Monday, November 5, 2012

မြန်မာစစ်တပ် တပ်မတစ်ခု ရခိုင်ပြည်နယ် သို့ရောက်ရှိလာ


လုံခြုံရေးယူရန်စစ်ယာဉ်များရောက်ရှိလာစဉ်
အကြမ်းဖက်မီးရှို့မှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ဖို့ မြန်မာ စစ်တပ် ရဲ့ တပ်မတစ်ခုဟာ စစ်ယာဉ် အစီး (၁၀၀)ကျော်နဲ့ အမ်း-ပဒန်းလမ်းအတိုင်း    နိုဝင်ဘာလ ၂ ရက်နေ့မှာ ရခိုင်ပြည်နယ် အတွင်း ကို ရောက်ရှိ လာပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ မင်းပြားနဲ့ မြောက်ဦး ဘက် ကို ဆက်ထွက်သွား ကြတယ်။ ကားအတော် များများမှာ

မိုးထိမိုးမိရွှေလုပ်သားများ ရန်ကုန်၌ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

http://www.myitmakhamediagroup.com/administratorpanel/image/5-11-12-6%20(1).JPG

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေဖြင့် ရွှေလုပ်သားများနှင့် အလွတ်သဘော တွေ့ဆုံညှိနှိုင်း မှုများ ပြုလုပ်ခဲ့သော် လည်း ရွှေလုပ် သားများအနေဖြင့် ရန်ကုန်၌ နိုဝင်ဘာလ(၃)ရက်နေ့က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည်။

သက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့


(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “Rumours swirl of plot to kill thaksin”သတင်းကိုဘာသာပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်အား လုပ်ကြံသတ်ဖြတ်လိမ့်မည်ပာူသော ကောလပာလများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသော ထိုင်း ကာကွယ်ရေးဝန်ကြီးဆူခွန်ပေါဆူဝမ်နာတက်က ယခုသီတင်းပတ်ခရီးစဉ်တွင် ဝန်ကြီးချုပ်ပောာင်းသက်ဆင်အား မြန်မာအစိုးရက ကာကွယ်စောင့်ရှောက် နိုင်လိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း ပြောကြားလိုက်သည်။

စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ ဟာဂျီနှစ်ဦးအား တာဝန်မှရပ်စဲလိုက်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းရရှိမှုများကို သမ္မတထံ အစီရင်ခံရန် နိုဝင်ဘာ ၁၆ ရက်နေ့ဟု သတ်မှတ်ထားခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြောဆိုလိုက်သည်။

ပလောင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

theburdenofwarချင်းမိုင်(မဇ္စျိမ) ။        ။ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ပွဲများကြောင့် ရွှေ့ပြောင်းလာခဲ့ရသော ပလောင် ဒုက္ခသည် ၂,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး အမျိုးသမီးများအပေါ် ဒုက္ခသက်ရောက်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ပလောင် အမျိုးသမီးအစည်းအရုံး PWO က ထုတ်ဖော်ပြောဆိုလိုက်သည်။

ပါကစ္စတန်၏ အိန္ဒိယ ဝိုင်းပတ်ရေးဗျူဟာတွင် မြန်မာ ပါဝင်နေဟုဆို

နယူးဒေလီ (မဇ္ဈိမ) ။        ။ ပါကစ္စတန်နိုင်ငံ၏ အိန္ဒိယနိုင်ငံအား ဝိုင်းပတ်ထားရေး မဟာဗျူဟာတွင် မြန်မာနိုင်ငံ ၌လည်း သူလျှိုများထားရှိ လှုပ်ရှားရေး အစီအစဉ် ပါဝင်နေကြောင်း ထိပ်တန်း ထောက်လှမ်းရေး အစီရင်ခံစာ တစောင်က စွပ်စွဲလိုက်သည်။
ပါကစ္စတန်မှ ISI ထောက်လှန်းရေး၏ စွမ်းအားရှိလှသော သူလျှိုကွန်ယက်မှာ ယခင်က နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့ တွင် ထူထောင်ထားပြီး ဖြစ်သော်လည်း ယခုမူ သီရိလင်္ကာနှင့် မြန်မာပြည်မှာပါ အာရုံစိုက်လှုပ်ရှားလာနေကြောင်း လွန်ခဲ့သော သီတင်းနှစ်ပါတ်က တင်သွင်းလိုက်သည့် အိန္ဒိယထောက်လှမ်းရေး အစီရင်ခံစာအား ကိုးကား၍ The Asian Age သတင်းစာကြီးတွင် ရေးသားထားသည်။

လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် တာချီလိတ်မှာ ပေးတွေ့ရန် ခွင့်ပြုခဲ့သည် (ဓာတ်ပုံ- Reuters)
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့် များနှင့်ပတ်သက်ပြီး ၁၉၈၂ ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရှိရွာ ၅ ရွာအား နိုဝင်ဘာ ၆ ရက်နေ့မှ စတင်စစ်ဆေးသွားမည်

မြန်မာနိုင်ငံသား ဖြစ်ခွင့် မဖြစ်ခွင့် ကိစ္စရပ်များနှင့် ပတ်သက်ပြိး ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကျေးရွာ ၅ ရွာအား နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် အဖွဲ့ဝင် ၁၈ ဦး ပါဝင်မည်ဖြစ်ကြောင်း၊ ထိုအဖွဲ့ဝင်များတွင် လ၀က၊ နကစ၊ စစ်တပ်၊ ရဲ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အစရှိသူတို့အပြင် ရခိုင်ကိုယ်စားလှယ်၊ နှင့် ဘင်္ဂါလီ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား


ရန်ကုန် ဆင်ခြေဖုံး မြို့နယ် တစ်ခုဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်တွင် အိမ်နီးချင်း စကားများ ရန်ဖြစ်ရာမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးလောင်းပြိုင် လူသတ်မှု တစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပေးသင့်၊ မပေးသင့်

ရန်ကုန်မြို့တွင်းမှာ မော်တော်ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားပါတယ်။ဘာကြောင့် တားမြစ်တယ် ဆိုတာကို အာဏာပိုင်တို့က လူသိရှင်ကြား ကြေညာထားတာတော့ မရှိပါဘူး။
၂၀၀၁ ခုနှစ်မှာ ရန်ကုန်မြို့တွင်း လူဆိုးဂိုဏ်းဝင်တချို့ရဲ့ အမောင်းပြိုင်တဲ့ဆိုင်ကယ်တွေက အဲဒီကာလ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေး ရဲ့ မော်တော်ယာဉ်တန်း နဲ့ တွေ့ဆုံ၊ ပြဿနာအနည်းငယ်တက်ခဲ့တဲ့အတွက် ပိတ်ပင်တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ဟားဗတ်ပါမောက္ခများ တောင်ကြီးကိုသွား

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

ဦးကြီးခမ်းရပ်ရှိ ရှမ်းပြည်မျိုးဆက်အင်အားစု (အရပ်ဖက်လူ့အဖွဲ့အစည်း) ရုံးခန်းတွင် ပြုလုပ်သော တွေ့ဆုံပွဲ [ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း (တောင်ကြီး)]
ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ၂ ဦးသည် ယမန်နေ့ ညနေက တောင်ကြီးမြို့ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ၀န်ကြီးဌာန အားလုံး အခုနှစ်မကုန်ခင် အင်တာနက် ၀က်ဘ်ဆိုက် လွှင့်တင်ထားရမည်

အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ၀န်ကြီးဌာန အားလုံး အခုနှစ်မကုန်ခင် အင်တာနက် ၀က်ဘ်ဆိုက် လွှင့်တင်ထားကြဖို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောတယ်လို့ ဒီနေ့ထုတ် အင်တာနက်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနတွေအနေနဲ့ ကိုယ့်ဌာနအကြောင်း၊ ကိုယ့်ဌာန ဘာတွေလုပ်နေတယ်၊ ဘာတွေ လုပ်ဖို့ရှိနေတယ်၊ လုပ်ထုံးလုပ်နည်းတွေက ဘယ်လိုရှိတယ် စတာတွေအားလုံး နိုဝင်ဘာလအတွင်း အပြီး ပြင်ဆင်ပြီး ဒီနှစ်မကုန်ခင် ၀က်ဘ်ဆိုက်တင်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ချင်းပြည် မဖွံ့ဖြိုး၍ ရွှေ့ပြောင်းစွန့်ခွာသူ များပြား

ရိုးရာထည်တွေ မဝတ်နိုင်တော့တဲ့ ချင်းအကအဖွဲ့ (ဓာတ်ပုံ- ငြိမ်းချမ်း / ဧရာဝတီ)
မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သိန်းခန့်ရှိသော ချင်းလူမျိုးများသည် ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရုံမျှသာမက အပြီးတိုင် ရွှေ့ပြောင်းသွားသူများ နှစ်စဉ် ပိုမိုများပြားလာနေခြင်းကြောင့်  ချင်းလူမျိုး ၈ သိန်းဝန်းကျင်ခန့်သာ ပြည်တွင်း၌ ကျန်ရှိနေတော့ကြောင်း ချင်းအမျိုးသားပါတီ (CNP) ၏ ချင်းလူမျိုးစစ်တမ်းအရ သိရသည်။

