Monday, April 22, 2013

"အာဆီယံဂီတ ပွဲတော်တွင် အဆိုတော် ဟန်ထူးလွင်(ကျားပေါက်) ၏ Blood Sugar Politik ပါဝင်ဖျော်ဖြေမည်"


Photo: "အာဆီယံဂီတ ပွဲတော်တွင် အဆိုတော် ဟန်ထူးလွင်(ကျားပေါက်) ၏ Blood Sugar Politik ပါဝင်ဖျော်ဖြေမည်"

ဗီယက်နမ်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် CAMA Vietnam တို့စီစဉ်တင်ဆက်သော " Artwork is Work: ASEAN Music Festival " အာဆီယံဂီတဖျော်ဖြေပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၁၁ 
ရက်နေ့၌ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အဆိုတော် ဟန်ထူးလွင်(ကျားပေါက်) က ၎င်း၏ ဂီတအဖွဲ့တစ်ခုဖြစ်သော Blood Sugar Politik အဖွဲ့အနေဖြင့် ပါဝင်ဖြေဖျော်မည်ဖြစ်သည်။ 

ထို အာဆီယံဂီတဖျော်ဖြေပွဲတွင် တခြားအာဆီယံနိုင်ငံများမှ ဂီတအဖွဲ့များလည်း ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ MOLAM INTERNATIONAL အဖွဲ့ ၊ ဗီယက်နန်မှ 18 + အဖွဲ့ နှင့် TBD အဖွဲ့ ၊ 
စင်ကာပူမှ MUON အဖွဲ့ ၊ ဖိလစ်ပိုင်မှ PULSO အဖွဲ့ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။ Z

ဗီယက်နမ်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် CAMA Vietnam တို့စီစဉ်တင်ဆက်သော " Artwork is Work: ASEAN Music Festival " အာဆီယံဂီတဖျော်ဖြေပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၁၁ရက်နေ့၌

Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ

Photo: Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ
Monday ,April22 ,2013

နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့်

အမျှ Market များနှင့် ဆက်စပ်မှုရှိသော အရောင်းဆိုင် များသုံး POS ပစ္စည်းများလည်း ရောင်းအား တက်လာသည်ကို တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Taiwan နိုင်ငံမှ တင်သွင်းသော BIRCH Brand အမည်ဖြင့် POS နှင့် ဆက်စပ် သုံးရသော  Barcode Label Printer, Thermal & Dot Matrix Receipt Printer, Barcode Laser Scanner၊ ယင်းတို့၏ ဆက်စပ်ပစ္စည်း များအား  မှန်ကန်သော ဈေးနှုန်းများဖြင့်   ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း  သိရသည်။

POS ပစ္စည်းများ အနေဖြင့် Gun Type Barcode Scanner တွင် Auto Sensor, Liner Image CCD, Long Range CCD, CCD Scanner များကို လည်းကောင်း၊ Barcode Printer တွင် Barcode Label Printer, Receipt Printer (Doxtmatrix/ Thermal) များကို လည်းကောင်း၊  POS Cash Drawer, 15" Touch Screen USB Hub နှင့် POS Display များကိုလည်း ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Market အရောင်းဆိုင်များတွင် မရှိမဖြစ် ထားရှိရမည့် Digital Video Recorder (DVR) လုံခြုံရေး ကင်မရာ ဖမ်းစက်နှင့် CCTV လုံခြုံရေး ကင်မရာ များကိုလည်း ဆိုင်အ ရောက် လိုက်လံ တပ်ဆင်ကာ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ပျဉ်းမနားမြို့  ဗိုလ်ချုပ် လမ်းမပေါ်ရှိ Smart Computer ဆိုင်များမှ သိရသည်။

 မြ၀တီ
နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့် အမျှ Market များနှင့် ဆက်စပ်မှုရှိသော အရောင်းဆိုင်များသုံး POS ပစ္စည်း များလည်း ရောင်းအား တက်လာသည်ကို တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ”

Photo: “ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ”
Monday ,April22 ,2013

အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိက သံသယတရားခံ ညီအစ်ကို နှစ်ဦးကို ကြိုးကိုင် ကူညီခဲ့သည်ဟု ယူဆရသော အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းကို FBIက ဖြန့်ကျက် လေ့လာနေခြင်း ဖြစ်သည်။

ရဲများက တာမာလန်ဆာနေ့ဗ်နှင့် ဇိုခါဆာနေ့ဗ်တို့ ညီအစ်ကို နှစ်ဦးသည် ပြင်းထန်ဆိုးရွားလှသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် စနစ်တကျ လေ့ကျင့်ပေးခြင်း ခံထားရကြောင်း အလေးအနက် ယုံကြည်ထားသည်။

FBI အေးဂျင့်ပေါင်း (၁၀၀၀)ကျော်တို့သည် တနင်္ဂနွေနေ့ ညပိုင်းက စတင်ကာ ပစ်မှတ်အဖြစ် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်သူများကို ရှာဖွေနေပြီး မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ 

FBIနှင့် နီးစပ်သူ တစ်ဦးက "အဖွဲ့အစည်းအနေနဲ့ ခုကိစ္စကို ဒီညီအစ်ကို နှစ်ယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဘယ်လိုမှ မယုံပါဘူး။ ဖောက်ခွဲခဲ့တဲ့ ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံက အဆင့်အတန်း မြင့်လွန်းတယ်။ ဒီလက်နက်မျိုး ဘယ်လိုလုပ်တယ် ဆိုတာကို Googleကနေတော့ သူတို့ညီအစ်ကို ရှာတွေ့မယ်ပုံ မပေါ်ဘူး"ဟု ပြောကြားခဲ့သည်။

