Tuesday, March 24, 2015

မြို့နယ်စည်ပင်နှင့် အင်ဂျင်နီယာရုံးများတွင် ကန်ထရိုက်ဆောက်ခွင့် လျှောက်နိုင်ပြီ


ကန်ထရိုက် ဆောက်လုပ်ခွင့် လျှောက်ထားမှုကို မြို့တော်ခန်းမ တွင်သာမက သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် တာဝန်ခံ အင်ဂျင်နီယာရုံးများတွင် ဧပြီလ ၂ ရက်နေ့မှ စတင်လျှောက်ထားနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

''ရုံးလာစရာ မလိုတော့ဘဲ လက်ခံ ပုံစံအတိုင်း မြို့နယ်ရုံးမှာ သွားတင်လိုက်ရုံပဲ'' ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာ အင်ဂျင်နီ ယာ (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျောင်းသားတွေကိုအကြမ်းဖက် ဖြိုခွင်းလိုက်တယ်ဆိုတာလူငယ်တွေအားလုံးကို ဖြိုခွင်းလိုက်သလိုပဲ”


သဉ္ဇာရွှန်းလဲ့ရည် 
Social Activist 
အသက် (၂၃) နှစ်၊ B.Ed
ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်မြို့။ 

ကျမက B.Ed နဲ့ ကျောင်းပြီးထားပေမယ့် ဆရာမတော့ မလုပ်ဖြစ်ဘူး။ ဆရာမ မလုပ်ဖြစ်ခဲ့ပေမယ့် ပညာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို စိတ်ဝင်စားတယ်။ စိတ်ဝင်စားတော့ ၂၀၁၀ မှာ ပညာရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်း Volunteer Internship Program (V.I.P) လို့ ခေါ်တယ်၊ အဲဒီအဖွဲ့လေးမှာစပြီး ပါဝင်ဖြစ်တယ်။ 

ကလေးရယူမယ့် စုံတွဲတွေအနေနဲ့ ၂ ရက် (သို့) ၃ ရက်တစ်ခါသာ ချစ်တင်းနှီးနှောသင့်



ကမ္ဘာကျော် အနုပညာရှင် စုံတွဲဖြစ်တဲ့ Kanye West နဲ့ Kimkardashian တို့ကတော့ ဒုတိယရင်သွေးရအောင် ကြိုးစားတဲ့အနေနဲ့ တစ်နေ့ကို အကြိမ် ၅၀၀ လောက် ချစ်တင်းနှီးနှောကြတယ်လို့ “Keeping Up With the Kardashians” အစီအစဉ် အသစ်မှာ Kim Kardashina က သူမရဲ့ ညီမ Khloe Kardashian ကို ပြောပြ ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် မန္တလေးမြို့သိမ်း နှစ် ၇၀ ပြည့်ပွဲ ကျင်းပ


မန္တလေး
(ဝဲမှ ယာ) ဗြိတိသျှ စစ်သံမှူး ဗိုလ်မှူးကြီး တိုနီ စတန်း၊ ဒေးဗစ် ဒင်နီယယ်လ်နှင့် ဂျွန် ဒေါက်ကလပ်စ် စလင်းမ် (ဓာတ်ပုံ – ဇာနည်မာန် / ဧရာဝတီ)

ဂျပန်တပ်များလက်မှ မန္တလေးမြို့ကို ပြန်လည်တိုက်ယူနိုင်ခဲ့သည့် နှစ် ၇၀ ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို မတ်လ ၂၀ ရက်နေ့က ကျင်းပရာ ဒုတိယ ကမ္ဘာစစ်ကာလ မဟာမိတ်တပ်မှ စစ်မှုထမ်းဟောင်း ၂ ဦးနှင့် မြန်မာ အရာရှိများ၊ နိုင်ငံခြား သံတမန်များ တက်ရောက်ခဲ့သည်။

