Monday, February 9, 2015

မဲခေါင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု သံသယရှိသူ ၈၄၁ ဦး ဖမ်းဆီး




မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း နိုင်ငံ ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒုတိယအကြိမ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ သံသယရှိသူ ၈၄၁ ဦး ဒီနှစ်အစောပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇန်န၀ါရီ ၁၅ ရက်က စတင်ပြီး ထိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုမှာ မဲခေါင် မြစ်ဝှမ်းတလျှောက်မှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အမှု ၅၉၀ ဖမ်းဆီးရမိခဲ့သလို ဘိန်းဖြူ ၇၀ ကီလိုဂရမ်၊ ဘိန်း ၁.၂ ကီလိုဂရမ်နဲ့ မက်သဖက်တမင်း ၄သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ China.org.cn သတင်းဌာနက ရေးပါတယ်။

ကျောင်းသားသပိတ် ကြိုရန်ပြင်နေသော ကျောင်းသားတစ်ဦးကို အမှုဟောင်းဖြင့် ဖမ်းဆီး


သပိတ်မှောက်ကျောင်းသားများအား ပြည်တက္ကသိုလ်ရှေ့တွင် သပိတ်စခန်း ဖွင့်ကာ ကြိုဆိုရန်ပြင်ဆင်နေသော ဒုတိယနှစ် ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ပြီး ပြည်မြို့၌ လုံခြုံရေးတိုးမြှင့်လိုက်သည်။
ဖေဖော်ဝါရီ ၈ ရက် ညနေ ၅ နာရီတွင် ပြည်တက္ကသိုလ်ရှေ့၌ သပိတ် စခန်းဖွင့်ကာ သပိတ်မှောက်ကျောင်းသားများအား ကြိုဆိုရန် ပြင်ဆင် နေသော ပြည်တက္ကသိုလ်ဒုတိယနှစ်(အင်္ဂလိပ် စာ)ကျောင်းသား ကိုသန့်ဇင်ထက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
‘‘ကိုသန့်ဇင်ထက်က ကျောင်းသားသပိတ်ကို ကြိုဆိုဖို့ ကျောင်းရှေ့မှာ ပြင်ဆင်နေတုန်း ရှိပါသေးတယ်။ သူ့ကို ဖမ်းသွားတာပါ။ သူက ဦးဆောင် သူပေါ့။ ဖမ်းပြီးနောက်ပိုင်းမှာ ပြည်မြို့ ကျောင်းတွေနဲ့ မြို့ထဲ လမ်းဆုံ လမ်းခွ တွေမှာ ရဲတွေချထားတာ တွေ့ရပါတယ်’’ဟု ပြည်မြို့နည်းပညာတက္ကသိုလ်မှ ကျောင်းသား ကိုရန်နိုင်ကျော်ကပြောသည်။
အဆိုပါကျောင်းသား ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ပြည်မြို့အမှတ် (၁) ရဲစ ခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခံရသူ ကိုသန့်ဇင်ထက်သည် သဲကုန်း မြို့ လယ်သမားအရေး ဆောင်ရွက်စဉ်က အရေးယူခဲ့သည့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျီစုစက်မှုဇုန် စီမံကိန်း စတင်အကောင်အထည် ဖော်မည်



ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ကျီစုစက်မှုဇုန် စီမံကိန်း ဖော်ဆောင်မည့် နေရာတွင် ကျူးကျော်များ ရှိနေခြင်းကြောင့် ၎င်းတို့ကို ဖယ်ရှားခဲ့ပြီး စက်မှုဇုန် စီမံကိန်းအား စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ကျီစုစက်မှုဇုန် ဖော်ဆောင်ရန်အတွက် စက်မှုဇုန်စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက်အတွင်းရှိ ကျူး ကျော်တဲ ၁၄၄ လုံးခန့်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန် ရှိသူများ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲအရာရှိများ၊ တာဝန် လက်ပတ်အနီ တပ်ထားသော နေ့စားဝန်ထမ်းများက ဇန်န၀ါရီ ၃၀ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ဖယ်ရှားခံရသည့် မိသားစု ၀င်များမှ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများ၊ ငိုယိုတောင်းပန်မှု၊ ဖယ်ရှား သူများနှင့် စကားအချေအတင်များမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျီစုစက်မှုဇုန်ဧရိယာ နယ်မြေအတွင်းရှိ မူလလက်ငုတ် တောင်သူ ၁၉ ဦးကို အစိုးရအဖွဲ့က ကရုဏာကြေးများ ပေးအပ်ခဲ့သည်ဟုလည်း ဆိုသည်။

