘက် အသိုင်းအဝိုင်းအကြား ညှိနှိုင်းဖို့ ခက်ခဲနေတဲ့ သူတွေအတွက် အရေးပေါ် အိမ်ထောင် ပြုလိုက်ကြရ တာဟာ ဘဝမှာ အတော် ကသီလင်တ နိုင်မှာပါ။ ပြည့်စုံဖူလုံမှရယ် မဟုတ် ပေမယ့် ပြင်ဆင်ထားကြပြီးမှ အိမ်ထောင်သည် ဘဝကို တည်ဆောက် ရတာ အဆင်ပြေမှာပါ။ စားဝတ်နေရေးက အစ မွေးဖွားဖို့၊ ကလေးကို ပျိုးထောင်ဖို့ ဆိုတာတွေနဲ့ လုံးလည်ချာလည် လိုက်ပြီး အနာဂတ်က မလှနိုင်တော့ပါဘူး။ ပညာတပိုင်းတစတို့၊ ဘဝတက်လမ်း ရှာဖွေနေချိန်တို့ ဆိုရင် ပိုဆိုးတာပေါ့။

အဲဒီထက်ဆိုးတာက အကြောင်းကြောင်းကြောင့် မပေါင်းသင်းဖြစ်ခဲ့ရင် အဲဒီ ကိုယ်ဝန် တလုံးနဲ့ ကိုယ်နေထိုင်ရာ လူ့အဖွဲ့ အစည်းရဲ့ တင်းကျပ်တဲ့ စည်းဘောင်တွေကြားမှာ စိတ်ဒုက္ခပေါင်း များစွာ ခံရမှာက မတွေးရဲစရာပါ။ အရွယ်မတိုင်မီ အိမ်ထောင်ပြုလိုက် ကြရတာက ဆင်းရဲခြင်းရဲ့ အကြောင်းထဲမှာ တချက် ပါဝင်နေတာကိုလည်း သတိပြုရမှာပါပဲ။

ကျန်းမာရေးပြဿနာများ
အသက် (၁၈) နှစ်အောက် ကိုယ်ဝန်ဆောင်ဆိုတာ အန္တရာယ်ရှိတဲ့ သတ်မှတ်ချက်ထဲမှာ အကျုံးဝင်ပါတယ်။ နောက်ပြီး စိတ်အလိုလိုက်မှုကြောင့်၊ ကြေးစားဘဝကြောင့် ရလာတဲ့ ကိုယ်ဝန်ကို မလိုအပ်တဲ့ ကိုယ်ဝန်အဖြစ် သတ်မှတ်ပြီး ကိုယ်ဝန် ဖျက်ချဖို့ ကြိုးစားကြတော့တာပါပဲ။ အဲဒီလို တိတ်တိတ်ပုန်း ကိုယ်ဝန်ဖျက်ချမှုတွေက ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုတွေထဲမှာ တွေ့ရများတဲ့ ရောဂါပါပဲ။

နောက်ပြီးတော့ သွေးသားနှီးနှောမှုတွေမှာ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေက အလွယ်တကူ ဝင်ရောက်လာကြမှာပါ။ သာမန်အားဖြင် မျိုးပွားအင်္ဂါမှာ ရောဂါပိုးကြောင့် ဖြစ်တတ်တဲ့ အနာလိုမျိုးကအစ ဆီးလမ်းကြောင်း၊မျိုးပွားအင်္ဂါ လမ်းကြောင်း တွေမှာ ပိုးဝင်တတ်တဲ့ ကာလသားရောဂါ ပေါင်းစုံ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို)၊ နောက်တော့ အသည်းရောင်အသားဝါ ဘီ၊စီ အစရှိတာတွေက ကျန်းမာရေးချို့တဲ့မှု အသေးစားကနေ အသက်အန္တရာယ် အထိ ဖြစ်စေတာပါ။ အဆိုးဆုံးကတော့ အခုခေတ် လူတိုင်းကြောက်ရွံ့ကြရတဲ့ HIV/ AIDS လို သေမိန့်ကျ ရောဂါကလည်း လိင်ကတဆင့် ကူးစက်စေတာပါပဲ။

ကာကွယ်တားဆီးမှု ဘယ်လိုလုပ်ကြမလဲ
အကောင်းဆုံးကတော့ ရှောင်ကျဉ်နိုင်သမျှ ရှောင်ကျဉ်ကြဖို့၊ စိတ်ကိုထိန်းချုပ် နိုင်အောင် ကြိုးစားကြတာပဲ ဖြစ်မှာပါ။ လိင်ကိစ္စ သာယာမှုကို တခြား အကျိုးရှိ အပြုသဘောဆောင်တဲ့ စိတ်ဝင်စားဖွယ် တွေဆီ အာရုံပြောင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ဒါပေမယ့်လည်း အထက်က ဆိုခဲ့သလို ပုထုဇဉ် လိုင်စင်ရထားသူတွေမို့ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ စိတ်အလို လိုက်နေကြတာတွေ ရှိနေဦးမှာပါ။ တဒင်္ဂ အတွေ့အထိ မလွန်ဆန်နိုင်တာက အစ ဝါသနာပါလို့ လိုက်စားတဲ့ အထိ ဖြစ်စဉ်တွေက ရှိနေကြမှာပါ။

ဒီတော့လည်း ဆိုးရွားတဲ့ အကျိုးဆက်တွေ မဖြစ်အောင် တကိုယ်ရေ ဖြေဖျောက်နည်းတွေနဲ့ အန္တရာယ်ကင်းတာကို အချက်အလက် ပေးရပါလိမ့်မယ်။ မအောင့်အည်း မစောင့်စည်း နိုင်ကြပြီဆိုရင်လည်း ဒီကိစ္စအတွက် ထင်ထင်ပေါ်ပေါ် ထုတ်လုပ်လာပြီဖြစ်တဲ့ အကာအကွယ်တွေ ဆောင်ပြီး အသုံးပြုကြဖို့ကို တိုက်တွန်းရပါတော့မယ်။ ကိုယ်ဝန် မဆောင်ရအောင် တားဆီးထားတဲ့ နည်းလမ်းများစွာထဲက ရွေးချယ်ကျင့်သုံး စေကြရပါတော့မယ်။

ရောဂါတွေရဲ့ လက္ခဏာတွေ ဖြစ်လာခဲ့ရင် ကျွမ်းကျင်သူနဲ့သာ ကုသမှုခံယူဖို့တွေ တိုက်တွန်းရပါတော့မယ်။
နှစ်သိမ့်ဆွေးနွေး အကြံပေးမှုတွေကို အလေးဂရုထားစေဖို့ ဖိတ်ခေါ်ရပါတော့မယ်။

