Wednesday, September 5, 2012

၅-၉-၂၀၁၂ ရက်နေ့သတင်းများ

- ကချင်စစ်ပြေးဒုက္ခသည် ရေဘေးနှင့် ရင်ဆိုင်နေရ click
- အစိုးရတပ်တွေ ပြောင်းရွှေ့ပေးဖို့ ကေအန်ယူ ဆွေးနွေး click
- ABSDF ခေါင်းဆောင်ဟောင်းများနှင့် UNA ခေါင်းဆောင်များ တိုင်းရင်းသားပြဿနာ ဆွေးနွေး click
- အမေရိကန်သံအမတ်ကြီး ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး click
- အစ္စလာမ်နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားတို့ တွေ့ဆုံပွဲခရီးစဉ် click
- စက်တင်ဘာ ၂၅ ဖို့ဝိန်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲ ကျင်းပမည် click
- ‘ဗ’ အက္ခရာ ကားများကို အပ်နှံခွင့်ပြု click
- နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း ကန့်သတ်ချက်များနေဟု ဝေဖန်ခံရ click
- ပြည်ထောင်စုဝန်ကြီးများ လခ တလ ကျပ် ၆ သိန်းသာ ရရှိဟုဆို click
- SSA တောင်ပိုင်းနှင့် ၀ တပ်ဖွဲ့ ဆက်ဆံရေး တင်းမာနေ click
- စစ်ပွဲရပ်ရန် ဖားကန့်လူထု တောင်းဆို click
- အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အောင်မြင်မှုအဖြစ် မြန်မာကို ထောက်ပြ click
- လက်ပန်းတောင်းတောင် ကြေးနီမိုင်းအတွက် ဆန္ဒပြ အရေးဆို click
- ဒညင်းကုန်း အုတ်စက်ရုံလုပ်သားတို့ နေစရာ တောင်း click
- အဝေးပြေးလမ်းပေါ်တွင် အရှိန်မြင့်ကားများကို ရေဒါဖြင့် ဖမ်းတော့မည် click
- အများပိုင် အိုင်တီကုမ္ဗဏီတခုဖြစ်ရေး ခြေလှမ်းပြင် click
- ရေပိုင်နက် အငြင်းပွားနေချိန်တွင် ဟီလာရီနှင့် တရုတ်သမ္မတ တွေ့ဆုံ click
- ဒီမိုကရက်တစ်ညီလာခံ သမ္မတဟောင်းကလင်တန် မိန့်ခွန်းပြောမည် click

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် အမေရိကန် အောက်လွှတ်တော်အမတ် Mr. Dana Rohrabacher ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် အမေရိကန် အောက်လွှတ်တော်အမတ် Mr. Dana Rohrabacher ဦးဆောင်သော အဖွဲ့အား ယနေ့ စက်တင်ဘာလ ၅ ရက် နေ့ မွန်းလွဲ ( ၂ ) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ

လွှတ်တော်မှာ မကြာခင် အတည်ပြုဖို့ ဆွေးနွေးနေတဲ့ FDI ခေါ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေ မူကြမ်းဟာ SME လို့ ခေါ်တဲ့ ပြည်ပက အသေးစား နဲ့ အလတ်စား ကုမ္ပဏီတွေ စိတ်ဝင်စားမှု ကျဆင်းစေနိုင်တဲ့ ကန့်သတ်ချက်တွေ ပါဝင်နေသလို ပြည်တွင်း အသေးစား နဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ထွန်းကားလာရေး အတွက်လည်း အဟန့်အတား
ဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။

ဆားလင်းကြီး တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်

၅-၉-၂၀၁၂ ရက်နေ့ ၂ နာရီမှာ တရုတ်ဝမ်ပေါင်ကုမ္မဏီနဲ့ စီးပွားရေးဦးပိုင်လီမီတက် ပူးပေါင်းလုပ်ကိုင်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ၊ ဆည်တည်းကျေးရွာတွေက မတရားသိမ်းပိုက်ခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲမှာ ခရိုင်ဗကသ ကျောင်းသားတွေလဲ လာရောက်ပူးပေါင်း ပါဝင်ပြီး ပုဒ်မ ၁၄၄၊ ဦးပိုင်၊ ဦးတရုတ်ကြီး နာမည်တွေနဲ့ အခေါင်းပုံတူ(၃)ခုကို မီးရှို့ မြေမြုပ်ပွဲ ကိုလည်း ထည့်သွင်းပြုလုပ်သွားပါတယ်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်ကိုယ်စားလှယ်နှင့်တောင်အာရှကော်မတီ ၏ ဥက္ကဌ Mr. Gerard Midquel ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော် ကိုယ်စားလှယ်နှင့်တောင်အာရှကော်မတီ၏ ဥက္ကဌ Mr. Gerard Midquel ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ စက်တင်ဘာလ ၅ ရက် နံနက်(၁ဝ) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ ဆုံ ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ သတင်း အပြည့်အစုံအား http://www.president-office.gov.mm/ တွင် ဖတ်ရှုနိုင် ပါသည်။

ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းတွင် ၂၄ နာရီ ဝယ်ယူနိုင်တော့မည်

ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းတွင် ၂၄ နာရီ ဝယ်ယူနိုင်တော့ မည်မိုဘိုင်းဖုန်း များအတွက် ကြိုတင် ငွေဖြည့်ကဒ် များကို အွန်လိုင်းတွင် အချိန်ပြည့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Myanmar Soft Gate Technology မှ ကိုရန်နောင်စိုး၏ ပြောကြားချက်အရ သိရသည်။ ကြိုတင်ငွေဖြည့် ကဒ်များကို အွန်လိုင်းမှ ဝယ်ယူလိုသူများသည် http://www.Prepaidcard. com.mm/ မှတစ်ဆင့် လိုအပ်သော ငွေ ဖြည့်ကဒ်များအား ဝယ်ယူနိုင် မည်ဖြစ်သည်။

ရှမ်းနီပါတီ ပထမဆုံး ရုံးချုပ် မန္တလေးတွင်ဖွင့်ပြီ

From- Mizzima
ရန်ကုန် (မဇ္ဈိမ) ။ ။ ပျောက်ကွယ်နေသည့် ရှမ်းနီလူမျိုးကို ပြန်လည်ဖေါ်ထုတ်ရန် အဓိက ရည်ရွယ်တည်ထောင် သည့် တိုင်းလျဲန် ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဌာနချုပ်ကို မန္တလေးမြို့ မဟာမြို့နယ်တွင် ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

အစိုးရနှင့် KNU တပ်များဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေး

ဒီကနေ့ ဖားအံမြို့မှာ ဆက်လက်ပြုလုပ်တဲ့ အစိုးရနဲ့ KNU အဖွဲ့တို့ ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း တပ်များဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေး ဘူး လို့ သိရပါတယ်။

တတိယအကြိမ် ဆွေးနွေးပွဲခရီးစဉ် KNU သတင်းထုတ်ပြန်

From- ကေအိုင်စီ

မြန်မာအစိုးရနှင့် တတိယအကြိမ် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်ဟိုတယ်တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်နေ့အ ထိ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ 

ကမ္ဘာ့ အသက်ငယ်ဆုံး မြို့တော်ဝန် အမျိုးသမီး ငယ်လေး ကျောင်းပြန်တက်မည်

From- မြ၀တီ

 (အယ်လ်လာ စက်တင်ဘာ ၄)
ပါလက်စတိုင်း  အနောက်ဘက် ကမ်းခြေ ဒေသ မြောက်ပိုင်းရှိ မြို့ငယ် တစ်ခုတွင်မြို့တော်ဝန် အဖြစ် နှစ်လကြာ တာဝန် ထမ်းဆောင် ခဲ့သည့် အသက် ၁၆ နှစ်အရွယ်ရှိ ပါလက်စတိုင်း ကျောင်းသူ ကလေး သည် ကျောင်းပြန်ဖွင့် ချိန်တွင် အခြားကျောင်း သူ များကဲ့သို့ပင် ကျောင်းပြန် တက်မည်ဟု သိရ သည်။

ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီ ၁၂ ခုကို ပဏမရွေးချယ်

From- 7Day News Journal
ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၁၂ ခုအား ပဏာမအဆင့် ရွေးချယ် လိုက်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

KIA အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ဖွင့်ဟ၀န်ခံချက် အပိုင်း(၁)

From- kachindailynews
စီးပွားရှာကောင်းသော KIA ခေါင်းဆောင်များ(သို့မဟုတ်) အသားထဲက လောက်ကောင်များ
ကျွန်တော်ဟာ အစိုးရနဲ့ KIA တို့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက KIA အဖွဲ့ရဲ့ အဓိကနေရာမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက KIA ဟာ ငြိမ်းချမ်းရေး ယူပြီး ပြည်နယ်ဖွံ့ဖြိုးရေးလုပ်မယ်၊ ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေအတွက် လုပ်ကြမယ်လို့ ဦးတည်ချက်တော့ ရှိခဲ့ဖူးပါတယ်။

