Friday, August 16, 2013

ညီအစ်မချင်း အချင်းများရာမှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၁ လမ်းတွင် ညီအစ်မချင်း စကားများရာမှ ၎င်းတို့၏ ခင်ပွန်းနှစ်ဦး အပြန်အလှန် ဓားဖြင့် ခုတ်ကြရာ တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းမှ သိရှိရသည်။

ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင်


Photo: ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင်
Friday, August 16, 2013

တကယ်ရှိပါတယ်။ BBC WorldWide မှာ မှတ်တမ်းတင်ပြီး ရရှိထားတဲ့ ဗီဒီယိုမှ သက်သေပြထားပါတယ်။

သူ့ကို Zombie Fungi လို့ အမည်ပေး ထားပါတယ်။ လူကိုတော့ effect မဖြစ်ပါဘူး။ ပုရွတ်ဆိတ်တွေကိုတော့ Zombie ဖြစ်အာင် ပြောင်းလဲ ပစ်နိုင် ပါတယ်။ ပုရွတ်ဆိတ်တစ်ကောင်ကို ကိုက်ပြီးရင် သူ့ရဲ့ စိတ်ကိုပါ ထိန်းချုပ် နိုင်သွားပါတယ်။ သို့ပေမယ့်လည်း အချိန်အတိုင်းတာ တစ်ခုအထိပါ။ ယင်းသို့ ပြောင်းလဲသွားတဲ ပုရွတ်ဆိတ်ဟာ အင်မတန် သန်မာ သွားပြီး အခြား ကြီးကြီးမားမားအကောင်တွေကိုပါ တိုက်ခိုက် နိုင် သွားပါတယ်။

ဒါကြောင့် သူတို့ ကိုက်သတ်လိုက်တဲ့ ဓားခုတ်ကောင်၊ လိပ်ပြာ တို့လို အကောင် ငယ်တွေဟာ သေတဲ့အခါ ပုံမှန်အတိုင်းမဟုတ်ပဲ ကိုယ်ကနေ အမြစ်ထွက် သလိုမျိုး ထူးဆန်းတဲ့ ပုံပန်းသဏ္ဍာန်ကို ပေါ်ထွက် စေပါတယ်။ ဒါကြောင့် Zombie Fungi ကို သက်ရှိ သွေးစုပ်ဖုတ်ကောင် သက်ရှိ တစ်မျိုး အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း သိရပါတယ်။

http://youtu.be/XuKjBIBBAL8

Aung Kham (MM Social Sky)

တကယ်ရှိပါတယ်။ BBC WorldWide မှာ မှတ်တမ်းတင်ပြီး ရရှိထားတဲ့ ဗီဒီယိုမှ သက်သေပြ ထားပါ တယ်။

လိင်အကြမ်းဖက်မှုကို ကာကွယ်လိုစိတ်ရှိလျှင်

Photo: လိင်အကြမ်းဖက်မှုကို ကာကွယ်လိုစိတ်ရှိလျှင်
Friday, August 16, 2013

ကလေးတွေဆိုတာ မိဘတွေရဲ့ အနာဂတ်ဖြစ်သလို၊ တိုင်းပြည်ရဲ့ အနာဂတ်တွေလည်းဖြစ်ပါတယ်။ စိတ်မကောင်း စရာ ကောင်းတာကတော့ တိုင်းပြည်ရဲ့အနာဂတ်ကလေးတွေကို မုဒိမ်းကောင်တွေက သားကောင်အဖြစ် သတ်မှတ် ပြီးသက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်နေကြခြင်းပါ။

၂၀၁၂ ခုနှစ်တုန်းကလည်း လိင်အကြမ်းဖက်မှုပေါင်း ၁၃၅ မှုဖြစ်ပွားခဲ့ပြီး၂၀၁၃ ခုနှစ်မှာတော့ ဇူလိုင်လကုန်ထိ စုစုပေါင်း ၈၀ ၀န်းကျင်ထိဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 ၂၀၁၃ ခုနှစ်တွင်းမှာ အရွယ်မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက်မိန်းကလေးတွေ လိင်အကြမ်းဖက်ခံရမှု ၃၃ မှုနဲ့ အသက် ၁၀ နှစ်အောက်ကလေးလိင်အကြမ်းဖက်ခံရမှု ၁၀ မှု ရှိတယ်လို့ ကြားသိရပါတယ်။

မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြားဘူးခဲ့တဲ့ အသက် ၃ နှစ်အရွယ် အသက် ၅နှစ်အရွယ် လူမမည်အရွယ် ကလေးငယ်တွေ လိင်အကြမ်းဖက်ခံနေရတဲ့ ကိစ္စဟာ ၂၀၁၃နှစ်မှာတော့ မကြာခဏကြားနေရတဲ့ သတင်းဆိုးတွေ ဖြစ်နေပါပြီ။

ဒီလိုအကြမ်းဖက်မှုမျိုးကို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ဖြစ်ပွားလေ့ရှိတတ်တာ ကိုလည်း သိရပါတယ်။

ဘာကြောင့်များ ဒီလို ဥမမယ် စာမမြောက် လူမမည်အရွယ်ကလေးငယ်တွေကို ကျူးလွန်ကြသလဲဆိုတဲ့ အဖြေရဲ့ပုစ္ဆာကို ရှာဖွေဖော် ထုတ်ပြီး ထိထိရောက်ရောက် အပြစ်ပေးအရေးယူသင့်နေပါပြီ။

တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ မုဒိမ်းကောင်တွေရဲ့အောက်မှာ မွမွကြေရတဲ့အဖြစ်ဆိုးတွေ ဆက်လျက် မဖြစ်ပွားစေဖို့အတွက် အစိုးရမှာ အဓိကတာဝန်ရှိပါတယ်၊ဒါ့အပြင်မိဘမှာလည်း တာဝန်ရှိတယ်၊ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံး အနေနဲ့လည်းတာဝန်ရှိပါတယ်။

အစိုးရအနေနဲ့လည်း ဒီလိုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေကို သေသေချာချာဖော်ထုတ်ဖို့ လိုအပ်သလို၊ ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အနေနဲ့ သေဒဏ်ပေးတဲ့အထိ အရေးယူသင့်ပါတယ်။

မီဒီယာတွေအနေနဲ့ မုဒိမ်းမှုတွေဖြစ်နေတယ်ဆိုတာလောက် ဖော်ပြပေးနေရုံနဲ့တာဝန်မကျေနိုင်ပါဘူး။ ဒီလို လိင်အကြမ်းဖက်မှု သတင်းတွေကို ဖော်ပြရာမှာလည်းပြစ်ဒဏ်ချခဲ့ရတဲ့ကိစ္စတွေကိုပါ ဖော်ပြပေးသင့်တယ်၊ ရေးသားရာမှာလည်းသတင်းစာကျင့်ဝတ်အတိုင်းရေးသားကြပြီး ဒီလိုလိင်အကြမ်းဖက်မှုတွေ  ဖြစ်ပွားလာရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို အဓိကဖော်ထုတ်ရေးသားစေချင်ကြပါတယ်။ ဒါမှသာ ရှေ့ဆက်မဖြစ်ပွားစေရေးအတွက် ကာကွယ်တားဆီးရာ ရောက်ပါမယ်။

ဒီလိုကျူးလွန်ခဲ့တဲ့ အမှုတွေမှာ သတိပြုစရာကောင်းတာကတော့ ဒီလို မုဒိမ်းမှုဖြစ်ပွားတဲ့ တရားခံတွေကို လေ့လာ ကြည့်တဲ့အခါမှာ အားလုံးနီးပါးကအရက်မူးပြီး ကျူးလွန်ကြတယ်ဆိုတာကို တွေ့ရပါတယ်။ အရက်သောက် တတ်တဲ့သူတိုင်း မုဒိမ်းမှုမကျူးလွန်တတ်ပေမဲ့၊မုဒိန်းမှုကျူးလွန်တဲ့သူတိုင်းမှာတော့ အရက်သောက်ထားတာကို တွေ့ရှိရတာပါပဲ။

အရက်ဆိုတဲ့ မူးယစ်စေတဲ့ အရာကို အသိဥာဏ်ရှိတဲ့ သူ သောက်သုံးတာနဲ့အသိဥာဏ်နည်းပါးတဲ့ သူ သောက်သုံး တာခြင်း မတူပါဘူး၊ ပညာတတ်၊အသိဥာဏ်ရှိသူတွေတောင်မှ သောက်ပြီးရင် မှားစေနိုင်တဲ့ အရက်ဆိုတာကို ပညာအသိဥာဏ်နည်းသူတွေ သောက်သုံးရင် မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုစတဲ့ ဘာမဆိုဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ အရက်ထုတ်လုပ်သူတွေ ပေါများလှပြီး အရက်ဈေးနှုန်းက ငွေ ကျပ်၅၀ ၊ ငွေကျပ် ၁၀၀ နှုန်းနဲ့ ရနေ တာ၊ မြို့လယ်ခေါင်မှာသာမက ဆင်ခြေပုံးအိမ်ကြိုအိမ်ကြားထိ လွယ်လွယ်ကူကူနဲ့ ၀ယ်ယူရရှိနေတာကလည်း လူတွေလူငယ်တွေကို မကောင်းမှုကျူးလွန်မိအောင်များ စွဲဆောင်နေသလား ဆိုတာလည်းစဉ်းစားစရာပါပဲ။

အဲဒီလို ဈေးပေါပြီး နေရာတကာမှာ လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တဲ့အရက်တွေကို အစိုးရအနေနဲ့ ထိန်းချုပ် သင့်ပါပြီ၊ အခွန်အခတွေမြှင့်သင့်သလို၊ အရက်ဈေးနှုန်းကိုလည်း ခုထက်မကမြှင့်ပေးလိုက်ခြင်းအားဖြင့် ထိန်းချုပ်လို့ ရနိုင်ပါတယ်။

နောက် စဉ်းစားသင့်တဲ့ အချက်ကတော့ အပြာကားလို့ ခေါ်ကြတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ဇာတ်ကားတွေ မြန်မာပြည်တွင်းက မြို့ကြီးပြကြီးတွေမှာသာမကကျေးရွာတွေ အဆုံးဒီလို လိင်ဆက်ဆံမှုကို အသားပေးရိုက်ပြကြတဲ့ဗီဒီယိုဇာတ်ကားတွေကိုအလွယ်တကူရရှိနေတာကလည်းအချက်တစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် အရက်သောက်(သို့မဟုတ်)မူးယစ်ဆေးတစ်ခုခု သုံးထားတဲ့လူတစ်ယောက်ဟာ ဒီလိုအခွေမျိုးတွေကို ကြည့်ပြီး စိတ်ထကြွနေချိန်၊ဒီလိုအခွေမျိုးတွေ စိတ်ထဲ ရှိနေချိန်မှာ ကိုယ့်ပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ မိန်းကလေးတွေ အပေါ်မှာသော်လည်းကောင်း၊ ကလေးတွေအပေါ်မှာသော်လည်းကောင်း  သွားရောက်ပေါက်ကွဲပြီး ကျူးလွန်တတ်ကြတာ တွေ့မြင်ရပါတယ်။