၎င်းကပင် "ပြောရရင် ဖန်တီးမှုက ခေတ်ရှေ့ပြေးလွန်းတယ်။ တစ်ယောက်ယောက်က ဒီကျွမ်းကျင်မှုမျိုးကို သူတို့ညီအစ်ကိုဆီ မျှဝေခဲ့ပုံပဲ။ အေးဂျင့်တွေကတော့ အဖွဲ့ဝင် (၁၂)ယောက် ပါဝင်တဲ့ အဲဒီအဖွဲ့အစည်းဟာ သူတို့လုပ်ဆောင်မယ့် အကြမ်းဖက်ကိစ္စ အထမြောက်လာမယ့် နေ့မျိုးကို နှစ်တော်တော်ကြာအောင် အချိန်ယူ စောင့်ဆိုင်းနေခဲ့တယ်လို့ ယူဆထားတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ 

Planet Myanmar Network
အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိကသံသယတရားခံ

နေ့စဉ်မိုးလေ၀သသတင်း


(၂၀၁၃ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး

Photo: တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး
Monday ,April22 ,2013

တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့မြေငလျှင်ဟာ ပြင်းအား ၇ ရှိပြီး တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းမှာရှိတဲ့ Sichaun ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Sichaun ပြည်နယ်ထဲမှာရှိတဲ့ လူရှန်နဲ့ လောင်မင် မြို့တွေဟာ ငလျှင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး အိမ်ခြေပေါင်း တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက ငလျှင်ဒဏ်ခံခဲ့ရသူတွေကို ကူညီကယ်ဆယ်နေကြပြီး အခုဆိုရင် ငလျှင်ဒဏ်ပြင်းထန်ဆုံးခံခဲ့ရတဲ့ နေရာတွေဖြစ်တဲ့ Baoxing မြို့ကို ရောက်ရှိနေပြီးလို့လည်း သိရပါတယ်။ ငလျှင်ဒဏ်ကြောင့် မြေပြိုတာတွေ လျှပ်စစ်မီးပျက်စီးတာတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက တချို့နေရာတွေကို ခြေလျှင်နဲ့ သွားရောက်ကူညီရတယ်လို့ဆိုပါတယ်။

တရုတ်အစိုးရရုပ်မြင်သံကြားသတင်းက ကူညီကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ အခုဆိုရင် ငလျှင်ဒဏ် အပြင်းထန်ဆုံးခံရတဲ့ Baoxing မြို့ကို ခြေလျှင်နဲ့ရောက်ရှိနေပြီးလို့ ဖော်ပြထားပေမယ့် ဆက်သွယ်ရေးလုပ်ငန်းတွေထိခိုက်ထား တာတွေကြောင့် ပုံတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးလို့ ဆိုပါတယ်။

ကူညီ ကယ်ဆယ်ရေးအတွက် စစ်သားပေါင်း တစ်သောင်းခုနှစ်ထောင်နဲ့ ရဲတွေကိုလည်း ပို့ထားတယ်လို့သိရပါတယ်။

ABC radioaustralia
တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ်


Photo: မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ် 
Monday ,April22 ,2013

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်အောင် ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု လမ်း စ တွေ ဖြစ်ပေါ် ပြီးနောက် နိုင်ငံတကာက မြန်မာနိုင်ငံမှာ တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်နေချိန်မှာပဲ အိန္ဒိယ နိုင်ငံကလည်း ဝင်ရောက် လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ S Ramdorai က ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဟိန္ဒူစတန်ထိုင်းမ်စ် သတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုပါ ကူညီမှာဖြစ်သလို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖာလာစေ့စိုက်ပျိုးမှု တိုးတက်အောင် ပူးပေါင်း လုပ်ဆောင်ကြဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စွမ်းရည်ဖွံ့ဖြိုးမှုလုပ်ငန်း လုပ်နိုင်ဖို့အတွက် အိန္ဒိယ-မြန်မာ စက်မှုဆိုင်ရာ သင်တန်းစင်တာကို ပုခုက္ကူမြို့မှာ ဖွင့်လှစ်ပြီး မြင်းခြံမြို့မှာလည်း ဖွင့်လှစ်ဖို့ ရှိကြောင်းသိရပါတယ်။

အဲ့ဒါ့အပြင် အင်္ဂလိပ်စာသင်တန်းကျောင်းတွေ၊ ကွန်ပြုတာဆိုင်ရာစင်တာတွေလည်း ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ပေးတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

ABC radioaustralia
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်   အောင် ကူညီဆောင်ရွက်သွားမယ် လို့ သိရပါတယ်။

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှု သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချ

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှု သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချ
Monday ,April22 ,2013 

တွင်းတူးစင်နှင့် ပလက်ဖောင်းများ ပြုပြင်ခဲ့ရသည့် ရတနာစီမံကိန်းကို တွေ့ရစဉ်မြန်မာနိုင်ငံ၏ အဓိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုဖြစ်သော ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှုမှာ သတ်မှတ်ရက်ထက် တစ်ရက်ကြိုတင်ပြီးစီး၍ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဧပြီလ ၁၂ ရက်မှ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချနေကြောင်း ထိုင်းအခြေစိုက် www. pattaya mail.com ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်း PTT ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Pailin Chuchottaworn က “မြန်မာရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုက သတ်မှတ်ရက်ထက် တစ်ရက်စောပြီး ဧပြီလ ၁၂ ရက်နေ့ ကတည်းက ပြန်လည်တင်ပို့ ပေးနေပါပြီ။ အခုလက်ရှိမှာ ထိုင်းနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ စက်ရုံများနဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား စက်ရုံတွေက မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေကို အရင်လိုပဲ ပြန်လည်ရယူနေပါပြီ။ PTT အနေနဲ့က မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု အခြေအနေ ပုံမှန်အတိုင်း ရောက်ရှိတဲ့အထိ ဆက်လက်စောင့်ကြည့် သွားမှာပါ” ဟု ပြောသည်။

