Friday, May 10, 2013

ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်မှ ရင်နင့်ဖွယ် စုံတွဲအလောင်း




Photo: ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်မှ ရင်နင့်ဖွယ် စုံတွဲအလောင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြီးအတွင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်း တစ်ခုသည် ရင်နင့်ခြောက်ခြားစရာ ဖြစ်လာခဲ့ရသည်။ အထည်ချုပ် စက်ရုံတစ်ခု အပါအဝင် ကုမ္ပဏီများ၊ ရုံးခန်းများ ဖွင့်လှစ်ထားသည့် (၈)ထပ် အဆောက်အအုံကြီးတစ်ခု ဒါကာမြို့တော်တွင် ပြိုကျခဲ့ရာ လူပေါင်းမြောက်မြားစွာ (ယနေ့အချိန်ထိ ၁၀၀၀ ကျော်သွားပြီဟု သတင်းများတွင် ဖော်ပြ) သေဆုံးခဲ့ရပြီး ယခုထိလည်း အပျက်အစီးများအောက်မှ အလောင်းများ ထွက်ပေါ်နေဆဲ ဖြစ်သည်။http://www.myanmardailynews.org/2013/05/blog-post_4850.html
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အဆောက်အအုံပြိုကျမှုကြီးအတွင်း ရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်းတစ်ခုသည် ရင်နင့်ခြောက်ခြားစရာဖြစ်လာခဲ့ရသည်။

(၉၀)ရာနှုန်းပြီးစီးနေပြီဖြစ်သည့် စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း

Photo: (၉၀)ရာနှုန်းပြီးစီးနေပြီဖြစ်သည့် စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း
Friday, May 10, 2013

 အိန္ဒိယနိုင်ငံမှ အမေရိကန် ဒေါ်လာသန်း (၁၂၀)အကုန်ကျခံတည်ဆောက်နေသည့် စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်းမှာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အိန္ဒိယဆောက်လုပ်ရေးကုမ္ပဏီ (ESSAR) က သိရှိရသည်။

အဆိုပါ စီမံကိန်းကို အိန္ဒိယ-မြန်မာ သဘောတူညီချက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး (၂၀၀၉)ခုနှစ်မှ စတင် တည်ဆောက်ခဲ့ဖြစ်ကြောင်း သိရှိရသည်။

"ဆိပ်ကမ်းမြေဖို့ အကြမ်းထည်လုပ်ငန်းတွေတော့ ပြီးစီးသလောက် ရှိနေပါပြီ။ အချောသတ်ဖို့လောက်ပဲ ရှိတော့ တာပါ။ သဘောင်္ချည်းကပ် ဆိပ်ခံတံတားတည်ဆောက်မှုတွေကတော့ ခန့်မှန်း (၆၀)ရာခိုင်နှုန်းပဲပြီးသေးတယ်။ ဒီနှစ်ကုန်ပိုင်းလောက်တော့ ရာနှုန်းပြည့် ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်"ဟု အိန္ဒိယဆောက်လုပ်ရေး ကုမ္ပဏီ(ESSAR)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်းပြီးစီးပါက အိန္ဒိယ-မြန်မာ သဘောတူညီချက်အရ အိန္ဒိယအစိုးရမှ မြန်မာအစိုးရအသို့ လွဲပြောင်းပေးအပ်ရမည်ဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုစရိတ် လျော့ချနိုင်ရန်နှင့် ပို့ကုန် သွင်းကုန် တိုးမြှင့်တင်ပို့မှု မြင့်တက်စေရန် ရည်ရွယ်၍ အကောင်ထည်ဖော်တည်ဆောက်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာတွင် စစ်တွေရေနက်ဆိပ်ကမ်းမှ ကုလားတန်မြစ်လမ်းကြောင်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံ မီဖိုရန်ပြည်နယ်အထိ ကုန်တင်ဘောင်္များ တစ်နှစ်ပတ်လုံး သွားလာနိုင်မည်ဖြစ်သည်။ 

ထိုကဲ့သို့ သွားလာနိုင်ရန် အဆိုပါ မြစ်လမ်းကြောင်းရှိ ရေတိမ်သောင်များနှင့် သဘောင်္များဝင်ထွက်သွားလာနိုင် ရန် ကျဉ်းမြောင်းသော နေရာများအား ခေတ်မီ စက်ယန္တားရားများဖြင့် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

အာရကန် ကိုကို
http://www.myitmakhamediagroup.com/detail.php?newid=4568&catid=23
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
အိန္ဒိယနိုင်ငံမှ အမေရိကန် ဒေါ်လာသန်း (၁၂၀)အကုန်ကျခံတည်ဆောက်နေသည့် စစ်တွေရေနက် ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်းမှာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အိန္ဒိယဆောက်လုပ်ရေး ကုမ္ပဏီ (ESSAR) က သိရှိရသည်။

ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲပြုလုပ်မည်

Photo: ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲပြုလုပ်မည်
Friday, May 10, 2013

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ်
ရေးဆွဲပွဲတစ်ခုကို ဇွန်လ ၃ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ပြုလုပ်သွား
မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လက်တွေ့ ထုလုပ်ရေးဆွဲမှုကို ပန်းပုကျော်ကျော်မင်းနှင့် ပန်းချီရွှေမြင့်တို့က ပြုလုပ်သွားမည်ဖြစ်ပြီး ထုလုပ်ရေးဆွဲ၍
ရရှိလာသော ပုံတူ ရုပ်တုနှင့် ပန်းချီ အား ဇွန်လ ၄ ရက်တွင်
အဆိုပါဌာန၌ ခင်ကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်သလို ငြိမ်းချမ်းရေးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့်အတွက် ဦးသန့်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထုလုပ်ရေးဆွဲရရှိသော
ပန်းပုနှင့် ပန်းချီကို ဦးသန့်ပြတိုက်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ပုံတူ ပန်းပု ထုလုပ်မည့် ဦးကျော်ကျော်မင်း ( ပန်းပု) ကပြောသည်။

ဦးသန့်သည် ကမ္ဘာ့အဆင့်မီခဲ့သလို ဦးသန့်ပြတိုက်သည်လည်း
ကမ္ဘာ့ အဆင့်မီပြတိုက်တစ်ခုဖြစ်လာရန် တတ်နိုင်သည့် နည်းလမ်းများဖြင့် လှုံ့ဆော်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ၃ ဦးမြောက် အထွေထွေအတွင်းရေးမှူး ဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပွားမည့်အရေးကိစ္စရပ်များအပေါ် တားဆီးဖြေရှင်းပေးနိုင်ခဲ့သူဖြစ်သည်။

NLA
Popular Myanmar News Journal

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲတစ်ခုကို ဇွန်လ ၃ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မေလ ၁၁ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

Photo: မေလ ၁၁ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်
Friday, May 10, 2013