ယူကရိန်းအရေး ရုရှား၊ ပြင်သစ်၊ ဂျာမနီ ဖုန်းနဲ့ဆွေးနွေး



ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ပဋိပက္ခတွေအဆုံးသတ်စေဖို့ ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင် ၄ ယောက် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ ဆွေးေ နွးကြမယ်လို့ ဂျာမနီအစိုးရ ပြောခွင့်ရသူက ပြောလိုက်ပါတယ်။
ပြင်သစ်နဲ့ ဂျာမနီအဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်လို့ ရုရှား သမ္မတ Vladimir Putin၊ ယူကရိန်းသမ္မတ Petro Poroshenko၊ ပြင်သစ် သမ္မတ Francois Hollande နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တယ်လီဖုန်းပေါ်ကနေ ဆက်သွယ်ဆွေးနွေးခဲ့ကြပြီးနောက် Belarus နိုင်ငံ Minsk မြို့မှာ လူတွေ့ဆွေးနွေးကြမယ်လို့ ပြောခဲ့တာဖြစ် ပါ တယ်။ ယူကရိန်းအရှေ့ပိုင်းမှာ အစိုးရတပ်တွေနဲ့ ရုရှား လိုလားတဲ့ သူပုန် တွေနဲ့ တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်နေချိန်မှာ ပဋိပက္ခတွေ အဆုံးသတ် အောင် သံခင်း တမန်ခင်းအရ ပိုပြီး ကြိုးစားအားထုတ်နေကြ တာဖြစ်ပါ တယ်။

ကံဆီးရွာတွင် ခိုလှုံနေသော စစ်ဘေးဒုက္ခသည်များကို နေရပ်ပြန်ခိုင်း



တိုက်ပွဲများကြောင့် ကံဆီးကျေးရွာတွင် ခိုလှုံနေကြ သော အောင်ဘာလေ ကျေးရွာ ဒေသခံများကို ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထား၍ နေရပ်ပြန် ရန် နယ်မြေခံအစိုးရတပ်က စေ ခိုင်းနေကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)မှ သတင်းရရှိသည်။
အစိုးရတပ်နှင့် ကေအိုင်အေ တို့ ဇန်န၀ါရီ ဒုတိယပတ်၌ ဖြစ်ပွားခဲ့သော တိုက် ပွဲများကြောင့် ဖား ကန့်မြို့နယ် အောင်ဘာလေ ကျေးရွာမှ ဒေသခံ တစ် ထောင် ကျော်မှာ ကံဆီးကျေးရွာသို့ တိမ်း ရှောင်ခဲ့ကြသည်။ လက်ရှိအချိန် တွင် ကံဆီးကျေးရွာ၌ အောင်ဘာလေဒေသခံ လေးရာခန့်ရှိနေပြီး အခြား ဒေသ ခံများမှာ ဖားကန့်အပါအ၀င် လုံခြုံရာသို့ ရွှေ့ပြောင်းသွားကြ ပြီဖြစ်ကြောင်း ဒေသ တွင်း အဖွဲ့အစည်းများကဆိုသည်။
ကံဆီးကျေးရွာတွင် ကျန်ရှိ နေသော တိမ်းရှောင်လာသူများ ကို ဖေဖော်ဝါရီ ၈ ရက်ကအစိုးရတပ်က ရွှေ့ပြောင်းရန် အကြောင်းကြားခြင်းဖြစ်ကြောင်း KBC အထွေထွေအတွင်းရေးမှူးဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။
‘‘၁၀ ရက်နေ့ နောက်ဆုံး ထားပြီး အောင်ဘာလေဘက်ကို ပြန်ရွှေ့ရမယ်လို့ order (အမိန့်) ပေးတယ်လို့သိရတယ်’’ဟု ဒေါက်တာ ခလမ်ဆမ်ဆွန် ကဆိုသည်။