အဲလိုအချိန်မျိုးမှာ သူတို့အတွက် အလွယ်ကူဆုံး ပေါက်ကွဲလို့ရတာကတော့မသိနားမလည်ရှာသေးတဲ့ လူမမယ် အရွယ် ကလေးငယ်တွေ ဖြစ်နေတာကတော့စိတ်ထိခိုက်စရာ အကောင်းဆုံးပါပဲ။

မြန်မာပြည်မှာ မိသားစုဝင်တိုင်း အလုပ်လုပ်မှ ထမင်းနပ်မှန်တဲ့အခြေအနေမှာ မိခင်တွေဟာ ကိုယ့်ရဲ့ လူမမယ်အရွယ်ကလေးတွေရဲ့ အနားကနေခွာပြီးလုပ်ငန်းခွင်တွေဆီကို သွားရောက်ကြရပါတယ်။ အခြေအနေတွေကြောင့်မိခင်ရင်ခွင်နဲ့ ဝေးနေရရှာတဲ့ကလေးတွေအဖို့ အကာအကွယ်မဲ့လှပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မူးယစ် နေသူ၊ လိင်စိတ်ထကြွနေသူ တစ်ယောက်ယောက်ရဲ့သားကောင် ဖြစ်သွားကြရတာ အင်မတန်မှ စိတ်ထိခိုက်ဖို့ ကောင်းပါတယ်။

ဒီလို မိဘအလုပ်သွားချိန် အိမ်မှာကျန်ခဲ့ရတဲ့ ကလေးငယ်တွေကိုလည်းပတ်ဝန်းကျင်က ကာကွယ်စောင့်ရှောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ အချို့ဖြစ်စဉ်တွေမှာတော့တာဝန်ရှိတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပတ်ဝန်းကျင်အိမ်နီးချင်းတွေကပဲ ဒီလိုကလေးတွေကို ကျူးလွန်ကြတာတွေ့ရပါတယ်။

မိဘတွေရဲ့ အနာဂတ်ကလေးတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ ခုလိုအလွယ်တကူ ကြေမွဖျက်ဆီးခံနေရတဲ့ အဖြစ်အပျက်တွေကြားကနေ ကာကွယ်ကယ်တင်နိုင်ဖို့အားလုံးမှာတာဝန်ရှိတာပါ။

ခုလိုမကြားချင်မှ အဆုံးကြားနေရတဲ့ သက်ငယ်မုဒိန်းမှုတွေ ကလေးငယ်တွေကိုလိင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားရခြင်း အကြောင်းရင်းဇာတ်မြစ်ကို ဖော်ထုတ်အရေးယူသင့်သလို၊ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း ထိန်းချုပ်ဖို့အတွက် အစိုးရနဲ့ ပြည်သူလူထုအားလုံးမှာတာဝန်ရှိနေပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက် ပေးကြဖို့အတွက် အစိုးရသာမက ရပ်ကွပ်အခြေပြု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အားလုံးပါဝင်လုပ်ဆောင်ပေးကြဖို့မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

http://myitmakhamediagroup.com/news
ကလေးတွေဆိုတာ မိဘတွေရဲ့ အနာဂတ်ဖြစ်သလို၊ တိုင်းပြည်ရဲ့ အနာဂတ်တွေလည်းဖြစ်ပါတယ်။ စိတ် မကောင်း စရာ ကောင်းတာကတော့ တိုင်းပြည်ရဲ့အနာဂတ်ကလေးတွေကို မုဒိမ်းကောင်တွေက သားကောင်အဖြစ် သတ်မှတ်ပြီးသက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်နေကြခြင်းပါ။

Facebook Lock ကျနေသူများ နှင့် ဖုန်းနံပတ်တောင်းပြီး Code ဖြည့်ခိုင်းနေပါတယ် ဆိုတဲ့သူများအတွက် ဖြေရှင်းနည်းအသစ်

  http://www.kreativbuero.de/wp-content/uploads/2011/01/fb_lock-296x300.png


ကဲဒီကောင်ကတော့ တော်တော်လေးကို အဖြစ်များလာပါတယ်

ရော်နယ်ဒိုကို ပြေးဖက်လို့ ထောင်တစ်ရက်ကျတာ တန်ပါတယ်

ရော်နယ်ဒိုကို ပြေးဖက်လို့ ထောင်တစ်ရက်ကျတာ တန်ပါတယ်

16.8.2013

ရီးရဲလ်က ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ အနိုင်ရတဲ့ ဂွန်းနက် နိုင်ငံတကာဖလား ဗိုလ်လုပွဲမှာရော်နယ်ဒိုကို ကွင်းအတွင်း ပြေးဝင်ဖက်ခဲ့တဲ့
ပရိသတ်ဟာ တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီပွဲမှာ ၂ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုကို ပြေးဖက်ခဲ့တာကတော့ အသက် ၁၉နှစ်အရွယ် ဂျိုကာဆိုတဲ့ ပရိသတ်ဖြစ်ပြီး အဖမ်းခံရတာထက် ရော်နယ်ဒိုနဲ့ စကားပြောခဲ့ရလို့ ပျော်ရွှင်နေပြီး ရလိုက်တဲ့ ကျေနပ်ပီတိနဲ့ ပေးခံရတဲ့ အပြစ်ဒဏ် ထိုက်တန်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။

ခင်ဗျား(ရော်နယ်ဒို)က ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါဗျာ။ ကျွန်တော် ခင်ဗျားနောက်လိုက်ပြီး အမြဲအားပေးခဲ့တာပါလို့ ဂျိုကာ ပြောနေတုန်း ရဲတွေရောက်လာခဲ့တာပါ။ အဲဒီအချိန်မှာ သူပြောခဲ့တာက “ ကျေးဇူးပြုပြီး ရဲတွေကို ဖမ်းခွင့်မပြုလိုက်ပါနဲ့ဗျာ”ဆိုတာပါပဲ။

