Thursday, May 8, 2014

ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး

Photo: ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး
Thursday, May 8, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။

မိုးကြိုး ထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ (၇) ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊ အသက် (၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ် (၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ

Photo: တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ
Thursday, May 8, 2014

မန္တလေးမြို့ စားသောက်ကုန် ဈေးကွက် တွင် တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော summer အမည်ရှိ အချိုရည် တစ်မျိုးကို တွေ့ရှိ ရ ကြောင်း မန္တလေး တိုင်းဒေသကြီးကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာမှ သိရသည်။

အဆိုပါ အချိုရည် သည် summer ကုမ္ပဏီ လီမိတက် ကထုတ်လုပ် သည်ဟု သာပါရှိပြီ ထုတ်သည့် ရက် စွဲ၊ ကုန်ဆုံးရက် စွဲ ထုတ်လုပ်သည့် နေ ရာ ဖုန်း နံပါတ် မပါ ရှိ ကြောင်း ထို အချိုရည်သည် တရားဝင် မှတ်ပုံတင် ထားခြင်း လည်း မရှိ ကြောင်း သိ ရသည်။

ကျွန်တော် တို့ က ဈေးကွက် ထဲ ကိုဆင်း တာပေါ့ နော် ဈေးကွက် ထဲကို ဆင်းပြီးလိုက် ကြည့်တယ် လိုက် ကြည့်တဲ့ အချိန်မှာ ဒီပစ္စည်းတစ်ခုကို သွားတွေ့ရတယ်။ အဲဒီ summerက အချိုရည် ဘူးကြီး တစ်ဘူးကို ၄၀၀ နဲ့ ရောင်းတယ်။ ဒီ လောက် အချိုရည် ဘူးကြီးကို ၄၀၀ နဲ့ ရောင်းတယ် ဆိုတာကြီး က ဒါ မဖြစ် နိုင် တဲ့ဈေးကြီးဖြစ် နေတယ် အဲဒီမှာ မြေပြင် ဆင်းတဲ့ အဖွဲ့က ဝယ်လာတယ်။ ဝယ်လာပြီးတော့ ကြည့်လိုက် တဲ့ အချိန် ကျတော့ ထုတ်လုပ်ရက်စွဲ တွေ၊ကုန်ဆုံးရက်စွဲ တွေ ၊ဘာတွေနဲ့ ဖျော်ထား တယ် ဆိုတာမပါဘူး ၊လိပ်စာလည်း မပါလာဘူး အဲဒါနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ရုံးကို ဒီsummer ကုမ္ပဏီ အ နေ နဲ့ သူတို့ ဆီမှာ တရားဝင် မှတ်ပုံတင် ထားတာ ရှိမရှိ ဆိုပြီးတော့ စုံစမ်းလိုက် တဲ့ အချိန်ကျတော့ ဒီကုမ္ပဏီ ဟာ သူတို့ ဆီမှာ မှတ်ပုံတင် ထားတာ မရှိပါဘူး ဆိုပြီးတော့ ပြောပါ တယ် ဟု အထက် ပါ ဌာနမှ ဒုတိယ တိုင်းဦးစီးမှုး ဦးအေးမင်းထွန်းက ပြောသည်။

အဆိုပါ အချိုရည် ကို ဖုန်းနံပါတ် လိပ်စာ မပါရှိသည့် အတွက် ထုတ်လုပ် သူမသိ ရ သေးဘဲ စုံစမ်း နေ ဆဲဖြစ် ကြောင်း ဓါတ်ခွဲစမ်းသပ်ရန် အတွက်လည်း ဆောင် ရွက် နေ ကြောင်း ပြည်တွင်းက ထုတ်လုပ် တယ် ဆိုတာ လည်း သိ ရှိ ကြောင်း မန္တလေး တိုင်းဒေသကြီး ကူးသန်းရောင်း ဝယ် ရေးနှင့် စားသုံးသူ ရေးရာဌာနမှသိ ရသည်။

ထို့အတူ မန္တလေး စားသောက် ကုန် ဈေးကွက် အတွင်း ပဲဆီ ဟုတံဆိပ် တပ်ပြီး ပဲဆီမဟုတ်သော ဆီများလည်း ဝင် ရောက် လျက် ရှိကြောင်း လည်း ဆီစက်လုပ် ငန်းရှင် အချို့ က ပြောကြားသည်။

ခက်ဆစ်
Popular Myanmar News Journal
မန္တလေးမြို့ စားသောက်ကုန် ဈေးကွက် တွင် တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော summer အမည်ရှိ အချိုရည်တစ်မျိုးကို တွေ့ရှိရ ကြောင်း မန္တလေးတိုင်းဒေသကြီးကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာမှ သိရသည်။

ငလျင်အပြီး မြေပြင်တုန်ခါမှုများ အများအပြားရှိဟု ထိုင်းငလျင်ဗျူရိုပြော

Photo: ငလျင်အပြီး မြေပြင်တုန်ခါမှုများ အများအပြားရှိဟု ထိုင်းငလျင်ဗျူရိုပြော
Thursday, May 8, 2014

 ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ငလျင်အပြီး မြေပြင် တုန်ခါမှုတွေ အများအပြားကို ထောက်လှမ်း မိထားတယ်လို့ ထိုင်းငလျင်ဗျူရိုက ပြောပါတယ်။

မေ ၅ ရက်နေ့ ညနေပိုင်းက ပြင်းအား ရစ်ချက်တာစကေး ၆ ဒသမ ၃ ရှိတဲ့ ငလျင်လှုပ်အပြီး ခုလို ဖြစ်တာလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ဒီ ငလျင်ဟာ ထိုင်းနိုင်ငံမှာ နှစ် ၆၀ အတွင်း အပြင်းထန်ဆုံးငလျင်လို့လည်း ထိုင်းငလျင် စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဒီငလျင် လှုပ်ခတ်မှုကြောင့် လူ ၁ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရပါတယ်။ မေ ၇ ရက်နေ့ မနက် ၅ နာရီလောက်က ပြင်းအား ရစ်ချက်တာစကေး ၄ အထက်မှာ ရှိတဲ့ မြေပြင် တုန်ခါမှု ၃၄ ကြိမ် ဖြစ်ခဲ့ပါတယ်။

လူအယောက် ၁ ထောင်လောက်နေတဲ့ မဲ့စလွေမြို့ထဲက ရွာပေါင်း ၁၃ ရွာကတော့ အဆိုးရွားဆုံး ပျက်စီးခဲ့ပြီး ဒေသခံတွေအတွက် အစားအစာနဲ့ ဆေးဝါး ကမ်းလှမ်းဖို့ ဒေသတွင်း ကျောင်းတကျောင်းရဲ့ ကလေးကစားကွင်းထဲမှာ ကယ်ဆယ်ရေးဌာန ဖွင့်ပေးထားပါတယ်။

ဌာနတွင်း ယာယီဆေးခန်းရှေ့မှာတော့ ရွာသားတွေ ကုသမှု ခံယူဖို့ တန်းစီ စောင့်နေကြပါတယ်။ လူနာအယောက် ၆၀ လောက်ထဲက တချို့က ငလျင်အပြီး စိတ်ပိုင်းသက်သာမှုတွေ ပေးဖို့ လိုနေတယ်လို့ ထိုင်းစစ်တပ် ဆေးတပ်ဖွဲ့ရဲ့ညွှန်ကြားရေးမှူးက ပြောပါတယ်။

ငလျင်ကြောင့် ဆက်သွယ်ရေးနဲ့ လမ်းပန်းအခြေအနေက ပြတ်တောက်မသွားဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်နေလို့ အစားအစာနဲ့ သောက်ရေ ပြတ်လပ်မှုလည်း မရှိခဲ့ပါဘူး။

ဒီဗွီဘီ 
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ငလျင်အပြီး မြေပြင် တုန်ခါမှုတွေ အများ အပြား ကို ထောက်လှမ်း မိထားတယ်လို့ ထိုင်းငလျင်ဗျူရိုက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ပန်ချီကားနှစ်ချပ် မန်း အင်အယ်လ်ဒီမှ လေလံတင်ရောင်းချမည်

 ၂၀၁၄ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ခွပ်ဒေါင်းကြယ်ဖြူအလှပြယာဉ်၌ ချိတ်ဆွဲပြသခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ပုံတူ အခရိုင်းလစ် ( acrylic) ပန်ချီကားနှစ်ချပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မန္တလေးတိုင်းမှ လေလံတင် ရောင်းချမည်ဟု တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုက မေ ၈ရက်က မဇ္ဈိမကို ပြောသည်။
“တိုင်းဒီမိုရေစီအဖွဲ့ချုပ်ရန်ပုံငွေနဲ့ ဗဟိုရန်ပုံငွေအတွက် အသုံးပြုနိုင်အောင် ၁၃၇၅-၁၃၇၆ခုနှစ် မဟာ သင်္ကြန်ပွဲတော်မှာ ပထမဆုံးနဲ့ကြီးမားစွာ ခွပ်ဒေါင်းကြယ်ဖြူ အလှပြယာဉ်ထွက်ရှိခဲ့ပါတယ်။ အဲဒီမှာ ပြသခဲ့တဲ့ ပန်ချီကားနှစ်ချပ်ကို ရောင်းချတာဖြစ်ပါတယ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် ခွင့်ပြုချက်လည်းရရှိပြီးပါပြီး၊ ၀ယ်ယူသူကို အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုး ထားတဲ့ ပန်းချီကားကို ရောင်းချပေးမှာဖြစ်ပါတယ် ” ဟု ဦးတင်ကိုကိုကပြောသည်။
ရောင်းချမည့်ပန်ချီကားမှာ သုံးပေ၊ လေးပေ ပန်းချီကားနှစ်ချပ်ဖြစ်ပြီး ပန်ချီဆရာကိုအောင်မင်းက ရေးဆွဲ ထားခြင်းဖြစ်သည်။


လာမည့်နှစ် သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက်ပြည့်၊ မပြည့် တင်းကျပ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ မူလတန်းကျောင်းများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စ၍ သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက် ၅ နှစ် ပြည့်၊ မပြည့် တင်းကျပ်စွာ စစ်ဆေးမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။
မေလ ၇ ရက်နေ့တွင် အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းဖွင့်ရာသီ မတိုင်မီ သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများ အကြောင်း ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
ကျောင်းအပ် လက်ခံစဉ် အသက်ငါးနှစ် မပြည့်ပါက အသက် တစ်လလိုလျှင် သက်ဆိုင်ရာ ကျောင်းအုပ်ခွင့်ပြုချက်၊ အသက် နှစ်လလိုလျှင် မြို့နယ် ပညာရေးမှူး ခွင့်ပြုချက်နှင့် အသက် သုံးလလိုလျှင် သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာနအထိ ခွင့်ပြုချက် တင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းအပ်လက်ခံ စာရင်းများကို ကျောင်းစစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးရန် စီစဉ်ထားကြောင်း ဒေါ်စန်းစန်းရီက ပြောဆိုသည်။
“စာသင်ဖို့ အဆင်သင့် ဖြစ်တဲ့ ကလေးကိုပဲ လက်ခံပေးပါ။ အဆင်သင့် မဖြစ်သေးရင် နောက်နှစ်မှ ကျောင်းထားဖို့ မိဘကို နားလည်အောင် ပြောပြပါ” ဟု ၎င်းကဆိုသည်။

ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြစေချင်

ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် နိုင်ငံတော် အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် တစ်ခုကို သဘောတူ လက်မှတ်ထိုးဖို့ ဘာလို့ ဒီလောက်တောင် အချိန်တွေ ကြန့်ကြာ နေရတာလဲ..၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး လုပ်နေကျတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကြားမှာ ညှိလို့မရတဲ့ ဆူးညှောင့်ခလုတ် အဖြစ် ရှိနေတာတွေက ဘယ်အရာတွေလဲ..၊ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ ကြားထဲကနေ တိုက်ပွဲတွေ ဘာကြောင့် ဖြစ်နေတာလဲ….၊ ဆွေးနွေးပွဲနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို မလိုလားတာကြောင့်လား…၊ “ဘယ်သူသေသေ ငတေမာရင်ပြီးရော’’ ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ ရှိနေတာလား ဆိုတာတော့ စဉ်းစားစရာ တစ်ခု ဖြစ်လာခဲ့ပါပြီ။ငြိမ်းချမ်းရေး မယူသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို မေးကြည့်ချင်ပါတယ်..၊ သူတို့ လက်နက်ကိုင် တိုက်ခိုက် နေတာဟာ လူမျိုး ကောင်းစားဖို့လား လက်နက်ကိုင် တော်လှန်နေတဲ့ လူနည်းစု တစ်ခု အကျိုးအတွက်လား လို့ မေးချင်ပါတယ်။ လွယ်လွယ်လေးပဲ တွေးကြည့်ရအောင် လူမျိုးတစ်ခုလုံး ကောင်းစားဖို့ဆိုရင် ဒီလူမျိုးတွေ ဒုက္ခရောက်အောင်၊ နေအိမ်တွေ၊ ရပ်ရွာတွေ၊ စွန့်ခွာ ထွက်ပြေး ရလောက်အောင် ဖန်တီးမှာ မဟုတ်ဘူး လို့တော့ ထင်တယ်။ တစ်ချို့ကတော့ပြောပါတယ် ဒီလိုတွေ ဖြစ်နေရတာ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်..၊ တပ်မတော် ဆိုတာ ပြည်သူတွေထဲက ပေါက်ဖွားလာတာပါ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်၊ တပ်မတော်က တိုက်ပွဲတွေကို ဆင်နွဲနေတယ် ဆိုတာ လူမျိုးကို မုန်းလို့တိုက်နေတာ မဟုတ်ပါဘူး တပ်မတော်မှာ ဘယ်တိုင်းရင်သား ဘယ်လူမျိုးကတော့ ငါတို့ရဲ့ အမြဲတမ်း ရန်သူဖြစ်တယ်ဆိုပြိး သတ်မှတ် ထားတာမရှိပါဘူး ၊ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက် စော်ကားလာမယ် ဆိုရင် မည်သူမဆို တပ်မတော်ရဲ့ ရန်သူဖြစ်သွား နိုင်ပါတယ်၊ အဲဒီလို ဖြစ်လာခဲ့ရင်လည်း ဘယ်တိုင်းရင်းသားကိုမဆို အမြစ်ပြတ် ချေမှုန်း တိုက်ခိုက်ဖို့ စွမ်းရည်တွေ ၊ သတ္တိတွေ ရှိတယ်ဆိုတာတော့ သိစေချင်ပါတယ်။ 

ပရဟိတလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ ပေါ်ပင်ဖြစ်ချင်လို့ မဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့ နန်းခင်ဇေယျာ


Photo: ပရဟိတလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ ပေါ်ပင်ဖြစ်ချင်လို့ မဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့ နန်းခင်ဇေယျာ

မေလ (၈)ရက်၊ ၂၀၁၄ခုနှစ်

နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်တဲ့ နန်းခင်ဇေယျာက ပရဟိတလုပ်ငန်းတွေကို ပုံမှန်လုပ်ဖြစ်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ ခုလို ပရဟိတလုပ်ဖြစ်ပုံ
အကြောင်းတွေကို သူမကို မေးဖြစ်တဲ့အခါ ‘အနုပညာရှင်တွေ ပရဟိတ လုပ်တာကို တချို့က အောင်မြင်ချင်လို့ထင်ကြတယ်။ အမှန်က အနုပညာရှင်တွေ ပရဟိတလုပ်ရင် ပြည်သူတွေက သိတယ်။
ပြည်သူတွေကလဲ ဥပမာ ရန်ကုန်မှာရှိတဲ့ မရမ်းချောင်းမှာဆို တီဗီရောဂါ
သည်တွေရှိတယ်။ အဲဒီမှာကိုယ်က သွားလိုက်တယ်။ သြော် ဒီနေရာမှာ ဒီလိုမျိုးလူတွေရှိပါလားဆိုတာ ပရိသတ်က သိသွားတယ်။ အဲဒီမှာပရိသတ်က သိသွားပြီးတော့ အဲဒီကို သွားလှူကြတယ်။ အနုပညာရှင်တွေပရဟိတလုပ်မှ ပိုသိကြတယ်။ တစ်ခါတလေ ပြည်သူတွေ သိတာမျိုးလဲ ရှိပါတယ်။
မသိတဲ့နေရာတွေလဲ ရှိတယ်ပေါ့နော်။ အဲဒီလိုအခါမျိုးကျရင် အနုပညာရှင်တွေ ပြောမှ ပရိသတ် သိတာမျိုးလဲ ရှိတယ်လေ။ ညီမတို့ပရဟိတ လုပ်တယ်ဆိုတာ ပေါ်ပင်ဖြစ်ချင်လို့မဟုတ်ဘူး။ ပေါ်ပင် လုပ်ချင်တဲ့သူတွေကတော့ တစ်လ နှစ်လထက် ပိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ညီမတို့ပရဟိတ လုပ်တယ်ဆိုတာ ပရဟိကို တကယ် လုပ်ချင်စိတ်ရှိလို့ လုပ်တာပါ။ ဒါပေမဲ့ လုပ်တဲ့ ချိန်မှာလဲ တကယ်ပေးဆပ်ပြီး လုပ်တာလား ။ မလုပ်တာလားဆိုတာ သိနိုင်ပါတယ်။ အခုလိုပရဟိတ လုပ်နေရတဲ့တွက်လဲ အရမ်းကို ကျေနပ်မိပါတယ်။
တချို့ဆို မိဘမဲ့လေးတွေရှိတယ်။ မိထွေးနဲ့နေရပြီးတော့ စိတ် မပျော်ရွှင်ရတဲ့ ကလေးတွေအတွက် စိတ်ထွက်ပေါက်အနေနဲ့ အားပေးစကားက အလွန်ကို လိုအပ်ပါတယ်။ အဲဒီအခါကျရင် သူတို့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုတွေရလာအောင် အားပေးစကားပြောရတဲ့ခါ ကိုယ်ကိုတိုင်လဲ ပျော်ရွှင်မိတယ်။ ဒါတွေက ဘယ်အရာနဲ့မှလဲ မလဲနိုင်ဘူး။’လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar
နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်တဲ့ နန်းခင်ဇေယျာက ပရဟိတလုပ်ငန်းတွေကို ပုံမှန်လုပ်ဖြစ်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ ခုလို ပရဟိတလုပ်ဖြစ်ပုံအကြောင်းတွေကို သူမကို မေးဖြစ်တဲ့အခါ ‘အနုပညာရှင်တွေ ပရဟိတ လုပ်တာကို တချို့က အောင်မြင်ချင်လို့ထင်ကြတယ်။ အမှန်က အနုပညာရှင်တွေ ပရဟိတလုပ်ရင် ပြည်သူတွေက သိတယ်။
ပြည်သူတွေကလဲ ဥပမာ ရန်ကုန်မှာရှိတဲ့ မရမ်းချောင်းမှာဆို တီဗီရောဂါ
သည်တွေရှိတယ်။ အဲဒီမှာကိုယ်က သွားလိုက်တယ်။ သြော် ဒီနေရာမှာ ဒီလိုမျိုးလူတွေရှိပါလားဆိုတာ ပရိသတ်က သိသွားတယ်။ အဲဒီမှာပရိသတ်က သိသွားပြီးတော့ အဲဒီကို သွားလှူကြတယ်။ အနုပညာရှင်တွေပရဟိတလုပ်မှ ပိုသိကြတယ်။ တစ်ခါတလေ ပြည်သူတွေ သိတာမျိုးလဲ ရှိပါတယ်။

မြန်မာ့စာတိုက်လုပ်ငန်း အဆင့်မြှင့်ခြင်း ကူညီရန် ဂျပန်ပညာရှင်များ ယခုလအတွင်း လာရောက်မည်

မြန်မာ့စာတိုက်လုပ်ငန်း နည်းပညာနှင့် နည်းစနစ်များ အကူအညီ ပေးနိုင်ရန် ဂျပန်စာတိုက် လုပ်ငန်းမှ ကျွမ်းကျင် ပညာရှင်များ မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လက်အောက်ရှိ စာတိုက်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့် နည်းစနစ် အကူအညီပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ဂျပန် ဆက်သွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး Mr. Yoshitaka Shindo တို့ ဧပြီလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံ၏ စာပို့နှင့် ချောပို့စနစ်ကို ပိုမိုခေတ်မီ၍ ရိုးရှင်း လွယ်ကူသော ဂျပန်ပုံစံ စာတိုက်နှင့် ချောပို့စနစ်သို့ စနစ်တကျနှင့် အလျင်အမြန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ပြီး လိုအပ်သည့် ထောက်ပံ့မှုများပေးမည် ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာထားသည်။

ငြိမ်းချမ်းရေးကို အောင်မြင်အောင် တကယ်လုပ်မယ်ဆိုရင်…

လွတ်လပ်ရေးရပြီးကတည်းက ဖြစ်နေကြရတဲ့ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲတွေဟာ အခုဆိုရင်နှစ်ပေါင်း(၆၅)နှစ်ကျေ
ာ်ခဲ့ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအုပ်ချုပ်ခဲ့တဲ့အစိုးရမင်း အဆက်ဆက်က အဲဒီလက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေးရရှိဖို့လုပ်ဆောင်ခဲ့ကြပါတယ်။ အောင်မြင်တာတွေရှိခဲ့သလိုမအောင် မြင်တာတွေလဲရှိခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးနေ၀င်းအုပ်ချုပ်ခဲ့တုန်းကလည်း ဒီပြဿနာကိုပြေလည်အောင်ဆိုပြီး အမျိုးအမည်ကွဲပြားနေတဲ့လက်နက်ကိုင်တွေကို တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ဆောင်ခဲ့တာတွေ့ရ ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ကချင်သေနတ်ကိုင်တပ်ရင်း၊ချင်းသေနတ်ကိုင်တပ်ရင်း ရှမ်းသေနတ်ကိုင်တပ်ရင်းဆိုတဲ့အမည်တွေနဲ့ဖွဲ့စည်းပေးခဲ့ပါတယ်။
ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပပျောက်မသွားခဲ့ပါဘူး။ ပြည်နယ်နဲ့တိုင်းတွေမှာသူတို့ရဲ့ လူမျိုးတွေကို အကြီးအကဲခေါင်းဆောင်တွေခန့်ပြီးအုပ်ချုပ်စေခဲ့ပါတယ်။ကချင်မှာဆိုကချင်၊ရှမ်းမှာဆို ရှမ်း ချင်းမှာဆိုချင်း၊မွန်မှာဆိုမွန်လူမျိုးခေါင်းဆောင်တွေခန့်ထားပေးခဲ့ပေမယ့် လက်နက်ကိုင်ဆောင်မှုတွေ ဆိတ်သုဉ်းမသွားခဲ့ပါဘူး။


တောင်ကိုရီးယားတွင် ပြီးခဲ့တဲ့လက နစ်မြုပ်သွားတဲ့သင်္ဘောကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ယင်း သင်္ဘောကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သူ Kim Han-sik ကို အစိုးရရှေ့နေတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ

