Saturday, February 20, 2016

မြန်မာ- ဗြိတိန် ကုန်သွယ်ရေးတည်ဆောက်ရန် ဗြိတိန်က ကန်ဒေါ်လာ သန်း ၃၀၀ ချထားပေး

ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အာမတ်သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကာ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကဏ္ဍ၌ လုပ်ကိုင်နေကြသည့် ဗြိတိန်ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်ရေး ဖော်ဆောင်ပေးခဲ့သည်။

မလိုအပ်ဘဲ ဟွန်းရှည်တီ်းရင် ဒဏ်ငွေသုံးသောင်းနဲ့ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းအရေးယူတော့မယ်

ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဟွန်းသံကင်းမဲ့ဇုန် ၃၁မြို့နယ်အတွင်းမလိုအပ်ဘဲ ဟွန်းရှည်တီးသည့် မော်တော်ယာဉ်များကို စီမံချက်အသွင်ဖြင့် စစ်ဆေးအရေးယူတော့မည်ဟုယာဉ်ထိန်းရဲတပ်ဖွဲ့ကသတိပေးလိုက်သည်။

UNFC က နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးတွင် “နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN)” ဖွဲ့စည်းရန် ဆွေးနွေးလျက်ရှိကြောင်း UNFC က ပြောသည်။

တည်းခိုဆောင်ငှားရမ်းခ မြင့်မားမှုကို ထိန်းချုပ်နိုင်ရန် မန်းရွှေစက်တော်ဂေါပကအဖွဲ့က နှုန်းထားများသတ်မှတ်

မန်းရွှေစက်တော်ဘုရားပွဲတွင် ပုဂ္ဂလိကတည်းခိုဆောင် ငှားရမ်းခဈေးနှုန်းများ မြင့်မားမှုကိုထိန်းချုပ်ရန်အတွက် ဘုရားကြီးဂေါပကအဖွဲ့က ငှားရမ်းခနှုန်းထားများ သတ်မှတ်၍ ကြီးကြပ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တောမီးငြိမ်းရာမှာသုံးဖို့ ရုရှားလုပ် Be – 200 လေယာဉ်တွေဝယ်ယူရန်အင်ဒိုနီးရှားစီစဉ်

တောမီးငြိမ်းရာမှာသုံးဖို့ ရုရှားလုပ် Be – 200 လေယာဉ်တွေဝယ်ယူရန်အင်ဒိုနီးရှားစီစဉ်အင်ဒိုနီးရှားနိုင်ငံက ရုရှားလုပ် မြေပြင်တွင်သာမက ရေပြင်သို့ ဆင်းသက်ပျံသန်းနိုင်သည့် Be -200 အမျိုးအစား လေယာဉ် ၄စင်း ၀ယ်ယူရန် စီစဉ်နေကြောင်း ရုရှားကာကွယ်ရေးလက်နက်ထုတ်လုပ်ရေး အသိုင်းအ၀န်း ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်း RIA Novosti ကဆိုပါတယ်။

အမေရိကန်က ဂျပန်ရှိ အိုကီနာဝါကျွန်းပေါ် နျူလက်နက်များ ထားရှိခဲ့

လူအများသိရှိထားသည့် လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း အမေရိကန်သည် စစ်အေးတိုက်ပွဲကာလအတွင်း နျူကလီးယား လက်နက်များကို ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ထားရှိခဲ့သည်ဆိုသည့် အချက်ကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ကာ ထုတ်ပြန်ကြေညာလိုက်သည်။

၅၉(စ) ပြင်လိုသူများ အာဏာရှင်စနစ်ကို မွေးခိုင်းတာလားဟု ကြံ့ခိုင်ရေးအာဘော် မေးခွန်းထုတ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် အဟန့်အတား ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်၊ ဆိုင်းငံ့ရန်စသည့် ပြောဆို လှုပ်ရှားမှုများကို ရည်ညွှန်းလျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ့အာဘော်က ဝေဖန်လိုက်သည်။

သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး စစ်သားက သေနတ်ဖြင့်ပစ်၊ ဒဏ်ရာရအမျိုးသား ဆေးရုံတွင်သေဆုံး သေနတ်ဖြင့်ပစ်သည့်တပ်ကြပ်ကို စစ်ဥပဒေအရ အရေးယူမည်ဟု တပ်မတော် တာဝန်ရှိသူပြော

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘူးစင်စခန်း သစ် ထုတ်လမ်းတွင် သစ်တင်လာ သည့်ကားကို တပ်က ဂိတ်ကြေး တောင်းရာ မပေးသဖြင့် စကား များရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသည်။

ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ထိပ်တိုက်မတွေ့စေရန် အခြေအနေကို ကြိုတင်ထိန်းသိမ်းခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ပြော

ကချင်ပြည်နယ်ရှိ ချီ ဖွေနှင့် ကန်ပိုက်တီးဘက်သို့ ဘိန်းခင်းသွားရောက်ဖျက်ဆီး မည့် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့သည် ယနေ့အထိ ချီဖွေလမ်းခွဲတွင် ရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ဖြစ်လာမည့် ပြဿနာကို ကြိုတင် ထိန်း သိမ်းထားခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောသည်။

“ကွမ်းလုံ-ချင်းရွှေဟော်လမ်းပေါ်တွင်ယနေ့နံနက် အစောက ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွား”


ကွမ်းလုံ - ချင်းရွှေဟော်ကားလမ်းပေါ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) နံနက်အစောပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်သဖြင့် ကားလမ်း ပေ ၂၀ ပတ်လည်ခန့် ပျက်ဆီးသွားကာ ဓာတ်တိုင်နှစ်တိုင်ခန့်ပျက်ဆီးသွားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းတွင် ၄တန်း၊ ၈တန်း မေးခွန်းပေါက်ကြားမှု အထက်တန်းပြဆရာမ နှင့် မိတ္တူဆိုင်ရှင်အား စစ်ဆေးနေ

၂၀၁၅-၁၆ ပညာသင်နှစ်အတွက် မကွေးတိုင်းအတွင်း စတုတ္ထတန်း နှင့် အဌမတန်းစာမေးပွဲမေးခွန်းလွှာများ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွင် ပေါက်ကြားခဲ့မှုနှင့်ပတ်သက်၍ အထက်တန်းပြကျောင်းဆရာမ တစ်ဦးနှင့် မိတ္တူဆိုင်ပိုင်ရှင် တစ်ဦးတို့အား စစ်ဆေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တောင်ကိုရီးယားနှင့် နယ်စပ်အနီး မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်

မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့မှုကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ဖေဖော်ဝါရီ ၂၀ က နယ်စပ်ကျွန်းတစ်ခုအနီး ဖြစ်နိုင်ဖွယ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် မြောက်ကိုရီးယားက အမြောက်ဖြင့် အနည်းငယ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု တောင်ကိုရီးယား စစ်ဘက်ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရနှင့် အပစ်ရပ် လက်မှတ်မထိုးသေးသည့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမည်



အစိုးရအနေနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုင်းနိုင်ငံမှာ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

IS တိုက်ခိုက်နိုင်ဖွယ်ရှိ၍ ထိုင်းတွင် လုံခြုံရေး တိုးမြှင့်

အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ IS က တိုက်ခိုက်လာဖွယ်ရှိကြောင်း အမေရိကန်ရဲ့ သတိပေးချက် ရရှိပြီးနောက် ထိုင်းနို်င်ငံ လူသွားလူလာ ထူထပ်တဲ့နေရာတွေမှာ ရဲက လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

Asian Chinlone Championship & Sepaktakraw Friendly Match ပြိုင်ပွဲ ဆုချီးမြှင့်

အားကစားဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကကြီးမှူး၍ အာရှခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၆ ခုနှစ် 2nd Asian Chinlone Championship & Sepaktakraw Friendly Match ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲက အမရပူရမြို့နယ်ရှိ ဝေရောစနကျောက်စိမ်းစေ တီတော်မြတ် ပရိဝုဏ်ရှိ မိုးလုံလေလုံအားကစားပြိုင်ကွင်း၌ ကျင်းပသည်။

အချစ်ကြီးတဲ့သူအဖြစ် သရုပ်ဆောင်ဦးမယ့် မေမြင့်မိုရ်

‘မိုးပန်းပွင့်၏ သင်္ကေတ’ ရုပ်ရှင်ဇာတ်ကားတွင် အချစ်ကြီး သည့် ကောင်မလေးတစ်ယောက် ပုံစံဖြင့် သရုပ်ဆောင်နေကြောင်း မေမြင့်မိုရ်က ပြောသည်။

သမိုင်းဝင် ချစ်ကြည်ရေးရီးစဉ်အဖြစ် အိုဘားမား ကျူးဘားသို့ သွားမည်

လာမယ့်မတ်လမှာ ကျူးဘားနိုင်ငံကို သမိုင်းဝင် ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတ တဦးက နှစ်ပေါင်း ၉၀ အတွင်း ကျူးဘားနိုင်ငံကို ပထမဆုံး သွားရောက်မယ့် အမေရိကန်သမ္မတ ဖြစ်လာပါမယ်။

