Monday, November 18, 2013

လူနေ တိုက်ခန်းပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ လေယာဉ်မှူး နှစ်ဦး သေဆုံး

လူနေ တိုက်ခန်းပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ လေယာဉ်မှူး နှစ်ဦး သေဆုံး
Monday, November 18, 2013

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၁၆ ရက်က အထပ် ၃၈ ထပ် အမြင့်ရှိ လူနေတိုက်ခန်း တစ်ခုပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုသည် ဆိုးလ်မြို့ အရှေ့တောင်ပိုင်းရှိ ဂန်းနမ်းခရိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး LG အီလက်ထရွန်နစ် ကုမ္ပဏီမှ ပိုင်ဆိုင်သော ၎င်းရဟတ်ယာဉ်သည် ကုမ္ပဏီ ဝန်ထမ်းများအား ခေါ်ယူရန် အတွက် မြေကွက်လပ် တစ်ခုသို့ ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း မီးသတ် အရာရှိ ချန်ဆန်းဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းရဟတ်ယာဉ် ပျက်ကျမှုကြောင့် အသက် ၅၇ နှစ် အရွယ် ပါ့စ်အင်ကျူ အမည်ရှိ လေယာဉ်မှူး တစ်ဦးမှာ အခင်းဖြစ်ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃၆ နှစ် အရွယ်ရှိ ဒုတိယ လေယာဉ်မှူးမှာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်းနှင့် ၎င်းလေယာဉ်မှူး နှစ်ဦးလုံးသည် LG ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းရဟတ်ယာဉ် ပျက်ကျမှုကြောင့် အဆောက်အအုံ အပေါ်ထပ်ရှိ ပြတင်းပေါက်များ ပျက်စီးခဲ့သော် လည်းတိုက်ခန်းနေသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

မြ၀တီ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၁၆ ရက်က အထပ် ၃၈ ထပ် အမြင့်ရှိ လူနေတိုက်ခန်း တစ်ခုပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

၂၀၁၄ ဧပြီကစ သမ္မတ လစာ ကျပ် သိန်း ၅၀ ယူမည်

၂၀၁၄ ဧပြီကစ သမ္မတ လစာ ကျပ် သိန်း ၅၀ ယူမည်
Monday, November 18, 2013

လာမယ့် ဘဏ္ဍာနှစ်အစ ၂၀၁၄ ဧပြီလ ကစ နိုင်ငံတော်သမ္မတဟာ ၁ လ လစာ ကျပ်ငွေ သိန်း ၅၀ ခံစားတော့မယ်လို့ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ သမ္မတကနေ လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာဖော်ပြချက်အရ သိရပါတယ်။

အဲဒီ သ၀ဏ်လွှာထဲမှာ သူတို့ အစိုးရအဖွဲ့ တာဝန်ယူကာစမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကြေးနဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် ဥပဒေ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ထားတဲ့ လစာတွေအတိုင်း မခံစားဘဲ အရင် စစ်အစိုးရခေတ်က လစာတွေအတိုင်းပဲ ခံစားခဲ့တယ်။ အခု အစိုးရသက်တမ်း ၂ နှစ်ခွဲ၊ ၃ နှစ်ရောက်လာတဲ့အခါ တိုင်းပြည် ဘဏ္ဍာကိုလည်း အသင့်အတင့် တိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့ကြတယ်။

ဒါကြောင့် လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစမှာ အရင် စစ်အစိုးရခေတ်က ပြဌာန်းပေးခဲ့တဲ့ ဥပဒေ အတိုင်း ချီးမြှင့်ငွေ (လစာ ကို စပြီးခံစားမယ် ဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီ ဥပဒေအရ သမ္မတဟာ ၁ လ ကျပ် သိန်း ၅၀၊ ဒုသမ္မတ တွေ ၁ လ ကျပ် သိန်း ၄၀၊ လွှတ်တော် ဥက္ကဌ နှစ်ယောက်နဲ့ တရားသူကြီးချုပ် ၁ လ ကျပ် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော် ဒု- ဥက္ကဋ္ဌ ၂ ယောက် နဲ့ အဆင့်တူတွေကို ၁ လ ကျပ် သိန်း ၃၀၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လ ကျပ် သိန်း ၂၀ သတ်မှတ်ထားပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ ၁ လ လစာ ကျပ် ၁၅ သိန်း ရယူခံစားနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

DVB
လာမယ့် ဘဏ္ဍာနှစ်အစ ၂၀၁၄ ဧပြီလ ကစ နိုင်ငံတော်သမ္မတဟာ ၁ လ လစာ ကျပ်ငွေ သိန်း ၅၀ ခံစားတော့မယ်လို့ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ သမ္မတကနေ လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာဖော်ပြချက်အရ သိရပါတယ်။