ပရိသတ် သောင်းကြမ်းမှု ရတနာပုံအသင်း ဒဏ်ငွေဆောင်ရ

From- Mizzima

ရန်ကုန် (မဇ္ဈိမ) ။       ။ ရတနာပုံအသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ သြဂုတ်လ ၁၉ ရက်နေ့ ကစားစဉ် အတွင်း ရတနာပုံအသင်းကို အားပေးသည့်ပရိသတ်မှ ကစားကွင်းအတွင်း သို့ ကျောက်ခဲ၊ ရေသန့်ဘူး၊ သစ်သားစငယ်များဖြင့် ပစ်ပေါက်ခြင်းကြောင့် ရတနာပုံအသင်း ကို မြန်မာနေရှင်နယ်လိဂ် ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒဏ်ငွေ သုံးသိန်းပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်လိုက်သည်။

''နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိမှု

''နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိမှု စွမ်းအားတွေရဖို့ ပြည်တွင်းအသေးစားနဲ့ အလတ်စားလုပ်ငန်းတွေမှာ လိုအပ်ချက်ရှိတယ်။ ဒီသုံးမျိုးလက်ဝယ်ရှိတဲ့သူတွေနဲ့ ပူးတွဲဆောင်ရွက်မှ ဒီကွက်လပ်ဖြည့်နိုင်မယ်။ အဲဒီ အားနည်းချက် သုံးခုကြောင့် တိုးတက်ဖို့ ဖြစ်နိုင်ခြေနည်းနေတယ်။ နိုင်ငံခြား လုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်မှ တိုးတက်နိုင်ပါမယ်''ဟု ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောကြားပါသည်။

ပြည်တွင်း ဓါတ်အား လိုအပ်ချက်များ အတွက် ၁၂၅ မဂ္ဂါဝပ် ဓါတ်အားပေးစက် ၂ လုံး တပ်ဆင် အသုံးပြုသွားမည် ပြည်တွင်း ဓါတ်အား လိုအပ်ချက်များ အတွက် ၁၂၅ မဂ္ဂါဝပ် ဓါတ်အားပေးစက် ၂ လုံး တပ်ဆင် အသုံးပြုသွားမည်



ပြည်တွင်းမှာ လိုအပ်တဲ့ ဓါတ်အားထက် လုံလောက်မှု မရှိပါက ဓါတ်အား လိုအပ်လျှင် အသုံးပြု နိုင်ဖို့ ထိုင်းနိုင်ငံမှ သဘာဝ ဓါတ်ငွေ့သုံး ၁၂၅ မဂ္ဂါဝပ်ဓါတ်အားပေး စက်နှစ်လုံးကို တပ်ဆင် သွားဖို့ရှိ တယ်လို့ သိရပါတယ်။ အခုလို တပ်ဆင်ဖို့မှု ကိုတော့ ရန်ကုန်မြို့မှာ တပ်ဆင်ဖို့ ဆောင်ရွက် နေတာ ဖြစ်ပြီး ယခုလက်ရှိမှာ အဆိုပါ စက်များ ထားရှိမယ့် နေရာတွေကို အသေးစိတ် ရွေးချယ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဓာတ်အားပေး စက်များကို ရန်ကုန်မြို့တွင်းမှာ တပ်ဆင်မှာ ဖြစ်ပေမယ့် မဟာဓါတ်အား လိုင်းထဲကို ထည့်သွင်း သွားမှာ ဖြစ်တဲ့အတွက် ဓါတ်အား လိုအပ်ချက်ရှိတဲ့ နေရာတွေမှာ အစားထိုး အသုံးပြု သွားနိုင်မှာ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

"ဗုံးဖောက်ခွဲသူအဖြစ် စွပ်စွဲထားမှုများအပေါ် ဆွေးနွေးပြီးပြီဟု ပြည်သစ်ညွန့်ဝေ ပြောကြား"

 From- Popular Myanmar News Journal
ပြည်တွင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်အချို့နှင့်ပတ်သက်၍ မိမိအပေါ် စွပ်စွဲထားမှုများကို မြန်မာနိုင်ငံသို့ မလာရောက်မီ ဆွေးနွေး ခဲ့ပြီးဖြစ်ေ ကြာင်း မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၄ ရက်က ရောက်ရှိ လာခဲ့သည့် ပြည်သစ် ညွန့်ဝေ က ပြောသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရွှေတိဂုံဘုရား နောက်ဆုံးဖူးရန် ဆန္ဒရှိ