တောင်ကိုရီးယားတွင် ပြီးခဲ့တဲ့လက နစ်မြုပ်သွားတဲ့သင်္ဘောကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ယင်း သင်္ဘောကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သူ Kim Han-sik ကို အစိုးရရှေ့နေတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။သူဟာ လူသေမှု နဲ့ ရေကြောင်းဆိုင်ရာ ဥပဒေ ဖောက်ဖျက်မှုတွေ နဲ့ တရားစွဲအရေးယူမှုတွေကို ရင်ဆိုင်ရမှာပါ။
သင်္ဘောဟာ ကုန်ပစ္စည်းတွေ မတန်တဆ တင်ထားခဲ့တဲ့အတွက် သင်္ဘောမှောက်ရတာ ဖြစ်တယ် လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြပါတယ်။ ထိုနေ့က သင်္ဘောမှာ တင်ဆောင်ခွင့်ရှိတဲ့ ပမာဏထက် သုံးဆပိုမိုတင်ဆောင်ထားတယ် လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဒီဝမ်းနည်းဖွယ်ကောင်းတဲ့ ဆိုးရွားတဲ့ဖြစ်စဉ်ဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံး အနှံ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အစိုးရရဲ့ ဥပဒေအရ အရေးယူ တုံ့ပြန်မှုတွေ အပေါ်မှာ ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ Incheon ကနေ Jeju island ကို အသွားမှာ လူပေါင်း ၄၇၆ ဦးကို သယ်ဆောင်လာခဲ့တဲ့ သင်္ဘောမှောက်ခဲ့ရတာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှ လူပေါင်း ၁၇၂ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်လူတွေဟာ နစ်မြုပ်သွားတဲ့ သင်္ဘောအထဲမှာ ပိတ်မိနေခဲ့ပါတယ်။ သင်္ဘောမှာပါတဲ့သူအများစု ဟာ ကျောင်းသူကျောင်းသားတွေ ဖြစ်နေခဲ့ပါတယ်။
BBC Burmese

ရိုဟင်ဂျာဟု ဖြေဆို သည့် ဘင်္ဂါလီများကို လူမျိုး အမည်မမေးဘဲ သန်းခေါင်စာရင်း ဆက်လက် ကောက်ခံ သွားမည်ဟု ဝန်ကြီး ဦးခင်ရီပြော

ရန်ကုန်၊ မေ ၇- ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုတွင် ကောက်ယူရန် ကျန် ရှိသော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဟု ဖြေ ဆိုနေသည့် ဘင်္ဂါလီများကို လူမျိုးအမည်မ မေးဘဲ သန်း ခေါင် စာရင်း ကို ဆက်လက် ကောက်ယူသွား မည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူ ရေးကော်မတီ၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြော သည်။
အဆိုပါ အကြောင်းအရာကို မေ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်သည့် သန်းခေါင်စာရင်း ကောက်ယူုမှုဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ပြည် ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။
''ရိုဟင်ဂျာနဲ့ပတ်သက်ပြီး အစိုးရရပ် တည် ချက်ကိုတော့ ပြင်ဖို့မရှိပါဘူး။ ပြောရ မှာခက်ရင် ဘင်္ဂါလီလို့လဲမပြောနဲ့၊ ရိုဟင်ဂျာ လို့လဲ မပြောနဲ့။ လူမျိုးမေးခွန်းကိုမဖြေတဲ့ နည်းနဲ့ကြိုတင်ကြေညာပြီး ကောက်ပေး ဖို့ရှိ ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောခြင်းဖြစ်သည်။

ဘာသာမဲ့ ကသည်းလူမျိုး ရွာလုံးကျွတ် ဗုဒ္ဓသာဘာသို့ ဝင်ရောက်


မင်းအောင်ခိုင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၇)
ရန်ကုန်၊ အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတွင် ကသည်းလူမျိုးများ ရွာလုံး ကျွတ် ဗုဒ္ဓဘာသာထဲသို့ ဝင်ရောက်ခဲ့ ကြောင်း မောင်တောမြို့အရေးပေါ်နာ ရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
အဆိုပါ ကသည်းလူမျိုးများသည် မောင်တောမြို့၏မြောက်ဘက်ပိုင်း ငါး ရံ့ချောင်းကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး ယင်းကျေးရွာတွင် လူဦးရေ ၃၃၇ ဦးရှိကြောင်း၊ ယင်းတို့သည် မေ ၆ ရက်တွင် ရွာလုံးကျွတ်ဗုဒ္ဓဘာသာထဲ သို့ ဝင်ရောက်ခဲ့ကြောင်း၊ ရဟန်း ၁၈ ပါးကိုလည်း တစ်ခါတည်းခံယူခဲ့ကြောင်း သိရသည်။ ''သူတို့က ဘင်္ဂလားနယ်စပ်ဘက် က ဝင်လာကြတာ။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က ခေါ်ပြီးတော့ ရွာတည်ပြီး တော့ထားခဲ့တာ သူတို့က ဘာမှမကိုး ကွယ်ဘူး'' ဟု ဦးစိုးဝင်းကပြောသည်။ကသည်းလူမျိုးများသည် ဟိုးယ ခင်ရခိုင်ဘုရင်လက်ထက်၌ လေးသည် တော်များအဖြစ်ဖြင့် အမှုတော်ထမ်း ဖူးခဲ့ကြောင်း၊ သူတို့၏မူလဇာတိဖြစ် သည့် အာသံမဏိပူရမှ ဆင်းသက်လာ သည့် အိန္ဒိယမျိုးနွယ်ဝင်လူမျိုးတစ်မျိုး ဖြစ်ကြောင်း၊ မြောက်ဦးမြို့နယ်မဲဆန္ဒ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းလှိုင်က ဆိုသည်။

ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။ အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။မိုးကြိုးထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

Photo: ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး
Thursday, May 8, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။
မိုးကြိုးထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar MOI Webportal Myanmar

ယခုလ ၁၅ ရက်အတွင်း မိုးကြိုမုန်တိုင်း ဝင်ရောက်နိုင်

လွင်ပြင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၇)
ရန်ကုန်၊ ယခုလ ဒုတိယပတ်အတွင်း မိုးကြိုမုန်တိုင်းအန္တရာယ်သတိပြု ရန် မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။လာမည့်မေ ၇ ရက်မှ ၁၃ ရက်အ တွင်း ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းတွင် မုန်တိုင်းငယ်တစ်ကြိမ်ဖြစ် ပေါ်နိုင်ကြောင်းကို အမေရိကန် ပြည်ထောင်စုရှိ NOAA ( National Atmospheric Administration ) အဖွဲ့၏ IRI (Intenational Resarch Institute ) မှ ခန့် မှန်းထားသည်။
မုန်တိုင်းငယ်အဖြစ်နှင့် စတင် ဖြစ်ပေါ်လာမည့် အဆိုပါမုန်တိုင်း သည် တဖြည်းဖြည်းနှင့် အပူပိုင်းမုန် တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ အ ဆင့်အထိရောက်ရှိလာနိုင်သည်ဟု လည်း IRI က ဆိုထားသည်။
''စတင်ဖြစ်ပေါ်ရာဒေသ (Source region)ဟာ မုန်တိုင်းရဲ့ရွေ့ လျားမယ့်လမ်းကြောင်းနဲ့ အင်အား ကိုအဆုံးအဖြတ်ပေးသွားနိုင်ပါ တယ်။ အစဉ်အလာအားဖြင့် ဘင်္ဂလား ပင်လယ် အော်အရှေ့တောင်ပိုင်း (ကို ကိုးကျွန်းရဲ့ အနောက်ဘက် Preparis Island အနီးရေပြင်)မှာ အစ ပျိုးဖြစ်တဲ့ မုန်တိုင်းတွေဟာ မြန်မာ နိုင်ငံကိုဝင်ရောက်တတ်ပါတယ်''ဟု ဒေါက်တာထွန်းလွင်က သူ၏ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် အသိပေးထားသည်။

စာပို့ယာဉ်တန်းဖြတ်သန်းရန် လမ်းကြောင်းလုံခြုံရေးယူပေးနေသော နယ်မြေခံတပ်အား TNLA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ လားရှိုး-သိန်းနီ-ကွမ်းလုံ-လောက်ကိုင် ကားလမ်းအား စာပို့ယာဉ်တန်း ဖြတ်သန်းရန်အတွက် လမ်းကြောင်းလုံခြုံရေးယူပေးနေသော နယ်မြေခံတပ်အား မေ(၇)ရက် နံနက် ၁၁ နာရီခန့် တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံ တပ်မှ အရာရှိတစ်ဦးထံမှ သိရသည်။အဆိုပါဖြစ်စဉ်မှာ စာပို့ယာဉ်တန်းသွားရောက်ရန်အတွက် နယ်မြေခံတပ်မှ လားရှိုး-သိန်းနီ-ကွမ်းလုံ-လောက်ကိုင် ကားလမ်း၌ လမ်းလုံခြုံရေးဆောင်ရွက်နေစဉ် TNLA အဖွဲ့မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း၊ နံနက် ၁၁ နာရီခွဲခန့်တွင် TNLA အဖွဲ့မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း လမ်းလုံခြုံရေးဆောင်ရွက် ပေးခဲ့သော အရာရှိတစ်ဦးက ပြောကြားသွားသည်။တပ်မတော်ဘက်မှ ယာဉ်တန်းအစီး(၄၀)ခန့်သည် လားရှိုး-သိန်းနီ-ကွမ်းလုံ ကားလမ်းအတိုင်း တက်လာရာ မနေ့က မနက် ၁၁ နာရီခန့်တွင် TNLA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကား(၂)စီး ထိမှန်ကာ မီးလောင် ပျက်စီးသွားခဲ့သည် ဟူသော သတင်းနှင့်ပတ်သက်၍လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးမှ မဟုတ်မှန်ကြောင်း ငြင်းဆိုသွားခဲ့သည်။
“ယာဉ်တန်းကို အပစ်ခံရလို့ ကား(၂)စီး မီးလောင်ပျက်စီးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး၊ ပြီးတော့ အေးရှားဝေါ ဂိတ်အနီးမှာ TNLA နဲ့ တပ်မတော်စစ်ကြောင်း တိုက်ပွဲဖြစ်လို့ တပ်မတော်ဘက်က (၃)ဦးကျတယ်ဆိုတာလည်း မရှိပါဘူး၊ လမ်းကင်းယူနေတဲ့အဖွဲ့ကို TNLA က ချောင်းပြီး တိုက်တာတော့ရှိတယ်၊ ဒါပေမယ့် ထိခိုက်ဒဏ်ရာ ရတာတွေ မရှိပါဘူး ” ဟု ယင်းအရာရှိကြီးမှ ပြောကြားသွားခဲ့ပါသည်။
Credit To:မိုင်းအိုက်ပီး

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြည်ပရောက် ရခိုင်နှစ်ပါတီ ပူးပေါင်းကော်မတီဖွဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ များတွင် ပိုမိုပူးပေါင်း ပါဝင်နိုင်စေရန် ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီ (DPA) နှင့် ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) တို့ အမျိုးသား ရင်ကြားစေ့ရေးနှင့် ညီညွတ်ရေး တည်ဆောက်ရေး ပူးတွဲကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ ပါတီနှစ်ခုမှ တာဝန်ရှိသူများက ပြောကြားသည်။
ပူးတွဲကော်မတီကို နှစ်ပါတီ ခေါင်းဆောင်များ သဘောတူညီချက်ဖြင့် ၂၀၁၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ ခြင်းကြောင်း DPA မှ ဒုတိယ ဥက္ကဋ္ဌ ဦးညီညီလွင်က ပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တစ်ဖွဲ့တည်း လုပ်ဆောင်ခြင်းထက် နှစ်ဖွဲ့ပေါင်း၍ တွေ့ဆုံခြင်းက ပိုမိုအားကောင်းသည်ဟု ယူဆကာ ယခုကဲ့သို့ ပူးတွဲကော်မတီ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အခြားရခိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“တူတာက တစ်ခုပဲရှိပါတယ်။ အဲ့ဒါ အမျိုးသား စည်းလုံးညီညွတ်ရေးပါ” ဟု NUPA မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်အေးချမ်းက ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။
အမျိုးသား ရင်ကြားစေ့ရေးနှင့် ညီညွတ်ရေး တည်ဆောက်ရေး ပူးတွဲကော်မတီ၏ ရုံးချုပ်ကို ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်နိုင်ရန် မြေနေရာကို နိုင်ငံတော် အစိုးရအဖွဲ့ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
The Voice Weekly

