Monday, June 8, 2015

လှေစီးဒုက္ခသည်များ ထားရှိသည့်နေရာမှ ဘင်္ဂါလီနှစ်ဦး ထွက်ပြေး

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့တွင် ယာယီ လက်ခံထားသည့် လှေစီးဘင်္ဂါလီ ခုနစ်ရာကျော်အနက် နှစ်ဦးသည် ဇွန်လ ၅ ရက်၌ ထွက်ပြေးသွား ကြောင်းသတင်းရရှိသည်။
 လှေစီး ဘင်္ဂါလီများကို စစ်တွေ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က ဇွန်လ ၆ ရက်မှ စတင်ကာ လာရောက်စစ်ဆေးမှု များပြုလုပ်နေပြီး ယင်းနေ့မတိုင်မီ ဇွန်လ ၅ ရက်နံနက် ၅ နာရီခွဲခန့် တွင် စခန်းအမှတ် (၃၇)မှ ဘင်္ဂါ လီနှစ်ဦး ထွက်ပြေးသွားခြင်းဖြစ် ကြောင်း မောင်တောခရိုင်လဝက ဦးစီးဌာနမှ အရာရှိတစ်ဦးကပြော ကြားသည်။‘‘ထွက်ပြေးသွားတဲ့ဘင်္ဂါလီ နှစ်ဦး နံပါတ်က ၄၇ နဲ့ ၄၈ ဖြစ်ပါ တယ်။ ကျွန်တော်တို့လည်း လှေစီးဘင်္ဂါလီတချို့ကို ဘင်္ဂလားဒေ့ရှ် ကိုပြန်လွှဲပေးဖို့ စီစဉ်နေတဲ့ အတွက် အလုပ်များနေတာကြောင့် သတိထားဖို့မရလိုက်ပါဘူး’’ ဟု ၎င်းကပြောသည်။

ပြည်ပ အမှာမရသဖြင့် စက်ရုံအချို့ ပိတ်သိမ်း

 ပြည်ပမှ အမှာမရသဖြင့်ရန်ကုန်တိုင်းရှိ စက်ရုံအချို့ စီးပွားရေးအရ တွက်ခြေမကိုက်၍ ယခုနှစ်အတွင်း စက်ရုံငါးခု ပိတ်သိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။‘‘အပြီးပိတ်တာရှိသလို တ ချို့ကလည်း အော်ဒါမရလို့ ဆိုပြီး ယာယီ ရပ်နားတာမျိုးတွေ ရှိပါ တယ်။ အကြမ်းဖျင်းလောက်က တော့ ဒီနှစ်ထဲမှာ ငါးရုံလောက် အပြီး ပိတ်သွားတယ်လို့ သိထားရ တယ်’’ဟု အလုပ်သမားညွှန်ကြား မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။အပြီးပိတ်သိမ်းသော စက်ရုံများအပြင် ပိတ်သိမ်းရန် တင်ပြသည့်စက်ရုံများလည်း ရှိသည်။ စက်ရုံအချို့ပိတ်သိမ်းခြင်းမှာ ၎င်းတို့လုပ်ငန်းရပ်တည်ရေး အခက်အခဲကြောင့်သာဖြစ်ပြီး အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးအငြင်းပွားမှုများနှင့် မသက်ဆိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် စက်မှုဇုန်များ ဧရာဝတီတိုင်းအတွင်း တည်ဆောက်ရန်ရှိ

 ဂျပန်နိုင်ငံမှ ငွေကြေးအ ကူအညီဖြင့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း အထည်ချုပ်လုပ်ငန်းဦးစားပေးစက်မှုဇုန်များကို တည်ဆောက်အကောင်အထည်ဖော် ရန် စီစဉ်နေကြောင်း တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
‘‘မိဘတွေက လယ်ယာလုပ် ငန်းလုပ်ကိုင်နေတော့ သားသမီး တွေက အလုပ်မရှိဘူး။ သူတို့တွေ အလုပ်အကိုင်ရအောင်လို့ အခုလို စီစဉ်တာပါ။ အထည်ချုပ်လုပ်ငန်း က ပညာသိပ်တတ်စရာမလိုဘူး။ သုံးလေးတန်းအောင်ရုံနဲ့ လုပ်လို့ ရပါတယ်’’ဟု တိုင်းဝန်ကြီးချုပ် ဦး သိန်းအောင်က ပြောကြားသည်။

တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၀ တင်ပို့ရန် ဆန်စပါးအသင်းချုပ် စီစဉ်

ဆန်တန်ချိန်၃,၀၀၀ကို ဇွန်လ ၂၀ရက်နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်တရားဝင်တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။
‘‘တရုတ်ကိုတော့ တရားဝင် လမ်းကြောင်းကပေါက်ပြီ။ အာဖ ရိကနိုင်ငံနဲ့ တခြားဈေးကွက်တွေ ကိုလည်း တင်ပို့နိုင်ဖို့ ကြိုးစားနေ တယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်အထွေထွေအတွင်းရေး မှူးဦးရဲမင်းအောင်ကပြောသည်။
တရုတ်သို့ တရားဝင် ဆန်ရောင်းချရာတွင် ပိုးမွှားရောဂါ၊ ဆန်အရည်အသွေး၊ ဆန်စက် အခြေအနေ၊ ဆန်သိုလှောင်ထား မှုပုံစံတို့ကို စစ်ဆေးပြီးမှသာ သ ဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။ လက်ရှိတရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရာတွင်ကုမ္ပဏီ ၂၉ခုအားရွေးချယ် အသိအမှတ်ပြုထားပြီး ပထမဆုံး မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း(MAPCO)မှ တန် ၃,၀၀၀ စတင်ပို့မည်ဖြစ်သည်။