From- irrawaddy

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
တရုတ်နိုင်ငံတွင် နိုင်ငံရေးခိုလှုံနေရသော အသက် ၉၃ နှစ်ရှိ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကူမင်းမြို့ ဆေးရုံကြီး တွင် အရေးပေါ် ဆေးကုသနေရပြီး နောက်ဆုံးအနေဖြင့် ရွှေတိဂုံဘုရားကို ဖူးမျှော်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

အခြေခံဥပဒေခုံရုံးမှ စုံစမ်းစစ်ဆေးရေးကော်မတီသို့ပေးပို့သောစာ

 From- Popular Myanmar News Journal

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်သူ့လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန် စက်တင်ဘာ(၅)ရက်နေ့တွင် ပေးပို့သော စာဖြစ်ပါသည်။ 

KNU နဲ့ အစိုးရ ဆက်ရန်ရှိသေးသည်

From- irrawaddy

အစိုးရနဲ့ ဘားအံမှာ ဆွေးနွေးခဲ့တဲ့ KNU အဖွဲ့ ဒီကနေ့ မြ၀တီကို ပြန်ရောက်လာပါပြီ

နှစ်ဘက်တပ် အပြောင်းအရွှေ့နေရာချထားရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရရှိခဲ့တဲ့အတွက် ထပ်မံပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျရင် အသေးစိပ်ပြန်ညှိနှိုင်းကြဖို့  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ KNU က အထွေထွေ အတွင်းရေးမှူးနော်စီဖိုးရာစိန်ဦးဆောင်တဲ့ အဖွဲ့တို့ မနေ့က ဘားအံမြို့မှာ သဘောတူညီခဲ့ကြ ပါတယ်။

နိုင်ငံကူးလက်မှတ်ကို ၈၈ အဖွဲ့အတွင်း ခွဲခြား ထုတ်ပေး

From- irrawaddy

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Micasa ဟိုတယ်တွင်
 မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ 
(MILI)၊ မြန်မာနိုင်ငံ နားမကြားသူများ၏ လူ့စွမ်းအား
 အရင်းအမြစ် ဖွံ့ဖြိုးရေးဌာန (DRC) တို့နှင့် ၈၈ မျိုးဆက်
 ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးစဉ်
နိုင်ငံရေးအကျဉ်းသားဟောင်းများ
အား နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် တပြေးညီ သတ်မှတ်ချက် မရှိခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးများကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တင်ပြထားကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု တိုင်းရင်းသား ၀န်ကြီးများ ပါဝင်လို

From- irrawaddy

နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် တိုင်းရင်းသား
ပါတီများအပါအ၀င် မဟာမိတ် ၁၀ ပါတီ ခေါင်းဆောင်
များနှင့် သမ္မတ ဦးသိန်းစိန် ဇူလိုင်လ အတွင်း က
 တွေ့ဆုံစဉ် (ဓာတ်ပုံ – Hmuu Zaw / Facebook)
ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်
များတွင်ပါဝင် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ပိုင်ခွင့် ကိစ္စများကို သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ဆွေးနွေးမည် ဟုသိရသည်။

မြန်မာ့ အပြောင်းအလဲ ဟန်ချက်မညီ

 From: Irrawaddy
 
အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ သွားရာလမ်းသည် မည်သည့်နိုင်ငံတွင်မျှ စိတ်ကူးယဉ်သလို မဖြစ်ဘဲ ကြမ်းတမ်းခက်ခဲသော စိန်ခေါ်မှုများ၊ ခါးသီးသော အမှန်တရားများနှင့် ရင်ဆိုင်ဖြတ်သန်း ရမြဲဖြစ်သည်။

“ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် စတင်ကျင်းပ”

ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို တာမွေမြို့နယ် မဟာသန္တိ သုခကျောင်းတော်ကြီးတွင် ယနေ့ နံနက်၌စတင်ကျင်းပပြုလုပ်ခဲ့သည်။