ကချင်ပြည်နယ် မန်စီနှင့် မိုးမောက်မြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်မည်မဟုတ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် မိုးမောက်မြို့နယ်များရှိ စာသင်ကျောင်းများကို ဒီနှစ်ကျောင်းဖွင့် ရာသီတွင်လည်း ပြန်လည်ဖွင့်လှစ်နိုင်မည်မဟုတ်ဟု ကချင်ပြည်နယ် ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထူးမြင့်က မဇ္ဈိမကို ပြောသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်KIAတို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် မန်စီမြို့ နယ်နှင့် မိုးမောက်မြို့နယ်ရှိ စာသင်ကျောင်းများကို ယခုနှစ်အပါအ၀င် သုံးနှစ်ဆက်တိုက် ပိတ်ထားရသည်။
“နယ်မြေငြိမ်းချမ်းပြီးKIA နဲ့ အစိုးရ ငြိမ်းချမ်းရေးရပြီဆိုရင်တော့ ကျောင်းတွေ ပြန်ဖွင့်နိုင်မှာပါ။ အဓိကငြိမ်း ချမ်းရေးမရ သေးလို့ ကျောင်းတွေပြန်မဖွင့်နိုင်သေးတာပဲ”ဟု ညွှန်ကြားရေးမှူး ဦးထူးမြင့်က မဇ္ဈိမကို ပြော သည်။
အချို့ကျေးရွာများတွင် နယ်မြေတည် ငြိမ်မှုများမရှိသည့်အတွက် မိသားစုလိုက်ရွာကို ပြန်မလာသောကြောင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် မဖြစ်နိုင်သေးဟုဆိုသည်။ ကချင်ပြည်နယ်တွင် စစ်ပွဲများကြောင့် ကျောင်း မတက်နိုင်သော ကျောင်းနေအရွယ်ကလေးငယ်များ ၄၀,၀၀၀ ခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ကလေးငယ်များကို စာသင်ပေးရာတွင်လည်း ကျောင်းသုံးသင်ထောက်ကူ ပစ္စည်းများ လိုအပ်နေသည်ဟု ၂၀၁၃ခုနှစ်၊ ဇွန်လ ၉ ရက် ကချင်စစ်ပွဲများ နှစ်နှစ် ပြည့်အခမ်းနားတွင် ကချင်ငြိမ်းချမ်း ရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။

မော်ဒယ်မြင့်ပြိုင်ကားများ အပါအဝင် ပိတ်ပင်ထားသော ယာဉ်အမျိုးအစားအချို့ ပြန်လည်တင်သွင်းခွင့် ပြုမပြု ဆွေးနွေးနေဟုဆို

တင်သွင်းရန် ပိတ်ပင်ထားသော မော်ဒယ်မြင့်ပြိုင်ကားများပါဝင်သည့် ယာဉ်အမျိုးအစား ၄၅ မျိုးထဲမှ အချို့အား ပြန်လည်တင်သွင်း ခွင့်ပြုမပြုကို ဌာနသုံးခုပေါင်းစပ်၍ စဉ်းစားနေကြောင်း မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးမင်းမင်း က ပြောသည်။
၂ဝ၁၂ ခုနှစ်မှစကာ ပြည်ပမှ မော်တော်ယာဉ်တင်သွင်း ခွင့် ကို ကော်မတီဖွဲ့ဆောင်ရွက်ခဲ့ပြီး ကား အမျိုးအစားမပိတ်ခဲ့မှုကို ၂ဝ၁၄ တွင် ကားအမျိုးအစား အချို့ကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ပြန်လည် တင် သွင်း ခွင့်ပေးရန်သင့်၊ မသင့်ကို အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ေ ဆာင်ရေးညွှန်ကြားမှုဦးစီးဌာန တို့နှင့် ကော်မတီက ဆွေးနွေးနေ ကြောင်း ၎င်းက ပြောသည်။ ကြိုတင်ကြေညာမှု မရှိဘဲ ရုတ်တရက် တင်သွင်းခွင့်ပိတ်လိုက်သည့်အတွက် မော်တော်ကားအရောင်း
ကိုယ်စား လှယ်အချို့နှင့် ပြိုင်ကား နှစ်သက်သူတို့အကြား ဂယက်ရိုက်ခဲ့သော ထိုကြေညာချက်ကို ဖြေလျှော့မှုပေးရန်အတွက်
ဟု ၎င်းထံမှ သိရ သည်။

ပြည်တွင်းငြိမ်းချမ်းရေးအား မျက်ကွယ်ပြု၍ ဖွဲ့စည်းပုံပြင်ဆင်ရန်သာ လုပ်ဆောင်ခြင်းမဟုတ်ဟု မင်းကိုနိုင်နှင့် ကိုကိုကြီးပြော


ရန်ကုန်၊ မေ ၇- ပြည်တွင်းငြိမ်းချမ်း ရေးအား မျက်ကွယ်ပြုပြီး ဖွဲ့စည်း ပုံ ပြင်ဆင်ရန်အတွက်သာ လုပ်ဆောင် ခြင်းမဟုတ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း)မှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီး တို့မှ ပြောသည်။
မေ ၇ ရက် ၈၈မျိုးဆက်(ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့မှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အတွက် ဆွေးနွေးမှုရလဒ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းတို့ မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံအတွင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများပြုလုပ်နေ သည့်အပြင် နိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များရှိနေသည့် အတွက် ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား မျက်ကွယ်ပြုပြီး ဖွဲ့စည်းပုံပြင် ဆင်ရန်တစ်ခုတည်းကိုသာ ပြောဆို မရဘဲ တစ်ပြိုင်တည်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းတို့က ပြော သည်။

KNU ဒုဥက္ကဋ္ဌ နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း

ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်ဟာ၊ ရန်ကုန်မြို့ ယုဒသန်ခန်းမမှာ ကရင်လူထုနဲ့ တွေ့ဆုံပွဲ လုပ်အပြီး၊ ဘီဘီစီကို သီးသန့်ပေးတဲ့ အင်တာဗျူးမှာ အခု ခရီးစဉ် အတွင်း၊ ပြည်တွင်း ကရင်လူထု လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အပေါ် သဘောထား ကို ပြောပြ ပါတယ်။
ကရင်လူထု ဘက် က စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားပေမဲ့၊ သူတို့ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေး မရမှာ ကို စိုးရိမ်ပူပန်ကြောင်း၊ KNU ကို ပေးတဲ့ အကြံဉာဏ် မှာလည်း တန်းတူ ရည်တူ ရှိတဲ့ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူ အခွင့်အရေး စတာတွေ ရရှိမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လို့ ဆိုနိုင်ပုံ ကို နော်စီဖိုးရာစိန် က ဘီဘီစီ ကို ပြောပါတယ်။
အပစ်အခတ် ရပ်ဆဲရေး လမ်းစဉ် သွားရာမှာလည်း၊ KNU အနေနဲ့ မြန်မာနိုင်ငံ ရဲ့ ပြဿနာ ဟာ၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး ကိစ္စ ဖြစ်လို့၊ ငြိမ်းချမ်းရေး သွားရာမှာ နိုင်ငံရေး နဲ့ ဖြေရှင်းဖို့ လိုကြောင်း၊ ဒါဟာ KNU ရဲ့ မူဝါဒ ဖြစ်တဲ့ အတွက်၊ သဘောထား ကွဲစရာ မရှိဘူး လို့ဆိုပါတယ်။
ကာကွယ်ရေးဉီးစီးချုပ် က ပြည်ထောင်စု တပ်မတော် အကြောင်း ပြောခဲ့တာ ရှိလို့၊ KNU ရဲ့ သဘောထား ကို မေးရာမှာတော့ စစ်တပ် ကိစ္စ၊ ကာကွယ်ရေး ကိစ္စ၊ လုံခြုံရေး ကိစ္စ စတာတွေ နဲ့ ပတ်သက်ရင်လည်း၊ နိုင်ငံတော် ကာကွယ်ရေး မှာ တိုင်းရင်းသားတွေ လည်း တာဝန်ရှိတဲ့ အတွက် တန်းတူရည်တူ ဖြစ်သင့်တဲ့ အကြောင်း၊ ဖယ်ဒရယ် ပြည်ထောင်စု စနစ် ကသာ စစ်မှန်တဲ့ အကြောင်း တွေ၊ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် က ဘီဘီစီ ကို ရှင်းပြပါတယ်။
BBC Burmese

မှတ်ပုံတင် တိုင်းရင်းဆေးဝါးများတွင် ဆင်တူဆေးပင်များ မှားယွင်း ထည့်သွင်းမှု အများဆုံးတွေ့ဟုဆို

တိုင်းရင်းဆေးပညာ ဦးစီးဌာနသို့ လာရောက် မှတ်ပုံတင်သည့် တိုင်းရင်းဆေးဝါးများအနက် အချို့သော တိုင်းရင်းဆေးဝါးများ၌ ဆေးညွှန်းတွင် ဖော်ပြမထားသည့် အခြားသော ပစ္စည်းများ ရောနှော ထုတ်လုပ်မှုနှင့် ဆင်တူသည့် ဆေးပင်များ မှားယွင်းထည့်သွင်းမှု အများဆုံး တွေ့ရှိနေကြောင်း မေလ ၆ ရက်နေ့က မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်တွင် ကျင်းပသည့် ပဉ္စမ အကြိမ်မြောက် တိုင်းရင်းဆေးပညာ စာတမ်းဖတ်ပွဲ၌ အဆိုပါဌာန ဓာတ်ခွဲခန်း သုတေသနအရာရှိ ဒေါ်ခင်စန်းလင်းက ပြောကြားသည်။

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များငြိမ်းချမ်းရေးပန်းခင်းသို့ ရောက်စေချင်


ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တိုက်ပွဲများနဲ့ပတ်သတ်ပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်ကာ ပြည်တွင်ငြိမ်းချမ်းရေးကြီးရအောင် ကြိုးစားနေသလို ငြိမ်းချမ်းရေးကို လိုလားနေသာ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှလည်း အစိုးရနဲ့အတူ ညှိနှိုင်းမှုများ၊ ဆွေးနွေးမှုများကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေကြပါသည်။ ထို့သို့ ကြိုးပမ်းနေသောအချိန်မှာလည်း အစိုးရတပ်တွေနဲ့ လက်မှတ်ထိုးထားချင်းမရှိသေးသော KIO/KIA တိုက်ပွဲများကလဲ အနည်းနဲ့အများ ဖြစ်ပွားလျက်ရှိပါတယ်။ ထိုသို့ ဖြစ်ပွားရခြင်းမှာလည်း တပ်မတော်မှ နယ်မြေလုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ သစ်မှောင်ခိုတာဆီးရေး လုပ်ငန်းများဆောင်ရွက်နေစဉ် KIA မှ တပ်များနဲ့ ရင်ဆိုင်တိုက်ပွဲလေးများ ဖြစ်ပွားခဲ့တာပါ။

မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကန်ဒေါ်လာသန်း ၁၀၀ ကုန်ကျမည်ဟုဆို

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ လေ့လာချက်များအရ အကောင်အထည် ဖော်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းကြောင်း အဆိုပါ မြို့ပြ ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ရေးအတွက် ဆောက်ရွက်မည့် ADB အဖွဲ့ခေါင်းဆောင် Dr. Gary MOYS က ပြောကြားသည်။
အဆိုပါ မြို့ပြစီမံကိန်း ကနဦး တွေ့ရှိချက် ရှင်းလင်းပွဲကို မေလ ၇ ရက်နေ့က မန္တလေးမြို့တော် စွမ်းဟိုတယ်တွင် ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ယင်းစီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် ADB က ချေးငွေဒေါ်လာ သန်းခြောက်ဆယ် ရရှိမည် ဖြစ်ပြီး ကျန်ချေးငွေများကို အစိုးရနှင့် အခြားအဖွဲ့အစည်းက အကူအညီဖြင့် ဆောင်ရွက်သင့်ကြောင်း ၎င်းကဆိုသည်။
မန္တလေးမြို့တော်တွင် မြေအောက် ရေသုံးစွဲမှု စာရင်းမရှိသော်လည်း ရေရှည် မသုံးစွဲသင့်ကြောင်း ရေပေးဝေရေး၊ ရေဆိုးသန့်စင်ရေးနှင့် ရေလွှမ်းမိုးမှုများ အတွက်လည်း အသုံးပြုရမည် ဖြစ်ကြောင်း ၎င်းကသုံးသပ် ပြောကြားသည်။