လတ်တလော ဖြေရှင်းနည်းအဖြစ် ဒီလို နည်းလမ်းတွေ သုံးသလိုပဲ ရေရှည်အတွက် လိင်မှု ပညာပေး အစီအစဉ်တွေကို ငယ်ရွယ်သိတတ်စ ကတည်းက စတင်ဖို့ လုပ်ပိုင်ခွင့် ရှိသူတွေကို တိုက်တွန်းကြရပါလိမ့်မယ်။ လူမှုရေးပြဿနာတွေ ဖြေရှင်းပေးဖို့ရာလည်း အစီအစဉ်တွေ အများကြီး လုပ်ဆောင်ကြရပါလိမ့်မယ်။

တကယ်တမ်းကျတော့လည်း လူတွင်ပါလို့ နွားကျားကိုက် ဖြစ်တဲ့ လိင်ဆိုင်ရာ ပြဿနာတွေအတွက် ကိုယ်တိုင် တာဝန်ယူမှုကသာ ကိုယ့်ကို ကာကွယ် ပေးမှာပါ။ မျိုးဆက်ပွား ကျန်းမာရေး ဗဟုသုတတွေ ဖြည့်ဆည်းပါ၊ မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်ပါ၊ ဖြစ်လာခဲ့ရင် အကောင်းဆုံး ဖြေရှင်းဖို့ နှစ်သိမ့်ဆွေနွေး အကြံပေးမှုတွေ ခံယူပါ။ အချစ်နဲ့ သွေးသား နှီးနှောမှုက ဆက်စပ်နေတတ်ပေမယ့် အချစ်က လိုအပ်ချက်ဖြစ်ပြီး သွေးသားကိစ္စကတော့ ဆန္ဒမျှသာဖြစ်တယ် ဆိုတာလေးကို လက်ခံသတ်မှတ်လို့ ချစ်သူအားလုံး နှလုံးမွေ့လျော်စွာ ချောကလက် ကလေးတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ချစ်ခြင်းအားဖြင့် တောင်းဆုပြုလိုက်မိပါရဲ့။

ပြည်မြန်မာ
ပုထုဇဉ် ဆိုတဲ့ လိုင်စင်ရကတည်းက လူသားဟာ စိတ်အလိုလိုက်မှုဆိုတဲ့ ရေစီးကြောင်းထဲ စုန်မျောခဲ့ကြ တာပေါ့။ အာရုံခံစားမှုဆိုတဲ့ အနံ့၊ အရသာ၊ အထိအတွေ့တွေမှာ သာယာခြင်းက သဘာဝတရား အဖြစ် ဖွဲ့တည်လာကြ တယ်။ ဆန့်ကျင်ဘက် လိင်အပေါ် တွယ်ငြိစွဲလန်းမှုကလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သာယာမှု တခုပါပဲ။ ထိကိုင်ပြသ မမြင်ရတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း စွဲလန်းသာယာစရာ ဖြစ်လာသလို၊ သဘာဝအလျောက် ဖြစ်လာတဲ့ သွေးသား နှီးနှောမှုကလည်း ကျွဲကူးရေပါ အတူယှဉ်တွဲ လာပါ တော့တယ်။ “ချစ်ခြင်းအစ မျက်စိက” ဆိုတာကနေ “လက်ကလေး ပြီးတော့ ပါးကလေးပေါ့” ရောက်လာပြီးတဲ့အခါ၊ “ဖြေးဖြေးလေး နဖူးလေး၊ ပါးလေး နမ်းပါ” တွေကျော်လွန်လာတဲ့အခါ အထိအတွေ့  နွံနစ်ကျွံသွားကြပါတော့ တယ်။ “ချစ်သူများနေ့” ရဲ့ ချောကလက်တွေ နေရာမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေထဲက ရင်ခုန်သံတွေ နေရာယူလာ ကြပါတော့တယ်။

FATF ငွေကြေးခ၀ါချမှု စောင့်ကြည့်ခံ ၉ နိုင်ငံစာရင်းထဲ မြန်မာပါဝင်

Photo: FATF ငွေကြေးခ၀ါချမှု စောင့်ကြည့်ခံ ၉ နိုင်ငံစာရင်းထဲ မြန်မာပါဝင်
Wednesday, February 19, 2014

ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေး ထောက်ပံ့မှုတွေ အတွက် တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံ ကျန်ရှိနေဆဲ ဖြစ်တယ်ဆိုပြီး၊ ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ FATF က ဖော်ပြလိုက်ပါတယ်။

ဒါပေမဲ့လည်း ဒီလုပ်ငန်းတွေ တိုက်ဖျက်နိုင်ရေးအတွက်  ဥပဒေအတည်ပြုနိုင်ရေးကိစ္စကို မကြာခင်လတွေအတွင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ လွှတ်တော် ဥပဒေမူကြမ်း ကော်မတီကတော့ ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ရန်ကုန်ဗွီအိုအေရုံးခွဲကနေ သတင်းပေးပို့ထားပါတယ်။

The Financial Action Task Force ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ရဲ့ အခု ဖေဖော်ဝါရီလအတွင်း လုပ်ခဲ့တဲ့ စုံညီ အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ငွေကြေးဆိုင်ရာ အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့တာပါ။ စာရင်းထဲမှာ အဆိုးဆုံးကတော့ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံဖြစ်ပြီး၊ အန္တရာယ်ရှိတဲ့ စောင့်ကြည့်ရမယ့် စာရင်းထဲမှာတော့ မြန်မာနိုင်ငံ အပါအ၀င် ၉ နိုင်ငံ ရှိပါတယ်။ ဒေသတွင်းမှာဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်ပါတယ်။

ဒီလို စောင့်ကြည့်စာရင်း ထုတ်ပြန်ခံရတာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေအတွက်တော့ အနည်းငယ် တွန့်ဆုတ်သွားစရာ ရှိပါတယ်။ မြန်မာလွှတ်တော်ထဲမှာတော့ ငွေကြးခ၀ါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေ တိုက်ဖျက်ရေးအတွက် ဥပဒေကြမ်း ပြင်ဆင်နေတာရှိပြီး အခုလအတွင်း အတည်ပြုနိုင်ဖို့ လျာထားပေမဲ့ နိုင်ငံတကာ စံနှုန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေရတာကြောင့် ကြန့်ကြာနေတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်း ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဘရှိန်က ဗွီအိုအေကို ပြောပါတယ်။

