ဆီးရီးယား အစိုးရ အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မည့် ဂျီဟတ် စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံ အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း ရှိ နေအိမ် အဆောက်အအုံ များကို အသုံးပြုလျက် ရှိကြောင်း ဘီဘီစီ သတင်း ဌာန၏ ထုတ်ဖော် ပြောကြားချက်များ အရ သိရသည်။
Monday, December 9, 2013
ဟံသာဝတီ Complex ကို ကျပ်ဘီလီယံ တစ်ရာဖြင့် ရင်းနှီး မြှုပ်နှံမည်ဖြစ်
ရန်ကုန်မြို့တော်၏ အဓိကကျသော နေရာများတွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ လို အပ်နေ သောကြောင့် မြို့ပြ ဖွံ့ဖြိုးမှု မြင့်တက် လာစေရန် နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြားတွင် အထပ် ပေါင်း ၂၇ ထပ် ပါဝင်သော ကွန်ဒိုများကို ကျပ်ဘီလီယံ တစ်ရာခန့်ဖြင့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။
လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တရုတ် (တိုင်ပေ) ထုတ်လုပ်လျက်ရှိ
တရုတ် (တိုင်ပေ) စစ်ဘက်၏ Chung-Shan သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တွင် ရေဒါမှ ရှောင်ကွင်းနိုင်ပြီး လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တစ်မျိုးကို ထုတ်လုပ်လျက်ရှိကြောင်း Chung-Shan တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၈ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ယူကရိန်း ဆန္ဒပြသူများ လီနင်ရုပ်ထု ဖြိုချ
ယူကရိန်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တုကို ဖြိုချခဲ့ကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃) |
ယူကရိန်းသမ္မတ Viktor Yanukovych အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ လူအုပ်ကြီးက Kyiv မြို့လယ်ရှိ ဆိုဗီယက်ပြည်ထောင်စု ထူထောင်သူ Vladimir Lenin ရဲ့ ရုပ်ထုကို ဖျက်ဆီးလိုက်ပါတယ်။
ဆိုင်ကလုန်း မဒီကြောင့် မိုးရွာဖွယ်ရှိ
မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၅၂၀) ခန့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက်မိုင် (၂၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်းနှင့် အလယ်ပိုင်း ဒေသများအထိ မိုးအနည်းငယ်မှ အသင့်တင့် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။
ကမ္ဘာ့ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည်
ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက် အရ သိရသည်။
ရန်ကုန်မြို့တော်ရှိ မြို့နယ် ၁၈ ခု မြို့ပြ မြေအသုံးချမှုဇုန်အဖြစ် သတ်မှတ်
မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း အားပေးခြင်းများ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်ကို မြို့ပြ မြေအသုံးချမှု ဇုန်များအဖြစ် နိုဝင်ဘာလကုန်က စတင် သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စနိုဒင်အား ရုရှားသို့ ခိုလှုံခွင့်ရရန် ကူညီပေးသူအကြောင်း မေလ်း
ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီးအချို့၌ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲ မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရသူ နေတိုး (ခ)စောရွှေ ထူး မှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်း အရုံး (ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူ ဗဟိုကော် မတီဝင် ဖဒို မန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။
သစ်လုံးတင်ယာဉ်က ရပ်ထားသော ယာဉ်ကိုဝင်တိုက်၊ ယာဉ်မောင်းသေဆုံး
ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၂ အုတ်တွင်းမြို့နယ် အိုးဘိုကုန်း ကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီခန့်က ယာဉ်ပျက်၍ ရပ်တန့်ထားသော ဝါးတင်ဆောင်သည့် ဟီးနိုး ခြောက်ဘီးယာဉ်ကို ၂၂ ဘီးသစ်လုံး တင်ယာဉ်က ဝင်တိုက်မိသဖြင့် သစ်လုံးတင်ယာဉ်မှ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ ယင်းယာဉ်ပေါ်မှ ယာဉ်နောက်လိုက်နှင့် ဝါးသယ်ယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် လူငါးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။
GREAT WELL ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ
နိုင်ငံခြား သားလုပ်ငန်းရှင်မှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်းများကို မပြုလုပ် ဘဲခိုင်းစေပေးရန်နှင့် နေ့ စဉ်ကြေးများတိုးမြှင့်ပေးရန် စ သည့်လုပ်ငန်းခွင် အခွင့်အရေး များရရှိရန်အတွက် GREAT WELL ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝကျော်မှ အချက်၁၂ချက်ကို ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။
ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေသြဇာများ အရောအနှောရှိသဖြင့် စစ်ဆေးမည်
ပြည်ပမှ တင်သွင်းသော ဓာတ်မြေဩဇာများတွင် အရောအနှောများ ရောင်းချ နေခြင်းကြောင့် စစ်ဆေး မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
အချုပ်ခန်းတွင်း သေဆုံးခဲ့ရမှု ပြန်လည် စစ်ဆေးရန် တိုင်းတရားလွှတ်တော် အမိန့်ချ
ပန်းတောင်းမြို့နယ် စံပြရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားစဉ် ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ဦးသန်းထွန်း၏ သေမှုသေခင်း ဖြစ်စဉ် အတွက် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် အမိန့်ကို ပယ်ဖျက် ၍ ပြန်လည် စစ်ဆေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သေဆုံးသူ ဦးသန်းထွန်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ က ပြောကြားသည်။
ကရင်ပြည်နယ်တွင် သစ်တောများ မရှိတော့ဟုဆို
အလွန်အကျွံ ခုတ်လှဲရောင်းစားခဲ့မှုတွေကြောင့် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အကြား ၁၀ နှစ်အတွင်း ကရင်ပြည်နယ်မှာ သစ်တောတွေ မကျန်တော့သလောက် ပြုန်းတီးကုန်ကြောင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး စောဆာလောလာက ပြောပါ တယ်။
မျိုးမအောင်သော အမျိုးသားတွေအတွက် သတင်းကောင်းတစ်ခု
မျိုးမအောင်သော အမျိုးသားများအနေဖြင့် ဖန်ပြွန်သန္ဓေသား နည်းပညာကို အသုံးပြုခြင်းအားဖြင့် ကလေး ရနိုင် မရနိုင်ကို သိရှိရန် ခွဲစိတ်စရာမလိုဘဲ သိနိုင်မည့် နည်းပညာတစ်ခုကို တွေ့ရှိခဲ့ကြသည်။
ချစ်သူ စွဲမက်စေမဲ့ မနံတော့တဲ့ ပျိုမေဖြစ်ဖို့
ချွေးတိတ်ဆေး (antiperspirants)
ချွေးနံ့ပျောက်ဆေး (deodorants) များဟာ ချွေးနံ့နည်းစေဖို့သာ အဓိကလုပ်ဆောင်နိုင်တာကြောင့် ချွေး ထွက် နည်းစေလိုတဲ့အခါ ချွေး တိတ်ဆေး ( antiperspirants) တွေ သုံးဖို့လိုပါတယ်။ ချွေးထွက်စေတဲ့ ပြွန် ငယ်တွေကို ပိတ်ဆို့ခြင်းဖြင့် ချွေးအထွက်နည်းစေတဲ့ လိမ်းဆေးတွေကို အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး သုံးစွဲနိုင်ပါတယ်။
ကားအက်ဆီးဒင့်အကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ Share ပြုလုပ်ခဲ့သည့် အမျိုးသမီး အဆိုပါကား အက်ဆီးဒင့်မှာ ခင်ပွန်းဖြစ်သူသေဆုံးသွားကြောင်း နောက်ပိုင်းမှ သိရှိရ
အမေရိကန်မှ အမျိုးသမီးကြီး တစ်ဦးသည် ခင်ပွန်းသည် သေဆုံးကြောင်း သတင်းကို ကိုယ်တိုင်ကြိုမသိဘဲ Twitterတွင် တိုက်ရိုက် သတင်းမျှဝေ လွှင့်တင်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား အမျိုးသမီး ဘောလုံးအသင်း ဆီးဂိမ်းမှ နုတ်ထွက်