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်

မန္တလေး နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်

တောင်ကြီး နေသာမည် အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်

စစ်တွေ မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

ပုသိမ် နေသာမည် အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်

မော်လမြိုင် မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်

မိတ္ထီလာ မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်

ပျဉ်းမနား နေသာမည် အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်

လွိုင်ကော် နေသာမည် အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီ စင်တီဂရိတ်

မြိတ် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်

BBC Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်

အစိုးရနည်းပညာ အထက်တန်းကျောင်း ဇွန် ၆ ရက်ဖွင့်မည် ရှစ်တန်းအောင်ကျောင်းသားများ တက်ရောက်ခွင့် လျှောက်ထားနိုင်

အစိုးရနည်းပညာ အထက်တန်းကျောင်းများကို ယခုနှစ် ပညာသင်နှစ်တွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေး သွားမည် ဖြစ်ကာ အခြေခံပညာ အဋ္ဌမတန်း ရှစ်တန်းအောင်မြင်ပြီးသူများ တက်ရောက် ခွင့် လျှောက်ထားနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

သံဃာတော် ၁၂ ပါး ဆွမ်းဘုဉ်းပေးပြီး အစာအဆိပ်သင့်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အမှတ် (၂)နယ်မြေ၊ နီးပါးတန်း ရပ်ကွက်ရှိ ဘေးလုံ ပရိယတ္တိ စာသင်တိုက်တွင် မေလ ၈ ရက်နံနက်ပိုင်းက သံဃာတော် ၁၂ ပါးနှင့် လူ ၃ ဦး အစာအဆိပ်သင့် မှုဖြစ်ပွားခဲ့သည်။

“ဒူဘိုင်းတွင် ကားမောင်းကြမ်းခဲ့သည့် ဘီဘာ ရဲတပ်ဖွဲ့၏မေးမြန်းမှုခံရ ဖွယ်ရှိ”

Photo: “ဒူဘိုင်းတွင် ကားမောင်းကြမ်းခဲ့သည့် ဘီဘာ ရဲတပ်ဖွဲ့၏မေးမြန်းမှုခံရ
ဖွယ်ရှိ”
Friday, May 10, 2013

ဂျက်စတင် ဘီဘာအနေဖြင့် ဒူဘိုင်းတွင် သတ်မှတ်နှုန်းထက် ပိုမြန်အောင် ကားမောင်း ကြမ်းခဲ့သည့်အတွက် ရဲများ၏ မေးမြန်း စစ်ဆေးမှုကို ခံယူရဖွယ် ရှိနေကြောင်း သိရှိရသည်။ အသက်(၁၉)နှစ်ရှိ ကနေဒါ Popဂီတစတား လူငယ် အဆိုတော်သည် အရှေ့အလယ်ပိုင်း ဒေသရှိ ချမ်းသာကြွယ်ဝသည့်
စော်ဘွားနိုင်ငံတွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်တစ်ရပ်အတွက် ရောက်
ရှိခဲ့သည်။

၎င်းသည် ဒူဘိုင်းတွင် ရှိနေစဉ်တွင် Lamborghini အမျိုးအစား ဇိမ်ခံပြိုင်ကား အဖြူကြီးဖြင့် မြန်နှုန်းမြင့် မောင်းနှင်ခဲ့ခြင်းကြောင့် မော်တော်ယာဉ် အမြန်နှုန်း တိုင်းတာရေး ကင်မရာ (၆)ခုတွင် မှတ်တမ်းတင် ခံခဲ့ရသည်။

ထို့ကြောင့် ဘီဘာအနေဖြင့် ညစ်ကျယ်ကျယ် ဆယ်ကျော်သက် တစ်ဦး၏ အလေ့အထများ မကင်းစင်သေးဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

Automarket
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ဂျက်စတင် ဘီဘာအနေဖြင့် ဒူဘိုင်းတွင် သတ်မှတ်နှုန်းထက် ပိုမြန်အောင် ကားမောင်း ကြမ်းခဲ့သည့် အတွက် ရဲများ၏ မေးမြန်း စစ်ဆေးမှုကို ခံယူရဖွယ် ရှိနေကြောင်း သိရှိရသည်။ အသက်(၁၉)နှစ်ရှိ ကနေဒါ Popဂီတစတား လူငယ် အဆိုတော်သည် အရှေ့အလယ်ပိုင်း ဒေသရှိ ချမ်းသာကြွယ်ဝသည့် စော်ဘွားနိုင်ငံ တွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်တစ်ရပ်အတွက် ရောက်ရှိခဲ့သည်။

တရုတ် ကြက် ဘဲများ မှောင်ခို တင်သွင်းမှု တုပ်ကွေး ပြန့်ပွားနိုင်


Photo: တရုတ် ကြက်ဘဲများ မှောင်ခို တင်သွင်းမှု တုပ်ကွေး ပြန့်ပွားနိုင်
Friday, May 10, 2013

တရုတ်နိုင်ငံတွင် လူ ၃၂ ဦး သေဆုံးသည်အထိ ကြက်ငှက်တုပ်ကွေးရောဂါ
ဖြစ်ပွားနေချိန် မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံဘက်မှ ကြက် ဘဲ စားသောက်ကုန်များ တရားမ၀င်မှောင်ခို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်းများဖြစ်သည့် မူဆယ်၊ လားရှိုး လမ်းကြောင်းများမှ တဆင့် မန္တလေးမြို့သို့ အများဆုံး ၀င်ရောက်လျှက်
ရှိနေကြောင်း၊ တရားမ၀င် တင်သွင်းသည့် ကြက် ဘဲ စားသောက်ကုန်
များတွင် အေးခဲ ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥများသာမက ကြက်သားပေါက်များ၊ ဘဲသားပေါက်များပါ တင်သွင်းလာကြောင်း မန္တလေး တိရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ထံမှ သိရှိရသည်။