“Program Ministry ကတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ကလည်း ဒီဥပဒေကို ပြုစုနေတာ ကြာပါပြီ။ အဲ့ဒီလို ပြုစုတဲ့အခါ UNODC တို့ရဲ့ အကူအညီတွေကိုလည်း အရင်က ယူပြီးတော့ ပြုစုတာပဲ။ ဒါပေမဲ့ ကျနော်တို့ အခု ပြုစုထားတဲ့ဥပဒေမှာ UNODC က လိုချင်တဲ့ အချက် ၁ ချက်၊ ၂ ချက်လောက် ကျန်နေတယ်ဆိုပြီးတော့ မနေ့က UNODC က ကိုယ်စားလှယ်တယောက်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရယ်၊ တခြား Program Ministry လည်းပါတယ်၊ တခြားပညာရှင်တွေလည်း ပါတာပေါ့လေ။ ကျနော်တို့နဲ့ ဆွေးနွေးညှိနှိုင်းကြတယ်။”

မေး။          ။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေက အခြေအနေ ဘယ်လိုရှိလဲခင်ဗျ။ နှစ်ဘက် လွှတ်တော်နဲ့ အစိုးရနဲ့ ကြားထဲမှာ မူကြမ်းက တူသွားပြီလား။
ဖြေ။           ။ “လွှတ်တော်နဲ့ အစိုးရကြားထဲမှာ ကြီးမားတဲ့ အငြင်းအခုံဖြစ်မှုတော့ ဒီဥပဒေနဲ့ပတ်သက်လို့ မရှိပါဘူး။ ဟို Program Ministry က တင်လာတဲ့ဟာတွေကို ကျနော်တို့ပြည်သူတွေကြားမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြတဲ့အခါ Program Ministry ကလည်း လက်ခံပြီးတော့ ဆောင်ရွက်ပေးပါတယ်။”

ဒါပေမဲ့လို့လည်း ဒီဥပဒေကြမ်းကို အခု လွှတ်တော်အစည်းအဝေး သက်တမ်းအတွင်းမှာပဲ အတည်ပြုနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဦးဘရှိန်က ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ မေးမြန်းဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့၊ ချက်ချင်း တုံ့ပြန်ဖြေကြားမယ့်သူ မရှိပါဘူး။

FATF အနေနဲ့ မြန်မာနိုင်ငံကို ငွေကြေးအရ အန္တရာယ်ရှိတဲ့ စောင့်ကြည့်နိုင်ငံစာရင်းထဲ ထည့်သွင်းထားတာဟာ အခုဆိုရင် သုံးနှစ်ဆက်တိုက် ရှိပြီလို့လည်း သိရပါတယ်။ စီးပွားရေးဆောင်းပါးရှင် ခင်မောင်ညို (ဘောဂဗေဒ) ကတော့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရဖို့တော့ မြန်မာနိုင်ငံဘက်က လိုအပ်နေတယ် မြင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်ငန်းတွေ ကြီးကြီးမားမား အခြေအနေတော့ ပြည်တွင်းမှာ မမြင်ရဘူးလို့ ပြောပါတယ်။

“အခုဟာက အရေးကြီးတာကတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြီးတော့ ဘယ်လောက် အရေးယူ ဆောင်ရွက်သလဲဆိုတာ ပိုပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာကတော့ ခ၀ါချရလောက်အောင် ကြီးမားတဲ့ ငွေမည်းပုံစံက သိပ်များများစားစား မမြင်မိပါဘူး။ ခက်တာက မြင်ဖို့လည်း သိပ်တော့ မလွယ်ဘူးပေါ့လေ။ နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါး နည်းနည်းပါးပါး ရှိတယ်။ ဒီလောက်ပဲမြင်တယ်။ နောက် အကြမ်းဖက်မှုကလည်း မြန်မာနိုင်ငံထဲမှာက အကြမ်းဖက်မှုရယ်လို့ ကြီးကြီးမားမား လုပ်ငန်းတွေပေါ့နော် အဲ့ဒါကလည်း မရှိတဲ့အခါကျတော့ အကြမ်းဖက်ကို ထောက်ပံ့တဲ့ အခြေအနေမျိုးလည်း ကြီးကြီးမားမား မရှိဘူးလို့ နားလည်ပါတယ်။”

မေး။          ။ ဟုတ်ကဲ့။ အဓိကထောက်ပြတဲ့ အချက်ကတော့ အဲ့ဒါပါပဲ။ အဓိကကတော့ ဒီလုပ်ငန်းတွေ မဖြစ်အောင်လို့ လုပ်နိုင်တဲ့စနစ်ပေါ့နော်။ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။ အခုတော့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတာတော့ ရှိပါတယ်။ ဥပဒေတရပ် ထွက်လာဖို့ပေါ့။ အဲတော့ တကယ်တမ်း ဒီလို ငွေကြေးခ၀ါချမှုတွေ၊ ခုန ပြဿနာမျိုးတွေ ဟန့်တားနိုင်ဖို့ဆိုရင် ဒီလွှတ်တော်ထဲက ဥပဒေအပြင်ပေါ့ တခြား ဘာတွေများ လိုအပ်ဖို့ ရှိပါသလဲ။
ဖြေ။           ။ “ဒီဥပဒေအပါအ၀င်ပေါ့လေ အများအားဖြင့်ကတော့ မြန်မာနိုင်ငံကို ဝေဖန်လေ့ ဝေဖန်ထ ရှိပြီးတော့ ဖြစ်တတ်တာကတော့ လက်တွေ့ အကောင်အထည် ဖော်ရာမှာ အားနည်းတယ်ပေါ့နော်။ လက်တွေ့ အကောင်အထည်ဖော်ရာမှာ ဆိုကြပါစို့ ၀န်ထမ်းအားဖြင့် နော် နောက်တခါ လက်တွေ့မှာ ဟုတ်လား enforcement ပေါ့ လက်တွေ့ ဖိဖိစီးစီး ဆောင်ရွက်နိုင်တဲ့ဟာမှာ အားနည်းတယ်ဆိုတဲ့ဟာမှာ အားနည်းတယ်ဆိုတာလည်း ဆွေးနွေးကြပါတယ်။ အဲတော့ ဒီဥပဒေနဲ့အတူ လက်တွေ့ ဖိဖိစီးစီး ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေပေါ့လေ ဥပမာ ငွေအလွှဲအပြောင်းတွေဆိုရင်လည်း ခြေရာခံနိုင်မယ့် အခြေအနေမျိုးတွေ၊ နည်းပညာတွေ ၀န်ထမ်းတွေ၊ ၀န်ထမ်းတွေရဲ့ စွမ်းရည်မြင့်မားမှုတွေ ဒါတွေပါ လိုအပ်တယ်လို့ ယူဆပါတယ်။”