ဆီးဂိမ်းပြိုင်ပွဲ၌ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပရန် ၃ ရက်အလိုတွင် အင်ဒိုနီးရှား အမျိုးသမီး ဘောလုံး အသင်း ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း သိရသည်။ အင်ဒိုနီးရှား အမျိုးသမီး ဘောလုံး အသင်းအနေဖြင့်
စင်္ကာပူ အဓိကရုဏ်းနှင့် ဆူပူအကြမ်းဖက်မှု
စင်္ကာပူနိုင်ငံရှိ Little India တွင် ဒီဇင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် ဆူပူအကြမ်းဖက်မှုများ။
အဆိုပါ ဆူပူမှုအဓိကရုဏ်းတွင် ပါဝင်သူ ၄၀၀ ခန့်ရှိကြောင်း၊ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့မော်တော်ယာဉ် ၅ စီးနှင့် အရေးပေါ်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း၊ အခြားသော ကိုယ်ပိုင်မော်တော်ယာဉ် အများအပြားလည်း ပျက်စီးမှုများရှိခဲ့ကြောင်း စင်္ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ဆူပူမှုအဓိကရုဏ်းတွင် ပါဝင်သူ ၄၀၀ ခန့်ရှိကြောင်း၊ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့မော်တော်ယာဉ် ၅ စီးနှင့် အရေးပေါ်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း၊ အခြားသော ကိုယ်ပိုင်မော်တော်ယာဉ် အများအပြားလည်း ပျက်စီးမှုများရှိခဲ့ကြောင်း စင်္ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ထိုင်းပြည်သူ့ လွှတ်တော်ဖျက်သိမ်း
ပြည်သူ့ လွှတ်တော်ဖျက်သိမ်းလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ထပ်စင်ချင်န၀ပ် (9/12/2013) ထိုင်းစံတော် ချိန် နံနက် 9 နာရီနီးပါးအချိန်မှာ ကြေညာလိုက်ပါတယ်။ ထိုင်းလွှတ်တော်သက်တမ်း 4 နှစ်မှာ ယင့်လတ်ခ် အစိုးရဟာ 2 နှစ်နဲ့  5 လလောက်သာအစိုးရအဖြစ် ထမ်းဆောင်နိုင်ခဲ့ တာဖြစ် ပါတယ်။ အခုလို လွှတ်တော်ဖျက်သိမ်းဖို့ ကြေညာခဲ့ ရတာကတော့ လွှတ်တော်ထဲမှာ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရက်ပါတီလွှတ်တော်အမတ် 153 ဦးလွှတ်တော် အမတ်အဖြစ်က နှုတ်ထွက်လိုက်တာကတစ်ကြောင်း အစိုးရကို ဆန့် ကျင်ဆန္ဒပြနေတာကလည်း လနဲ့ ချီကြာမြင့်ဆန္ဒပြနေသလို ဆန္ဒပြပွဲတွေကို ရုတ်သိမ်းမယ့် အနေအထား မရှိပဲ ဖိအားပေးဆန္ဒပြနေတာကြောင့် ပြည်သူတွေကို အာဏာပြန်အပ်လိုက်တဲ့ သဘောနဲ့  လွှတ်တော်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
ရန်ကုန်မှ မန္တလေးသွား Elite ခရီးသည်တင်ယာဉ် လမ်းလယ်တုံး ဝင်တိုက်၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ
ရန်ကုန်၊ မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၂၄၃ တွင် ဒီဇင်ဘာလ ၇ ရက်နေ့
နံနက် ၂ နာရီဝန်းကျင်က Elite ခရီးသည်တင် (ယာဉ်အမှတ် 1G-3231) အဝေးပြေး
ယာဉ်တစ်စီး မတော်တဆ ဖြစ်ပွားခဲ့ကြောင်း အဆိုပါယာဉ်တွင် စီးနင်း လိုက်ပါလာသူ
အမျိုးသမီးတစ်ဦးက The Voice သို့ ပြောကြားသည်။
မန္တလေးဆီးဂိမ်းကို ဒေသခံများ စိတ်ဝင်စားမှုနည်း
မန္တလေးမြို့တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကို မြို့လူထုမှ စိတ်ဝင်စားမှု နည်းပါးလျက်ရှိ သည်ဟု ဒေသခံ တို့က ပြောသည်။
“အမျိုးသမီးပွဲဆိုတော့ ကြည့်ဖို့စိတ်သိပ်မပါဘူး၊ အဖော်ကောင်းရင်တော့ နေပြည်တော်ပိတ်ပွဲ သွားကြည့် ချင်တယ်”ဟု မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အသက် ၂၅ နှစ်အရွယ် လက်ထောက် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုရဲမင်းအောင်က ပြောသည်။