ဦးသိန်းစိန် ထိုင်းကို လာမည်

Photo: ဦးသိန်းစိန် ထိုင်းကို လာမည်
Monday, 05 November 2012 

သမ္မတ ဦးသိန်းစိန် သည် ယခုတပတ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း သိရသည်။ ၎င်း၏ ဗုဒ္ဓဟူးနေ့မှ စတင်သည့် ၂ ရက်ကြာ ခရီးစဉ်
တွင် ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ်ရှင်နာဝပ် နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ လုပ်ကိုင်ရန်ရှိသော အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ခန့် ရင်းနှီးမြှုပ်နှံမည့် တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်ပြီး
 ဆွေးနွေးရန် မျှော်လင့်ရကြောင်း ယနေ့ ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြ
ထားသည်။ ယခု အစီအစဉ်သည် ပြီးခဲ့သည့် စက်တင်ဘာလ အမေရိကန် ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့သော နောက်ဆက်တွဲ လုပ်ငန်းစဉ် ဖြစ်
ကြောင်းသိရသည်။ ဦးသိန်းစိန် သည် လက်ရှိလာအိုနိုင်ငံ၌ ကျင်းပနေသည့် 
ASEM9 အစည်းအဝေးသို့ တက်ရောက်နေသည်။

ဧရာဝတီ
သမ္မတ ဦးသိန်းစိန် သည် ယခုတပတ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း သိရသည်။ ၎င်း၏ ဗုဒ္ဓဟူးနေ့မှ စတင်သည့် ၂ ရက်ကြာ ခရီးစဉ်
တွင်     ထိုင်းဝန်ကြီးချုပ်   မစ္စ ယင့်လပ်ရှင်နာဝပ်  နှင့်တွေ့ဆုံ၍
နှစ်နိုင်ငံ
လုပ် ကိုင် ရန်ရှိသော အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ခန့် ရင်းနှီးမြှုပ်နှံမည့်

တစ်ကျော့ပြန် ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ ဒဲရစ်မက်ချယ်နှင့်ဒေသခံများ စစ်တွေဟိုတယ်၌ တွေ့ဆုံ

http://www.myitmakhamediagroup.com/administratorpanel/image/5-11-12-5%20(1).JPG
by Myit Makha Mediagroup on 5 Nov, 2012

တစ်ကျော့ပြန် ရခိုင်ပဋိပက္ခအား စုံစမ်းရန်ရောက်ရှိနေသော အမေရိကန် သံအမတ်ကြီး ဒဲရစ်မက်ချယ်(Derek Miitcheel)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်အချို့်မှာ နိုဝင် ဘာလ(၃)ရက်နေ့ မြန်မာ စံတော်ချိန်(၁၁)နာရီခွဲတွင် စစ်တွေဟိုတယ်၌

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ရှပ်နီ ၅၀၀၀ ခန့် တွေ့ဆုံမည်

ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့သို့ လာရောက်မည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ကို ရှပ်နီ ၅၀၀၀ ခန့် က မြန်မာဘက် ကူး၍ တွေ့ဆုံရန် ရှိကြောင်း သတင်းရသည်။ ယင်း ရှပ်နီများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင် သက်ဆင် ထံသို့ မယ်ဆိုင်ဘက်မှ ဘတ်စ်ကား အစီး ၁၀၀ ခန့်ဖြင့် သွားရောက်တွေ့ဆုံမည် ဖြစ် ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များအတွက် စီစဉ်နေကြောင်း ယမန်နေ့ ဘန်ကောက်ပို့စ်၌ ဖော်ပြသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်များ ဖမ်းမိ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် တာ့ခ် ခရိုင် အတွင်း တနင်္ဂနွေနေ့က စက်သေနတ်နှင့် ရိုင်ဖယ် သေနတ်များ အပါအ၀င် လက်နက် ခဲယမ်း အလက် ၁ သိန်းကျော် ထိုင်း စစ်တပ်က ဖမ်းဆီးရမိကြောင်း သတင်းရသည်။ ယင်း လက်နက်များကို ကရင် အမျိုးသား တဦး မောင်းလာသော ကားတစီးပေါ်မှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပို့ဆောင် မည့် လက်နက်များဟု ယူဆရကြောင်း ယမန်နေ့က ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။
From -ဧရာဝတီ