ဒီအချိန်မှာ ရော်နယ်ဒိုဟာ ဂျိုကာကို တင်းတင်းဖက်ထားခဲ့ပါတယ်။ “ရော်နယ်ဒိုနဲ့ စကားပြောခွင့်ရတာ ကျွန်တော့်အတွက် မဟာအခွင့်အရေးပါပဲ။ ဒီအခွင့်အရေးကို ကျွန်တော်မဖြစ်မနေရအောင် ယူမှာပါ။ ဒီအတွက် အထိန်းသိမ်းခံရတာလည်း တန်ပါတယ်”လို့ ဂျိုကာက ပြောခဲ့ပါသေးတယ်။
http://yoyarlay.com/sport/football/37210-2013-08-15-17-23-19
ဇော်ထွန်း(ရိုးရာလေး)

YoYarLay
ရီးရဲလ်က ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ အနိုင်ရတဲ့ ဂွန်းနက် နိုင်ငံတကာဖလား ဗိုလ်လုပွဲမှာရော်နယ်ဒိုကို ကွင်း အတွင်း ပြေးဝင်ဖက်ခဲ့တဲ့ ပရိသတ်ဟာ တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီပွဲမှာ ၂ဂိုးသွင်း ခဲ့တဲ့ ရော်နယ်ဒိုကို ပြေးဖက်ခဲ့တာကတော့ အသက် ၁၉နှစ်အရွယ် ဂျိုကာဆိုတဲ့ ပရိသတ်ဖြစ်ပြီး အဖမ်း ခံရတာထက် ရော်နယ်ဒိုနဲ့ စကားပြောခဲ့ရလို့ ပျော်ရွှင်နေပြီး ရလိုက်တဲ့ ကျေနပ်ပီတိနဲ့ ပေးခံရတဲ့ အပြစ်ဒဏ် ထိုက်တန်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။

ခြောက်တန်းကျောင်းသူလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု အမျိုးသားတစ်ဦးစွပ်စွဲခံရ

အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသူလေးတစ်ဦးကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲ ကာအသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို ကလေးမိဘများက သြဂုတ် ၁၃ ရက်တွင် လှည်းကူးရဲစခန်း ၌တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အစ္စလာမ်မိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်းဝင်ရောက်လာ

အစ္စလာမ်မိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်းဝင်ရောက်လာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရှိ အောင်မင်္ဂလာပရိယတ္တိ ဘုန်းကြီးကျောင်းတွင် အစ္စလာမ်ဘာ သာဝင်ငါးဦးကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနား ကျင်း ပခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ အဆိုပါ ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင်ဆရာ တော် ဦးရေဝတဦးစီးပြီး ရပ် စောက်မြို့မှ အစ္စလာမ်ဘာသာ ဝင်များဖြစ်ကြသည့်

ဒေါ်တင်အေး၊ ဒေါ်ခင်မာအေး၊ ဒေါ်ခင်မာထွေး၊ ဒေါ်မို့မို့အေး၊ ဦးဇော်ဝင်း(ခ)ဇော် ဝင်းမောင်တို့ ငါးဦးကို တောင်ကြီး မြို့ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာ တော်ကြီးများနှင့် မြို့နယ်သံဃ မဟာနယကအဖွဲ့၊ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်း ခြင်းနှင့် ဗုဒ္ဓဘာသာ ကို ခံယူကြောင်းကို အတိအလင်း ကြေညာသည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။

''ကျွန်တော့်ရင်ထဲမှာ ပီတိ ဖြစ်ရပါတယ်။ အရင်က အနှိမ်ခံ ခဲ့ရတာတွေ ခု ရဲရဲတင်းတင်းနေ ထိုင်ရဲပါပြီ။ အရင်ကတည်းက ဒီ ဘာသာကို ဝင်ချင်နေတာပါ''ဟု ဦးဇော်ဝင်းမောင်က ပြောသည်။ ကျောင်းထိုင်ဆရာတော် ဦးရေဝတက ''ဒီပွဲလေး လုပ်ဖြစ် တာက ကိုယ့်ဘာသာကို ယုံကြည် ပြီး ဝင်လာတဲ့သူတွေကို သူတို့ဘဝ လုံခြုံမှုရှိအောင် ပြုလုပ်ပေးရတာ ပါ''ဟု ပြောသည်။ အဆိုပါ အခမ်းအနားသို့ တောင်ကြီးမြို့နေ ပရိတ်သတ် ၆၀၀ ကျော် တက်ရောက်ခဲ့ပြီး ယခု ဗုဒ္ဓဘာသာသို့ ပြောင်းလဲ လာသည့် မိသားစုတွင် မိသားစု ဝင်ရှစ်ဦးရှိပြီး ဘာသာကူးပြောင်း ခဲ့သူများမှာ မိခင်နှင့် သားတစ် ဦး၊ သမီးသုံးဦးတို့ဖြစ်ကြောင်း သိ ရသည်။ ယင်းတို့အား ဗုဒ္ဓဘာသာ ဝင်အဖြစ် အသိအမှတ်ပြု လက် မှတ်များကို မြို့နယ်သံဃမဟာ နာယက အဖွဲ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ(တောင်ကြီး)
Yangon Media Group

အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းဝင်ရောက်လာသည့် မိသားစုဝင်များကို သြဂုတ် ၁၄ ရက်နေ့ကတွေ့ရစဉ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရှိ အောင်မင်္ဂလာပရိယတ္တိ ဘုန်းကြီးကျောင်းတွင် အစ္စလာမ်ဘာ သာဝင်ငါးဦးကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။ တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိအဆိုပါဘုန်းတော်ကြီး ကျောင်းတွင် ကျောင်း ထိုင်ဆရာ တော် ဦးရေဝတဦးစီးပြီး ရပ် စောက်မြို့မှ အစ္စလာမ်ဘာသာ ဝင်များဖြစ်ကြသည့်

စာမေးပွဲမှာ စာခိုးချလို့ မရစေတဲ့ ခေါင်းစွပ် ၀တ်စုံ


Photo: စာမေးပွဲမှာ စာခိုးချလို့ မရစေတဲ့ ခေါင်းစွပ် ၀တ်စုံ
Friday, August 16, 2013

စာမေးပွဲမှာ ကျောင်းသားတွေ တယောက်နဲ့ တယောက် မျက်စပစ်ပြတာ၊ အဖြေမျှဝေတာ၊ ခိုးချတာတွေ မဖြစ်ပေါ်အောင် ထိုင်းနိုင်ငံ တက္ကသိုလ်တခု
က နောက်ဆုံးပေါ် နည်းပညာတခုကို တီထွင်လိုက်တာလား မေးခွန်း ထုတ်
စရာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Kasetsart University က နှစ်လည်စာမေးပွဲ စစ်ဆေးရာမှာ ကျောင်းသားတွေကို မျက် စေ့၊ နားတွေကာထားတဲ့
မြင်းတွေကို မျက်လုံးအုပ်တဲ့ မျက်ကာတွေလိုမျိုး စက္ကူနဲ့ လုပ်ထားတဲ့ မျက်ကာတွေ ၀တ်ဆင်ဖို့ ဖန်တီးလိုက်တာ ထင်ပါတယ် ။

ဒါမှမဟုတ် စာမေးပွဲ ဖြေဆိုသူတွေ ပတ်ဝန်းကျင် အနှောက်အယှက်
မဖြစ်အောင် ကာရံထားလိုက်တာ လား၊ သေချာတာက စာခိုးချမှာ စိုးရိမ်တာနေမှာပါ။

Kasetsart University တက္ကသိုလ်က ကျောင်းသားတွေကို ပုံပါအတိုင်း မျက်ကာ စက္ကူခေါင်းစွပ် ၀တ်ဆင်စေပြီး စာမေးပွဲ စစ်ခဲ့တာကို
ကျောင်းသားဟောင်းတဦးက အင်တာနက်ပေါ်တင်ခဲ့ပြီး ချက်ချင်းဆိုသလို အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ လူအများ သိခွင့် ရသွားခဲ့တာပါ။

ဒါပေမယ့် ခဏတာလေးအတွင်း အဲဒီဓာတ်ပုံကို ဖြုတ်ချသွားခဲ့ပေမယ့်
တချို့ စာဖတ်သူ တွေက ဓာတ်ပုံကိုဆွဲချကူးယူထားလိုက်ပါတယ်။

ဒါနဲ့ပဲ အဲဒီတက္ကသိုလ်မှာ ကျောင်းသားတွေကို စာမေးပွဲစစ်ဆေးရာမှာ စာခိုးမချအောင် ဘယ်အချိန် ကတည်းက ဒီလို မျက်ကာ တွေ ၀တ်ဆင်ခိုင်းသလဲ၊ အတန်းတိုင်းမှာ ဒီလိုပဲ စာမေးပွဲ စစ်နေတာလား
ဆိုတာ စုံစမ်းနေကြတယ်လို့ Coconuts Bangkok အွန်လိုင်း သတင်း တပုဒ်က စိတ်ဝင်စားစရာဆိုထားပါတယ်။

စာတတ်ရေးထက် စာမေးပွဲ အောင်ရေး အဓိက ထားတဲ့ ပညာရေး စနစ်ဖြစ်နေတဲ့ မြန်မာပြည်က တက္ကသိုလ်တွေမှာရော အခု ထိုင်းတက္ကသိုလ်က ကျောင်းသားတွေ စာမေးပွဲစစ်တိုင်း မျက်ကာ
ခေါင်းစွပ်တွေ ၀တ်ရသလို လုပ်ဖို့ လိုနေလား ဆိုတာ တွေးစရာ ရှိပါတယ်။

ဒါမှ မဟုတ် မရိုးသေးတဲ့ ပေတံ၊ မီနီ စာအုပ်၊ ပေါင်မှာ စာရေးတဲ့ စနစ်တွေ သုံးပြီး စာခိုးချသူတွေ အသုံး ပြုနေ ဆဲလားဆို တာ ၁၀ တန်း စာမေးပွဲ
ကြီးတွေ တိုင်း စာစစ်ဌာနကျောင်းတွေရဲ့ အိမ်သာခန်းတွေနဲ့ လမ်းမ
တချို့မှာ သက်သေထူနေပါ လိမ့်မယ်။

ဧရာဝတီblog
စာမေးပွဲမှာ ကျောင်းသားတွေ တယောက်နဲ့ တယောက် မျက်စပစ်ပြတာ၊ အဖြေမျှဝေတာ၊ ခိုးချတာတွေ မဖြစ်ပေါ်အောင် ထိုင်းနိုင်ငံ တက္ကသိုလ်တခုက နောက်ဆုံးပေါ် နည်းပညာတခုကို တီထွင်လိုက် တာလား မေးခွန်း ထုတ်စရာပါ။