KNU နဲ့ အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေး


သမ္မတကို တရားစွဲမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း


ပြည်ထောင်စုလွှတ်တော်ရဲ့ခုံရုံးအပေါ်စွပ်စွဲချက် သမ္မတဆောင်ရွက်မပေးရင် သမ္မတကိုပါ စွပ်စွဲပြစ်တင်မှုတွေရှိလာနိုင်ဟုဆို လွှတ်တော်နှစ်ရပ်က အခြေခံဥပဒေ ခုံရုံးအပေါ် စွပ်စွဲပြစ်တင်တာတွေကို ပြည်ထောင်စုလွှတ်တော်နာယက ကနေတစ်ဆင့် သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတက ဆောင်ရွက်မပေးရင် သမ္မတ ကိုပါ စွပ်စွဲပြစ်တင်တာတွေရှိ လာနိုင်တယ် လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကပြောပါတယ် ပြည်ထောင်စုလွှတ်တော်နာယက ကနေ သမ္မတဆီပို့

ဝန်ထမ်းများအပေါ် ဥပဒေနဲ့ ပြောဆိုခြိမ်းခြောက်ခြင်းကို ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဒေါ်စုကြည် အားကိုးနဲ့ အမေ့ ဘေးနားမှာ နေတဲ့ ကောင် ငါ့ကို ဘာမှတ်လဲ မင်းတို့ကို အလုပ်ဖြုတ်ပစ်လို့ ရတယ် ဟုဆိုတာ တာဝန်ကျ ၀န်ထမ်းများကို ချိန်းခြောက်မှု ဖြစ်ပွားခဲ့တယ် လို့ သိရှိရပါတယ်... အဲဒီလို ခြိမ်းခြောက်မှုတွေ ကြောင့် တာဝန်ကျ ဆေးရုံအုပ်ကြီးနှင့် တကွ သက်ဆိုင်ရာ ဌာနမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအဖွဲ့ ချုပ်ထံ သို့ စာရေးပြီး တိုင်တန်းထားသော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေး ( အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမှု တစ်စုံတစ်ရာ ထုတ်ပြန် ကြေငြာထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်...)
၎င်းစာကို အောက်တွင် ဖတ်ရူ့ နိုင်ပါသည်...

မို့မို့မြင့်အောင်လည်း အမည်ပျက်စာရင်းထဲ ရောက်ခဲ့

From- irrawaddy
စစ်ဗိုလ်ချုပ်ကြီးတို့က ၎င်းတို့အတွက် ၀ါဒဖြန့်ချိရေး ဇာတ်ကားများ ရိုက်ကူးသရုပ်ဆောင်ပေးခဲ့သည့် မင်းသမီးကြီး မို့မို့မြင့်အောင်ကို ပြီးခဲ့သည့် ရက်ပိုင်းကာလအထိ အမည်ပျက်စာရင်း သွင်းထားခဲ့ကြသည်။

ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစားလုပ်နေကြောင်း စုံစမ်းရေး အဖွဲ့က ပြောကြား

From- The Voice weekly
 
အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးရန် ခုံရုံးသို့ အကြောင်းကြားခဲ့သော်လည်း တစ်ဦးတစ်ယောက် မှ လာရောက်ခြင်း မရှိခြင်းမှာ ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေခြင်းသာ ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဝင် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောကြားသည်။

"ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန်းတစ်လုံး ငါးထောင်နှင့်ရောင်းမည်"

From- AF Ijournal
ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခွင့်ရရှိက သတင်းထုတ်ပြန် ထားသည့်အတိုင်း ဖုန်းတစ်လုံးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်း ချပေးမည် ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောသည်။

မြောက်ကိုရီးယားပါလီမန်အစည်းအဝေး ပြုလုပ်၍ စီးပွားရေးနှင့်ဆိုင်သော ဥပဒေပြုဖွယ်ရှိ


တစ်နှစ်လျှင် ၂ ကြိမ်ခန့်ပြုလုပ်လေ့ရှိသော ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံ၏ ပါလီမန်အစည်းအဝေးကို ယခုလ ၂၅ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ရာ တရုတ်နှင့်သဘောတူထားသောစီးပွားရေးကိစ္စများအတွက် ဥပဒေ ပြုရန်ဖြစ်ဖွယ်ရှိကြောင်း CNA သတင်းတွင်ဖောပြထားသည်။

““ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေးသင့်ပြည်သူများထံသွားရောက်စဉ် ပြောကြားသည့် မိန့်ခွန်း””

အဓိကလာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေ လာပြီး လေ့လာဖို့ပါ။ လေ့လာဖို့ဆိုပေမယ့်လည်း ရပ်ကွက်တိုင်းတော့မရောက်နိုင်ပါဘူး။ ရပ်ကွက်နှစ်ခုပဲ သွားလိုက် တယ်ဆိုပေမယ့် အခြေခံပြဿနာတွေကတော့ အားလုံးတူမယ်ထင်ပါတယ်။ ပထမတစ်ချက် ကတော့ ဘာဖြစ်လို့ ဒီလိုရေထထကြီးလဲပေါ့နော်။