အမျိုးသားများသည် အမျိုးသမီးများထက် ငါစွဲသန်


3

အမျိုးသားများသည် အမျိုး သမီးများထက် မိမိကိုယ်ကို ဗဟိုပြု စိတ် ပိုမိုကြောင်း လေ့လာမှု တစ်ခုတွင် တွေ့ရှိထားသည်။ 

ကမ္ဘာကျော် ကိုယ်ပျောက်ထီးနဲ့ စပ်လျဉ်းသမျှ



ထီးကို ကွန်ပြူတာ အကူအညီနဲ့ ဖျောက်ပစ်လို့ လူပြောခံရတဲ့ ဓာတ်ပုံ

ခုတလော အမျိုးသမီး ဒု ဝန်ကြီး တယောက်ကို သူ့ လက်ထောက်တယောက်က ထီးမိုးပေးထားတဲ့ ဓာတ်ပုံကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီး ဓာတ်ပုံမှာ ထီးကို ကွန်ပြူတာအကူအညီနဲ့ ဖျောက်ပစ်လို့ အဲဒီ ကိုယ်ပျောက်ထီးသတင်းဟာ ဗမာတင်မက ကမ္ဘာမှာပါ ကျော်ကြားသွားခဲ့ပါတယ်။

MPU ငွေချေစက်တွေမှာ ဒေါ်လာနဲ့ အသုံးပြုနိုင်တော့မယ်


ပြည်တွင်းဘဏ်တွေမှာ တပ်ဆင်ထားတဲ့ MPU ကတ်ရဲ့ ငွေပေးချေစက် (point of sales) တွေမှာ အမေရိကန် ဒေါ်လာနဲ့ ငွေပေးချေတာကို ဒီလမှာ စလက်ခံနေပြီလို့ Myanmar Payment Union အဖွဲ့ကနေ သိရပါတယ်။

MPU ကတ် လက်ခံတဲ့စက်တွေ တပ်ထားတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ JCB၊ UPI လို နိုင်ငံတကာကတ်တွေနဲ့ ငွေချေတဲ့အခါ အရင်ကလို ဒေါ်လာပေါက်ဈေးအတိုင်း မြန်မာကျပ်ငွေ တန်ဖိုးတွက်ပြီး ပေးဖို့ မလိုတော့ဘဲ အမေရိကန်ဒေါ်လာနဲ့ တိုက်ရိုက်ပေးနိုင်ပြီဖြစ်တယ်လို့ MPU အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောပါတယ်။

လိင်စိတ်ကြွဆေးများရောင်းချခြင်းမပြုရန် ဆေးဆိုင်တာဝန်ရှိသူများကို ရဲတပ်ဖွဲ့က ခံဝန်လက်မှတ် ထိုးခိုင်းထား၊ ရောင်းချခြင်းရှိမရှိကို ရဲတပ်ဖွဲ့က အသွင်ယူသက်သေဖြင့် ဖမ်းဆီးသွားမည်


ရန်ကုန်တိုင်းဒေသကြီးတွင်ရောင်းချလျက်ရှိသည့်ဆေးဆိုင်များတွင် လိင်စိတ်ကြွ ဆေးများ ရောင်းချခြင်းမပြုရန် ဆေးဆိုင် တာဝန်ရှိသူများကို ရဲတပ်ဖွဲ့က ခံဝန် လက်မှတ်ထိုးခိုင်းထားကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိ ရသည်။

လိင်စိတ်ကြွဆေး ရောင်းချခြင်း များ ရှိမရှိကို အသွင်ယူသက်သေများ ဖြင့် ဖမ်းဆီးခြင်း လုပ်ငန်းများကို လည်း အထူးစီမံချက်ဖြင့် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် ရဲစခန်းမှမြို့နယ်မှူး ရဲမှူး သိန်းအောင်ကပြောသည်။

