Monday, March 31, 2014

ကမ္ဘောဒီးယား အတိုက်အခံများ၏ ဆန္ဒပြမှု ပြန်လည် အရှိန်မြင့်တက်

Photo: ကမ္ဘောဒီးယား အတိုက်အခံများ၏ ဆန္ဒပြမှု ပြန်လည် အရှိန်မြင့်တက်

တီဟီရန်၊ မတ် ၃၀

ကမ္ဘောဒီးယားနိုင်ငံတွင် အာဏာရှင် ခေါင်းဆောင်ဟု သမုတ်ခံထားရသည့် သမ္မတဟွန်ဆန် ဦးဆောင်သော အစိုးရက ပင်မအတိုက်အခံ ပါတီအတွက် လွတ်လပ်ရေးပန်းခြံတွင် စီတန်းဆန္ဒပြခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် အတိုက်အခံ အင်အားစုများက ၎င်းတို့၏ ပါတီရုံးများတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကမ္ဘောဒီးယား၏ ပင်မအတိုက်အခံ ပါတီကြီး အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) က လွတ်လပ်ရေးပန်းခြံတွင် စုဝေးဆန္ဒပြရန် ကြိုးစားမှုကို အစိုးရက ခွင့်ပြုချက် မပေးသောကြောင့် ယင်းပါတီသည် ပြည်သူ့ကွန်ဂရက်ဟု အမည်ရသည့် ဆွေးနွေးပွဲကြီး တစ်ရပ်ကို ဦးစွာ ကျင်းပကာ ပါတီရုံးတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ဥက္ကဋ္ဌ ဆမ်ရိန်စီ ဦးဆောင်သော CNRP ပါတီ၏ ကွန်ဂရက်သို့ လူရာပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ 

ကမ္ဘောဒီးယားသမ္မတ ဟွန်ဆန် ဦးဆောင်သည့် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) နှင့် အတိုက်အခံ CNRP ပါတီတို့သည် ပြီးခဲ့သည့် ဇူလိုင်လတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ အငြင်းပွားလျက် ရှိသည်။

အဆိုပါ မဲရလဒ်ကို အတိုက်အခံတို့က လက်သင့်မခံဘဲ ဆန္ဒပြမှုများပြု လုပ်ခဲ့ကြသလို သမ္မတဟွန်ဆန် ရာထူးမှ နုတ်ထွက်ပေးရေးနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးတို့ကို တောင်းဆိုခဲ့ကြသည်။ 

ယခု လွတ်လပ်ရေးပန်းခြံ၌ ဆန္ဒပြခွင့် မရရှိသော်လည်း ပါတီဌာနချုပ်၌ ကွန်ဂရက် ကျင်းပကာ ဆန္ဒပြခဲ့ရခြင်းမှာ အစိုးရနှင့် ထိပ်တိုက် ပဋိပက္ခ မဖြစ်လိုသောကြောင့် ဖြစ်ကြောင်း အတိုက်အခံ CNRP ပါတီ ဥက္ကဋ္ဌ ဆမ်ရိန်စီက ပြောကြားသည်။ 

အတိုက်အခံတို့ဘက်က လွတ်လပ်ရေးပန်းခြံ၌ ဆန္ဒပြရန် ကြိုးပမ်းမှုကို လက်သင့်ခံမည် မဟုတ်ကြောင်း ဖနွမ်းပင် မြို့တော်ဝန်က အသိပေးကြေညာပြီး ယင်းပန်းခြံတွင်လည်း အဟန့်အတားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တင်းကျပ်စွာ ချထားသည်။ 

“လူမှုလုံခြုံရေးနဲ့ အများပြည်သူအကြား တရားဥပဒေ စိုးမိုးရေးအတွက် ကျွန်တော်တို့ လုံခြုံရေး တပ်ဖွဲ့တွေ ချထားတာ ဖြစ်ပါတယ်” ဟု အမျိုးသားလုံခြုံရေး အဖွဲ့မှ ရဲချုပ် ကန်တိုင်အိုက ပြောကြားသည်။ 

အတိုက်အခံ အင်အားစုများက ဟွန်ဆန် ဦးဆောင်သော အစိုးရနှင့် အာဏာရ ပါတီတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်ဟု ယနေ့အချိန်အထိ ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆိုကာ ပါလီမန်လွှတ်တော်ကို သပိတ်မှောက်ထားသည်။

သမ္မတ ဟွန်ဆန်ကမူ အတိုက်အခံတို့၏ စွပ်စွဲချက်များ မှန်ကန်မှုမရှိဟု တုံ့ပြန်ပြောဆိုကာ ၎င်းအနေနှင့် ရာထူးမှ နုတ်ထွက်ပေးမည် မဟုတ်သလို ရွေးကောက်ပွဲလည်း ပြန်လည် ကျင်းပပေးမည် မဟုတ်ဟု ဆိုထားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အာဏာရှင် ခေါင်းဆောင်ဟု သမုတ်ခံထားရသည့် သမ္မတဟွန်ဆန် ဦးဆောင်သော အစိုးရက ပင်မအတိုက်အခံ ပါတီအတွက် လွတ်လပ်ရေးပန်းခြံတွင် စီတန်း ဆန္ဒပြခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် အတိုက်အခံ အင်အားစုများက ၎င်းတို့၏ ပါတီရုံးများတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

အဂတိလိုက်စားမှုအတွက် ယင်းလပ် ထွက်ဆိုမှုမပြုမီ ထိုင်းပါလီမန် ရွေးကောက်ပွဲ ပြုလုပ်

Photo: အဂတိလိုက်စားမှုအတွက် ယင်းလပ် ထွက်ဆိုမှုမပြုမီ ထိုင်းပါလီမန် ရွေးကောက်ပွဲ ပြုလုပ်

ဘန်ကောက်၊ မတ် ၃၀

ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ ဆန်စပါး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များအတွက် စစ်ဆေးမှု မခံယူမီ တနင်္ဂနွေနေ့က ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုင်းပါလီမန် လွှတ်တော်တွင် အမတ်နေရာ ၁၅၀ ရှိသည့်အနက် ထက်ဝက်ကျော်ခန့် နေရာအတွက် မဲဆန္ဒရှင်များက မဲပေးရခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက တရားမဝင်တော့ကြောင်း ကြေညာပြီး တစ်ပတ်ကျော်ခန့် အကြာတွင် ကျင်းပ ပြုလုပ်ခြင်းလည်း ဖြစ်သည်။ 

ထိုင်းပါလီမန်၏ အမတ်နေရာ ၇၇ ခုမှာ ရွေးကောက်တင်မြှောက် ခံရသူများအတွက် ဖြစ်ပြီး ၇၃ နေရာမှာမူ တိုက်ရိုက် ခန့်အပ်ခြင်း ခံရသူများဖြစ်ကာ သက်ဆင်ရှင်နာဝပ် အင်အားစုကို ဆန့်ကျင်သည့် အုပ်စုများ ဖြစ်ကြသည်။ 

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်မှာမူ အစိုးရ၏ ဆန်စပါး ဝယ်ယူရေး အစီအစဉ်တွင် အဂတိလိုက်စားမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များ အတွက် တနင်္လာနေ့တွင် တရားရုံးတော်၌ စစ်ဆေးခံ ထွက်ဆိုရမည် ဖြစ်သည်။ 

ဆူတက်တာဆူဘန် ဦးဆောင်သော အတိုက်အခံ အင်အားစုများက ယင်းလပ်ရှင်နာဝပ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်လာသည်မှာ ယခုဆိုလျှင် ငါးလအထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း ၎င်းအား ရာထူးမှ နုတ်ထွက်သည်အထိ ဖိအားပေးနိုင်ခဲ့ခြင်း မရှိသေးပေ။ 

အတိုက်အခံတို့က နောက်ထပ် တစ်ကြိမ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုထားကြသည်။ 