7Day News သူရဲကောင်းဆုချီးမြှင့်

ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကçနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။

မီဒီယာလွတ်လပ်ခွင့်နှင့် ဖမ်းဆီးထောင်ချ ခံထားရသည့် သတင်းထောက်များ ခြွင်းချက်မရှိ လွှတ်ပေးရေး မကွေးမြို့အတွင်း လှည့်လည်ဆန္ဒပြ

Photo: မီဒီယာလွတ်လပ်ခွင့်နှင့် ဖမ်းဆီးထောင်ချ ခံထားရသည့် သတင်းထောက်များ ခြွင်းချက်မရှိ လွှတ်ပေးရေး မကွေးမြို့အတွင်း လှည့်လည်ဆန္ဒပြ
Thursday, May 8, 2014

မီဒီယာလွတ်လပ်ခွင့်နှင့် ဖမ်းဆီးထောင်ချ ခံထားရသည့် သတင်းထောက်များ ခြွင်းချက်မရှိ လွှတ်ပေးရေး ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့် မရခဲ့သော်လည်း မေ ၇ ရက်က မကွေးမြို့တွင်းအနှံ့ လှည့်လည်ဆန္ဒပြခဲ့သူများအား မကွေးတိုင်းဒေသကြီး အစိုးရရုံးရှေ့လမ်းနှင့် တရားရုံးရှေ့လမ်းများသို့ ဖြတ်မလျှောက်ရန် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးခံခဲ့ရကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူများထံမှ သိရသည်။

မကွေးတိုင်းအတွင်း မြို့နယ်များမှ သတင်းထောက်များ မကွေးမြို့ပေါ်ရှိ နိုင်ငံရေးလူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ပြည်သူများအပါအ၀င် လူဦးရေ ၂၀၀ ကျော်ခန့် ပါဝင်ခဲ့သည့် ယင်းဆန္ဒပြပွဲအား စီတန်းလှည့်လည်မှု စတင်ထွက်ခွာရာ မကွေးမြို့ရွာသစ် ၁၅ လမ်းနှင့် နတ်မောက်လမ်းထိပ်တွင် တစ်ကြိမ်၊ မကွေးမြို့ မြို့မဈေးကြီးနှင့် ပြည်တော်သာလမ်းထောင့်တွင် တစ်ကြိမ် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးခံခဲ့ရပြီး ဆက်လက်ထွက်ခွာခွင့် ရခဲ့သော်လည်း မကွေးတိုင်းဒေသကြီး အစိုးရရုံးရှေ့လမ်းနှင့် တရားရုံးရှေ့လမ်းများသို့ ၀င်ရောက်ခွင့် မပြုခဲ့ကြောင်း သိရသည်။
ထိုသို့ ပိတ်ပင်ခံခဲ့ရမှုကြောင့် ဆန္ဒပြသူများမှာ မကွေးမြို့ ဆားစည်ရပ်ကွက်အတွင်း လမ်းကြားများမှတစ်ဆင့် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘတို့အား တရားစွဲဆိုခဲ့သည့် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့သို့ သွားရောက်ခဲ့ကြောင်း အဆိုပါရုံးရှေ့နှင့် မကွေးတိုင်းဒေသကြီး အစိုးရရုံးရှေ့ အ၀င်လမ်းဆုံများတွင် ဆန္ဒပြသူများက အချက် ၁၀ ချက်ပါသည့် ကြေညာချက်များအား ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် “မီဒီယာလွတ်လပ်ခွင့် ချက်ချင်းပေး၊ ဖမ်းဆီးထောင်ချထားသော သတင်းထောက်များအားလုံး ချက်ချင်းလွှတ်” ဟု ကြွေးကြော်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်အား ကာကွယ်သည့် သင်္ကေတပါ ပန်းချီပုံများကိုလည်း ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းချီကားနှင့် ဒီဇိုင်းပုံများ ရေးဆွဲပေးခဲ့သည့် မကွေးမြို့မှ ပန်းချီဆရာ ဦးမျိုးညွန့်က “အများပြည်သူတွေရဲ့ နားမျက်စိကို ဖွင့်ပေးနေတဲ့ မီဒီယာတွေကို ခုလိုဖမ်းဆီး ထောင်ချနေတာဟာ ပြည်သူတွေကို အမှောင်ချတာနဲ့ အတူတူပါပဲ။ အဓိကတော့ မကွေးတိုင်းထဲမှာ မီဒီယာမှ မဟုတ်ဘူး။ အခြားကိစ္စတွေမှာလည်း လွတ်လပ်ခွင့် မရှိသေးဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ လွတ်လပ်ပိုင်ခွင့်အတွက် သတင်းသမားတွေက သေ နတ်ပြောင်းတွေ ပြည်သူဘက်မလှည့်အောင် ကာကွယ်ပေးနေတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပန်းချီကားတွေ ရေးခဲ့တာပါ” ဟု ပြောကြားသည်။
အဆိုပါ ဆန္ဒပြပွဲအား နံနက် ၉ နာရီမှ စတင်ခဲ့ပြီး နေ့လယ် ၁၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း မကွေးတိုင်းအတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့၌လည်း ခွင့်ပြုမိန့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မီဒီယာလွတ်လပ်ခွင့်အတွက် မေ ၁၈ ရက်တွင် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။

မကွေးမြို့ပေါ်ရှိ သတင်းထောက်များ နိုင်ငံရေးလူမှု အသင်းအဖွဲ့ဝင်များ မကွေးမြို့တွင်း လှည့်လည်ဆန္ဒပြစဉ်
Eleven Media Group မီဒီယာလွတ်လပ်ခွင့်နှင့် ဖမ်းဆီးထောင်ချ ခံထားရသည့် သတင်းထောက်များ ခြွင်းချက်မရှိ လွှတ်ပေးရေး ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့် မရခဲ့သော်လည်း မေ ၇ ရက်က မကွေးမြို့တွင်းအနှံ့ လှည့်လည်ဆန္ဒပြခဲ့သူများအား မကွေးတိုင်းဒေသကြီး အစိုးရရုံးရှေ့လမ်းနှင့် တရားရုံးရှေ့လမ်းများသို့ ဖြတ်မလျှောက်ရန် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးခံခဲ့ရကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူများထံမှ သိရသည်။

MEC Tel ဖုန်းများ အင်တာနက် နေ့ချင်းပြီး လျှောက်ထားနိုင်ဟုဆို

အကန့်အသတ် များစွာဖြင့် လစဉ် ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် MEC Tel CDMA 800 MHz ဖုန်းများကို နေ့ချင်းပြီး အင်တာနက် လျှောက်ထားခွင့် ပြုကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။အဆိုပါ ဝန်ဆောင်မှုကို ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် Mobile Care Cente ရှိ ရုံးချုပ် အခြေစိုက် အဝေးဆက်သွယ်ရေး စခန်းတွင် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လာရောက် လျှောက်ထားသူများ အနေနှင့် လျှောက်လွှာ အချက်အလက် ဖြည့်စွက် လျှောက်ထားပြီးပါက အင်တာနက်လိုင်း ဖွင့်ပေးကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။ ယခင်က MEC Tel CDMA 800MHz မိုဘိုင်းလ်ဖုန်း အင်တာနက် လျှောက်လွှာများကို ရန်ကုန်စာတိုက်ကြီးရှိ မိုဘိုင်းလ်ဖုန်း ကတ်ပျောက် လျှောက်ထားရသည့် မြန်မာ့ဆက်သွယ်ရေးရုံးတွင် လျှောက်ထား ခဲ့ရသော်လည်း ယခုအခါ ရုံးချုပ်အခြေစိုက် အဝေးဆက်သွယ်ရေးစခန်း မြေညီထပ်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် Mobile Care Center တွင်သာ လက်ခံ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန် ကြေညာသည်။

ရန်ကုန် မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း တိရစ္ဆာန် မွေးမြူခြင်း ကို မြို့နယ် ၁၄ မြို့နယ် ၌သာ ခွင့်ပြု

ရန်ကုန် မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း တိရစ္ဆာန် မွေးမြူခြင်း ကို မြို့နယ် ၁၄ မြို့နယ် ၌ သာ ခွင့်ပြု ထားကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၏ ထုတ်ပြန် ချက် အရ သိရ သည်။ ရန်ကုန် မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ အချို့သော မြို့နယ် ရပ်ကွက် များတွင် တိရစ္ဆာန် များ ကို စီးပွားရေး လုပ်ငန်း တစ်ခု အဖြစ် မွေးမြူရေး လုပ်ငန်း များကို လုပ်ကိုင် ဆောင် ရွက် နေကြကြောင်း၊ အဆိုပါ မွေးမြူရေး လုပ်ငန်း များမှ ထွက်ရှိ လာသော ဆူညံသံ များနှင့် အနံ့ ဆိုး များကြောင့် ပတ်ဝန်းကျင် ကို အနှောင့် အယှက် ဖြစ်စေ သည့် အပြင် ကျန်းမာရေး ကိုလည်း ထိခိုက်မှု ဖြစ်စေ ကြောင်း သိရ သည်။ထိုကြောင့် တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများ ကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်း ၌ မြို့နယ် ၃၃ မြို့နယ် ရှိသည့် အနက် မြို့နယ် ၁၄ မြို့နယ် ကိုသာ ခွင့်ပြု ပေးထား ကြောင်း၊ ထိုသို့ မွေးမြူခွင့် ပေးထား သည့် မြို့နယ် များ ၌ မွေးမြူ မည် ဆိုလျှင် အဆိုပါ မွေးမြူ ရေး လုပ်ငန်း များမှ ထွက်ရှိ လာသည့် ဆူညံ သံများ နှင့် အနံ့ အသက် များသည် ပတ်ဝန်း ကျင် ကို အနှောင့် အယှက် ဖြစ်၊ မဖြစ် ကိစ္စ များနှင့် ပတ်သက် ၍ ပတ်ဝန်း ကျင် နေထိုင် သူများ သဘော ထား ထောက်ခံ ချက်များ ရယူ ကာ မွေးမြူ ရေး လိုင်စင် တင်ပြ လျှောက်ထား ရမည် ဖြစ် သည်။

ပြန်ပေးဆွဲခံရသည့် ကျောင်းသူများကို ရှာဖွေရာတွင် စစ်တပ်မှ အခြေစိုက် စခန်းအဖြစ် အသုံးပြုသည့် ကျေးရွာအား တိုက်ခိုက်

ဘိုကိုဟာရမ် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့မှ ပြန်ပေးဆွဲခဲ့သော ကျောင်းသူ ၂၀၀ ကျော်ကို ကယ်ဆယ်ရေးအတွက် စစ်တပ်မှ ရှာဖွေရာတွင် အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် နိုင်ဂျီယားကျေးရွာအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည့် ၎င်းတိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၁၅၀ သေဆုံးခဲ့ပြီး အချို့သူများမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ ၎င်းတိုက်ခိုက်မှုကို ဘိုကိုဟာရမ်အဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နိုင်ဂျီးရီးယားအစိုးရ အနေဖြင့် ဒေသတွင်း အမြစ်တွယ်နေသည့်အကြမ်းဖက်အဖွဲ့များအား ရှင်းလင်းနိုင်မှု ရှိ၊မရှိ သံသယများ ပေါ်ပေါက်လာစေခဲ့သည်။ပြန်ပေးဆွဲခံခဲ့ရသော ကျောင်းသူများအား ကယ်ဆယ်ရာတွင် ပါဝင်ကူညီရန် အမေရိကန်၊ ဗြိတိသျှနှင့် တရုတ်တို့မှ ကမ်းလှမ်းလာမှုကို သမ္မတဂွဒ်လက်ဂျိုနသန်မှ လက်ခံပြီးနောက်တွင် ၎င်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။နိုင်ငံတကာမှ နိုင်ဂျီးရီးယား ကျောင်းသူများ ပြန်ပေးဆွဲခံခဲ့ရမှုကို ကူညီရန်အတွက်သာ စိတ်ပါဝင်စားခဲ့သော်လည်း ယခုတိုက်ခိုက်မှုကြောင့် အစိုးရနှင့်ဘိုကိုဟာရမ်အဖွဲ့၏ တိုက်ခိုက်မှုများ အပေါ်တွင် မည်ကဲ့သို့ သဘောထားရှိလာမည်ကို မသိရှိရသေးပေ။ကျေးရွာအတွင်း အခြေစိုက်နေသည့် စစ်တပ်အဖွဲ့များမှ Chad နိုင်ငံအနီး နယ်ခြားမျဉ်းတွင် ဘိုကိုဟာရမ်အဖွဲ့မှ ပြန်ပေးဆွဲသွားသည့် ကျောင်းသူများအား တွေ့ရှိခဲ့ရသည့် သတင်းကြောင့် လိုက်လံရှာဖွေခဲ့သော အချိန်တွင် ရွာအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်
၎င်းသတင်းမှ သတင်းအမှားဖြစ်ကြောင်း သိရှိခဲ့ရသည်။