FATF ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေ တိုက်ဖျက်ရေးအတွက် ကြိုးစားဆောင်ရွက်မှုတွေ ရှိတာကိုတော့ အသိအမှတ်ပြုထားပါတယ်။ လက်တွေ့ အကောင်အထည်ဖော်မှုပိုင်းမှာ လုံလောက်တဲ့ တိုးတက်မှုတွေ ဖြစ်မလာခဲ့ဘူးလို့ ထောက်ပြထားပါတယ်။

အထူးသဖြင်တော့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေကို ဥပဒေအရ ကိုင်တွယ်အပြစ်ပေးဖို့၊ ငွေကြေးစနစ်ဆိုင်ရာ စောင့်ကြည့် အရေးယူမှုတွေလုပ်ဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ ငွေကြေးစီးဆင်းမှုတွေ ရှိဖို့ ဆိုတဲ့ အချက်တွေ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတာ တွေ့ရပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)
ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေး ထောက်ပံ့မှုတွေ အတွက် တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံ ကျန်ရှိနေဆဲ ဖြစ်တယ်ဆိုပြီး၊ ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ FATF က ဖော်ပြလိုက်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko က ဂုဏ်ပြု အခမ်း အနားဖြင့် ကြိုဆို

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko က ဂုဏ်ပြု အခမ်း အနားဖြင့် ကြိုဆို
Wednesday, February 19, 2014

နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးမြှင့် လိုပြီး ဆက်ဆံရေး နွေးထွေး မှုရှိစေရန် အတွက် လာရောက်ခြင်းဖြစ်၊ နိုင်ငံ အသီးသီးရှိ တပ်မတော် တိုင်းသည် ၎င်းနိုင်ငံ၏ အမျိုးသားရေး တာဝန်ကိုထမ်းဆောင် ကြရပြီး မည်သူကမျှ တားဆီး၍မရ၊ လာမည့် မတ်လတွင်ကျင်းပမည့် အာဆီယံ တပ်မတော် ဦးစီးချုပ်များ အစည်း အဝေးကို တက်ရောက်မည့် အဆွေတော်အား ဝမ်းမြောက်စွာ ကြိုဆို ..

-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခု ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်အတွက် အကျိုးဖြစ်ထွန်းမည့် ခရီးစဉ် တစ်ခုဖြစ်၊ အဆွေတော်၏ အမြော်အမြင် ရှိမှုနှင့် ဦးဆောင်မှု ကောင်းမွန် ခြင်းတို့ကြောင့် အာဆီယံ တပ်မတော် ဆိုင်ရာ အစည်းအဝေး များကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု အပြည့်အဝ ယုံကြည်၊ ယခုအချိန်တွင် နှစ်နိုင်ငံ အစိုးရ အချင်း ချင်းနှင့် တပ်မတော် နှစ်ရပ် အကြား ယခင်ကထက် ဆက်ဆံရေး နယ်ပယ် တိုးတက်လာခဲ့ . .

-အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အင်ဒိုနီးရှား သမ္မတနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ရက် ဒေသ စံတော်ချိန် နံနက် ၇နာရီတွင် ဂျကာတာမြို့ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ရေးပြကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အင်ဒိုနီးရှား သမ္မတနိုင်ငံ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ရောက်ရှိလာရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr.Moeldoko နှင့်အတူ အင်ဒိုနီးရှား တပ်မတော် အရာရှိ ကြီးများက ရင်းနှီး ခင်မင်စွာ ခရီးဦးကြိုဆို နှုတ်ဆက်ပြီး အလေးပြုခံ စင်မြင့်သို့ သွားရောက်နေရာယူကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြပြီး ဂုဏ်ပြု ကြိုဆိုပွဲ တက်ရောက် လာကြသူများနှင့် အပြန်အလှန် မိတ်ဆက်ကြသည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

တွေ့ဆုံရာတွင် အင်ဒိုနီးရှား ကာကွယ်ရေး ဦးစီးချုပ်မှ အဆွေတော် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ အားလုံး အင်ဒိုနီးရှား နိုင်ငံမှ လှိုက်လှဲစွာ ကြိုဆိုနှုတ်ခွန်းဆက် ပါကြောင်း၊ ယခုချစ်ကြည် ရေးခရီးစဉ်သည် နှစ်နိုင်ငံတပ်မတော်အတွက် အကျိုးဖြစ်ထွန်းမည့် ခရီးစဉ်တစ်ခုဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေမှု အတွက် ဂုဏ်ယူမိ ပါကြောင်း၊

အဆွေတော်၏ အမြော်အမြင် ရှိမှုနှင့် ဦးဆောင်မှု ကောင်းမွန်ခြင်း တို့ကြောင့် လာမည့် မတ်လနှင့် မေလများတွင် ကျင်းပမည့် အာဆီယံ တပ်မတော်ဆိုင်ရာ အစည်းအဝေး များကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု မိမိအပြည့်အဝ ယုံကြည်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ရှည်လျားသော ဆက်ဆံရေး အစဉ် အလာကောင်းများ ရှိခဲ့ပြီး ဘက်မလိုက် အဖွဲ့ဝင် နိုင်ငံများလည်း ဖြစ်ပါကြောင်း၊

ယခုအချိန်တွင် နှစ်နိုင်ငံ အစိုးရ အချင်းချင်းနှင့် တပ်မတော် နှစ်ရပ်အကြား ယခင်ကထက် ဆက်ဆံရေး နယ်ပယ် တိုးတက်လာခဲ့ပြီး စစ်ဦးစီး တက္ကသိုလ်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သင် တန်းသားများ အချင်းချင်း အပြန်အလှန်လည်ပတ်နိုင်ရေး ဖိတ်ခေါ် လိုပါကြောင်း၊ မြန်မာ့ တပ်မတော် အနေဖြင့် Peace keeping သင်တန်းအား တက်ရောက် လိုပါက အရာရှိ သင်တန်းသားများ စေလွှတ် နိုင်ပါကြောင်း၊၂ဝ၁၃ခုနှစ် ဒီဇင်ဘာလအတွင်း (၂၇) ကြိမ်မြောက် အာဆီယံ အားကစား ပြိုင်ပွဲ ကျင်းပနိုင်ခဲ့ ခြင်းနှင့် ပြိုင်ပွဲတွင် ထိပ်ဆုံးပိုင်း၌ ရပ်တည်နိုင်ခဲ့သဖြင့် ဂုဏ်ယူပါကြောင်းဖြင့် ဆွေးနွေးကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားရာတွင် မိမိတို့ ကိုယ်စားလှယ် အဖွဲ့အား နွေးထွေး လှိုက်လှဲစွာ ကြိုဆိုသည့် အတွက် ကျေးဇူးတင် ပါကြောင်း၊ အင်ဒိုနီးရှား နိုင်ငံနှင့် မြန်မာနိုင်ငံ ရှည်လျားသော ဆက်ဆံရေး ရှိခဲ့သော်လည်း ကာကွယ်ရေး ဦးစီးချုပ် အနေနှင့် အင်ဒိုနီးရှား နိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်သည့် အတွက် မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ မိမိယခု လာရောက်ခြင်းသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ချစ်ကြည် ရင်းနှီးမှုကိုပိုမို တိုးမြှင့် လို၍ဖြစ်ပြီး အင်ဒိုနီး ရှားနှင့် ဆက်ဆံရေး နွေးထွေးမှု ရှိစေရန်အတွက် ဖြစ်ကြောင်း၊