ဘီဘီစီအင်တာဗျူးမှာ သမ္မတဦးသိန်းစိန် သရုပ်အမှန် ပေါ်လွင်လာသလား



သမ္မတဦးသိန်းစိန်သည် အာဏာရယူပြီး ၄ နှစ်နီးပါးကြာမြင့်လာချိန် ၂၀၁၅ ခုနှစ် မတ်လအတွင်း ပြုလုပ်သည့် ဘီဘီစီ သတင်း ဌာနနှင့် အင်တာဗျူးတွင် လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်များနှင့် ပတ်သက်၍ တင်းမာသော သဘော ထားအမြင်များ ထည့်သွင်းဖြေဆိုလိုက်ရာ ယင်းဖြေဆိုမှုများသည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး မလို လားသည့် သဘောထားတင်းမာသော သရုပ်အမှန်ကို ပေါ်လွင်စေသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန်ကြသည်။

ဘာသာရေး အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်မှုတွေ့



မိတ္ထီလာ ဘာသာရေးအဓိကရုဏ်းအတွင်းမှာ အကြမ်းဖက်ဖျက်ဆီးမှုမြင်ကွင်းတခု။ (မတ် ၂၁၊ ၂၀၁၃)

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေထဲမှာ နောက်ကွယ်ကနေ မြှောက်ပေးခဲ့တာတွေရှိတယ်လို့ နိုင်ငံတကာလေ့လာမှုတခုမှာ တွေ့ရှိလိုက်ပါတယ်။ Justice Trust လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ မန္တလေးမှာ မနှစ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ရုန်းရင်းဆန်ခတ်မှုကို လေ့လာသုံးသပ်ပြီးတော့ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် Steve Herman ပေးပို့ထားတဲ့သတင်းလွှာကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ပင်မကျောင်းသားသပိတ် ဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ၀န်းရံသူများအပေါ် လွတ်လပ်မျှတသည့် တရားစီရင်ရေးရရှိရန် နယ်ပယ်အသီးသီးမှ တောင်းဆို



မတ် ၁၁ ရက်ညက ကျောင်းသားများကို အချုပ်ကားဖြင့် ရုံးထုတ်လာသည်ကို တွေ့ရစဉ် 

လက်ပံတန်းတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ဝန်းရံသူများကို မတ် ၂၅ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်မည်ဖြစ်ပြီး ၎င်းတို့အပေါ်တွင် လွတ်လပ်မျှတသည့် တရားစီရင်ရေးရရှိရန် လိုလားကြောင်း နယ်ပယ်အသီးသီးမှ တောင်းဆိုခဲ့ကြသည်။

တရုတ်နိုင်ငံ သစ်ခိုးဂိုဏ်းတစ်ခုက ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ဝန်းကျင် သစ်တောကြိုးဝိုင်းများနှင့် ကသာခရိုင်မှ အဖိုးတန်သစ်များကို မတ်လဆန်းကတည်းက နေ့စဉ် ခိုးထုတ်နေ


တရုတ်နိုင်ငံ သစ်ခိုးဂိုဏ်းတစ်ခုသည် ရှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်နံဘေးရှိ ကြိုးဝိုင်းသစ်တောများ၊ ကသာခရိုင်ဘက်မှ အဖိုးတန်သစ်များကို ၂ဝ၁၅ ခုနှစ် မတ်လဆန်းပိုင်းကတည်းက နေ့စဉ် ခိုးထုတ်နေကြောင်း ဒေသခံများ၊ သစ်လုပ်ငန်းတွင် ပါဝင်သူများက ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် တိုးပေးမည့် လစာနှုန်းထား ၂၅ ရက် ကက်ဘိနက်အစည်းအဝေးအပြီးတွင် လွှတ်တော်သို့ ပေးပို့နိုင်မည်ဟုဆို





နိုင်ငံ့ဝန်ထမ်းများ အား တိုးမြှင့်ပေးမည့် လစာနှုန်း ထားသတ်မှတ်ချက်များကို မတ် လ ၂၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး (ကက်ဘိနက်)၌ အတည်ပြု သတ်မှတ်မည်ဖြစ်ကာ ယင်းအ စည်းအဝေးအပြီးတွင် လျာထား သတ်မှတ်နှုန်းထားများကို ပြည် ထောင်စုလွှတ်တော်သို့ ပေးပို့မည် ဖြစ်ကြောင်း သတင်းရရှိသည်။