သဘင်ဘိုးဘွားရိပ်သာ ကိုမင်္ဂလာဒုံမြို့နယ်တွင် တည် ဆောက်ရန် ရွေးချယ်ထားပြီး
ခြောက်လအတွင်း အပြီးတည် ဆောက်သွားမည်ဟု ဖိုးချစ်က ပြောသည်။‘‘သဘင်ဘိုးဘွားရိပ်သာကို ရေနံ့သာကျေးရွာ ပုလဲမြို့သစ်မင်္ဂ လာဒုံမြို့နယ်၊ သဒ္ဓမ္မသုခရိပ်သာ မှာ တည်ဆောက်သွားမှာပါ’’ဟု ၎င်းကပြောသည်။
လောလောဆယ်တွင် လူနေ ဆောင်ခြောက်ဆောင် ဆောက် လုပ်မည်ဖြစ်ပြီးနောက်ပိုင်းတွင် အခြားအဆောင်များကို ဆက် လက်ဆောက်လုပ်သွားမည်ဟု သိရသည်။
အဆောင်များကိုလည်း သ ဘင်ပညာရှင်ကြီးများအား ဂုဏ်ပြု သောအားဖြင့် ရွှေမန်းတင်မောင်၊နန်းတော်ရှေ့ဆရာတင်စသည် ဖြင့်အမည်များပေး၍ ဆောက်လုပ်မည်ဟုဖိုးချစ်က ပြောသည်။
သဘင်ဘိုးဘွားရိပ်သာ တည်ဆောက်ရန် ရန်ပုံငွေဇာတ် သဘင်ဖျော်ဖြေမှုကို သြဂုတ် ၇ ရက်နှင့် ၈ရက်ညများတွင် ပြုလုပ် ခဲ့ပြီး ပြင်ပမှအလှူရှင်များက လည်း ဘိုးဘွားရိပ်သာတည် ဆောက်ရန် အလှူငွေများပါဝင်လှူဒါန်းခဲ့ကြသည်။
ယင်းအစီအစဉ်ကို စကိုင်း နက်ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ် လွှင့်ပြသခဲ့ပြီး ပထမညဖျော်ဖြေပွဲတွင် ပြင်ပမှအလှူငွေကျပ်သိန်း ၁၅၀ကျော်ရရှိခဲ့သည်။
အဆိုပါနှစ်ရက်တွင် ရိုက် ကူးရေးအစီအစဉ် ပါဝင်သော ကြောင့်အချိန်အကန့်အသတ်ဖြင့် ကပြခဲ့သော်လည်း သြဂုတ် ၉ရက် ညတွင်မူ ၎င်းတို့၏ဇာတ်သဘင် အစီအစဉ်အတိုင်းအချိန်ပြည့်က ပြမည်ဟု ဖိုးချစ်ကပြောသည်။
Today Myanmar
အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေးကြွ
တပ်ဖွဲ့များကို အမေရိကန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ စတင်
လုပ်ဆောင်နေပြီ ဖြစ်သည်။


ရခိုင်ပြည်နယ်မှ ထွက်ခွာသွားသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အား
ရခိုင်သို့ ပြန်လာ၍ ၎င်းတို့၏ လုပ်ငန်းများ ပြန် လည် လုပ်ကိုင်ရန်
ဖိတ်ခေါ်လိုက်ခြင်းသည် နိုင်ငံတကာ၌ ကျဆင်းနေရသ
ဗြိတိန်ရေတပ် သမိုင်းတွင် အဓိက စစ်သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ်
ဦးဆောင်ခွင့် ရခဲ့သည့် အမျိုးသမီး တပ်မှူး တစ်ဦးကို လူမှုရေး ဖောက်ပြ