လက်နက်ကိုင်လူတစ်စု ရဲကင်းကိုပစ်ခတ်၍ ရဲအရာရှိတစ်ဦးသေဆုံး


သီပေါမြို့နယ်ရှိ ရဲကင်း တစ်ခုကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ရဲအရာရှိတစ်ဦးသေဆုံးသွားပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၇ရက်ညက သီပေါမြို့နယ် ကုန်းသာရဲကင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲကင်းမှူးရဲအုပ်မျိုးအောင်ဆွေမှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။ ထို့ပြင် တပ်သားပြည့်စုံညီညီ အောင်မှာ ခြေထောက်၌ဒဏ် ရာရခဲ့ပြီး သီပေါဆေးရုံတွင် ဆေး ကုသ နေရကြောင်း သီပေါရဲစခန်းမှ တာဝန်မှူးရဲအရာရှိက ပြော သည်။
‘‘ရဲအုပ်က ရဲကင်းရှေ့မှာ တပ်ဖွဲ့ဝင်တစ်ယောက်နဲ့စကား ပြောနေတုန်း တောင်ကုန်းပေါ် စာသင်ကျောင်းဝင်းထဲကနေ သေ နတ်နဲ့ ငါးချက် ပစ်သွားတာ။ ဘယ်အဖွဲ့ကပစ်သွားလဲဆိုတာစုံစမ်း တုန်းပဲ’’ဟု ၎င်းကပြော သည်။ ရဲကင်းနှင့် စာသင်ကျောင်းမှာ ကိုက်တစ်ရာခန့်ကွာဝေးကြောင်း သတင်းရရှိသည်။
ရဲအုပ်မျိုးအောင်ဆွေမှာ ကျောကုန်းနှင့်ရင်ဘတ်တွင်ရရှိသည့် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ ၎င်း၏ရုပ် အလောင်းကို သီပေါမြို့ စံဖိတ် သုသာန်တွင် ဖေဖော်ဝါရီ ၈ ရက်၌သဂြုင်္ိဟ်လိုက်ကြောင်း ကုန်းသာရဲကင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းရရှိရေး ယခုနှစ်မှစ၍ ဆောင်ရွက်သွားမည်ဟုဆို



 မြန်မာနိုင်ငံသည် စက်မှုထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန် ပြည်တွင်းရှိ စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား ၅ဝ ရာခိုင်နှုန်း အထိရရှိရေး ယခုနှစ်၊ ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်သွားမည်ဟု အမျိုး သား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
မြန်မာနိုင်ငံက ရာသီဥတုကိုမှီခိုရသည့် လယ်ယာထွက်ကုန်များ၊ သဘာဝ သယံဇာတများဖြစ်သည့် သဘာဝဓာတ်ငွေ့၊ ရေနံစသည်များထက် စက်မှု ထွက် ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ''ရာသီဥ တုကိုမှီခိုနေရတဲ့ လယ်ယာထွက်ကုန်တို့၊ နောက်ပြီး ဂတ်စ်တို့၊ ဓာတ်ငွေ့တို့ကို တင်ပို့နေတာထက် ပိုပြီးသေ ချာတဲ့ စက်မှုထွက်ကုန်တွေပြောင်းလုပ်ဖို့ လုပ်နေပါပြီ'' ဟု ပြောသည်။
ဇန်နဝါရီ ၈ ရက် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၂)တွင် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ကျင်းပသည့် တတိယ အကြိမ် ဖွံ့ဖြိုး မှုဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
စက်မှုလုပ်ငန်းအခြေခံသည့် ပြည်ပပို့ကုန်တင်ပို့ခြင်း ပိုမိုများပြားလာစေရန် လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာ နှစ်အစဖြစ်သော ယခုနှစ် ဧပြီ ၁ ရက်မှစ၍ ကြိုး စားသွားမည်ဟု ၎င်းကပြောကြားသည်။