တောင်ပြုန်းဘုရားပွဲ ငွေတောင်းသူများကို ဂေါပကအဖွဲ့ ဖယ်ရှား သွားမည်ဟုဆို


Photo: တောင်ပြုန်းဘုရားပွဲ ငွေတောင်းသူများကို ဂေါပကအဖွဲ့ ဖယ်ရှား
သွားမည်ဟုဆို
Friday, August 16,2013 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်း သူများနှင့် ကြဲချငွေကောက်သူများကို အဆိုပါ ဘုရားဂေါပက အဖွဲ့ကဖယ်ရှားသွားမည် ဖြစ်ကြောင်း တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ တောင်ပြုန်း ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိ
လာသော တောင်းစားသူများနှင့် တောင်ပြုန်းကျေးရွာ အနီးဝန်းကျင်မှ အပျော်တမ်း ငွေကောက်သူများကို ပွဲတော်ကျင်းပရေး ကော်မတီ က သြဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပွဲတော် လုံခြုံရေး ရဲဝန်ထမ်း၊ မီးသတ် ဝန်ထမ်းတို့နှင့် ပူးပေါင်းပြီး နေ့စဉ် ဖယ်ရှားရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အနယ်နယ် အရပ်ရပ်မှ တောင်ပြုန်းပွဲသို့ ဘုရားဖူးသူများကို ကားပေါ်မှ
ငွေကြဲချခြင်း မပြုလုပ်ကြရန် ပွဲတော်အဝင် ဂိတ်ပေါက်မှ နေ့စဉ် အသံချဲ့
စက်ဖြင့် သတိပေးနေသော်လည်း ပွဲတော် လာသူများမှာ ငွေများကို ကြဲမြဲ ကြဲချနေခြင်းကြောင့် ငွေကြေး တောင်းရမ်းသူနှင့် အပျော်တမ်း ငွေကောက်နေ
သူများ ပိုမို များပြားလာရခြင်း ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။

“၂ နှစ်လောက် ရှိပြီ။ တောင်းတဲ့လူတွေနဲ့ အပျော်တမ်း ကောက်သူတွေ များလာတယ်။ မနက်ဖြန်က စပြီး ဖယ်ရှားမှာပါ။ ကလေးတွေကို မိဘနဲ့ ဆက်သွယ်ပြီး ပြန်အပ်မယ်။ နယ်ဝေးက လူတွေကို ပြန်လွှတ်မယ်” ဟု တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းက ဆိုသည်။

အဆိုပါ ရွေ့လျား တောင်းစားသူများမှာ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ မိတ္ထီလာစသော နယ်ဝေးများမှ အုပ်စုလိုက် ရောက်ရှိလာခြင်း ဖြစ်ပြီး ပွဲတော်အတွင်း လစ်လပ် နေရာများတွင် ယာယီ တဲထိုးကာ ပွဲတော် ပြီးသည်အထိ တောင်းရမ်းကြကာ ယင်းတောင်ပြုန်း ပွဲတော်ပြီးပါက ရတနာ့ဂူ နတ်ပွဲ၊ ပခန်းမင်းကြီးပွဲ စသဖြင့် ပွဲများသို့ လှည့်လည် တောင်း
ရမ်းကြကြောင်း အဆိုပါ တောင်းရမ်းသူများထံမှ စုံစမ်းသိရှိရသည်။

“ယောက်ျားက အုတ်သယ်တဲ့ကားမှာ အလုပ်လုပ်တယ်။ ကားပေါ်က လိမ့်ကျပြီး လက်ကျိုးသွားတော့ ကလေး နှစ်ယောက်နဲ့ လုပ်ကိုင် မစားတတ်လို့၊ ကျောင်းတော်ရာက လာတောင်းတဲ့အဖွဲ့က ခေါ်လို့ လိုက်လာတာ။ ကျောင်းတော်ရာအဖွဲ့မှာ လူ ၂၀ ကျော် ပါတယ်။ မနေ့က ၁၈၀၀ ရတယ်” ဟု မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ်ရှိ
ကျောင်းတော်ရာမှ လာရောက် တောင်းရမ်းနေသူ အသက် ၃၀ ကျော်
အရွယ် ဒေါ်ကြည်က ဆိုသည်။

ပွဲတော်အတွင်းသို့ အနာကြီးရောဂါ ဝေဒနာရှင်များ လာရောက် တောင်းရမ်း
ပါက ၎င်းတို့ကို နေရပ် သို့မဟုတ် ဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်ပေး
ကြောင်း ယင်းပွဲတော် တာဝန်ရှိသူက ဆက်လက် ရှင်းပြသည်။

မတ္တရာမြို့နယ် နံ့သာမြိုင် အနာကြီးရောဂါ ဝေဒနာရှင်များအတွက် ထားရှိသောရွာမှ အနာကြီး ဝေဒနာရှင် အများစု ပါဝင်သော လူ ၅၀၀ ဦးခန့်သည် ပွဲတော်အတွင်း မဝင်ရသဖြင့် ပွဲတော်အပြင် ကားလမ်းဘေး လယ်ကွင်းများတွင် တဲထိုး၍ အုပ်စုလိုက် နေကြပြီး ယင်းကျေးရွာများရှိ ထမင်း ရောင်းသူများက ၎င်းတို့ကို ပိုက်ဆံပေးသော်လည်း ထမင်း မရောင်းသဖြင့် နံ့သာမြိုင်ရှိ ဝေဒနာရှင်များ အတွက် ရောင်းသော ထမင်းဆိုင်ကိုပါ ရွှေ့လာရကြောင်း၊ စားစရိတ်အဖြစ် တစ်ရက်လျှင် ၁၂၀၀ ကျပ် ရှိပြီး သြဂုတ်လ ၁၃ ရက်နေ့အတွက် တောင်းရငွေသည် နေ့လယ်
ပိုင်းခန့်အထိ ကျပ် ၂၀၀ ခန့်သာ ရသေးကြောင်း အဆိုပါကျေးရွာမှ အနာကြီး ဝေဒနာရှင် ဦးတင်ဇာလွင်က ပြောကြားသည်။