မုံရွာမြို့ ကြက်၊ ငုံး မွေးမြူရေးအထူးဇုန် ဇီဝလုံခြုံရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်း ဖွင့်လှစ်မည်

မုံရွာမြို့ ကြက်၊ ငုံးမွေးမြူ ရေး အထူးဇုန် ဇီဝလုံခြုံရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင် တန်းကို ကုလသမဂ္ဂ ကမ္ဘာ့စား နပ်ရိက္ခာအဖွဲ့ (FAO) က ဇွန်လ ၉မှ ၁၂ ရက်အထိ မွေးမြူရေးလုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဇီဝလုံခြုံရေးနဲ့ မွေးမြူရေး ဆိုင်ရာ နည်းပညာ သင်တန်းကို FAO က ပို့ချမှာပါ။ နှစ်တိုင်း လည်း သင်တန်းပို့ချခဲ့ပေမယ့် ဒီနှစ်တော့ ဇီဝလုံခြုံရေးအတွက် နည်းပညာ ကွဲပြားမှုတွေ ရှိနိုင် တယ်’’ဟု မုံရွာမြို့ ကြက်၊ ငုံး မွေး မြူရေးအထူးဇုန် ကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးအောင်ဝင်းသန်းက ပြောကြားသည်။

အိုင်အက်စ်တို့လက်မှ ဘိုင်ဂျီမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်တပ်ကြေညာ

အမေရိကန်လေတပ်၏ ပံ့ပိုးမှုနှင့်အတူ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) လက်အောက်မှ ဘိုင်ဂျီမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်တပ်က ကြေညာခဲ့သည်။
 ဇွန်လ ၇ ရက်တွင် အီရတ် စစ်တပ်နှင့် ပြည်သူ့စစ်များသည် ဘိုင်ဂျီမြို့တွင်းရှိ အစိုးရ အဆောက်အအုံများ၊ မြို့တော်ခန်းမ၊ အဓိက ဗလီကြီးနှင့် ပတ်ဝန်းကျင် ရပ်ကွက်များကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ကြောင်း အီရတ်စစ်တပ်မှ ဗိုလ်မှူးချုပ် တာဆင်း အီဘရာဟင်က CNNသို့ ပြောကြားခဲ့သည်။

မားစ်ရောဂါ ကူးစက်မှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက်လာမည်ကို တောင်ကိုရီးယား စိုးရိမ်

မားစ်ရောဂါပိုး ကူးစက် ပျံ့နှံ့နေမှုများကြောင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို သက်ရောက်မှု ကြီးမားစွာ ထိခိုက်လာမည်ကို တောင်ကိုရီးယား အစိုးရက စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။
 အရှေ့အလယ်ပိုင်းဒေသမှ စတင်ကူးစက်လာသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် လတ်တလောတွင် တောင်ကိုရီးယား လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေပြီး ဆိုးလ်မြို့တော်သို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွား အများအပြားသည်လည်း ၎င်းတို့၏ ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသည်။

ပြည်မြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ အရေးယူမည်

 ပြည်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို စစ်ဆေး အရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ကုန်လမ်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာနက ထုတ်ပေး သည့် တရားဝင်လိုင်စင်မရှိသော ဆိုင်ကယ်များ စစ်ဆေးအရေးယူခြင်းကို ဇွန်လ ၈ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက စီစဉ်ခြင်းဖြစ်ကြောင်း ပြည်မြို့၊ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။‘‘လိုင်စင်မဲ့ဆိုင်ကယ်တွေကို စစ်ဆေးအရေးယူသွားတော့မယ် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိ အောင် ဆောင်ရွက်ပေးဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ညွှန်ကြား ချက်အရ ကြေညာပေးတာပါ။ ပြည်မြို့နယ်အတွင်းပဲလို့ သိရ တယ်’’ ဟု ဆံတော်ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးညွန့်လှိုင်က ပြော ကြားသည်။

ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပေးပို့လာသည့် ပြည်သူ့ရင်ဖွင့်သံများကို လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ ကြိုးစားပေးမည်ဟု သူရဦးရွှေမန်းပြောကြား

လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် တင်ပြလာသည့် ပြည် သူများ၏ ရင်ဖွင့်သံများကို လက် ခံကြိုဆိုနေပြီး လုပ်ပိုင်ခွင့်မူ ဘောင်အတွင်းမှ ကြိုးစားဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ပြည် ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။
‘‘ဖေ့စ်ဘွတ်ခ်မှပေးပို့လာ သော ပြည်သူများ၏ ရင်ဖွင့်စ ကားသံများကို လက်ခံကြိုဆို လျက်ရှိပြီး  လွှတ်တော်ဥက္ကဋ္ဌတစ် ယောက်ရဲ့ လုပ်ပေးနိုင်တဲ့ မူ ဘောင်များအတွင်းမှ တိုင်းပြည် အကျိုး၊ ပြည်သူများအကျိုးအ တွက် ကြိုးစားဆောင်ရွက်သွားပါ မယ်။ မိမိနဲ့အတူ ပူးပေါင်းပါဝင် ကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်’’ ဟု သူရဦးရွှေမန်းက ဇွန်လ ၇ရက် တွင် ရေးသားထားသည်။