အဝေးပြေးလက် မှတ်များ ဈေးတင်ရောင်းချမှုနှင့်ပတ် သက် ၍ မထသ(အဝေးပြေး)မှစိုက် ထုတ်ပြန်လျော်ပေးမှု မှာ ကျပ် ၈၀၇၇၀၀ ရှိပြီဖြစ်ကြောင်း သိရ သည်။ ဧပြီ ၅ ရက်အထိ တိုင်ကြားခံ ရသည့် အဝေးပြေးယာဉ်လိုင်းစုစု ပေါင်း ၂၀ လိုင်းရှိပြီး တိုင်ကြားသူ ၅၁ ဦးရှိကာ အဆိုပါယာဉ်လိုင်း များက ပိုမိုရောင်းချခဲ့သည့်လက်မှတ် ၁၆၂ စောင် အတွက် ကျပ်ရှစ် သိန်း ကျော်ကို မ.ထ.သ(အဝေးပြေး)မှ စိုက်ထုတ်လျော်ပေး ထားကြောင်း သိရသည်။
ယင်းကဲ့သို့လက်မှတ်ခများကို သတ်မှတ်နှုန်းထားထက် ပိုရောင်း သည့်ယာဉ်လိုင်းများအား ဒဏ်ငွေ ကျပ်ငါးသောင်းရိုက်ကာ အရေးယူ နေပြီး ကြိုတင်လက်မှတ်ရောင်းချ နေမှုမှာ ဈေးကွက်စီးပွားရေးအရ ဖြစ်သည့်အတွက် ထိန်းချုပ်၍မရနိုင် ကြောင်း သိရသည်။
လက်မှတ်ခ ပိုမိုတောင်းခံ သည့် ယာဉ်လိုင်းများကို ဒဏ်ရိုက် အရေးယူခြင်းနှင့် ခရီးသည်များကို စိုက်ထုတ်ပေးလျော်ခဲ့ရသည့်ငွေ များနှင့်ပတ်သက်၍ ဧပြီလကုန်မှ သာ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိ ပိုရောင်းသည့် လက်မှတ်ခများကို စိုက်ထုတ်ပေး ရာတွင် မထသ(အဝေးပြေး)၏ ရန် ပုံငွေထဲမှ စိုက်ထုတ်ဖြေ ရှင်းပေး နေခြင်းဖြစ်ကြောင်း သိရသည်။
သင်္ကြန်ဝန်းကျင် ဧပြီ ၁၂ ရက် မတိုင်မီ ရန်ကုန်တိုင်းဒေသကြီးမှ ပြည်နယ်နှင့်တိုင်ဒေသကြီးအသီးသီး သို့ပြန်လိုသည့်ခရီးသည် ၈၀၄ ဦး ကို လက်မှတ်ရရှိရေးအတွက် မထသ (အဝေးပြေး)မှ ကူညီဖြေရှင်းပေးထား ကြောင်း သိရသည်။