အဆိုပါ ရတနာ သဘာဝဓာတ်ငွေ့သိုက်၏ ထုတ်လုပ်မှု သက်တမ်းမှာ ၁၅ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၅၁ ရာခိုင်နှုန်း ထုတ်ယူပြီးလည်း ဖြစ်သည်။ အဆိုပါ သဘာဝဓာတ်ငွေ့သိုက် ခိုအောင်းရာ ထုံးကျောက်လွှာများနှင့် ဆက်စပ်နေသည့် အပေါ်မြေလွှာများ နိမ့်ကျလာကြောင်းနှင့် ထိုသို့ နိမ့်ကျမှုကြောင့် တွင်းတူးစင်နှင့် ပလက်ဖောင်းများ နိမ့်ဆင်းမှုကြောင့် ယခုလို ပြန်လည်ပြုပြင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာ စီမံကိန်း ပြုပြင်မှုကာလအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၅ သန်းခန့် လျော့နည်းခဲ့ပြီး နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံများ၊ စက်မှုဇုန်များ၊ အကြီးစား စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ရပ်တန့်ခဲ့ရသည်။

ရတနာစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ၁၉၉၈ ခုနှစ် ကတည်းက ၃၆ လက်မ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချခဲ့ပြီး လာမည့် ၂၀၂၈ ခုနှစ်အထိ ရောင်းချနိုင်ရန် စာချုပ်ချုပ်ဆို ထားခဲ့သည်။

Eleven Media Group

တွင်းတူးစင်နှင့် ပလက်ဖောင်းများ ပြုပြင်ခဲ့ရသည့် ရတနာစီမံကိန်းကို တွေ့ရစဉ်မြန်မာနိုင်ငံ၏ အဓိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုဖြစ်သော ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှုမှာ သတ်မှတ် ရက်ထက် တစ်ရက်ကြိုတင်ပြီးစီး၍ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဧပြီလ ၁၂ ရက်မှ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချနေကြောင်း ထိုင်းအခြေစိုက် www. pattaya mail.com ၏ ဖော်ပြချက်အရ သိရသည်။

ဘုရားစေတီပုံပါသော ထမီပိတ်စများရောင်းသည့် ယုဇနပလာဇာမှ မေခလာသိန်း(သမီး)အထည်ဆိုင်ကိုအမှုဖွင့်ထား

Photo: ဘုရားစေတီပုံပါသော ထမီပိတ်စများရောင်းသည့် ယုဇနပလာဇာမှ မေခလာသိန်း(သမီး)အထည်ဆိုင်ကိုအမှုဖွင့်ထား
Monday ,April22 ,2013