“တရုတ်ပြည်ကနေ တင်ပို့တဲ့ ကြက်နဲ့ ဘဲ ထွက်ပစ္စည်းတွေ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေ အများဆုံး ပါလာ နိုင်တဲ့ အနေထားပါ။ နောက်ပြီး ကြက်သားပေါက်တွေကိုလည်း မှောင်ခို တင်သွင်းလာကြတာဆိုတော့ တာဝန်ရှိ တဲ့သူတွေက အချိန်မီ မတားနိုင်ဘူးဆိုရင် တရုတ်ပြည်မှာ ဖြစ်နေ
တဲ့ ကြက်ငှက်တုပ်ကွေးရောဂါက မြန်မာနိုင်ငံဘက်ကို ဆက်ပြီး ကူးစက်
လာနိုင်တဲ့ အနေထားမှာ ရှိနေပါတယ်” ဟု မန္တလေးတွင် ကြက်စာနှင့် ကြက်ထွက်ပစ္စည်းများ ရောင်းချသည့် ဆိုင်ဖွင့်လှစ်ထားသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မန္တလေး တိရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ
သောင်းထိုက်က တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံမှ ကြက်ဘဲများ တင်သွင်းခြင်းမပြုရန် ပိတ်ပင်ထားကြောင်း၊ သို့ရာတွင် တရားမ၀င်မှောင်ခို ၀င်ရောက်နေသည်မှာ မှန်ကန်ပြီး သတင်း အတိအကျပေးလျှင် ဖမ်းဆီးမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကြက်နဲ့ ဘဲထွက်ပစ္စည်းတွေ မှောင်ခိုဝင်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့အနေနဲ့ကလည်း သတင်း အတိအကျပေးနိုင်ရင် အချိန်မရွေး ၀င်ဖမ်းသွားမှာပါ။ ခု လက်ရှိမှာတော့ မြန်မာပြည်ဘက် မ၀င်ရအောင်
လို့တော့ ပိတ်ထားပါတယ်။ ခုလိုချိန်က ရာသီဥတု ပြင်းထန်နေတဲ့အတွက်
မြန်မာပြည်ဘက်ကို ကူးမလာနိုင်ဘူးလို့ ယူဆရတာပါဘဲ။ ဒီလိုရောဂါတွေက
ဆောင်းအကုန် နွေအကူးမှာ အဖြစ်များတာပါ။ မြန်မာပြည်ဘက်ခြမ်း
မှာတော့ ဖြစ်ပွားမှုနှုန်းမရှိသေးပါဘူး” ဟု ဒေါက်တာ သောင်းထိုက်က ဆိုသည်။

မန္တလေး ကြက်ဥနှင့်ကြက်သား ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကမူ တရုတ်နိုင်ငံမှ ကြက်ဘဲများ တရားမ၀င် မှောင်ခိုတင်သွင်းနေမှုမှာ စိုးရိမ်စရာဖြစ်နေပြီး တင်းကျပ်သော ဖမ်းဆီးစစ်ဆေးအရေးယူများ လုပ်ဆောင်သင့်ကြောင်း ပြောသည်။

“ကျနော်တို့အသင်းအနေနဲ့ မူဆယ်အကျော် ၁၆မိုင်ဂိတ်မှာ ကြက်နဲ့ဘဲထွက်ပစ္စည်းတွေ ၀င်ရောက်မလာဖို့ ဧပြီလ ၂၅ရက်နေ့က သွားရောက် တားမြစ်ခဲ့တယ်။ ၂၆ရက်နေ့မှာ အေးခဲကြက်သားတွေ မိတယ်။ ခုလိုအချိန်မှာ ဒီပစ္စည်းတွေက ဒီအထိ ရောက်မလာ သင့်ဘူး။ နယ်စပ်ဂိတ်ပေါက်မှာ ကတည်းက ဖမ်းဆီးသင့်တာ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်မှာ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်ခံ နေရပြီဆိုတော့ ဒီပစ္စည်းတွေက သူတို့ဆီမှာ အမှိုက်ဖြစ်နေတာ။ ကျနော်တို့ ဆီကို အမှိုက် သာသာ ဈေးနဲ့ ရောင်းချပြီး ဒလဟော တင်သွင်းနေတာ မြန်မာပြည်သူတွေ
အတွက် တကယ့်ကို စိုးရိမ်စရာပါ။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက ဘဲသား ရယ်ဒီမိတ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဘဲဆိုတာက ကြက်ငှက် တုပ်ကွေးရောဂါပိုးကို သယ် ဆောင်နိုင်တယ်။ ဘဲတွေ ကြက်ငှက်တုပ်ကွေး
ရောဂါပိုးကြောင့် မသေသွားဘူး။ ဒါကြောင့် ရောဂါပွားဖို့နဲ့ ကူးစက်ဖို့ အင်မတန်လွယ်ကူလို့ ကြက်မွေးမြူရေးခြံ တွေဆိုရင် ဘဲကိုအလွန်ကြောက်
ကြတယ်။ ဘဲသား ရယ်ဒီမိတ်တွေက အန္တရာယ်ရှိတယ်” ဟု ဒေါက်တာ
ကျော်ထင်က ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံမှ ကြက်ငှက်တုပ်ကွေးရောဂါ
မြန်မာနိုင်ငံသို့ ကူးစက်ခြင်းမရှိစေရန် အထူးသတိထား စောင့်ကြည့်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခြင်းမရှိသေးကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်
သည်။

ကျန်းမာရေးဝန်ကြီးဌာန ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက “ခုလက်ရှိ မှာတော့ ဘယ်ကြက်ခြံ၊ ဘဲခြံတွေမှာမှ H7N9 ဖြစ်ပွားပြီး သေဆုံးတဲ့ ကြက်တွေ၊ ဘဲတွေမရှိသေးပါဘူး။ ဒါပေမဲ့ လူကို ကူးစက် လာရင် ကြိုတင် ကာကွယ်နိုင်အောင် လက်ဦးမှု ရယူပြီး အခုကတည်းကစပြီး ကျန်းမာရေးပညာပေး လုပ်ငန်းတွေနဲ့ ဆေးဝါးတွေကိုကြိုတင်စုဆောင်းမှုတွေ ကျန်းမာရေးဝန်ကြီးဌာန ဦးစားပေးအဆင့်အနေနဲ့ လုပ်ဆောင် နေပါတယ်” ဟု မြန်မာအသံနှင့်ရုပ်မြင်သံကြားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် ထုတ်ဖော်ပြောဆိုသည်။

လက်ရှိ မန္တလေး တွင်ရာသီဥတုပူပြင်းထန်ပြီး အပူရှိန်များနေသည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းများ ခေတ္တရပ်နားထားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးဖြင့်သာ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

“ နွေရာသီ မတိုင်ခင်ကတည်း မွေးထားတဲ့ ကြက်တွေကို ရောင်းထုတ်
ထားတာ။ မန္တလေး ပတ်ဝန်းကျင်တလျှောက် မှာ ကြက်မွေးတဲ့ မွေးမြူရှင်တွေ
အားလုံး ရောင်းကြတာ။ ဒီရာသီကို ကြောက်ကြတယ်။ ပြီးခဲ့တဲ့ နှစ်က ဒီလိုရာသီမှာ ကြက်တွေ အသေကျေ များလို့ တအားရှုံးခဲ့ရတာ။ နောက်လ
ဆိုရင်တော့ ကျွန်တော်တို့ ပြန်မွေးဖို့တော့ လုပ်နေပါပြီ” ဟု ကြက်မွေးမြူရေး
လုပ်ငန်းရှင် ကိုတာလေးက ပြောသည်။