အဆိုပါ ဝေနာရှင်များထဲမှ ၅၀ ဦးခန့်သည် တောင်ပြုန်းပွဲ ပြီးပါက ရတနာ့ဂူပွဲသို့ ဆက်လက် အလှူခံ ထွက်မည် ဖြစ်ပြီး နယ်မြေဝေးခြင်း၊
နေထိုင်ရန် နေရာ မရှိခြင်းတို့ကြောင့် ဝေဒနာရှင် အများစုသည်
ရတနာ့ဂူသို့ မသွားရောက်နိုင်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ အနေနှင့် အနာကြီးရောဂါ
ဝေဒနာရှင်များကို ပွဲတော် အတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်းနှင့်
နှစ်စဉ် တောင်ပြုန်းပွဲတွင် တောင်းရမ်း စားသောက်နေသူ ဦးရေ ၅၀၀ ကျော်မှ ၃၀၀၀ ခန့်အထိ ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးကြိုး (MDY)
The Voice Weekly

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်း သူများနှင့် ကြဲချငွေကောက်သူများကို အဆိုပါ ဘုရားဂေါပကအဖွဲ့ကဖယ်ရှား သွား မည် ဖြစ်ကြောင်း တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြား သည်။

ထိုင်းအစိုးရက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား တစ်စုတစ်စည်းတည်း ထားရှိရန်စီစဉ်

ထိုင်းအစိုးရက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား တစ်စုတစ်စည်းတည်း ထားရှိရန်စီစဉ်

၁၅-၈-၂၀၁၃

ထိုင်းနိုင်ငံ တစ်ဝန်းရှိ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား ယာယီ အဆောက်အအုံ များဆောက်လုပ်၍ ရတ်ချာဘူရီ နှင့် တက်ခ်ပြည်နယ် တို့တွင် ထားရှိရန် အစိုးရ၏ စီစဉ်မှုကို ဒေသခံများက ကန့်ကွက်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

အစိုးရအနေဖြင့် ထိုကဲ့သို့ တစ်စုတစ်စည်းတည်း ထားရှိရန် ဆောင်ရွက်မည် ဆိုလျှင် ပြဿနာများ ပိုမို ပေါ်ပေါက် လာနိုင်ကြောင်း နှင့် ၎င်းအစီအစဉ် ကို ကန့်ကွက်ကြောင်း ရတ်ချာဘူရီ နှင့် တက်ခ်ပြည်နယ် မှ ကိုယ်စားလှယ် များက ပြောကြား ခဲ့သည်။ အဆိုပါ အစီအစဉ်အား ထိုင်းလူမှု ဖွံ့ဖြိုး တိုးတက်ရေး နှင့် လုံခြုံရေး ၀န်ကြီး ပါဗီနာ ဟောင်ဆတ်ကူ က အဆိုပြုခြင်း ဖြစ်ကြောင်း နှင့် ဘင်္ဂါလီများ နှင့် ပတ်သက်၍ မည်ကဲ့သို့ အထောက်အကူ ပေးနိုင်မည် ဆိုသည့် ကိစ္စရပ် နှင့် ပတ်သက်၍ ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီများအား စုစည်း ထားရှိခြင်း အားဖြင့် ကုလသမဂ္ဂ က ကြီးကြပ် ကွပ်ကဲမှု ပြုလုပ်ရာတွင် အဆင်ပြေ ချောမွေ့စေမည် ဖြစ်ကြောင်း ပါဗီနာ က ပြောကြား ခဲ့သည်။ သို့ရာတွင် ဘန်သမ်းဟင် ဒုက္ခသည် စခန်း ထားရှိမှုကြောင့် ဖြစ်ပေါ်နေသည့် ပြဿနာများကို ထောက်ပြ၍ အစိုးရ၏ အဆိုပါ အစီအစဉ်အား ရတ်ချာဘူရီ ပြည်နယ်ရှိ သမ်ဘွန်ဆူအမ်ဖန်း အုပ်ချုပ်ရေး အဖွဲ့ အကြီးအကဲ က ကန့်ကွက် ပြောကြား ခဲ့သည်။

အဆိုပါ ဒုက္ခသည်စခန်းသည် ပြည်နယ်၏ အဓိက ရေအရင်းအမြစ် ဖြစ်သည့် မြစ်၏ မြစ်ညာတွင် တည်ဆောက် ထားသည့်အတွက် ဒေသခံများက စိတ်ပျက်လျက် ရှိပြီး ၄င်း ဒုက္ခသည် စခန်းအား ပြောင်းရွှေ့ပေးရန် ဆန္ဒ ရှိနေကြကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ထို့အပြင် မြို့နေ လူထု အနေဖြင့်လည်း ပြဿနာရပ်များ ပေါ်ပေါက် လာမည်ကို မလိုလားသည့် အတွက် ၄င်း ဘင်္ဂါလီများ ထားရှိမည့် ကိစ္စရပ်ကို မနှစ်မြို့ ကြကြောင်း သိရသည်။ အစိုးရ အနေဖြင့် ၄င်း အစီအစဉ်ကို ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် သွမ်းဘွန်ဆူအမ်ဖန်း ကျေးရွာ အကြီးအကဲ က တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily
ထိုင်းနိုင်ငံ တစ်ဝန်းရှိ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား ယာယီ အဆောက်အအုံ များဆောက်လုပ်၍ ရတ်ချာဘူရီ နှင့် တက်ခ်ပြည်နယ် တို့တွင် ထားရှိရန် အစိုးရ၏ စီစဉ်မှုကို ဒေသခံများက ကန့်ကွက် ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