ဘုရားစေတီပုံများပါရှိသော  ထမီပိတ်စများအား ယုဇနပလာဇာ  ရှိမေခလာသိန်း (သမီး) အထည် မျိုးစုံလက်လီလက်ကားရောင်းဝယ်  ရေးဆိုင်တွင် တွေ့ရှိ၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းက သာသနာ ငြိုးနွယ်စေမှုဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ်နေ မဥမ္မာ   နှင့် သူငယ်ချင်းများသည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ယုဇနပလာဇာရှိမေခလာသိန်း (သမီး) အထည်မျိုးစုံလက်လီလက်  ကားရောင်းဝယ်ရေးဆိုင်တွင် ထမီ ပိတ်စများကြည့်နေစဉ်အရောင်း မိန်းကလေးတစ်ယောက်မှ ဘုရား စေတီပုံများပါရှိသော ပိတ်စအား တစ်ထည်လျှင် ၃၅၀၀ ဖြင့် ရောင်းချ၍ မဥမ္မာမှ တစ်ထည် ၀ယ်ယူခဲ့ကာရင်းနှီးသူကိုအောင် ငြိမ်းကျော်နှင့် ကိုဝင်းကြိုင်တို့အား  ပြသရာကိုဝင်းကြိုင်နှင့် တိုဟောင် ငြိမ်းကျော်တို့မှ မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ဘုရားစေတီပုံများပါရှိသော  ထမီးပိတ်စနှစ်ထည်ဝယ်ယူ၍ မင်္ဂလာတောင်ညွန့်ရဲစခန်းသို့သွား ရောက်တိုင်ကြားရာရဲစခန်းမှ သက်သေခံပစ္စည်းကအဖြစ် ထမီ  ပိတ်စနှင့် ဟောင်များအား သိမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းနောက်မြို့နယ်မှူး စခန်း မှူးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ  မဥမ္မာကိုဝင်းကြိုင်ကိုအောင်ငြိမ်း ကျော်တို့သည်မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရာ မတွေ့ရှိ၍ မဥမ္မာမှ ဆိုင်ထဲသို့ဝင် ရောက်ပြီး ရှာဖွေတော့မှ ဘုရား စေတီပုံများပါရှိသော ထမီ (၇) ထည်အား ထပ်မံတွေ့ရှိကြောင်း သိရှိရသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ မဥမ္မာကိုအောင်ငြိမ်းကျော်၊ ကိုဝင်းကြိုင်တို့မှ ဆရာတော်ဦးဝီ ရသူထံဖုန်းဆက်လျှောက်ထားရာ မှ ဆရာတော်မှ ရန်ကုန်ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ်တွင်ရှိသော  ဆရာတော်ဦးကေသရနှင့် ဦးပါမောက္ခတို့ထံသို့သွားရောက် လျှောက်ထားခိုင်းရာမှဦးကေသရ နှင့် ဆရာတော် (၇) ပါး (ယောင်္ကျား+ မိန်းမ) (၁၀) ယောက်တို့သည်။ မင်္ဂလာတောင် ညွန့်ရဲစခန်းသို့ ၁၄.၄.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး မြို့နယ်မှူးစခန်းမှူးတို့နှင့် တွေ့ဆုံ ၍ အကြိုအကြောင်းမေးမြန်ရာ မြို့နယ်မှူးမှ တမင်ရည်ရွယ်ချက် နဲ့ လုပ်တာမဟုတ်ကြောင်း လျှောက်ထားရာဆရာတော်ဦးကေ သရမှ မြို့နယ်မှူးလျှောက်ထား သော စကားအားလက်မခံကြောင်း  မနောကံဆိုကာဘုရားမှတစ်ပါး ကြိုမသိကြောင်း ဒီစကားကိုလက် မခံကြောင်း ပြောကြား၍ ဆက်လက်ပြီး မြို့နယ်မှူးမှ ထမီ စတွင် ဘုရားစေတီပုံများပါရှိပြီး ရောင်းချခြင်းမှာဘယ်သူမှာ နစ်နာ  သွားသလဲဟုပြောကြားခြင်းကြောင့်  ဆရာတော် (၇) ပါးနှင့် လူပုဂ်္ဂိုလ်  (၁၀) ယောက်မှ မကျေမနပ်ဖြစ် နေ၍ ထေရ၀ါဒဓမ္မကုန်ရက်ဥပဒေ  ရေးရာအကြံပေးဦးအေးပိုင်မှ ဥပဒေအရပြုလုပ်ရန်ဆရာတော် များအားလျှောက်ထားပြီး ပြန်လာ  ခဲ့ကြောင်း ဆရာတော်နှင့် ထေရ ၀ါဒဓမ္မကုန်ရန်ဥပဒေရေးရာအကြံ ပေးဦးအေးပိုင်တို့မှပြောကြား၍ သိရှိရသည်။
ဆက်လက်၍ဆရာတော် ဦးကေသရမှမိန့်ကြားရာတွင် ဘုရားစေတီပုံများပါရှိသော ထမီ တစ်ကွင်းတွင်အပေါ်နားတွင် စေတီရဆူပါရှိပြီး ဟောက်နားတွင်  စေတီ (၇) ဆူပါရှိကြောင်း အပြာ ရောင်ခံဘုရားစေတီပုံများပါရှိသော  ထမီးစအားဗန်မော်ဆရာတော် သို့သိရှိရန်အတွက် ဆက်ကပ်ခဲ့ ကြောင်း မိန့်ကြား၍သိရှိရသည်။
အဆိုပါဖြစ်စဉ်မှာ ၁၁.၄. ၂၀၁၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ သော်လည်း ရဲစခန်းမှအမှုဖွင့် အရေးယူခြင်းမရှိပဲ။ ၁၄.၄.၂၀၁၃ ရက်နေ့ကြမှ မေခလာသိန်း (သမီး) ဆိုင်ပိုင်ရှင်ကျော်လှိုင်သိန်း အား (ပ) ၂၅၆/၁၃ ပုဒ်မ ၂၉၅ ဖြင့် ရဲမှတရားလိုပြုလုပ်၍ အမှု ဖွင့်ထားကြောင်း အမှုစစ်မှာစခန်း မှူးသက်နိုင်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးဝင်းအောင်နီမှပြောပြ ၍ သိရသည်။
ရဲစခန်းမှသက်သေအဖြစ် သိမ်းဆည်းထားသော ပိတ်စများ  မှာ ထမီးရသည်စာအသင့်ဖြတ် တောက်ပီးဖြစ်သော ပိတ်စများ  ဖြစ်ကြောင်း သိရသည်။
 
အရိန္ဒမာ (ဘိုကလေး)
HotNewsWeekly

ဘုရားစေတီပုံများပါရှိသော ထမီပိတ်စများအား ယုဇနပလာဇာ ရှိမေခလာသိန်း (သမီး) အထည် မျိုးစုံလက်လီ လက်ကားရောင်းဝယ် ရေးဆိုင်တွင် တွေ့ရှိ၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းက သာသနာ ငြိုးနွယ်စေမှုဖြင့် အမှု ဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်ငလျင် သေဆုံးသူ ၂၀၃ ဦး၊ ဒဏ်ရာရရှိသူ သောင်းကျော်ရှိ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၌ ဧပြီ ၂၀ ရက်က လှုပ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂၀၃ ဦး ရှိသွားပြီဖြစ်ကြောင်း တရုတ် တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါငလျင်ကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူ သို့မဟုတ် ပျောက်ဆုံးသူ ၁၁၅၀၀ ရှိကြောင်း၊ ပြိုကျအဆောက်အအုံများကြားမှ ထိခိုက်

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ကူညီမည်ဟု G-8 ပြောကြား

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများအဖွဲ့ (G-8) က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်း လဲ ရေးများကို ဆက်လက်ကူညီမည်ဟု အဆိုပါနိုင်ငံ များမှ နိုင်ငံခြားရေး ဝန်ကြီးများက လန်ဒန်မြို့ တွင် တွေ့ဆုံဆွေးနွေးအပြီး ပြောကြားခဲ့သည်။ G-8 နိုင်ငံခြားရေး ဝန်ကြီးများသည် လန်ဒန်မြို့တွင် ဧပြီလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် ကမ္ဘာ့ငြိမ်းချမ်းရေး ၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့ကို ခြိမ်းခြောက်နေသည့် နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည်

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ သို့ရာတွင် တက်ရောက်မည့် ရက်အတိအကျကိုမူ ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘန်ကာဝန်၌ ဧပြီလ ၂၄၊ ၂၅ ရက်များတွင် ကျင်းပသွားရန် ရှိသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံကြား

ရပ်ကွက်ထဲကနေရာလွတ်တွေ





၁၉၅၀ ၀န်းကျင်လောက်က မြောက်ဥက္ကလာ၊ တောင်ဥက္ကလာသာကေတ ဒေါပုံအစရှိတဲ့ မြို့သစ်တွေကို တိုးချဲ့ခဲ့ကြ  တယ်။ မြို့သစ်တွေမှာ နေရာလွတ်တော်  တော်များများကိုထားခဲ့ကြတယ်။ စာရေး သူလေ့လာသိရှိသလောက်မြေကွက်လွတ်   တွေကတော့ မီးတားလမ်း၊ စည်ပင်လမ်း ကြား၊ ရေလျှံကွင်း၊ ကစားကွင်းသမ၀ါယ မဆိုင်များနဲ့ အစိုးရအရက်ဆိုင်နေရာများ  ဖြစ်ကြပါတယ်။ ဒါအပြင်မီးသတ်ကန်များ

စပါးကို အရေး နိမ့်သွားခဲ့ပုံမှာ မယုံနိုင်လောက်စရာဟု မန်စီးတီး မန်နေဂျာ မန်စီနီ ဝန်ခံ

စပါးကို အရေး နိမ့်သွားခဲ့ပုံမှာ မယုံနိုင်လောက်စရာဟု မန်စီးတီး မန်နေဂျာ မန်စီနီ ဝန်ခံ  
Monday ,April22 ,2013

မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက တော့တင်ဟမ် ဟော့စပါးကို အရေး နိမ့်ခဲ့သည့် ပွဲစဉ်ရလဒ် အတွက် ယုံနိုင်စရာ မရှိအောင် အံ့ဩမိကြောင်း ညည်းတွားခဲ့သည်။


အီတလီသား မန်နေဂျာကြီး၏ အသင်းသည် ဝှိုက်ဟတ်လိန်းတွင် စောစီးစွာ ဦးဆောင်ဂိုး ရခဲ့သလို အိမ်ရှင်အပေါ် အကောင်းဆုံး တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း (၇၅)မိနစ် နောက်ပိုင်းတွင် (၃)ဂိုးဆက်တိုက် ပေးရပြီး (၃-၁)ဖြင့် ရှုံးနိမ့် သွားသည်။ မန်စီးတီးသည် ယခုပွဲ အရှုံး ရလဒ်ကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ရေး မျှော်လင့်ချက်မှာလည်း ဆုံးခန်း တိုင်သလောက် ဖြစ်လာခဲ့သည်။ မန်စီနီက ယခုရလဒ် အတွက် အံ့ဩ စိတ်ရှုပ်ရကြောင်း ဝန်ခံ ပြောကြားသွားသည်။



"ဒီပွဲမျိုးကို ကျွန်တော်တို့ ရှုံးတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲချိန် မိနစ်(၈၀)လောက်မှာ ကျွန်တော်တို့ အသင်းက ပွဲကို စိတ်ကြိုက် ထိန်းချုပ်ထားနိုင်တာကြောင့်ပါ။ မန်စီးတီး အနေနဲ့ ဂိုးသွင်းဖို့ အခွင့်အလမ်းတွေလည်း အများကြီး ရခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ။ ပွဲရလဒ်ကို ပြတ်သားအောင် မစွမ်းဆောင်နိုင်ဘူး ဆိုရင် ခုလို အခြေအနေတွေ ကြုံရတတ်တာ ဓမ္မတာပါပဲ" ဟု မန်စီနီက မှတ်ချက်ပြုသွားသည်။ မန်စီနီက ယခုအခါ မန်ချက်စတာ ယူနိုက်တက် အသင်းသည် ချန်ပီယံဖြစ်ရန် သေချာ နေပြီဟုလည်း ပြောကြားခဲ့သည်။

ဒီပွဲမျိုးကို ကျွန်တော်တို့ ရှုံးတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲချိန် မိနစ်(၈၀)လောက်မှာ ကျွန်တော်တို့ အသင်းက ပွဲကို စိတ်ကြိုက် ထိန်းချုပ်ထားနိုင်တာကြောင့်ပါ။ မန်စီးတီး အနေနဲ့ ဂိုးသွင်းဖို့ အခွင့်အလမ်းတွေလည်း အများကြီး ရခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ။ ပွဲရလဒ်ကို ပြတ်သားအောင် မစွမ်းဆောင်နိုင်ဘူး ဆိုရင် ခုလို အခြေအနေတွေ ကြုံရတတ်တာ ဓမ္မတာပါပဲ...
"တကယ်တော့လည်း ချန်ပီယံ လုပွဲက လွန်ခဲ့တဲ့ (၃)ပတ်၊ (၄)ပတ်လောက် ကတည်းက ပြီးနှင့်နေပါပြီ။ မန်ယူဟာ ချန်ပီယံဆုနဲ့လည်း ထိုက်တန်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ အသင်းထက် ပိုကောင်းတယ်လို့ မပြောဘူးနော်။ ဒါပေမဲ့ ချန်ပီယံဆုနဲ့တော့ ပိုထိုက်တန်တယ်။ ကျွန်တော်တို့က မရှုံးသင့်တဲ့ ပွဲစဉ်တွေ ရှုံးခဲ့တယ်။ မဖြုန်းသင့်တဲ့ အမှတ်တွေ ဖြုန်းခဲ့တယ်။ မန်ယူက ပွဲဆက် အနိုင် ကစားပြတာတွေ အများကြီးပဲ။ ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ချန်ပီယံ ဆုနဲ့ ထိုက်တန်ပါတယ်" ဟု မန်စီနီက သုံးသပ်သွားသည်။
Ref: Sky Sports

myanmar soccer

မန်ချက်စတာစီးတီးမန်နေဂျာ ရောဘတ်တို မန်စီနီက တော့တင်ဟမ် ဟော့စပါးကို အရေးနိမ့်ခဲ့သည့် ပွဲစဉ်ရလဒ်အတွက် ယုံနိုင်စရာ မရှိအောင် အံ့ဩမိကြောင်း ညည်းတွားခဲ့သည်။

