Monday, August 10, 2015

နယ်နိမိတ်ဇုန်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲခြင်းသည် မြောက်ကိုရီးယား လက်ချက်ဟု တောင်ကိုရီးယားစွပ်စွဲ

နှစ်နိုင်ငံကြား ပိုင်းခြားသတ်မှတ်ထားသည့် စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းသည် မြောက်ကိုရီးယား၏ လက်ချက်ဖြစ်ကြောင်း တောင်ကိုရီးယားက စွပ်စွဲ ပြောကြားလိုက်သည်။
အစောပိုင်းက တောင်ကိုရီးယားသည် ယခုဖြစ်ရပ်တွင် မြောက်ကိုရီးယား၏ စနက် ပါဝင်ဖွယ် မရှိဟု မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ဩဂုတ် ၁၀ ရက်တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းသည် တောင်ကိုရီးယား စစ်သည်များကို ထိခိုက်သေကြေစေရန် မြောက်ကိုရီးယားဘက်က ရည်ရွယ်ချက်ရှိရှိ ဆင်ထားသော မြေမြှုပ်မိုင်းများကြောင့်ဟု ဖော်ပြထားသည်။ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားသော ပေါက်ကွဲမှုတွင် တောင်ကိုရီးယား စစ်သားတစ်ဦးမှာ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ပြီး အခြားတစ်ဦးမှာလည်း ခြေတစ်ဖက် ဖြတ်လိုက်ရသည်။ အဆိုပါ မြေမြှုပ်မိုင်းကို မြောက်ကိုရီးယား စစ်သားများက ထောင်ထားခြင်းဖြစ်ပြီး ယင်းအတွက် အညှာအတာမရှိ တုံ့ပြန်မှုမျိုး ကြုံသွားနိုင်ကြောင်း တောင်ကိုရီးယား အစိုးရက သတိပေးလိုက်သည်။

တိတ်တဆိတ်မင်္ဂလာဆောင်မယ့် သတင်းတွေထွက်နေတဲ့ ဂျနီဖာလိုပက်ဇ်

အမေရိကန်အဆို တော် ဂျနီဖာလိုပက်ဇ်နှင့် ကကွက်ဖန်တီးသူကက်စပါ စမတ်တို့သည် တိတ်တဆိတ် မင်္ဂလာဆောင်ရန်စီစဉ်နေသည် ဟုသတင်းထွက်နေသည်။
ဂျနီဖာလိုပက်ဇ်နှင့် ကက် စပါစမတ်တို့သည် သုံးနှစ်တာချစ် ကြိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဇွန် လတွင် လမ်းခွဲကြောင်း ကြေညာ ခဲ့သော်လည်း လက်ရှိတွင် ပြန်ပေါင်းထုပ်လျက်ရှိသည်ဟုသိရ သည်။ အသက် (၄၆)နှစ်အရွယ်ရှိ ဂျနီဖာလိုပက်ဇ်နှင့် အသက်(၂၈)နှစ်အရွယ်ရှိ ကက်စပါစမတ်တို့သည် မိသားစုတစ်စုထူထောင်ရန် အကျဉ်းချုံး မင်္ဂလာပွဲတစ်ပွဲ နှင့် လက်ထပ်ရန် စိတ်အားထက်သန်နေသည်ဟု သတင်းရင်းမြစ် တစ်ခုက အမေရိကန် OK! မဂ္ဂဇင်းအားပြောကြားသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ ဆိုဒီလောတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်ပြီး ၁၇ ဦးထက်မနည်း သေဆုံး

ဆိုဒီလော တိုင်ဖွန်းမုန်တိုင်း တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ ဝင်ရောက် တိုက်ခတ်သွားရာ လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၅ ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ဩဂုတ် ၉ ရက်က ရှီကျန်း ဒေသတွင် မုန်တိုင်း ဝင်ရောက်မှုကြောင့် လေပြင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း တရုတ်အစိုးရ သတင်းဌာနများက ဖော်ပြခဲ့သည်။ ဝမ်ဇူးမြို့ တစ်မြို့တည်းတွင် အသေအပျောက် ၁၃ ဦးရှိပြီး လူ ၄ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ ကျန်သေဆုံးသူ ၄ ဦးမှာ အနီးရှိ လီရှူအီမြို့မှ ဖြစ်သည်။