သစ်ခိုးမှုများ စစ်တပ်ဖြင့်ပါ ဖမ်းဆီးနေရ

တရုတ်နိုင်ငံသို့ ထွက်နိုင်သော လမ်းကြောင်းများရှိရာ တိုင်းနှင့်ပြည် နယ်လေးခုတွင် သစ်ခိုးထုတ်မှုများပြား လာသည့်အတွက် သစ်တောဦးစီးဌာနက ရဲတပ်ရင်းများနှင့် စစ်တပ် အကူအညီများရယူကာ ဖမ်းဆီးအရေး ယူဆောင်ရွက်နေရသည်ဟု မြန်မာနိုင်ငံ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဝင်းက ပြော သည်။သစ်ခိုးထုတ်မှုများ အများဆုံးဖမ်းဆီးရမိသော ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန်္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အတွင်းမှ ကျွန်းနှင့် သစ်မာအမျိုးစားများဖြစ်သော တမလန်းသစ်များ တစ်ဖက်နိုင်ငံသို့ခိုး ထုတ်ရောင်းချမှုများကို တွေ့ရှိရ၍ ရွှေလီ တောင်ဘက်ခြမ်းတွင် စစ်ကြောင်းဖြင့် ဖမ်းဆီးအရေးယူမှု များပြုလုပ်နေသည်ဟု ဆိုသည်။“ဒီနှစ်အတွင်း သစ်တန်ချိန်ဘယ်လောက်ဖမ်းဆီးရမိတယ်ဆိုတာကတော့ စာရင်းပြန်ကြည့်မှသိရမယ်။ တန်ဖိုးကြီး သစ်ဖြစ်တဲ့ ကျွန်းနဲ့ အခုခေတ်စားနေတဲ့ တမလန်းသစ်ခိုးထုတ် တာတွေအများဆုံး ဖမ်းဆီးမိပါ တယ်” ဟု ညွှန်ကြားရေးမှုးချုပ်က ဆိုသည်။

မူဆယ်၌ SSA တပ်ဖွဲ့ဝင်ဟု ယူဆရသူများနှင့် မူးယစ်တပ်ဖွဲ့စု(၂၂)တို့ ပစ်ခတ်မှုဖြစ်ပွား

Photo: မူဆယ်၌ SSA တပ်ဖွဲ့ဝင်ဟု ယူဆရသူများနှင့် မူးယစ်တပ်ဖွဲ့စု(၂၂)တို့ ပစ်ခတ်မှုဖြစ်ပွား
Thursday, May 8, 2014

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်
တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက်
 နံနက်(၁၀)နာရီခန့်က တက္ကနိုင် - တီးမ -
နန့်အွမ် - မူဆယ် လမ်းကြောင်း၌ ပူးပေါင်း

စစ်ဆေးရေးအဖွဲ့နှင့် လက်နက်ကိုင် နှစ်ဦးတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်နှင့် ကျည်ဆံများ အပါအ၀င် အဆိုပါ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တက္ကနိုင် - တီးမ - နန့်အွမ် - မူဆယ် လမ်းကြောင်း၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့စုမှူး ရဲမှူး တီခေါင်လွမ်း၏ လမ်းညွှန်ချက်ဖြင့် ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီးအဖွဲ့တို့သည် မသင်္ကာဖွယ်ရှိသည့် ယာဉ်သွား ယာဉ်လာများကို စစ်ဆေးမှုများ ဆောင်ရွက်နေကြစဉ် နေ့လည် (၁၁)နာရီခန့်၌ တောလမ်းမှ ၀င်ရောက်လာသော Pajero အမျိုးအစား အစိမ်းရောင်ကားတစ်စီးအား မသင်္ကာ၍ စစ်ဆေးမှုပြုလုပ်ရန်အတွက် ရပ်တန့်ခိုင်းစဉ်မှာ ယာဉ်ပေါ်ရှိ လူတစ်ဦးမှ သေနတ်ဖြင့် ပစ်မည်ပြုခဲ့ရာ ရဲတပ်ကြပ်မျိုးပိုင် နှင့် ရဲတပ်ကြပ် သန့်ဇင်တို့မှ ၀င်ရောက်၍ လုံးထွေးဖမ်းဆီးစဉ် ရဲတပ်ကြပ် မျိုးပိုင်၏ ၀ဲဘက် ရင်ဘတ်တွင် သေနတ်ဒဏ်ရာ (၁)ချက် ရရှိခဲ့သည်။

ယင်းနောက် တားဆီးမရ၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါ သေနတ်သမားသည် ညာဘက်လက်ပြင်တွင် ရရှိထားသော ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားသော်လည်း

၎င်းနှင့်အတူ ပါလာသည့် စိုင်းပူးဝါ နှင့် အိုက်ထွန်းတို့အား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် မော်တော်ယာဉ်အတွင်း ရှာဖွေရာ ကာလတန်ဖိုးငွေ ကျပ် (၁၂)သိန်းကျော်တန်ဖိုးရှိ ဘိန်းဆီခဲ (၂၅၆.၃)ဂရမ် နှင့် M-22 သေနတ်(၂)လက်နှင့် ၎င်းကျည် (၁၁၅)တောင့်၊ ကျည်အိမ်(၆)ခု၊ အစိမ်းရောင် တိုက်မိုင်း(၁)လုံးအပြင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော SSA ကျားခေါင်း ဘက် တံဆိပ်ပါသည့် ယူနီဖောင်းတစ်စုံ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်၌ ၀င်ရောက် လုံးထွေးဖမ်းဆီးကြသည့် ရဲတပ်ကြပ် (၂)ဦးအနက် သေနတ်ဒဏ်ရာရရှိသူ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ ရဲတပ်ကြပ် မျိုးပိုင်သည် အခင်းဖြစ်ပွားရာ နေရာမှ မိုင်(၃၀)ခန့် ကွာဝေးသည့် မူဆယ်ပြည်သူ့ဆေးရုံသို့ အရောက်တွင် နေ့လည်(၁၂)နာရီခန့်၌ ကွယ်လွန်သွားကြောင်း သိရသည်။

ဆက်လက်၍ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံအား ဖမ်းဆီးရမိရေးအတွက် မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းမင်းဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့စုမှူး ရဲမှူး တီခေါင်လွမ်းမှ နယ်မြေခံတပ်များနှင့် ပူးပေါင်းရှာဖွေ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိထားသော တရားခံ(၂)ဦးအား မူဆယ်မြို့မရဲစခန်းမှ မယ(ပ)၄၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

သတင်း။       ။ ကိုဇောင်း
တာချီလိတ်
shwemyanmarmediagroup 
 ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက်
နံနက်(၁၀)နာရီခန့်က တက္ကနိုင် - တီးမ -နန့်အွမ် - မူဆယ် လမ်းကြောင်း၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့နှင့် လက်နက်ကိုင် နှစ်ဦးတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်နှင့် ကျည်ဆံများ အပါအ၀င် အဆိုပါ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ တက္ကနိုင် - တီးမ - နန့်အွမ် - မူဆယ် လမ်းကြောင်း၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့စုမှူး ရဲမှူး တီခေါင်လွမ်း၏ လမ်းညွှန်ချက်ဖြင့် ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီးအဖွဲ့တို့သည် မသင်္ကာဖွယ်ရှိသည့် ယာဉ်သွား ယာဉ်လာများကို စစ်ဆေးမှုများ ဆောင်ရွက်နေကြစဉ် နေ့လည် (၁၁)နာရီခန့်၌ တောလမ်းမှ ၀င်ရောက်လာသော Pajero အမျိုးအစား အစိမ်းရောင်ကားတစ်စီးအား မသင်္ကာ၍ စစ်ဆေးမှုပြုလုပ်ရန်အတွက် ရပ်တန့်ခိုင်းစဉ်မှာ ယာဉ်ပေါ်ရှိ လူတစ်ဦးမှ သေနတ်ဖြင့် ပစ်မည်ပြုခဲ့ရာ ရဲတပ်ကြပ်မျိုးပိုင် နှင့် ရဲတပ်ကြပ် သန့်ဇင်တို့မှ ၀င်ရောက်၍ လုံးထွေးဖမ်းဆီးစဉ် ရဲတပ်ကြပ် မျိုးပိုင်၏ ၀ဲဘက် ရင်ဘတ်တွင် သေနတ်ဒဏ်ရာ (၁)ချက် ရရှိခဲ့သည်။

လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားသည့် ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အလောင်းကို ပဲပုပ်ခင်းတွင် ပြန်တွေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ဧပြီလ ၁၉ ရက်နေ့ညက ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်သို့ ရုပ်ဖျက်ထားသည့် သေနတ်ကိုင်အဖွဲ့ တစ်ဖွဲ့မှ လာရောက်ဖမ်းဆီးမှု ခံခဲ့ရသည့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်၏ အလောင်းကို အဖမ်းခံရပြီး ၁၇ ရက်အကြာ မေလ ၆ ရက် နေ့လယ်ပိုင်းက ရွာအနောက်တောင်ဘက်ရှိ ပဲပုပ်ခင်းတစ်ခုတွင် တွေ့ရှိခဲ့ကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။“ရွာနားမှာ ပုပ်ပွနေပြီ။ ရုပ်ပျက်နေလို့ ဦးတင်အောင် မိသားစုကို အတည်ပြုခိုင်းရတယ်။ သေချာလို့ အမှုဖွင့်ပြီး ရဲလုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး ဒုရဲအုပ် သိန်းဝင်းက ဆိုသည်။ ဖာချယ်ကျေးရွာ အနောက်တောင်ဘက်ရှိ စိုင်းမိုင်းလွယ်သည် ပဲပုပ်ခင်းသို့ မေလ ၆ ရက် နံနက် ၁၁ နာရီခန့်က သွားရောက်စဉ် အပုပ်နံ့ရသဖြင့် ရှာဖွေကြည့်ရာမှ ဦးတင်အောင်၏ အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်

Thursday, May 8, 2014
Photo: သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်
Thursday, May 8, 2014

 သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, ဦးခင်ရီ
ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကွင်းဆင်းနေသော ဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ရွှေတံခါးမှူး / Facebook)