အကျင့်ပျက် ခြစားမှုသည် မြန်မာနိုင်ငံ၏ အဆိုးရွားဆုံး ပြဿနာတစ်ခု ဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများတွင် ဖော်ပြ




မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ရန် အဓိက စိန်ခေါ်နေသည့် အချက် ၃၄ ချက် ရှိကြောင်းနှင့် ယင်းအနက် အကျင့်ပျက်ခြစားမှု (Corruption) သည် နံပါတ်(၁)အဆင့်တွင် ရှိနေသောကြောင့် အဓိက စိန်ခေါ်နေသည့် အတားအဆီးတစ်ခု ဖြစ်ကြောင်း OECD၊ UMFCCI၊ UNESCAP-2014 နှင့် Myanmar Business Survey တို့တွင် ဖော်ပြချက်များ အရ သိရသည်။
အဆိုပါ စစ်တမ်းတွင် ဖော်ပြချက်များအရ အကျင့်ပျက် ခြစားမှုသည် နံပါတ်(၁) ရင်ဆိုင်ကြုံတွေ့နေရသော အတားအဆီးတစ်ခု ဖြစ်ကြောင်းနှင့် ဒုတိယ အနေဖြင့်မူ နည်းပညာ အားနည်းမှု၊ တတိယအချက်အားဖြင့် မြေနေရာ အခက်အခဲရှိမှု၊ စတုတ္ထအနေဖြင့် အတိုးနှုန်း ကြီးမားနေမှု၊ ပဉ္စမအနေဖြင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုနှင့် နိုင်ငံရေးအရ မတည်ငြိမ်ကိုမူ ဆဋ္ဌမအချက် အနေဖြင့် ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ တစ်ချိန်တုန်းက အကျင့်ပျက် ခြစားမှုတွေ ရှိခဲ့တယ် ဆိုပေမယ့်လည်း အခုလို Emocratic Government လက်ထက်မှာတော့ အစိုးရကနေ မူဝါဒနဲ့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်ပါတယ်။ ဥပဒေရှိပြီး ဥပဒေအတိုင်း လိုက်နာဖို့လည်း လိုအပ်သလို အကျင့်ပျက်ခြစားမှုတွေ ရှိရင်လည်း မျက်နှာကြီး မျက်နှာငယ် မလိုက်ဘဲ ဥပဒေအတိုင်း ဆောင်ရွက် နိုင်ဖို့ လိုပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် အစိုးရကလည်း ပြတ်ပြတ်သားသား လုပ်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ရမှာပါ။ အခုက ပါရာဒိုင်းက ပြောင်းသွားပါပြီ။ သိတဲ့အတိုင်းပဲ တရုတ်ပြည်မှာ ဆိုရင်လည်း ကြပ်ကြပ်မတ်မတ် လုပ်နေပါတယ်။ တစ်ခုရှိတာက ဒီလို အကျင့်ပျက် ခြစား မှုဆိုတာ အမေရိကားလို နိုင်ငံမှာလည်း ရှိတယ်။ Nordic Country တွေဖြစ် တဲ့ ဆွီဒင်တို့ ဒိန်းမတ်တို့ နော်ဝေတို့လို နိုင်ငံတွေမှာတောင် ရှိနေသေးတယ် ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း ရှိနေမှာပါပဲ။ ဒါပေမဲ့ ဒါကို စနစ်တကျ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ လူတွေရဲ့ ယုံကြည်မှုကို ရအောင်လုပ်ရမယ်။ ဒီကိစ္စကို အကောင်အထည်ဖော်တဲ့ နေရာမှာ Public Private ပုံစံမျိုးနဲ့ နှစ်ပေါင်းများစွာ စနစ်တစ်ခုထဲမှာ အသားကျနေတဲ့ ပုံစံကို အချိန်ယူပြီး တိုက်ဖျက်နိုင်ဖို့ လိုပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း ဒီကိစ္စက Platform တစ်ခု ဖြစ်လာမှာပါ။ ဥပမာတစ်ခု ပြောရရင် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာလည်း ပြတ်ပြတ်သားသား အရေးယူနေပါတယ်။ အိန္ဒိယမှာလည်း အခုတက်လာတဲ့ မိုဒီအစိုးရကလည်း ဒီကိစ္စကိုပဲ ကိုင်တွယ်နေတာပါ။ နိုင်ငံတကာ အစိုးရ တော်တော်များများက အကျင့်ပျက် ခြစားမှုဆိုတဲ့ Case ကို ကိုင်တွယ်နေကြပါပြီ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

