Thursday, October 15, 2015

မိသားစုများ ပြန်လည် တွေ့ဆုံရေး အစီအစဉ်အတွက် တောင်ကိုရီးယား ရှေ့ပြေးအဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်


ကွဲကွာခဲ့သည့် မိသားစုများ ပြန်လည် ပေါင်းစည်းပေးရေး အစီအစဉ်အရ တောင်ကိုရီးယား အစိုးရ စေလွှတ်သည့် အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားသို့ ကြိုတင် ဝင်ရောက်သွားကြောင်း သိရှိရသည်။
စစ်အတွင်းက ကွဲကွာသွားသည့် မိသားစုများ ပြန်လည် တွေ့ဆုံပေးရေး အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ သဘောတူညီထားပြီး လာမည့်သီတင်းပတ်တွင် အကောင်အထည် ဖော်မည် ဖြစ်သည်။ အောက်တိုဘာ ၁၅ တွင်မူ တောင်ကိုရီးယား အစိုးရက လူ ၂၅ ဦး ပါဝင်သည့် အဖွဲ့တစ်ခုကို မြောက်ကိုရီးယားထံ စေလွှတ်လိုက်ကြောင်း ကြေညာခဲ့သည်။

ဆီးရီးယား စစ်မြေပြင်တွင် ဖျက်ဆီးအားပြင်းသည့် ဒုံးကျည်စနစ် ရုရှားအသုံးပြုနေဟု သတင်းများထွက်ပေါ်


ဆီးရီးယားတွင် ရုရှားအနေဖြင့် TOS-1A အမျိုးအစား ဒုံးကျည်လက်နက်များ ဖြန့်ကျက် အသုံးပြုသွားရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။တောက်ပသောကြယ်ဟု နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိသည့် အဆိုပါ လက်နက်စနစ်တွင် ဒုံးကျည် အများအပြားကို ပစ်လွှတ်နိုင်ပြီး မြို့ကြီး တစ်မြို့၏ ရပ်ကွက်ရှစ်ခုစာမျှ အကျယ်အဝန်းကို ပြားပြားဝပ်သွားစေနိုင်သည်အထိ ဖျက်ဆီးအား ပြင်းထန်ကြောင်း သိရသည်။ဆီးရီးယားတွင် သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်ဘက်မှ ပါဝင်ကူညီပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့နှင့် အခြားသော သူပုန်များကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။ ယခုအခါတွင်မူ ရုရှားသည် တင့်ကားပေါ် တင်ဆောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်လက်နက်များကိုပါ ဆီးရီးယားတွင် ဖြန့်ကျက်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကရင်ပြည်နယ်ရှိ ကလေးများ အာဟာရဖွံ့ဖြိုးရန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်


ကရင်ပြည်နယ်ရှိ ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဆင့်သုံးဆင့်ဖြင့် လာမည့်နှစ်မှစတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းပြည်နယ်တွင် ဆောင်ရွက်ရခြင်းမှာ အာဟာရဖွံ့ဖြိုးမှု နောက်ကျခြင်းနှင့် အာဟာရချို့တဲ့မှု များပြားခြင်းတို့ကြောင့်ဖြစ်ပြီး ယင်းအစီအစဉ်ကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာန ဒုညွှန်မှူး ဒေါက်တာထင်လင်းက ပြောသည်။
‘‘အာဟာရချို့တဲ့မှုများတဲ့ နေရာဒေသရွေးလိုက်တဲ့အခါမှာ မကွေး၊ ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ကရင်ဆိုပြီး ထွက်လာတယ်။ ဒါ ကြောင့် နောက်နှစ်မှာ ကရင်မှာ လုပ်ဖို့ရှိတယ်။ လုပ်တဲ့အခါမှာ ပိုမိုထိရောက်တဲ့ နည်းစနစ်ကျင့်သုံးဖို့ အတွက် ရည်ရွယ်ပြီး အဆင့်သုံး ဆင့်နဲ့ ဆောင်ရွက်မှာပါ’’ဟု ၎င်း က ပြောသည်။

ဧရာဝတီနှင့်ရန်ကုန်တွင် အာဟာရဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်


ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင် အာဟာရအားဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားအာဟာရဌာနခွဲမှ သတင်းရရှိသည်။အဆိုပါတိုင်းဒေသကြီးနှစ်ခု ရှိ ဆန်စက်များနှင့်ညှိနှိုင်း၍ ခေတ်မီစက်ကြီးများဖြင့် အာဟာရအတွက် အားဖြည့်ဆန်ထုတ်လုပ် ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာ နလက်အောက်ရှိ အမျိုးသားအာ ဟာရဌာနခွဲ (NNA) ၊ FDA ၊ PSI အဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၇၀ ကျော်ကို အာဟာရလုပ်ငန်းများ ကူညီ ထောက်ပံ့ပေးနေသည့် PATH အဖွဲ့အစည်းတို့ကပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။‘‘အမှန်က ဒီလမှာစပြီးဖြန့်ရ မှာ။ စက်ပစ္စည်းတွေကနေ ဆန် ထုတ်တာမနိုင်တာတို့၊ ဆန်ထဲမှာ ထည့်ရမယ့် အနုအာဟာရတွေလိုနေသေးတာတို့၊ FDA ခွင့်ပြုချက် တို့၊ ဥပဒေရေးရာကင်းလွတ်ခွင့် လိုတာတွေနဲ့ ပြည်သူလူထု  လက် ခံသုံးစွဲအောင် ပညာပေးဖို့လိုတာ တွေ၊ ဖြန့်ဖြူးရောင်းချမယ့်လူလိုတာတွေကြောင့်ဈေးကွက်ထဲ မ ဖြန့်နိုင်သေးဘူး။ ဒါကြောင့် နိုဝင် ဘာနဲ့ ဒီဇင်ဘာလောက်မှာတော့ တိုင်းနှစ်ခုမှာ စပြီးဖြန့်ပါမယ်’’ဟု အမျိုးသားအာဟာရဌာနခွဲ ဒုညွှန် မှူး ဒေါက်တာထင်လင်းကပြောသည်။

အရည်အသွေးမပြည့်မီသည့် ငှက်ဖျားဆေးများကြောင့် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ်ထိခိုက်နိုင်


အရည်အသွေးမပြည့်မီသော ငှက်ဖျားဆေးအတုများသည် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ် ထိခိုက်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် FDA အမှတ်အသားပါမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆေးပညာရှင်များက အကြံပြု ပြောကြားသည်။ဆေးဈေးကွက်အတွင်းသို့ အိန္ဒိယနှင့် တရုတ်နယ်စပ်များမှ ငှက်ဖျားဆေးဝါးအတုများ ဝင်ရောက်နိုင်ခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က အသိအမှတ် ပြုစစ်ဆေးထားသည့် Myanmar Registration Number (MRN) နံပါတ်ပါရှိသော ဆေးမှသာ စိတ်ချရကြောင်း အင်းစိန်ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည် က အကြံပြုသည်။
‘‘ဆေးအတုတွေက အလွန်ကို အန္တရာယ်ရှိပါတယ်။ အဆိုးရွားဆုံးကတော့ ရာနှုန်းပြည့်သေသွားနိုင်တယ်။ ပြောရရင် ရာနှုန်းပြည့်စံနှုန်းမမီဘူး။ သွေးထဲမှာ ငှက် ဖျားပိုးတွေ ပျံ့နေတဲ့သူကို ထိုးမိမယ်၊ သောက်မိမယ်ဆိုရင် မကောင်းဘူး။ အသက်သေနိုင် တယ်။ ဒါကြောင့် ဆေးမှာ FDA အသိအမှတ်ပြု နံပါတ်ပါတဲ့ သောက်ဆေး၊ ထိုးဆေးဆိုရင် ဒီဆေးက အစစ်ပဲ။ အခုဆေးဈေး ကွက်ထဲမှာ ဆေးဝါးအတုတွေရဲ့ အန္တရာယ်က တော်တော်သတိ ထားရမယ်။ မရှိဘူး မဟုတ်ဘူးရှိ တယ်။ နယ်စပ်ပေါက်တွေက ဝင်လာတယ်လို့ ယူဆရတယ်’’ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းသွားလာမှု များပြားခြင်းကြောင့် ရခိုင်နှင့် စစ်ကိုင်းတိုင်းတွင် ငှက်ဖျားဖြစ်ပွားသူဦးရေ မြင့်မားလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ငှက်ဖျား ဖြစ်ပွားသူဦးရေ သုံးသောင်း ခြောက်ထောင်ကျော်ရှိကာ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းသည် သုံးသောင်းတစ်ထောင်ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရန်ကုန်တွင် သုံးရာကျော်နှင့် မန္တလေးတိုင်းတွင် ခြောက်ထောင်ကျော်ဖြင့် ငှက်ဖျားဖြစ်ပွားနှုန်း အနည်းဆုံးဖြစ်ကြောင်း အမျိုးသားငှက်ဖျား ရောဂါတိုက်ဖျက်ရေး စီမံချက် ၂၀၁၄ စာရင်းများအရ သိရသည်။
‘‘၂၀၁၁ ကနေ ၂၀၁၄ အထိ ကြည့်လိုက်ရင် ငှက်ဖျားဖြစ်ပွားနှုန်းက တဖြည်းဖြည်းနည်းလာပေမယ့် ရခိုင်နဲ့ စစ်ကိုင်းမှာတော့ များ နေသေးတာ တွေ့ရတယ်။ တိုင်း နဲ့ပြည်နယ်တွေကို ငှက်ဖျားပိုးရှိ၊ မရှိ သွေးဖောက်စစ်လိုက်တဲ့အခါ မှာ ရခိုင်နဲ့ စစ်ကိုင်းက အများဆုံးဖြစ်နေတယ်’’ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါနှိမ်နင်းရေးဌာန(ရပကန) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။