မိမိတို့ နှစ်နိုင်ငံသည် ၁၉၅၁ခုနှစ် ဘန်ဒေါင်း ညီလာခံတွင် ဘက်မလိုက်ဘဲ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်ကို အတူတကွ လက်မှတ်ရေးထိုး နိုင်ကြ ကြောင်း၊ ၎င်းမူများသည် ယနေ့ကမ္ဘာပေါ်တွင် စံတစ်ခု အနေနှင့် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိနိုင်ငံ သို့လည်း အင်ဒိုနီးရှား တပ်မတော် (ကြည်း၊ ရေ၊ လေ) ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်း၊ စစ်ဦးစီး တက္ကသိုလ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းများလည်း လာရောက် လည်ပတ်ရန် ဖိတ်ခေါ် ပါကြောင်း၊

နှစ်နိုင်ငံ တပ်မတော် အားကစားနှင့် ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန် စေလွှတ်နိုင်ရန်နှင့် နှစ်နိုင်ငံ ဘာသာစကား သင်တန်းများ အပြန်အလှန် စေလွှတ် တက်ရောက်နိုင်ရေး အတွက် ကိုလည်း အကြံပြုလို ပါကြောင်း၊ အဆွေတော်တို့ နိုင်ငံတွင် ဖွင့်လှစ်ထားသော Peace keeping သင်တန်းများကိုလည်း စိတ်ဝင်စား ပါကြောင်း၊ မိမိအား UN ကိုယ်စားလှယ် တစ်ဦးမှ မြန်မာ့ တပ်မတော် သားများကို ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွင် ပါဝင်နိုင်ရေး အတွက် အကြံပြု ကမ်းလှမ်း ထားပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ တပ်မတော် နှင့်အင်ဒိုနီးရှား တပ်မတော်သည် အတွေ့အကြုံရင့်ကျက်သည့် တပ်မတော်များ ဖြစ်ပါကြောင်း၊ ၎င်းအတွေ့အကြုံ များကို အမြင်ချင်း ဖလှယ်ပြီး ပိုမိုပူးပေါင်း ဆောင်ရွက် နိုင်ပါက အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတွင် ရှိသော တပ်မတော်တိုင်းသည် ၎င်းနိုင်ငံ၏ အမျိုး သားရေး တာဝန်ကို ထမ်းဆောင် ကြရပြီး မည်သူကမျှ တားဆီး၍ မရပါကြောင်း၊ လာမည့်မတ်လတွင် ကျင်းပမည့် အာဆီယံ တပ်မတော် ဦးစီးချုပ်များ အစည်းအဝေးကို တက်ရောက်မည့် အဆွေတော်အား ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr. Moeldoko ၊ အင်ဒိုနီးရှား တပ်မတော်မှ တပ်မတော် အကြီးအကဲများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ
နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးမြှင့် လိုပြီး ဆက်ဆံရေး နွေးထွေး မှုရှိစေရန် အတွက် လာရောက်ခြင်းဖြစ်၊ နိုင်ငံ အသီးသီးရှိ တပ်မတော် တိုင်းသည် ၎င်းနိုင်ငံ၏ အမျိုးသားရေး တာဝန်ကိုထမ်းဆောင် ကြရပြီး မည်သူကမျှ တားဆီး၍မရ၊ လာမည့် မတ်လတွင်ကျင်းပမည့် အာဆီယံ တပ်မတော် ဦးစီးချုပ်များ အစည်း အဝေးကို တက်ရောက်မည့် အဆွေတော်အား ဝမ်းမြောက်စွာ ကြိုဆို ..

Red Link ဝိုင်ဖိုင် ဧရိယာများ တွင် မြန်နှုန်းမြင့် လာစေရန် စီစဉ် ဆောင်ရွက်

Photo: Red Link ဝိုင်ဖိုင် ဧရိယာများ တွင် မြန်နှုန်းမြင့် လာစေရန် စီစဉ် ဆောင်ရွက်
Wednesday, February 19, 2014

ရန်ကုန်မြို့ရှိ အများပြည်သူများ ဖြတ်သန်းသွားလာလေ့ရှိသော Public ဧရိယာများ ဖြစ်သည့် ရွှေတိဂုံ စေတီတော်ရင်ပြင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နိုင်ငံခြားဘာသာသင် တက္ကသိုလ်အစရှိသော နေရာများတွင် Red Link ကုမ္ပဏီမှ အခမဲ့ အင်တာနက် ဝိုင်ဖိုင် စနစ်များကို ဝန်ဆောင်မှု ပေးထားပြီး ယခုအခါ ပြည်သူများ အနေနှင့် အဆိုပါ ဝိုင်ဖိုင် ဧရိယာများ၌ မိုဘိုင်းလ်ဖုန်း သို့မဟုတ် ကွန်ပျူတာများဖြင့် အင်တာနက် အသုံးပြုရာ၌ ပိုမိုလျင်မြန်မှု ရှိလာစေရန် သက်ဆိုင်ရာ ကုမ္ပဏီမှ စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

ထိုသို့ Red Link ကုမ္ပဏီမှ ဝန်ဆောင်မှု ပေးထားသော အခမဲ့ အင်တာနက် ဝိုင်ဖိုင်ဧရိယာများ အတွင်းတွင် လူတစ်ဦးလျှင် အနည်းဆုံး အင်တာနက်မြန်နှုန်း 512 Kbps ခန့် အသုံးပြုနိုင်ပြီး နောက်ပိုင်းတွင်လည်း ထပ်မံတိုးမြှင့်သွားရန် စီစဉ်ထားကြောင်း Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ''ကျွန်တော်တို့ အခမဲ့ ဝန်ဆောင်မှုပေး ထားတဲ့ နေရာ တစ်ခုချင်းစီက ထုတ်လွှင့် ပေးနေတဲ့ စုစုပေါင်း အင်တာနက်မြန်နှုန်းကို အဲဒီနေရာ ဝန်းကျင်မှာရှိတဲ့ လူ ၃ဝဝ သို့မဟုတ် ၄ဝဝ နီးပါးလောက်က မျှဝေပြီး သုံးစွဲတဲ့အခါမှာ တစ်ယောက် ကို အနည်းဆုံးမြန်နှုန်း 512 Kbps လောက်အထိ အသုံးပြုလာနိုင်အောင် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ ဒီလိုသုံးတဲ့အခါ စီးပွားရေးလုပ်ငန်း အတွက်မကဘဲ personal အတွက် အသုံးပြုတဲ့ လူတွေအဖို့ဆိုရင်လည်း အဲဒီလောက်နှုန်းက အသင့်အတင့် မြန်ဆန်မှုရှိပြီး လုံလောက်မှုရှိပါတယ်။