အမေရိကန် သမ္မတ ရွေးပွဲ အကြိတ်အနယ် ရှိနေ

http://4.bp.blogspot.com/-bJnr88AwHAc/UJcLrUdkXDI/AAAAAAAAdbo/-bIu-jOHtX0/s1600/_us_election2012_304.jpg

အမေရိကန် သမ္မတရွေးပွဲ ၂ ရက်ပဲ   လိုတော့တဲ့ အတွက် ပြိုင်ဘက် သမ္မ
တလောင်း   နှစ်ယောက်    စလုံးဟာ     ဆက်လက်     မဲဆွယ်နေကြပြီး
တယောက် နဲ့ တယောက် အကြိတ်  အနယ် ယှဉ်ပြိုင် ရမယ်ဆို တာ သေချာနေပြီ ဖြစ်ပါပြီ။ရီပါဘလစ်ကန် သမ္မတလောင်း မစ်တ် ရွမ်နီက Iowa, Ohio, Pen Viginia တို့မှာ  နောက်ဆုံး အဆင့်

အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ သံအမတ်ကြီးများ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်အတူ ရခိုင်ပြည်နယ်သို့ သုံးရက်တာ သွားရောက်လေ့လာ


4mtt5

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သံအမတ်ကြီးများသည် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်အတူ ရခိုင်ပြည်နယ်သို့ သုံးရက်တာ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရှိရပါသည်။ယင်းသို့ လာရောက်လေ့လာရာတွင် ပဋိပက္ခဖြစ်ပွား ခဲ့သော ဒေသများအပြင် ဒေသခံတိုင်းရင်းသားများ၊ ဘင်္ဂါလီ

ကေတုမတီ(တောင်ငူမြို့)မြို့တည်နန်းတည်(၅၀၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပမည်


thn-4-11-7

ပဲခူးတိုင်းဒေသကြီး ကေတုမတီ(တောင်ငူမြို့)မြို့ တည်နန်းတည် (၅၀၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲနှင့် ၀င်းခင်သဘင်အခမ်းအနားများလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။ကေတုမတီ(တောင်ငူမြို့)မြို့ တည်နန်းတည် ၅၀၂ နှစ်ပြည့် ပွဲတော်ကြီး ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဒီမိုကရေစီ မိတ်ဆွေပါတီများ ငြိမ်းချမ်းရေးနှင့် ရခိုင်အရေးကိစ္စများ တွေ့ဆုံဆွေးနွေး



သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဒီမိုကရေစီ မိတ်ဆွေပါတီများ နိုဝင်ဘာ ၃ ရက် နေ့က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ Peace Center တွင် တွေ့ဆုံကာ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများနှင့် ရခိုင်အရေး ကိစ္စများကို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

လယ်သမားနှင့် ရေလုပ်သား ညီလာခံကျင်းပခွင့် ပယ်ချခံရ

ဧရာဝတီတိုင်းတွင် လယ်သမား၊ ရေလုပ်သားနှင့် အင်းသားကြီး တို့ကြား အကျိုးစီးပွား ပဋိပက္ခ အမြောက်အမြား ပေါ်ပေါက်နေသည် (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် တောင်သူ လယ်သမားနှင့် ရေလုပ်သားများ ညီလာခံ ကျင်းပခွင့်ပြုရန် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ယက် (HRWDN) က သက်ဆိုင်ရာသို့ တင်ပြတောင်းခံမှုကို မြို့နယ်အုပ်ချုပ်ရေးဌာနက ပယ်ချလိုက်သည်။

“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”

ကချင် လွတ်လပ်ရေး တပ်မတော် ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော်လာပြီ ဖြစ်သည်။ ၁ နှစ်ကျော်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အလွတ်သဘော ၉ ကြိမ်၊ ပြည်ထောင်စုအဆင့် ၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် နှစ်ဘက်

ပုတီးစိပ်လျှင် သိထားသင့်သော အချက်များ



ပုတီးစိပ်ခြင်း(၂)မျိုး

၁။ သာမန်ပုတီးစိပ်ခြင်း

(ကုသိုလ်ရနိုင်သည့် အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ နေရာမရွေး၊
အချိန်မရွေး ပုတီးစိပ်ခြင်းမျိုးကို ဆိုလိုသည်။)
၂။ အဓိဋ္ဌာန် ပုတီးစိပ်ခြင်း
(ပုတီးစိပ်ခြင်းကို သီးခြားလုပ်ငန်းတစ်ခုအဖြစ် သပ်သပ်အချိန်ပေးပြီးအဓိဋ္ဌာန်
ကျ၍ ကျကျနန စိပ်ခြင်းမျိုးဖြစ်ပါသည်။)