မန္တလေးတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်ဆိုင်ထားသည့်အတွက် ကြက်သားဈေးနှုန်းများ မြင့်တက်နေပြီး ယခင်က ကြက်တပိသာ ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ် အကြား ဈေးရှိရာမှ ယခုအခါ ကြက်တပိသာ ၄၅၀၀ကျပ်နှင့် ၆၀၀၀ကျပ်အကြား ဈေးပေါက် လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကြက်ငှက်တုပ်ကွေးရောဂါသည် H7N9ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် မျိုးစိတ်သစ် တမျိုးဖြစ်ပြီး H7N9ဗိုင်းရပ်စ်ပိုးသည် H5N1 ဗိုင်းရပ်စ်ပိုးဆင့်ပွားဖြစ်ပေါ်လာသော ဗိုင်းရပ်စ်မျိုးစိတ်ဖြစ်ကြောင်း၊ H7N9 ပိုး လူတွင် ကူးစက်ခံရပါက ဆိုးဝါးသည့် ပြင်းထန်သော အသက်ရှု လမ်းကြောင်း ရောဂါနှင့် ကိုယ်ခံအားစနစ်ကို ပျက်စီးစေကြောင်း ဘီဘီစီသတင်းဌာန၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတခုတွင် ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံ နောက်ဆုံးရရှိသော သတင်းများအရ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ခရိုင်တွင် အသက် ၅၆ နှစ် အရွယ် အမျိုးသားတဦး သေဆုံး ခဲ့ရာ ရောဂါပိုးကူး စက်ခံထားရသူ ၁၂၉ ဦးအနက် ၃၂ ဦးမြောက်
သေဆုံးခြင်းဖြစ်သည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

တရုတ်နိုင်ငံတွင် လူ ၃၂ ဦး သေဆုံးသည်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ ချိန် မြန်မာနိုင်ငံ တွင်း သို့ တရုတ်နိုင်ငံဘက်မှ ကြက် ဘဲ စားသောက်ကုန်များ တရားမ၀င်မှောင်ခို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံကူး လက်မှတ် အတုဖြင့် မြန်မာမှ မူဆလင် လူငယ် (၃) ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ



Photo: နိုင်ငံကူး လက်မှတ် အတုဖြင့် မြန်မာမှ မူဆလင် လူငယ် (၃) ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ
Friday, May 10, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုဖြင့် ဆော်ဒီအရေးဗီယားနိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံမှ မူဆလင် လူငယ် (၃) ဦးကို ဘင်္ဂလာ ရဲမှ  မေလ ၉ ရက် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း နိရဉ္စရာက သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ အီမရန် (၂၅) နှစ်၊ မူဟာမတ် အဆက်ဒူလာရ်(၂၂) နှစ်နှင့် မူဟာမတ် ဂျာဖါအာလန် (၂၂) နှစ်တို့ ဖြစ်ကြသည်။

သူတို့အား သတင်းအရ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် လေယာဉ်ပေါ်သို့ တက်မည့် အချိန် ဆဲဆဲတွင် လေဆိပ်နားနေဆောင်ကို ဖြတ်စဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲက ဆိုသည်။

သူတို့အား ယခုအခါ ဒက္ကားလေဆိပ် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ဥပဒေနှင့် အညီ တရားစွဲဆိုသွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ မူဆလင်များသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာနေခြင်းကို ဘင်္ဂလာဒေခ်ျ့ လက်ရှိ အစိုးရမှ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ဒက္ကားလေဆိပ်တွင် မကြာခဏ ဖမ်းဆီးမူများ ရှိနေသည်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုဖြင့် ဆော်ဒီအရေးဗီယားနိုင်ငံသို့ သွားရောက် ကြမည့် မြန်မာနိုင်ငံမှ မူဆလင်လူငယ် (၃)ဦးကို ဘင်္ဂလာရဲမှ မေလ ၉ ရက် ယမန်နေ့က ဖမ်းဆီး လိုက်ကြောင်း နိရဉ္စရာက သတင်းရရှိသည်။

မြေပုံ မူဆလင် ဒုက္ခသည်များကို မုဆလင် သချိုင်းအနီးတွင် နေရာချပေးမည်

Photo: မြေပုံ မူဆလင် ဒုက္ခသည်များကို မုဆလင် သချိုင်းအနီးတွင် နေရာချပေးမည်
Friday, May 10, 2013

အောက်တိုဘာလ အရေးအခင်းတုန်းက မြေပုံမြို့ထဲမှ ထွက်ပြေးသွားကြတဲ့ မူဆလင် မိသားစုတွေကို မြို့ပြင် မူဆလင် သချိုင်း အနီးမှာ နေရာ ချပေးသွားဖို့  စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီနေရာချပေးမယ့် နေရာကို ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့  ဖွံ့ဖြိုး တိုးတက်မှု အကောင် အထည် ဖေါ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ဇော်ဝင်းဦးဆောင်တဲ့ အဖွဲ့က  မေလ (၆) ရက်နေ့မှာ  သွားရောက် ကြည့်ရှု့ခဲ့တယ်လို့ မြေပုံ ဒေသခံ လူကြီးတွေက ပြောပါတယ်။

“ သူတို့ ၀န်ကြီးအဖွဲ့ လူကြီးတွေ တော်တော်များ ပါလာကြပါတယ်။ အဲဒီနေရာကို သွားကြည့်ကြပါတယ်။ ယခင် မူဆလင် သချိုင်းရှိတဲ့ နေရာ အနားပေါ့။ အရင်ကတော့ လယ်ကွင်းတွေအထဲမှာ သူတို့ နေထိုင်နေကြတယ်။ အခုတော့ မြေထိုးစက်တွေ ထိုးပြီး မြေတွေဖို့လိုက်တယ်။ ကုန်းမြင့်လို ဖြစ်သွားတော့ ရေတွေ မ၀င်နိုင်တော့ဘူးပေါ့။ အဲဒီမှာ နေရာချပေးသွားမှာ ဖြစ်ပါတယ်” လို့ ဒေသခံ လူကြီး တစ်ဦးက ဆိုပါတယ်။

မူဆလင် ဒုက္ခသည်တွေကို လောလောဆယ်မှာ အဆောင် တန်းလျားးတွေ တည်ဆောက်ပြီး နေရာချပေးသွားမှာ ဖြစ်တယ်လို့  ပြောပါတယ်။

“ အဆောင်တွေ ဆောက်တာတော့ မတွေ့ရသေးဘူး။ မကြခင် ဆောက်မယ်လို့ သိရပါတယ်”လို့ ဆက်ပြောပါတယ်။

မြေပုံမြို့ထဲမှာ  ပြန်လည် နေရာချထားရေးကို ဒေသခံများ ကန့်ကွက်ပြီးနောက်ပိုင်းမှာ ယခုလို မြို့ပြင်မှာ နေရာချပေးတာ စီစဉ်ခြင်း ဖြစ်တယ်လို့ မြေပုံမြို့နယ် NLD အမျိုးသမီး ခေါင်းဆောင် ဒေါ်မပုချေကလည်း နိရဉ္စရာကို ပြောပါတယ်။