နောက်လည်း အဆင်သင့်သလို မြန်နှုန်းတိုးမြှင့် ပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ Red Link ကုမ္ပဏီသည် လက်ရှိ ရန်ကုန်မြို့၌ ဝန်ဆောင် မှု ပေးထားသော အခမဲ့အင်တာနက် ဝိုင်ဖိုင်ဧရိယာများအပြင် မန္တလေးမြို့ရှိ မဟာမုနိ ဘုရားကြီးနှင့် မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တို့တွင်လည်း အခမဲ့ အင်တာနက် ဝိုင်ဖိုင်စနစ်များ တပ်ဆင်ပေး သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထို့အပြင် Red Link ကုမ္ပဏီမှ စီစဉ်ဆောင်ရွက် ပေးထားသော အင်တာနက်ဝိုင်ဖိုင် စနစ်များကို အသုံးပြုရာတွင် အဆင်မပြေမှုများ ရှိပါက ဖုန်း-ဝ၉-၈၆ဝ၃၅၃၅ နှင့် ဝ၁- ၅၄ဝ-၆၉၆ တို့သို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့ရှိ အများပြည်သူများ ဖြတ်သန်းသွားလာလေ့ရှိသော Public ဧရိယာများ ဖြစ်သည့် ရွှေတိဂုံ စေတီတော်ရင်ပြင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နိုင်ငံခြားဘာသာသင် တက္ကသိုလ်အစရှိသော နေရာများတွင် Red Link ကုမ္ပဏီမှ အခမဲ့ အင်တာနက် ဝိုင်ဖိုင် စနစ်များကို ဝန်ဆောင်မှု ပေးထားပြီး ယခုအခါ ပြည်သူများ အနေနှင့် အဆိုပါ ဝိုင်ဖိုင် ဧရိယာများ၌ မိုဘိုင်းလ်ဖုန်း သို့မဟုတ် ကွန်ပျူတာများဖြင့် အင်တာနက် အသုံးပြုရာ၌ ပိုမိုလျင်မြန်မှု ရှိလာစေရန် သက်ဆိုင်ရာ ကုမ္ပဏီမှ စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

တန်ချိန် ၅၀ လောက်ရှိ ကျောက်စိမ်းတုံး တူးဖေါ်ရ

Photo: တန်ချိန် ၅၀ လောက်ရှိ ကျောက်စိမ်းတုံး တူးဖေါ်ရ
Wednesday, February 19, 2014

ကချင် ပြည်နယ် ဖားကန့်မြို့ ဝေခါ ကျောက်မျက် မှော် လုပ်ကွက်မှာ ခန့်မှန်းခြေ အလေးချိန် တန် ၅၀ လောက် ရှိတဲ့ ကျောက်စိမ်း တုံးကြီး တစ်တုံးကို တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။

တနိုင်တပိုင် ကျောက် တူးဖော်သူ တွေ တူးဖေါ်ရရှိတဲ့ ဒီကျောက်စိမ်း တုံးကြီးဟာ တနိုင်တပိုင် သမားတွေ တွေ့ခဲ့ ဖူးတဲ့ ကျောက်စိမ်းတွေ ထဲမှာ အကြီးဆုံး လို့ ဆိုရမှာပါ။

ဒီအတုံးကြီးဟာ ကျောက်စိမ်း အရည် အသွေးပါတဲ့ လုံးချော ပုံသဏ္ဍဍန် ရှိတယ်လို့လည်း သိရပါတယ်။

အခုတော့ ဒီကျောက်စိမ်းတုံးကို တွေ့ခဲ့တဲ့ နေရာမှာဘဲ စစ်တပ် အစောင့် အရှောက်နဲ့ အစိုးရက ထိန်းသိမ်း ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ကချင် ပြည်နယ် ဖားကန့်မြို့ ဝေခါ ကျောက်မျက် မှော် လုပ်ကွက်မှာ ခန့်မှန်းခြေ အလေးချိန် တန် ၅၀ လောက် ရှိတဲ့ ကျောက်စိမ်း တုံးကြီး တစ်တုံးကို တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။

ကိုကိုးကျွန်းပေါ်တွင် တရုတ်ရေတပ်စခန်းတည်ဆောက်နေသည်ဟူသည့် သတင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး ငြင်းဆို

Photo: ကိုကိုးကျွန်းပေါ်တွင် တရုတ်ရေတပ်စခန်းတည်ဆောက်နေသည်ဟူသည့် သတင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး ငြင်းဆို။
Wednesday, February 19, 2014

ရန်ကုန်တိုင်းဒေသကြီးအပိုင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင် အကြားတွင်တည်ရှိသည့် ကိုးကိုးကျွန်းပေါ်တွင် တရုတ်ရေတပ် စခန်းနှင့် တရုတ်လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်လျှက်ရှိကြောင်း အိန္ဒိယသတင်းစာတစ်စောင်က ဖော်ပြခဲ့သည့် သတင်းမှာ မှားယွင်းနေပြီး မူလလေယာဉ်ပြေးလမ်းကို ပြန်လည်ပြုပြင်နေခြင်းသာဖြစ်သည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တုံ့ပြန်လိုက်သည်။

``ကိုကိုးကျွန်းက ဘယ်သူမဆိုအလည်အပတ်သွားလို့ရပါတယ်။ အပျော်စီး သင်္ဘောတွေတောင်သွားလို့ရနေပါပြီ။ တရုတ်နဲ့ပတ်သက်တဲ့ စီမံကိန်းဘာ တစ်ခုမှမရှိဘူး။ လူတိုင်းသိလို့ရတဲ့ကိစ္စပါ။ ကိုကိုးကျွန်းပေါ်မှာ လျှို့ဝှက် ထားစရာနေရာ ဘာမှမရှိဘူး။ ထင်ယောင်ထင်မှားဖြစ်အောင် ဘာလို့ လုပ်ကြတာလဲမသိဘူး´´ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။

