ယာဉ်ရောင်း ဝယ်ရေးစခန်းများတွင် ညသိပ်ကား များ လက်မခံခြင်းကြောင့် တစ်နိုင် တစ်ပိုင် ဝယ်ရောင်းလုပ်ငန်းရှင်များ အနေဖြင့် ယင်းတို့ လက်ဝယ်တွင်ရှိ သော ကားများကို လျှော့ဈေးများဖြင့် ပြန်လည်ရောင်းချနေရကြောင်း ယင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။
လက်ရှိ သီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းနှင့် လှိုင်ယာဉ်ရောင်း ဝယ်စခန်းများတွင် ညသိပ်ယာဉ်များ ခွင့်မပြုတော့သည့်အတွက် အရောင်း အဝယ်လုပ်ကိုင်သူများအနေဖြင့် ညသိပ်ယာဉ်ထားရန် နေရာအခက် အခဲနှင့် ရင်ဆိုင်နေရပြီး စရိတ်မြင့် တက်မှုများကြောင့် ဈေးလျှော့ရောင်း ချရန် တချို့ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများက ဆောင်ရွက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှ ဦးဇော်လင်းက ''မနက်လာ၊ ညပြန် စနစ်ဆိုတော့ ကားအစီးများများကိုင် ထားတဲ့သူတွေက အခက်အခဲဖြစ် လာတဲ့အတွက် အခုလို ဈေးလျှော့ ရောင်းတာတွေ ဖြစ်လာတယ်။ အမြတ် ရဖို့ထက် အရင်းအတိုင်း မြန်မြန်ကုန်ဖို့ ကို ဦးတည်လာတယ်''ဟု ဆိုသည်။
Monday, August 25, 2014
စိတ်ဓါတ်တွေ ပြောင်းပစ်ကြဖို့ နမ်ဘီးယား တိုက်တွန်း
ရခိုင်ပြည်နယ်က လက်ရှိအခြေအနေကို ပြောင်းလဲဖို့ဆိုရင် နှစ်ဖက်လူ့အဖွဲ့အစည်းရဲ့ စိတ်ဓါတ်တွေကို ပြောင်းလဲပစ်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က ဒီနေ့ ပြောလိုက်ပါတယ်။
စစ်တွေမြို့နယ်က စက်ရုံစု ရခိုင်ဒုက္ခသည်စခန်းနဲ့ သက္ကယ်ပြင်၊ ခေါင်းဒုက္ကာ မွတ်စလင်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး စက်ရုံစု ရခိုင်ဒုက္ခသည်စခန်းမှာ Mr. Nambiar က"နှစ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့ ယုံကြည်မှု ပိုတည်ဆောက်ကြရမှာဖြစ်သလို သံသယတွေနည်းသွားပြီး အကြမ်းဖက်မှုတွေလည်း လျော့နည်းသွားဖို့ လိုအပ်ကြောင်း၊ အဲဒီလိုဖြစ်ဖို့အတွက် မလွယ်ကူဘူးဆိုတာကို မိမိတို့အနေနဲ့ သိရှိထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေဘက်က ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့် အခြေအနေပြောင်းလဲလာမယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်း" ပြောခဲ့ပါတယ်။
ထိုင်း ကလေးစက်ရုံအမှု အင်တာပို စတင်စုံစမ်းစစ်ဆေး
ထိုင်းနိုင်ငံမှ ''ကလေးစက်ရုံ''ဟု ခေါ်ဆိုသော အမှုကို နိုင်ငံ အသီးသီး၌ စတင်စုံစမ်း စစ်ဆေးလျက်ရှိပြီ ဖြစ်ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)က ပြောသည်။ ကလေးရာပေါင်းများစွာ၏ ဖခင်ဖြစ်လိုသူဟု စွပ်စွဲခြင်းခံရသည့် အငှားမွေးကလေး ၁၆ ယောက်ပိုင်သော အသက် ၂၄ နှစ်ရှိ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ အမှုဖြစ်သည်။
ဘရာဇီးတွင် အကျဉ်းထောင်တစ်ခု အုံကြွမှု ဖြစ်ပွားနေပြီး လူ(၄)ဦး သေဆုံး
ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် အကျဉ်းထောင် တစ်ခုအတွင်း အုံကြွ ဆူပူမှု ဖြစ်ပွားလျက်ရှိရာ အကျဉ်းသား လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ကက်စ်ကာဗဲလ် မြို့တွင် ဖြစ်ပွားသည့် ထောင်တွင်း အုံကြွမှုအတွင်း သေဆုံးသူ နှစ်ဦးသည် ခေါင်းဖြတ်ခံခဲ့ရခြင်းဟု သိရသည်။ နောက်ထပ်နှစ်ဦးမှာ အကျဉ်းထောင် အမိုးပေါ်မှ တွန်းချခံရ၍ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း အကျဉ်းသား အတော်များများ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
စက်တင်ဘာမှစ၍ ဓာတ်အားသုံးစွဲခ အွန်လိုင်းမှ ပေးဆောင်နိုင်တော့မည်
လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်ခြင်းကို ပြည်တွင်း ဘဏ်ငါးခုတွင် အကောင့်ဖွင့်၍ အွန်လိုင်းမှတစ်ဆင့် လာမည့်စက်တင်ဘာမှ စတင်၍ ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အွန်လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်သည့် ၀န်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ မြို့နယ် ၁၆ ခုတွင် စတင်ပေးဆောင်နိုင်မည်ဖြစ်သည်။
အဆိုပါဝန်ဆောင်မှုကို ရတနာပုံတယ်လီပို့နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး Easy Pay နှင့် ချိတ်ဆက်ထားသော ဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊ CB ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့တွင် အကောင့်ဖွင့်၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အီဘိုလာရောဂါ ကူးစက်မှု ဖြစ်ပွားနေကြောင်း ကွန်ဂိုအစိုးရ အတည်ပြု
ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ရောဂါ စတင်ကူးစက်နေပြီဟု ကွန်ဂိုအစိုးရက အတည်ပြု ကြေညာခဲ့သည်။
နာမကျန်း ဖြစ်နေသူ နှစ်ဦးကို စမ်းသပ်စစ်ဆေးပြီးနောက် ၎င်းတို့တွင် အီဘိုလာရောဂါ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီး ဖိလစ် နွမ်ဘီက ကြေညာသည်။ အီကွေတူရာ ဒေသတွင် အီဘိုလာကြောင့် ယူဆရသူ (၁၃)ဦးထိ သေဆုံးခဲ့ပြီး ယခုအခါတွင် အီဘိုလာ ပျံ့နှံ့နေပြီဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သစ်နှင့် မူးယစ်မှောင်ခို သင်္ဘောတစင်း မြန်မာ့တပ်မတော်ရေတပ်မှဖမ်းမိ
တနင်္သာရီတိုင်း ကော့သောင်းမြို့ရဲ့ အနောက်မြောက်ဘက် မြန်မာ့ပင်လယ်ပြင်မှာ ကျပ်သန်းပေါင်း ၁ သိန်း ၆ သောင်းကျော် တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားမဝင် သစ်တွေသယ်ဆောင်လာတဲ့ သင်္ဘောတစီးကို မြန်မာ့ရေတပ်က ဖမ်းဆီးလိုက်တယ် လို့ သိရပါတယ်။
ကာလတန်ကြေး ကျပ်သန်းပေါင်း ၁၆၆၉၅၀ တန်ဖိုးရှိ Ecstasy အမျိုးအစား မူးယစ်ဆေးပြား ၂.၃၈၅ သန်းနဲ့ တရားမဝင် သစ် တန် ချိန် ၉၀ ပါဝင်တဲ့ အဲဒီသင်္ဘောကို ကင်းလှည့်နေတဲ့ မြန်မာ့ရေတပ်က အခုလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်တယ် လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက ဧရာဝတီကို ပြောပါတယ်။
ဂျိုကိုဝီတော့ သမ္မတ ဖြစ်သွားပြီ