“ ကျွန်မတို့ ဒေသခံတွေကတော့ မြို့ထဲမှာ ပြန်လည် နေရာချထားရင် ပြဿနာတွေ ဆက်ဖြစ်နိုင်တယ်။ ဒါဆိုရင် ဘယ်သူ့ အတွက်မှ အကျိုးမရှိဘူး။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ခုလို သူ့နေရာသူနေ၊ ကိုယ့်နေရာကိုယ်နေ ဆိုတဲ့ သဘောမျိုးနဲ့ မြို့ထဲမှုာ ပြန်ထားမှာကို လက်မခံတာပါ။ အခုတော့ ဘာမှ မြေပုံမှာ ပြဿနာ မရှိပါဘူး။ အေးအေးဆေးဆေး ရှိပါတယ်” လို့ သူမက ဆိုပါတယ်။

မူဆလင် ဒုက္ခသည်တွေကို  မိုးမကျမီ အမိုးအကာအောက်ရောက်ရှိရေး အတွက် အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်နေတဲ့ အတွက် မကြာခဏ ဆိုသလို  နိုင်ငံတော် အဆင့် ခေါင်းဆောင်တွေဟာ  မြေပုံမြို့သို့ ရောက်ရှိလာကြတယ်လို့ ပြောပါတယ်။

လွန်ခဲ့သော မေလ ၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနဲ့ အတူ  ဗဟိုကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန   ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဘရွှေတို့ လည်း လိုက်ပါ လာကြ တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထဲက  လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ခင်နဲ့ သတ္တုနှင့် သစ်တောဝန်ကြီး ဌာန၀န်ကြီး ဦးအောင်သန်းတင်တို့ လိုက်ပါလာကြတယ်လို့ ဆိုပါတယ်။

နိုင်ငံခြား အန်ဂျီအိုတွေ ဖြစ်ကြတဲ့ ၊ UNOCHA ၊ UNHCR ၊ UNICEF အဖွဲ့တွေမှ ဒေသ တာဝန်ခံ ကိုယ်စားလှယ်များ လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အောက်တိုဘာလ အရေးအခင်းတုန်းက မြေပုံမြို့ထဲမှ ထွက်ပြေးသွားကြတဲ့ မူဆလင် မိသားစုတွေ ကို မြို့ပြင် မူဆလင် သချိုင်း အနီးမှာ နေရာ ချပေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဆင့်မြင့်ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို အကူအညီတောင်း

Photo: အဆင့်မြင့်ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို အကူအညီတောင်း
Friday, May 10, 2013

ဗြိတိန်နိုင်ငံတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက် သွားရောက် လေ့လာနေသော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် နောက်ဆုံးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်တက္ကသိုလ်များကို မြန်မာ့ အဆင့်မြင့်ပညာရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ဗြိတိသျှ ကောင်စီက ထုတ်ပြန်ထားသည်။

ကိုးရက်တာ ခရီးစဉ်အပြီး မေလ ၉ ရက်နေ့တွင် လန်ဒန်တက္ကသိုလ်၌ စကော့တလန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် မူဝါဒပိုင်း ဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို လူအများကြီး ကျေကျေနပ်နပ်ကို လက်ခံတဲ့ နိုင်ငံတွေထဲက တစ်ခုအဖြစ် ပြန်မှတ်တမ်းတင်ဖို့ အကူအညီတွေ လိုပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ အတွက်သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ တွင် ပိုမိုကောင်းမွန်သော လူသားအဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"တက္ကသိုလ်တွေရဲ့ အဆင့်အတန်းက ကျောင်းတက်ခဲ့လို့ နောက်ဆုံးရခဲ့တဲ့ ဘွဲ့ဓာတ်ပုံ တစ်ခုကလွဲရင် ကျန်တာ ဘာမှမရအောင် နိမ့်ကျနေတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။
"ကျောင်းသားဘဝတွေ အမြန်ဆုံး ဆောင်ရွက်ပေးပါ။ လူငယ်တွေတက္ကသိုလ် ဘဝနဲ့ ကင်းကွာနေတာ ဆယ်စုနှစ်ကာလ ထိအောင် ရှိနေပါတယ်။ သူတို့အတွက် အကောင်းဆုံး ပညာရေး အဆင့်အတန်း ကိုသာ ပေးချင်တယ်" ဟု ၄င်းက ဖြည့်စွက်ပြောဆိုသည်။

ပညာရေးစနစ် ပြုပြင်ရေးအတွက် လွတ်လပ်သော ပညာရေး အဖွဲ့အစည်းများ ဖြစ်ပေါ်ရန် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပညာရေး စနစ်မြှင့်တင်ရန် ဖွံ့ဖြိုးရေးစီမံကိန်း ကာလများ ချမှတ်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လေ့လာရေးအဖွဲ့ကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံမှ သွားရောက်သော ဗြိတိန်ခရီးစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကျော်မြတ်တို့ ပါဝင်သည်။

The Voice Weekly
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဗြိတိန်နိုင်ငံတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက် သွားရောက် လေ့လာနေသော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် နောက်ဆုံးနေ့ တွင် ဒေါ်အောင်ဆန်း စုကြည်က ဗြိတိန်တက္ကသိုလ်များကို မြန်မာ့ အဆင့်မြင့်ပညာရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ဗြိတိသျှ ကောင်စီကထုတ်ပြန်ထားသည်။

ယာဉ်တိုက်မှုကြောင့် ၂ ဦး ဒဏ်ရာရ

၉-၅-၂၀၁၃ ရက်နေ့ ၁၉၁၅ အချိန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရာဘာများတင်ဆောင်လာသော မိုင်တိုင်အမှတ်(၁၅/၇-၀)ကြားတွင် မုဒုံမှမော်လမြိုင် သို့ မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်နေ မခင်စန်းဝင်း (၂၉)နှစ် မောင်းနှင်သည့် ရာဘာများတင်ဆောင် လာသော ဏ/xxxx ဟိုင်းလတ်အဖြူရောင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောကျာရှိ လမ်းသွယ်သို့ ရုတ်တရက်ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်မှ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာနေ ရဲအောင်စိုး (၂၁)နှစ် နေသူ စီးနင်းပြီး ကျောက်တစ်လုံးကျေးရွာ၊ ၀င်းစိန်တောရကျောင်းဝင်း၊ ၀တ်ကျောင်းတော်နေ ဥူးစုန္ဒန၊ရ (၃၇)နှစ် (၃)၀ါ (ဖ)ဦးအောင်သန်း ၀င်းစိန်တောရကျောင်းဝင်း ၀တ်ကျောင်းတော် ကျောက် တစ်လုံးကျေးရွာ နေသူလိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်မှ ဟိုင်းလတ်ယာဉ်၏နောက်ပိုင်းအား ၀င်ရောက် တိုက်မိခဲ့သည်။့

ပုဏ္ဍား ကျွန်း မျက်စိဝေဒနာရှင်များအတွက် ရခိုင်မိသားစု တစ်ခုမှ ကျပ်သိန်း ၅၀၀ လှူဒါန်း