7 days
ရန်ကုန်တိုင်းဒေသကြီးအပိုင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် အကြားတွင်တည်ရှိသည့် ကိုးကိုးကျွန်းပေါ်တွင် တရုတ်ရေတပ် စခန်းနှင့် တရုတ်လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်လျှက်ရှိကြောင်း အိန္ဒိယသတင်းစာတစ်စောင်က ဖော်ပြခဲ့ သည့် သတင်းမှာ မှားယွင်းနေပြီး မူလလေယာဉ်ပြေးလမ်းကို ပြန်လည်ပြုပြင်နေခြင်းသာဖြစ်သည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တုံ့ပြန်လိုက်သည်။

ကင်တားနား နေပြည်တော်ရောက်

Photo: ကင်တားနား နေပြည်တော်ရောက်
Wednesday, February 19, 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ အကြံပေး ပုဂ္ဂိုလ်တွေ အပါအဝင် အစိုးရဝန်ကြီးဌာနတွေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေသလို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် လာရောက်တဲ့ ကုလအထူးကိုယ်စားလှယ်ကို အိမ်ရှင်နိုင်ငံရဲ့ ဝတ္တရားနဲ့အညီ လွတ်လွတ်လပ်လပ် လေ့လာခွင့်ပေးထားပြီး
နောက် ထွက်ပေါ်လာမယ့် ကုလအထူးကိုယ်စားလှယ်ရဲ့ သတင်းထုတ်ပြန်ချက် အပေါ် စောင့်ကြည့်ရမှာဖြစ်တယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ် ဒုတိယ
ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

မစ္စတာကင်တားနားရဲ့ နေပြည်တော်ခရီးစဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်နဲ့ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရောက်ရှိလာတဲ့ သောမတ်စ် အိုဟေး ကင်တားနား ဟာ ဒီကနေ့မှာတော့ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောရေးရာဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတော်သမ္မတရဲ့ ဥပဒေပိုင်း၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နေပြည်တော်ကို ရောက်ရှိချိန်အတွင်း မစ္စတာကင်တာနားဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်က လွှတ်တော် တာဝန်ရှိသူတွေ အပါအ၀င် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး သတင်းပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ မစ္စတာကင်တာနားဟာ အခု နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တံခါးပိတ် တွေ့ဆုံခဲ့တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

“တွေ့ပြီးသွားပါပြီ။ အခုပဲ ကျနော်ပြန်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာပဲ တွေ့ပါတယ်။ နေပြည်တော်မှာရှိတဲ့နေရာမှာပါ။ သူတို့ တံခါးပိတ် ဆွေးနွေးတဲ့အခါကျတော့ အန်ကယ်လ်လည်း အထဲမရောက်တာနဲ့ မသိဘူးခင်ဗျ။”

နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ညနေ ၆ နာရီလောက်က တွေ့ဆုံခဲ့ကြတဲ့အကြောင်းကိုလည်း တွေ့ဆုံပွဲမှာ တက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဖြစ်တဲ့ ပရော်ဖက်ဆာ ကင်တားနားတို့ဟာ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်
နေအိမ်မှာပဲ တွေ့ဖြစ်ပါတယ်။ တွေ့ဆုံဖြစ်တဲ့အချိန်ကတော့ မိနစ် ၄၀ လောက်ကြာပါတယ်။”

နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီး အပါအဝင် ဒုတိယပြန်ကြားရေးဝန်ကြီး အဖွဲ့နဲ့ မစ္စတာ ကင်တာနား တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့သလို အင်းစိန်ထောင်အတွင်း သူသွားရောက်လေ့လာစဉ်က တွေ့ရှိခဲ့တဲ့ အထိန်းသိမ်းခံ သတင်းထောက်တွေရဲ့ အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့
ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သမ္မတကြီးက သူ့ကို တွေ့ဖို့ အစီအစဉ် မရှိပါဘူး။ မနက်ကတော့ ၈ နာရီခွဲလောက်ကတော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့ပါတယ်။ အစိုးရ၀န်ကြီးဌာနက တာဝန်ရှိသူတွေရယ်၊ နောက်ပြီးရင် ကျနော်တို့ လွှတ်တော်ပေါ့ အဲ့ဒီက တာဝန်ရှိသူတွေနဲ့ တွေ့ကြပါတယ်။ အဓိကကတော့ ကျနော်တို့ လုပ်နေတဲ့ လွှတ်တော်ကိုတင်ထားတဲ့ မီဒီယာဥပဒေတွေရဲ့ အခြေအနေပေါ့ အဲ့ဒါတွေ သူ သိချင်တာမေးပါတယ်။ နောက်တခါ ကျနော်တို့ ဒီမီဒီယာရဲ့ အတတ်ပညာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေတဲ့ အခြေအနေလေးတွေ သူ သိချင်တာကို မေးပါတယ်။ သူ အင်းစိန်အကျဉ်းထောင်ကို သွားရောက်လည်ပတ်တုန်းက အဲ့ဒီက ၄ ယောက်နဲ့ သူ တွေ့ခဲ့တယ်။ အဲ့ဒီက နောက်ဆုံးအခြေအနေက ဘယ်လိုလဲလို့ မေးတဲ့အခါကျတော့ ကျနော်တို့လည်း သူတို့ကို ဥပဒေအရ တရားစွဲဖို့အတွက် တရားရုံးက ကြားနာစစ်ဆေးနေပြီ။ သူတို့ဟာ တရားဥပဒေရဲ့ မျှတတဲ့ တရားစီရင်မှုကို ရဖို့နဲ့ သူတို့ရဲ့ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးအားလုံးရဖို့ အာမခံပါတယ်။ သူတို့ကို စွဲထားတာကတော့ နိုင်ငံတော် မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေကနေ တရားစွဲထားတာဖြစ်တယ်။ အဓိကကတော့ သူတို့အနေနဲ့ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နယ်မြေထဲ ၀င်ရောက်ပြီးတော့မှ ဓာတ်ပုံရိုက်တာတို့ ဘာတို့ကြောင့်မို့ အရေးယူထားတာဖြစ်တယ်လို့ ကျနော်တို့ ပြောလိုက်တယ်။ အဲ့ဒါ သူလည်း လက်ခံပါတယ်။”

နောက်ဆုံးအကြိမ်ရောက်လာတဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို သေချာ လေ့လာ သိရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံအနှံ့ သူသွားလိုတဲ့ နေရာတွေကို သမ္မတအနေနဲ့ရော အာဏာပိုင်တွေကပါ လွတ်လွတ်လပ်လပ် စုံစမ်းလေ့လာခွင့် ပေးထားပြီး သူ့ရဲ့သတင်းထုတ်ပြန်ချက်အပေါ် စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ် က ပြောပါတယ်။