သူရဦးရွှေမန်း ဦးဆောင်ကော်မရှင် ဥပဒေ ၂၀၀ ကျော် ပြင်ဆင်ပယ်ဖျက် ဖို့ စိစစ်

ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဟာ ပြဌာန်းပြီးသား ဥပဒေပေါင်း ၂၀၀ ကျော်ကို ပြင်ဆင်ပယ်ဖျက်ဖို့ စိစစ်နေတယ်လို့ သိရပါတယ်။

သဘာဝဘေးဥပါဒ်ဒဏ်ကို ဘယ်လိုကာကွယ်ကြမလဲ

မြန်မာနိုင်ငံရဲ့ ယခုနှစ် နွေရာသီ ရာသီဥတုအခြေအနေဟာ သက်ဆိုင်ရာ မိုးလေဝသ ပညာရှင် များရဲ့ အဆိုအရ ရေရှားပါးမှုနဲ့ မလွဲမသွေ ကြုံကြရမယ့်သဘော ရှိပါတယ်။ ရေအရင်းအမြစ်တွေ ပျက်စီးပြီး ရေခမ်းခြောက်သွားမယ့်သဘော ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့်ပဲ လယ်ယာစိုက်ပျိုး ရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်သမား၊ ကိုင်းသမားတွေကို သက်လတ်၊ သက်ကြီး စပါး မျိုးများ မစိုက်ပျိုးကြဖို့၊ သက်လတ်သက်ကြီး စားပင်များ မစိုက်ပျိုးကြဖို့ သတိပေးနှိုးဆော်မှုတွေ ပြုလုပ် လာကြရပါတယ်။ လယ်ယာနဲ့ တောင်သူများအနေနဲ့ ရေသုံးစွဲမှုများ ချွေတာကြဖို့နဲ့ ရေအရင်းအမြစ် များ ပိုမိုခမ်းခြောက်သွားစေမယ့် နည်းလမ်းများကို မပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ချင်းပြည်နယ်က မြေပြိုဆည် အန္တရာယ်ရှိဟု သတိပေး

ချင်းပြည်နယ်အတွင်း သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ မြေပြိုဆည်ကြောင့် အနီးနားရွာတွေနဲ့ ဆည်တွေ အန္တရာယ်ရှိတယ်လို့ ကယ်ဆယ်ရေးဌာနအစီရင်ခံစာက သတိပေး ဖော်ပြလိုက်ပါတယ်။

၅၉(စ) ပြင်ဆင်ရေးစကားစစ်ထိုးပွဲ ဆွေးနွေးမည့်သူသာ အပြောင်းအလဲ ရှိနိုင်သည်ဟုဆို

ယခုလအတွင်း မန္တလေးမြို့တော်တွင်ကျင်းပမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ စကားစစ်ထိုးပွဲတွင် ပြောဆိုဆွေးနွေး မည့်သူများသာ အပြောင်းအလဲရှိနိုင်ပြီး စကားစစ်ထိုးပွဲနှင့်ဆွေးနွေး မည့်ခေါင်းစဉ်မှာ အပြောင်းအလဲမရှိကြောင်း စီစဉ်သူများထံမှ သိရှိရသည်။
အမြင်မတူသူများအကြား ဒီမိုကရေစီစံနှုန်းနှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အသိအမှတ်ပြုသည့် ဓလေ့ထွန်းကားလာစေရန်အတွက် စကားစစ်ထိုး ပွဲများ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်ကြောင်း စီစဉ်သူများထံမှ သိရှိရသည်။

EU ထဲ ဗြိတိန် ဆက်နေ-မနေ ဆွေးနွေးနေ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပနေတဲ့ EU ဥရောပ သမဂ္ဂခေါင်းဆောင်တွေ ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဗြိတိန်နိုင်ငံ EU အဖွဲ့ဝင်အဖြစ် ဆက်လက် ရပ်တည်မှု လုပ်မလုပ် အရေးနဲ့ ပါတ်သက်ပြီး သောကြာနေ့ ညနေပိုင်းအထိ ဆက်ပြီးဆွေးနွေးနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကပြောပါတယ်။

ထိုင်းတွင် ရက်ကျော်နေထိုင်သူ ပြည်ဝင်ခွင့်ပိတ်မည်

ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုက ထိုင်းနိုင်ငံလုံခြုံရေးကို တင်းကျပ်မှုအစိတ်အပိုင်းအဖြစ် လာမယ့်မတ်လ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၉၀ ပိုမိုနေထိုင်သူ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့်တားမြစ်မှုအစီအစဉ်သစ်ကို စတင်တော့မှာဖြစ်ပါတယ်။