အင်ဒိုနီးရှား နိုင်ငံရဲ့ သမ္မတသစ် မစ္စတာ ဂျိုကိုဝီဒိုဒို (Joko Widodo) သို့မဟုတ် ဂျိုကိုဝီ (Jokowi) ဟာ အင်ဒိုနီးရှား နိုင်ငံရေး လောကရဲ့ မျက်နှာသစ် တဦးပါ။ သူဟာ နိုင်ငံရေးနယ်ပယ်ထဲက မဟုတ်ခဲ့သလို ဩဇာကြီးတဲ့ အင်ဒိုနီးရှားရဲ့ တပ်မတော်ရဲ့ ကျောထောက်နောက်ခံ ရှိခဲ့သူလည်း မဟုတ်ပါဘူး။အသက် ၅၃ နှစ်ပဲ ရှိသေးတဲ့ ဂျိုကိုဝီဟာ သူ့ရဲ့ Ready-made အပြုံးနဲ့ ဂျကာတာမြို့ထဲက လူတန်းစားမရွေးကို တွေ့တယ်။ အပယ်ခံ အနှိမ်ခံ လူနည်းစု လူမျိုးစုတွေကို ဖေးမတယ်။ သူဟာ ဂျကာတာ မြို့တော်ဝန် တာဝန်ကို ထမ်းဆောင်စဉ် တုန်းကလည်း မကြောက်မရွံ့ဘဲ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ခဲ့တယ်။ စာရေးတွေရဲ့ စားပွဲတွေ ပေါ်မှာ ကြန့်ကြာနေတဲ့ စီမံကိန်းတွေကို သူက လူချင်းတွေ့ပြီး ချက်ချင်း ဖြေရှင်း ဆောင်ရွက်ပေးတယ်။ဒါတွေကြောင့်လည်း အရင်က နိုင်ငံရေးသမား ဟောင်းတွေနဲ့ ကွဲထွက်နေပြီး အသစ်ကို မျှော်လင့်တောင့်တ နေတဲ့ အင်ဒိုနီးရှား ပြည်သူပြည်သားတွေ အကြား အချိန်တိုအတွင်း လူကြိုက်များ ရေးပန်းစား သွားခဲ့ပါတယ်။
မြနန်းစံကျော်ရဲ့ ရှေ့ရေး အလားအလာ
မန္တလေးနန်းတွင်းက မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအဝင် ပဲခူးနဲ့ ရွှေဘိုက နန်းတော်တွေကို ယဉ်ကျေးမှုဇုန် သတ်မှတ်ပြီး အပန်းဖြေ ဥယျာဉ်တွေ အဖြစ် ပြောင်းလဲမယ် တဲ့။တကယ်တော့ ပဲခူးမြို့က ကမ္ဘောဇသာဒီ နန်းတော်နဲ့ ရွှေဘိုမြို့က ရေဘုံရတနာ နန်းတော်တွေကို လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က အသစ်တဖန် သုတေသနပြုကာ ပြန်လည် တည်ဆောက်ခဲ့သလို၊ ပုဂံမှာလည်း နန်းတော်အသစ်နဲ့ပါ။
ဒီဘက်ခေတ် ရောက်မှ အသစ်အသစ် ပြန်လည် တည်ဆောက်တဲ့ တခြားသော နန်းတော်များနဲ့ မန္တလေးက မြနန်း စံကျော် ရွှေနန်းတော်ရဲ့ သဘော သဘာဝတွေဟာ အများကြီး ခြားနားပါတယ်။မန္တလေး နန်းတော်က မန္တလေး မြို့ပြ ဖွဲ့စည်းမှုနဲ့ အတူ တပါတည်း တပြေးညီ တည်ရှိခဲ့တာပါ။ နောက်မှ စိတ်ကူးနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးကြောင့်နဲ့ သဘာဝ ဘေးဒဏ်တွေကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ပေမယ့် အခြေခံ ပန္နက်များ၊ အခင်းအကျင်းများ ဖွဲ့စည်းတည်ရှိပုံများက နဂိုမူလအတိုင်း တည်ရှိခဲ့တာပါ။

အမျိုးသားပညာရေးဥပဒေကြမ်းကို သမ္မတသဘောမတူ၊ မှတ်ချက် ၂၅ ချက်ပေး
အမျိုးသားပညာရေးဥပ ဒေကြမ်းတွင် ပါဝင်သည့်စနစ် တစ်ခုလုံးသည် နောက်၁၃နှစ်ကြာ မှသာအားလုံးအကောင်အထည် ဖော်နိုင်မည်ဟု နိုင်ငံတော်သမ္မတ က မှတ်ချက်ပြုခဲ့ကြောင်းသတင်း ရရှိသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသောအမျိုးသားပ ညာရေးဥပဒေကြမ်းကိုနိုင်ငံတော် သမ္မတကသဘောတူလက်ခံခြင်း မရှိဘဲ ပြန်လည်ပြင်ဆင်ရန်ပြည် ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ထားသည့် သဘောထား မှတ်ချက် ၂၅ချက်တွင်အဆိုပါအ ချက်တစ်ချက်ပါဝင်ခဲ့ခြင်းဖြစ် သည်။
ကျောင်းဝင်ခွင့် ပြဿ နာရှိခဲ့သော ရန်ကင်းတီတီစီ ကျောင်းအုပ်ဆရာမကြီးကို ဘားအံသို့ပြောင်းရွှေ့မိန်းထုတ်ပြန်
ကျောင်းဝင်ခွင့်လက်ခံမှု ပြဿ နာဖြစ်ပေါ်ခဲ့သော ရန်ကင်း မြို့နယ်ရှိ စံပြလေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း၊ တီတီစီ) ကျောင်းအုပ်ဆရာမကြီးကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ပညာရေးကောလိပ်သို့ ပြောင်းရွှေ့လိုက်သည်။