“ကျနော်တို့ကတော့ အိမ်ရှင်နိုင်ငံရဲ့ ၀တ္တရားနဲ့အညီ သူ့ကို လွတ်လွတ်လပ်လပ် လေ့လာနိုင်အောင် လုပ်ပေးတယ်ပေါ့။ အဲတော့ ဒီရလာတဲ့ အချက်အလက်တွေပေါ်ကနေပြီးတော့မှ သူ ဘယ်လောက်အထိ မျှမျှတတနဲ့ ဘက်မလိုက်ဘဲနဲ့ တင်ပြနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။ အရင် အစီရင်ခံစာတွေတုန်းကတော့ ဒီက တွေ့တဲ့အချက်တွေထက် သူ တခြားက ရှာလာတဲ့ အချက်တွေကိုပဲ အဓိကထားပြီး ရေးခဲ့တာမျိုးလေးတွေရှိတော့ ဒီတခါ ဘယ်လိုဖြစ်မလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမယ် ထင်ပါတယ်။”

မစ္စတာကင်တားနားဟာ သူ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ အင်းစိန်ထောင်၊ ရန်ကုန်သီလဝါဆိပ်ကမ်းနဲ့ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ မုံရွာကြေးနီစီမံကိန်း စတဲ့ ဒေသတွေကိုပါ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ မစ္စတာကင်တားနားဟာ အစိုးရတာဝန်ရှိသူအချို့နဲ့ နေပြည်တော်မှာ ဆက်လက် တွေ့ဆုံဖို့ရှိပြီးတဲ့ နောက်မှာတော့ ရန်ကုန်ကို ပြန်သွားမှာဖြစ်ပြီး ညနေပိုင်း ရန်ကုန်လေဆိပ်မှာ မစ္စတာကင်တားနားရဲ့ မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ်အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။

မစ္စတာကင်တားနားရဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ အပြည့်အစုံကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ၆ နှစ်အတွင်း မစ္စတာ ကင်တားနားအတွက် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် စုံစမ်းစစ်ဆေးရေးမှူး တာဝန်နဲ့ လာရောက်တဲ့ နောက်ဆုံးခရီးလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana တို့ ဒီကနေ့ နေပြည်တော်နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးသည်။ (ဓာတ်ပုံ - NLD)

VOA
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ အကြံပေး ပုဂ္ဂိုလ်တွေ အပါအဝင် အစိုးရဝန်ကြီး ဌာနတွေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေသလို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သမီးကလေးကျေးရွာ ဖြစ်စဉ်အပါအ၀င် ကျူးကျော်ကိစ္စများအတွက် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ပြောကြား

Photo
ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် သမီးကလေးကျေးရွာအား အင်အားသုံး ဖယ်ရှားခြင်းအပါအ၀င် မြေယာမဲ့ပြည်သူများ အရေး၊ သိမ်းဆည်းခံ တောင်သူလယ်သမားတို့အရေးအား ဖြေရှင်းရန် ဆန္ဒထုတ်ဖော်နေကြစဉ်

သမီးကလေးကျေးရွာ ဖယ်ရှားခံရမှု ဖြစ်စဉ်အပါအ၀င် ကျူးကျော် ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းမှုကို အခြားဒေသများမှ ရန်ကုန်သို့ပြောင်းရွှေ့လာပြီး ငှားရမ်းနေထိုင်သူများ၊ ငှားရမ်းခ မပေးရသည့်နေရာတွင် ကျူးကျော်နေထိုင်သူများ မိမိနေထိုင်ရန်ရှိသော်လည်း အကျိုးအမြတ်ရယူလိုသောကြောင့် မြေဦး၊ နေရာ ဦးပြီး နေထိုင်သူအများစုဖြစ်ကြောင်းနှင့် ကျူးကျော်ကိစ္စများကို ဖြေရှင်းရန် အစိုးရအနေဖြင့် ဆောင် ရွက်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က The Daily Eleven သတင်းစာသို့ ပြန် လည်ဖြေကြားသည်။

“၀” တပ်သားများကို ရဟတ်ယာဉ်မောင်းသင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားကြားရေးတာဝန်ခံ ပြောကြား

‘ဝ’တပ်သားများကို ရဟတ်ယာဉ်မောင်းသင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏ နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားရေး တာဝန်ခံ မစ္စတာ Lei Zhen က ဖေဖော်ဝါရီ ၁၇ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လှိုင်သာယာစက်မှုဇုန် (၂) ရှိ Gallant Ocean အအေးခန်းစက်ရုံမှ အလုပ် သမား များ အခြေခံလစာ တိုးမြှင့်ပေးရေး ဆန္ဒပြမှု ပြေလည်မှု မရရှိသဖြင့် ခုံသမာဓိကောင်စီသို့ တိုင်ကြား

လှိုင်သာယာစက်မှုဇုန် (၂) ရှိ Gallant Ocean အအေးခန်းစက်ရုံမှ အလုပ် သမား ၉၀ ခန့် အခြေခံလစာ တိုးမြှင့်ပေးရေးဆန္ဒပြမှု ပြေလည်မှုမရရှိသေး၍ ခုံသမာဓိကောင်စီသို့ စာတင်တိုင်ကြားထားကြောင်း  ဆန္ဒပြ အလုပ်သမား များ၏ ပြောကြားချက်အရ သိရသည်။

ပျဉ်းမနားအချုပ်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရမည်းသင်းထောင်သို့ အပို့ခံရသော ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအားရုံးထုတ်

ပျဉ်းမနားအချုပ်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရမည်း သင်းထောင်သို့ အပို့ခံရသော ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအား ဖေဖော်ဝါရီ ၁၈ ရက် တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Iqbal Kaim Byuiyan, psc တို့သည် ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ၀က်ဘ် ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

အော်စလို ငြိမ်းချမ်းရေးစင်တာမှ ပညာရှင် ဦးဆောင်၍ ‘ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ’ ၈၈ ရုံး၌ပြုလုပ်

နော်ဝေနိုင်ငံအခြေစိုက် OSLO ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အကျိုးပြုစင်တာမှ ပညာရှင်တစ်ဦးဖြစ် သည့် Mr.Harvard  Kleppa ဦးဆောင်၍ “ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ” ကို ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်မှာ သုံးနှစ်သက်တမ်းသာ ရှိသေးသဖြင့် ရင့်ကျက်မှုမရှိသေးဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောကြား

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်မှာ သုံးနှစ်သက်တမ်းသာ ရှိသေးသဖြင့် ရင့်ကျက်မှု မရှိသေးဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်ဒိုနီးရှား ကာကွယ်ရေး ၀န်ကြီး H.E Prof.Dr. Purnomo Yusgiantoro နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနမှ သိရသည်။