တနင်္ဂနွေနေ့တွင် ထပ်မံ ကျင်းပရသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ Siam Intelligence Unit မှ နိုင်ငံရေး လေ့လာဆန်းစစ်သူ တစ်ဦးက “ဒီရွေးကောက်ပွဲ ရလဒ်ဟာ တရားမဝင်ဘူးလို့ အခြေခံဥပဒေ ခုံရုံးက ကြေညာခံလိုက်ရတဲ့ ဖေဖော်ဝါရီလ ၂ ရက် ရွေးကောက်ပွဲ အတိုင်းပဲ ဖြစ်မှာပါ။ သဘောကတော့ အစိုးရ လိုလားတဲ့ ရလဒ်မျိုးဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ တိုက်ရိုက်ခန့်အပ်ခံရတဲ့ ဆီနိတ်တာတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အစိုးရ အတိုက်အခံတွေ ဖြစ်နေတော့ ယင်းလပ်ရှင်နာဝပ်ကို ထုတ်ပစ်ဖို့ ဖိအားပေး ပြောဆိုလာတာမျိုး ရှိခဲ့မယ်ဆိုရင် အတိုက်အခံတွေဘက်က မဲသာမယ့် အခြေအနေမှာ ရှိပါတယ်” ဟု ပြောကြားသည်။ 

ရွေးကောက်တင်မြှောက်ခံစရာ မလိုဘဲ တိုက်ရိုက်ခန့်အပ်ခြင်း ခံရသော လွှတ်တော်အမတ် (ဆီနိတ်တာ) များကို အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ အခြေခံဥပဒေခုံရုံး၊ ထိုင်းနိုင်ငံတော် စာရင်းစစ်ချုပ်ရုံး၊ တရားရုံးတော်တို့မှ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော ကော်မရှင်က ခန့်အပ်ခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံရေး အကျပ်အတည်းသည် ၂၀၀၆ ခုနှစ် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို စစ်တပ်က အာဏာသိမ်းပိုက်ကာ ဖယ်ရှားလိုက်သည့် အချိန်မှစ၍ သန္ဓေတည်လာခြင်း ဖြစ်သည်။ 

ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရက နိုင်ငံရေး အကျပ်အတည်းများ ပြေလည်စေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးခဲ့သော်လည်း အခြေခံဥပဒေ ခုံရုံး၏ ဖျက်သိမ်းမှုကြောင့် ယနေ့အချိန်အထိ လိပ်ခဲတည်းလည်း အခြေအနေထဲတွင် ရှိနေဆဲပင် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ ဆန်စပါး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များအတွက် စစ်ဆေးမှု မခံယူမီ တနင်္ဂနွေနေ့က ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်ဘက်က ရန်စပြုမူနေသေးသရွေ့ နျူကလီးယား စမ်းသပ်မှုများ ဆက်လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Photo: အမေရိကန်ဘက်က ရန်စပြုမူနေသေးသရွေ့ နျူကလီးယား စမ်းသပ်မှုများ ဆက်လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ပြုံယမ်း၊ မတ် ၃၀

အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ မိမိတို့နိုင်ငံအပေါ် ရန်ပြုလိုသည့် မူဝါဒများ ဆက်လက် ကျင့်သုံးသွားမည် ဆိုပါက နျူကလီးယား စမ်းသပ်မှု ပုံစံသစ်များကို မပြုလုပ်ဘဲ နေမည် မဟုတ်ဟု မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြောက်ကိုရီးယားတွင် နျူကလီးယား စမ်းသပ်မှုများကို ပုံစံအသစ်ဖြင့် ပြုလုပ်သွားမည့် အခြေအနေ ရှိနေပြီး အကယ်၍ အမေရိကန် ပြည်ထောင်စုကသာ ရန်ပြုလိုသည့် မူဝါဒများကို ဆက်လက် ကျင့်သုံးနေမည် ဆိုပါက အဆိုပါ စမ်းသပ်မှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ပြုံယမ်း ကွန်မြူနစ်အစိုးရက သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

“နျူကလီးယား စမ်းသပ်မှုသစ်များကို မပြုလုပ်ဘဲ နေသွားမည် မဟုတ်ပေ။ အကယ်၍ ကိုရီးယားကျွန်းဆွယ် ဒေသတွင် ယမ်းပုံမီးကျ အခြေအနေမျိုး ဖြစ်ပေါ်လာမည် ဆိုပါက အဆိုပါကိစ္စ အဝဝကို အမေရိကန်ပြည်ထောင်စုက တာဝန်ယူရလိမ့်မည် ဖြစ်သည်” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်ကို နိုင်ငံပိုင် KCNA သတင်း ဌာနက ရေးသားဖော်ပြသည်။ 

မြောက်ကိုရီးယား၏ လတ်တလော တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီတွင် တံခါးပိတ် ဆွေးနွေးမှုများ ပြုလုပ်ကာ ပြစ်တင် ဝေဖန်ခဲ့ပြီးနောက် ပြုံယမ်း ကွန်မြူနစ် အစိုးရက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုလာခြင်း ဖြစ်သည်။ 

“မြောက်ကိုရီးယား နိုင်ငံအပေါ် ဖိနှပ်ချုပ်ချယ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီအပေါ် သွေးဆောင်စည်းရုံးနေသေးသရွေ့ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့၏ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်သည်” ဟု မြောက်ကိုရီးယား၏ ကြေညာချက်က ဆိုသည်။ 

ထို့ပြင် တန်ပြန်ပြုမူရေးနှင့် ပတ်သက်၍လည်း မြောက်ကိုရီးယားဘက်မှ အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု အဆိုပါ ကြေညာချက်က ဆိုသည်။ 

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် ရိုဒေါင်ဟူသည့် ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီးနောက် သုံးလအကြာတွင် နျူကလီးယား စမ်းသပ်မှုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ 

ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်မှုကို ၂၀၀၉ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး တတိယအကြိမ် စမ်းသပ်မှုကိုမူ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည်။
အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ မိမိတို့နိုင်ငံအပေါ် ရန်ပြုလိုသည့် မူဝါဒများ ဆက် လက် ကျင့်သုံးသွားမည် ဆိုပါက နျူကလီးယား စမ်းသပ်မှု ပုံစံသစ်များကို မပြုလုပ်ဘဲ နေမည် မဟုတ်ဟု မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်း ဌာနက ရေးသားဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ကိုယ်ကျိုးရှာသမားများ ဟု ဝေဖန်


ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ကိုယ်ကျိုးရှာသမားများ ဟု ဝေဖန်

Monday, March 31, 2014 

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား ဖြောင့်မတ်သည် ဟု ဒေါ်အောင် ဆန်းစုကြည်က ထောက်ခံထားသော်လည်း မိဘအရှိန်အ၀ါဖြင့် လုပ်ကိုင် ဆောင်ရွက်နေသော ထူး-၂ (ထုးကုမ္ပဏီ၏အခွဲ)၊ ဧရာရွှေဝါကုမ္ပဏီ ၏ ဥပဒေအထက်တွင် တည်ရှိနေသည့် အထောက်အထားများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ 

၂၂ ဘီးတပ် မော်တော်ယာဉ်ပေါင်း ၅၃ စီးအား အထူးအခွင့်အရေး ပေးအပ်ရန် တစ်နှစ်စာ ထုတ်ပြန်ထားသော အထောက်အထား စာအား လူမှုကွန်ရက်တွင် ထပ်ဆင့်ဝေမျှသူ များပြားလျက် ရှိကြောင်း၊ ရိုးရိုးသားသားဖြင့် ကြွယ်ဝချမ်းသာလာခြင်းသာ ဖြစ်ပြီး မိဘအာဏာကို အသုံးချခြင်း မရှိကြောင်း သူရဦးရွှေမန်းကိုယ်တိုင် မီဒီယာများအား ထုတ်ဖော်ပြောကြားထားရာ လိမ်လည်ပြောဆိုရာ ရောက်ရှိနေကြောင်း တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်က ပြောဆိုသည်။