အဆိုပါကျောင်းတွင် မိသားစုအလိုက် တက်ရောက်ခဲ့သော အမျိုးသမီးတစ်ဦးက ၎င်း၏သမီးကို ကျောင်းအပ်နှံရာတွင် ဝန်ကြီးလက်မှတ်မပါ၍ ငြင်းပယ်ခံခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ပညာရေးဝန်ကြီးဌာနက မေလအတွင်းက စစ်ဆေးခဲ့သည်။
ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော အဖွဲ့က ယင်းကိစ္စကို စစ်ဆေးခဲ့ပြီးနောက် ကျောင်းဝင်ခွင့် ငြင်းပယ်ခံရသော ကျောင်းသား အချို့ကို ပြန်လည်လက်ခံခဲ့ပြီး သုံးလအကြာတွင် ကျောင်းအုပ်ဆရာမကြီးကို နေရာပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း
လူနေထူထပ် များပြားလာတာ၊ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်း ပမာဏ ကြီးမား လာတာ၊ မြေနေရာ ရှားလို့ မြေဈေးတွေ ခေါင်ခိုက် လာတာတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်း တကယ်ပဲ လိုအပ်ပါတယ် (ပုံစာ – သော်ဟိန်းထက် / ဧရာဝတီ) |
ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ဘုရင်မင်းမြတ် အသိအမှတ်ပြု
အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ်က ဝန်ကြီးချုပ် ရာထူးတွင် အတည်ပြု အပ်နှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။စစ်တပ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည့် အမျိုးသား ညီလာခံက ပရာယွတ်သ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်ပြီးနောက် လေးရက်အကြာ ဩဂုတ် (၂၅)ရက်တွင် ထိုင်းဘုရင်မင်းမြတ်က ၎င်းကို ထောက်ခံ အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
Ice Bucket Chall-enge အတွက် ဝန်ကြီးဦးရဲထွဋ်ကို အမျိုးသမီးတဦး စိန်ခေါ်
ALS အာရုံကြောရောဂါ တိုက်ဖျက်ရေးအတွက် ကိုယ့်ရဲ့ ခေါင်းပေါ်မှာ ရေခဲရေပုံးလိုက်လောင်းချပြီး ရံပုံငွေရှာပေးတဲ့ ‘‘Ice Bucket Challenge’’ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးလည်းဖြစ် သမ္မတ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဝန်ကြီးဦးရဲ့ထွဋ်ကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ်က နေအမျိုးသမီးတဦးက စတင်စိန်ခေါ်လိုက်ပါတယ်။
Sabei Aung ဆိုသူ Facebook အကောင့်ပိုင်ရှင်အမျိုးသမီးတဦးက "ဝန်ကြီး လက်ခံမည် ဆိုပါက ကျမ ၏ ရေခဲရေပုံးဖြင့် ရေလောင်းခံနေသော ပုံအား စောလျင်စွာ fb တင်ပေးပါမည့် အကြောင်း၊ ဝန်ကြီးမှ လည်းပြန်လည် ပြီး ရေခဲရေပုံးဖြင့် ရေလောင်းခံနေသောပုံကို fb တင်ပေးစေလိုပါကြောင်း" ဆိုပြီး ဝန်ကြီး ဦးရဲထွဋ်ကို စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
စိန်ခေါ်ခဲ့တဲ့ မ Sabei Aung ဆိုသူ ကတော့ သူမရဲ့ Facebook စာမျက်နှာမှာ ရေခဲရေလောင်းချခံနေတဲ့ ပုံတွေကိုတင်ထားတာတွေ့ရပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်မယ် မပါဝင်ဘူးဆိုတာကိုတော့ ဝန်ကြီး ဦးရဲထွဋ်ကတော့ ခုချိန်ထိ တုန့်ပြန်ထားတာမတွေ့ရသေးပေမယ့် ဒီလှုပ်ရှားမှုဟာ ရောဂါဝေဒနာရှင်တွေအတွက် ကောင်းကျိုးဖြစ်စေမှာဖြစ်တဲ့အတွက် စိန်ခေါ်ခံရတဲ့ ဦးရဲထွဋ် အတွက်တော့ ဂုဏ်ယူစရာဖြစ်ပါတယ်။

ကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ဖိုးရှိ ဆေးပြားများတင်လာသည့်စက်လှေ တပ်မတော်(ရေ)ဖမ်းဆီး
မူးယစ်ဆေးဝါးဖမ်းဆီး နိုင်ခဲ့သည့် သမိုင်းတစ်လျှောက် ပမာဏအများဆုံးအဖြစ် အမေရိ ကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် စက်လှေ တစ်စီးကို တပ်မတော်(ရေ)က ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။
သြဂုတ် ၁၉ ရက်ညနေ က ကော့သောင်းမြို့ အနောက် မြောက်ဘက် ၁၈၂ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ထိုင်းနိုင်ငံဘက် သို့ ဦးတည်နေသည့် စက်လှေတစ် စီးကို တပ်မတော်(ရေ)က တားဆီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စက် လှေပေါ်မှ စိတ်ကြွဆေးပြား အမျိုးအစားစုံတွင် တန်ဖိုးအကြီး ဆုံးဖြစ်သည့် Ecstasy ဆေးပြား ပေါင်း နှစ်သန်းလေးသိန်းနီးပါးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဌာနမှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
‘‘သမိုင်းတစ်လျှောက် တန် ဖိုးအများဆုံးပဲ။ တစ်ခါမှ အဲဒီ လောက် မဖမ်းမိဖူးဘူး။ ဆေး လောကမှာတော့ တစ်ပြားကို မြန် မာငွေ ခုနစ်သောင်းလောက်တန် တဲ့ ဆေးပြားတွေ။ ဖမ်းထားတဲ့ လူ တွေကို စစ်ဆေးတော့ ဒါ ဒုတိယ အကြိမ်လို့ သိရတယ်’’ ဟု အဆို ပါရဲအရာရှိက ပြောသည်။

နိုင်ငံတွင် ကြုံတွေ့နေရသော ပြဿနာများ ဖြေရှင်းရာတွင် စာပေအနုပညာရှင်များ ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မြန်မာစာပေလောကမှ စာပေအနုပညာရှင်များနှင့် တွေ့ဆုံစဉ် |
နိုင်ငံတွင် ရင်ဆိုင်နေရသည့် ပြဿနာများ ဖြေရှင်းရန် မြန်မာစာပေလောကမှ စာပေအနုပညာရှင်များက ကူညီပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်။လာမည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံက မည်သည့်လမ်းကြောင်းသွားမည်ဆိုသည်ကို ယခု ၂၀၁၄ ခုနှစ်တွင် ဆုံးဖြတ်မည် ဖြစ်သဖြင့် နိုင်ငံရေးရှုထောင့်တစ်ခုတည်းမဟုတ်ဘဲ စာပေအနုပညာရှင်များ၏ လူမှုရေးရှုထောင့်အမြင်များကိုပါ သိရှိဆွေးနွေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပညာရေး ယန္တရားကြီး မည်သို့ ခရီးဆက်မည်နည်း
အဆင့်မြင့်ပညာရေးကဏ္ဍ အရာရှိပညာရှင်တချို့နဲ့ ၀န်ထမ်းမိတ်ဆွေတချို့ရဲ့ ပြောကြားချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များကို အခြေခံပြီး ဒီစာကို ရေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ပညာရေးဝန်ကြီးရုံးမှာ ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အမျိုးသားပညာရေးဥပဒေ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပွဲနဲ့ ဆက်စပ်ဥပဒေများ၊ နည်း ဥပဒေများ၊ တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး ကျင်းပခြင်းဖြစ်တယ်လို့ သြဂုတ် လ ၁၇ ရက်နေ့ထုတ် ကြေးမုံသ တင်းစာက ဖော်ပြပါတယ်။ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအပါအ၀င် ဒုတိယ၀န်ကြီး တစ်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက် ရောက်တယ်လို့ သိရပါတယ်။