"သံဗူး အချိုရည်/ဘီယာ များကို မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ မော့ မသောက်သင့်"

"သံဗူး အချိုရည်/ဘီယာ များကို မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ မော့ မသောက်သင့်"

Leptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက တနင်္ဂနွေအားလပ်ရက်မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ (အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာတစ်ယောက် ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။ ဘာကြာင့်ဖြစ်တာလဲဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေကိုသောက်မိတာကြောင့်ပါ။Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့်ဘဲ မော့သောက်ခဲ့တာပါ။
အဖျော်ယမကာများဈေးကွက်ထဲဖြန့် ဖြူးရောင်းချခြင်းမပြုမှီ stock မှာသိုလှောင်သိမ်းဆည်းထားလေ့ရှိပါတယ်။ ကြွက်များဖြတ်လျှောက်သွားရုံသာမက ကြွက်သေးများပါရှိနေတတ်ပါတယ်။
ဒါကြောင့် အဖျော်ယမကာသံဗူး တွေသောက်တဲ့အခါ သံဗူး မျက်နှာကိုပြန်သန့် စင်ဖို့ မမေ့နဲ့ နော် :)
(Credit to Myanmar Pharmaceuticals - ဆေးဝါးဆိုင်ရာသတင်းဆောင်းပါး)
Ref: Internet
Leptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ် ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက တနင်္ဂနွေ အားလပ်ရက် မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ (အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာ တစ်ယောက်ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။ ဘာကြာင့်ဖြစ်တာလဲ ဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေကိုသောက် မိ တာကြောင့်ပါ။Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့် ဘဲ မော့သောက်ခဲ့တာပါ။

ဟန်းဆက်မျိုးစုံ အပြိုင် ရောင်းချရန် ပြင်ဆင်

ပြည်သူများထံသို့ မကြာမီရက်အတွင်း တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်း Sim Card များကို တစ်ကတ် လျှင် ငွေ ကျပ် ၁၅ဝဝ နှုန်းဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချပေးတော့မည် ဖြစ်ရာ ရခိုင်ပြည် နယ် စစ်တွေမြို့ရှိ အီလက် ထရွန်နစ်ပစ္စည်း အရောင်းဆိုင် များတွင် ဟန်းဆက်မျိုးစုံကို အပြိုင် အဆိုင် ရောင်းချ ရန် ပြင်ဆင်လျက်ရှိသည်။

၁၅ဝဝ တန် ဖုန်းငွေ ဖြည့်ကတ်များ မည်သည့် နေရာတွင် မဆိုဝယ်ယူနိုင်

ငွေကျပ် ၁၅ဝဝ တန် CDMA-800 MHz ဖုန်းဆင်းကတ်များကို တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီး၏ စီစဉ်မှုဖြင့် ဧပြီ ၂၄ ရက်၌ ပထမ အသုတ်ရောင်းချ ပေးတော့ မည်ဖြစ်သည်။

မိတ္ထီလာ ပဋိပက္ခကြောင့် ခေတ္တပိတ်ခဲ့သည့် တက္ကသိုလ်များ မေလဆန်း၌ ပြန်ဖွင့်မည်ဖြစ်ပြီး ရပ်နားထားသော တက္ကသိုလ် စာမေးပွဲများကို ပြန်လည်စစ်ဆေးမည်

4.21.2
နည်းပညာ တက္ကသိုလ် (မိတ္ထီလာ) အား ဧပြီလ ၁၉ ရက်က တွေ့ရစဉ်
မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များကြောင့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်များကို မတ်လ ၂၂ ရက်တွင် စတင်ပိတ်ထားခဲ့ရာမှ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်၊ မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ်တို့ကို ယခု မေလဆန်းပိုင်း၌ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ရှိ

Photo: ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ရှိ
Monday ,April22 ,2013

"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသည HIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ်များကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ်ရာတွင် ပျားအဆိပ်သည် အရေးပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများ ဖြစ်အောင် သိပ္ပံ ပညာရှင်များက ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေဆုံးခဲ့သည်ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုးသမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက်တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြား ခဲ့သည်။

HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ်ကို အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ် ပိုးများ မျိုးပွားခြင်းကို ဟန့်တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက်ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည်ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။ ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်သော နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

Myawady news

"melittin" အမည်ရှိ ပျားအဆိပ်တစ်မျိုးသည် HIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်းကျင်ရှိ အခြားဆဲလ်များကို ထိခိုက်စေခြင်းမရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ဘော်စတွန် ဗုံးဖောက်ခွဲမှု သံသယရှိသူမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေ

ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲမှုအတွက် ဒုတိယမြောက် သံသယရှိသူ Dzhokhar Tsarnaev သည် ဒဏ်ရာရရှိလျက် အဖမ်းခံရပြီးနောက် ဆေးရုံတက်နေရကာ ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်သော မေးခွန်းများကို မဖြေနိုင်သည်အထိ အခြေအနေဆိုးရွားနေကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ကော်ပီစနစ်တကျလုပ်ကြပါစို့