Photo: ပုဏ္ဍားကျွန်း မျက်စိဝေဒနာရှင်များအတွက် ရခိုင်မိသားစု တစ်ခုမှ ကျပ်သိန်း ၅၀၀ လှူဒါန်း
Friday, May 10, 2013

ကချင်ပြည်နယ် ဖါးကန့်ဒေသနေ ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့က ပုဏ္ဍားကျွန်းမြို့နယ် မျက်စိဝေဒနာရှင်များ မျက်စိအလင်း ရရှိရေး အတွက် ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

အလှူရှင် မိသားစုမှာ ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျှားရှည်ကျေးရွာ ဇာတိဖြစ်ပြီး ဒေသအတွင်းက မျက်စိကွယ်နေသူများနှင့် မျက်စိ ဝေဒနာရှင်များအား ခွဲစိတ်ကုသမှု ပြူလုပ်နိုင်ရန် အတွက် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့သည် မျက်စိ ဝေဒနာရှင်များ ပုဏ္ဍားကျွန်းမြို့တွင် မေ ၁ ရက်မှ ၄ ရက်အထိ မျက်စိ ကုသ ခွဲစိတ် ကုသစဉ် နေထိုင် စားသောက်စရိတ်များကိုလည်း  လှူဒါန်းခဲ့ကြောင်း သိရသည်။

မေ ၁ ရက်မှ ၄ ရက် အထိ ပြုလုပ်ခဲ့သော ပုဏ္ဍားကျွန်းမြို့ မျက်စိ ခွဲစိတ်ကုသမူတွင် မျက်စိ ဝေဒနာရှင် ၁၉၉၄ ဦးကို စမ်းသပ်ခဲ့ပြီး မျက်စိလူနာ ၃၉၈ ဦးကို ခွဲစိတ်ကုသ နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းပြင်  အထွေထွေ ဝေဒနာရှင်လူနာ ၇၆၁ ဦးနှင့်  အရေပြား  လူနာ ၄၃၄ ဦးတိုးအားလည်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီင်္းတွင် ကုသပေးခဲ့သည်ဟု သိရသည်။

ယခု မျက်စိ ခွဲစိတ် ကုသမူ အစီအစဉ်မှာ မျက်စိအလင်း အလှူကို ပြုလုပ်နေသော တိပိဋကစက္ခုပါလ အဖွဲ့၏ (၁၀)ကြိမ်မြောက် ဖြစ်ပြီး အဆိုပါ အဖွဲ့အား ၁၁ ပါးမြောက် ပိဋကတ်သုံးပုံ အာဂုံဆောင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ရခိုင်ဆရာတော်)  အရှင်ဣန္ဒပါလ ဦးဆောင်သည်ဟု သိရသည်။

ပုဏ္ဍားကျွန်းမြို့တွင် မျက်စိအလင်းလှူပွဲကို မျက်စိပညာရှင် အကျိုးဆောင် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးထွန်းနှင့် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ အရေပြားဆရာဝန် ဒေါက်တာ ဒေါ်ခင်မြလွင်နှင့် အထွေထွေသမားတော် ဆရာဝန်များက  ကုသ ပေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

narinjara

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ

ကချင်ပြည်နယ် ဖါးကန့်ဒေသနေ ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့က ပုဏ္ဍားကျွန်းမြို့နယ် မျက်စိဝေဒနာရှင်များ မျက်စိအလင်း ရရှိရေး အတွက် ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်းတို့တွင် မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်မည်

ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်းတို့တွင် မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်မည်
Friday, May 10, 2013

ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်း စသည့် နေရာသုံးခုတွင် မီးရထားလမ်း ခုံးကျော်တံတားများ ထပ်မံဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ယင်းတံတားများအား ဆောက်လုပ်ရန် ခွင့်ပြုမိန့် ကျထားပြီးဖြစ်ကြောင်း၊ သစ္စာလမ်းပေါ်တွင် ဘောက်ထော်နှင့် ကန်ဘဲ့ဘူတာကြား အနီးတစ်ဝိုက်တွင် လည်းကောင်း၊ ပါရမီလမ်းပေါ်တွင်မူ ပါရမီ(စိန်ဂေဟာ) အကျော် ဗဟိုလမ်းအနီးတွင် လည်းကောင်း၊ ခရေပင်လမ်းတွင်မူ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာ အကြားတွင် လည်းကောင်း မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကားလမ်းများပေါ်တွင် မီးရထားလမ်းများ ခံနေခြင်းကြောင့် မီးရထားလာချိန်တွင် ကားများခေတ္တ ရပ်ထားပြီး အချိန်ကြန့်ကြာမှုအချို့ ရှိနေခြင်းကြောင့် ယင်းနေရာများတွင် မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ တံတားများကို မြန်မာ့မီးရထားမှ ပြုလုပ်သွားမည် ဖြစ်ကာ ရန်ကုန်မြို့တွင် လက်ရှိမီးရထားလမ်း ခုံးကျော်တံတား စုစုပေါင်း ၂၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

Credit To:Eleven Media Group
ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်း စသည့် နေရာသုံးခုတွင် မီးရထားလမ်း ခုံးကျော် တံတားများ ထပ်မံဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် မန်းမြို့မြင်ကွင်းများ

Photo
 မန္တလေး-မေ၉ ယနေ နေ့လည်က မန်းတွင်လေပြင်းများတိုက်ပြီး မိုးသီးများကြွေကျ၍ မိုးသည်း ထန်စွာ ရွာသွန်းခဲသောကြောင့်ကျိုးကျခဲ့သော သစ်ပင်များ၊ပျက်စီးခဲ့သောလမ်းမီးများကိုတာဝန်ရှိသူ များက လိုက်လံ ရှင်းလင်းပြင်ဆင်လျှက်ရှိသည်။
 

၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ် လယ်မြေများပေါ်တွင် မိုးရာသီ၌ စပါးစိုက်မည်

Photo: ၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ် လယ်မြေများပေါ်တွင် မိုးရာသီ၌ စပါးစိုက်မည်
Friday, May 10, 2013

ကြေးနီတောင် စီမံကိန်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော ဆားလင်းကြီးမြို့နယ်ရှိ လယ်မြေများ ပေါ်တွင်
ကျေးရွာ ၈ရွာခန့်မှ လယ်သမားများက ယခုနှစ် မိုးရာသီတွင် မိုးစပါး စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကြေးနီတောင်စီမံကိန်း နယ်မြေထဲတွင် ရောက်ရှိနေကြသော လယ်သမားများပိုင် လယ်မြေများ ပေါ်တွင် လယ်ထွန်ခြင်း ၊ လယ်စောင့်တဲ ဆောက်လုပ်ခြင်းများကို ဒေသဆိုင်ရာ အာဏာပိုင်များမှ တင်းကြပ်စွာ တားမြစ်ထားသော်လည်း ယခုမိုးရာသီတွင် မဖြစ်မနေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆည်တည်းကျေးရွာ မှ လယ်စိုက်သူ ဦးမင်းမင်းကဆိုသည် ။