ဥပဒေရေးဆွဲရေးကိစ္စများ၊ တက္ကသိုလ်ပဋိညာဉ်တွင် ပညာ ရပ်ဆိုင်ရာ လွတ်လပ်မှု၊ ဘဏ္ဍာ ရေးဆိုင်ရာ လွတ်လပ်မှု၊ အုပ်ချုပ် ရေးဆိုင်ရာ လွတ်လပ်မှု၊ သင် ကြားရေးဝန်ထမ်းများ ခန့်ထားရေးဆိုင်ရာ လွတ်လပ်မှုတို့ကို ထည့် သွင်းရေးနဲ့ ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
ချမ်းသာခြင်းမှာ အပြစ်မကင်းပါသောကြောင့်
ထူးထူးခြားခြားပဲဗျို့။ ကျုပ်တို့ ရွှေပြည်ကြီးမှာ ချမ်းသာတဲ့သူများကို စစ်ဆေးအရေးယူတော့မတဲ့။ အချိန်တိုတိုအတွင်းမှာ အနှီပုဂ္ဂိုလ်တစ်ဦးဟာ ချမ်းသာလာပြီ ဆိုရင် သူ့နောက်ကွယ်မှာ ဘာ လုပ်ငန်းတွေရှိလို့ အဲသလို ချမ်းသာရသလဲဆိုတာကို စုံစမ်းမှာဖြစ်သတဲ့ဗျ။ အဓိက ရည်ရွယ်ချက်ကတော့ ငွေကြေးခ၀ါချတဲ့ လုပ်ငန်းတွေနဲ့ ဘယ်သူတွေ၊ ဘယ်လုပ်ငန်းတွေဟာ ဆက်စပ်ပတ်သက် နေသလဲဆိုတာကို ဖော်ထုတ်သွားမှာ ဆိုပဲ။သူများဥစ္စာ အစစ်အခံရ မှာ ၀မ်းတော့ သာစရာ မဟုတ်ပါဘူးခင်ဗျာ။ နို့ပေတဲ့ ကြံဖန်ဝမ်းသာ ဖို့ရန် ရှိတာကတော့ အဲဒီ အစုံအစမ်း အစစ်အဆေး ခံရမယ့် လူတွေထဲမှာ ကျုပ်တို့ရဲ့ အောက်ခြေ က သာမန်မြန်မာပြည်သူများ မပါဘူးဗျ။ ဘာကြောင့်ဆို ကျုပ်တို့က ဆင်းရဲတာကိုး။ ဆိုတော့ကာဖွတ်ကျောပြာစု ခရုဆန်ကျွတ် ဖြစ်တဲ့ ကျုပ်တို့ပြည်သူများနဲ့တော့ ဝေးလှတဲ့ ကိစ္စပေါ့ဗျာ။ ဒီတစ်ပွဲမှာ ကျုပ်တို့က ပွဲကြည့်ပရိသတ် လုပ်ရမှာခင်ဗျ။ အချိန်တိုတိုနဲ့ ချမ်းသာသွားကြတဲ့ သူတွေထဲ မှာ ဘယ်သူတွေများ ပါမလဲဆိုတာ စိတ်ဝင် စားစရာ ကောင်းမှာပဗျာ။ ပြော သလို လုပ်ဖို့သာ လိုပါတယ်။
နေတိုးနဲ့ ကျော်ကျော်ဗို နှစ်ယောက်ပေါင်း ထူထောင်လိုက်တဲ့ ‘‘ပုံပြင်စာအုပ်’’
ပြည်သူများအတွက် ဖျော်ဖြေရေးလုပ်ငန်းများ လုပ် ကိုင်သွားမည့် "Story Book Entertainment" ကို သရုပ် ဆောင် နေတိုးနှင့် ကျော်ကျော်ဗို တို့ နှစ်ဦးပေါင်းတည်ထောင်လိုက်ကြောင်း သတင်းရရှိသည်။‘‘နေတိုးနဲ့ အစ်ကိုစဉ်းစား ထားတာ ကြာပြီလေ။ အခုမှ အ ကောင်အထည်ဖော်ဖြစ်တာပေါ့။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာ လေးတွေ၊ ကိုယ်ဖျော်ဖြေချင်တဲ့ ဟာလေးတွေကို နာမည်တစ်ခုနဲ့ ဖန်တီးဖြစ်တာပါပဲ။ အဓိက ဘာ လုပ်မလဲဆိုတော့ ရုပ်ရှင်တွေရိုက် မယ်။ အဆင့်မြင့်ဗီဒီယိုကားတွေ ရိုက်မယ်။ စင်တွေမှာ အန်တာ တိန်းမန့်လုပ်တဲ့ဟာလေးတွေ လုပ်မယ်။ ဖျော်ဖြေမှုနဲ့ ပတ်သက် တာအကုန်လုပ်တယ်။ မာလ်တီမီဒီယာပေါ့’’ဟု ကျော်ကျော်ဗိုက ပြောသည်။
အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ
အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်ခဲ့သည့် IS စစ်သွေးကြွ အဖွဲ့ဝင်သည် ဗြိတိန်ဖွား Rap ဂီတ အဆိုတော်တစ်ဦးအဖြစ် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများက အလေးအနက် ယူဆထားကြောင်း သတင်းရရှိသည်။