တစ်နေ့ ကော်ဖီ ၃ ခွက်သောက်ပါက အသည်းကင်ဆာ ဖြစ်ခြင်းကို လျော့ကျစေနိုင်

ကော်ဖီကိုတစ်နေ့ သုံးခွက်လောက် ပုံမှန်သောက်သုံးသူတွေမှာ Hepatocellular carcinoma, HCC လို့ခေါ် တဲ့ အသည်းကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်းကို၅၀% လျော့ ကျနိုင်တယ်ဆိုတာကို သုတေသန တစ်ရပ် မှာ ဖော်ပြထားပါတယ်။

မြန်မာ့ ပြည်တွင်းရေးနှင့် အချုပ်အခြာအာဏာကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဟု OIC ဆို

ရခိုင်ပြည်နယ် အခြေအနေ အပါအဝင် နိုင်ငံအတွင်းရှိ လူမျိုးနွယ်နှင့် ဘာသာရေးဆိုင်ရာ စိန်ခေါ်မှုများကို ကူညီ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC က ထုတ်ပြန်လိုက်သည်။

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်

Photo: ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်
Monday, November 18, 2013

မြန်မာနိုင်ငံတွင် ၀င်ထွက်အသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် စုစုပေါင်း ၆၉ ခုရှိပြီး ယင်းလေဆိပ်များတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများအတွက် အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဒုတိယမြောက် အဓိက ၀င်ပေါက်ဖြစ်သည့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ အပါအ၀င် လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ်မှာ ၃၂ ခုခန့်သာ ရှိသည်ဟု သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုသွားမည့် ပြည်တွင်းလေဆိပ်များမှာ လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ် ၃၂ ခုဖြစ်ကြောင်း သိရသည်။

"နိုင်ငံတကာ လေဆိပ်သစ် တည်ဆောက်ရာမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်အောင် ဖိတ်ခေါ်တည်ဆောက် သွားသလိုမျိုးပဲ လက်ရှိပြည်တွင်းမှာ အသုံးပြုနေတဲ့ လေဆိပ်တွေကိုလည်း ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားဖို့ ရှိပါတယ်။ အဓိကကတော့ Service ပိုင်းမှာ ပိုကောင်းလာပြီး ဈေးကွက်လိုအပ်ချက်ကို အဆင့်မီမီ ဖြည့်ဆည်းပေးနိုင်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမှာပါ။ မကြာခင် နိုင်ငံပိုင် သတင်းစာကနေ ကြေညာပြီး ဖိတ်ခေါ်သွားမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ် ၃၂ ခုအနက် ဟဲဟိုးလေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်ပြီး ဒုတိယ ပုဂံညောင်ဦး လေဆိပ်နှင့် တတိယမှာ တာချီလိတ် လေဆိပ်တို့ဖြစ်သည်။

ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်သည် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရီးသည် သုံးသိန်းခုနစ်သောင်းကျော် ၀င်ထွက်မှု ရှိခဲ့သည်။ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ပြည်တွင်းလေဆိပ်များကို တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ဦးစားပေး ရွေးချယ်လုပ်ကိုင်လျက် ရှိသည်။

လာမည့် ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ညောင်ဦး၊ မြိတ်၊ တာချီလိတ်နှင့် မြစ်ကြီးနား လေဆိပ်များ၏ ခရီးသည် အဆောက်အအုံများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Eleven Media Group 

မြစ်ကြီးနားလေဆိပ်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၀င်ထွက်အသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

တိုင်းရင်းသားပူးပေါင်းပါတီများ ပါတီတွင်း ပဋိပက်္ခမဖြစ်ရန် အရေးကြီး

ပြည်တွင်းရှိ တိုင်းရင်းသားပါတီများ ပူးပေါင်းလာသည်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုးတက်မှု အခြေအနေတစ်ခုဟု သတ်မှတ်နိုင်ပြီး အဓိကအားဖြင့် ပါတီကြီးတစ်ခု ဖြစ်သွားလျှင် ပါတီတွင်းပဋိပက္ခများမဖြစ်ရန် အရေးကြီးသည်ဟု SNLD မှ ဦးစိုင်းညွှန့်လွင်က သတိပေး ပြောဆို လိုက်သည်။

တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ

ဒေါက်တာစွမ်း (ဆေး-၂) မေး။ ။ ဒေါက်တာခင်ဗျ၊ ကျွန်တော်တို့ တစ်အိမ်လုံး တုပ်ကွေး မိနေပါတယ်။ ကျွန်တော်ကနေ စဖြစ် လိုက်တာ အိမ်သူရော၊ သားတွေ၊ သမီးတွေပါ အကုန်လုံးကို ကူးကုန်တာ၊ အခုတော့ တစ်မိသားစုလုံး နေ မကောင်း ဖြစ်နေကြပါပြီ။ ကျွန်တော်ကတော့ ဆေးခန်း သွားပြလိုက်လို့ အပျောက် မြန်ပေမဲ့ ကျန် မိသားစုဝင် များကတော့ အိမ်မှာပဲ ဆေး ဝယ်သောက်ကြပါတယ် ဆရာ။ ဆေး ဝယ်သောက်တာ အဖျားဒဏ် တော့ သက်သာကြပေမဲ့ နှာစေး၊ ချောင်းဆိုးကတော့ အတော် ဆိုးပါတယ် ဆရာရယ်။ တုပ်ကွေးရဲ့လက်ကျန် နှာစေး၊ ချောင်းဆိုးကို ဘယ်လို တိုက်ထုတ်ရမလဲ။ တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ ဆိုတာ သိချင်လို့ပါ။ ဦးဘုန်းမြင့် (တောင်ဒဂုံ)

သနားစရာ မုဆိုးမများသာ နေသောမြို့

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ မုဆိုးမ မီရာရာနီဟာ လွန်ခဲ့တဲ့ ၁၆ နှစ် တည်းက ဒီအခန်းလေးမှာပဲ နေလာ တာပါ။ အခန်းလေးက ခွေးအိမ်ကလေးနဲ့ တူပါတယ်။ ခွေးတစ်ကောင် နေဖို့တောင် မသင့်တော်တဲ့ အခန်း လေးပါ။ 

သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် ဝေဖန်ထောက်ပြ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် နိုဝင်ဘာလထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၃၆) က ဝေဖန် ခဲ့သည်။

ခင်ပွန်းဖြစ်သူက မိတ်ဆက်ပေးသော ယောင်္ကျားလေးနှင့် ချစ်ကြိုးသွယ်မိရာမှ လက်ထပ်လိုက်ကြပြီး အတူနေကြတဲ့ ၂ လင် ၁ မယား

 
ပေါလ်၊ မာရီယာ၊ ပီတာ၊ ဓာတ်ပုံ- The Mirror 
လောကမှာ ထူးဆန်းတာတွေ ရှိကြတဲ့အထဲ ဒီကနေ့ လန်ဒန်က သတင်းတခုက တလင် ၂ မယား မဟုတ်ပဲ ၂ လင် ၁ မယား ဆိုတော့ စိတ်ဝင်စားစရာမို့ ပြန်လည် ဖောက်သည် ချလိုက်ပါတယ်။ အခု ဓာတ်ပုံထဲ မှာ တွေ့ရတဲ့ အမျိုးသမီး မာရီယာ ဘူဇကီဟာ ခင်ပွန်း ဖြစ်သူ ပေါလ်ရယ်၊ မာရီယာရဲ့ ချစ်သူ ပီတာ တို့နဲ့ အတူတူ တအိမ်တည်း ချစ်ချစ်ခင်ခင် နေထိုင်ပါသတဲ့။ 

မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ချင်းမိုင်မှာ ကျင်းပမည်



Photo: မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ချင်းမိုင်မှာ ကျင်းပမည်
Monday, November 18, 2013

မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မကြာခင် တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာသမိုင်းမှာ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှု ဖြစ်ပြီးတော့ အင်အားစု အားလုံးပါဝင်တဲ့ ပြည်လုံးကျွတ်ညီလာခံကြီးနဲ့ တိုင်းရင်းသားတွေမျှော်လင့်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အင်မတန်အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အားလုံးက ပြောဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို တော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့ကျရင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြည်တွင်းက နိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့ အစိုးရနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြီးတော့ ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံကြမှာဖြစ်ပါတယ်။ အခုလို တွေ့ဆုံနိုင်ဖို့ကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ကမကထလုပ် စီစဉ်ပေးခဲ့တာဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပြပါတယ်။