တင်းကျပ်သော ဗဟိုချုပ်ကိုင်မှု၊ စနစ်ဟောင်းကို မပြောင်းလဲနိုင်တဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားတွေ လက်မခံနိုင်ကြတဲ့ အမျိုးသားပညာရေး ဥပဒေ




အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ကျောင်းသားများက လမ်းလျှောက် သပိတ်မှောက်နေသည်မှာ ရက်ပေါင်း ၂၀ ခန့် ရှိပြီဖြစ်သည်။ အမျိုးသားပညာရေး ဥပဒေ အတည်မပြုမီ ဥပဒေကြမ်း ကာလကတည်းကပင် ကျောင်းသားများ ၀ိုင်းဝန်း ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ သို့သော် ထိုဥပဒေကြမ်းကို သမ္မတ လက်မှတ်ဖြင့် လွှတ်တော်မှ အတည်ပြုကာ အမျိုးသားပညာရေး ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည်။ ကျောင်းသားများ အနေဖြင့် ထိုဥပဒေအပေါ် သပိတ်မှောက်နေရခြင်းမှာ အမျိုးသားပညာရေး ဥပဒေသည် နိမ့်ကျဆိုးဝါးနေသည့် ပညာရေးစနစ်ဟောင်းကို ပြောင်းလဲနိုင်မည် မဟုတ်ဘဲ ဆက်လက်ဆိုးရွားနိုင်ကြောင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ကျောင်းသားထု၏ လွတ်လပ်စွာ ပညာသင်ခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ကန့်သတ်ထားခြင်းကြောင့်ဟု ဆိုနေကြသည်။
ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် ပညာရှင်များကို ပါဝင်ခွင့် မပြုဘဲ အစိုးရ အုပ်ချုပ်ရေးပိုင်းများအား ပါဝင်ထိန်းချုပ်ခွင့် ပေးထားသဖြင့် အဖိနှိပ်ခံ ပညာရေးစနစ်သာ ဖြစ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများ တရားဝင် လွတ်လပ်စွာ တည်ထောင်ခွင့်ကို ထည့်သွင်းမထားခြင်းမှာ ကျောင်းသားအခွင့်အရေးကို ပစ်ပယ်ခြင်းသာဖြစ်ကြောင်း ကျောင်းသားများက ယုံကြည်ကြသည်။
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက “ဒီဥပဒေမှာပါတဲ့ အခန်း (၄) က ဗဟိုချုပ်ကိုင်မှုတွေ ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ၀န်ခံထားပါတယ်။ ဒီအခန်း (၄) မှာပါတဲ့ အမျိုးသားပညာရေး ကော်မရှင် ဆိုတာကို ဖျက်သိမ်းပစ်လို့ မရဘူးဆိုတာ ကျွန်တော်တို့လည်း သိတယ်။ ဖျက်သိမ်းမယ် ဆိုရင်လဲ ဒီဥပဒေကြီး တစ်ခုလုံး အသစ်ပြန်ဆွဲမှပဲ ရမယ်။ အမျိုးသားပညာရေး ကော်မရှင်ဆိုတာက ဥပဒေရဲ့ တော်တော်များများမှာ ပါနေတာကိုး။ ကျွန်တော်တို့ဘက် ဖျက်သိမ်းပစ်ဖို့ ဆိုတာထက် ဒီအမျိုးသားပညာရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို လျှော့ချစေချင်တာ။ ဒီကော်မရှင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကဏ္ဍကိုလည်း ဒီမိုကရေစီနည်းကျ ပြန်ရွေးချယ်ဖို့ လိုလားတာ” ဟု ပြောကြားသည်။