အနောက်နိုင်ငံတစ်ခုမှ ထိပ်တန်းအဆင့် ထောက်လှမ်းရေး အရာရှိတစ်ဦးက အသက်(၂၃)နှစ် အရွယ်ရှိ အက်ဘ်ဒဲလ် မာဂျက် အက်ဘ်ဒဲလ် ဘာရီသည် IS အဖွဲ့က အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့် ဗီဒီယိုထဲတွင် ဖိုလေကို ခေါင်းဖြတ်ခဲ့သူဟု ယူဆနိုင်စရာ အထောက်အထားများ ရှိနေကြောင်း Fox News သို့ ပြောကြားခဲ့သည်။ ဗီဒီယိုထဲတွင် ဖိုလေကို သတ်ဖြတ်သူသည် မျက်နှာကို အဝတ်နက်များဖြင့် လွှမ်းခြုံဖုံးအုပ်ထားပြီး စကားပြောရာတွင် ဗြိတိသျှ လေယူလေသိမ်း ပီပီသသဖြင့် ပြောဆိုခဲ့သည်။
အမြန်လမ်းဘေးရှိ ရော်ဘာခြံများ သြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ရန် သတိပေး
ရန်ကုန်−နေပြည်တော် အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ပျိုးရေးခြံများကိုသြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေး ရန် လှည်းကူးမြို့နယ် အုပ်ချုပ် ရေးမှူးက သတိပေးထားကြောင်း သတင်းရရှိသည်။
အမြန်လမ်းဘေးရှိ ဧက ထောင်နှင့်ချီသည့် ရော်ဘာခြံများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး လက်ရှိ ရော်ဘာစိုက်ပျိုးရေးလုပ် ဆောင်နေသည့် လုပ်ငန်းရှင်များ နှင့် တပ်မ ၁၁၊ တပ်မတော်မှ ကျောထောက်နောက်ခံ ပြုထား သည့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) တို့အကြား ကာ လရှည်ကြာ အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။
လုပ်ကိုင်ခွင့် အငြင်းပွားနေ သည့် ယင်းမြေနေရာများတွင်လက်ရှိရော်ဘာစိုက်ပျိုးသူ ၆၀ ခန့် က အခိုင်အမာ စိုက်ခင်းများ စိုက် ပျိုးထားပြီး မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းကလည်း ယင်းမြေနေရာသည် ၎င်းတို့ ပိုင်ဆိုင်သည့် နေရာဖြစ်ကြောင်း သတိပေးဆိုင်း ဘုတ်များ နေရာအနှံ့အပြားတွင် စိုက်ထူထားသည်။

အထက်ပေါင်းလောင်းစီမံကိန်း ယခုနှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်မည်
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း တည်ဆောက် လျက်ရှိသော လျှပ်စစ်ဓာတ်အား ပေးစီမံကိန်းတစ်ခုဖြစ်သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ယခုနှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားစတင် ထုတ်လွှတ်ပေးနိုင်တော့မည် ဖြစ် ကြောင်း သတင်းရရှိသည်။အထက်ပေါင်းလောင်းစီမံ ကိန်းမှာ ၉၅ ရာခိုင်နှုန်းကျော် ပြီး စီးနေပြီဖြစ်ပြီး အောက်တိုဘာ တွင် ဓာတ်အားစမ်းသပ်ထုတ် လွှတ်မည်ဖြစ်ကာ ၂၀၁၄ ဒီဇင်ဘာလမှစတင်၍ ဓာတ်အားဖြန့်ဝေ ပေးနိုင်မည်ဟု အမှတ် (၁) တည် ဆောက်ရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော် မင်းကပြောသည်။
အထက်ပေါင်းလောင်းလျှပ်စစ်ဓာတ်အားပေးစီမံကိန်းလုပ်ငန်းခွင်ကို တွေ့ရစဉ် |
ဖုံးကွယ်ထားသော နိုင်ငံသားများ၏ တန်ဖိုးမြင့် သဘာဝအရင်းအမြစ်
သဘာဝရင်းမြစ်များ လွန်စွာပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တန်ဖိုးအကြီးမားဆုံး သဘာဝရင်းမြစ်တစ်ခုကို မည်သူတွေ ထုတ်ယူမြတ်စွန်းနေသည်ကို အစိုးရ တာဝန်ရှိသူများနှင့် ကာယကံရှင်ကုမ္ပဏီများကလွဲ၍ မည်သူကမျှ ရေရာစွာ သိရှိနိုင်ခြင်း မရှိသလို အစိုးရဘက်ကလည်း မိမိနိုင်ငံပိုင် စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှု အားနည်းလျက် ရှိနေသည်။
