Saturday, August 17, 2013

၁၃၂ ပေါင်ရှိသော ဝှေးစေ့နှင့်အမျိုသား

၁၃၂ ပေါင်ရှိသော ဝှေးစေ့နှင့်အမျိုသား

17.8.2013

အသက် (၄၉)နှစ်ရှိပြီဖြစ်သော Wesley Warren Jr သည် Las Vegas မြို့
မှ ဖြစ်ပြီးသူကို လူသိများစေတာကတော့ (၁၃၂) ပေါင်ရှိသော ဝှေးစေ့ ရှိသော
ကြောင့်ဖြစ်သည်။

လွန်ခဲ့သော နှစ်များတွင်နိုင်ငံတကာ မှ သတင်းများ၏ ခေါင်းကြီးပိုင်း
တွင် သူ့အကြောင်းကို ဖော်ပြခဲ့ကြရာတွင် သူသည် scrotal lympledene ဟု
ခေါ်သော ရောဂါခံစားနေသူဖြစ်သည်ဟု သိရှိရသည်။

ကံကောင်းထောက်မစွာ သူ၏အခက်ခဲကို ကူညီဖို့ စိတ်ဆန္ဒရှိသူ
ကယ်လီဖိုးနီးယားမှ ခွဲစိတ်ဆရာဝန်တဦးက အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်ကြောင်း
သိရသည်။

စက္ကန့် (၃၀) လောက်လမ်းလျှောက်ပြီးတိုင်း ခေတ္တနားနေရသော
ကြောင့် ကလေးလိုပဲလို့ သူကဆိုပါတယ်။

(၁၃) နာရီကြာမယ့် ဒီခွဲစိတ်မူအတွက် အောင်မြင်ပြီးဆုံးချိန်တွင်
သူသည် ဝှေးစေ့ မရှိသော အမျိုးသားတန်ဆာဖြင့် ကောင်းမွန်ပြည့်စုံသော
အိမ်ထောင်သုခ မရမှာကို သူစိုးရွံ့နေသည်။

ကျွန်တော် ဒီအခွင့်အရေးရဖို့ ebay မှာ ကျွန်တော့ဝှေးစေ့ကို
လေလံတင်ခဲ့ကြောင်း၊ အများမှ အားပေးသော e-mail များ မှာလည်းသူ့
အတွက်အားဖြစ်ရပါကြောင်း နှင့် အမှောင်ဖုံးနေသော လိုင်ခေါင်းတွင်းမှ
အစွန်းတဖက်က အလင်းရောင်ကိုမြင်နေရပါပြီ ...သို့ပေမဲ့ ဗျာ ကျွန်တော်
လိုင်ခေါင်းထဲမှာပဲရှိပါသေးတယ်လို့ သူကပြောခဲ့ပါကြောင်း တင်ဆက်လိုက်
ပါတယ်။

ref:dailymail
Hau Sian Siam ( MM Social Sky)

MM Social Sky
အသက် (၄၉)နှစ်ရှိပြီဖြစ်သော Wesley Warren Jr သည် Las Vegas မြို့ မှ ဖြစ်ပြီးသူကို လူသိများစေတာကတော့ (၁၃၂) ပေါင်ရှိသော ဝှေးစေ့ ရှိသောကြောင့်ဖြစ်သည်။

သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

Photo: သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

17.8.2013

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေး ကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ဖြစ်ပုံက တိုက်ပေါ်ကနေ ခုန်ချပေမယ့် အောက်မရောက်ပဲ ကြော်ငြာဘေဘုတ်မှာ ငြိနေတုန်း ရဲတပ်ဖွဲ့က သူမကို ဖျောင်းဖျပြီး ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

News of Myanmar
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေး ကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ခုနစ်လတာအတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှု အကြိမ်တစ်ထောင် ကျော် ခဲ့ပြီးလူ ၅၀ သေဆုံး


Photo: ခုနစ်လတာအတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှု အကြိမ်တစ်ထောင် ကျော် ခဲ့ပြီးလူ ၅၀ သေဆုံး
Saturday, August 17, 2013

ယခုနှစ် ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံ အတွင်း၌ မီးလောင်မှု ၁၂၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၅၀ သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
''ခါတိုင်းနှစ်တွေ နဲ့မတူ ဒီ ၂၀၁၃ ခုနှစ် ခုနစ်လတာ ကာလအတွင်း ပေါ့ဆမီး က အများဆုံးပါ။ နောက်ပိုင်းမှာ ရှို့မီးတွေ နည်းနည်းများလာတယ်။ 