"ဧရာရွှေဝါ ကုမ္ပဏီ ဘာလဲဆိုတာတော့ အားလုံး သိပြီးသားပါပဲ။ အာဏာရှင် စနစ်အောက်မှာ ဦးတေဇနဲ့ ပေါင်းပြီး ချမ်းသာလာတာ လူတွေ သိပ်မသိပါဘူး။ မိသားစုပိုင် ကုမ္ပဏီပေါင်း တစ်ရာကျော် ရှိတယ်။ အီးလိုက်တို့ ရက်ဒ်လင့်တို့ဆိုတာ လူတွေ သိနေပြီ။ ကျန်တဲ့ လူမသိသေးတဲ့ ကုမ္ပဏီတွေ အများကြီး ရှိသေးတယ်။ နိုင်ငံရေးသမားဆိုတာ လိမ်ညာပြီး ပြောနေတာပဲ။ ဟုတ်ဟုတ် မဟုတ်ဟုတ် လျှောက်ပြောကြမှာပဲ။ ဒါကို ပြည်သူတွေ အလွယ် တကူ မယုံကြဖို့ လိုတယ်။ ဒေါ်စုက ဘာဖြစ်လို့ ကာကွယ်ပေးနေသလဲ ဆိုတာတော့ ကျွန်တော်က NLD ပါတီကိစ္စတွေ မသိလို့ မှတ်ချက် မပေးလိုဘူး။ ဧရာဝတီတိုင်းမှာ လယ်မြေတွေ ထောင်နဲ့ချီပြီး သိမ်းခဲ့တာ၊ သုံးမရတဲ့ ဓါတ်မြေသြဇာတွေ တောင်သူတွေကို အဓမ္မရောင်း ငွေသိမ်း လယ်သိမ်း သီးနှံတွေ သိမ်းခဲ့တာ ဧရာရွှေဝါပဲ။ ဒီနိုင်ငံမှာ ဘယ်လူကြီး သားသမီးက ဘယ်လောက်တော်နေတာ၊ ထူးချွန်တာ ရှိသလဲ။ မိဘအရှိန်အ၀ါကို သုံး ခရိုနီတွေနဲ့ပေါင်းပြီး ချမ်းသာလာကြတာ။ ဒီစာ ဆိုရင် တစ်နှစ်စာ စာထုတ်ထားတယ်။ ကျွန်တော်တော့ ဒါမျိုး မတွေ့ဘူးဘူး။ အဓိပ္ပါယ်က ပြဿနာ မရှာနဲ့၊ လိုတာလုပ်ပေး၊ လာရစ်ရင် ဒုက္ခရောက်သွားမယ် ဆိုတဲ့ သဘောပဲ။ ဒါက အာဏာကို အသုံးချပြီး အခွင့်ထူးခံ လုပ်နေတာဗျ။ ဒီခေတ်ကြီးမှာ ဒီသောက်ကျင့်တွေ ဖျောက်သင့်ပြီ လို့ပဲ ပြောချင်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

“ဒေါ်စုက ဘာကိုကြည့်ပြီး ဖြောင့်မတ်တယ် လို့ ပြောတာလဲတော့ မသိဘူး။ ဒီနိုင်ငံမှာ ပြည်သူတွေကို ကယ်ဖို့ တစ်ခွန်းမပြော၊ ခရိုနီတွေ အာဏာရှိသူတွေကို ဟိုဟာမျှော်သလို လုပ်နေတာ စိတ်ပျက်စရာကောင်းတယ်။ ပြန်ပြီး စဉ်းစားကြည့်။ ဆရာတော်ဦးဝီရသူကို မျက်နှာဖုံးတင်ပြီး ဗုဒ္ဓဘာသာကို နာမည် ဖျက်တုန်းက ဒေါ်စု ဘာတစ်ခွန်း ပြောခဲ့သလဲ။ ရိုဟင်ဂျာ အမည်ထည့်ရေးဖို့ကိစ္စ တစ်နိုင်ငံလုံးက အုန်းအုန်းကြွတ်ကြွတ် ကန့်ကွက်နေတာ။ သံဃာတွေရော ပြည်သူတွေရော။ ဒေါ်စု ပါးစပ်က ဘာတစ်ခွန်း ပြောခဲ့လဲ။ ဘင်္ဂလားဒေ့ရှ်သတင်းစာက ရေးတဲ့ ဆောင်းပါးကိစ္စ ဆန္ဒပြခဲ့တာမှာ သံဃာတွေလည်း ပါတယ်။ ဒေါ်စု ပါးစပ်က ဘာတစ်ခွန်း ပြောခဲ့တာ ရှိလဲ။ အမျိုးသားရေးနဲ့ ပတ်သက်ရင် ဒေါ်စုရဲ့ သဘောထားကို အားလုံး တွေ့ပြီးသားပဲ။ ဘယ်လိုနေရာတွေမှာ အားကိုးနိုင်မလဲ။ စဉ်းစားကြည့်ရင် အသိသာကြီးပဲ။ ဒေါ်စု လုပ်နေတဲ့ ပုံစံက သူ သမ္မတ ဖြစ်ရေးက လွဲလို့ ကျန်တာတွေ စိတ်မ၀င်စားဖူး ဆိုတဲ့ ပုံစံ။ NLD ပါတီကလူတွေလည်း ဒေါ်စု သမ္မတဖြစ်ရေးကိုပဲ ဆန္ဒပြတာတွေ လုပ်နေတယ်။ ရိုဟင်ဂျာ ကိစ္စ NLD ဘာအသံ ထွက်သလဲ။ ရှင်းရှင်းလေးပဲ။ ဒေါ်စုနဲ့ NLD ဟာ ကိုယ်အာဏာရရေးကိုပဲ ရှေ့တန်းတင်တဲ့ ဦးစားပေးတဲ့ ကိုယ်ကျိုးရှာသမားတွေပဲ" ဟု မြန်မာအမျိုးသား ကွန်ရက် တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။ 

“နိုင်ငံတော်အလံကိုတောင် အလေးမပြုနိုင်တဲ့ ခေါင်းဆောင်မျိုး ကျွန်တော်တို့ မလိုချင်ဘူး။ ကိုယ့်နိုင်ငံကို မကာကွယ်နိုင်တဲ့ ခေါင်းဆောင်မျိုး ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ရိုဟင်ဂျာ ကိစ္စမှာ ဘာသံမှမထွက်တဲ့နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမားတွေကို ကျွန်တော်တို့ မှတ်သားထားတယ်။ ဒီလူတွေဟာ ကိုယ်ကျိုးပဲ ကြည့်တဲ့သူတွေ။ အမျိုးသားရေးမှာ တစ်စက်မှ အားမကိုးရတဲ့၊ စိတ်မ၀င်စားတဲ့ သူတွေလို့ပဲ မှတ်ချက် ပေးချင်ပါတယ်" ဟု ပြည်သူ့ကွန်ရက်ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

P-847652028346
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား ဖြောင့်မတ်သည် ဟု ဒေါ်အောင် ဆန်းစုကြည်က ထောက်ခံ ထားသော်လည်း မိဘအရှိန်အ၀ါဖြင့် လုပ်ကိုင် ဆောင်ရွက်နေသော ထူး-၂ (ထုးကုမ္ပဏီ၏အခွဲ)၊ ဧရာရွှေဝါကုမ္ပဏီ ၏ ဥပဒေအထက်တွင် တည်ရှိနေသည့် အထောက်အထားများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
၂၂ ဘီးတပ် မော်တော်ယာဉ်ပေါင်း ၅၃ စီးအား အထူးအခွင့်အရေး ပေးအပ်ရန် တစ်နှစ်စာ ထုတ်ပြန်ထားသော အထောက်အထား စာအား လူမှုကွန်ရက်တွင် ထပ်ဆင့်ဝေမျှသူ များပြားလျက် ရှိကြောင်း၊ ရိုးရိုးသားသားဖြင့် ကြွယ်ဝချမ်းသာလာခြင်းသာ ဖြစ်ပြီး မိဘအာဏာကို အသုံးချခြင်း မရှိကြောင်း သူရဦးရွှေမန်းကိုယ်တိုင် မီဒီယာများအား ထုတ်ဖော်ပြောကြားထားရာ လိမ်လည်ပြောဆိုရာ ရောက် ရှိနေကြောင်း တက်ကြွ လှုပ်ရှားသူ ဦးနေမျိုးဇင်က ပြောဆိုသည်။

မန်း၌ လျှပ်စစ်မီတာခလျှော့ချရေး ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ(၁၈)ဖြင့်အရေးယူ

မန္တလေး၌ လျှပ်စစ် မီတာခ လျှော့ချရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူလေးဦးကို မတ် ၂၈ ရက်တွင် ချမ်း အေးသာဇံ မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ ကြောင်း အမှတ်(၈)ရဲစခန်းရှိ တာဝန်ရှိသူ များထံမှ သိရသည်။
မတ်လ ၂၇ ရက် ညနေပိုင်းက ဖြစ်ပေါ်ခဲ့သည့် လျှပ်စစ်မီတာခလျှော့ချရေး ဆန္ဒထုတ်ဖော်ခဲ့ကြရာ ခွင့်ပြုချက်မရဘဲ ဆန္ဒ ထုတ်ဖော်ခြင်းကြောင့် ယခုကဲ့သို့ အရေးယူ ခံရခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သူ လေးဦး အား ညတွင်းချင်း အမှတ်(၈) မြို့မရဲစခန်းမှ တာဝန်ရှိသူများက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည် ဟုသိရသည်။
''ကျွန်တော်တို့ စခန်းကိုရောက် လာတော့ လေးဦး၊ ကျား(၃)၊ မ(၁) ဖြစ်ပါ တယ်။ ဆန္ဒဖော်ထုတ်သူ လူဦးရေကိုတော့ အတိအကျ မသိရသေးပါဘူ''ဟု အမှတ် (၈)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဆန္ဒထုတ်ဖော်သူလေးဦးကို ချမ်း အေးသာဇံ မြို့နယ်တရားရုံးသို့ မတ်လ၂၈ ရက်က ခေါ်ဆောင်