ကမ္ဘာတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု များပြားလှသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသော်လည်း ပြည်တွင်းသုံးစွဲမှုအတွက် လွန်စွာနည်းပါးနေသေးကာ စမ်းသပ်ဆဲ လုပ်ကွက်များမှ ထပ်မံတွေ့ရှိမှသာလျှင် သုံးစွဲရတော့မည်ဆိုသော အနေအထားတွင်သာ ရှိနေသေးသည်။
ရေခဲရေချိုးပြပြီး စိန်ခေါ်လှုံ့ဆော်ကြမယ်
ဘီလ်ဂိတ်နဲ့ မာ့ခ် ဇူကာဘတ် |
ရပ်ကွက်ပိုင်မြေများကို အကွက်ရိုက်၍ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး အလွဲသုံးနေဟုဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကင်းမြို့နယ် စည်းရုံးရေးမှူးသည် မြို့နယ်အတွင်းရှိ မြန်မာ့မီးရထားမြေများ၊ ရပ်ကွက်ပတ်လမ်းနှင့် လမ်းမြေများကို အကွက်ရိုက်၍ မြေဂရန် လျှောက်ကာ ရောင်းချနေသည်ဟု ရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။
ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးမှူးဖြစ်သူ ဒေါ်ခင်လေးမြင့်သည် ရန်ကင်း (၈)ရပ်ကွက်အတွင်းရှိ ရပ်ကွက်ပတ်လမ်းကို ဖျက်ကာ အကွက်ရိုက်ခြင်း၊ မီးရထားပိုင်မြေများကို အကွက်ရိုက်ကာ အဆောက်အအုံများ ဆောက်လုပ်ခဲ့သည့်အပြင် အဆိုပါမြေများကို ဂရန်လျှောက်ထားခြင်းပင် ပြုလုပ်နေသည်ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူ ဦးအောင်မိုးထွဋ်က ဆိုသည်။
“တချို့အကွက်တွေဆို သူ့အမည်ပေါက်နဲ့ ဂရန်ကျပြီးသားရှိတယ်။ ခုဆို ရပ်ကွက်ပတ်လမ်းတောင် မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် ရပ်ကွက်အတွင်းရှိ ရေမြောင်းများကို မြေများဖို့ကာ အကွက်ရိုက်၍ အဆောက်အအုံများ ဆောက်လုပ်ထားသဖြင့် မိုးကြီးလျှင် ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဖြစ်နေသည်ဟု ရန်ကင်းမြို့နယ် အမှတ်(၈) ရပ်ကွက်သားတို့က ပြောသည်။
ရန်ကင်းမြို့နယ် (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူရက “မြေကွက်တွေက ဂရန်တွေ ကျပြီးသား။ ဒီမြေတွေမှာ ဂရန်ရှိတာတွေရှိသလို လျှောက်ထားတယ်လို့တော့ ကြားတယ်။ သေချာမသိဘူး။ ဒီမြေကိစ္စကို စည်ပင်က လာစစ်သွားတာရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိဟု အမျိုးသမီးငွေစုငွေချေးဖွံ့ဖြိုးရေးကွန်ရက် ဆို
၂၀၁၄ ဩဂုတ် ၂၄ ရက်က ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် အမျိုးသမီး ငွေစုငွေချေးအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းကွန်ရက်တို့မှ ပြုလုပ်ကျင်းပသော ဆင်းရဲမှုဘဝကို ကျရောက်နေကြသော အိမ်ထောင်မိသားစုများ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကြောင်း ရှင်းလင်းပွဲကို တွေ့မြင်ရစဉ်။ |
ဒေါ်ဗန်လီဇာအောင်က“ကျူးကျော် ပြဿနာမှာဆိုရင် ဒီအိမ်ရာမဲ့ ပြဿနာပေါ့ များပြားလာတဲ့ ဥစ္စာကို ဖြေရှင်းလို့ မရဘူးဆိုတဲ့ ရှုထောင့်နဲ့နေနေတာ မှားတယ်လို့ ပြောချင်တယ်။ ဖြေရှင်းလို့ရတယ်။ လေးနှစ်ငါးနှစ်တာ လုပ်ဆောင်ရတဲ့ အတွေ့အကြုံနဲ့ ပြောတာ”ဟု ပြောသည်။
Subscribe to:
Posts (Atom)