လယ် ၁၃ ဧကပိုင်ဆိုင်သူ ဦးမင်းမင်း က “ လယ်မြေတွေက စီမံကိန်းထဲ ပါနေတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အတွက် လယ်မြေပေါ်မှာ ထွန်ယက်တာကိုတောင် တားဆီးနေကြတယ် ။ လယ်မစိုက်ရရင် မိသားစု စားဝတ်နေရေးတွေ အခက်အခဲတွေ့ပြီး ကလေးတွေရဲ့ ပညာရေး ၊ ကျန်းမာရေး အခြေအနေတွေ စိုးရိမ်နေရတယ် " ဟု ရှင်းပြသည် ။

ကြေးနီတောင် စီမံကိန်းနယ်မြေ တွင် မြေဧကပေါင်း ၇၈၀၀ ကျော်ပါဝင်နေပြီး မိမိပိုင် လယ်မြေ၊ ယာမြေများ တွင် ထွန်ယက် စိုက်ပျိုးရန်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေဖြစ်၍ လယ်မြေထွန်ယက်ခြင်း ၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့်များ ကို တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင်
ကျေးရွာ မှ ဒေါ်ရီရီမြင့် က ရှင်းပြသည်။ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍

ကြေးနီတောင် စီမံကိန်း နယ်မြေတွင် မြေဧကပေါင်း ၇၈၀၀ကျော် ပါဝင်နေပြီး ပုဒ်မ ၁၄၄ထုတ်ပြန် ထားသည့် နယ်မြေဖြစ်၍ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍ လယ်မြေထွန်ယက်ခြင်း၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့် များကို ဒေသခံအုပ်ချူပ်ရေးမှူးများမှ တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင် ကျေးရွာမှ
ဒေါ်ရီရီမြင့်က ရှင်းပြသည်။

လယ်ယာစိုက်ပျိုးခွင့်ကို ခွင့်ပြုသည် ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ လယ်ယာစိုက်ပျိုးမှုများကို ယခုနှစ် မိုးရာသီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော တောင်သူများက တညီတညွှတ်ထဲ ဆိုကြသည်။

ကြေးနီတောင် စီမံကိန်းမှာ ယခင်စစ်အစိုးရ လက်ထက်တွင် သဘောတူ စာချူပ်ချူပ်ဆိုခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအစိုးရ၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့်စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့မှ ဥပဒေဘောင် အတွင်းမှ မျှမျှတတ ဆောင်ရွက်ပေးသင့်ကြောင်း ဆားလင်းကြီးမြို့နယ် ရှင်မတောင် ဆရာတော် အရှင်က၀ိန်ဒက မိန့်ကြားခဲ့သည်။

လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် လယ်မြေများ သိမ်းခံရသော လယ်သမားများကို လယ်တစ်ဧက လျှင် ၁၅ သိန်းပေးလျော်သော်လည်း လျော်ကြေးငွေမယူသော တောင်သူလယ်သမားလည်း ရှိကြောင်း ဆားလင်းကြီး ကျေးရွာဒေသခံများ ကဆိုသည်။

Mizzima
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ကြေးနီတောင် စီမံကိန်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ်ရှိ လယ်မြေ များ ပေါ် တွင် ကျေးရွာ ၈ရွာခန့်မှ လယ်သမားများက ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

Photo: သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
Thursday, May 9, 2013

သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့ ရောက်ရှိလာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ RCSS/SSA အဖွဲ့မှ အင်အား(၅၀)ဦးခန့်သည် ကချင်နှင့် ရှမ်းနယ် စပ်ဖြစ်သည့် နန့်ခမ်းမြို့နယ်သို့ ရောက်ရှိလျက်ရှိပြီး စခန်းတည်ဆောက်ပြီး ဒေသခံများထံမှ ဆက်ကြေးများ ကောက်ယူလျက်ရှိကြောင်း သိရှိရပြီး ၎င်းအဖွဲ့နှင့် အစိုးရ စစ်ကြောင်းများ နယ်မြေရှင်းလင်းရင်း ထိတွေ့မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တိုက်ပွဲ ဖြစ်ပွားရာတွင် အစိုးရစစ်တပ်မှ (၅)ဦး ဒဏ်ရာရရှိခဲ့ပြီး နန့်ခမ်းဆေးရုံတွင် ကုသလျက်ရှိကြောင်း၊ ဒေသခံ ပြည်သူ (၈၀၀)ဦးခန့် တရုတ်နိုင်ငံ နောင်တောင်းဘက်သို့ ထွက်ပြေးလျက် ရှိပြီး တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း တရုတ်စစ်တပ်မှ အင်အားဖြည့်ဆည်း ထားကြောင်း နန့်ခမ်းဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

၎င်းဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ နယ်လှည့်ရောင်းချနေသော စစ်မှုထမ်းဟောင်း (၄)ဦးအား RCSS/SSA အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ရာမှစတင်ပြီး ၎င်းဒေသတွင် အစိုးရတပ်နှင့် RCSS/SSA အကြား တင်းမာမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ ယခု နန့်ခမ်းဒေသသို့ ရောက်ရှိနေသော RCSS/SSA အဖွဲ့၏ ဌာနချုပ်မှာ ထိုင်းနိုင်ငံ နယ်စပ် လွယ်တိုင်းလျံတွင်ရှိပြီး UWSA “၀” ဒေသ၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် ၀မ်ဟိုင်းအဖွဲ့နှင့် ပလောင်လက်နက်ကိုင်တပ်ဖွဲ့မှ ထိန်းချုပ်ရာ ဒေသများကို ကျော်လွန်ကာ KIA နှင့် ဆက်စပ်နယ်မြေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်သည်။

Shan News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့ ရောက်ရှိလာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

(၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို



Photo: (၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို
Thursday, May 9, 2013

မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော အသက်(၇)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက တောင်းဆို ပြောကြား လိုက်သည်။