KIA အမာခံ ပြည်သူ့စစ်များက ဂျာဝမ်တံတားအား ဆင်ဖြင့် ဖြိုချဖျက်ဆီး

 From- kachin daily news

KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ အမာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်တဲ့ တန်ဂွန်း ဦးဆောင်သော အဖွဲ့ဝင် (၃၀) ခန့်ဟာ စက်တင်ဘာလ (၃) ရက်နေ့က ဂျာဝမ်တံတားကို ဆင်တွေနဲ့ ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

SSA တောင်ပိုင်းနှင့် “၀” တပ်ဖွဲ့ ဆက်ဆံရေး တင်းမာနေ

 From- irrawaddy 
 
ရှမ်းပြည်နယ် ပန်ဆိုင်း ဒေသ၌၂၀၁၀ ပြည့်
 မတ်လကကျင်းပသော စစ်အစိုးရနှင့်
 အပစ်အခတ်ရပ်စဲရေး ပြုလုပ်သည့် နှစ် 
၂၀ မြောက် အခမ်းအနားတွင် UWSA တပ်ဖွဲ့ဝင်များ
 စစ်ရေးပြနေကြစဉ် (ဓာတ်ပုံ – Shanland)
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာမှု ဖြစ်ပွားနေကြာင်း သတင်းရရှိသည်။

အန်အယ်လ်ဒီ ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ပါတီဝင်အဖြစ်က ယာယီရပ်ဆိုင်း

ပြီးခဲ့တဲ့ လပိုင်းက ဧရာဝတီတိုင်း မြောင်းမြမြို့မှာ အန်အယ်လ်ဒီ ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ ခန့်အပ်တာကို မကျေနပ်လို့ အဖွဲ့ဝင်တချို့ လမ်းပေါ်ထွက် ဆန္ဒပြတာကို ခေါင်းဆောင်ခဲ့သူ ဦးမြင့်ကျော်နဲ့ ဦးဝင်းရွှေတို့ ၂ ဦးကို ပါတီဝင် အဖြစ်ကနေ ယာယီရပ်ဆိုင်းထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံကျော်ရှိ ငါးလအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ရရှိကြောင်း ထုတ်ပြန်


လက်ရှိဘဏ္ဍာရေးနှစ်၏ ကုန်သွယ်မှုပမာဏမှာ သြဂုတ်လကုန်ပိုင်းအထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ဘီလျံကျော် ရရှိထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ဒီမိုကရေစီခိုင်မာရေးကို ဦးတည်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

From- 7Day News Journal

တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ပြည်သူများအား ဒီမိုကရေစီ ခိုင်မာရေးကိုသာ ဦးတည် ရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒီမိုကရေစီ အရွယ်ရောက် ခိုင်မာလာပါက ဒီမိုကရေစီခေါင်းဆောင်များ မလိုအပ်တော့ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာကပင် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး ဟု သတ်မှတ်ခံရသော ဒေါ်အောင်ဆန်းစုကြည်က... စက်တင်ဘာ ၁ ရက်၊ နေ့လယ်ပိုင်းက ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒေသခံများအား ပြောကြားသွားခဲ့သည်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ ကဏ္ဍလေးပေါ့ဗျာ

From- The Future

စင်ကာပူလေကြောင်း မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်

From- 7Day News Journal

မြန်မာနိုင်ငံသို့ ခရီးသွားလာမှု အလျင်အမြန် ကြီးထွားလာခြင်းကို ဖြည့်ဆည်းရန် စင်ကာပူနိုင်ငံ အမျိုးသားလေကြောင်း Singapore Airlines က မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။  အောက်တိုဘာ ၂၈ ရက်နေ့ စတင်မည့် ၀န်ဆောင်မှုတွင် စင်ကာပူလေကြောင်းက
၎င်း ၏ လက်ခွဲ ကုမ္ပဏီဖြစ်သော Silk Air ၏ အချို့ခရီးစဉ်များကို လွှဲပြောင်းရယူမည်ဖြစ်သည်။

အစိုးရအဖွဲ့နှင့် KNU တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အပိုင်း-၂

 From- မြ၀တီ

အစိုးရအဖွဲ့နှင့် KNU (ကရင်အမျိုးသား အစည်းအရုံး) တို့ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစ၍ ကရင်ပြည်နယ် ဘားအံမြို့တွင် စတင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။