မန္တလေးမြို့တွင် ညပိုင်း ဆိုင်ကယ် မောင်းနှင်သူများကိုပါ အယ်လ်ကိုဟောလ် ပမာဏတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူမည်

မန္တလေးမြို့တွင် ညပိုင်း ဆိုင်ကယ် မောင်းနှင်သူများကိုပါ အယ်လ်ကိုဟောလ် ပမာဏတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူမည်
Friday, August 16,2013

မန္တလေးမြို့တွင် ညပိုင်းဆိုင်ကယ် မောင်းနှင်သူများကိုပါ အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာပေးအဆင့် အနေဖြင့် ညပိုင်း ကားမောင်းသူများကိုသာ ယင်းကိရိယာ နှစ်ခုဖြင့် စတင်စစ်ဆေး နေခဲ့ရာမှ အရက်မူးတိုင်း ကိရိယာများ ထပ်မံဝယ်ယူပြီး ကနဦး ဒဏ်ငွေရိုက် အရေးယူမှု စတင်နေပြီ ဖြစ်သည်။ ညပိုင်းတွင် အဆင်ခြင်မဲ့ ဆိုင်ကယ် မောင်းနှင်မှုများကြောင့် မန္တလေးမြို့တွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ပိုမိုများပြား လာသဖြင့် စစ်ဆေးစေမည် ဖြစ်ကြောင်း သိရသည်။

''ယာဉ်တိုက်မှုက ဆိုင်ကယ်ကြောင့် ပိုများတယ်။ လုံခြုံရေး လိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်တွေရော ပူးပေါင်းဆောင်ရွက်စေပြီး ကားတွေတင် မကဘဲ ဆိုင်ကယ်မောင်းနှင်တဲ့ သူတွေကိုပါ ကိရိယာနဲ့ စစ်ဆေးအရေးယူ ရတော့မှာပါ။ အရက်သောက်ထားမှုက သတ်မှတ်ကိရိယာမှာ ပိုပြနေရင် အဲဒီလူကို ဆက်မောင်းခွင့် မပေးဘဲ မြို့ခံဆိုရင် အာမခံမယ့်သူ တစ်ယောက်ကို ဖုန်းဆက်ခေါ်ခိုင်းပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးပြီး နောက်ရက် စည်ပင်တရားရုံးမှာ ဒဏ်ငွေဆောင်ရမယ်။ မြို့ခံမဟုတ်ဘဲ နယ်ကဆိုရင်တော့ မဖြစ်မနေ တစ်ညအိပ် ထိန်းသိမ်းမှာပါ'' ဟု လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကညန၊ ယကက၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များဖြင့် ည ၉ နာရီမှ နံနက် ၁ နာရီအထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ စစ်ဆေး တွေ့ရှိပါက စည်ပင်ပုဒ်မဖြင့် ဒဏ်ငွေ ကျပ်တစ်သောင်းမှ သုံးသိန်းအထိ ဒဏ်ငွေတပ် အရေးယူမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မန္တလေးမြို့တွင် ညခင်းပိုင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ ဖြစ်စဉ်တစ်ခုအား တွေ့ရစဉ်
မန္တလေးမြို့တွင် ညခင်းပိုင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ ဖြစ်စဉ်တစ်ခုအား တွေ့ရစဉ်
 မန္တလေးမြို့တွင် ညပိုင်းဆိုင်ကယ် မောင်းနှင်သူများကိုပါ အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပဋိပက္ခပါဝင်သူ ၆ဦး ရုံးတင်စစ်ဆေး

Muslim Rohingya women walk inside the Bawdupha Internally Displaced Persons (IDP) camp located on the outskirts of Sittwe, capital of Myanmar's western Rakhine state.
ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ရွှေးပြောင်းနေထိုင်ရတဲ့ ဒုက္ခသည်စခန်း (Credit: AFP) 
ရခိုင်ပြည်နယ်က ​လူမျိုးရေးပဋိပက္ခတွေ ​စတင်ဖြစ်ပွားခဲ့တဲ့ ​ဖြစ်ရပ်မှာ ​ပါဝင်ခဲ့တဲ့ ​ဗုဒ္ဓ ဘာသာ ဝင် ​ခြောက်ဦး ​တရားရင်ဆိုင်နေရပြီလို့ ​သိရပါတယ်။

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို ခွဲစိတ်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူသို့ ထွက်ခွာခဲ့ပြီး ရာနှုန်းပြည့် ကျန်းမာနိုင်မည် ဖြစ်ကြောင်း သိရ

8.1.1
ကိုဝင်းဇော်ဦးအား စင်ကာပူသို့ မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်တွင် သြဂုတ် ၁၅ ရက်က တွေ့ရစဉ်
မကွေးတိုင်း ဒေသကြီးမှ အရပ် ခုနစ်ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေး စစ်ဆေး ခွဲစိတ် မှုများ ပြုလုပ်ရန်အတွက် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာသွား ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ ဖမ်းဆီးထားသည့် ဘင်္ဂါလီများအရေး မြန်မာနှင့် ထိုင်း ဆွေးနွေး

8.1.1
မလေးရှား နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဘရူနိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးတို့အား ထိုင်းနိုင်ငံ ဟွာဟင်းမြို့တွင် သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
လှေဖြင့်ခိုးဝင် လာသောကြောင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်တိုဗီချက်ချိုင်ကူက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား သြဂုတ် ၁၄ ရက်က ထိုင်းနိုင်ငံ ဟွာဟင်းမြို့၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်

8.1.1
လေးနှစ်အတွင်း အပြီးတည်ဆောက်မည့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ပုံစံငယ်ကို တွေ့ရစဉ်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။