 
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူရန် ၂ လ ထပ်မံ တိုးချဲ့ထားပြီး ကချင်ပြည်နယ်တွင် ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်တွင် ခရိုင် ၅ ခုအနက် ခရိုင် ၃ ခုတို့ စာရင်းကောက်ယူရန် ကျန်သေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေလ ၇ ရက်နေ့က ကျင်းပသည့် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စာရင်းပေါက်တာ ၁၆၀၄ ရွာ ရှိပါတယ်။ အဲဒီထဲက ကျေးရွာ အုပ်စုပေါင်း ၂၅ အုပ်စုက ကျေးရွာ ၉၇ ရွာမှာ လုံခြုံရေး အခြေအနေအရ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပါဘူး” ဟု ကချင်ပြည်နယ်နှင့် ပတ်သက်၍ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံမှု အခြေအနေနှင့် ပတ်သက်၍လည်း ၀န်ကြီး ဦးခင်ရီက “တနိုင်ငံလုံးမှာ ဘင်္ဂါလီဦးရေက အရင်က ကောက်ခံထားတဲ့ စာရင်းအရ ၁. ၃၃ မီလီယံ ရှိပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ နေထိုင်တဲ့ ဘင်္ဂါလီက ၃ သိန်းကျော် ရှိတယ်။ အဲဒီ ၃ သိန်းကျော်လုံးကို ကောက်လို့ ရပါတယ်။ ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခု ရှိပါတယ်။ ခရိုင် ၂ ခုက ဘင်္ဂါလီတွေက သန်းခေါင်စာရင်း အကောက်ခံပါတယ်။ ခရိုင် ၃ ခုပဲ ကျန်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ၂ သောင်းကျော်လောက် ထပ်မံ ကောက်ခံရရှိပြီးပါပြီ” ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နယ်မြေလုံခြုံမှု မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ခံမှုကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဧပြီလ ၁၀ ရက် နောက်ဆုံး သတ်မှတ်ရက်အပြင် နောက်ထပ် ၂ လခန့် နောက်ဆုတ်ထားကြောင်း သိရှိရသည်။

ထပ်တိုးထားသည့် ၂ လအတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တတ်နိုင်သမျှ ကောက်ခံသွားရန် စီစဉ်ထားပြီး အားလုံး ကောက်ခံ၍ မရခဲ့လျှင် ခန့်မှန်းလူဦးရေစာရင်းဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်လျှင် ကချင်နှင့် ရခိုင်ပြည်နယ်မှ စာရင်းအရေအတွက်သည် ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံထားသည့် တနိုင်ငံလုံးရှိ လူဦးရေစာရင်း အရေအတွက်များကို လာမည့် သြဂုတ်လ အတွင်း မြို့နယ်အဆင့်ရှိ လူဦးရေ စာရင်းအထိ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ
ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကွင်းဆင်းနေသော ဝန်ကြီး ဦးခင်ရီ
 ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူရန် ၂ လ ထပ်မံ တိုးချဲ့ထားပြီး ကချင်ပြည်နယ်တွင် ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်တွင် ခရိုင် ၅ ခုအနက် ခရိုင် ၃ ခုတို့ စာရင်းကောက်ယူရန် ကျန်သေးကြောင်း သိရသည်။

ဟင်းတစ်တုံး ပေါ်လစီနှင့် လူညှက်မျိုးဆက်

ဂျပန်ငပုဟု မြန်မာတို့က နှိမ့်ချလှောင်ပြောင်ခေါ်ဝေါ်ခဲ့ကြသည့် ဂျပန်လူမျိုးတို့ကို ယခုအခါ ငပုဟု ခေါ်၍မရတော့ပေ။ ဂျပန်လူမျိုးတို့သည် ငပုဘ၀မှနေ လူကောင်ကြီးထွားသည့် လူမျိုးအဖြစ် မျိုးဆက်သစ်တို့ကို စနစ်တကျ မွေးထုတ်လာခဲ့ပြီး သူတို့ကို လှောင်ပြောင်ခဲ့ဖူးသည့် မြန်မာလူမျိုးတို့မှာ လူကောင်ညှက်သည့် လူညှက်မျိုးဆက်များ ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အာဟာရချို့တဲ့မှုနှင့် အစားအသောက်ပုံစံ စနစ်မကျမှု တို့ကြောင့်ဖြစ်သည်။ မိဘတို့က မိမိရင်သွေးကို အာဟာရပြည့်အောင် ကျွေးမွေးသည့်ပုံစံမှားယွင်းခဲ့ခြင်း၊ အာဟာရဖြစ်အောင် မကျွေးမွေးနိုင်ခဲ့ ကြခြင်းတို့ကြောင့် မျိုးဆက်အသီးသီးအလိုက်လူကောင်ညှက်သည့် လူမျိုးအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိ လာခဲ့ခြင်းကလည်း အဓိကအကြောင်းတစ်ရပ်ပင်။မြန်မာနိုင်ငံတွင် ကလေးငယ် အယောက်တစ်ရာလျှင် ၃၅ ယောက်က အာဟာရချို့တဲ့သည့်ဒဏ်ကို ခံစားနေကြရပါသည်။ ထိုအရေအတွက်တွင် ရှစ်ရာ ခိုင်နှုန်းသော ကလေးများက အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ မြန်မာနိုင်ငံ လူမျိုးများသည် အာဟာရချို့တဲ့မှုကြောင့် လူကောင်သေးညှက်လာကြပြီး အရှေ့တောင်အာရှတွင် ကမ္ဘောဒီး ယား၊ တီမောပြီးလျှင် မြန်မာက တတိယနေရာသို့ ရောက်နေသည်။

တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် လူငယ်တစ်စု လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို ခဲဖြင့်ပေါက်

မန္တလေးမြို့တော်အတွင်း ညပိုင်းအချိန်တွင် လူငယ်အချို့ အုပ်စုဖြင့် တုတ်၊ ဓားများကိုင်ကာရမ်းကား သည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေပြီး မေလ ၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် မန္တလေးခရိုင် ချမ်းအေးသာ စံမြို့နယ် ၃၃ လမ်း၊ ၇၃ x ၇၄ လမ်းကြားတွင် ညအချိန်တာဝန်ကျ လုံခြုံရေးရဲတပ်သား နှစ်ဦး ကို အော် ဟစ်ရန်စကာခဲများဖြင့်ပစ်ပေါက်ထွက်ပြေးသွားကြောင်း မန္တလေးမြို့ အမှတ်(၈) မြို့မရဲတပ်ဖွဲ့စခန်း တာဝန် ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် နှစ်ရက်ခန့်ကလည်း ယင်းသို့ ရန်စနေပြီး မေလ ၆ ရက်နေ့ နံနက် ၁ နာရီခန့်က ရဲတပ်သားနှစ်ဦးကို ၁၅ ဦးခန့်ပါသည့် လူငယ်အုပ်စုတစ်စုက ခဲများဖြင့် ပစ်ပေါက်ကြောင်း၊ယင်းဖြစ်သည့်နေရာသို့အခြားရဲတပ်ဖွဲ့ဝင်များထပ်မံရောက်ရှိလာချိန်တွင် ယင်းလူငယ်များ မရှိတော့ သဖြင့် တရားခံများကို စုံစမ်းလျက်ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။

ငွေကျပ် (၁၈၄၂)သိန်းခန့် တန်ဖိုးရှိ လက်ဝတ်ရတနာများနှင့် ငွေများ ခိုးယူခံရသည့်အမှုအား ဖော်ထုတ် ဖမ်းဆီးရမိ

 
၂၆.၃.၂၀၁၄ရက်နေ့ ၂၄၀၀အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေရတနာကုန်သည် ဒေါ်နွယ်နွယ်ဦး သည် နေအိမ်အပေါ်ထပ်တွင် ရတနာပစ္စည်းများကိုစစ်ဆေးပြီး ခရီးဆောင်အိတ် (၂)လုံး အတွင်းထည့်၍ အိပ်ယာဘေးတွင်ထားကာ ညအိပ်ခဲ့ကြောင်း၊ ၂၇.၃.၂၀၁၄ရက်နေ့ ၀၅၀၀အချိန်ခန့်တွင် အိပ်ယာမှနိုးစဉ် ၎င်းခရီးဆောင်အိတ်(၂)လုံးမှာ ပျောက်ဆုံးနေသဖြင့်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ မီးဖိုခန်းအတွင်း၌ ရတနာပစ္စည်းအချို့အား ပြန့်ကျဲနေသည်ကိုတွေ့ရပြီး စိန်၊ ရွှေ လက်ဝတ်ရတနာပစ္စည်း မျိုးစုံ တန်ဖိုးငွေ ကျပ်(၁၈၄၂)သိန်းခန့်နှင့် ငွေကျပ်(၃၅)သိန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၈၇၇)သိန်းခန့် တို့မှာ ပျောက် ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ခိုးယူသူကိုအရေးယူပေးရန်တိုင်တန်းချက်အရ စမ်းချောင်း မြို့မရဲစခန်း (ပ)၁၄၇/၂၀၁၄၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီး ခိုးမှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများကြောင့် သေဆုံးခဲ့သူများအတွက် ရည်စူး၍ သဲပုံစေတီ တည်ဆောက်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများကြောင့် သေဆုံးခဲ့သူများအတွက် ရည်စူး၍ သဲပုံစေတီ တည်ဆောက်
Thursday, May 8, 2014

 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသွားခဲ့သည့်သူများအတွက် ရည်စူး၍ သဲပုံစေတီတည်ဆောက်ခြင်းကို မေ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင် ၁၁၆ ၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သဲပုံစေတီတည်ဆောက်မှုကို ဖြူး မြို့နယ်၊ နတ်ရေကန် ဆရာတော်ဦးကေဘဏက ကြီးမှူး၍ ဖြူးမြို့နယ်ရှိ နာရေးကူညီမှုအသင်းများ ပူးပေါင်းကာ မကျွတ်မလွတ်သေးသူများအတွက် ရည်စူးကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးတော့ ခုလိုလုပ်တာ နှစ်ကြိမ်ရှိပြီ။ အရင်တုန်းကတော့ ဖြူးမြို့နယ်ထဲမှာရှိတဲ့ အရှေ့သုဿာန်မှာပဲ ကျွတ်လွတ်ပွဲပြုလုပ်ခဲ့တာ။ ဒီနှစ်တော့ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေများနေတဲ့ အမြန်လမ်းမပေါ်မှာ အမျှပေးဝေချင်တဲ့ စိတ်တွေဖြစ်ပေါ်လာလို့ ခုလိုလုပ်ဖြစ်တာ။ ၁၀ ရက် ညကျရင်တော့ မကျွတ်မလွှတ်သေးသူတွေအတွက် ဒါနပြုပွဲ ပြုလုပ်သွားမယ်”ဟု နတ်ရေကန် ဆရာတော်ဦးကေဘဏက မိန့်ကြားသည်။

ထိုသို့ သဲပုံစေတီတည်ဆောက်ပြီးနောက် မေ ၈ ရက်နှင့် ၉ ရက်တို့တွင် အမြန်လမ်းမကြီးတစ်လျှောက်  အသံချဲ့စက်ယာဉ်ဖြင့် မကျွတ်မလွတ်သေးသူများအားလုံးကို မေ  ၁၀ ရက် ညတွင် ပြုလုပ်မည့် အကျွတ်အလွတ် ဒါနပြုအမျှဝေပွဲသို့ လာရောက်ကြရန် လိုက်လံဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“၁၀ ရက် ည ၁၀ နာရီမှာ အမြန်လမ်းမကြီးတစ်လျှောက် မကျွတ်မလွတ်သေးသူတွေအတွက် အကျွတ်အလွတ် ဒါနပြုအမျှဝေပွဲ ပြုလုပ်သွားမယ်။ နောက်နေ့ မနက်ပိုင်းမှာတော့ အမျှဝေမှုတွေ ပြုလုပ်သွားမယ်”ဟု သဲပုံစေတီ တည်ဆောက်ရာ၌ လာရောက်ကူညီသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ယာဉ်တိုက်မှု ၂၃ မှုဖြစ်ပွားခဲ့ပြီး ၁၁ ဦးသေဆုံးကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလအတွင်း ယာဉ်တိုက်မှု ၄၀ ဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လတွင် ၄၄ မှု ဖြစ်ပွားခဲ့ပြီး ကိုးဦးသေဆုံးခဲ့ကာ ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီ လ(၁ ရက်မှ ၂၂ ရက်အထိ) ယာဉ်တိုက်မှု ၄၈ မှု ဖြစ်ပွားခဲ့ပြီး ၂၉ ဦးသေဆုံးခဲ့ကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။   

အမြန်လမ်းမကြီးပေါ်တွင် သဲပုံစေတီ တည်ဆောက်ပြီးနောက် ထီးတင်နေသည်ကို မေ ၇ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)