လူတွေရဲ့ မဆင်မခြင်သုံးမှုတွေကြောင့် လောင်တာများပါ တယ်။ နောက်ဘာသာရေး ပေါ့နော်'' လူမျိုးရေး ပဋိပက္ခတွေကြောင့် ရှို့ကြတယ်။ နောက် မူးလည်း ရှို့တယ်။ မိန်းမနဲ့ စကားများလည်း ရှို့တယ်။ ဒါတွေက မရှိသင့်ပါဘူး။ ဒေါသဖြစ်လို့ ရှို့မယ်ဆိုရင် မကျေနပ်တဲ့အိမ်ပဲ မီးလောင်မှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ပါ လောင်ကုန်မှာပါ'' ဟု မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ပြောကြားခဲ့သည်။

ယခုနှစ် ခုနစ်လတာ ကာလအတွင်း မီးလောင်မှုများအနက် မီးဖိုမီး အပါအ၀င် ပေါ့ဆ၍ လောင်သောမီးမှာ ၇၀၉ ကြိမ်၊ အလိုအလျောက် လောင်သောမီးမှာ ၃၁ ကြိမ် လျှပ်စစ်ကြောင့် လောင်သောမီးမှာ ၁၉၉ ကြိမ် မသမာသူရှို့မီးမှာ ၁၅၇ ကြိမ်နှင့် တောမီးမှာ ၁၁ ကြိမ် ပါဝင်နေကြာင်း မီးသတ် ဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

၎င်းက ဆက်လက်၍ ''ကားတွေက နဂိုထက် အဆမတန် များပြားလာတယ်။ ကားတွေမှာလည်း မီးလောင်တတ်ပါတယ်။ ကားတွေ အရေအတွက် များပြားလာသည်နှင့်အမျှ ဘယ်နေရာသွားသွား မီးသတ်ဆေးဘူးတွေ ဆောင်ထားသင့်ပါတယ်၊ လူတွေက မီးဆိုတာ လောင်တတ်တာပဲသိတာ လောင်ရင် ဘယ်လိုငြှိမ်းရ မလဲဆိုတာ မသိကြဘူး၊ အဓိကက ပေါ့ဆမှုကို ထိန်းသိမ်းမှုအပိုင်း၊ မီးသုံးစွဲမှုကို ထိန်းသိမ်းမှု အပိုင်းမှာ အားနည်းနေတာ တွေ့ရပါတယ်'' ဟု ဆိုသည်။

ခုနစ်လအတွင်း မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေ အဆောက်အအုံ ၄၁၅၁ လုံး၊ စက်ရုံအလုပ်ရုံ ၁၀ ရုံနှင့် ဂိုဒေါင် ၄၀ မီးသင့်ခဲ့ပြီး၊ ၁၃၃ရ၄ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရသည်။
ယခင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လ အတွင်းတွင်မူ မီးလောင်မှု ၈၀၁ ကြိမ်သာ ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၆၈၁၇ ဒသမ ၆၅ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လအတွင်းက လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ရှိ စီပီ ကြက်အူချောင်းစက်ရုံ မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group

ယခုနှစ် ခုနစ်လတာကာလအတွင်း မြန်မာနိုင်ငံအတွင်း၌ မီးလောင်မှု ၁၂၀၉ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၅၀ သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
''ခါတိုင်းနှစ်တွေ နဲ့မတူ ဒီ ၂၀၁၃ ခုနှစ် ခုနစ်လတာ ကာလအတွင်း ပေါ့ဆမီး က အများ ဆုံးပါ။ နောက် ပိုင်းမှာ ရှို့မီးတွေ နည်းနည်းများလာတယ်။

ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ လဲလှယ်ပေးမည်



Photo: ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ လဲလှယ်ပေးမည်
Saturday, August 17, 2013

