Wednesday, July 1, 2015

ဘ၀အတွက် ကြိုတင်စီစဉ်မထားသင့်တဲ့ အရာများ

တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘဝမှာပြုလုပ်မယ့် အရာတွေကို ကြိုတင်အစီအစဉ်တွေ ချမှတ်တတ်ကြပါတယ်။ ဥပမာ- ၂၇ နှစ်မှာ စေ့စပ်မယ်၊ ၃၀ နှစ်မှာ လက်ထပ်မယ်၊ ၃၁ နှစ်မှာ ကလေးယူမယ် အဲလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီလို ဘဝမှာagenda တွေ ထားရှိမယ်ဆိုရင် သီအိုရီ အရတော့ အကောင်းဆုံးနည်းလမ်းတော့ ဖြစ်ပါတယ်။ တစိုက်မတ်မတ်လျှောက်လှမ်းဖို့မှာကျတော့ မသင့်တော်ပြန်ပါဘူး။ လူတိုင်းသိသင့်တဲ့ အချက်တွေကတော့ အသက်ရှင်နေတဲ့ ဘဝတစ်လျှောက် ၁၀၀ ရာခိုင်နှုန်း ကြိုတင် အစီအစဉ်ဆွဲလို့မရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ကိုယ့်စိတ်ကူး အိပ်မက်တွေဆီ ပညာရှိရှိ နဲ့ ဂရုတစိုက် လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်… ဒါပေမယ့် အချုပ်အနှောင်တွေကြားကနေ ကြိုးပမ်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။
အောက်မှာ ကြိုတင်အစီအစဉ်ရေးဆွဲထားခြင်းတွေ မလုပ်သင့်တဲ့အချက်လေးတွေကို လေ့လာကြရအောင်။

အခြေခံဥပဒေပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် NLD အမတ် ဇေယျာသော်နှင့် ကြိုတင်တွေ့ဆုံစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ

ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက လူ ၂၅ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် တကသ ကျောင်းသား ဇေယျာလွင်နှင့်အဖွဲ့သည် NLD အမတ် ဇေယျာသော်နှင့် ဇွန်လ ၂၂ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာသော်က အခြေခံဥပဒေပြင်ဆင်ရေးကို ယခုအပတ်အတွင်း မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး စစ်တပ်က မထောက်ခံသည့်အတွက် ပြင်ဆင်ရန်အတွက် လိုအပ်သည့်ထောက်ခံမဲ မရနိုင်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေး အား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုအရေးနိမ့်ပြီးနောက် တစ်ပတ်အတွင်း တကသ ကျောင်းသားများ ဦးဆောင်ကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် စတင်ဆန္ဒပြရန်၊ ထို့နောက် ဆန္ဒပြပွဲများကို အခြားမြို့ကြီးအသီးသီးတွင် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုဆန္ဒပြပွဲများကို NLD ပါတီအနေဖြင့် နောက်ကွယ်မှ ပံ့ပေးပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ရခြင်းမှာ လွှတ်တော်ပြင်ပ နည်းလမ်း ဖြင့် စစ်တပ်ကို ဖိအားပေးရန် ဖြစ်ပြီး လူထုထောက်ခံမှု မြင့်မားလာခဲ့ပါက တစ်နိုင်ငံလုံးအနှံ့ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ တကသ ကျောင်းသားများအနေဖြင့် ပြည်နယ်တိုင်းများသို့ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ကာ အခြေခံဥပဒေပြင်ဆင်ရေး ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်လာစေရန် စည်းရုံးလျက် ရှိကြောင်း သိရသည်။

ဖွဲ့စည်းပုံမှ ပုဒ်မ-၄၃၆(ခ)ကို ပြင်ဆင်နိုင်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အထောက်အကူပြုမည်ဟု သူရဦးရွှေမန်းဆို