ရိုင်းစိုင်းဆိုးသွမ်းသူများအား ဘောလုံးကလပ်များတွင် မထားသင့်ဟုဆို

မန်မာနေရှင်နယ် လိဂ်-၂ ပွဲစဉ်(၉)အဖြစ် ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်တို့ပွဲစဉ်တွင် ယင်း ပွဲအား တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်လူ ကြီးဦးဇော်ခိုင်အား ရခိုင်ယူနိုက်တက်အသင်း အုပ်ချုပ်သူမှ ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အသင်းများအ နေဖြင့် ရိုင်းစိုင်းဆိုးသွမ်းသည့် ပုဂ္ဂိုလ်များ အား မခန့်အပ်သင့်ကြောင်း ဒိုင်ကော်မတီ ဥက္ကဋ္ဌဦးထွန်းလှအောင်က ဝေဖန်လိုက်သည်။
ကွင်းလယ်ဒိုင်လူကြီး ဦးဇော်ခိုင် က ပွဲပြီးခါနီးအချိန်၌ ပင်နယ်တီပြစ်ဒဏ် ဘောကန်ခွင့်အား ဟံသာဝတီဘက်သို့ ပေး ခဲ့ခြင်းနှင့် ကွင်းလယ်လူ သူရကိုကိုအား (၂) ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့သည့် အတွက်ကြောင့် ရခိုင်ယူနိုက်တက်အသင်းသားများ ဝိုင်းဝန်း ကန့်ကွက်ရာမှာ အခြေအနေတင်းမာမှုဖြစ်

ထိရှလွယ်သည့်ဒေသများတွင် INGO များ ဆင်ဆင်ခြင်ခြင်လုပ်ကိုင်ရန် ဦးရဲထွဋ်တိုက်တွန်း

ရခိုင်ပြည်နယ်ကဲ့သို့ သော ထိရှလွယ်သည့်ဒေသများတွင် INGO များအနေဖြင့် သတိထား၍ ဆင်ခြင်ဆောင် ရွက်သင့်သည်ဟု နိုင်ငံတော်သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တိုက်တွန်းပြော ကြားခဲ့သည်။
မတ် ၂၉ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရရုံး၌ ဦးရဲထွဋ်နှင့် တွေ့ဆုံ စဉ် သတင်းထောက်များက ရခိုင်ပြည်နယ် တွင် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်သည်များကို မေးမြန်းရာ' INGO တွေအနေနဲ့ ထိခိုက်ရှလွယ်တဲ့ ဒေသတွေ မှာ ဆင်ဆင်ခြင်ခြင်လုပ်ဖို့လိုတယ်။ှုINGO တွေရဲ့မူအရ

NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ အဂတိလိုက်စားနေ ဟု ပြင်းပြင်းထန်ထန် ဝေဖန်




ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ပြည်တွင်း ပြည်ပမှ အလှူငွေအမည်ခံ၍ လာဘ်လာဘများ ရယူလျက် ရှိကြောင်း ယနေ့ထုတ် Weekly Eleven သတင်းဂျာနယ် က ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေပွဲတွင် ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က တိုက်ရိုက် ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သိုးမွေးဆွယ်တာ ကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း NLD ကပြုလုပ်သည့် ရန်ပုံငွေ

မြန်မာအမျိုးသမီးအသင်းနှင့်ခြေစမ်းရန် တရုတ်နှင့်ဟောင်ကောင်အသင်းများကို ဖိတ်ကြားထား

အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လေ့ကျင့် မှုများ ပြု လုပ်နေသော မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် ခြေစမ်းရန်အတွက် တရုတ်ကလပ် အသင်းတချို့နှင့် ဟောင်ကောင်လက်ရွေးစင်အသင်းများကို ဖိတ်ကြားထား သည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ်္ဈိမသို့ ပြောသည်။
မြန်မာအမျိုးသမီးအသင်းနှင့် ခြေစမ်းရန်အတွက် မူလက ဗီယက်နမ်အသင်းကို ဖိတ်ကြားခဲ့သော်လည်း

ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စောင့်ကြည့်ဆဲ၊ ပြည်ပတွင် ကုသရန် မဆုံးဖြတ်ရသေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ စောင့်ကြည့်နေဆဲ အဆင့်သာ ဖြစ်ပြီး ပြည်ပသို့ သွားရောက် ကုသရန်ကိုမူ မဆုံးဖြတ်ရသေးကြောင်း ဒီလှိုင်းဂျာနယ် အမှုဆောင် အယ်ဒီတာ မုံရွာအောင်ရှင်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက တစ်ဦးဖြစ်သူ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ၇၂ နာရီ စောင့်ကြည့်ရန် ဆရာဝန်က ညွှန်ကြားထားပြီး ယင်းနောက်မှသာ မည်သည့် နိုင်ငံသို့

မြို့လယ်ခေါင်၌ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားOK MOBILE PHONEဆိုင် ရှေ့တွင် ကားတစ်စီးက ဆိုင်ကယ်သမားအား သေနတ်ဖြင့်ပစ်ခတ်မှု ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားသည်။
မျက်မြင်သက်သေများ၏ ပြောပြချက်အရ သေနတ်ဖြင့်ပစ်မည့်သူများသည် ညနေ ၆ နာရီခန့်က ဆိုင်ကယ် များဖြင့် ကြိုတင်ရောက်နှင့်နေပြီး မတ်တူးကားတစ်စီးက သေနတ်ဖြင့် စတင်ပစ်ခတ်ရာ ဆိုင်ကယ်သမား သုံးဦးကလည်း ပြန်ပစ်ခတ်၍ ကားဘီးမှန်သွားကြောင်းနှင့် ထိုကားနောက်သို့ ဆိုင်ကယ်သမားများ လိုက် သွားကြောင်း သိရသည်။

ဆရာတော်ဦးဝီရသူက နိုင်ငံသား အစ္စလာမ်ဘာသာအသိုင်းအဝိုင်း ပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟုကြေညာ

အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူက နိုင်ငံအပေါ် သစ္စာစောင့်သိမှုကို အခြေခံသည့် ''နိုင်ငံသား'' အစ္စလာမ်ဘာသာ အသိုင်းအဝိုင်း ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးနှင့်တွေ့ဆုံကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
ဆရာတော်ဦးဝီရသူနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ က မတ် ၂၉ရက်တွင် ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်၌ တွေ့ဆုံဆွေးနွေးသဘော တူညီချက်ရယူကာ ယခုကဲ့သို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

သမီးကလေး အပါအဝင် ကျေးရွာသုံးရွာမှ နေထိုင်သူများ DKBA နယ်မြေသို့ ပြောင်းရွှေ့မည်



လှည်းကူးမြို့နယ် တပ်ပိုင်နယ်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရသော သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာ သုံးရွာမှ အိမ်ထောင်စု ၉၁ စုသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေသို့ ဧပြီလ ၁ ရက်နေ့တွင် လိုက်ပါ ပြောင်းရွှေ့ မည် ဖြစ်ကြောင်း သမီးကလေးကျေးရွာ နေသူများ ယာယီ ခိုလှုံနေသည့် အောင် သိဒ္ဓိကျောင်းမှ ကျောင်း ထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း ဘေးတွင်ရှိသော ဝါးယားကုန်း ကျေးရွာအနီး ကြံ့ခိုင်ရေးပါတီက ဝယ်ယူပေးသော မြေကွက်သို့ သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စု မတ်လ ၂၇ ရက်နေ့က ပြောင်းရွှေ့ခဲ့သော်လည်း မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ယခင် ခိုလှုံခဲ့သော အောင်သိဒ္ဓိကျောင်းတိုက်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သမီးကလေးကျေးရွာ

သားသတ်ရုံအ၀၌ ဒူးထောက်ငိုကြွေး အသနားခံသော နွားကြီးအား တရုတ်ဘုန်းကြီးကျောင်းထံသို့ လွှဲအပ်