ဆရာကြီးပီမိုးနင်း ၁၉၃၀ခုလောက်က ရေးခဲ့သည်။ မြန်မာပြည်တွင် လေထဲတွင်ပျံမည့်လေယာဉ်ပျံသန်းဖို့ တီထွင်နေသည်ဟု သတင်းဖတ်လိုက်ရသောကြောင့်၊ စိတ်ပျက်မိကြောင်း၊ သူများနိုင်ငံများတွင် လေယာဉ်ကို ဥဒဟိုမောင်းနှင်နေပြီဖြစ်ရာ ထိုလေယာဉ်ကိုဝယ်ယူပြီး၊ ပြည်တွင်းတွင်အသုံးချရမည့်အစား အချိန်ကုန်၊ ငွေကုန်ခံပြီး လေယာဉ်ကို အစမှစတင်တီထွင်နေသော မြန်မာ့နည်းမြန်မာ့ဟန်အကြောင်း ဖြစ်သည်။ ဆရာကြီးပီမိုးနင်း၏ တိုးတက်ရေး Attitude

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ
Monday ,April22 ,2013

  
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ကူညီလာနိုင်အောင်လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာမိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲ အခြေအနေတွေအပေါ်မှာလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က UN Plaza မှာ အမေရိကန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ် ဦးထွန်းထွန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့် တို့နဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေအပေါ် အစိုးရ၀န်ကြီးတွေဘက်ကလည်း ရှင်းလင်းတင်ပြခဲ့သလို၊ တက်ရောက်လာသူ မြန်မာမိသားစုတွေကလည်း ဆောင်ရွက်သင့်တာတွေနဲ့ပတ်သက်လို့ အကြံပြု တင်ပြခဲ့ကြတာပါ။ ဒါ့အပြင် နယူးယောက် ကိုလံဘီယာတက္ကသိုလ်က မြန်မာကျောင်းသူကျောင်းသားတွေလည်း လာရောက်ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ဖို့အရေး ဆွေးနွေးမေးမြန်းခဲ့ကြတယ်လို့ ၀န်ကြီး ဦးအောင်မင်းတို့နဲ့ အတူလိုက်ပါလာသူ  ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိက ကတော့ အစိုးရဘက် ၀န်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ကိစ္စတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေဘက်က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီးတော့ ဒီဘက်က မြန်မာအသိုင်းအ၀ိုင်းဘက်ကလည်း လူငယ်အများစုကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ဆန္ဒနဲ့ ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာတက္ကသိုလ်မှာ တက်နေတဲ့ မြန်မာကျောင်းသား ၁၀ ယောက်ကျော်လောက် သူတို့ အုပ်စုလိုက်လာပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ လူငယ်တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသားလူငယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ၀န်ကြီးအနေနဲ့ အားလုံးကို သဘောတူတယ်။ သူလည်း အတတ်နိုင်ဆုံး ၀ိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ်ပေါ့နော်။”

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ဗီဇာကိစ္စ၊ နိုင်ငံသားရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာသူ မြန်မာမိသားစုတွေ မေးမြန်းရာမှာတော့  လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်တို့က အဓိက ဖြေကြားခဲ့ကြတယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

“၀န်ကြီးတွေကတော့ ဗီဇာနဲ့ နိုင်ငံသားရေးရာ ကိစ္စတွေ အဲဒါတွေကိုပြောတာများပါတယ်။ ကျနော်တို့ အမေရိကန်ကိုရောက်နေတဲ့ တချို့လူတွေကျတော့လည်း တခြားနိုင်ငံသားအဖြစ် ခံယူထားတာတို့၊ Green Card ရှိတာတို့၊ မြန်မာပက်စ်ပို့စ်စာအုပ် သက်တမ်းကျော်တဲ့ကိစ္စတို့။ နောက်ပြီးတော့ ဗီဇာနဲ့ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စမျိုး၊ လွယ်အောင်လုပ်တဲ့ ကိစ္စမျိုး အပါအ၀င်၊ အဲဒါမျိုးတွေက ပိုများပါတယ်။ အဲဒါကတော့ ၀န်ကြီးဦးခင်ရီက အဓိကနဲ့ သံအမတ်ကြီးက ဖြေပါတယ်။ အဲဒီတော့ သူတို့ရဲ့ လိုအပ်ချက်တွေအပေါ်မှာ ကျနော်တို့ ဥပဒေနဲ့အညီပေါ့နော် ဆောင်ရွက်ပေးနိုင်တဲ့ကိစ္စတွေ၊ သူတို့ထောက်ပြတာကိုလည်း ကျနော်တို့အနေနဲ့ ၀န်ကြီးတွေနဲ့ ကြိုးစားပြီးဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးသွားကြတယ်။”

အမေရိကန်စံတော်ချိန် နေ့ခင်း ၁ နာရီခွဲကနေ ၄ နာရီအထိ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို နယူးယောက်မှာရှိတဲ့ မြန်မာတွေ တော်တော်များများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နယူးယောက်ခ်က UN Plaza မှာ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ နယူးယောက်က မြန်မာတွေ တွေ့ဆုံနေစဉ် အပြင်ဘက်မှာလည်း မြန်မာနိုင်ငံသား ၂၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။
Eleven Media Group

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ကူညီလာနိုင်အောင်လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဝန်ကြီး ဦးအောင်မင်း

တရုတ်သံရုံးမှ ငြင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်ကန့်ကွက်၍ဖြစ်ကြောင်း မြန်မာအစိုးရ ၀န်ခံ

တရုတ်အစိုးရမှ ကန့်ကွက်၍ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်အစိုးရမှ ကန့်ကွက်၍ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။

Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ

 
Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက်ဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့လည်း စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲအရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက်မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ်လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊
 