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဟောင်းနွမ်းစုတ်ပြဲ ချွတ်ယွင်းနေသော ငွေ စက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ စီမံချက်ဖြင့် လဲလှယ်ပေးသွား မည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ လဲလှယ်ပေးနိုင်ခြင်း မရှိသည့် ဟောင်းနွမ်း/စုတ်ပြဲ/ချွတ်ယွင်း/မီးလောင်/ခြကိုက်/ဆွေးမြေ့ နေသည့် ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် (နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ) တို့တွင် လဲ လှယ်နိုင်ကြောင်း သိရပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သော ဟောင်းနွမ်း စုတ်ပြဲ ချွတ်ယွင်း ငွေစက္ကူများကို လဲလှယ်ပေးသည့် စီမံချက် ကာလအား (၃၁.၃.၂၀၁၄) ရက်အထိ တိုးမြှင့် လက်ခံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ဟောင်းနွမ်း/ စုတ်ပြဲ/ချွတ်ယွင်း နေသည့် ငွေစက္ကူများကို လက်ခံလဲလှယ်ပေးသည့် ငွေ လဲကောင် တာများကို ဖွင့်လှစ်ပေးထားကြောင်း သိရပြီး ငွေစက္ကူ အင်္ဂါရပ် ပြည့်စုံ၍ သုံးစွဲရန် မသင့်သော ငွေစက္ကူများ၊ အပိုင်းပိုင်း ဆက်စပ်ထားသော်လည်း အင်္ဂလိပ်/မြန်မာ အက္ခရာနှင့် ဂဏန်း အပြည့်အစုံ ပါရှိပြီး မျက်နှာပြင် ဧရိယာ သုံးပုံနှစ်ပုံထက် မနည်း သည့် ငွေစက္ကူများ၊ အက္ခရာနှင့် နံပါတ်စဉ် နှစ်ခုစလုံးတွင် အများဆုံး ဂဏန်းသုံးလုံးထိ စုတ်ပြဲပျက်စီး နေကာမူ ယင်းနံပါတ် နှစ်ခုကြားတွင် ဆက်စပ်ထားမှု လုံးဝမရှိဘဲ မူလပကတိအတိုင်း ရှိနေသည့် ငွေစက္ကူ များနှင့် ငွေစက္ကူ အစစ်အမှန်ဖြစ်ပြီး ဟောင်းနွမ်း/စုတ်ပြဲ/ဆီစွန်း/ဓာတ်ဆီ/ဆိုးဆေးများ စွန်းထားသော်လည်း တစ်ဝက်ထက် ကျော်သော ငွေ စက္ကူများကို လဲလှယ် ပေးလျက်ရှိပြီး စက္ကူ/Cellotape ကပ်ရန် မလိုဘဲ လဲလှယ်ပေးကြောင်း သိရသည်။

ဟောင်းနွမ်း စုတ်ပြတ်နေသည့် ငွေစက္ကူ အဟောင်းများအား တွေ့ရစဉ် (ဓာတ်ပုံ - သန်းထိုက်အောင်)

Eleven Media Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဟောင်းနွမ်းစုတ်ပြဲ ချွတ်ယွင်းနေသော ငွေစက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ စီမံချက်ဖြင့်လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် လူဦးရေ တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေနေရဆဲ ဖြစ်သည့်အတွက် ရန်ကုန်မြို့ အပါအ၀င် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာစစ်တမ်း ကောက်ယူရန် စီစဉ်

8.1.1
လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ နေအိမ်အချို့အား တွေ့ရစဉ်
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လူဦးရေ သိပ်သည်းမှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့်နေသောကြောင့် ရန်ကုန်မြို့တွင် ရှိသော ပျမ်းမျှလူဦးရေ ခြောက်သန်း အနက် တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေထိုင်နေရကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများ အရ သိရသည်။

မိတ္ထီလာတွင် မတ် ၂၁ ရက်က အစ္စလာမ် ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခဲ့သူ နှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်

8.1.1
မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မီးလောင်ပျက်စီးခဲ့သော သီရိမင်္ဂလာ ရပ်ကွက်တွင် ရှင်းလင်းမှုများ ပြုလုပ်နေစဉ်
မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံကို ဖျက်ဆီး ခဲ့သူ နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် မြို့နယ်တရားရုံးမှ သြဂုတ် ၁၂ ရက်က အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည် ဆိုသော သတင်းများကြောင့် မြိတ်တွင် လုံခြုံရေးတိုးမြှင့်

8.1.1
မြိတ်မြို့ အဝေးပြေးကားဝင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး (မြိတ်))
မြိတ်မြို့သို့ ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မည်မျှ ဆောင်ရွက်နိုင်မည် ဆိုသည်မှာ ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်အပြင် အုပ်ချုပ်ရေး အဖွဲ့၏ အဓိက ပါဝင်မှုအပေါ် မူတည်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

8.1.1
သြဂုတ် ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် သူရဦးရွှေမန်း အား တွေ့ရ စဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ မည်မျှ ထိ ဆောင်ရွက်နိုင်မည်ဆိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက် အပြင် အုပ်ချုပ်ရေးအဖွဲ့၏ ပါဝင်မှုအပေါ်လည်း မူတည်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြောကြားသည်။