NCA လက်မှတ်ရေးထိုးပွဲသို့ အားလုံးပါဝင်မှလက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် လက်နက်ကိုင်အဖွဲ့အားလုံး မတက်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက် ရောက်ရန် အစိုးရဘက်မှ ဖိတ်ကြားခဲ့ သော်လည်း အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် လက် နက်ကိုင်အဖွဲ့အားလုံးမှ NCA လက် မှတ်ထိုးပွဲသို့ မတက်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် အတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကို အစိုးရမှဖိတ်ခေါ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ကသာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။

NCA လက်မှတ်ရေးထိုးပွဲမှာ သမ္မတဦးသိန်းစိန် ဘာပြောခဲ့လဲ။ သမ္မတ၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(သမ္မတဦးသိန်းစိန်)
ဒီကနေ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီ ချက်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လက်မှတ်ရေးထိုးဖို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ပြည်တွင်းအသိသက်သေများ၊ နိုင်ငံတကာ အသိသက်သေများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်အကြီး အကဲများ၊ အစိုးရ လွှတ်တော် တပ်မတော်မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် တော်များနဲ့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်ပါရစေ။

တရုတ်ပြည်က အလှဆုံး ဆရာမ

စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ရှမ်းပြည်၌ ထိုးစစ်ရပ်တန့်ဖို့ ရှမ်းလူမှုအဖွဲ့ များ တောင်းဆို

နေပြည်တော်အစိုးရအနေနှင့် ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားပါက ရှမ်းပြည်နယ်ရှိ အပစ်ရပ်ဒေသတွင်းသို့ အစိုးရစစ်တပ်များ ထိုးစစ် ၀င်ရောက်ခြင်းကိုရပ်တန့်ရမည်။

ရှမ်းပြည်နယ်တွင်းရှိ အပစ်ရပ်ဒေသများဖြစ်သော မြို့နယ် (၄) ခု အတွင်း နေုပြည်တော်စစ်တပ်များ ယနေ့ထိုးစစ် ဆင်နေခြင်းကြောင့် ကျေး လက်ပြည်သူလူထု (၁၅၀၀) ဦးကျော် အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ကို ရှမ်းလူမှုအဖွဲ့အစည်းများက များစွာစိုးရိမ်ပူပန်မိပါသည်။

Possum အကောင်ကြီးကို မြိုတဲ့ ဧရာမ စပါးကြီးမြွှေ

အွန်လိုင်းပေါ်က လူပြောများနေတဲ့ ချစ်သမီးကိစ္စ

လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏လုံချည်အရောင်နှင့် 
တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းရေးသားသူအား ဖမ်းဆီးတရားစွဲဆို
*****************************************************

လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ် ဘွတ်ခ်တွင် ဒေါ်အောင်ဆန်းစုကြည် ဝတ် ဆင်ထားသော လုံချည်အရောင်နှင့် တပ်မ တော်ဝတ်စုံသစ်ကို နှိုင်းယှဉ်ရေးသားသူအား မအူပင် မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထား သည်ဟု သိရသည်။
တပ်မတော်မှ ခေတ်စနစ်နှင့်အညီ ဝတ် စုံများ ပြောင်းလဲလိုက်သည်ဟု ကြေညာပြီး နောက်ပိုင်းတွင် မချောစန္ဒီထွန်း(ချစ်သမီး)အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံချည်အရောင်နှင့် တပ်မတော် ဝတ်စုံ သစ်ကို ယှဉ်တွဲဖော်ပြခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်ရောက်ရှိ

ဒီချုပ်အောင်နိုင်ရေးအတွက် မန္တလေးမြို့ခံများ မိုးရေထဲစက်ဘီးစီး၍လှုံ့ဆော်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် မန္တလေးမြို့ခံစက် ဘီးချစ်သူများက စက်ဘီးအစီး ၁၀၀ ခန့်ဖြင့် အောက်တိုဘာ ၁၃ ရက်နံနက်က ချမ်းအေးသာစံမြို့ နယ်အတွင်း လှည့်လည်လှုံ့ဆော်ခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းထားသည့်ပုံအား Facebook တွင် တင်မှုကြောင့် နောက်တစ်ဦး ထပ်မံ ဖမ်းဆီးခံရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံအား ခြေထောက်ဖြင့် နင်းထားသည့်ပုံကို Facebook တွင် တင်မှုကြောင့်ဟုဆိုကာ လှိုင်မြို့နယ်နေ ဦးခွန်ဂျာလီအား သက်ဆိုင်ရာ ရဲစခန်းက လှိုင်မြို့နယ်နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါနေ့ ည ၇ နာရီခွဲခန့်တွင် လှိုင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေးရာ လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူ၏ ခင်ပွန်း ဦးခွန်ဂျာလီအား ၎င်းနေထိုင်သည့် လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက် လှိုင်မြင့်မိုရ် အိမ်ရာတွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

သံတွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရန်စီစဉ်သူအချို့ ခွင့်ပြုချက်မရ ဆန္ဒပြရန်စီစဉ်သူက ခွင့်ပြုချက်တောင်းခံမှု ပြန်ရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည် အား ကန့်ကွက်ကြောင်းဆန္ဒဖော် ထုတ်ပွဲတစ်ခုကိုသံတွဲမြို့၌ ပြု လုပ်ရန်လူအချို့က ခွင့်ပြုမိန့် တောင်းခံခဲ့ပြီး စည်းကမ်းနှင့် မညီ ညွတ်၍ သက်ဆိုင်ရာက လက်မခံခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၆ရက်တွင် စတင်မည့် ဒေါ်အောင်ဆန်းစု ကြည်၏ သံတွဲခရီးစဉ်အတွင်း ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ရန်စစ်တွေနှင့် သံတွဲမြို့နယ်ဒေသခံနှစ်ဦးက ဦးဆောင်၍ အောက်တိုဘာ ၁၃ရက်၌  သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးထံ   ခွင့်ပြုမိန့်တင်ခဲ့သည်။ သို့သော် ဥပဒေအရ ဆန္ဒ ဖော်ထုတ်ခွင့်ရရှိရန် ငါးရက်ကြို

ရွှေတိဂုံဘုရားဖူးတဲ့ ၀မ်းဘတ်(Ong Bak)မင်းသား

ဝမ်းဘတ်(Ong-Bak) မင်း သားဟု မြန်မာပရိသတ်သိထား သည့် ထိုင်းအက်ရှင်မင်းသား Tony Jaaသည် ယနေ့ နံနက် အစောပိုင်းက ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမြော်ခဲ့သည်။

မင်းသား၏ တရားဝင် ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရွှေတိဂုံ စေတီပေါ်တွင် အမှတ်တရ ရိုက် ကူးထားသည့်ပုံကို တင်ထားပြီး ပရိသတ်များ၏ အမေးကို ဖြေ ကြားရာတွင် မြန်မာနိုင်ငံသို့ ခေတ္တ ခဏသာ လာရောက်ခြင်း ဖြစ်သည်ဟု ဖြေကြားထားသည်။