မယုံမရှိနဲ့ ဤအဖြစ်အပျက်သည် ဟောင်ကောင်၌ အမှန်တကယ် ဖြစ်ခဲ့သည်။ အလုပ်သမား တစ်စုက နွားကြီးတစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ ၀င်ပေါက်ဝအနားအရောက်၌ သနားစရာ နွားကြီးခမျာ ရှေ့ခြေထောက် ၂ ချောင်းကို ညွှတ်၍ ဒူးထောက်ချလိုက်သည်။ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ရှေ့ဆက်သွားခိုင်းလို့လည်း မရတော့ပေ။
နွားတစ်ကောင်က အသတ်ခံရတော့မည်ဆိုသည်ကို သားသတ်ရုံအထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင်များကတော့ ပြောမယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။
မစ္စတာရှုးဆိုတဲ့ သားသတ်သမားကြီးက `ဒီနွားကြီးရဲ့ မျက်လုံးမှာ ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ ငိုကြွေးနေတာ မြင်တဲ့အခါ ကျွန်တော်လည်း တုန်လှုပ်မိတယ်၊ ဒါကို ကျွန်တော်က

နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ

နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ
Monday, March 31, 2014

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာ အဖွဲ့က မတ်လ ၂၉ ရက်နေ့တွင် ပုသိမ်မြို့ ကိုးသိန်း အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ပုသိမ်မြို့တွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်၍လည်းကောင်း၊ ကာယကံရှင် မိဘများကသာ တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ လည်းကောင်း အမှုဖွင့်ပေးခဲ့ခြင်း မရှိဟု ၎င်းကဆိုသည်။

“ဒီလို အမှုမျိုးက ရဲလက်စွဲအရ တိုင်ချက်ဖွင့်ပေးရမယ်။ နောက်မှ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ချက် ပို့ပေးရမှာ” ဟု ရဲဝန်ထမ်းဟောင်း တစ်ဦးက မှတ်ချက်ပြုသည်။

တစ်လလျှင် လစာ နှစ်သောင်းခွဲ ရရှိပြီး အလုပ်စဝင်သည့် နေ့ရက်ကို မမှတ်မိသော်လည်း သုံးလခန့် ရှိပြီဟု ထင်ကြောင်း၊ အိမ်ရှင်၏ခွေး လည်ကြိုးပတ်ပြီး သေသည်ကို တွေ့၍ ခေါ်ပြရာ အိမ်ရှင်၏ အမျိုးသားဖြစ်သူက ညာဘက်မျက်နှာကို လက်သီးဖြင့် နှစ်ချက်၊ ဘယ်ဘက်ကို တစ်ချက် ထိုးခဲ့သည်ဟု မထက်ထက်က ပြောကြားသည်။

“ပထမနေ့က ဝက်သားဟင်းအိုး တူးလို့ဆိုပြီး အဲဒီဟင်းအိုး အပူထဲကို လက်နှစ်ဖက်လုံး စိမ်တယ်။ ကတ်ကြေးနဲ့လည်း ထိုးတယ်။ အိမ်ရှင်အမျိုးသမီးက ခြေထောက်တွေကို ရိုက်ပြီး ပလာယာနဲ့ ညှပ်ပြီး ကြိုယူထားတဲ့ နှစ်လစာ ပြန်မဆပ်တော့နဲ့လို့ ပြောပြီး ပြန်ခိုင်းတယ်။ ပုသိမ် မပြန်ခင် အခန်းတစ်ခုထဲမှာ ပိတ်ထားပြီး ရေတစ်ပုလင်းနဲ့ ထမင်းသက်သက်ပဲ ကျွေးတယ်” ဟု မထက်ထက်က ပြောဆိုသည်။

“ကျွန်တော့်သမီးက ဒီကလေးကို လာခေါ်ဖို့ ပြောပြောချင်း ရုံးအလုပ်တွေနဲ့ ချက်ချင်း မသွားနိုင်ခဲ့ဘူး။ သမီးအိမ်မှာ ခုလို ဖြစ်သွားတာကိုလည်း မသိလိုက်ဘူး။ ကိုယ်ချင်းစာမိပါတယ်။ ဒါ့ကြောင့် ကလေးကိုခေါ်ပြီး ပုသိမ်ဆေးရုံကြီးမှာ ဆေးကုပေးတယ်။ ကလေးကျန်းမာရေး ကောင်းတဲ့အထိ တာဝန်ယူ ကုပေးပါ့မယ်” ဟု အိမ်ရှင် ဒေါ်သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ တိုင်းဒေသကြီး ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိင်ကို ပုသိမ်မြို့နယ် အမှတ် (၂) ရဲစခန်းက ခေါ်ယူစစ်မေးစဉ် ထွက်ဆိုခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥပဒေ၏ တရားမျှတမှုကို နစ်နာသူမှ ခံစားနိုင်ရေးအတွက် ပုသိမ်မြို့ရှိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကွန်ရက်၊ လူမှုကွန်ရက်များ၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်များက လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ယင်းအမှုကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ရမည် ဖြစ်ရာ နစ်နာသူ ကာယကံရှင်၏ မိဘများက တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ မှတ်တမ်းသာ ယူထားသည်ဟု ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ် စက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံ ကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာ အဖွဲ့က မတ်လ ၂၉ ရက်နေ့တွင် ပုသိမ်မြို့ ကိုးသိန်း အမှတ် (၂)

အခြေခံဥပဒေ ပြင်ဆင်ရေး ပန်းဘဲတန်း မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်အတွင်း နေထိုင်သူ ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော် သူများထံမှ သိရသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပုဒ်မ ၄၃၆ အပါအဝင် ဒီမိုကရေစီ နည်းလမ်း မကျသော ပြဋ္ဌာန်းချက်များကို ပြောင်းလဲ ပြင်ဆင်ပေးရန်အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် ရေးဆွဲချိန်ကစပြီး ဒီနေ့အထိ တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေး

ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ်

ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ် 

ရန်ကုန်၊ မတ် ၃၀ 

မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း  ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံများကပြောကြားသည်။

ရန်ကုန်မြို့တော် မြို့နယ်များတွင် မတ်လ ၂၆ ရက်နေ့ နောက်ပိုင်းမှစ၍ တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်မှ သုံးကြိမ်အထိ နေ့စဉ် လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးဝါးလာနေကြောင်း ၎င်းတို့က ပြောကြားသည်။ 

“မီတာခ တိုးကောက်တာကို ဖယောင်းတိုင်ကိုင် ဆန္ဒပြတဲ့ မတ်လ ၂၆ ရက်နေ့က  ကျောက်တံတား မြို့နယ်မှာ ညဦးပိုင်းက မီးပြတ်နေတယ်” ဟု ၃၈ လမ်းတွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် သက်ဆိုင်ရာ မြို့နယ်များတွင် သစ်ပင်များ ခုတ်ခြင်း၊ ဓာတ်အားတိုင်များ လဲလှယ်ခြင်းနှင့် ဓာတ်ကြိုး အသစ်များ သွယ်တန်းခြင်းများကြောင့် ဖြစ်နိုင်ပြီး ယခင်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာ မရှိတော့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

“ဒီကိစ္စက သက်ဆိုင်ရာ မြို့နယ်တွေရဲ့ လျှပ်စစ်ဓာတ်အားပေး ဌာနတွေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဆီကတော့ အလုံအလောက် ပေးထားတာပဲ” ဟု ရန်ကုန်မြို့ကို အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။ 

အချို့ မြို့နယ်များတွင် တစ်ကြိမ်ပျက်လျှင် သုံးနာရီခန့်ပင် ကြာမြင့်တတ်ပြီး ထမင်းဟင်း ချက်ပြုတ်ရာနှင့် အခြားသော နေထိုင်ရေး ကိစ္စများတွင် အခက်အခဲများ ဖြစ်ရကြောင်း မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူများက ဆိုသည်။