ရေဘေးကြောင့် ၉၉ ဦးသေဆုံး၊ ပြည်သူတစ်သန်းခန့် ထိခိုက်

ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေး သင့်ပြည်သူတစ်သန်းခန့် ရှိလာပြီး သေဆုံးသူ သုံးဦး ထပ်မံ တိုးလာကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ရေ ဘေးသင့်သူအရေအတွက်သည် သြဂုတ် ၇ ရက်ထုတ်ပြန်မှုစာရင်း တွင် ခြောက်သိန်းခန့်ရှိပြီး သြဂုတ် ၈ ရက်ထုတ်ပြန်ချက်တွင်မူ ဦး ရေတစ်သန်းခန့် (၉၈၁,၃၈၅ ဦး) အထိရှိလာခြင်းဖြစ်သည်။
ရေဘေးသင့်ပြည်သူအရေ အတွက်တိုးမြင့်လာမှုတွင် မကွေး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အများဆုံးဖြစ်ပြီး နှစ်သိန်းခန့်စီ စာရင်းတိုးလာကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ထုတ် ပြန်ချက်စာရင်းတွင် ဖော်ပြထား သည်။ရခိုင်ပြည်နယ်တွင်လည်း ရေဘေးသင့် ပြည်သူ အရေအ တွက် ခြောက်သောင်းခန့် တိုး မြင့်လာခဲ့ပြီး အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့၌ အရေ အတွက်အနည်းငယ်စီ လျော့ကျ ခဲ့သည်ဟု သိရသည်။

အိုင်အက်စ် အကြမ်းဖက်အုပ်စု၏ ထိပ်တန်းရာထူးများကို ဆက်ဒမ်ခေတ်အရာရှိများက လွှမ်းမိုးထားဟုဆို

အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ ထိပ်တန်းရာထူးများတွင် ကြီးမှူးနေသူများမှာ အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ် ဟူစိန်လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိများဖြစ်သည်ဟု ပရပ်စ်တီဗီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အေပီသတင်းဌာန၏ ဖော်ပြချက်အရ အိုင်အက်စ်အုပ်စု၏ ထိပ်တန်းရာထူးများတွင် လွှမ်းမိုးထားသူများမှာ ဆက်ဒမ်၏ စစ်တပ်နှင့် ထောက်လှမ်းရေးအေဂျင်စီများမှ အရာရှိဟောင်းများဖြစ်သည်ဟု အီရတ် အကြီးတန်းအရာရှိများက ပြောကြားသည်ဟု ဆိုသည်။

ကွမ်းစိုက်ခင်းများ ပျက်စီးသဖြင့် ပန်းတနော်ကွမ်းဈေး စံချိန်တင် မြင့်တက်

ယခုနှစ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး ကွမ်းပင်များ ပျက်စီးမှုကြောင့် ပန်းတနော်ကွမ်း ရွက်များသည် လက်ရှိဈေးကွက် အတွင်း တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ ခန့်စံချိန်တင် ဈေးမြင့် တက်နေကြောင်း သီရိမင်္ဂလာ ဈေးက သတင်းရရှိသည်။
 သီရိမင်္ဂလာဈေးမှ ကွမ်း ရွက်လက်လီလက်ကား ရောင်း ၀ယ်သူ မခင်ညိုက ‘‘ဒီဈေးမှာ ကွမ်းရွက်ရောင်းလာတာ ၁၅ နှစ် ရှိပြီ။ ပန်းတနော် ကွမ်းရွက် ဒီ လောက်ဈေးပေါက်နေတာ တစ် ခါမှမမြင်ဖူးဘူး။ ပြီးခဲ့တဲ့ နာဂစ် တုန်းကတောင် ပန်းတနော်ကွမ်း ရွက်တစ်ပိဿာကို ကျပ် ၁,၀၀၀ လောက်ပဲဈေးရှိပါတယ်’’ဟုပြော သည်။ ယခုလ ၅ ရက်နေ့မှစ၍ ပန်းတနော်ကွမ်းရွက်များ စတင် ဈေးတက်သွားသည်။ မူလဈေးမ တက်မီက ပန်းတနော်ကွမ်းရွက် တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ခန့် သာဈေးရှိခဲ့ကြောင်းသိရသည်။

အကြံပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်းစည်းကမ်းသတ်မှတ်ချက် အတည်ပြုပြီးပါက လုပ်ငန်းလိုင်စင်ဆောင်ရွက်ရမည်

အကြံပေးလုပ်ကိုင်သူ များမှတ်ပုံတင်ခြင်းဆိုင်ရာ စည်း ကမ်းသတ်မှတ်ချက် (မူကြမ်း)ရေး ဆွဲပြီးဖြစ်၍ အတည်ပြုပြီးပါက လက်ရှိဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များလုပ် ငန်းလိုင်စင်ဖြင့် ဆောင်ရွက်ရ မည်ဟု သတင်းရရှိသည်။

၂၀၁၂ တွင် ထုတ်ပြန်ခဲ့ သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၄ ၌ ထုတ်ပြန်ခဲ့ သည့် နည်းဥပဒေများအရစီးပွား ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မဖြစ်မနေ ရေးဆွဲ အကောင်အ ထည်ဖော်ဆောင်ရွက်ရမည့် EIA /IEE လုပ်ငန်းစဉ်များဆောင်ရွက် ရန် အကြံပေး လုပ်ကိုင်သူများ သည် မဖြစ်မနေလုပ်ငန်းလိုင်စင် ရယူဆောင်ရွက်ရမည်ဖြစ်သည်။