ပညာရေးဥပဒေပြင်ဖို့ ဒုတိယအကြိုညှိနှိုင်းပွဲ



အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့် ဆိုင်ဆွေးနွေး ရေးဦးတည်တဲ့ ဒုတိယအကြိုညှိနှိုင်းပွဲကို NNER (ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်) ကိုယ်စားလှယ်တွေအပါအဝင် ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာနတို့ ဖေဖေါ်ဝါရီလ (၉) ရက် တနင်္လာနေ့ကျရင် ရန်ကုန်မြို့မှာ တွေ့ဆုံကြပါလိမ့်မယ်။ ပညာရေးဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းသဘောတူညီချက်ရဖို့ အဓိက ဦးတည်မှာ ဖြစ်ပေမယ့် ဆန္ဒပြချီတက်နေတဲ့ကျေင်းသားတွေကို အစိုးရအာဏာပိုင်တွေက ခြိမ်းခြောက်တဲ့လက္ခဏာတွေ တွေ့နေရတဲ့အတွက် အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြထားပါတယ်။
ဒီကနေ့ နေ့လည် (၂)နာရီမှာ ရန်ကုန်မြို့ ပညာရေးဝန်ကြီးဌာနရုံးမှာ ကျင်းပမယ့် ဒုတိယအကြိမ် အကြိုညှိနှိုင်းပွဲမှာကျောင်းသား သပိတ် ကော်မတီက ကိုယ်စားလှယ် သုံးဦး၊ NNER ကိုယ်စားလှယ်နှစ်ဦးနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးကြမှာပါ။ ပျက်သွားတဲ့နေပြည်တော်ဆွေးနွေးပွဲလို မဖြစ်စေဖို့ ဦးတည်ဆွေးနွေးမှာဖြစ်ကြောင်း NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ပြောပါတယ်။
“ဆွေးနွေးပွဲပြန်ဖြစ်ဖို့၊ နောက် နေရာ၊ နေရာကိုလည်း ရန်ကုန်မှာလုပ်ဖို့ ကျနော်တို့ တင်ပြသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ အရင်တခေါက် ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ နေပြည်တော်မှာ အဆင်မပြေဖြစ်ခဲ့တယ်။ သွားရေးလာရေးအဆင်မပြေဖြစ်တယ်။ တည်းဖို့ ခိုဖို့ အဆင်မပြေဖြစ်တယ်။ ဒါကြောင့် ဒီတခေါက်တော့ ရန်ကုန်မှာလုပ်ဖို့ဆိုပြီးတော့ တင်ပြထားပါတယ်။ အဲဒီကိစ္စလည်း ထပ်ဆွေးနွေးဖို့ပါ။ ဆွေးနွေးပွဲမှာ ဘယ်နှစ်ဦးပါရမယ် ဆိုတာလည်း ထည့်သွင်းဆွေးနွေးသွားမယ်။ နောက် ဆွေးနွေးပွဲက ပွင့်လင်းမြင်သာမှုရှိဖို့ ကျနော်တို့ လိုလားပါတယ်။ သတင်းမီဒီယာတွေရှေ့မှောက်မှာ၊ နောက် လေ့လာတဲ့သူတွေရှေ့မှောက်မှာ ဆွေးနွေးတာဖြစ်သင့်တယ်လို့ ကျနော်တို့ တင်ပြထားတာတွေ ရှိပါတယ်။”

ဂျော်ဒန်တွေ IS ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်




ဂျော်ဒန် တိုက်လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ပေါ်ကတဆင့် ပြသပြီးနောက်ပိုင်း ဂျော်ဒန်လေတပ်က IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်းစစ်ဆင်မှု ၅၆ ကြိမ် ပြုလုပ် ခဲ့တယ်လို့ ဂျော်ဒန်နိုင်ငံက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဂျော်ဒန်လေတပ်ဟာ တိုက်လေယာဉ်မှူး Muath al-Kaseabeh အတွက် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင် ခဲ့ တယ်လို့ ဗိုလ်ချုပ်ကြီး Mansour al-Jabour က ပြောပါတယ်။ ဂျော်ဒန်တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေး သင်တန်းစခန်းတွေ၊ စစ်တန်းလျားတွေ၊ လက်နက်နဲ့ လောင်စာဆီသို လှောင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးကပြောပါတယ်။