“အနာဂတ်မှာ Political Dialogue က အနှေးနဲ့အမြန် ရှိလာမယ်ပေါ့လေ။ ရှိလာတဲ့အခါမှာ ဒိုင်ယာလော့ဂ်ပါတနာ ဖြစ်လာမယ့်သူတွေပေါ့လေ- ဘာလို့တုန်းဆိုတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ညွှန်းဆိုတဲ့အထဲမှာက အားလုံးပါဝင်ဖို့-ဆိုတဲ့အတွက် နိုင်ငံရေးပါတီတွေလည်း Political dialogue မှာ ပါလာမယ်ပေါ့ဗျာ။ ချင်းမိုင်ကို နိုင်ငံရေးပါတီတွေ သွားပြီး ဆွေးနွေးနိုင်ဖို့နဲ့ လေ့လာနိုင်ဖို့ဟာကို ဒီဘက်ကနေပြီးတော့ ကျနော်တို့ ဝိုင်းပြီးတော့ ကမကထလုပ်နေတာပေါ့။ ၂၁ ရက်နေ့သွားဖို့အတွက်တော့ ကျနော်တို့ဘက်က စပြီး confirm လုပ်လို့ရပါပြီ။”

အခု တွေ့ဆုံကြမယ့် ပြည်တွင်း နိုင်ငံရေးပါတီ ၁၂ ပါတီထဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ RNDP ရခိုင်တိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ NDF အမျိုးသားဒီမိုကရေစီအင်အားစု စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာတော့ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီနဲ့ UNFC အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအ၀င် ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့ WLB တို့တွေ ပါဝင်ကြပါတယ်။ အခုလို ပြည်တွင်း၊ ပြည်ပအင်အားစု အားလုံး ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုဟာ  Political Dialogue လို့ခေါ်တဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာဖို့အတွက် အကြို ညှိနှိုင်းဆွေးနွေးမှုဖြစ်သလို၊ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်လည်း အရေးပါတယ်လို့ RNDP အဖွဲ့ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး၊ နောက် နိုင်ငံရေးဆွေးနွေးပွဲ၊ နောက် အကုန်လုံး လွှမ်းခြုံတဲ့ လက်နက်ကိုင်အင်အားစုတွေရော၊ ဒီမိုကရေစီအင်အားစုတွေရော၊ အစိုးရအဖွဲ့တွေရော အကုန်လုံးပါတဲ့ တပြည်လုံးဆိုင်ရာ ညီလာခံကြီးပေါ့လေ။ အဲဒါတွေကို ပျိုးနေတယ်ပေါ့လေ။ ပျိုးနေတဲ့အတွက် အဲဒါနဲ့တော့ ဆက်စပ်တာပေါ့။ နောက်တစ်ခုက ကျနော် ပြောခဲ့သလိုပဲ အကုန်လုံး တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေရော- ကျနော်တို့ရော တောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဟာနဲ့လည်း ဆက်စပ်ပါတယ်။”
ဒါ့အပြင် ဒီတွေ့ဆုံပွဲအပေါ် UNFC အနေနဲ့လည်း ကြိုဆိုတဲ့အကြောင်းနဲ့ ဒါဟာ ပဏာမခြေလှမ်းအစ ဖြစ်တယ်လို့ UNFC ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောဒေးဗစ်သာကပေါက ဆိုပါတယ်။

“ထာဝရငြိမ်းချမ်းရေး ပြန်လုပ်မယ်ဆိုရင် ဒီလိုတွေ့ဆုံတာ လိုအပ်ပါတယ်။ အဲဒါကြောင့် UNFC အနေနဲ့ ကြိုဆိုပါတယ်။ ဒါက နဖူးတွေ့၊ ဒူးတွေ့ပေါ့ဗျာ- တွေ့ကြဆုံကြ ဆွေးနွေးကြမယ်ဆိုတဲ့အခါကျတော့ အရေး ပါပါတယ်။ ချက်ခြင်းတော့ ဖြစ်ချင်မှ ဖြစ်မယ်ပေါ့။ ဒါပေမဲ့လို့ ဒါ အစပြုရမှာပဲ။ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ စစ်မှန်တဲ့ပြည်ထောင်စုစံနစ် ဖြစ်ပေါ်ရေးပေါ့။ အရေးကြီးပါတယ်။”

အလားတူ ချင်းမိုင်အခြေစိုက် WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း ကြိုဆိုခဲ့ပြီး WLB အနေနဲ့ အခုလို တွေ့ဆုံတဲ့အခါ လူထုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စတွေကို တင်ပြဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲကို WLB ကိုယ်စား ဦးဆောင်တက်ရောက်မယ့် ဒေါ်တင်တင်ညို က ပြောပါတယ်။

“ကျမအနေနဲ့ကတော့ အပြုသဘောအမြင်နဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ကောင်းတယ်လို့မြင်တယ်။ ကောင်းတယ်ဆိုတာက ကျမတို့ ဒီအထဲမှာရှိနေတဲ့ အဖွဲ့အစည်းတွေ ၁၂ ဖွဲ့လုံးနဲ့ရော၊ မြန်မာပြည်မှာရှိနေတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့လိုက်ခြင်းအားဖြင့် ကျမတို့ရဲ့မျှော်လင့်ချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ သေချာဆွေးနွေးခွင့် ရလိမ့်မယ်လို့ ကျမတို့ ယုံကြည်တယ်။