အခင်းဖြစ်တဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေနဲ့ ပြန့်ကြဲနေခဲ့ပြီး Tsarnaev ညီအစ်ကို ခိုးသွားတယ်ဆိုတဲ့ကားထဲမှာ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်း တခုကို ရဲကရှာတွေ့တယ်လို့ ရဲမှူးကြီးကပြောပါတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့မှုအတွင်း အသက် ၂၆ နှစ်အရွယ် Tamerlan သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူ့ညီ Dzhokhar ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် Dzhokhar ဟာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဆေးကုသခံနေရဆဲဖြစ်ပါတယ်။ ဒဏ်ရာနဲ့ ဆေးအရှိန်တွေကြောင့် လောလောဆယ် စကားပြောနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ သူ့ကုတ်ပိုးနဲ့ လည်ပင်းတဝိုက်မှာ သေနတ်ဒဏ်ရာတခု ရထားတယ်လို့ ဘော်စတွန်မြို့တော်ဝန် Thomas Menino က ABC ရုပ်သံကိုပြောခဲ့ပါတယ်။
 
ဒီဒဏ်ရာဟာ သူ့ဖာသာသူလုပ်လို့ရတဲ့ ဒဏ်ရာဖြစ်ကောင်းဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ Dzhokhar Tsarnaev ရဲ့ အခြေအနေတိုးတက်လာရင် မေးမြန်းစစ်ဆေးဖို့ FBI အကြမ်းဖက်မှုတန်ပြန်ရေး အထူးကျွမ်းကျင်သူတယောက်က အသင့်ရှိနေပါတယ်။ 

http://burmese.voanews.com/content/boston-bombing-04-21-13/1646091.html
ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက် ဟာ နောက်ထပ် တိုက်ခိုက်မှုတွေလုပ်ဖို့လည်း စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲ အရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက်မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ် လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ် မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊

အမေရိကန်လူ့အခွင့်အရေးချိုးဖောက်ဟု တရုတ်ဝေဖန်

  အမေရိကန်လူ့အခွင့်အရေးချိုးဖောက်ဟု တရုတ်ဝေဖန် 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

အမေရိကန်ပြည်ထောင်စုဟာ ကိုယ့်နိုင်ငံသားတွေကို ကိုယ်ပြန်ထောက်လှမ်းနေ သလို အမျိုးသမီးတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လုပ်နေရုံသာမက သေနတ်ကိုင်ဆောင်ခွင့်ကို မထိန်းချုပ်နိုင်ဘဲ ရာဇ၀တ်ပြစ်မှုတွေ ကျုးလွန်ခွင့်ပြုထားတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။
 
အမေရိကန်အစိုးရက တရုတ်အစိုးရရဲ့ လူ့အခွင်အ့ရေး ချိုးဖောက်မှုတွေအတွက် ဝေဖန်တာကို တရုတ်အစိုးရက တနင်္ဂနွေနေ့မှာ အခုလို တုံ့ပြန်လိုက်တာပါ။
 
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ နိုင်ငံရေးဆိုင်ရာ အလှူငွေလက်ခံပြီး နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ပျက်စီးစေတဲ့အပြင် ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေလည်း တိုးလာတာ တွေ့ရတယ်လို့ တရုတ်အစိုးရနိုင်ငံတော်ကောင်စီ ၀န်ကြီးများအဖွဲ့ရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာကို Xinghua သတင်းက ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်တွေရဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ ဆင်နွှဲတဲ့ စစ်ပွဲတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
 
တရုတ်အစိုးရရဲ့ ဒီအစီရင်ခံစာဟာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စစ်ဆေးတွေ့ရှိချက် နှစ်ပတ်လည် စာတမ်းထုတ်ပြန်ခဲ့တာကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။   အမေရိကန်အစိုးရရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ စာတမ်းထဲမှာ တရုတ်နိုင်ငံမှာ အစိုးရက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပုံမှန်ခြိမ်းခြောက် အကြပ်ကိုင်နေတာနဲ့အတူ  ဖိနှိပ်ညှင်းပမ်းမှုတွေ အရင်အတိုင်းပဲ ရှိနေသေးတယ်လို့ ပြောကြားခဲ့တာပါ။
 
တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ဆက်နွယ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

http://burmese.voanews.com/content/china-us-rights-04-21-13/1645929.html
အမေရိကန်ပြည်ထောင်စုဟာ ကိုယ့်နိုင်ငံသားတွေကို ကိုယ်ပြန်ထောက်လှမ်းနေ သလို အမျိုးသမီးတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လုပ်နေရုံသာမက သေနတ်ကိုင်ဆောင်ခွင့်ကို မထိန်း ချုပ်နိုင်ဘဲ ရာဇ၀တ်ပြစ်မှုတွေ ကျုးလွန်ခွင့်ပြုထားတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။

ဆိုရှယ်လစ် ဘောဂဗေဒ အငွေ့အသက်မကုန်သည့် ရပ်ကွက်အတွင်းမှ ဖုန်းကတ်မဲနှိုက်ပွဲများ ကျင်းပ

4.22.3
မှတ်ပုံတင်၊ သန်းခေါင်စာရင်းများပြကာ ကျပ် ၁၅၀၀ တန်ဖုန်း Sim Card တစ်ကတ်အတွက် ရပ်ကွက်နေ ပြည်သူများ အချိန်ပေး စောင့်ဆိုင်းဒုက္ခခံရသော ဖုန်းကတ်မဲနှိုက်ပွဲများ စတင်နေပြီဖြစ်သည်။
မဲနှိုက် ရောင်းချသည့် စနစ်အပေါ် သံသယရှိသဖြင့် ရပ်ကွက်နေ ပြည်သူများက တိုင်ကြားမှုများလည်း ရှိနေသည်။

အမရပူရမြို့နယ် လင်းဇင်းကုန်း သုဿာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိဟုသိရ

4.22.5
ပြန်လည်တူးဖော်မှုများ ပြုလုပ်လျက်ရှိသော ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူအား တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်း ရပ်ကွက်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သုတေသန ပြုလုပ်နေသည့် အဖွဲ့ထံမှ သိရသည်။