Eleven Media Group
အမြန်လမ်းမကြီးပေါ်တွင် သဲပုံစေတီ တည်ဆောက်ပြီးနောက် ထီးတင်နေသည်ကို မေ ၇ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသွားခဲ့သည့်သူများအ တွက် ရည်စူး၍ သဲပုံစေတီတည်ဆောက်ခြင်းကို မေ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင် ၁၁၆ ၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သဲပုံစေတီတည်ဆောက်မှုကို ဖြူး မြို့နယ်၊ နတ်ရေကန် ဆရာတော်ဦးကေဘဏက ကြီးမှူး၍ ဖြူးမြို့နယ်ရှိ နာရေးကူညီမှုအသင်းများ ပူးပေါင်းကာ မကျွတ်မလွတ်သေးသူများအတွက် ရည်စူးကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်္ဂလာပစ္စည်း ကြွေးကျန်မရလို့ ကိုယ်ဝန်ဆောင် ဇနီးကို မီးနဲ့ရှို့သူ

Photo: မင်္ဂလာပစ္စည်း ကြွေးကျန်မရလို့ ကိုယ်ဝန်ဆောင် ဇနီးကို မီးနဲ့ရှို့သူ
Thursday, May 8, 2014

ကျွဲရိုင်းတစ်ကောင်နဲ့ မော်တော်ဆိုင်ကယ် အပါ
အ၀င် မိန်းကလေးရှင်ဘက်မှ မင်္ဂလာပစ္စည်း
အဖြစ် ပေးရန်ကျန်သည့် အရာများ မပေးနိုင်တဲ့
အတွက် ခုနှစ်လအရွယ် ကိုယ်ဝန်ဆောင်သည် 

Nepalese (အမေရိကန်ရောက် နီပေါ) မိခင်တစ်ဦးကို သူမရဲ့ ခင်ပွန်းက မီးရှို့ခဲ့ပါတယ်။

အသက် ၂၅နှစ်ရှိပြီ ဖြစ်တဲ့ Rihana Shekh Dhafali ဟာ သူမရဲ့ ခင်ပွန်း Fraid Sheikh က သူမကိုယ်ပေါ်ကို လောင်စာဆီတွေ လောင်းချပြီး မီးရှို့ခဲ့တဲ့အတွက် သူမလွယ်ထားတဲ့ ကိုယ်ဝန်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် သူမရဲ့ မွေးအင်္ဂါကိုလည်း စီးကရက်မီးနဲ့ ရှို့ခဲ့တဲ့အတွက် သူမ ကလေးမွေးဖွားလို့ မရတော့ဘူးလို့ ပြောခဲ့ပါသေးတယ်။ သူမဟာ သူမရဲ့ခင်ပွန်းနဲ့အတူ အိန္ဒိယနိုင်ငံ မီရပါမှာ နေထိုင်သူဖြစ်ပြီး သူမကိုတော့ ခင်ပွန်းရဲ့ မိသားစုဝင် တစ်ဦးက ဆေးရုံလိုက်ပို့ပေးခဲ့ပြီး သူမကိုယ်သူမ မီးရှို့တယ်လို့ ပြောဆိုခိုင်းကြောင်း ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းမှ ပြောဆိုပါတယ်။

သူမရဲ့ ထိခိုက်ဒဏ်ရာများကို သိသိခြင်း ဖခင်ဖြစ်သူ Mohammad Samim Shekh Dhapali ဟာ အိန္ဒိယကို လိုက်လာခဲ့ပြီး သမီးဖြစ်သူကို သူတို့နေထိုင်ရာ နီပေါကို ပြန်ခေါ်ခဲ့ပါတယ်။ နီပေါရောက်တဲ့ အခါမှာတော့ သမီးဖြစ်သူက သူမရဲ့ ကြောက်စရာကောင်းလှတဲ့ အဖြစ်ဆိုးကို အမှန်အတိုင်း ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။

ဖခင်ဖြစ်သူက လူ့အခွင့်အရေး အဖွဲ့အစည်းများကို သမီးဖြစ်သူရဲ့ အကြောင်းအရာများကို တိုင်ကြားထားပါတယ်။ သူမကို ခင်ပွန်းရဲ့ မိသားစုက လက်တွေကို နောက်ပြန်ကြိုးနဲ့ ချည်ထားပြီး ခန္ဓာကိုယ်ပေါ်ကို လောင်စာဆီတွေ လောင်းချခဲ့ပြီး မီးရှို့ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

သူမရဲ့ ခင်ပွန်းဟာ သူမကို မင်္ဂလာပစ္စည်းအဖြစ် ကျွဲရိုင်းနဲ့ ဆိုင်ကယ် ယူမလာတဲ့အတွက် အမြဲ အပြစ်တင် ပြောဆိုကြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ သူမဟာ ဆေးကုသနေဆဲ ဖြစ်ပြီး အဆိုပါ မီးရှို့ခံရမှုဟာ လွန်ခဲတဲ့ တစ်လလောက်က ဖြစ်ပျက်ခဲ့တယ် လို့ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး သူမရဲ့ ခင်ပွန်းနဲ့ သူ့အသိုင်းအ၀ိုင်းကတော့ ခြေရာပျောက်နေတဲ့အတွက် ရှာဖွေနေတယ်လို့ သိရပါတယ်။

World-Myanmar News ကျွဲရိုင်းတစ်ကောင်နဲ့ မော်တော်ဆိုင်ကယ်အပါအ၀င် မိန်းကလေးရှင်ဘက်မှ မင်္ဂလာပစ္စည်းအဖြစ် ပေးရန် ကျန်သည့်အရာများမပေးနိုင်တဲ့အတွက် ခုနှစ်လအရွယ် ကိုယ်ဝန်ဆောင်သည် Nepalese (အမေရိ ကန်ရောက် နီပေါ) မိခင်တစ်ဦးကို သူမရဲ့ ခင်ပွန်းက မီးရှို့ခဲ့ပါတယ်။

ရော်နယ်ဒင်ဟို၊ ကာကာ နှင့် ကော်တင်ဟိုတို့ ချန်လပ်ထားခံရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်း၏ ၂၃ ယောက်လူစာရင်းထွက်ရှိ


Photo: ရော်နယ်ဒင်ဟို၊ ကာကာ နှင့် ကော်တင်ဟိုတို့ ချန်လပ်ထားခံရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်း၏
၂၃ ယောက်လူစာရင်းထွက်ရှိ
Thursday, May 8, 2014

နည်းပြစကိုလာရီ၏ ဘရာဇီးလက်ရွေးစင်အသင်းတွင် အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမား (၆)ဦးပါဝင်ပြီးတော့ ကော်တင်ဟို၊ ကာကာ၊ ရော်နယ်ဒင်ဟို နှင့် ရော်ဘင်ဟိုတို့တော့ မပါဝင်လာတော့ပါဘူး။ ချယ်ဆီးစတား ကစားသမားများဖြစ်တဲ့ ရာမီးရက်၊ ၀ီလီယံ၊ လူးဝစ် နှင့် အော်စကာတို့ပါဝင်ခဲ့သလို ဖာနန်ဒင်ဟို နှင့် ပေါ်လင်ဟို တို့လည်းပါဝင်လာပါတယ်။ ဘရာဇီးအသင်းသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့်အခိုက်မှာ ကမ္ဘာ့ဖလားအား ခြောက်ကြိမ်မြောက်အဖြစ် ရယူနိုင်ရေး မျှော်လင့်ချက် ထားရှိလျှက်ရှိပြီး ပြိုင်ပွဲအတွင်းမှာ ဘာစီလိုနာ တိုက်စစ်မှုး နေးမား၏ စွမ်းဆောင်ရည်များကို မြင်တွေ့ရဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။ အသင်းခေါင်းဆောင်အဖြစ် PSG အသင်းမှာ ကစားနေသည့် နောက်ခံလူ သီအာဂို ဆေးဗားမှ တာဝန်ယူမည်ဟု သိရသည်။ နည်းပြစကိုလာရီသည် ဘရာဇီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က ဂျပန် နှင့် ကိုရီးယားတွင် ကျင်းပခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားကို ရယူပေးခဲ့ပြီး ပြီးခဲ့သည့် နှစ်က ကွန်ဖရက်ဒေးရှင်းဖလားပြိုင်ပွဲတွင် ဥရုဂွေး၊ စပိန် နှင့် အီတလီအသင်းများကို အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကို ပူပူနွေးနွေးရယူပေးထားပြန်သည်။ ပြိုင်ပွဲမတိုင်ခင်မှာ ပနားမား နှင့် ဆာဘီးယားအသင်းတို့ဖြင့် ခြေစမ်းကစားမည်ဖြစ်ပြီး၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက်မှာ အုပ်စုတွင်း ပြိုင်ဘက်များဖြစ်တဲ့ မက္ကဆီကို နှင့် ကင်မရွန်းအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ဘရာဇီး လူစာရင်း။ ။
ဂိုး။ ။ ဂျုလီယို ဆီဆာ (Toronto FC)၊ ဂျက်ဖာဆန် (Botafogo)၊ ဗစ်တာ (Gremio)
နောက်တန်း။ ဒါနီရယ် အဲလ်ဗက် (Barcelona)၊ မိုင်ကွန် (Internazionale)၊မာဆယ်လို (Real Madrid)၊ မက်ဝဲလ် (PSG)၊ ဒေးဗစ် လူးဝစ် (Chelsea)၊ သီအာဂို ဆေးလ်ဗား (PSG)၊ ဒန်တဲ (Bayern Munich)၊ ဟီနရီကွေး (Napoli)။ 
အလယ်တန်း ။ ။ ပေါ်လင်ဟို (Tottenham)၊ ရာမီးရက် (Chelsea)၊ ဖာနန်ဒင်ဟို (Manchester city)၊ အော်စကာ (Chelsea)၊ ၀ီလီယံ (Chelsea)၊ လူးဝစ် ဂူစတာဗို (Wolfsburg)၊ ဟာနနီ (Internazionale)၊ ဘာနာဒ် (Shakhtar Donetsk)
ရှေ့ တန်း။ ။ ဖရက်ဒ် (Fluminense)၊ နေမား (Barcelona)၊ ဟော့ခ် (Zenit St Petersburg)၊ ဂျို (Atlético Mineiro)

Football Café နည်းပြစကိုလာရီ၏ ဘရာဇီးလက်ရွေးစင်အသင်းတွင် အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမား (၆)ဦးပါဝင်ပြီးတော့ ကော်တင်ဟို၊ ကာကာ၊ ရော်နယ်ဒင်ဟို နှင့် ရော်ဘင်ဟိုတို့တော့ မပါဝင်လာတော့ပါဘူး။ ချယ်ဆီးစတား ကစားသမားများဖြစ်တဲ့ ရာမီးရက်၊ ၀ီလီယံ၊ လူးဝစ် နှင့် အော်စကာတို့ပါဝင်ခဲ့သလို ဖာနန်ဒင်ဟို နှင့် ပေါ်လင်ဟို တို့လည်းပါဝင်လာပါတယ်။

ကမ္ဘာ့အရပ်အရှည်ဆုံး သတို့သမီး

ကမ္ဘာ့ အရပ်အရှည်ဆုံး သတို့သမီးက ဘရာဇီးနိုင်ငံက ဆယ်ကျော်သက်မလေး Elisany ဖြစ်ပါတယ်။
သူဟာ အရပ် ၆ ပေ ၈ လက်မရှိပြီး သူနဲ့ လက်ထပ်မယ့် သတို့သားဟာ အရပ် ၅ ပေ ၄လက်ပဲရှိပါတယ်။
တကယ်တော့ ဒီဆယ်ကျော်သက်မိန်းကလေးဟာ မြန်မာနိုင်ငံက ကိုဝင်းဇော်ဦးခံစားနေရတဲ့ ခန္ဒာကိုယ် ပုံမှန်ထက် ကြီးထွားမှုများတဲ့ Gigantism ကို ခံစားနေရသူဖြစ်ပါတယ်။