“တစ်ခါပျက်ရင် တစ်နာရီလောက် ကြာတယ်။ မနက်ပိုင်း၊ နေ့ပိုင်း၊ ညပိုင်း သုံးခါ ပျက်တယ်” ဟု မြောက်ဒဂုံမြို့နယ် ၃၁ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၉၀၀ မဂ္ဂါဝပ်အထိ ရှိပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်းပမာဏ ၄၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သေးကြောင်း၊ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ၂၃၀ KV ဓာတ်အားလိုင်းဖြင့် ရယူသုံးစွဲပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် မတ်လ ၇ ရက်နေ့က ပြုလုပ်သော ၁၃ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Combined Cycle Power Plant)၊ သာကေတ၊ ရွာမနှင့် လှော်ကားတွင် ၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Gas Engine Power Plant) တစ်ရုံစီ တည်ဆောက်လျက်ရှိရာ ပြီးစီးခါနီး ဖြစ်သောကြောင့် ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဟုလည်း ၎င်းက ဆိုခဲ့သေးသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲခများကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်သတ်မှတ်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီးနောက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံ များကပြောကြားသည်။
ရန်ကုန်မြို့တော် မြို့နယ်များတွင် မတ်လ ၂၆ ရက်နေ့ နောက်ပိုင်းမှစ၍ တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်မှ သုံးကြိမ်အထိ နေ့စဉ် လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးဝါးလာနေကြောင်း ၎င်းတို့က ပြောကြား

မော်တော်ယာဉ် စလစ်စနစ် ဖျက်သိမ်းမည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား


မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို မော်တော်ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ရေး စီမံချက်အရ ထုတ်ပေးနေသော စလစ်စနစ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ရန်ကုန်မြို့တော် မြန်မာငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၂၉ ရက်နေ့က နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ကားဟောင်းက တော်တော်များများ ကုန်သွားပြီ။ အခု Showroom (အရောင်းပြခန်း) တွေ ရောက်လာပြီ။ ကြိုက်တဲ့ အချိန်မှာ ဝယ်လို့ရပြီ” ဟု ဦးအောင်မင်းက ပြောဆိုသည်။

စလစ်စနစ်ကို ထားရှိခြင်းမှာ ယာဉ်အိုယာဉ်ဟောင်း ပိုင်ဆိုင်သူများ အရင်းအနှီး မပျက်စေရန် ဖြစ်ကြောင်း

လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ရန်ကုန်သင်္ကြန်အကြိုမြင်ကွင်း

Shwenaingan's photo.Shwenaingan's photo.
နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကား ရောက်ရှိတော့မည်။ သင်္ကြန်တေးများ လည်းဟိုမှသည်မှ ပျံ့လွင့်နေပြီး သင်္ကြန်ပွဲတော်အတွက် အတွေး ကိုယ်စီဖြင့် လူတိုင်းပြင်ဆင်နေကြ ပြီဖြစ်ရာ အရွယ်စုံမျှော်လင့်ရသော သင်္ကြန်၊ ပျော်ရွှင်ရသော သင်္ကြန် ပွဲတော်ကာလပင်။
နှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစားကြမည့်ကလေး ငယ်များအတွက် ရေကစားနိုင်သည့် အရုပ်မျိုးစုံ၊ ဖလားမျိုးစုံနှင့် ရေကာ မျက်မှန်မျိုးစုံတို့မှာ ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနှင့် တာမွေ ဈေးတို့အပါအဝင် မြို့နယ်အသီးသီးရှိ ဈေးဆိုင်များ တွင် နေရာယူလာကြပြီး ဖြစ်သည်။
ရောင်းစုံပလတ်စတစ် ရေပြွတ်များ၊ ရေကစားနိုင်သည့် ပလတ်စတစ် သေနတ်လေးများ၊ ဦးခေါင်းစွပ်နှင့်

ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်


ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်

ရန်ကုန်၊ မတ် ၃၀

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၃၀ ရက်နေ့တွင် စတင် ကောက်ယူသည့် သန်းခေါင်စာရင်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ကာ ကြီးကြပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်လိုက်သဖြင့် လဝက်ခန့်ကြာ သပိတ်မှောက်ထားမှုကို ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) မှ ပြန်ကြားရေး ဦးခင်မောင်ကြီးက ဆိုသည်။

အဆိုပါ စာထုတ်ပြန်မှုကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စစ်တွေမြို့သို့ ရောက်ရှိပြီး တစ်နာရီခန့် အကြာတွင် တရားဝင် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တရားဝင် ထုတ်ပြန်ချက်သည့် လုံလောက်သည့် ကတိကဝတ် ဖြစ်သည်ဟု ယူဆသဖြင့် သပိတ်လှန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

“အိမ်တွေမှာ ကပ်ထားတဲ့ စာရွက် (သန်းခေါင်စာရင်း သပိတ်မှောက်သည့် စာရွက်) တွေကို ဖြုတ်ဖို့၊ သန်းခေါင်စာရင်း အကောက်ခံဖို့ စစ်တွေမှာ အဖွဲ့လေးဖွဲ့ ဖွဲ့ပြီးပြီ၊ ကားတွေနဲ့ လိုက်လံ အသိပေးနေတယ်။ အခြားမြို့နယ်တွေကိုလည်း အသိပေးထားပြီ”  ဟု အဆိုပါ ကော်မတီမှ ကော်မတီဝင် တစ်ဦးက ဆိုသည်။

သန်းခေါင်စာရင်း သပိတ်မှောက်မှုကို ရခိုင်တိုင်းရင်းသားများ ရပ်တန့်လိုက်ပြီ ဖြစ်သော်လည်း ဘင်္ဂါလီများကမှု သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံခြင်း မပြုသဖြင့် သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်နေကြောင်း ရိုဟင်ဂျာဟု ဆိုသူများက ပြောဆိုကြသည်။

“ကျွန်တော်တို့က ရိုဟင်ဂျာလို့ ထည့်ချင်တယ်။ စာရင်းကောက်တွေက ရိုဟင်ဂျာလို့ အထက်က ထည့်ခွင့် မပြုထားဘူးလို့ ပြောတယ်။ ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ အကောက်မခံဘူး” ဟု စစ်တွေမြို့ ဘင်္ဂါလီများ နေထိုင်သည့် အနောက်စံပြကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်မောင်တင်က ဆိုသည်။

အလားတူ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်ကလည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရပါက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ သို့သော်လည်း အကြမ်းဖက်သည့် နည်းလမ်းဖြင့် တုံ့ပြန်သွားမည် မဟုတ်ကြောင်း ပြောကြားသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်မရသဖြင့် ဘင်္ဂါလီများက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ စာရင်းကောက် အဖွဲ့လည်း တိုက်ခိုက်ခံရမှု မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဘူးသီးတောင် မြို့ပေါ်မှာရော၊ နယ်မှာရော ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ ဘင်္ဂါလီတွေ စာရင်းအကောက်မခံဘူး” ဟု ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက စာရင်းကောက် အဖွဲ့များထံမှ ရရှိသည့် သတင်းကို ကိုးကားပြန်လည် ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူရာတွင် လုံခြုံရေး အင်အားကို အပြည့်အဝ ချထားပြီး လုပ်ပိုင်ခွင့်များလည်း ပေးထားကြောင်း၊ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် ဘာဆာကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများက ဘင်္ဂါလီဟု စာရင်းကောက်ခံခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် မတ်လ ၃၀ ရက်နေ့ နေ့လယ် တစ်နာရီမှ စတင်ကာ သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောဆိုသည်။

“ဒုတိယသမ္မတ ကိုယ်တိုင် ဘင်္ဂါလီရွာတွေ၊ ဒုက္ခသည် စခန်းတွေကို သွားပြီး သန်းခေါင်စာရင်း အကောက်ခံဖို့ အားပေးတယ်” ဟု ၎င်းကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်လျှင် ထည့်သွင်းကောက်ယူမည် မဟုတ်ဟု နှုတ်ဖြင့်သာ ပြောဆိုခဲ့ပြီး တရားဝင်စာ မထုတ်ပြန်သဖြင့် ယင်းပြောဆိုမှုမှာ ခိုင်လုံသော အထောက်အထား မဟုတ်ဟု ဆိုကာ ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်ရာမှ သပိတ်လှန်ခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
မတ်လ ၃၀ ရက်နေ့တွင် စတင် ကောက်ယူသည့် သန်းခေါင်စာရင်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ကာ ကြီးကြပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
ပြည်ထောင်စု အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ

မိကျောင်းကန် သပိတ်စခန်းကို မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှား


မိကျောင်းကန် သပိတ်စခန်းကို မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှား

မတ် ၃၀ ရက် နံနက် ၃ နာရီခွဲ ၀န်းကျင်ခန့်က မဟာဗန္ဓုလ ပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းကို သက်ဆိုင်ရာက အင်အားနှစ်ထောင်ခန့်ဖြင့် ဖယ်ရှားခဲ့ပြီး ယင်းသို့ဖယ်ရှားမှုကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၃ နာရီခန့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင်တို့မှ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆောက်လုပ်ထားသည့် မိကျောင်းကန် သပိတ်စခန်းရှိရာသို့ လာရောက်ခဲ့ကြပြီး သတ်မှတ်ချိန်အတွင်း ဖျက်သိမ်းဖယ်ရှားပေးရန် ပြောဆိုခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖယ်ရှားပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် စည်ပင်လုပ်သားများဖြင့် အင်အားသုံး ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖယ်ရှားရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင်တိုင် စည်ပင်ပိုင်နယ်မြေတွင် ယာယီတဲများထိုးခြင်းကို မိမိသဘောနှင့်မိမိ ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပေးပါက သက်ဆိုင်ရာမှ အင်အားသုံး ဖယ်ရှားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖျက်သိမ်းပေးသဖြင့် ထိုကဲ့သို့ ဖယ်ရှားခဲ့ခြင်းဖြစ်ကာ မဖယ်ရှားမီ ရက်ပိုင်းအလိုတွင် ကြိုတင်သမ္ဗာန်စာ ပေးပို့ခဲ့ခြင်း မရှိကြောင်း သပိတ်စခန်းဖွင့်သူများက ပြောကြားသည်။

သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းက “ကျွန်တော်တို့က မြေသိမ်းခံရတာတွေကို အမှန်တရား ပေါ်ပေါက်လာအောင် တောင်းဆိုဆန္ဒပြနေတာပါ။ အစိုးရကို ဆန့်ကျင်ပုတ်ခတ် ဆန္ဒပြနေကြတာ မဟုတ်ပါဘူး။  ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့နေရာမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ထုတ်ဖော်ခွင့်တော့ရှိတယ်။ ဒီလိုမျိုး အကြမ်းဖက် ဖယ်ရှားတာကို လက်မခံနိုင်ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် ယင်းသို့ဖယ်ရှားခဲ့သော်လည်း သပိတ်စခန်း ဖွင့်သူများဘက်မှ အမိုးအကာများကို ပြန်လည်ဆောက်လုပ်ပြီး ၎င်းတို့၏တောင်းဆိုချက်များ မရမချင်း သပိတ်မှောက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်းကို ဦးစိန်သန်းက “ကျွန်တော်တို့ကို ဒီလိုမျိုး ဖယ်ရှားခဲ့တဲ့အတွက် ပိုပြီးတောင် စိတ်ဓာတ်တွေ ခိုင်မာလာပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာ မရမချင်း အသေခံတောင်းဆို တိုက်ပွဲဝင်သွားမှာပါ။ အမိုးအကာတွေကို ဖျက်သိမ်းသွားပေမယ့်လည်း ကျွန်တော်တို့က ထပ်ဆောက်ပြီး သပိတ်ဆက်မှောက် တောင်းဆိုသွားမှာပဲ” ဟု ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ပြည်သူတို့ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး တတိယအကြိမ်မြောက် သပိတ်စခန်းအဖြစ် မတ် ၂၄ ရက်က ရန်ကုန်မြို့တော် ခန်းမအနီး၊ မဟာဗန္ဓုလပန်းခြံ နံဘေးတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှားနေစဉ်
မတ် ၃၀ ရက် နံနက် ၃ နာရီခွဲ ၀န်းကျင်ခန့်က မဟာဗန္ဓုလ ပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းကို သက်ဆိုင်ရာက အင်အားနှစ်ထောင်ခန့်ဖြင့် ဖယ်ရှားခဲ့ပြီး ယင်းသို့ဖယ်ရှားမှုကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့နံနက် ၃ နာရီခန့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင်တို့မှ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆောက်လုပ်ထားသည့် မိကျောင်းကန် သပိတ်စခန်းရှိရာသို့ လာရောက်ခဲ့ကြပြီး သတ်မှတ်ချိန်အတွင်း ဖျက်သိမ်းဖယ်ရှားပေးရန် ပြောဆိုခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖယ် ရှားပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် စည်ပင်လုပ်သားများဖြင့် အင်အားသုံး ဖယ်ရှား ခဲ့ခြင်း ဖြစ် သည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ အနက် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမည်


သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ အနက် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ ခန့်တွင် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများ ပြေးဆွဲခြင်းဆိုင်ရာ စီမံချက်” တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ ယာဉ်လိုင်းများမှာ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲသွားမည့် ယာဉ်လိုင်းများမှာ စည်းစိမ်ရှင် မန္တလေးယာဉ်လိုင်း၊ မိဟာရ မော်လမြိုင်ယာဉ်လိုင်း၊ မန်းရာဇာ မန္တလေးယာဉ်လိုင်းနှင့် မန္တလာမင်း နေပြည်တော်-မန္တလေး-ပြည်ဦးလွင် ယာဉ်လိုင်းတို့ဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၂ ရက် နောက်ဆုံးထား ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့ပြင် ဒဂုံဧရာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၃ ရက်တွင် နောက်ဆုံးထား ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ယင်းအပြင် “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများပြေးဆွဲရေးနှင့် သက်ဆိုင်သည့် စီမံချက်” တွင် ယာဉ်လိုင်းများအား ယာဉ်တိုက်မှု မဖြစ်စေရေး၊ အရက်သေစာသောက်စား မောင်းနှင်မှု မပြုရေး၊ သတ်မှတ်သည့် ယာဉ်စီးခနှုန်းထားထက် ပိုမိုရောင်းချမှု မပြုလုပ်ရေး၊ ကြိုတင်လက်မှတ် ရောင်းချရာတွင် အမှန်တကယ်စီးနင်းမည့် ခရီးသည်အမည် နိုင်ငံသားစီစစ်ရေး အမှတ်များ တိကျစွာပါရှိရေးနှင့် ယာဉ်ထွက်ချိန်တွင် အမှန်တကယ် စီးနင်းသူနှင့် ကြိုတင်လက်မှတ် ဖြတ်ထားသူမှာ တစ်ဦးတည်းဖြစ်စေရေး၊ ခရီးသွား လုပ်သားပြည်သူများအား ကောင်းမွန်ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရေး စသည့်အချက်များကို ယာဉ်လိုင်းများ သိရှိစေရန် ထုတ်ပြန်ထားသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများတွင် လက်မှတ်ဝယ်ယူရာ၌ လက်မှတ်မှာယူမှု အခက်အခဲများလည်း ဖြစ်ပေါ်နေလျက် ရှိသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ ခန့်တွင် ယာဉ်လိုင်းလေး လိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများ ပြေးဆွဲခြင်းဆိုင်ရာ စီမံချက်” တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ ယာဉ်လိုင်းများမှာ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး ပိတ်ရက် မရှိ ပြေးဆွဲသွားမည့် ယာဉ်လိုင်းများမှာ စည်းစိမ်ရှင် မန္တလေးယာဉ်လိုင်း၊ မိဟာရ မော်လမြိုင် ယာဉ်လိုင်း၊ မန်းရာဇာ မန္တလေးယာဉ်လိုင်းနှင့် မန္တလာမင်း နေပြည်တော်-မန္တလေး-ပြည်ဦးလွင် ယာဉ်လိုင်း

ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းနေစေဖို့အတွက် ကျင့်သုံးရမယ့် အချက် (၁၁) ချက်

သူများတွေပြောတဲ့ ဓာတ်ပုံစားတယ်၊ ဓာတ်ပုံစားတယ်ဆိုတာဟာ အပြင်မှာထက် ဓာတ်ပုံထဲမှာ ပိုချစ်ဖို့ကောင်းတာ၊ ပိုကြည့်ကောင်းတာမျိုးကို ပြောချင်တာပါ။ တစ်ခါတစ်လေ ဓာတ်ပုံရိုက်တဲ့ အခါ တောင့်တောင့်တင်းတင်းကြီး ဖြစ်တတ်တဲ့သူတွေအတွက်တော့ အပြင်မှာ ကြည့်ကောင်းနေရင်တောင် ဓာတ်ပုံထဲလည်းရောက်ရော အနေအထားမကျ မျက်နှာတည်တည်တင်းတင်းကြီးတွေ ဖြစ်နေရော။ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲထက်ကို ပိုမိုဆွဲဆောင်အားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင် ပြန်လည် ခန့်အပ်မည်ဟုဆို

 အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမဆုံး တွေ့ဖူးသည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း


ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမဆုံး တွေ့ဖူးသည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း

ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။

၎င်းမျိုးနွယ်စု ဝင်များသည် လေယာဉ်ပေါ်မှ ဓာတ်ပုံ ရိုက်သည်ကို ထိတ်လန့်၍ ၎င်းတို့ ကိုင်ထားသော လှံများပင် လှုပ်ရမ်း သွားသည့်အတွက် လေယာဉ်ကို ပထမဆုံး တွေ့မြင်ဖူး ပုံ ပေါ်သည့် အပြင် ခေတ်မီတိုးတက်သော ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက် နေသယောင်ရှိသည်ဟု ခန့်မှန်းရသည်။

Acre ပြည်နယ်တွင် နေထိုင်သော အဆိုပါ မျိုးနွယ်စုတွင် လူဦးရေ ၂ဝဝနီးပါးခန့် ရှိသည်ဟု သိရပြီး ဘရာဇီး အစိုးရသည် ၎င်း၏ မျိုးနွယ်စုနှင့် အဆက်အသွယ် ပြတ်တောက် နေသည်မှာ မှန်ကန်ကြောင်း လက်ခံသော်လည်း ၎င်းဒေသတွင် သစ်ပင် ခုတ်လှဲခြင်း၊ ဓာတ်သတ္တု တူးဖော်ခြင်း၊ မွေးမြူရေး ခြံလုပ်ငန်း လုပ်ကိုင်ခြင်း၊ ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်း စသည့် ခြိမ်းခြောက် မှုများနှင့် ရင်ဆိုင် နေရသည့်အတွက် ယင်းဒေသကို စောင့်ကြည့် ထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အသစ်ရှာဖွေ တွေ့ရှိသော မျိုးနွယ်စုများ နေထိုင်သည့် ဒေသတွင် နေထိုင်လျက်ရှိသော Ashaninka မျိုးနွယ်စုခေါင်း ဆောင်များက ၎င်းတို့ ပိုင်ဆိုင်သည့် နယ်နိမိတ်တွင် သစ်ခုတ် လှဲခြင်း၊ သတ္တု တူးဖော်ခြင်းနှင့် အမဲလိုက်ခြင်း များကို ထိန်းချုပ်ပေးရန် အစိုးရနှင့် NGO အဖွဲ့အစည်းများအား တောင်းဆို ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အမေဇုန်ချိုင့်ဝှမ်း အတွင်း နေထိုင်သော ခေတ်မီ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်နေသည့် မျိုးနွယ်စု များသည် ကောက်ပဲ သီးနှံများ၊ မြေပဲများ၊ ငှက်ပျောသီးများ၊ ဂျုံနှင့် ပြောင်းများ အစရှိသည် တို့ကို စိုက်ပျိုး၍ နေထိုင်လျက်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ မျိုးနွယ်စုများ၏ လူ့အခွင့်အရေး အတွက် လှုပ်ရှားသည့် Survival  International အဖွဲ့အစည်းက ပြောပြခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။
၎င်းမျိုးနွယ်စု ဝင်များသည် လေယာဉ်ပေါ်မှ ဓာတ်ပုံ ရိုက်သည်ကို ထိတ်လန့်၍ ၎င်းတို့ ကိုင်ထားသော လှံများပင် လှုပ်ရမ်း သွားသည့်အတွက် လေယာဉ်ကို ပထမဆုံး တွေ့မြင်ဖူး ပုံ ပေါ်သည့် အပြင် ခေတ်မီ

သန်းခေါင်းစာရင်းကောက်ယူမှု လုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှု မရှိစေဘဲ အောင်မြင်သည်အထိ လူတိုင်းပါဝင်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တိုက်တွန်း

 ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှု မရှိစေဘဲ အောင်မြင်သည် အထိ လူတိုင်းပါဝင်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက မတ် ၃၀ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့ကြောင်း မတ် ၃၀ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် တာဝန်ရှိသူများက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအား ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်

တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ မ .ထ .သ အုပ်ချုပ်မှုကို လိုလားမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ပြုရန် ဆန္ဒထုတ်ဖော်


တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ) ဗဟို၏ အုပ်ချုပ်မှုကို လိုလာမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း ပုံမှန်ပြေးဆွဲခွင့်ပြုရန် ဆန္ဒ ထုတ်ဖော်ခြင်းကို မတ် ၃၀ ရက် နံနက် ၈ နာရီတွင် တိုက်ကြီးမြို့နယ်၌ ပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ် အခြေပြု ၁၃၂ မြောက်ပိုင်းခရိုင်ယာဉ်လိုင်း၊ အောင်တံခွန်ယာဉ်လိုင်းနှင့် ၂၂၀ အနောက်ပိုင်းခရိုင် ယာဉ်လိုင်းများရှိ ယာဉ်လုပ်သား ၁၀၀ ခန့်မှ တိုက်ကြီးမြို့နယ်ကားဂိတ်မှ စစ်ဆေးရေး ဂိတ်ထိ ဆန္ဒထုတ်ဖော်ခဲ့သည်။

မြို့လယ်ခေါင် မီးရှူးဖောက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြသဖြင့် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး

မြို့လယ်ခေါင် မီးရှူးဖောက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြသဖြင့် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး
Monday, March 31, 2014

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးမှ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ လယ်ခေါင်ဖြစ်သည့် Traders ဟိုတယ်အနီး၌ မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို တစ်ကိုယ်တော်ပြု လုပ်ခဲ့သည်။

ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှုများ ဖြစ်ပေါ်နေခြင်း၊ ကျေး လက်နေဒေသခံများ လယ်ယာမြေဆုံးရှုံးမှုများ၊ ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ကျန်းမာရေးထိခိုက်မှုများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်ရာ လယ်တီဆရာတော်ဘုရားကြီး၏သိမ်တော် ဖယ်ရှားခံရခြင်းတို့ကြောင့် စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်သည့်အတွက် ယင်းကဲ့သို့ မိမိအစီစဉ်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

“၀မ်ပေါင်တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းကြောင့် လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော် ဖယ်ရှားခံရတော့မှာဖြစ်လို့ ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြတာပါ” ဟု ဆန္ဒပြသူ ကိုအောင်ကိုဦးက ပြောကြားခဲ့သည်။

ထိုသို့ မီးရှူးဖောက်၍ ဆန္ဒပြမှုကြောင့် လူအများ အထိတ်တလန့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကာ ဆန္ဒပြသူအား ရဲတပ်ဖွဲ့ဝင်များနှင့် ဟိုတယ်ဝန်ထမ်းများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး စခန်းအတွင်းသို့ ခေါ်ဆောင်ထိန်းသိမ်း ခဲ့ကြသည်။

“အခု ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့သူကို အများပြည်သူသွားလာတဲ့ နေရာမှာ ခွင့်ပြုချက်မရှိဘဲ မီးရှူးဖောက်မှု ရန်ကုန်ရဲအက်ဥပဒေ ၄၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ပြစ်ဒဏ်ကတော့ ဒဏ်ငွေ ၅၀ နဲ့ထောင်ဒဏ် ၈ ရက် ကျနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီပုဒ်မတွေအပြင် တခြားပုဒ်မတွေတပ်ပြီး အရေးယူထားတာမျိုး မရှိပါဘူး။ မနက်ဖြန် သူ့ကို တရားရုံးထုတ်မှာပါ” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲအုပ်တင်မောင်ဆွေက မီဒီယာများသို့ ဖြေကြားခဲ့သည်။

အဆိုပါနေ့၌ပင် ဆူးလေကုန်းကျော်တံတားအနီး မီးပွိုင့်လမ်းဆုံ၌ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မျက်နှာဖုံးစွပ် အမျိုးသားငါးဦးမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေကော်မရှင်၏ စီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး”၊ “ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး သိမ်တော်နဲ့ သာသနိက အဆောက်အအုံများ ကမ္ဘာတည်သရွေ့ တည်ရှိပါစေ” ဟု ရေးထားသော ဗီနှိုင်းများကိုင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Eleven Media Group 

မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြ သူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးမှ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ လယ်ခေါင်ဖြစ်သည့် Traders ဟိုတယ်အနီး၌ မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို တစ်ကိုယ်တော်ပြု လုပ်ခဲ့သည်။
ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှုများ ဖြစ်ပေါ်နေခြင်း ၊ ကျေး လက်နေဒေသခံများ လယ်ယာမြေဆုံးရှုံးမှုများ၊ ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ကျန်းမာရေးထိခိုက်မှု များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်ရာ လယ်တီ ဆရာတော်ဘုရားကြီး၏