ပြည်ထောင်စုလွှတ် တော်တွင် ထပ်မံဆွေးနွေးဆုံးဖြတ် မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးလုပ်ငန်းအဆက် ပုဒ်မ-၄၃၆(ခ) ပါ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင်နိုင်ပါ က တိုင်းရင်းသား စည်းလုံးညီညွတ် ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးအတွက် အထောက်အကူပြုနိုင် မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယင်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်လိုက် သည်။
ယင်းသို့ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ဇွန် ၃ဝ ရက်တွင် ရေးသားထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ-၄၃၆(ခ)ပါ ပြင် ဆင်ပြဋ္ဌာန်းချက်များကို လွှတ်တော် တွင် စတင်ဆွေးနွေးနေသည့်အချိန် လည်းဖြစ်သည်။

အာရှလမ်းမကြီးပေါ်ရှိ ငွေကောက်ခံနေသည့် နယ်ခြားစောင့်ဂိတ်စခန်းတစ်ခု ပိတ်သိမ်း

 အာရှလမ်းမကြီးပေါ် တွင် ငွေကြေးကောက်ခံနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ လုံခြုံရေးကင်းစခန်းတစ်ခု ကို ဇွန်လ ၃၀ ရက်မှစတင်ကာ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
 အာရှလမ်းမကြီးပေါ်တွင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ (BGF)၊ တပ်ရင်း (၁၀၂၂) လက်အောက်ခံ လုံခြုံရေးကင်း စခန်းတစ်ခုက ဂိတ်ဖွင့်၍ ငွေ ကြေးကောက်ခံနေခြင်းကို ဇွန်လ ၃၀ ရက်မှ စတင်ကာ ပိတ်သိမ်းစေခဲ့ခြင်းဖြစ်ကြောင်း BGF အမှတ် (၄) တပ်နယ်ကွပ်ကဲရေးမှူး ဗိုလ် မှူးစောချားမူးကပြောသည်။
‘‘ဆက်ကောက်ခံနေတယ် ဆိုရင် တိုင်ကြားနိုင်တယ်။ သူတို့ ကို လုံခြုံရေးကင်းစခန်းအနေနဲ့ ထားတာကို မိသားစုစားဝတ်နေ ရေးအရ ငွေကြေးကောက်ခံတယ် လို့ပြောတယ်။ အခုတော့ ခွင့်မပြု တော့ဘူး’’ဟု ဗိုလ်မှူးစောချားမူး ကပြောသည်။

ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်နိုင်ရေး သူရဦးရွှေမန်း လူမှုကွန်ရက်တွင် ရေးသားဝေမျှ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ) ကို ပြင်ဆင်နိုင် ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအပါအ၀င် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုး သားပြန်လည် သင့်မြတ်ရေးကို အထောက်အကူပြုနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ ကသူရဦးရွှေမန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဝေမျှခဲ့သည်။
လက်ရှိလွှတ်တော်တွင် ပုဒ်မ၄၃၆(ခ) ပြင်ဆင်နိုင်ရေးကို စ တင်ဆွေးနွေးမှုများပြုလုပ်နေပြီး ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ဆွေးနွေးခဲ့သော ပုဒ်မ၄၃၆ (က)ကဲ့သို့ပင် အရေးကြီးပုဒ်မများသည် ပုဒ်မ ၄၃၆ (ခ)တွင်လည်း ပါဝင်ကြောင်း ပြည်သူများအား သူရဦးရွှေမန်းက ၎င်းသုံးစွဲနေ သော ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ဇွန်လ ၃၀ ရက်တွင် အသိပေးလိုက်ခြင်းဖြစ်သည်။

စက်ရုံ၊ အလုပ်ရုံများ ကုန်ကျစရိတ်လျှော့ချနိုင်ရန် အလုပ်သမားဖယ်ရီများငှားရမ်းပေးရန် အစိုးရစီစဉ်

စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ကျစရိတ်လျှော့ချပေးနိုင်ရန် အလုပ်သမားများအတွက် ကြို/ပို့ယာဉ်(ဖယ်ရီ)များကို ဈေး နှုန်းသက်သာစွာဖြင့် ငှားရမ်းပြေး ဆွဲပေးသွားရန် အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနက စီစဉ်နေကြောင်း သ တင်းရရှိသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် စက်ရုံများ ကုန်ကျမှုစရိတ်လျော့နည်းသက် သာစေရန်နှင့် အလုပ်သမားများ အား လစာတိုးပေးနိုင်ရန်ရည်ရွယ် ၍ ယင်းသို့ဖယ်ရီပေးရန် စီစဉ်နေ သည်ဟု အလုပ်ရုံ၊ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။‘‘အလုပ်ရုံတွေအတွက် ဖယ် ရီတွေလုပ်သွားဖို့ရှိတယ်။စီစဉ်နေ တယ်ပေါ့။ လောလောဆယ်တော့ စက်မှုဇုန်ဥက္ကဋ္ဌတွေဆီကနေ သ ဘောထားမှတ်ချက် တောင်းခံ ထားတယ်’’ဟု ဦးဝင်းရှိန်က ပြော သည်။

အမျိုးသမီးများကို အိုင်အက်စ်တို့ ပထမဆုံးအကြိမ် ခေါင်းဖြတ်ကွပ်မျက်

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို ခေါင်းဖြတ် ကွပ်မျက်မှုများ ပြုလုပ်နေပြီဟု သတင်းရရှိသည်။ဆီးရီးယားတွင် အိုင်အက်စ်တို့သည် အနည်းဆုံး အမျိုးသမီး နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် ကမ္ဘာကျော် အစွန်းရောက် အကြမ်းဖက်သမားများသည် ယခင်က ၎င်းတို့၏ ရန်သူသုံ့ပန်းများနှင့် ဖမ်းဆီးထားသည့် ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်သည် အမျိုးသမီးများကို ပထမဆုံးအကြိမ်အဖြစ် ရက်ရက်စက်စက် သတ်ဖြတ်လာခြင်းဟု သိရသည်။

ပါလက်စတိုင်းသားဟု သံသယရှိသူတစ်ဦး ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံသားလေးဦး ဒဏ်ရာရ

ပါလက်စတိုင်းသား ဟု သံသယရှိသူတစ်ဦးက ကား ဖြင့် ဖြတ်မောင်းစဉ် ပစ်ခတ်တိုက် ခိုက်မှုတစ်ခုအတွင်း သိမ်းပိုက် ထားသော အနောက်ဘက်ကမ်း ခြေဒေသတွင် အစ္စရေးတို့ ဆောက်လုပ်ထားသည့် အိမ်ရာတစ်ခုအနီး၌ အစ္စရေးနိုင်ငံသားများ အုပ်စုတစ်ခုကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်ဘက်ကပြောသည်။
ဒဏ်ရာဆိုးဆိုးရွားရွား ရရှိ ထားသူတစ်ဦး အပါအ၀င် အ သက် (၂၀) ကျော်အရွယ် လူလေးဦးအား ဆေးကုသပေးနေရသည်ဟု အစ္စရေးလူနာတင်ယာဉ်ဌာန ပြောရေးဆိုခွင့်ရှိသူ မာဂန်ဒေးဗစ်အဒွမ်က ပြောသည်။

ဂျပန် ကျည်ဆန်ရထားပေါ် မိမိကိုယ်ကို မီးရှို့သူ တစ်ဦးနှင့် အခြားခရီးသည် တစ်ဦး သေဆုံး

ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထား တစ်စီးပေါ်၌ လူတစ်ဦး မိမိကိုယ်ကို  မီးရှို့သတ်သေခဲ့ရာ ၎င်းနှင့်အတူ အခြား ခရီးသည် တစ်ဦးပါ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃၀ ရက် ဖြစ်စဉ်တွင် ရှင်ကန်ဆန် ကျည်ဆန်ရထားကိုပါ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ လူတစ်ဦးသည် မိမိကိုယ်ကို ဆီလောင်းပြီး မီးတင်ရှို့ခဲ့ရာမှ ပတ်ဝန်းကျင်ကို မီးကူးစက်ခဲ့ခြင်းဟု သိရသည်။