KIA အကြမ်းဖက်ဖွဲ့ အစည်းရဲ့ အတင်းဓမ္မ လူသစ်စုဆောင်ခြင်းနှငိ့ ဆက်ကြေး ကောက်သည့် လုပ်ရပ်အပေါ် ELevenMediaGroup က အပြင်းအထန် ဝေဖန်ရှုတ်ချလိုက်


ကချင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားနေသည့် တစ်နှစ်ခွဲဝန်းကျင် ရှမ်းရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိနေသည့် အပြင် လူနေမှုဘဝ မလုံခြုံမှုကိုလည်း ခံစားနေရကြောင်း ဒေသခံများပြောကြား




 ==========================================================
851ကချင်ပြည်နယ်၌ တပ်မတော် နှင့် KIO/KIA အကြား တိုက်ပွဲများ ဖြစ်ပွားသည့် တစ်နှစ်ခွဲဝန်းကျင် ကာလအတွင်း ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိခဲ့သည့်အပြင် လူနေမှုဘ၀ မလုံခြုံမှုများကိုပါ ခံစားနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

မထသရဲ့ ဆောင်ပုဒ်တွေက ကားမှာကပ်ထားရုံသက်သက်လား

မြို့တွင်း ခရီးသွားပြည်သူ များကို နေ့စဉ်သယ်ယူပို့ဆောင် ပေးနေသော ယာဉ်လိုင်းများတွင်   အချို့သော ယာဉ်မောင်း၊ယာဉ် နောက်လိုက်များမှာ ခရီးသွား ပြည်သူများကို (မထသ)၏ ဆောင် ပုဒ်ဖြစ်သော ထမင်းရှင်၊ကျေးဇူး ရှင်ကဲ့သို့ ယဉ်ကျေးပျူငှာစွာ ဆက်  ဆံသော်လည်း တချို့သော ယာဉ်  မောင်း၊ယာဉ်နောက်လိုက်များမှာ    (မထသ)မှ ထုတ်ပြန်ထားသော  ဆောင်ပုဒ်များနှင့်ဆန့်ကျင်  ရိုင်းပျစွာ နှမချင်းမစာနာပြော ဆိုဆက်ဆံမှုများရှိနေကြောင်း သိ ရသည်။

U.S ရှိ ရခိုင်မိသားစုများရဲ့ ရခိုင် ဒုက္ခသည်တွေအတွက် အလှူ

စစ်တွေတွင် ပဋိပက္ခများအတွင်း မီးလောင်ကျွမ်းထားသည့် ရပ်ကွက်တခု။ (ဓာတ်ပုံ – Reuters)

အမေရိကန်ပြည်ထောင်စုရောက် ရခိုင်မိသားစုများ ရခိုင်ဒုက္ခသည်များကို မြန်မာကျပ်ငွေ သန်း ( ၂၀ ) ခန့်  တဖွဲဖွဲ လှူဒန်းနေကြပါသည်။ 

တောင်ကြီးမြို့က အသေးစား မီးလောင်မှု


ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~


ယမန်နေ့ နံနက် ၁၀း၁၅ နာရီက တောင်ကြီးမြို့၊  ရတနာသီရိရပ်ကွက်၊ ပုလဲလမ်း၊  အိမ်မှတ် ၃၄၄ ရှိ အောင်မင်္ဂလာ မွေ့ယာဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ရိုဟင်ဂျာ ဆိုတဲ့ ဆိုတဲ့ နာမည်ကို ဘယ်သူ၊ ဘယ်ပါတီကစသုံးခဲ့တာလဲ


အခုလက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာဖြစ်ပွားခဲ့ရတဲ့ ပြဿနာမှာ -ိုဟ-်-ျာ ဆိုတဲ့ တကယ်မရှိခဲ့ နာမည်ကို မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြ
တဲ့ ရခိုင် တိုင်းရင်းသားတွေ အကြား စတင် အသက်သွင်းမှုဟာ လည်း ပြဿနာဖြစ်ပွားခြင်းရဲ့  တစ်ပိုင်း တစ်စဟု Facebook သုံးစွဲသူရော၊ အပြင်လူထုကရော အစောပိုင်း ကာလကတည်း က တစ်ညီတစ်ညွတ် တည်းပြောဆိုခဲ့ပါတယ်။ အဲဒီနာမည်ကို