ကျမတို့အနေနဲ့ကတော့ လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုကိစ္စမှာ တစိုက်မတ်မတ် မဖြစ်နေတာရယ်၊ ကျမတို့တွေ တောက်လျောက်မျှော်မှန်းနေတဲ့၊ တကယ့် ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးပေါ့လေ- အဲဒီ တစ်ခုကို သွားနိုင်ဖို့အတွက် အဟန့်အတားတွေ ရှိနေတာတွေကို ကျမတို့ကတော့ ထောက်ပြပြောဆိုမယ်ပေါ့နော်။ တကယ့် နိုင်ငံရေး ဦးဆောင်တဲ့နေရာမှာ ဘယ်သူတွေနဲ့ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကိုလည်း မေးခွန်းထုတ်ဖို့ ရှိတယ်။”

ဒီနိုဝင်ဘာလဆန်းပိုင်းကတော့ - ဆယ်စုနှစ်ပေါင်းများစွာမှာ ပထမဆုံးအကြိမ် အဖြစ်နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တွေ့ဆုံပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက်ကို ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမဲ့ မအောင်မြင်ဘဲ ဒီဇင်ဘာလ ကျရင် ကရင်ပြည်နယ်မှာ ထပ်မံ တွေ့ဆုံဖို့ နှစ်ဘက် သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုမတိုင်ခင်မှာလည်း နှစ်ဘက် ရေးဆွဲထားတဲ့ မူတွေကို အကြို ညှိနှိုင်းဆွေးနွေးကြဖို့ အစိုးရဘက်က ကမ်းလှမ်းထားပေမဲ့ အခုထိတော့ အကြောင်းပြန်တာ မရှိသေးဘူးလို့ MPC မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့။ (ဓာတ်ပုံ/Google Image)
VOA
မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မကြာခင် တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာသမိုင်းမှာ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှု ဖြစ်ပြီးတော့ အင်အားစု အားလုံး

အကြမ်းဖက် ဖြိုခွင်းခံရသော လက်ပံတောင်းဒေသ ငြိမ်းချမ်းစေရေး ဆုတောင်းပွဲ ရန်ကုန်မြို့တွင် ပြုလုပ်

၂၀၁၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ညတွင် အကြမ်းဖက် ဖြိုခွင်းခံရသော လက်ပံတောင်းတောင် ဒေသ အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်၊ တန်ဆောင်မုန်း လပြည့်နေ့ ညနေ ၆ နာရီခန့်က ဗိုလ်တထောင် စေတီတော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဆုတောင်းပွဲတွင် အရပ်ဖက် လူ့အဖွဲ့အစည်း အချို့နှင့် စိတ်ပါဝင်စားသူ ပြည်သူတို့ ပါဝင်ခဲ့ပြီး "လက်ပံတောင်းမြေ ငြိမ်းချမ်းပါစေ" စာတန်းကို ဖယောင်းတိုင်များစီကာ ဗိုလ်တထောင် စေတီတော်တွင် ဆုတောင်းမှု ပြုလုပ်ခဲ့သည်။

အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းသည် ဘာသာရေး အယူအဆကြောင့် မဟုတ်ဟု OIC အဖွဲ့ ပြောကြား

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းသည် ဘာသာရေး အယူအဆများကြောင့် မဟုတ်ကြောင်း အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှ အတွင်းရေးမှူးက နိုဝင်ဘာ ၁၇ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု နိုဝင်ဘာ ၁၇ ရက် မြန်မာ့ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုအရ သိရသည်။

ရန်ကုန်မြို့ရှိ ဈေးအချို့၏ အပြင်ဘက်ပေ ၃၀၀ အတွင်း ရောင်းချသော လမ်းဘေးဈေးသည်များကို ဈေးအတွင်း နေရာပေး၍ အခမဲ့ ရောင်းချခွင့်ပြုမည်

C-18-11
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဒဂုံရွှေပြည်ဈေးအတွင်း လမ်းဘေးဈေးသည်များ ရောင်းချနိုင် ခွင့်ပေး မည့် နေရာအား မြေဖို့ခြင်း ပြုလုပ်နေမှုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဈေးအချို့၏ အပြင်ဘက် ပေ ၃၀၀ အတွင်း ရောင်းချနေသော လမ်းဘေးဈေးသည် များကို ဈေးအတွင်း နေရာပေး၍ အခမဲ့ ရောင်းချခွင့်ပြုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သိရသည်။