“အမျိုးသမီးပွဲဆိုတော့ ကြည့်ဖို့စိတ်သိပ်မပါဘူး၊ အဖော်ကောင်းရင်တော့ နေပြည်တော်ပိတ်ပွဲ သွားကြည့် ချင်တယ်”ဟု မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အသက် ၂၅ နှစ်အရွယ် လက်ထောက် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုရဲမင်းအောင်က ပြောသည်။
သမ္မတထံသို့ လွှတ်ပေးရန် တင်ပြမည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းတွင် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ထည့်ရန်သင့်မသင့် နိုင်/စစ် ကော်မတီဝင်များအကြား အငြင်းပွား
နိုင်ငံတော် သမ္မတထံသို့ လွှတ်ပေးရန် တင်ပြမည့် နိုင်ငံရေး အကျဉ်းသားများ
စာရင်းတွင် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ထည့်ရန်သင့်မသင့်နှင့် ပတ်သက်၍
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော် မတီ အဖွဲ့ဝင် များအကြား
အငြင်းပွားမှု ဖြစ်နေဟု ကော်မတီအဖွဲ့ဝင် ဦးရဲအောင်က ဒီဇင်ဘာ ၈ ရက်က ဆိုသည်။
ကမ္ဘာ့အဆိပ်ပြင်းဆုံး မြွေ၏ဥများကို ကြက်ဥနှင့် မှားယွင်းစုဆောင်းသည့် ကလေး ကံကောင်း၍ အသက်မသေ
သြစတြေးလျနိုင်ငံမှ အသက်သုံးနှစ်အရွယ်ရှိ ကလေးတစ်ဦးသည်
ကမ္ဘာ့အဆိပ်ပြင်းဆုံး မြွေစာရင်းဝင် အီစတန်ဘရောင်းမြွေဥများကို ၄င်း၏
အိပ်ခန်းတွင်း ယူဆောင် သိမ်းဆည်းထားခဲ့ရာ ကံကောင်းထောက် မ၍ မြွေအန္တရာယ်မှ
ကင်းလွတ်ခဲ့ကြောင်း APသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ကွင်းစ်လန်းပြည် နယ် ၊တောင်းစ်ဗယ်လီမြို့မှ ကိုင်လီအမည်ရှိ အဆိုပါကလေးငယ်သည်
မြွေဥများကို ၄င်း၏ အိပ်ခန်းတွင်း
ဈေးပေါတဲ့ လက်ဖက်ရည် ထုပ်တွေမှာ ဖလူအိုရိုက်ဒ် ပမာဏများတဲ့အတွက် သွား၊ အရိုးနဲ့ ကြွက်သားတို့ကို ထိခိုက်နိုင်
သီဟနိုင်
စူပါမားကစ်မှာ တင်ရောင်းနေတဲ့ လက်ဖက်ရည်ထုပ်မျိုးစုံမှာ ဖလူအိုရိုက်ဒ် ပါဝင်နှုန်းမြင့်နေ တယ်လို့ လေ့ လာမှု တွေက သုံးသပ်ထားပါတယ်။
ဖလူအိုရိုက်ဒ်ဟာ အရိုးနဲ့သွား ကျန်းမာရေးအတွက် မရှိမဖြစ်ဆိုပေမယ့်
တစ်နေ့ကို ၄မီလီဂရမ်ထက် ပို သောက်ရင် ကြွက်သားတွေ နာလာပြီး၊ ရေရှည်မှာ
အဆစ်အမြစ်နဲ့ သွားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
လုပ်သားအင်အား စစ်တမ်းကို ၂၀၁၄ သန်းခေါင်စာရင်းအပေါ် အခြေခံ ကောက်ယူမည်
မြန်မာနိုင်ငံရှိ လုပ်သားအင်အား စစ်တမ်းကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်
သန်းခေါင်စာရင်းအပေါ် အခြေခံကာ ကောက်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးမျိုးအောင်က ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က Asia palaza ဟိုတယ်တွင်
ပြု လုပ်သည့် ပညာရေး ညီလာခံ အခမ်းအနားတွင် ပြောကြားသည်။
ပြည်ထောင်စုမှ ခွဲထွက်မည်ဟု မည်သူမှ တောင်းဆိုထားခြင်း မရှိသည့်အတွက် စိတ်မပူရန် NCCT အဖွဲ့ခေါင်းဆောင် ပြောကြား
ပြည်ထောင်စုမှ ခွဲထွက်မည်ဟု မည်သူကမှ တောင်းဆိုထားခြင်း မရှိသည့်အတွက်
စိတ်မပူရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီဇင်ဘာ ၈
ရက်က ပြောကြားသည်။
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း MADI မြန်မာနိုင်ငံဘက်သို့ ဦးတည်လာနိုင်သည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ဌာနမှ စောင့်ကြည့်နေ
ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော
ဆိုင်ကလုန်းမုန်တိုင်း မဒီ (MADI) မြန်မာနိုင်ငံဘက်သို့
ဦးတည်လာနိုင်ကြောင်းနှင့် ဦးတည်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်နေဆဲ
ဖြစ် သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးချစ်ကျော်က ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီက ပြောကြားသည်။
Subscribe to:
Posts (Atom)