“ကလေးက သူ့ကို ပြုကျင့်တဲ့ သူကိုကော နေရာကိုပါ လူကြီးတွေရှေ့မှာ ပြောပြပြီးပြီ။ တရားခံကို ဖမ်းထားပေမယ့် ခုချိန်ထိ ဝန်မခံသေးဘူး။ ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်တယ်”ဟု ပြုကျင့်ခံရသူ ကလေးငယ်၏ မိခင် ဒေါ်မြင့်အေးက ပြောကြားသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ၏ ပြောပြချက်အရ မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီခွဲခန့်တွင် သမီးဖြစ်သူက အိမ်သို့ ငို၍ ပြန်လာကြောင်း၊ မီးရထား လမ်းဘေးတွင် သွားရောက် ဆော့ကစားနေစဉ် လူတစ်ဦးက အိမ်တစ်အိမ်သို့ ခေါ်သွားပြီး ပြုကျင့်ခဲ့သည်ဟု ပြန်လည် ပြောဆိုကြောင်း၊ ကလေးငယ်၏ အောက်ပိုင်းတွင် သွေးများစွာ ထွက်နေသဖြင့် မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သတ်၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ တရားခံဟု သံသယရှိသူ ဦးအောင်မျိုးဦး(၃၅နှစ်)အား (ပ)၃၆၆/၁၃၊ ပြစ်မှုပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ အရေးယူထားခြင်းနှင့် ပတ်သက်၍ ကလေးငယ်၏ အဘိုးတော်စပ်သူ ဦးကြည်စိုးက “အရွယ်မရောက်သေးတဲ့ ကလေးလေးကို ပြုကျင့်တာကိုလည်း (၃၇၆)နဲ့ပဲ စွဲတယ်ဆိုတော့ ဒီထက်ပိုပြီး ပုဒ်မတပ်လို့ မရတော့ဘူးလား သိချင်ပါတယ်။ နောက်နောင် ဒီလိုမျိုး မဖြစ်ပွားအောင် စံပြ အနေနဲ့ဖြစ်ဖြစ် ထိထိရောက်ရောက်လေး အရေးယူပေး စေလိုပါတယ်”ဟု ပြောကြားသည်။

တရားလွှတ်တော် ရှေ့နေဦးကိုနီ၏ ပြောကြားချက်အရ မည်သည့်အသက် အရွယ်ကိုမဆို အဓမ္မ ပြုကျင့်ပါက ပြစ်မှုပုဒ်မ(၃၇၆)ဖြင့်သာ အရေး ယူနိုင်ကြောင်း၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အပေါ် ကျူးလွန်ခြင်း အတွက် သီးခြား ပုဒ်မ မရှိသော်လည်း ပုဒ်မ(၃၇၆)၏ အမြင့်ဆုံး ပြစ်ဒါဏ်ဖြစ်သော ထောင်ဒါဏ် (၁ဝ)နှစ် နှင့် ထောင်ဒါဏ် တစ်သက် တို့အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ထက်နောင်နောင်
ွှThe Myanmar Age

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော အသက်(၇)နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို အမြန်ဆုံး ဖော် ထုတ်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ က တောင်းဆို ပြောကြားလိုက်သည်။

မန်ယူနည်းပြသစ်အဖြစ် အဲဗာတန်နည်းပြ မိုယက်စ်အားခန့်အပ်၊ (၆)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် စတင်တာဝန်ယူမည်

Photo: မန်ယူနည်းပြသစ်အဖြစ် အဲဗာတန်နည်းပြ မိုယက်စ်အားခန့်အပ်၊ (၆)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် စတင်တာဝန်ယူမည်
Friday, May 10, 2013

မန်ယူအသင်းသည် ၀ါရင့်နည်းပြ ဖာဂူဆန် အနားယူသွားပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူးအတွက် အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် နည်းပြသစ်ကို အမြန်ဆုံး အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရေပန်းစားနေသည့်အတိုင်း စကော့တလန်သား တစ်ဦးပင်ဖြစ်သည့် ဒေးဗစ်မိုယက်စ်အား ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုသတင်းကို မန်ယူအသင်း ၀က်ဘ်ဆိုက်တွင် အတည်ပြု ကြေညာခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထည့်သွင်း ဖော်ပြခဲ့ခြင်းမရှိဘဲ (၆) နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် လာမည့်ဇူလိုင် လ(၁)ရက်နေ့တွင် စတင်တာဝန်ယူရမည် ဖြစ်ကြောင်းသာ ပါရှိခဲ့သည်။

မန်ယူအသင်း တာဝန်ရှိသူများသည် ဖာဂူဆန်၏ ထောက်ခံချက်အရ ဒေးဗစ်မိုယက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုအပြောင်းအလဲအတွက် မန်ယူဂန္ထ၀င် ဘော်ဘီချာလ်တန်ကလည်း ထောက်ခံခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူအသင်းသည် အသင်းသမိုင်း တစ်လျောက် ဗြိတိန်နည်းပြများကိုသာ ခန့်အပ်ခဲ့သည့် အသင်းအဖြစ်လည်း ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး မိုယက်စ်မှာ မန်ယူအသင်း၏ (၇) ဦးမြောက် စကော့တလန် နည်းပြဖြစ်လာခဲ့ကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ ဒေးဗစ်မိုယက်စ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖာဂူဆန်က “နည်းပြသစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာ မိုယက်စ်ဟာ အသင့်တော်ဆုံးလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကို ကျွန်တော် ၁၉၉၈ ကတည်းက လက်ထောက်နည်းပြလုပ်ဖို့ ချဉ်းကပ်ခဲ့ ဖူးပါတယ်။ သူဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရည်အသွေးတွေနဲ့ ကိုက်ညီတဲ့ နည်းပြတစ်ဦးဆိုတာ မေးခွန်းထုတ်ဖို့ လိုမယ်မထင်ပါဘူး” ဟု ပြောကြားခဲ့သည်။

မိုယက်စ်ကလည်း “မန်ယူ နည်းပြရာထူးဟာ ကျွန်တော်နဲ့သင့်လျော်တယ်လို့ ဖာဂူဆန်က ထောက်ခံချက် ပေးခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ သူ့လို အကောင်းဆုံး နည်းပြတစ်ဦးရဲ့ ခြေရာကို နင်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးအတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိုယက်စ်က ၎င်းအား လမ်းခွဲခွင့်ပြုခဲ့သည့် အဲဗာတန် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ၊ ပရိသတ်များကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပြီး နောက်ဆုံးလက်ကျန် (၂) ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိအောင် စွမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ အဲဗာတန်အသင်းကို အမြဲအမှတ်ရနေမည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားခဲ့သည်။

ဒေးဗစ်မိုယက်စ်(Factfile)

အမည်အပြည့်အစုံ - ဒေးဗစ်ဝီလီယမ်မိုယက်စ်

မွေးနေ့ - ၂၅-၄-၁၉၆၃(၅၀ နှစ်)

နိုင်ငံ - စကော့တလန်

ကိုင်တွယ်ခဲ့သည့်အသင်းများ - ပရက်စတန်(၁၉၉၈-၂၀၀၂)၊ အဲဗာတန်(၂၀၀၂-၂၀၁၃)

နည်းပြဘ၀အောင်မြင်မှု - အင်္ဂလန်ဒုတိယတန်း ချန်ပီယံ (၁၉၉၉-၂၀၀၀၊ ပရက်စတန်နှင့်)

တစ်ဦးချင်းအောင်မြင်မှု - LMA တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု (၂၀၀၂-၀၃၊ ၂၀၀၄-၀၅၊ ၂၀၀၈-၀၉)


Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မန်ယူအသင်းသည် ၀ါရင့်နည်းပြ ဖာဂူဆန်အနားယူသွားပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူး အတွက် အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။